အခန်း (၇၄)

နေသူတော်စင်ဂိုဏ်း၏အကြံအစည်

အခန်း (၇၄) နေသူတော်စင်ဂိုဏ်း၏အကြံအစည်

ဦးလေးကျောက်က နဂါးချုပ်လှောင်ခြင်းချောက်နက်မှာ အန္တရာယ်ကျရောက်နေတာလား၊ နေသူတော်စင်ဂိုဏ်းကြောင့်လား၊ နေသူတော်စင်ဂိုဏ်းနဲ့ တခြားသူတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ အကြီးအကဲချင်လည်း ဦးလေးကျောက်နဲ့ လိုက်သွားတယ်လေ”

ရန်ကျောက်ကဲသည် အသက်တဝကြီး ရှုသွင်းလိုက်ကာ သူ့ရှေ့က နက်မှောင်သန်စွမ်းသော မုတ်ဆိတ်အုံပိုင်ရှင် သက်လတ်ပိုင်းလူကြီးအား ကြည့်နေ၏။

ထိုအနက်ရောင်မုတ်ဆိတ်နှင့် သက်လတ်ပိုင်းလူကြီးသည်ကား အကြီးအကဲချင်အား ကူညီရန် ဝါဒတောင်မှ အရှေ့ကောင်းကင်ဒေသကို ရောက်လာသူ အကြီးအကဲခုံဖြစ်ပေသည်။

အကြီးအကဲခုံသည် ယဉ်ကျေးသိမ်မွေ့သော ဟန်ပန်ရှိ၏။ သူသည် ဝတ်ရုံရှည်ကိုပါ ဝတ်ဆင်ထားလေရာ သာမာန် လူလတ်ပိုင်း စာပေသမားတစ်ယောက်နှင့် ဆင်တူနေ၏။

ရန်ကျောက်ကဲသည် အကြီးအကဲခုံ၏အကြောင်းကို ဝါဒတောင်ဂိုဏ်း၌ရှိစဉ်ကပင် သိထားလေရာ သည်အကြီးအကဲမှာ စကားပြောသည့်အခါ အနည်းငယ် လျော့၍ ပြောလေ့ရှိကြောင်း သဘောပေါက်မိသည်။

ကျောက်ရှီချန်းသည် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် အန္တရာယ်နှင့် ရင်ဆိုင်တွေ့နေသည်ဟု ဆိုခဲ့သော်လည်း တကယ့်အခြေအနေမှာ ထိုထက်ပိုမို ဆိုးဝါးနိုင်ကြောင်း ရန်ကျောက်ကဲ ခန့်မှန်းမိသည်။

ရန်ကျောက်ကဲအား ကြည့်လျက် အကြီးအကဲခုံက ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။ “အကြီးအကဲချင်နှင့် အခြားသူတွေက နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက ဖောက်လွဲဖောက်ပြန်ဖြစ်ရပ်တွေကို ဖိနှိပ်နေတုန်းပဲ ရှိသေးတယ်၊ အဲ့တာကြောင့် ငါ ကိုယ်တိုင် သွားပြီး ကျောက်မင်းကြီးကို ကယ်ထုတ်ရဦးမယ်”

ငါ မင်းကို စောင့်ရှောက်ဖို့ အပြင်မှာ ဆက်နေနိုင်မှာ မဟုတ်တော့ဘူး၊ မင်း ငါနဲ့ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲကို လိုက်ချင်ရဲ့လား”

ရန်ကျောက်ကဲက မတုံ့ဆိုင်းဘဲ ချက်ချင်း အဖြေပေးသည်။ “ကျွန်တော် လိုက်ချင်ပါတယ်”

အကြီးအကဲခုံ ခေါင်းငြိမ့်၏။ ဆက်လက် အချိန်မဖြန်းတော့ဘဲ သူတို့ စတင် ထွက်ခွာတော့သည်။

ထိုနေရာသို့ သွားရာလမ်းတွင် ရန်ကျောက်ကဲသည် ယခုအဖြစ်အပျက်၏ ဖြစ်ကြောင်းကုန်စင်ကို ကြားသိရသည်။

နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲရှိ ဖောက်လွဲဖောက်ပြန်ဖြစ်စဉ်များမှာ လုံးဝ မပျောက်ကွယ်သွားသေးသော်လည်း စိုးရိမ်စရာ မရှိတော့ပေ။

အကြီးအကဲခုံ၏ အဆိုအရ သည်တစ်ခါ ဖောက်လွဲဖောက်ပြန်ဖြစ်စဉ်များ၏ အဓိကဇစ်မြစ်မှာ အမှန်တကယ်ပင် ငရဲတွင် တည်ရှိလေသည်။

ရန်တိနှင့် အခြားထိပ်သီးကျင့်ကြံသူများသည် ထိုနေရာမှ ပြဿနာကို ဖြေရှင်းပြီးနောက် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲရှိ အပြောင်းအလဲများသည်လည်း ပျောက်ကွယ်သွားလေ၏။

အစောပိုင်းက တစ္ဆေရဲဒင်းအဘိုးအိုနှင့် လူတချို့သည် နဂါးချုပ်လှောင်ခြင်းချောက်နက်၌ အစေ့တစ်စေ့ကို ထားရစ်ခဲ့သည်။

ကြိုတင်စီစဉ်ထားသည့်အတိုင်း ငရဲ၌ ဧရာမ ကစဉ့်ကလျား ဖြစ်ရပ်များ ဖြစ်ပေါ်လာသောအခါ နဂါးချုပ်လှောင်ခြင်းချောက်နက်၌လည်း ကွင်းဆက်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်လာသည်။

အစောပိုင်းက ရန်ကျောက်ကဲကြောင့် ဟန်ရှန်း လုပ်ထားသော အရာများ အချိန်မကျသေးမီ ပေါ်သွားခဲ့ရာ ၎င်းတို့၏တစိတ်တပိုင်းကို ရှင်းလင်းနိုင်ခဲ့သည်။

သည်နေ့တွင် အမြစ်ကနေ လုံးဝ အဆုံးသတ်နိုင်ခဲ့သည်ဟု ဆိုရပေမည်။

သို့သော် ထိုသို့ လုပ်နေစဉ်အတွင်း ပြဿနာတစ်ခု ပေါ်လာခဲ့သည်။

နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှ ဖောက်လွဲဖောက်ပြန်ဖြစ်စဉ်များအား ဖိနှိပ်နေသော အကြီးအကဲချင်၊ နေသူတော်စင်ဂိုဏ်းနှင့် အဆုံးမဲ့တောင်တန်းနယ်မြေမှ လူများကို ကူညီရန် ကျောက်ရှီချန်းသည် ကျင်းယန်မြို့၏မဟာအစီအရင်မှ စွမ်းအားကို ဆွဲယူအသုံးပြုနေခဲ့သည်။

ထိုသို့ လုပ်နေစဉ်အတွင်း အစီအရင်မှာ မတည်မငြိမ်ဖြစ်နေ၏။ အချိန်ကြာလာသည်နှင့်အမျှ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှ သက်ရောက်မှုကြောင့် အစီအရင်၏စွမ်းအားမှာ ပြောင်းပြန်လည်ပတ်သွားရာ မရေမတွက်နိုင်သော အန္တရာယ်ချီ စီးကြောင်းများသည် ကျောက်ရှီချန်း၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားလေ၏။

နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် မွေနှောက် ဒုက္ခပေးနေသော အဖျက်စွမ်းအားမှာ ဤသည်ကို ဟာကွက်တစ်ခုအနေဖြင့် ရှု့မြင်ကာ ၎င်း၏အစွမ်း အကုန်သုံး၍ တန်ပြန်တိုက်ခိုက်တော့သည်။ ထို့ကြောင့် ၎င်း၏ဖိအားသည် ကျောက်ရှီချန်းထံသို့သာ စုပြုံကျရောက်လေသည်။

