Switch Mode

အခန်း ( ၄၀၅ )

ရာထူးတိုးခြင်း

ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အဆင့်တိုးမြှင့်ပေးခြင်း စည်းမျဥ်းသည် လုပ်ဆောင်ချက် နည်းလမ်းနှစ်သွယ်ရှိလေသည်။ အဆင့်တိုးမြင့်ရန် စွမ်းဆောင်ရည်မှတ် တစ်သိန်းစုဆောင်းခြင်း၊ စွမ်းဆောင်ရည်ရမှတ်လုံလုံလောက်လာက်စုဆောင်းမိလျှင် ဂိုဏ်း၏ မဟာမန္တန်အစီအရင်က သိရှိသွားပြီး အလိုအလျောက် အဆင့်တိုးမြှင့်ပေးခြင်း တို့ဖြစ်ကြသည်။

ထိုအလိုအလျောက်အဆင့်တိုးမြှင်ပေးခြင်းနည်းလမ်းသည် လူတစ်ဦးတစ်ယောက်ချင်းစီ စွမ်းဆောင်ရည်ရမှတ် အလွန်အကျွံစုဆောင်းခြင်းကို ကာကွယ်ရန်နှင့် ဂိုဏ်းအတွင်းငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်ရန် ပြဌာန်းထားခြင်းဖြစ်လေသည်။ ထို့အပြင် ၄င်းသည် မည်သူ၏ ထိန်းချုပ်ခြင်းအောက်တွင်မှ မရှိပဲ ဂိုဏ်းသားအားလုံး၏ သက်သေခံတံဆိပ်များနှင့် ချိတ်ဆိတ်ထားသော မန္တန်အစီအရင်အောက်တွင်ရှိလေရာ လိမ်လည်လှည့်စားရန် မဖြစ်နိုင်ပေ။

အမှန်တကယ်ဆိုရလျှင် ဒုတိယနည်းလမ်းသည် စွမ်းဆောင်ရည်ရမှတ်အမြောက်အမြားလိုအပ်လေရာ မြင်ရခဲလေသည်။ လူတစ်ယောက်၏ စွမ်းဆောင်ရည်ရမှတ်များ ကန့်သတ်ထားသည်ထက်ကျော်သွားသောအခါ လမိုက်ည၏ အချက်ပြမီးအလား မန္တန်အစီအရင်က ချက်ချင်းပင် သတိပြုမိလေသည်။

ပိုင်ရှောင်ချန်းသည် ထိုနည်းလမ်းကို စုန့်ချွဲအပေါ် အသုံးချခဲ့သည်။ မိုးပြာရောင်နဂါးအဖွဲ့အစည်းမှ စုန့်ချွဲ၏ သက်သေခံတံဆိပ်ထဲသို့ စွမ်းဆောင်ရည်ရမှတ်အများအပြား လွှဲပြောင်းလိုက်ခြင်းဖြင့် အပေါက်ဝကို ထွက်လာသည်နှင့် သူ့ကို သတိထားမိသွားပြီး ဝတ်ရုံဝါဂိုဏ်းသားဖြစ်ရန် ခေါ်ဆောင်သွားခံရမည်ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ဘုံအဖွဲ့အစည်း၏ ခေါင်းဆောင်များမှာ ပိုင်ရှောင်ချန်းကို အလွန်ကြောက်လန့်နေလေရာ မြို့ထဲမှ အလွယ်တကူနှင်ထုတ်နိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

” ကျုပ်တို့ အခွင့်အရေးတစ်ခါပဲ ရမယ်။ သူ့ရဲ့ သက်သေခံတံဆိပ်ထဲကို စွမ်းဆောင်ရည်ရမှတ်လုံလုံလောက်လောက် မထည့်ပေးနိုင်ရင် ဒီအားထုတ်မှူက အလကားပဲ ။ ပြီးရင် မိုးပြာရောင်နဂါးဆရာကြီးက သတိရှိနေလိမ့်မယ်။ ဒုတိယတစ်ကြိမ်ကြိုးစားရင်တော့ အင်မတန် ခက်ခဲလိမ့်မယ်”

