Switch Mode

အခန်း ( ၃၁၅ )

ဂိုဏ်းနှစ်ဂိုဏ်း၏ လျှို့ဝှက်ချက်များ

အဏ္ဏဝါဂိုဏ်းတည်ထောင်ခြင်းမဟာအထိမ်းအမှတ်အခမ်းအနားသည် ယခုတွင် ပြီးဆုံးသွားလေပြီ။ သို့သော်လည်း လောလောလတ်လတ်အဖြစ်အပျက်များမှာ အရှေ့ဘက်သစ်တောအောက်ပိုင်းဒေသတွင် နေထိုင်သော မရေမတွက်နိုင်သည့် လူများအကြားတွင် ရေပန်းအစားဆုံးစကားများဖြစ်လာကြသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ဓမ္မအမိန့်စာချွန်သော်လည်းကောင်း၊ ပိုင်ရှောင်ချန်းက ခေါင်းဆောင်ငယ်အဖြစ်အပ်နှင်းခံရသည်ကိုသော်လည်းကောင်း၊ ၄င်းတို့အားလုံးကြောင့် အဏ္ဏဝါဂိုဏ်း၏တန်ခိုးအာဏာနှင့်ပတ်သက်၍ လူတိုင်း၏စိတ်များတွင် ဖျောက်ဖျက်၍မရသောသဘောထားများကျန်ခဲ့လေသည်။

မကြာမီ အဏ္ဏဝါဂိုဏ်း၏ကျင့်ကြံသူများက စွန့်ခွာသွားကြသဖြင့် ယာယီဌာနများတွင် ပျားပန်းခတ်မျှလှုပ်ရှားမှုတို့ ငြိမ်သက်သွားတော့သည်။ အဏ္ဏဝါဂိုဏ်း၏ အဖွဲ့လေးဖွဲ့က စစ်ပွဲကိုအလွန် အလေးအနက်ထားပြီး ထိုဂိုဏ်းအတွင်းရှိလူများအတွက်မူ သူတို့ဘဝတစ်ခုလုံးမြှုပ်နှံထားသည့်အရေးကြီးဆုံးအရာဖြစ်လေသည်။

သူတို့က ဂိုဏ်းသစ်ဌာနချုပ်တစ်ခုကို တည်ထောင်ပြီး အောက်ပိုင်းဒေသမှ အလယ်ပိုင်းဒေသအတွင်းသို့ ထွန်းတောက်လာစေရန် တိုက်ခိုက်ကြခြင်းဖြစ်သည်။ ၄င်းက အရေးကြီးဆုံးစစ်ပွဲပင်။

ပြုလုပ်ရမည့်ပြင်ဆင်ချက်များစွာရှိပြီး အမျိုးမျိုးသော ခေါင်းဆောင်ကြီးများအားလုံးက ရှိသမျှအကုန်ထုတ်ကာ မည်သည်ကိုမှ မထိမ်ချန်ထားရန် သဘောတူကြသည်။

ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့နှင့် ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းအဖွဲ့က ထွက်ခွာရန်အတွက် သူတို့၏သိုလှောင်စွမ်းအားများနှင့် အရာအားလုံးအားပြင်ဆင်ရန် သူတို့၏ ယခင်နယ်မြေများကိုပြန်သွားကြသည်။

ခေါင်းဆောင်ကြီးများပြုလုပ်ခဲ့သော သဘောတူညီချက်အရ သူတို့က သွေးစွမ်းအင်အဖွဲ့ကို နှစ်လအတွင်းပြန်လာရမည်။ ထိုနေရာမှ သူတို့ကို ကောင်းကင်တံတားပေါ်ထံစေလွှတ်ပြီး ကုံမြစ်ဂိုဏ်းခွဲဆီသို့ စစ်ကြောင်းချီတက်ခိုင်းမည်ဖြစ်သည်။

ယာယီအခြေစိုက်ဋ္ဌနာများဆီသို့ အလျှိုလျှို စွန့်ခွာသွားစဥ် ပိုင်ရှောင်ချန်းက ခေါင်းဆောင်ငယ်ဟူသောသူ၏ရာထူးအရ ဂိုဏ်းကိစ္စအမျိုးမျိုးကို အာရုံစိုက်နေရလေသည်။ တစ်ခုသော ညနေခင်းတွင် စိတ်စွမ်းအင်နတ်ရေဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက သူနှင့် အချိန်အတော်ကြာဆွေးနွေးခဲ့လေသည်။