အကြီးအကဲချင်နှင့် အခြားသူတို့သည် ထိုကသောင်းကနင်းနိုင်သော အဖျက်စွမ်းအားကို ဖိနှိပ်နိုင်ခဲ့သော်လည်း ထိုအဖျက်စွမ်းအား၏တိုက်ခိုက်မှုကြောင့် ကျောက်ရှီချန်းမှာ ဒဏ်ရာအပြင်းအထန် ရခဲ့ရသည်။

ပို၍ဆိုးသည်ကား မရေမတွက်နိုင်သော အန္တရာယ်ချီ အနက်ရောင်မြူ စီးကြောင်းများသည် ကျောက်ရှီချန်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောကြောင့် ကျောက်ရှီချန်းမှာ မေ့မျောသွားရာ လှုပ်ရှားဖို့ပင် မဖြစ်နိုင်တော့ပေ။

အန္တရာယ်ချီစီးကြောင်းများသည် ချိန်းကြိုးတစ်ကြိုးအသွင်ဖြင့် ကျောက်ရှီချန်း၏ခန္ဓာကိုယ်ကို ချောက်ထဲသို့ ဆွဲခေါ်လျက်ရှိသည်။

ကျောက်ရှီချန်းနှင့် လိုက်ပါလာသော အရှေ့တန်၏ကျင့်ကြံသူများသည် ကျောက်ရှီချန်းကို ချောက်ထဲ ကျမသွားအောင် တားဆီးထားနိုင်ခဲ့သော်လည်း သူ့ကို ကုသရန် နဂါးချုပ်လှောင်ခြင်းချောက်နက်၏အပြင်သို့ မခေါ်ထုတ်နိုင်ခဲ့ပေ။

အကြီးအကဲခုံ၏ နဂါးချုပ်လှောင်ခြင်းချောက်နက်ကို ဝင်ရောက်ရသည့် ရည်ရွယ်ချက်မှာ ကျောက်ရှီချန်း၏ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်ချီစီးကြောင်းများကို ဖြတ်တောက်ရန်နှင့် သူ့အား ထိုအန္တရာယ်နယ်မြေမှ ခေါ်ထုတ်၍ ကယ်ဆယ်ရန်ဖြစ်သည်။

သို့သော် လမ်းတစ်ဝက်အရောက်တွင် ရန်ကျောက်ကဲနှင့် အကြီးအကဲခုံတို့ ရှေ့တက်မသွားနိုင်တော့ပေ။

သူတို့ရှေ့တွင် ပေါ်လာသူမှာ ရွှေရောင်ခါးစည်းနှင့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမထံမှ အရောင်အဝါကြောင့် ပတ်ပတ်လည်မှ အနက်ရောင်မြူများ အဝေးသို့ လွင့်စင်ကုန်ကာ အနားသို့ပင် မကပ်ရဲကြချေ။

အကြီးအကဲခုံနှင့် ရန်ကျောက်ကဲအား ကြည့်လျက် သူမက အေးစက်စက် ပြုံးလိုက်သည်။ “နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက အခြေအနေက တည်ငြိမ်သွားပြီ၊ ငါတို့နှစ်ယောက်ကြားက ကိစ္စကို ဖြေရှင်းဖို့အချိန်ပဲ”

ရှင်တို့ဝါဒတောင်ဂိုဏ်းက ကျွန်မတို့နေသူတော်စင်ဂိုဏ်းကို အနိုင်ကျင့်လို့ လွယ်တယ်များ ထင်နေလား”

အကြီးအကဲခုံ မျက်မှောင်ကုပ်လိုက်သည်။ “မင်းတစ်ခုခု ကလီကမာလုပ်ထားလို့ အရှေ့တန်ရဲ့အစီအရင်မှာ ပြဿနာပေါ်လာတာမလား”