” စိုးရိမ်မနေပဲ လုပ်လိုက်ကြရအောင်။ ကောင်းကင်ဘုံအဖွဲ့အစည်းက သူ့ကို နှင်ထုတ်ဖို့ အကုန်ခံမယ်ကွာ။ သူထွက်သွားဖို့ဆိုရင် အကုန်လုံး ပေးရလဲ တန်ပါတယ်”
ဆုံးဖြတ်ချက်ချပြီးနောက် ဂိုဏ်း၏ မဟာမန္တန်အစီအရင်အငွေ့အသက်များ ပြင်းအားအဆင့်တစ်ခုအထိရောက်သည်အထိ ရက်အနည်းငယ်ထပ်စောင့်လိုက်သည်။ ထိုည၌ ကောင်းကင်ယံတွင် လမင်းကြီး ထိန်ထိန်သာနေပြီး အဖြူရောင် အလင်းတန်းများက မြေပြင်တစ်ဝှမ်း ဖြန့်ကျက်လျက်ရှိသည်။ အရာအားလုံး ဖျော့တော့ကာ မပီပြင် ဝေဝါးနေသော်လည်း ကုံမြို့တော်သည် နေ့အချိန်ကဲ့သို ညအခါတွင်လည်း ရှုပ်ယှက်ခတ်နေလသည်။

အနောက်ပိုင်းဒေသ အစွန်အဖျားရှိ သဲကန္တာရထဲတွင် မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ စားသောက်ဆိုင်သည် ယခင်အတိုင်း လူကျလျက်ရှိသည်။ ကျင့်ကြံသူများမှာ အပြင်ဘက်တွင် မှောင်မိုက်နေရုံ လေးကြောင့် အနားမယူလိုကြလေရာ ဝင်လိုက်၊ထွက်လိုက််သွားလာနေကြသည်။

ပိုင်ရှောင်ချန်းမှာ စားသောက်ဆိုင်တွင်းရှိ စားပွဲဝိုင်းတစ်ခုတွင် ယပ်တောင်ကြီးများဖြင့် ယပ်ခတ်ပေးနေသာ အစေခံနှစ်ယောက် ခြံရံလျက် ထိုင်နေလေသည်။ ထိုယပ်တောင်များကိုသာ စားသောက်ဆိုင်အပြင်ဘက်ထုတ်ပြလိုက်ပါက အုန်းအုန်းကြွက်ကြွက်ဖြစ်သွားလိမ့်မည်။ စွမ်းဆောင်ရည်ရမှတ်အားဖြင့် သူတို့၏ တန်ဖိုးအရဆိုလျှင် တစ်ခုတန်ဖိုးသည်ကပင် စွမ်းအားကြီးမားသော မှော်ပစ္စည်းတစ်ခု ဝယ်ယူရန်လုံလောက်လေသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းအတွက်မူ သူတို့သည် သာမန် ယပ်တောင်များထက် မပိုပေ။

စားပွဲကိုပင် နှစ်၁၀၀၀ သက်တမ်းရှိ မဟော်ဂနီအသားမှ ထုလုပ်ထားခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထိုသစ်သားကို ဓားပျံကဲ့သို့ အရာတစ်ခု ပြုလုပ်ရန် အသုံးပြုလျှင် သာမန်ထက်ထူးကဲသောလက်နက်တစ်ခုဖြစ်လာမည်ဖြစ်သော်လည်း ယခုတွင် စားပွဲတစ်လုံးသာဖြစ်နေတော့သည်။

ထိုစားပွဲကို အနုစိတ်လက်ရာမျိုးစုံဖြင့် အလှဖော်ထားလေရာ အပြင်တွင် စျေးများခေါင်ခိုက်နေလောက်သည်။ ပန်းကန်လုံးများနှင့် ဇွန်းများမှာပင် မှော်စွမ်းအင်များရှိနေလေသည်။

အခန်းကို လွန်လွန်ကျူးကျူးတန်ဆာဆင်ထားလေရာ အထဲဝင်ရောက်သွားသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူပင် အလွန်တရာ အံ့သြတုန်လှုပ်သွားလိမ့်မည်။

ရွှီပေါက်ချိုင်၊ နတ်ဆရာနှင့် ဖက်တီးကျန်းကြီးတို့ အားလုံးသည်လည်း စိတ်ရှိတိုင်း စားလိုက်၊ သောက်လိုက်အဆင်ပြေနေကြသည်။ သူတို့က ရယ်ကာမောကာ စကားစမြည်ပြောနေကြစဥ် ချင်းမေ့ယွမ်သည် တစ်ခါတရံစကားဝင်ပြောရင်း သူမကိုယ်သူမ ယပ်တဖျတ်ဖျတ်ခပ်ရင်း ပိုင်ရှောင်ချန်း၏ဘေးတွင် ရှက်ရွံ့စွာ ထိုင်နေလေသည်။