ဆွေးနွေးမှုကို ခေါင်းဆောင်ကြီး ထျယ်မုနှင့်အခြားသော ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများနှင့်တကွ မဟာခန်းမဆောင်ထဲတွင် ကျင်းပခဲ့သည်။ ကျိန်းယွမ်သုန်နှင့် လီချင်းဟောက်လည်း ပါလေသည်။

စကားစတင်မပြောမီ ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက သူ၏လက်ကို ဝှေ့ယမ်းကာ သူတို့၏စကားလုံးများကို လူသူမကြားစေရန် တစ်နေရာလုံးအား ပိတ်လိုက်၏။ အခြားခေါင်းဆောင်ကြီးများအားလုံးသည်လည်း သူတို့၏ စွမ်းအားများအား ပိတ်လှောင်ခြင်းတွင် ကူညီပေးနေကြသဖြင့် ပိုင်ရှောင်ချန်းမှာ အံ့သြနေတော့သည်။ သိသိသာသာပင် သူတို့သတိကြီးကြီးထားနေကြသည်။

နောက်ဆုံးတားမြစ်ချက်အနေဖြင့် ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ဖုန်းရွှေသံလိုက်အိမ်မြှောင်ကိုထုတ်ကာ အသက်သွင်းလိုက်သဖြင့် အမည်းနှင့်အဖြူအလင်းတို့ဖြာထွက်လာကာ နောက်ထပ် ပိတ်လှောင်ခြင်း အလွှာတစ်ခုဖြစ်ပေါ်လာလေသည်။ ။

ပိုင်ရှောင်ချန်းက ဖုန်းရွှေသံလိုက်မှလာနေသော ကြောက်မက်ဖွယ် ဖိအားတို့ကိုခံစားလိုက်ရ၏။ ၄င်းက သာမန်ဖြစ်ပြီး ဟောင်းနွမ်းနေသည့်တိုင်အောင် ဂိုဏ်း၏သိုလှောင်စွမ်းအားနှင့်တူသော စွမ်းအားအဆင့်ပါဝင်ကြောင်း သူသိလေသည်။

သို့သော်လည်း သံလိုက်အိမ်မြှောင်မှာ အလွန်ပျက်စီးစုတ်ပဲ့နေသဖြင့် လောလောလတ်လတ်တွင် ဤနေရာကို ပိတ်လှောင်ရန် အားသာရှိတော့သည်။

ပိတ်လှောင်ခြင်းပြီးဆုံးသွားသောအခါ ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက သက်ပြင်းချလိုက်ပြီး ပိုင်ရှောင်ချန်းကို လေးနက်သော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
” ဒီ အင်မော်တယ် သံလိုက်က ဘိုဘေးတွေဆီကနေ လက်ဆင့်ကမ်းလာတာ။ ဒီဟာနဲ့သာဆိုရင် နတ်အဆင့်ကျင့်ကြံသူတောင်မှ သတ်မှတ်ထားတဲ့အတိုးအတာတစ်ခုထိ အားမထုတ်ပဲနဲ့ ငါတို့စကားကို ခိုးနားထောင်လို့မရဘူး”
( နတ်အဆင့်အထက်မှာ နတ်ဘုရားအဆင့် ရှိပါမယ်/ နောက်ပိုင်း နတ်ဘုရားအဆင့်ပါလာရင် ရှုပ်သွားနိုင်တဲ့အတွက် ကြိုတင်ပြောပြထားရဖြစ်ပါတယ် )

“ရှောင်ချန်း… ငါမင်းကိုပြောမယ့် သတင်းကို မင်းလုံးဝလျှို့ဝှက်ထားရမယ်နော်။ သတင်းစကားပေါက်ကြားသွားရင် လုံးဝအဆိုးဆုံးပျက်ကိန်းဆိုက်လိမ့်မယ်”

ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားလာပြီး ထိုသတင်းကို နားမထောင်လျှင်ကောင်းမည်လားဟုပင် တွေးမိလာတော့သည်။ နောက်ဆုံး၌ နောင်တစ်ချိန်တွင် သူ လွှတ်ခနဲစကားပြောမှားသွားရုံနှင့်ပင် သူ၏သနားစရာအသက်လေးဆုံးရှုံးလိမ့်မည်။ သူက ချီတုံချတုံဖြစ်နေစဥ် ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ဆက်ပြော၏။

