Switch Mode

အခန်း (၅၆)

ကြွေလွင့်သွားသော အနီရောင်ပန်းလေး

အခန်း (၅၆) ကြွေလွင့်သွားသော အနီရောင်ပန်းလေး

လင်းယုရှောင်က မြေကြီးပေါ်တွင် လှဲလျောင်းလျက် ကောင်းကင်ပြာကြီးကို ငေးမောနေသည်။

ကောင်းကင်ပြာကြီးမှာ ယခင်ကဲ့သို့ပင်။ အိမ်မက်ဆန်သော အဖြူရောင်တိမ်တိုက်များ မျောလွင့်နေသည်။

သို့ရာတွင် သူမ၏ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော အဝတ်အစားများ၌ ဖုန်မှုန့်များ ကပ်ငြှိလျက်ရှိသည်။ သူတို့၏အရောင်သည် ဖျော့တော့နေကာ မြေပေါ်တွင် ပြန့်ကျဲနေ၏။

သူမ၏ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားတွင် ကြီးမားနက်ရှိုင်းသော ဒဏ်ရာကြီးရှိလေသည်။ သို့သော် ထိုဒဏ်ရာမှ သွေးများ စီးထွက်ခြင်း မရှိတော့။ ထို့ထက်စာလျှင် ထိုဒဏ်ရာတစ်ဝိုက်သည် မီးကျွမ်းထားသော မီးသွေးတုံးကဲ့သို့ မဲတူးချိတ်နေလေသည်။

မိန်းကလေးထံမှ အသက်ဝင်မှု တစ်စုံတစ်ရာ မတွေ့ရတော့။

သူမ သေလုဆဲဆဲအချိန်တွင် အစောပိုင်းက အဖြစ်အပျက်က သူမမျက်လုံးထဲတွင် တဖန် ပြန်ပေါ်လာသည်။ ထိုဒေါသတကြီးအော်ဟစ်သံကို သူမနားထဲတွင်  ကြားယောင်နေဆဲဖြစ်၏။

တခြားလူတွေဟာ နင်က ဂျူနီယာမောင်လေးလန်ဝမ်ရန်ကို ဒဏ်ရာအပြင်းအထန်ရအောင်လုပ်တယ် ပြောတယ်၊ နင် ဘာလို့ အဲ့လို လုပ်ရတာလဲ…. ဘာတွေ ဖြစ်ခဲ့တာလဲ”

အဲ့ဒီမျိုးမစစ်ရန်ကျောက်ကဲက ငါ့ကို တစ်ခါပြီး တစ်ခါ ဒုက္ခပေးတယ်။ လန်ဝမ်ရန်က သူ့နောက်လိုက်ခွေးတွေထဲက တစ်ကောင်ပဲ။ သူ့ကို အသက်ရှင်လျက် ထားခဲ့တာတောင် တော်တော် သက်ညှာပေးထားတယ် ပြောရမယ်”

တစ်နေရာမှာ နားလည်မှုလွဲတာ ဖြစ်လောက်မှာပါ၊ ငါတို့ ဂိုဏ်းကို အတူပြန်ပြီး အကြီးအကဲတွေဆီမှာ ရှင်းပြရအောင်လို့… နော်….”

ငါ အခုအချိန် ဂိုဏ်းကို ပြန်ရင်… ထောင်ချောက်ထဲကို တန်းတန်းမတ်မတ် ဝင်သွားသလိုပဲ။ မင်းက ငါ့ကို ရန်မျိုးနွယ်ခွေးသားအဖရဲ့ လက်မှာ သေစေချင်နေတာလား”

ငါ……”

ငါ တစ်ခုပဲ မေးမယ်။ မင်း ငါနဲ့ လိုက်မှာလား။ ရန်ကျောက်ကဲကို သွားရှာမှာလား”