သူတို့၏ အဝတ်အစားများမှာ သူဌေးသူကြွယ်များဝတ်သည့် အမျိုးအစားကဲ့သို့ အလွန်တရာ တန်ဖိုးကြီးလှသည်။

” ဒီတော့…”
ပိုင်ရှောင်ချန်းကပြော၏။
“အဲဒီ လီယွမ်ရှန်ဆိုတဲ့ကောင် ပြောသမျှ စကားအကုန် ယုံလို့မရဘူးပေါ့။ သုံးရက်တောင်ကြာပြီ။ ဘယ်သူမှလည်း ငါ့ကို မြို့ထဲက မထွက်သွားခိုင်းကြပါလား ”
ဗိုက်ကို ပွတ်ရင်း သူက လေချဥ်တက်လိုက်သည်။

ရွှီပေါက်ချိုင်က ခပ်တိုးတိုးရယ်ရင်း ပြောသည်။
” ခေါင်းဆောင်လေး သိလား။ ဒီနေရာက အင်မတန် စိုပြေနေတာပဲဗျာ။ ဟားဟားဟား ။ ကျုပ်တို့ အကောင်းဆုံးဆိုတဲ့ အစား အသောက်တွေ စားရ သောက်ရတယ်။ အားလုံးထဲ အကောင်းဆုံးပဲ။ ဒီလောက်ကောင်းတာတွေကို အဏ္ဏဝါခေါ်သံဂိုဏ်းမှာတောင် မရခဲ့ဘူး။ အင်း.. သက်တန့်ဒေသပေါ်က ဘဝက ဘယ်လိုများလဲဆိုတာ တကယ်သိချင်မိသား ”

” ကြည့်စမ်း ”
ပိုင်ရှောင်ချန်းက ရွှီပေါက်ချိုင်ကို လက်ညှိုးထိုးပြီး ဖက်တီးကျန်းကြီးကို တံတောင်ဖြင့်တွတ်ရင်း ရုတ်တရက် ထအော်လိုက်သည်။
” ဒီကောင့်ကို ကြည့်ပါဦး။ အစ်ကိုကြီးမြင်လား။ အဲဒီ ရည်မှန်းချက်။ ထိန်းထား ။ ရွှီပေါက်ချိုင်ထိန်းထား” ထို့နောက် သူက ဟားတိုက်ရယ်လိုက်သည်။
“အခုတလော မီးဖိုထဲ မလွှတ်ဖြစ်တာ ခပ်ကောင်းကောင်းရယ်။ လာစမ်းပါ ရွှီပေါက်ချိုင်ရာ.. ဒီက သက်တန့်ဒေသထက် ပိုကောင်းပါတယ်ကွ။ အရူးတွေပဲ အဲ့သွားတာ။ ငါ့ဘဝတစ်လျှောက်လုံး ဒီမှာပဲနေတော့မယ်”
သူ၏ လက်ကို ဟန်ပါပါဝှေ့ယမ်းလိုက်ပြီး အလွန့် အလွန် အားရကျေနပ်နေဟန်ဖြင့် နောက်ဆုံးစကားလုံးများကို အသံမြှင့်လိုက်သည်။

နတ်ဆရာနှင့် ဖက်တီးကျန်းကြီးမှာ အူလှိုက်သည်းလှိုက်ရယ်လိုက်ရာ ရွှီပေါက်ချိုင်မှာ နည်းနည်းရှက်သွားလေသည်။ ပြန်ခုခံရန်ပြင်လိုက်ဆဲဆဲမှာပင် ပိုင်ရှောင်ချန်းက လက်ကိုအထင်အမြင်သေးစွာ ခါရမ်းလိုက်ပြီး ပြော၏။
” ကျုပ်ပြောတာ နားထောင်ဦး ကိုယ့်လူတို့…”

