Switch Mode

စာစဉ်(၅) အပိုင်း(၅၉)

ဖွဲ့စည်းခြင်းအလယ်အဆင့်

ဘိုးဘေးနဂါးပုရပိုက်ရရှိခဲ့ပြီး ငါးရောက်မြောက်နေ့မှာ ဇူယွမ်က သူ့ရဲ့ခုနှစ်ခုမြောက်ဝင်ပေါက်အတားအဆီးကို အလုံးစုံချိုးဖျက်နိုင်ခဲ့ပေသည်။ ဒီအရာက သူ့ကိုချီစုဆောင်းမှုအဆင့်နဲ့ ခြေတစ်လှမ်းပိုနီးစပ်သွားစေခဲ့သည်ဖြစ်၍ ဘိုးဘေးနဂါးပုရပိုက်ရဲ့ပထမအဆင့်အတွက် လိုအပ်သည့်ပါဝင်ရမဲ့အရာတွေကိုသာ စုဆောင်းရန်အတွက်အာရုံစိုက်ရတော့မည်ဖြစ်သလို ပိုပြီးတော့လည်းစိတ်ဆန္ဒတွေစောလာခဲ့ရသည်။

တော်ဝင်နန်းတော်အတွင်း…

“အဖေ… ကျွန်တော်တောင်းထားခဲ့တဲ့ မူလအရင်းအမြစ်တွေကိုရပြီလား…” ဇူယွမ်က နန်းဆောင်အတွင်းဝင်ရောက်လာခဲ့ချိန်တွင်ပင် သူ့ရဲ့မျှော်လင့်ချက်အပြည့်နဲ့မျက်လုံးတစ်စုံဖြင့် ဇူချင်ကိုကြည့်ကာမေးလိုက်သည်။

သူ့ရဲ့အသံကို ဇူချင်ကြားလိုက်ရသည့်အခါ ခါးခါးသီးသီးရယ်မောမိလိုက်ပြီး ပြန်ပြောသည်… “လူရှုပ်ကလေး… သားက ငါတို့တော်ဝင်ဘဏ္ဍာတိုက်မှာ ဒီလိုအရာတွေအားလုံးရှိနေမယ်လို့ တကယ်ကိုထင်ထားတာလား…”

ဇူယွမ်တောင်းဆိုခဲ့တဲ့ ပစ္စည်းလေးမျိုးကို ပြန်စဉ်းစားမိလိုက်သည့်အခါ ဇူချင်တောင်မှပင် တုန်လှုပ်သွားခဲ့ရသည်။

“ဒါ့အပြင် သားကအဲ့ဒီပစ္စည်းတွေအားလုံးကို အဆင့် ၅မူလချီလေ့ကျင့်တဲ့နေရာမှာသုံးဖို့ အမှန်တကယ်လိုအပ်တာလား…” ဇူချင်က ဗဟုသုတရှိသည့်လူတစ်ယောက်ဖြစ်ကာ သူ့အနေနဲ့အရင်က အဆင့် ၅မူလချီနဲ့ ထိတွေ့ဖူးလေသည်။ သူသိထားသလောက်အရ ဘယ်လိုမျိုးအဆင့် ၅မူလချီမဆို ဒီလိုမျိုးရှားပါးပြီး မြင့်မားတဲ့စွမ်းရည်ရှိသည့် မူလအရင်းအမြစ်တွေကို မလိုအပ်ပေ။

ဇူယွမ်တစ်ယောက် ကို့ရို့ကားရားနိုင်စွာဖြင့်ပင် ရယ်မောမိလိုက်သည်။ ယောင်ယောင်က သူ့ကိုဘိုးဘေးနဂါးပုရပိုက်အကြောင်း လျှို့ဝှက်ထားရန်သတိပေးခဲ့သည်။ ဒါ့ကြောင့်ပင် သူက ဇူချင်ကို အဆင့် ၅မူလချီကျင့်ကြံခြင်းနည်းလမ်းကို လေ့ကျင့်ဖို့ဆိုတာကိုသာ ပြောပြခဲ့ခြင်းဖြစ်သည်။