ရီကျင်း… စိတ်အေးအေးထားပါ၊ ငါ စီနီယာအကိုကြီးရန်နဲ့ အကြိမ်အနည်းငယ်လောက် စကားပြောဖူးတယ်၊ သူက နင့်ကို တမင် ဒုက္ခပေးလိုစိတ် မရှိပါဘူး၊ တစ်နေရာမှာ နားလည်မှု လွဲနေတာ နေမှာပါ”

မင်းက ငါ့ဘက်က မဟုတ်ဘူးဆို။ ရန်ကျောက်ကဲဘက်က လူပဲ။ ရန်ကျောက်ကဲဘက်က လူမှန်သမျှ ငါ့ရန်သူပဲ”

လင်းယုရှောင်၏မျက်လုံးများထဲမှ စိတ်ရှုပ်ထွေးမှုနှင့် ထိတ်လန့်မှုက ယခုထိတိုင်အောင် လုံးဝ ပျောက်ကွယ်မသွားသေးပေ။

အတန်ကြာ ဝေးကွာနေပြီးမှ သူမနှင့် ရီကျင်း၏ မျှော်လင့်မထားသည့် ပြန်လည်တွေ့ဆုံခြင်းက ဤသို့ အဆုံးသတ်သွားလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

သူမ၏မျက်လုံးများ တဖြည်းဖြည်း အရောင်ဖျော့လာသည်။ သူမ၏မျက်နှာပေါ်၌ စိတ်သက်သာရာရသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

ဝါဒတောင်ကို ငါ စီနီယာအကိုကြီးရန်နဲ့အတူ ထွက်သွားစဉ်ကထဲက ဒီလိုဖြစ်ဖို့ ကြမ္မာပါလာတာလား”

ဒါ… ငါ့ရဲ့ကံပဲ ထင်ပါတယ်လေ”

ထိုနေ့တွင် အလုံးစုံ မပွင့်လန်းသေးသော အနီရောင်ပန်းလေး ကြွေလွင့်သွားခဲ့လေပြီ။

……

အရှေ့တန်နိုင်ငံ၊ ချောက်နက်ကြီးကြပ်ခြင်းမြို့၏အပြင်ဘက်၊ နဂါးချုပ်လှောင်ခြင်းချောက်နက် လျူလျောင်တောင်တန်းတို့နှင့် နီးကပ်သော တောနက်တစ်နေရာတွင် အဘိုးအိုတစ်ယောက် လက်နှစ်ဖက် နောက်ပစ်လျက် မတ်တပ်ရပ်နေလေ၏။

လင်းယုရှောင်လား”

အဘိုးအိုက သူ့ခေါင်းကို လှည့်၍ သူ့နောက်က လူအား ကြည့်လိုက်သည်။

ဒီလူအိုကြီးမှတ်မိသလောက်ဆို ရန်ကျောက်ကဲ၊ ရီကျင်းတို့နဲ့ မရှင်းမလင်းဖြစ်ဖူးတဲ့ တပည့်မ လား”

ထိုအဘိုးအိုမှာ အခြားမဟုတ်၊ ဝါဒတောင်ဂိုဏ်း၏ အရှေ့တန်အကြီးအကဲ ရန်ရှု့ဖြစ်ပေသည်။

သူ့နောက်မှ ကျင့်ကြံသူက ခေါင်းငြိမ့်၏။

ဟုတ်ပါတယ် အကြီးအကဲ၊ သူမကလည်း အလားအလာရှိတဲ့ တပည့်တစ်ယောက်ပါ၊ ဝမ်းနည်းဖို့ကောင်းစွာပဲ ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ သူမက ကွယ်လွန်သွားပါပြီ၊ သူမကို မကယ်တင်နိုင်ခဲ့ပါဘူး”

ဘယ်သူလုပ်လဲဆိုတာ မင်းသိလား။”

ဘယ်သူ သတ်လဲဆိုတာ ကျွန်တော်တို့ တိတိကျကျ မဆုံးဖြတ်နိုင်ပါဘူး၊ သူမကို သတ်တဲ့လူက မီးအထူးပြုတဲ့ သိုင်းပညာရပ် လေ့ကျင့်ထားတယ်ဆိုတာကိုပဲ ကျွန်တော်တို့ ကောက်ချက်ချနိုင်ပါတယ်”