သူတို့ကို သက်တန့်ဒေသခရီးစဥ်အကြောင်းလေလုံးထွားပြီး ထိုနေရာရှိလူတိုင်း မည်မျှ အေးစက် စိမ်းကားကြောင်း ရှင်းပြရန် ပြင်လိုက်ဆဲဆဲမှာပင် သူ၏ အိတ်တုန်ခါလာသည်ကို သတိပြုမိလိုက်သောကြောင့် မျက်နှာပျက်သွားလေသည်။အိတ်ကို ပုတ်လိုက်ရင်း သူ၏ သက်သေခံတံဆိပ်ကို ထုတ်လိုက်ပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်လေသည်။

အံ့သြဖွယ် သူ၏ စွမ်းဆောင်ရည်ရမှတ်များ အလျင်အမြန်တိုးနေကြောင်း သိလိုက်တော့သည်။

” ဘာတွေဖြစ် နေတာလဲ ”
သူက ဇဝေဇဝါ တွေးလိုက်သည်။ ထို့နောက် တခဏလေးအတွင်းမှာပင် စွမ်းဆောင်ရည်ရမှတ်များမှာ တစ်သိန်းကျော်သွားသဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ် သွားတော့သည်။ မကြာမီ စွမ်းဆောင်ရည်ရမှတ် ၂သိန်းရှိသွားလေသည်။ ထို့နောက် ၃သိန်း၊ ထို့နောက် ၄သိန်း။

ကြောက်လန့်တုန်လှုပ်ပြီး စူးစူးဝါးဝါးအော်လိုက်ပြီး ဘာမှ အချိန်ကုန်ခံရှင်းပြမနေတော့ပဲ အခြားသူများထံ စွမ်းဆောင်ရည်မှတ်များ အလျင်အမြန်လွှဲပေးလိုက်သည်။ သို့သော်လည်း သူမည်မျှမြန်မြန်လုပ်စေကာမူ နှေးကွေးနေဆဲပင်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ စွမ်းဆောင်ရည်မှတ်များမှာ ၅သိန်းကျော်သွားတော့သည်။

ရှင်းကုံကျစ်တာအိုဂိုဏ်း၏ မဟာမန္တန်အစီအရင်သည် လပြည့်နေ့တွင် တုံ့ပြန်နိုင်စွမ်းအကောင်းဆုံးဖြစ်ပြီး နိုးကြားအတက်ကြွဆုံးဖြစ်ကာ အပြင်ဘက်ရှိ လမင်းကြီးသည် အချက်ပြမီးအလား ထွန်းလင်းတောက်ပနေလေသည်။ မန္တန်အစီအရင်အတွက် ဖြစ်ပျက်နေသည်တို့ကို သတိပြုမိရန် တခဏသာကြာလိုက်ပြီး စားသောက်ဆိုင်ထဲရှိ ပိုင်ရှောင်ချန်းရှိရာအခန်းထဲသို့ စွမ်းအားများတဟုန်ထိုးလွှတ်လိုက်သည်။

” မဖြစ်ဘူး ” သူက အသံကုန်အော်လိုက်လေသည်။ နတ်ဆရာ၊ ရွှီပေါက်ချိုင်နှင့် ဖက်တီးကျန်းကြီးတို့မှာ အံ့သြသွားပြီး တစ်ယောက်မှ မတုံ့ပြန်နိုင်မီ အလင်းတန်းတစ်ခုက အခန်းထဲဝင်လာကာ ပိုင်ရှောင်ချန်းကို ရစ်ပတ်သွားလေသည်။

အလင်းတန်းက သူ့ကို ဖမ်းဆွဲလိုက်သည်နှင့် သူ၏ စွမ်းဆောင်ရည်ရမှတ်များမှာ စိတ်တိုစရာကောင်းစွာ ဆက်လက်တိုးလာနေသည်။ မထင်မှတ်ထားဖွယ် စွမ်းဆောင်ရည်ရမှတ် ၇သိန်းပင်ကျော်သွားလေပြီ။

ထို မယုံကြည်နိုင်ဖွယ် ငွေပမာဏကြောင့် မန္တန်အစီအရင်မှာ ဒေါသထွက်သွားပုံရပြီး နူးညံ့ ညင်သာမှုအလျဥ်းမရှိပဲ အခန်းထဲမှ ပိုင်ရှောင်ချန်းကိုဖမ်းဆွဲပြီး မိုးပေါ်သို့ဆောင့်ဆွဲခေါ်သွားတော့သည်။

ပိုင်ရှောင်ချန်း၏ အော်သံတို့က အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားလေရာ သူ၏ တာအို အစောင့်အရှောက်လေးယောက် အပြေးအလွှားထွက်လာသော်လည်း ဘာမှမတတ်နိုင်ကြပေ။