” ငါတို့အစတုန်းကတော့ မင်းကို ဖွင့်ပြောဖို့ မရည်ရွယ်ဘူး။ ဒါပေမယ့်လည်း မင်းက အခု အဏ္ဏဝါဂိုဏ်းရဲ့ခေါင်းဆောင်ငယ်ဖြစ်လာပြီဆိုတော့ လျှို့ဝှက်ထားလို့မရတော့ဘူးလေ။ နောက်ကျ အဖြစ်အပျက်တစ်ခုခုဖြစ်ပွားခဲ့ရင် မင်းက အမှန်တရားကို မသိရင်တော့ မင်းအတွက် ဒုက္ခရောက်နေမှာပေါ့ကွာ”

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှု၍ အာရုံသာစိုက်နေနိုင်ပြီး ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးကို စူးစိုက်ကြည့်နေလေသည်။

“ငါတို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ဇစ်မြစ်က အရှေ့ဘက်ကျင့်ကြံခြင်းကမ္ဘာမှာ တည်ရှိခဲ့တာမဟုတ်ဘူး” ပိုင်ရှောင်ချန်း၏ အမူအရာကို ဂရုပင်မစိုက်ပဲ ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက အတိတ်သို့အောက်မေ့သောအရိပ်များထင်ဟပ်နေလျက် မော့ကြည့်လိုက်သည်။ “ငါတို့က မြောက်ဘက်ကျင့်ကြံခြင်းကမ္ဘာက ဟန်ဇောင်ကျောင်းတော် လို့ခေါ်တဲ့ မြစ်အစဂိုဏ်းက လာတာ”

“ဘယ်လို”
ပိုင်ရှောင်ချန်းက ရုတ်တရက်တုန်လှုပ်သွားပြီး ပြောလိုက်သည်။ ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ထိုကဲ့သို့စကားအားပြောလိမ့်မည်ဟု ဘယ်သောအခါကမှ မစဥ်းစားခဲ့ဖူးပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဇစ်မြစ်အကြောင်းကဲ့သို့ သတင်းကို ဆိုင်းမဆင့် ဗုံမဆင့် သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အတော်လေးတုန်လှုပ်သွားတော့သည်။ ထို့အပြင် ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ဟန်ဇောင်ကျောင်းတော်ဟု ပြောလိုက်သောအခါ သူက ချက်ချင်းပင် ဟန်ဇောင်ကျောင်းတော်ဆေးကျမ်းကို တွေးတောမိလိုက်သည်။

“ဟိုးလွန်ခဲ့တဲ့အချိန်တုံးက ဟန်ဇောင်ကျောင်းတော်က မြောက်ပိုင်းမှာရှိတဲ့ မြစ်ဝရဲ့ လက်အောက်ခံဂိုဏ်းတစ်ခုပဲ။ သူက ရှင်းကုံကျစ်တာအိုဂိုဏ်းလိုပဲ နာမည်ကြီးကျော်ကြားတယ်။ ဒါပေမယ့် ခန့်မှန်းမထားတဲ့ ပုန်ကန်ထကြွမှုတစ်ခုကြောင့် ဟန်ဇောင်ကျောင်းတော်ဟာ ပျက်စီးသွားပြီး အစားထိုးခံလိုက်ရတယ်။ အသက်ရှင်ကျန်သူတွေမှာ ချောက်ချားခြင်းတွေကို မြိုသိပ်ပြီး အသက်ရှင်ဖို့ ပျံပြေးရုံကလွဲပြီး ရွေးစရာမရှိခဲ့ဘူး။ နောက်ဆုံးမှာတော့ သူတို့အရှေ့ဘက်ကျင့်ကြံခြင်းကမ္ဘာကိုရောက်လာပြီး အိုးအိမ်အသစ်ထူထောင်လိုက်တော့တာပဲ”

“ဒီနေရာကို နှစ်ယောက်ပဲ အသက်ရှင်ရက် လာနိုင်ခဲ့တယ်။ သူတို့ထဲကတစ်ယောက်က ငါ့ဆရာကြီး ..နောက်တစ်ယောက်ကတော့ ဟန်ဇောင်ကျောင်းတော်ရဲ့ သန့်ရှင်းသောဝိညာဥ်ပဲ”

“ငါ့ဆရာကြီးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို အောက်ပိုင်းဒေသရဲ့ ထိပ်သီးလေးဂိုဏ်းထဲပါအောင် တိတ်တဆိတ်ကူညီပေးခဲ့တယ်။ သန့်ရှင်းသောဝိညာဥ်ကတော့ စိတ်စွမ်းအင်ဂိုဏ်းရဲ့ အစစ်အမှန်သီးသန့်စွမ်းအားပဲ ”