ရန်ရှု့က မေးလိုက်သည်။

သူမက အရှေ့တန်ကို ရန်ကျောက်ကဲကို ရှာဖို့လာတာလား။ ရီကျင်းကို ရှာဖို့လာတာလား”

ကျင့်ကြံသူက သူ့ခေါင်းကိုယမ်းလျက် ပြောလိုက်သည်။

ဒီလက်အောက်ငယ်သား အတည်မပြုနိုင်ပါဘူး၊ ရန်ကျောက်ကဲဖြစ်ဖို့ အများဆုံးပါပဲ”

ဒီလက်အောက်ငယ်သား သိထားတာအရဆို အရှေ့တန်ကို လာတဲ့လမ်းမှာ လင်းယုရှောင်က ရီကျင်း နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက အသက်ရှင်လျက် ပြန်ထွက်လာတဲ့သတင်းကို သိနေပြီပဲ”

ပြီးတော့ အရင်တုန်းကလည်း သူမက ရန်ကျောက်ကဲ နောက်ကို လိုက်သွားတာပဲ၊ သူမအတွက် ဘယ်ဟာက ကောင်းမှန်း သဘောပေါက်ရင် ရီကျင်းနဲ့ ခပ်ခွာခွာနေမှာပဲ”

အရင်တုန်းက ရီကျင်းသေတာ ရှင်တာ မသိသေးတော့ သူ့အတွက် ပူပန်ပေးတာ သဘာဝပဲ၊ အခု ရီကျင်းအသက်ရှင်နေတာ သူမ သိသွားပြီ၊ ဒါပေမယ့် အရှေ့တန်ကို ဆက်လာနေတာကတော့ ရန်ကျောက်ကဲကြောင့်ပဲ ဖြစ်လောက်တယ်”

ထိုနေရာအရောက်တွင် ကျင့်ကြံသူ အနည်းငယ် တုံ့ဆိုင်းသွားသည်။

ရန်ရှု့က ပျော့ပြောင်းသော လေသံဖြင့် မေးလိုက်သည်။

ဘာပြောမလို့လဲ”

ထိုကျင့်ကြံသူက ဖြေကြားသည်။

အတည်မပြုရသေးတဲ့ ကောလဟာလတချို့ ထွက်နေပါတယ်၊ ကောလဟာလတွေအရတော့ ရန်ကျောက်ကဲ အရှေ့တန်ကို ရောက်ပြီးတဲ့နောက်မှာ စစ်ခုန်ချင်းလို့ ခေါ်တဲ့ ကျွန်တော်တို့ဂိုဏ်းရဲ့ တပည့်မတစ်ယောက်နဲ့ အတော် နီးစပ်နေတယ်လို့ သိရပါတယ်”

သူမရဲ့နေရာ ခြိမ်းခြောက်ခံရတယ်လို့ လင်းယုရှောင် ခံစားမိတာကြောင့်များလား၊ တကယ်တော့ သူမနဲ့ ရန်ကျောက်ကဲက မစေ့စပ်ရသေးဘူးလေ၊ အကြီးအကဲ သိတဲ့အတိုင်းပဲ လူငယ်တွေက အပြောင်းအလဲမြန်တယ်”

သူ့စကားများကိုကြားပြီး ရန်ရှု့ အတွေးနက်နေ၏။

အချိန်တချို့ကြာမှ ရန်ရှု့ ပြောလိုက်၏။

ဒီလူအိုကြီးကို အဲ့အလောင်း လိုက်ပြကွာ”

လင်းယုရှောင်၏အလောင်းပေါ်မှ ဒဏ်ရာကို သူ မြင်ပြီးသောအခါ အချိန်အတော်ကြာမျှ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေ၏။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