သူမ၏လက်ချောင်းများကို ညွတ်ပျောင်းစွာ လှုပ်ရမ်းလိုက်ရင်း ထိုမိန်းမလှက မျက်ခုံးပင့်လိုက်သည်။ “ဒီလိုစကားမျိုးကို လွယ်လွယ်မပြောသင့်ဘူး၊ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက ဖောက်လွဲဖောက်ပြန်ဖြစ်စဉ်တွေနဲ့ ငရဲရဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်စဉ်တွေ ဆက်စပ်နေတာဟာ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး စိုးရိမ်ရတဲ့ အရေးကြီးကိစ္စပဲ”

အဲ့တာကို ဖိနှိပ်ဖို့ လူတိုင်း အတူတကွ ကြိုးစားနေတယ်၊ ငါတို့နေသူတော်စင်ဂိုဏ်းကလည်း အတူတူပဲ၊ ဘာလို့ ငါတို့က နောက်ကွယ်ကနေ မကောင်းကြံရမှာလဲ”

အရှေ့တန်ဘုရင်ကတော့ သူ ကံဆိုးတယ်လို့ပဲ သတ်မှတ်ရမှာလဲ”

သူမမျက်လုံးထဲတွင် အေးစက်မှုက တဖြည်းဖြည်း ပေါ်လာ၏။ “ခေတ်ရေစီးကြောင်း ဘယ်ကိုပြောင်းလဲနေသလဲ မသိဘဲ ငါတို့နေသူတော်စင်ဂိုဏ်းရဲ့ ရန်သူအနေနဲ့ ကန့်လန့်ခံနေတာလဲ ကြီးမားတဲ့ အကြောင်းတရားတစ်ခုပဲ၊ သူဟာ မိုးကောင်းကင်က အပြစ်ပေးတာကို ခံရတာ နေမယ်၊ ဟုတ်တယ် အဲ့လိုပဲ ဖြစ်လိမ့်မယ်”

အကြီးအကဲခုံ မျက်နှာပျက်သွားသည်။ သည်အမျိုးသမီးမှာ နေသူတော်စင်ဂိုဏ်း၏အရေးပါသောအကြီးအကဲဖြစ်လေသည်။

သူမသည် နေဘုရင်ခုနှစ်ပါးထဲတွင် မပါဝင်သော်လည်း သူမ၏ကျင့်ကြံမှုက အရှေ့တက်နေဝန်းဘုရင်အောက် မနိမ့်ကျပေ။

အကြီးအကဲခုံသည် သူမအား မကြောက်ရွံ့သော်လည်း သူမသည် သူ ဆက်မသွားနိုင်စေရန် တောက်လျှောက်အနှောက်အယှက်ပေးမည်ဖြစ်သောကြောင့် သူ့အဖို့ ရှေ့ဆက်သွားရန် တကယ်ကို ခက်ခဲလှသည်။

တစ်စက္ကန့် နှောင့်နှေးလေ အရှေ့တန်ဘုရင် အန္တရာယ်ထဲသို့ ထပ်မံ ကျရောက်နိုင်ချေ တစ်စက္ကန့်ပိုများလေဖြစ်သည်။

လက်ရှိအခြေအနေကို ကြည့်ပါက နေသူတော်စင်ဂိုဏ်းက ဤအတွက် အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားပုံရသည်။ မေးစရာပင် မလိုချေ။ အခြားတစ်ဖက်တွင်လည်း အရှေ့တက်နေဝန်းဘုရင်က အကြီးအကဲချင်ကို တားဆီးနေလောက်ပြီဖြစ်သည်။

ပို၍စိုးရိမ်စရာကောင်းသည်ကား အစောပိုင်းက အဖြစ်အပျက် အလှည့်အပြောင်းကြောင့် ကျောက်ရှီချန်းမှာ မေ့မျောနေရာ နဂါးချုပ်လှောင်ခြင်းချောက်နက်အပြင်သို့ပင် သူ အသက်ရှင်လျက် ပြန်ထွက်နိုင်မည်လောဆိုသည်ကို မသိရသေးပေ။