ဇူယွမ်က အနည်းငယ်စိတ်ပူသည့်လေသံဖြင့်မေးလိုက်သည်… “တော်ဝင်ဘဏ္ဍာတိုက်တောင်မှပဲ ဒါတွေကို စုဆောင်းနိုင်ခြင်းမရှိဘူးလား…”

ဇူချင်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့်ပင် သက်ပြင်းတစ်ချက်ချလိုက်မိပြီး သူ့နောက်ရှိကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ သူက သေတ္တာကိုဖွင့်လိုက်ပြီး ဖောက်ထွင်းမြင်နိုင်သည့် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ပုလင်းထဲမှာရေတွေနဲ့ပြည့်နှက်နေပြီး ရေထဲမှာမှ ရွှေရောင်အရည်တစ်စက်က ဖြည်းညှင်းစွာလှည့်ပတ်နေလျက်ရှိသည်။

၎င်းက ရွှေရောင်ကောင်းကင်ဘုံခြင်ဆီပင်ဖြစ်၏။

ကျောက်စိမ်းပုလင်းရဲ့ဘေးမှာ အပေါက်တွေနဲ့ပြည့်နှက်နေတဲ့ အနက်ရောင်ပုံဆောင်ခဲတစ်ခုရှိပေသည်။ ၎င်းထံမှ အံ့ဩစရာကောင်းလောက်အောင်ပင် အလွန်အမင်းအေးစက်မှုတွေ အပြင်ဘက်ကိုပျံ့နှံ့ထွက်ပေါ်နေခဲ့ပြီး ပတ်ဝန်းကျင်လေထုကိုတောင် နှင်းတွေဖုံးလွှမ်းသွားသည့်အလားဖြစ်စေခဲ့သည်။ တစ်ဆက်တည်းမှာ ၎င်းအတွင်း၌စမ်းချောင်းတစ်ခုစီးဆင်းနေသကဲ့သို့ ရေစီးဆင်းနေတဲ့အသံတွေကိုလည်း ကြားနိုင်ပေသည်။

၎င်းက မဟူရာနွေဦးစမ်းရေကျောက်ပင်ဖြစ်သည်။

ဇူချင်က ကျောက်စိမ်းသေတ္တာကို ညွှန်ပြလိုက်ရင်းမှ ပြောသည်… “တော်ဝင်ဘဏ္ဍာတိုက်ထဲမှာ ဒီနှစ်မျိုးပဲရှိတယ်…”

ဇူယွမ်သူ့ရဲ့ခေါင်းကို ကုတ်လိုက်မိကာ… “ဒါဆို မူလဝါးမျိုခြင်းကျောက်တုံးနဲ့ အဆင့် ၄စပါးအုံးအမျိုးအစားမူလမှော်သားရဲဝိညာဉ်မရှိဘူးပေါ့…”

ဇူချင်ရဲ့မျက်နှာက အနည်းငယ်အိုစာသွားခဲ့ရပြီး ဇူယွမ်ကိုကြည့်ကာပြောသည်… “လောဘကြီးတဲ့လူရှုပ်ကလေး… သားတောင်းဆိုခဲ့တဲ့ပစ္စည်းလေးမျိုးရဲ့တန်ဖိုးအားလုံးပေါင်းလိုက်ရင် မူလပုံဆောင်ခဲ ၅သိန်းလောက်ကုန်ကျနိုင်တယ်… ဒါ့အပြင် သားမှာပိုက်ဆံရှိနေတယ်ဆိုရင်တောင်မှပဲ ဒီပစ္စည်းတွေကို ဝယ်လို့ရချင်မှရနိုင်မှာ…”

ဇူအင်ပါယာတစ်ခုလုံးရဲ့ တစ်နှစ်လုံးစာအခွန်တောင်မှ တစ်သန်းခန့်သာရရှိပေသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီပစ္စည်းတွေက ဘယ်လောက်တောင်မှ ဈေးကြီးသလဲဆိုတာကို ပြောနိုင်ပေသည်။