သူ့ကြယ်တာရာချီသည် တဟုန်ထိုး ထွက်ပေါ်လာကာ တကယ့် ခရမ်းရောင်မီးတောက်များ သဏ္ဌာန်ဖွဲ့လာသည့်အလား သူ့လက်ဝါးတစ်ခုလုံး ခရမ်းနီရောင် ပြောင်းသွားသည်။

၎င်းမှာ ဝါဒတောင်၏ တိုက်ရိုက်မျိုးဆက် သိုင်းပညာဖြစ်သလို အစွန်းရောက်ရှစ်ပါးသိုင်းပညာရပ်များအနက် တစ်ခုဖြစ်သော တုရှိတလက်ဝါးသိုင်းဖြစ်သည်။

ခံစားချက်မဲ့နေသော မျက်နှာဖြင့် ရန်ရှု့က သူ့လက်ဝါးကို လင်းယုရှောင်၏ဒဏ်ရာပေါ်သို့ ဖိလိုက်သည်။

လျှပ်တပြက်အတွင်း သူမ၏ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင်အလင်း တောက်ပလာရာ မိန်းကလေးအလောင်းမှာ အနည်းငယ် တုန်ခါသွားသည်။

ရန်ရှု့က သူ့လက်ဝါးကို ပြန်ရုတ်ကာ သူ့ဘေးမှ ကျင့်ကြံသူအား လှည့်ကြည့်လိုက်သည်။

ရန်ကျောက်ကဲကလည်း တုရှိတလက်ဝါးသိုင်းကို လေ့ကျင့်ထားတယ်”

ထိုကျင့်ကြံသူ၏ရင်ထဲ ဒိတ်ခနဲ ခုန်သွားသည်။ သူ့ခေါင်းကို ငုံ့လျက် ပြောလိုက်တော့သည်။

ဒီလက်အောက်ငယ်သား လင်းယုရှောင်ကို တွေ့တော့ သူမက ကွယ်လွန်ပြီးနေပြီ၊ သူမကို သတ်တဲ့လူ ဘယ်သူမှန်း မသိရဘူး၊ ဒါပေမယ့် သူမက ကျွန်တော်တို့ဂိုဏ်းရဲ့ တုရှိတလက်ဝါးချက်အောက်မှာ သေဆုံးသွားတဲ့အချက်ကို ထောက်ရှု့ရင် စုံစမ်းရမယ့်ပမာဏကို အများကြီး လျော့ချနိုင်တယ်၊ ဒီလက်အောက်ငယ်သား ချက်ချင်းပဲ သွားစုံစမ်းလိုက်ပါမယ်”

ရန်ရှု့က အသာအယာ ခေါင်းငြိမ့်လိုက်သည်။

အင်း…၊ သေသေချာချာ စုံစမ်း၊ ဒီလင်းယုရှောင်က အဖြူရောင်ဝတ်စုံဝတ်တပည့်အဆင့်ပဲ ရှိသေးပေမယ့် ငါတို့ဂိုဏ်းကလူတစ်ယောက်ပဲလေ၊ သူမ သေဆုံးရတဲ့ အကြောင်းအရင်းကို မသိရဘဲနဲ့ ဘယ်လိုလုပ် ငါတို့ဂိုဏ်းက လျစ်လျူရှု့နိုင်မှာလဲ”

ဒါ့အပြင် ဒီအလောင်းတွေ့တဲ့ နေရာရဲ့ ပတ်ဝန်းကျင်တစ်ဝိုက်ကို စေ့စေ့စပ်စပ်ရှာ၊ ရီကျင်းကိုပါ တွေ့ရင် တွေ့မိနိုင်တယ်”

မတွေ့လဲ ဘာမှမဖြစ်ဘူး၊ တွေ့ရင် ငါ့ဆီ တန်းခေါ်လာခဲ့၊ ရီကျင်းကိုတွေ့တဲ့သတင်းကို မပျံ့စေနဲ့၊ အဲ့ကောင် ပြစ်မှုကျူးလွန်ထားတဲ့ ခြေရာလက်ရာတွေ တွေ့ရင် တခါတည်း ရှင်းလင်းခဲ့၊ ဘာသဲလွန်စမှ မချန်ခဲ့နဲ့”