ကျင်မင်းသား ကျောက်ရှီလီက အပြင်မှာ ရှိနေ၏။

အကြီးအကဲချင်ဖြစ်စေ အကြီးအကဲခုံဖြစ်စေ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က အပြင်မှာ ရှိနေပါက ကျောက်ရှီလီသည် အလျင်စလို လှုပ်ရှားရဲမည်မဟုတ်ပေ။

သို့သော် ရန်ရှု့သာ ရှိနေလေရာ ကျောက်ရှီလီသည် ကျောက်ရှီချန်း၏နေရာကို ယူပြီး အစီအရင်ကို ထိန်းချုပ်လိုက်သည်နှင့် ရန်ရှု့အဖို့ ကျောက်ရှီလီကို ရင်ဆိုင်ရန် မလွယ်ကူတော့ပေ။

အကြီးအကဲခုံ၊ ကျွန်တော် ဦးလေးကျောက်ကို သွားရှာလိုက်မယ်” ရန်ကျောက်ကဲက ခပ်တိုးတိုး ပြောလိုက်သည်။

အကြီးအကဲချင်က သူ့အား လှည့်ကြည့်လိုက်ရာ ရန်ကျောက်ကဲက ခေါင်းငြိမ့်ပြလိုက်သည်။ “ကျွန်တော် သွားတော့မယ်”

အကြီးအကဲချင်၏မျက်ခုံးများ အနည်းငယ် ကျုံ့သွားသည်။ သို့သော် အချိန်က လူကို မစောင့်ချေ။ တခဏမျှ စဉ်းစားပြီးနောက် သူ ခေါင်းငြိမ့်ရုံသာ တတ်နိုင်တော့သည်။

အရှေ့တန်အုပ်စု၏ တည်နေရာကို ရန်ကျောက်ကဲအား အလျင်အမြန် ပြောပြီးနောက် ထပ်ပေါင်း ပြောဆိုလိုက်သည်။ “ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ”

ရန်ကျောက်ကဲမှာ အံ့ဖွယ်ကိစ္စရပ်များကို ဆက်တိုက် စွမ်းဆောင်နိုင်ခဲ့သောကြောင့် အကြီးအကဲခုံသည် ရန်ကျောက်ကဲအပေါ် အတိုင်းအတာတစ်ခုထိတော့ ယုံကြည်မှု ရှိလေသည်။

အချိန်မဖြုန်းတော့ဘဲ ရန်ကျောက်ကဲသည် အားဟူကို ခေါ်ကာ ရှေ့ဆက်ထွက်ခွာသွားလေ၏။

အမျိုးသမီးသည် သူတို့အား ဟန့်တားရန် ကြိုးစားသော်လည်း အကြီးအကဲခုံ၏ တားဆီးခြင်းကို ခံရသည်။

သူမ၏မိုးမခပုံမျက်ခုံးများ မြင့်တက်သွားကာ အေးစက်စွာ ရယ်မောလိုက်သည်။ “ဟား… ဟား.. အဲ့တာ ရန်တိရဲ့သားလား၊ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့် ရောက်နေတဲ့ ရှောင်ရှန်းကို အပြင်ပိုင်းကြယ်တာရာချီအလယ်အလတိအဆင့်နဲ့ အနိုင်ယူနိုင်ခဲ့တာ ရှားပါးတဲ့ စွမ်းဆောင်မှုကြီးပဲ၊ ဒါပေမယ့် မမေ့ပါနဲ့”

ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့ ပါရမီရှင်ဆိုတာ ဘာမှမဟုတ်ဘူး”

အကြီးအကဲချင်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ဘယ်သူသေသေ မြေကြီးထဲရောက်တာပဲ၊ သိုင်းပညာရှင်ဖြစ်ဖြစ် သိုင်းဆရာသခင်ဖြစ်ဖြစ် ဘာမှ မကွာခြားဘူး”