“ငါ မသွားချင်ဘူး။ ဒီမှာနေချင်တာပါဆို။ ဝတ်ရုံဝါဂိုဏ်းသားမဖြစ်ချင်ဘူးလို့။ လိမ္မော်ရောင်ဂိုဏ်းသားကမှ ငါနဲ့ ပိုလိုက်ဖက်တာ..”
ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ကောင်းကင်ဘုံအဖွဲ့အစည်း၏ အကြံအစည်ကျော့ကွင်းထဲ ကျသွားသည်မှာ သေချာတော့သည်။ ထို့အပြင် မယုံကြည်နိုင်ဖွယ် စွမ်းဆောင်ရည်ရမှတ်ပမာဏများကို ထည့်တွက်ကြည့်လျှင် ကောင်းကင်ဘုံအဖွဲ့အစည်း၏ ခေါင်းဆောင်များ သူ့ကိုနှင်ထုတ်ရန် မည်မျှစိတ်ပိုင်းဖြတ်ထားကြောင်း သိသာထင်ရှားလေသည်။

ပိုင်ရှောင်ချန်းကို ဆွဲခေါ်သွားသည့် အလင်းတန်းမှာ ပုံမှန်အလင်းထက် ပို၍ တောက်ပပြီး ကြီးမားလေသည်။ ထို့ကြောင့် ကုံမြို့တော်တစ်ခုလုံး ဖုံးလွှမ်းလျက် ညအမှောင်ကောင်းကင်ယံတွင် လင်းလက်တောက်ပနေလေရာ စိတ်လှုပ်ရှားမှုများပြည့်နှက်နေသောမျက်လုံးများနှင့် လူများက စူးစိုက်ကြည့်လာကြလေသည်။

မူးယစ်ဆေးလုံးနှင့် ဝမ်းမီးငြိမ်သက်ဆေးလုံးများ၏ ဘေးထွက်ဆိုးကျိုးများ ခံစားခဲ့ရသော ကျင့်ကြံသူများအားလုံးသည် မပျော်ရွှင်ပဲမနေနိုင်တော့ပေ။ တချို့မှာ ဗုံများ၊ မောင်းများတီး၍ ကခုန်နေကြတော့သည်။

” မိစ္ဆာအဘိုးကြီးပိုင် နောက်ဆုံးတော့ သွားပြီဟေ့”

“ကောင်းကင်ကြီးက တကယ်အမြင်ရှိတာပဲ။ မိုးပြာရောင်နဂါးဆရာြကီးတော့ အဆင့်တက်သွားပြီဟေ့ ”

“ဟားဟားဟား ။ အဲ့မိတ်ဆွေက ကုံမြို့တော်ရဲ့ နံပါတ် တစ် လူဆိုးကြီးပဲ။ အခု သူထွက်သွားပြီဆိုတော့ ငါတို့ပခုံးပေါ်က တောင်ကြီးပေါ့သွားသလိုပဲ”

ထို ညတွင် မြို့ထဲရှိ ကြွေးကြော်သံများ၊ ပိုင်ရှောင်ချန်း၏ အော်သံများဖြင့် ရောနှောထွက်ပေါ်နေတော့သည်။ သူ၏ တာအိုအစောင့်အရှောက်များမှာမူ စွမ်းအားကြီးအလင်းတန်းက ပိုင်ရှောင်ချန်းကို ညကောင်းကင်ယံကိုခွင်း၍ ကောင်းကင်ဒေသသက်တန့်ထံ ဆွဲခေါ်သွားသည်ကို ကြည့်ရင်း အလွန်အမင်း အံ့သြနေကြသည်။

ထိုသက်တန့်ပေါ် တစ်နေရာတွင် အဆင့်တိုးမြှင့်ခြင်းခံရသည့်ဂိုဏ်းသားကို လက်ခံရသည့် တာဝန်ကျဂိုဏ်းသားများသည် ကုံမြို့တော်သားများ ပျော်ရွှင်ခုန်ပေါက်ကြွေးကြော်နေကြသည်ကို ငုံကြည့်ရင်း မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများဖြင့် တရားဝင်ကြိုဆိုသည့်စင်မြင့်တွင် ရပ်နေကြသည်။ ဤမျှဝေးသောနေရာကပင် ကြားရလျှင် အောက်ဖက်ရှိလူအုပ်ကြီး မည်မျှ စိတ်အားထက်သန်နေကြောင်း တွေးသာကြည့်နိုင်လေသည်။