ထိုကျင့်ကြံသူ၏နှလုံးသား၌ အနည်းငယ်လှုပ်ခါသွားပြီး သူသည် ဦးညွှတ်လျက် ပြန်လည်ဖြေကြားလိုက်သည်။

ဟုတ်ကဲ့”

***

ရန်ကျောက်ကဲတို့လူစုသည် လျူလျောင်တောင်တန်းမှ ပြန်လည်ထွက်ခွာလာကြသည်။

ရန်ကျောက်ကဲသည် လမ်းလျှောက်ရင်း ကျောက်ယွမ်၊ ကျောက်ဟိုနှင့် အခြားသူများထံမှ သူရရှိခဲ့သော သတင်းများကို ပြန်လည် သုံးသပ်နေ၏။

သူတို့ရဲ့စုရပ်က အရှေ့ကောင်းကင်ဒေသတစ်ခုထဲမှာ မဟုတ်လောက်ဘူး၊ မြောက်ကောင်းကင်ဒေသမှာလဲ ရှိလောက်တယ်”

ရန်ကျောက်ကဲက သူ့စိတ်ထဲတွင် ဆန်းစစ်နေသည်။

အဲ့အဓိပ္ပာယ်က အဲ့အင်အားစုထဲမှာ တစ္ဆေရဲဒင်းအဘိုးအိုဟန်ရှန်းအပြင် သိုင်းဆရာသခင်အဆင့်ကျင့်ကြံသူတွေရှိတယ်ဆိုတဲ့ သဘောလား”

မြောက်ကောင်းကင်ဒေသမှာရှိတဲ့ အဲ့အင်အားစုမှာလည်း ဟန်ရှန်းလို သိုင်းဆရာသခင်တစ်ယောက် ဦးဆောင်နေမယ်ဆိုရင်…..၊ ဟန်ရှန်းနဲ့ တခြားသိုင်းဆရာသခင်တွေက အဲ့အဖွဲ့ရဲ့ ခေါင်းဆောင်တွေလား၊ ဒါမှမဟုတ် အဲ့အဖွဲ့ထဲမှာ သူတို့ထက် မြင့်တဲ့သူရော ရှိသေးလား”

ရန်ကျောက်ကဲက အာမေဍိတ်သံတစ်ခု ပြုလိုက်၏။

အရှေ့ကောင်းကင်ဒေသနှင့် မြောက်ကောင်းကင်ဒေသမှာ သူတို့လူတွေရှိတယ်၊ အဲ့တာဆို အခြားဒေသတွေမှာကော”

ကောင်းကင်နယ်မြေအပြင်ဘက်မှာကော”

ရန်ကျောက်ကဲ၏မျက်လုံးများမှာ နှမ်းစေ့လေးသဖွယ် ကျဉ်းမြောင်းသွားသည်။ “အရှေ့ကောင်းကင်ဒေသမှာ နဂါးချုပ်လှောင်ခြင်းချောက်နက်ရှိတယ်၊ မြောက်ကောင်းကင်ဒေသမှာ မဟူရာမြစ်ရှိတယ်၊ နှစ်ခုစလုံးက ငရဲနယ်မြေကနေ စတင်လာတာပဲ”

တစ္ဆေရဲဒင်းအဘိုးအိုက နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ သူ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေအတွက် ပြဿနာ မီးမွှေးနေတယ်ပဲဆိုဦး၊ ဒီအဖွဲ့အစည်းထဲက တခြားသူတွေသာ လှုပ်ရှားတယ်ဆို သူတို့ရဲ့လှုပ်ရှားမှုတွေက ငရဲနဲ့ သက်ဆိုင်နေလောက်တယ်”