ခန်းမဆောင်အတွင်းရှိ အခြားသော ခေါင်းဆောင်ကြီးတို့က နှုတ်ဆိတ်နေကြသည်။ ကျိန်းယွမ်သုန်နှင့် လီချင်းဟောက်တို့နှစ်ယောက်လုံးမှာ အံ့သြတုန်လှုပ်သွားကြသည်။ ထိုသတင်းကို သူတို့သည်လည်း ပထမဆုံးကြားဖူးခြင်းဖြစ်၏။

“ဒါပေမယ့် သန့်ရှင်းသောဝိညာဥ်က အပြင်းအထန်ဒဏ်ရာရထားပြီး အေးစက်စက် အလောင်းလိုအိပ်နေရုံကလွဲပြီး ဘာမှ မလုပ်နိုင်ဘူး။ ကုန်လွန်သွားတဲ့နှစ်တလျှောက် သူမက တစ်ကြိမ်တစ်ခါတောင် နိုးမလာခဲ့ဘူး။ သူမကို နှိုးဖို့တစ်ခုတည်းသောနည်းလမ်းက အဏ္ဏဝါဆေးလုံးကို သုံးဖို့ပဲရှိတယ်။ အဲ့ဆေးလုံးနဲ့သာဆိုရင် သန့်ရှင်းဝိညာဥ်က ခဏတဖြုတ်တော့နိုးလာပြီးဘယ်အန္တာရာယ်မဆို ရှင်းပေးနိုင်တယ်”

“အမှန်က ငါတို့သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ စစ်ဖြစ်မယ်လုပ်တုန်းက ငါတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်က သန့်ရှင်းသောဝိညာဥ်ပေါ်မှာမူတည်တယ်။ ကံဆိုးစွာနဲ့ ငါတို့မှာ အဏ္ဏဝါဆေးလုံးက တစ်လုံးပဲရှိတယ် ပြီးတော့ အကြပ်တည်းဆုံးအခြေအနေမှာပဲ သုံးနိုင်မှာ” ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ပြောလိုက်သည်တွင် သူ၏စကားလုံးတို့မှ ရှေးဆန်မှု၏ နက်နဲသိမ်မွေ့သောအဆင့်တစ်ခုပါလေသည်။

ပိုင်ရှောင်ချန်း၏နှလုံးမှာ တုန်လှုပ်မှုလှိုင်းလုံးတို့ ရိုက်ခတ်မှုကြောင့် စုတ်ပြတ်သတ်နေချေပြီ။သူ အသက်ပင်မှန်မှန်မရှူနိုင်ပေ။

“နှစ်ပေါင်းများစွာကြာတဲ့အထိ ငါတို့ နောက်အဏ္ဏဝါဆေးလုံးကို ဖော်ဖို့နည်းမျိုးစုံကြိုးစားခဲ့တယ်။ ကံဆိုးစွာနဲ့ အဲဒီအားထုတ်မှုအကုန်လုံးက မအောင်မြင်ခဲ့ရှာဘူး။ ဌာနချုပ်ပြန်ရောက်တဲ့နောက်မှာတော့ ငါမင်းကို သန့်ရှင်းသောဝိညာဥ်ကိုသွားနှုတ်ဆက်ဂါဝရပြုစေချင်တယ် ။ ပြီးတော့ အလယ်ပိုင်းဒေသကိုငါတို့မရောက်ခင် အဏ္ဏဝါဆေးလုံးဖော်ဖို့ နည်းလမ်းလေးဘာလေးစဥ်းစားပါဦး”

“မင်းသာလုပ်နိုင်လို့ကတော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက အဏ္ဏဝါတစ်ဂိုဏ်းလုံးကို အရေးကြီးတဲ့အကူအညီတွေပေးနိုင်လိ့မ်မယ်”
ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းကိုကြည့်လိုက်စဥ်တွင် သူ၏မျက်လုံးများမှာ မျှော်လင့်ချက်ရောင်ခြည်များတောက်ပနေလေသည်။ ပိုင်ရှောင်ချန်းမှာမူ အသက်ရှုလိုက်သွင်းလိုက်နှင့် ခေါင်းများ ချာချာလည်နေပြီး သူ့နားသူပင် မယုံနိုင်ဖြစ်နေတော့သည်။ တခဏမျှကြာသော် သူက အဏ္ဏဝါဆေးလုံးအတွက် ဖော်စပ်နည်းကိုပြန်စဥ်းစားလိုက်သည်။