ဇူယွမ်တစ်ယောက် ကို့ရို့ကားရားနိုင်စွာဖြင့်ပင် ရယ်မောလိုက်မိသည်။ မူလပုံဆောင်ခဲ ၅သိန်းဆိုတဲ့ပမာဏက အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းလှသည်။ ထိုပမာဏနဲ့သာဆိုရင် လေလံအိမ်တော်မှ အဆင့်မြင့်အနက်ရောင်အဆင့်မူလလက်နက်တစ်ခု ဝယ်ယူဖို့ရန် သေချာပေါက်ကို လုံလောက်မှုရှိပေသည်။

တော်ဝင်ကလန်မှာ အဆင့်မြင့်အနက်ရောင်အဆင့်မူလလက်နက်တစ်ခုတည်းသာရှိပြီး ထိုလက်နက်က သူ့အဖေဇူချင်ကိုင်ဆောင်သည့် မီးလျှံကိုးမျိုးလှံတံပင်ဖြစ်သည်။

“ဒါဆို ကျွန်တော်တို့ဘာလုပ်နိုင်မလဲ…” ဇူယွမ်ရဲ့မျက်နှာပေါ်မှာ သနားစရာကောင်းသည့်အမူအယာတစ်ခု ပေါ်ထွက်လာခဲ့ရ၏။ တကယ်လို့ သူကသာ မူလအရင်းအမြစ်လေးခုစလုံး စုဆောင်းနိုင်ခြင်းမရှိဘူးဆိုရင် သူ့အနေနဲ့ ဘိုးဘေးနဂါးပုရပိုက်၏ပထမအဆင့်ကို စတင်လေ့ကျင့်နိုင်လိမ့်မည်မဟုတ်ပေ။

ဇူချင်က သက်ပြင်းချလိုက်ပြီး အချိန်တစ်ခဏကြာတွေးတောသွားခဲ့ရကာ… “အဖေ့အနေနဲ့ မူလဝါးမျိုခြင်းကျောက်တုံးနဲ့ပတ်သတ်တဲ့ အကြောင်းအရာအချို့ကို အရင်တုန်းကကြားခဲ့ဖူးတယ်…”

“အိုး…” ဇူယွမ်ရဲ့မျက်လုံးတွေ တောက်ပသွားခဲ့ရ၏။ မူလဝါးမျိုခြင်းကျောက်တုံးရဲ့သတင်းကို ကြားခဲ့ရမည်ဆိုလျှင် ဒီဟာကိုရနိုင်ဖို့အတွက် နည်းလမ်းတစ်ခုလည်းရှိလာပေလိမ့်မည်။

ဇူချင်က အသေးစိတ်ရှင်းပြလိုက်သည်… “ဗိုလ်ချုပ်ကြီးရဲ့အိမ်တော်မှာ ကျောက်တုံးတစ်ခုရှိနေပြီးတော့ အဲ့ဒါက မူလချီတွေကို အဆက်မပြတ်စုပ်ယူနိုင်ပြီး ပိုပြီးသန့်စင်တဲ့မူလချီတွေကို ပြန်လည်ထုတ်လွှတ်ပေးတယ်… နောက်ပြီးဒါကိုအခန်းတစ်ခုအတွင်းမှာထည့်ထားတဲ့အခါ အဲ့ဒီအခန်းထဲမှာလေ့ကျင့်ခြင်းက ပိုပြီးတော့အကျိုးသက်ရောက်မှုရှိစေလိမ့်မယ်…”

“ဗိုလ်ချုပ်ကြီးဝေကန်းလန်လား…” ဇူယွမ်မယုံနိုင်အောင်ဖြစ်သွားခဲ့ရသည်။ ဘယ်လောက်တောင်တိုက်ဆိုင်လိုက်သလဲ။ သူ့အနေနဲ့ နောက်ရက်အနည်းငယ်အတွင်းမှာ ကန်းလန်စီရင်စုသို့ သွားစရာကိစ္စတစ်ခုရှိနေပေသည်။

“အမှန်ပဲ… ဒါပေမဲ့လည်း အဲ့ဒါက ဘယ်လောက်ပဲတန်ဖိုးရှိရှိ သူ့ဆီကနေ ဒါကိုရရှိနိုင်ဖို့အတွက်ကတော့ သားရဲ့စွမ်းရည်ပေါ်မှာပဲမူတည်လိမ့်မယ်…” ဇူချင်လည်း ဒါကိုတော့မကူညီနိုင်ပေ။ ဒါ့အပြင် မူလဝါးမျိုခြင်းကျောက်တုံးကို ဇူယွမ့်ကိုပေးစေဖို့အတွက် ဗိုလ်ချုပ်ကြီးကိုတွန်းအားပေးမယ်ဆိုရင် သူ့အနေဖြင့်လည်း သင့်တော်မှုရှိလိမ့်မည်မဟုတ်ပေ။