ရန်ကျောက်ကဲ၏မသိစိတ်က ဤအရာကား အတော် ဆိုးဝါးသောကိစ္စဖြစ်သည်ဟု သတိပေးနေသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာ၌ မဟာကပ်ဘေးပြီးနောက် ကမ္ဘာကြီး၏ဟန်ချက်ကို သက်ရောက်စေနိုင်သည့် အရာအနည်းစုအနက် အကြီးမားဆုံးနှစ်ခုမှာ ငရဲအဖြစ်ပြောင်းလဲသွားခဲ့သော မြေကမ္ဘာနယ်မြေ နှင့် မီးတောက်မိစ္ဆာများ၏ ကျူးကျော်မှုတို့ဖြစ်သည်။

(ရန်ကျောက်ကဲ ပထမအကြိမ် ပြန်လည်မမွေးဖွားခင်က နေခဲ့တဲ့ ကမ္ဘာဂြိုလ်မဟုတ်ပါ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာထဲက မြေကမ္ဘာနယ်မြေပါ)

ငရဲနှင့် ဆက်နွယ်သောအရာများကို ကြားသည်နှင့် လူတိုင်း စိတ်ခြောက်ခြားကြသည်မှာ အံ့ဩစရာ မဟုတ်ပေ။

သူတို့ တိတ်တဆိတ် လှုပ်ရှားရင်း ပေါ်ပေါက်သွားတာ တော်သေးတယ် ပြောရမယ်၊ သဲလွန်စတွေနောက်လိုက်ရင်း သူတို့အကြောင်းကို ဆက်လက်စုံစမ်းရမယ်”

ထိုသို့တွေးပြီး ရန်ကျောက်ကဲ၏အကြည့်က လူအုပ်ထဲမှ ကျောက်ဟိုထံသို့ ကျရောက်သွားသည်။

ငါ သူ့ကို ဘယ်လို ကိုင်တွယ်သင့်လဲ၊ ဘယ်လိုဖြစ်ဖြစ် ငါ ဦးလေးကိုတော့ အရင် အသိပေးသင့်တယ်”

ရန်ကျောက်ကဲ၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူ့အဖေဖြစ်စေ သူ့ဒုတိယဦးလေးဖြစ်စေ၊ မည်သူကမှ ဝါဒတောင်ကို ရန်လိုသော မင်းသားက အရှေ့တန်နိုင်ငံ၏အိမ်ရှေ့မင်းသား၊ ထိုမှတဆင့် အရှေ့တန်နိုင်ငံ၏ရှင်ဘုရင်ဖြစ်လာမည့်အရေးကို မြင်ချင်ကြမည်မဟုတ်ပေ။

ထိုသို့ တွေးတောနေစဉ် အနက်ရောင်ဝတ်ကျင့်ကြံသူတစ်ဦးက ရုတ်တရက် လာရောက်သတင်းပို့သည်။

မင်းသား၊ အရေးကြီးသတင်းပါ”

ရန်ကျောက်ကဲ မျက်ခုံးပင့်သွားသည်။

ဘာများဖြစ်လို့လဲ၊ မင်းတို့ ရီကျင်းကို တွေ့ပြီလား”

ထိုကျင့်ကြံသူက ခေါင်းခါ၍ ဖြည်းညှင်းစွာ ပြောလိုက်သည်။

မဟုတ်ပါဘူး၊ ချောက်နက်ကြီးကြပ်ခြင်းမြို့က လာတဲ့သတင်းပါ၊ မိန်းကလေးလင်း အသတ်ခံရပါတယ်”

ဘာ….”

ရန်ကျောက်ကဲ တခဏမျှ မယုံကြည်နိုင်ဖြစ်သွားသည်။


Comment

  1. kyawthiha1499 says:

    Mcကငပျော့ပဲပြတ်ပြတ်သားသားမရှိဘူးရန်သူတွေကိုလွှတ်ပေးနေတယ်

Leave a Reply

Options

not work with dark mode
Reset