သူ၏ဆေးလုံးနှင့်ပတ်သက်၍စူးစမ်းစစ်ဆေးခြင်းမှာ အလွန့်အလွန်ထူးဆန်းသော သုံးသပ်ချက်ကို ဦးတည်လေသည်။ ယခုတွင်တော့ ၄င်းက သန့်ရှင်းသောဝိညာဥ်အားကူညီရန် အထူးသဖြင့်ရည်ရွယ်ထားကြောင်း သဘောပေါက်သွားလေပြီ။

“အဏ္ဏဝါဆေးလုံးနဲ့ ဟန်ဇောင်ကျောင်းတော် ဆေးပညာလက်စွဲကျမ်း” သူကရေရွတ်လိုက်သည်။

ခေါင်းဆောင်ကြီးအတုမဲ့ကခေါင်းညိတ်လိုက်သည်။
” ဂိုဏ်းရဲ့ ဝါရင့်ဂိုဏ်းဝင်တစ်ယောက်က မင်းကို အဲဒီပစ္စည်းနှစ်မျိုးပေးခဲ့တာ”

“အဲ့တာက မျောက်မလား.. ဟုတ်တယ်မလား”
ပိုင်ရှောင်ချန်းက ရုတ်တရက်ထမေးလိုက်သည်။

တခဏမျှတုံ့ဆိုင်းနေပြီးနောက်တွင် ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် ပိုင်ရှောင်ချန်းခေါင်းထဲတွင် ပဟေဌိအပိုင်းအစအမြောက်အမြားပေါ်လာတော့သည်။

လက်ရှိကိစ္စမှာ တာဝန်ကြီးလေးပြီး သတင်းအချက်အလက်များအား မှတ်သားရန်သူ့အတွက် အချိန်များစွာလိုအပ်လေသည်။ ခန်းမဆောင်မှထွက်လာပြီးနောက် သူက သူ၏စိတ်စွမ်းအင်ဗိမာန်ကိုပြန်ကာ ကြားခဲ့သမျှအား အံ့သြ၍ မယုံကြည်နိုင်ဖြစ်နေသေးသည်။ စိတ်ငြိမ်အောင်ထိန်းရင်း သူက ဟန်ဇောင်ကျောင်းတော် ဆေးပညာ လက်စွဲကျမ်းနှင့်တကွ အဏ္ဏဝါဆေးလုံးဖော်နည်းအား ဆွဲထုတ်ကာ အသေအချာနီးနီးကပ်ကပ်လေ့လာတော့သည်။

“အဏ္ဏဝါဆေးလုံး……”
သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ ခေါင်းဆောင်ကြီးဖော်ပြခဲ့သည့် သန့်ရှင်းသောဝိညာဥ်အကြောင်းကို ရုတ်တရက်သိချင်စိတ်ပြင်းပြလာပြီး သူမ မည်သို့ရှိမည်ကို အလွန်မြင်တွေ့ချင်လာတော့သည်။

နောက်ရက်တွင် ဆန်းကြယ်နှင့်ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့တို့ ထွက်ခွာသွားကြသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများမှာမူ ထွက်ခွာရန်အတွက် ပြင်ဆင်မှုများပြုလုပ်နေဆဲရှိသေးသည်။ သူတို့က သူတို့ဂိုဏ်း၏ယခင်နေရာတွင် အလွန်အရေးကြီးသောလုပ်စရာတစ်ခုရှိလေသည်။

မထွက်ခွာခင် အဓိကခေါင်းဆောင်ကြီးက စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ဇာစ်မြစ်အကြောင်းသတင်းကို စားမြုံပြန်နေသော ပိုင်ရှောင်ချန်းကို လာရှာလေသည်။ ပိုင်ရှောင်ချန်းမကြာမီသိရှိလိမ့်မည်ဖြစ်သောကြောင့် အဓိကခေါင်းဆောင်ကြီးပြောရမည့်သတင်းမှာ သူစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွက်သိရှိခဲ့သည့် သတင်းနည်းတူ တုန်လှုပ်ဖွယ်ပင်။

အဓိကခေါင်းဆောင်ကြီးက မန္တန်အစီအရင်ပိတ်လှောင်ခြင်းအား မြန်မြန်ဖန်တီးလိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို လှမ်းကြည့်ကာ လေးနက်သောအမူအရာဖြင့် သူကပြော၏။
“ရှောင်ချန်း ငါတို့ရဲ့သွေးဘိုးဘေးကြီး ဘယ်ကလာလဲ မင်းသိလား”