ထိုသို့ ပြောပြီးသည်နှင့် သူ့လက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ဝါဒတောင်၏တိုက်ရိုက်မျိုးဆက် သိုင်းပညာတစ်ရပ်ဖြစ်သော ရွှေကမ္ဗလွှာလက်ဝါးသိုင်းကို ထုတ်ဖော်အသုံးပြုလိုက်သည်။

သူ့ပြိုင်ဘက်သည်လည်း နေသူတော်စင်ဂိုဏ်း၏ အထွတ်အထိပ်သိုင်းပညာတစ်ရပ်ကို အသုံးပြုကာ သူ့တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

ဝါရင့်သိုင်းဆရာသခင်နှစ်ယောက်အကြား တိုက်ပွဲကြောင့် နဂါးချုပ်လှောင်ခြင်းချောက်နက်တစ်ခုလုံး အလွန်အမင်း မတည်မငြိမ်ဖြစ်သည်အထိ တုန်ခါသွားလေသည်။

နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်း လျိုမြောင်တစ်ခုထဲ၌ လမ်းလျှောက်နေသော ရန်ကျောက်ကဲနှင့် အားဟူတို့သည် ကြီးမားသော တုန်ခါမှုများက သူတို့နောက်မှသာ မဟုတ်ဘဲ အခြားအရပ်မျက်နှာများမှလည်း လာနေသည်ဟု ခံစားရသည်။

သိသာစွာဖြင့် အကြီးအကဲချင် ဦးဆောင်သော ဝါဒတောင်၏ထိပ်တန်းကျင့်ကြံသူများနှင့် အရှေ့တက်နေဝန်းဘုရင်ဦးဆောင်သော နေသူတော်စင်ဂိုဏ်း၏ထိပ်တန်းကျင့်ကြံသူများအကြား အကြီးစား တိုက်ပွဲတစ်ခု ဖြစ်ပေါ်နေပုံရသည်။

ငရဲတွင်ရှိသော ပြဿနာ၏ဇစ်မြစ်ကို အမြစ်ဖြတ်နိုင်ခဲ့သောကြောင့် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှ ဖောက်လွဲဖောက်ပြန်ဖြစ်ရပ်များသည်လည်း ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။ နောက်ဆုံးတွင် နှစ်ဖက်စလုံးသည် စိတ်လွတ်ကိုယ်လွတ်ဖြင့် ထိမ်ချန်ထားခြင်းမရှိတော့ဘဲ အစွမ်းကုန်တိုက်ခိုက်ကြတော့သည်။

နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် ခရီးဆက်နေသော ရန်ကျောက်ကဲသည် ကမ္ဘာကြီး ချာချာလည်နေသည်ဟု ခံစားနေရသည်။ သူတို့ပတ်ဝန်းကျင်မှ အရာတိုင်းသည် အချိန်မရွေး ပြိုကျပျက်စီးတော့မည်ဟု ထင်ရ၏။

အားဟူသည် သတိဖြင့် တစ်လှမ်းချင်း လှမ်းကာ ရန်ကျောက်ကဲ၏ ဘေးမှ လိုက်လာသည်။ “မင်းသား၊ ဒါ တခြားတစ်ဖက်က ပြဿနာကို အမြစ်ကနေ ဖြတ်ချင်တယ်ဆိုတဲ့ အဓိပ္ပာယ်လား”

ကျင်းယန်မြို့မှာ အရေးမလှ ပြန်ဆုတ်သွားရပြီးနောက် သူတို့ ရှုံးနိမ့်ခဲ့တာကို ပြန်ချေပချင်နေတာပဲ” ရန်ကျောက်ကဲက အေးစက်စွာ ရယ်မောလိုက်သည်။ “သူတို့ရဲ့ လောဘက တကယ်ကို ကြီးမားတာပဲ၊ သူတို့ရဲ့ရည်မှန်းချက်က ငါ့ကို သတ်ချင်နေရုံ၊ ဒုက္ခိတဖြစ်စေချင်ရုံ သက်သက် မဟုတ်ဘူး၊ ဂျူနီယာညီမလေးဖန်းရဲ့ကိစ္စအတွက် ပြန်လက်စားချေတဲ့အနေနဲ့ ငါတို့ဂိုဏ်းကို အရှက်ရအောင် လုပ်နေတာပဲ”