ဂိုဏ်းသားများသည် အနေရခက်စွာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အောက်ဖက်ရှိ မြို့တော်ကြီး ယခုကဲ့သို့ ဗြောင်းဆန်သည်ကို ဘယ်တုန်းကမှ မမြင်ဘူးပေ။ သက်တန့်ဒေသထံ ဂိုဏ်းသားအသစ်ကို ကြိုဆိုရန် သွားသည့် အလင်းတန်းက အလွန်ကြီးမား၍ တောက်ပနေသည်ကို ဘယ်တုန်းကမှ မမြင်ဖူးပေ။ မကြာမီ ပိုင်ရှောင်ချန်းသည် သူတို့ရှေ့ရောက်လာတော့သည်။

ပိုင်ရှောင်ချန်းက တခြားဂိုဏ်းသားများ၏ အေးစက်စက်အကြည့်စိမ်းများကို အာရုံရလိုက်သည်နှင့် အော်ဟစ်မြည်တမ်းလိုက်တော့သည်။

“ကျုပ် ဝတ်ရုံဝါ ဂိုဏ်းသားတစ်ယောက် မဖြစ်ချင်ဘူး”

ယခု ကောင်းကင်ဘုံအဖွဲ့အစည်း သုံးသွားသည့် အကွက်များကို ကာကွယ်မှုများမလုပ်ခဲ့သည့် သူ၏ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမိခြင်းနှင့် သတိမမူမိခြင်းတို့ကို ကျိန်ဆဲလိုက်ရင်း မျက်ရည်များ ဝဲတက်လာတော့သည်။

သူနှလုံးသားတွင်းရှိ နောင်တများကြောင့် သူ၏အသံသည် ကြားလိုက်ရသည့် လူတိုင်း၏ နှလုံးသားများထဲရှိ ဝမ်းနည်းမှုကို လှုံဆော်နေတော့သည်။ ပုံမှန်အားဖြင့် သူ့တို့အပြင် သက်တန့်ဒေသသို့ ရောက်လာကြသည့် လူတိုင်း ပျော်ရွှင်ကြည်နူးနေကြသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ဝမ်းနည်းနေသော လူတစ်ယောက်ကို သူတို့ ပထမဆုံး တွေ့ရခြင်းဖြစ်လေသည်။

ပိုင်ရှောင်ချန်းမှာ ထပ်ခါထပ်ခါ သက်ပြင်းချပြီး ကြိုဆိုရာစင်မြင့်မှ ထွက်ခွာလာရင်း မျက်ရည်ကျလုမတတ်ဖြစ်နေတော့သည်။ သူ၏ဘေးပတ်လည်မှာ အားပြင်းသော စိတ်စွမ်းအင်များ၊ နေရာတိုင်းလိုလို ရေကန်ရေအိုင်များ၊ အင်မော်တယ်တောင်တန်းများဖြင့် လှပနေတော့သည်။ သို့သော်လည်း လူတိုင်း မည်မျှအေးစက်စိမ်းကားပြီး ဂရုမစိုက်တတ်ကြောင်း စဥ်းစားလိုက်ရင်း ပိုင်ရှောင်ချန်းမှာ သူ၏ စားသောက်ဆိုင်သည် ပို၍ ကောင်းသောနေရာတစ်ခုဖြစ်ကြောင်း ခံစားနေရသေးလေသည်။

ဆူပုတ်နေရင်း ဤအခြေအနေကို လက်ခံလိုက်ဖို့သာရှိကြောင်း သူသဘောပေါက်လိုက်လေသည်။

သက်ပြင်းချရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။
” မင်းကိုက သိပ်တော်လွန်းနေတာကိုး။ အီး… အမြဲတမ်း သိုသိုသိပ်သိပ်နေဖို့ကြိုးစားနေတဲ့ ငါ ပိုင်ရှောင်ချန်းကို သာမန်ကမ္ဘာလေးကနေ ဝတ်ရုံဝါဂိုဏ်းသားဖြစ်အောင် အတင်းလုပ်ပေးကြမယ်လို့ တစ်ခါမှကို မတွေးမိခဲ့ဘူးကွာ “

Comment

Leave a Reply

Options

not work with dark mode
Reset