“ကျွန်တော်ဒါကိုရဖို့အတွက် ကြိုးစားမှာပါ…” ဇူယွမ်ခေါင်းညိတ်ကာပြောလိုက်သည်။ အနည်းဆုံးတော့ သူ့အနေနဲ့ အခုအချိန်မှာ သတင်းအချက်အလက်အချို့ကို ရရှိခဲ့ပြီဖြစ်သည်။ ဒါကို ဘယ်လိုရယူနိုင်မလဲဆိုတာက သူ့အနေဖြင့်နည်းလမ်းတစ်ခုကို စဉ်းစားရပေလိမ့်မည်။

“အဆင့် ၄စပါးအုံးအမျိုးအစား မူလမှော်သားရဲဝိညာဉ်ကရော ဘယ်လိုလုပ်မလဲအဖေ…” ဇူယွမ်က ဇူချင်အားနောက်တစ်ကြိမ်ကြည့်ကာ မေးလိုက်သည်။

ဒါကိုကြားလိုက်ရသည့်အခါ ဇူချင်ရဲ့ခေါင်းက အနည်းငယ်ကိုက်ခဲသွားခဲ့ရသကဲ့သို့ သူကကူကယ်ရာမဲ့စွာဖြင့်ပင်ပြောသည်… “အဆင့် ၄စပါးအုံးအမျိုးအစားမူလမှော်သားရဲဝိညာဉ်… ဒီလိုအဆင့်ရှိတဲ့ မူလမှော်သားရဲတစ်ကောင်နဲ့ ရင်ဆိုင်တွေ့ရမယ်ဆိုရင် အဖေ့အနေနဲ့တောင်မှ အနည်းငယ်အခက်အခဲရှိနိုင်လိမ့်မယ်… လူရှုပ်ကလေး… သားက ဒီလိုမျိုးမှော်သားရဲဝိညာဉ်ကို အမှန်တကယ်လိုအပ်လိမ့်မယ်လို့ ထင်မထားမိဘူး…”

“အခုအချိန်ထိတော့ ဒီပစ္စည်းရဲ့သတင်းကို မကြားရသေးပေမဲ့ ဒါကိုရှာတွေ့နိုင်ဖို့အတွက် အဖေသားကိုဆက်ပြီး ကူညီပေးမှာပါ… ဒါ့ပေမဲ့သားအနေနဲ့ ကန်းလန်စီရင်စုနဲ့ မူလမှော်သားရဲတွေရဲ့အိမ်လိုဖြစ်နေတဲ့ အဆိပ်ရေအိုင်ကို သွားဖို့အတွက်လည်း အာရုံစိုက်ထားဦးနော်… မရေတွက်နိုင်တဲ့မူလဆရာသခင်တွေကလည်း အဲ့ဒီနေရာမှာ ကံကောင်းမှုအချို့ကိုရဖို့အတွက် မူလမှော်သားရဲတွေကို အမဲလိုက်နေကြတယ်… သားက အဆိပ်ရေအိုင်မှာ အဆင့် ၄စပါးအုံးအမျိုးအစားမူလမှော်သားရဲဝိညာဉ်သွားရှာမယ်ဆိုရင် သူတို့တွေနဲ့ သေချာပေါက်ထိပ်တိုက်တွေ့ရလိမ့်မယ်…”

ဇူယွမ်သက်ပြင်းချလိုက်မိသည်။ ကြည့်ရတာသူ့အနေနဲ့ ကန်းလန်စီရင်စုအတွင်းမှာပင် ကျန်နေသည့်မူလအရင်းအမြစ်နှစ်ခုကို ရရှိနိုင်ဖို့ကြိုးစားရပေလိမ့်မည်။

ဇူယွမ်က မေးလိုက်သည်… “အဖေ… ကျွန်တော်တို့ ဘယ်တော့လောက်သွားရမလဲ…”