သူတို့ဟာ အရှေ့တန်ကို လိုချင်တယ်၊ အရှေ့တန်မှာ အခိုင်အမာ ခြေကုပ်ယူပြီး အရှေ့ကောင်းကင်ဒေသကို ဩဇာဖြန့်ကျက်ချင်တယ်၊ အဲ့ကတဆင့် ကောင်းကင်နယ်မြေတစ်ခုလုံးကို ကြံရွယ်နေတာပဲ”

ရန်ကျောက်ကဲ သက်ပြင်းချလိုက်မိသည်။ “နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်အနေနဲ့ စွန့်စားပြီး ဒီကို ရောက်လာတာ ဦးလေးကျောက်အနေနဲ့ သူဘေးကင်းဖို့ သေချာပေါက် အများကြီး ပေးဆပ်ရမှာပဲ”

ဒီတစ်ခါ အကြီးအကဲချင် သူနဲ့အတူ သွားတာက နေသူတော်စင်ဂိုဏ်းက သူ့အပေါ် လက်စားချေမှုကို တားဆီးဖို့ပဲ”

ဒါပေမယ့် အခု ကြည့်ရတာတော့ ကျင်းယန်မြို့ရဲ့ မဟာအစီအရင် တစ်ခုခုဖြစ်အောင် လုပ်ခဲ့တာ အရှေ့တက်နေဝန်းဘုရင်တို့အုပ်စု မဟုတ်ဘူး”

သနားကြင်နာတတ်တဲ့ ဘုရင်ဖြစ်တာကြောင့် ဦးလေးကျောက်ရဲ့အုပ်ချုပ်မှုက အတော် သက်ညှာတတ်တယ်၊ အရှေ့တန်နိုင်ငံအတွင်းက နေသူတော်စင်ဂိုဏ်းရဲ့ စိမ့်ဝင်ထိုးဖောက်မှုတွေက ငါတို့ဂိုဏ်းသိထားတာထက် ပိုမို နက်ရှိုင်းလောက်တယ်”

အစီအစဉ်တွေ ပြင်ဆင်တဲ့နေရာမှာ အချိန်ကြာလာတာနဲ့အမျှ ပိုအသေးစိတ်ကျလာပေမယ့် သဲလွန်စ ကျန်ခဲ့နိုင်ချေ ပိုရှိပြီး ပြိုင်ဘက်က သတိထားမိဖို့ ပိုလွယ်ကူတယ်”

နေသူတော်စင်ဂိုဏ်းကသာ ဒီလိုမျိုး အသေးစိတ် အစီအစဉ်တွေ ဆက်လက် ပြင်ဆင်နေရင် ငါတို့ဂိုဏ်းက သတိထားမိသွားမှာပဲ”

ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီတစ်ခါ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက ဖောက်လွဲဖောက်ပြန်ဖြစ်ရပ်တွေက သူတို့ လိုအပ်နေတဲ့နေရာတွေကို ဖြည့်စည်းပေးသွားသလို ဖြစ်သွားတယ်၊ အဲ့တာကြောင့် သူတို့က အချိန်မကျမီ လှုပ်ရှားနိုင်ခဲ့တာပဲ”

အဝေးကို ငေးကြည့်နေသော ရန်ကျောက်ကဲက ပြောလိုက်သည်။ “နေသူတော်စင်ဂိုဏ်းတင် မကဘူး၊ အဆုံးမဲ့တောင်တန်းကလည်း ဒီကိစ္စထဲ ဝင်ရှုပ်ချင်နေတယ်ထင်တယ်”


Comment

Leave a Reply

Options

not work with dark mode
Reset