သူ့ရဲ့ခေါင်းထဲမှာအခြားဘယ်အရာမှရှိမနေဘဲ နောက်ဆုံးကျန်နေသည့် မူလအရင်းအမြစ်နှစ်မျိုးကို အလျင်အမြန်ရှာတွေ့နိုင်ဖို့နဲ့ ဘိုးဘေးနဂါးပုရပိုက်၏ပထမအဆင့်ဖြစ်သည့် စပါးအုံးဘုရင်ချီကို စတင်လေ့ကျင့်နိုင်ဖို့ဆိုသည့် အတွေးတွေနဲ့သာပြည့်နှက်လို့နေပေသည်။

ဇူယွမ်ရဲ့စိတ်အားထက်သန်နေတဲ့အမူအယာကို မြင်လိုက်ရသည့်အခါ ဇူချင်က ရယ်မောလိုက်မိပြီး ပြန်ပြောလိုက်သည်… “နောက်ငါးရက်ကြာရင် ဒီကနေစထွက်ကြတော့… ကန်းလန်စီရင်စုကိုသွားတဲ့လမ်းတစ်လျှောက်မှာ သားကိုကာကွယ်စောင့်ရှောက်ဖို့အတွက် လုတိန်ရှန်းနဲ့နန်းတော်အစောင့်အရှောက်တွေကို အဖေထည့်ပေးလိုက်မယ်…”

အချိန်တွေကုန်ဆုံးသွားတာက လွန်စွာမှပင်လျင်မြန်လွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လေးရက်ဆိုတဲ့အချိန်ကာလတစ်ခုက ကုန်ဆုံးသွားခဲ့ရသည်။

လေးရက်မြောက်နေ့၏ ညပိုင်း၌…

အိပ်ယာပေါ်မှာ ဇူယွမ်ကမျက်လုံးကို တင်းကျပ်စွာပိတ်ထားကာ ထိုင်နေလျက်ရှိပြီး သူ့ရဲ့မျက်ခုံးနှစ်ခုကြားမှာ မှိန်ဖျော့ဖျော့အလင်းတစ်ခုတောက်ပနေကာ အဲ့ဒီနေရာမှာ မှုန်ဝါးဝါးအရိပ်တစ်ခု ထိုင်နေသည့်အလား မြင်တွေ့နိုင်ပေသည်။ ထိုအရာက ဇူယွမ်ရဲ့စိတ်ဝိညာဉ်ပင်ဖြစ်၏။

ဝုန်း…

ဒီအခိုက်အတန့်မှာ ဇူယွမ်၏မျက်ခုံးနှစ်ခုကြားမှ ဆူညံတဲ့အသံတစ်ခုထွက်ပေါ်လာခဲ့ရကာ ၎င်းက နတ်ဘုရားကျောက်တုံးလှည့်ပတ်နေခြင်းဖြစ်ကြောင်း ဖော်ပြနေသည်။ ဇူယွမ်က လက်ရှိအချိန်မှာ မူလဖျက်စီးခြင်းနတ်ဘုရား၏စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို အသုံးပြု၍ သူ့ရဲ့စိတ်ဝိညာဉ်ကို လေ့ကျင့်နေခြင်းဖြစ်သည်မှာ ထင်ရှားလှပေသည်။

မူလဖျက်စီးခြင်းနတ်ဘုရား၏စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို သူစပြီးလေ့ကျင့်ခဲ့စဉ်ကတည်းကနေ အခုချိန်ထိဆိုရင် နှစ်ဝက်ခန့်ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ဇူယွမ်ရဲ့အဆက်မပြတ်လေ့ကျင့်ခဲ့မှုအောက်မှာ သူ့ရဲ့စိတ်ဝိညာဉ်က ပိုပြီးစွမ်းအားမြင့်မားလာခဲ့ရသလို ပို၍လည်းခိုင်မာလာခဲ့ရသည်။

ပုံသဏ္ဍာန်မရှိသည့် မှောင်မဲနေတဲ့ဟင်းလင်းပြင်ထဲမှာ တွေးတောလို့မရနိုင်လောက်အောင်ပင်ကြီးမားလှသည့်ကျောက်တုံးကြီးက ဖြည်းညှင်းစွာလှည့်ပတ်နေလျက်ရှိသည်။ ၎င်းရဲ့အောက်ကိုရောက်လာတဲ့ မည်သည့်အရာကိုမဆို ၎င်းက ဘာမှမကျန်တော့အောင် ကြိတ်ချေသွားပေလိမ့်မည်။

လက်ရှိအချိန်မှာ မှုန်ဝါးတဲ့အရိပ်တစ်ခုက ကြီးမားတဲ့ကျောက်တုံးကြီးထဲမှာ ခက်ခက်ခဲခဲတောင့်ခံနေလျက်ရှိပေသည်။

ကျောက်တုံးကြီး၏ အပေါ်ပိုင်းနဲ့အောက်ပိုင်းက ၎င်း၏ခန္ဓာကိုယ်ကိုဖိထားလျက် ဖြည်းညှင်းစွာဖြင့်လှည့်ပတ်နေသည်။ ၎င်းကအလွန်အမင်းနာကျင်မှုကိုခံစားနေရသကဲ့သို့ ကျောက်တုံးကြီးနဲ့ထိမိတဲ့အကြိမ်တိုင်းမှာ ထိုပုံရိပ်က ပြင်းပြင်းထန်ထန်ပင်တုန်ခါသွားခဲ့ရသည်။

၎င်းက ခက်ခက်ခဲခဲခုခံနေခဲ့ရသကဲ့သို့ ဖြည်းညှင်းစွာလှည့်ပတ်လျက်ရှိသည့် ကျောက်တုံးကြီးပေါ်မှရွှေရောင်လိုင်းနှစ်ခုက ရုတ်ချည်းပင်နောက်တစ်ကြိမ်ပြန်လည်ချိတ်ဆက်မိသွားခဲ့သည်။

နတ်ဘုရားကျောက်တုံး၏ ကိုးကြိမ်လှည့်ပတ်ခြင်း… လှည့်ပတ်ခြင်းတစ်ကြိမ်စီတိုင်းက လောကသစ်တစ်ခု…

နှစ်ဝက်ကြာလေ့ကျင့်ခဲ့ပြီးနောက်မှာ ဇူယွမ်ရဲ့စိတ်ဝိညာဉ်က နောက်ဆုံးမှာ နတ်ဘုရားကျောက်တုံး၏ လှည့်ပတ်မှုတစ်ကြိမ်ပြည့်သည်အထိ ခုခံလာနိုင်ခဲ့သည်။

ခွပ်…

ရွှေရောင်လိုင်းနှစ်ခုက နောက်တစ်ကြိမ်တစ်ခုတည်းအဖြစ် ပြန်လည်ရောက်ရှိလာသကဲ့သို့ ဇူယွမ်၏စိတ်ဝိညာဉ်ကလည်း နောက်ဆုံးသူ့ရဲ့အကန့်အသတ်ကိုရောက်ရှိသွားခဲ့ပြီးနောက်မှာ အစိတ်စိတ်အမြွာမြွာကွဲကြေသွားခဲ့ရသည်။ ဒါပေမဲ့မကြာမီမှာပင် မမြင်နိုင်တဲ့လှိုင်းတစ်ခုက နတ်ဘုရားကျောက်တုံး၏ရှေ့တွင်စုစည်းလာခဲ့ပြီး မှုန်ဝါးဝါးပုံရိပ်တစ်ခု ပြန်လည်ဖွဲ့စည်းလာခဲ့သည်။

၎င်းက ဇူယွမ်၏စိတ်ဝိညာဉ်ပင်ဖြစ်သည်။

ထိုအခိုက်အတန့်မှာ စိတ်ဝိညာဉ်ရဲ့မျက်လုံးတွေက မှိတ်ထားလျက်ရှိပြီး ၎င်းထံမှပြင်းထန်တဲ့လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ ဇူယွမ်ရဲ့စိတ်ဝိညာဉ်က အရင်ကထက်စာရင် ပိုပြီးရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။

အခန်းထဲမှာထိုင်နေလျက်ရှိသည့်ဇူယွမ်က သူ့ရဲ့မျက်လုံးတွေကို ရုတ်တရက်ဖွင့်လိုက်သည့်အခါ သူတို့ထံမှ တောက်ပတဲ့အလင်းတစ်ခုထွက်ပေါ်လာခဲ့ရသည်။ သူ့ရဲ့မျက်ခုံးနှစ်ခုကြားထဲရှိ လှုပ်ရှားနေသည့်စိတ်ဝိညာဉ်အရှိန်အဝါက ရုတ်ချည်းအားကောင်းလာခဲ့သည်။

“ဖွဲ့စည်းခြင်းအလယ်အဆင့်…”

ဇူယွမ်တစ်ယောက် သူ၏မျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိညာဉ်ရဲ့လှုပ်ရှားမှုကို ခံစားနိုင်သကဲ့သို့ သူ့ရဲ့မျက်နှာကလည်း အလွန်အမင်းပျော်ရွှင်နေမှုဖြင့် ပြည့်နှက်သွားရသည်။ နှစ်ဝက်ကြာလေ့ကျင့်ခဲ့ပြီးနောက်မှာ သူ့ရဲ့စိတ်ဝိညာဉ်ကနောက်ဆုံးတော့ ဖွဲ့စည်းခြင်းအလယ်အဆင့်ကို ခြေချနိုင်ခဲ့ပြီဖြစ်သည်။

အခုချိန်မှာ ဖွဲ့စည်းခြင်းအလယ်အဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်သည့်အတွက် သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အပြင်ဘက်လောကတွင် လက်တွေ့အသုံးပြုနိုင်စွမ်းရှိလာခဲ့ပြီဖြစ်၏။ အရင်အချိန်တုန်းက ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ ချီယွဲ့အသုံးပြုခဲ့သည့် စိတ်ဝိညာဉ်ထိုးဖောက်ခြင်းမှော်စာလုံးကဲ့သို့ပင် စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို သူ့အနေနဲ့ ပြုလုပ်နိုင်စွမ်းရှိလာခဲ့ပြီဖြစ်သည်။ သူကသာ ရန်သူတစ်ယောက်ကို ကာကွယ်ဖို့အသင့်အနေအထားဖြစ်မနေသေးတဲ့အချိန်မှာ ဒီလိုမျိုးတိုက်ခိုက်မှုနဲ့သာ တိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင် ၎င်းက သေချာပေါက်ကို လွန်စွာအကျိုးရှိပေလိမ့်မည်။

တကယ်တမ်းအရေးအကြီးဆုံးက သူ့အနေဖြင့် အခုအချိန်မှာ အဆင့် ၂မူလမှော်စာလုံးတွေကို စတင်လေ့လာသင်ယူနိုင်ခြင်းပင်ဖြစ်သည်။

အဆင့် ၂မူလမှော်စာလုံးနဲ့သာဆိုရင် ချီစုဆောင်းမှုအဆင့်ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ စိုးရိမ်စရာရှိလိမ့်မည်မဟုတ်ပေ။

မူလကစပါးအုံးဘုရင်ချီကို အလျင်အမြန်လေ့ကျင့်နိုင်ခြင်းမရှိမှုက ဇူယွမ့်ကို အနည်းငယ်ကသိကအောက်ဖြစ်စေခဲ့သည်။ သို့ပေမဲ့လည်း အခုအချိန်မှာတော့ အဆင့် ၂မူလမှော်စာလုံးအကူအညီနဲ့ဆိုရင် ချီကျင့်ကြံခြင်းနည်းလမ်းကို လေ့လာသင်ယူထားသည့် ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတွေကိုပင် သူ့အနေနဲ့ကြောက်ရွံ့နေစရာ လိုအပ်တော့မည်မဟုတ်ပေ။

ဟူး…

ဇူယွမ်သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သကဲ့သို့ သူ့ရဲ့ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်းလျော့ကျလာခဲ့ရသည်။

“ငါ့အနေနဲ့နောက်ဆုံးမှာ ကန်းလန်စီရင်စုကို အရမ်းကြီးစိုးရိမ်စရာမလိုဘဲနဲ့ သွားနိုင်ပြီပေါ့…”


Comment

Leave a Reply

Options

not work with dark mode
Reset