“ဟမ်…သွေးဘိုးဘေးကြီးက ဘယ်ကလာတာ”
ပိုင်ရှောင်ချန်းက တုန်လှုပ်သွားပြီး ဤဂိုဏ်းနှစ်ဂိုဏ်း၌ မည်သည့်အတွက်ကြောင့် လျှို့ဝှက်ချက်ပေါင်းများစွာရှိနေသည်ကို မတွေးတတ်အောင်ဖြစ်နေတော့သည်။ ဂိုဏ်းနှစ်ခုလုံး၌ အထင်ကြီးလောက်စရာနောက်ခံများရှိသဖြင့် ထိုအမှန်တရားတို့ကြောင့် သူ့မှာချာချာလည်မူးနေတော့သည်။ သူက အဓိကခေါင်းဆောင်ကြီးကို ငေးကြောင်ကြောင်ကြည့်လိုက်လေသည်။

အဓိကခေါင်းဆောင်ကြီးက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။
“အော်.. ဒီတော့ မင်းမသိဘူးးပဲ။ မင်းအမွေကိုလက်ခံခဲ့တုန်းက တစ်ခုခုတော့ သိသွားပြီထင်တာ”

ပိုင်ရှောင်ချန်းမှာ တုံ့ပြန်သည့်အနေဖြင့် ခပ်ယဲ့ယဲ့ပြုံးပြရုံသာ တတ်နိုင်တော့သည်။

“ကဲ… အမှန်ကတော့ ငါတို့တစ်ယောက်မှလည်း သွေးဘိုးဘေးကြီးရဲ့ ဇာစ်မြစ်အစစ်ကိုမသိဘူး..ဒါကြောင့် အခုကစပြီး မစိုးရိမ်နဲ့။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သွေးဘိုးဘေးကြီးကို နှစ်ပေါင်းများစွာလေ့လာခဲ့ရတယ်။ နောက်ဆုံး ငါတို့ရဲ့စစ်ဆေးလေ့လာမှုနေပြီးတော့ သွေးကိုယ်တော်ရဲ့အမွေအနှစ်နဲ့ပတ်သတ်တယ်ဆိုတဲ့ငါတို့ရဲ့အယူအဆကိုထောက်ခံနေတယ်။ အခုတော့ ငါတို့မှန်တာသိသွားပြီ။ နှစ်ပေါင်းများစွာလေ့လာမှုတွေအားလုံးအရာထင်သွားပြီပေါ့ကွာ”

“ဒါပေမယ့်လဲ နောက်ထပ် အယူအဆတွေရှိသေးတယ်။ ဒီလေ့လာစမ်းစစ်ချက်တွေအရ သွေးဘိုးဘေးကြီးကိုယ်က လှုပ်လို့ရသေးတယ်ဆိုတာ သေချာတယ်”

ပိုင်ရှောင်ချန်း၏မျက်လုံးတို့မှာ ပြူးသထက်ပြူးလာကြသည်။ သွေးဘိုးဘေးကြီးကိုယ်ကို ထိန်းချုပ်နိုင်ပြီး လှုပ်ရှားနိုင်သေးသည်ကို မယုံနိုင်ဖြစ်နေတော့သည်။ ထို့နောက် အမွေအနှစ်ကို ရရှိခဲ့စဥ်က သွေးဘိုးဘေးကြီးကိုယ်အား သူ မည်သို့ ထိန်းချုပ်နိုင်ခဲ့ပုံကို ပြန်တွေးမိလိုက်ပြီး ရင်ခုန်လာတော့သည်။

“သွေးဘိုးဘေးကြီးကိုယ်က အင်မတန်ကြီးမားတယ်.. ကောင်းကင်တံတားမြစ်ပြင်ရဲ့အောက်မှာ ရှိတယ် ။ မင်း တောင်ထိပ်ငါးခုပေါ်မှာထားထားတဲ့ မန္တန်အစီအရင်တွေက သွေးဘိုးဘေးကြီးရဲ့ လက်ငါးချောင်းဆိုတာကို သတိထားမိတယ်မလား ။ အဲ့မန္တန်အစီအရင်တွေရဲ့ တကယ့်လုပ်ဆောင်ချက်က သွေးစွမ်းအင်နတ်ရေဂိုဏ်းကနေပြီး သွေးဘိုးဘေးကြီးကိုယ်ကို ထိန်းချုပ်နိုင်လို့ရအောင်ပဲ” ပိုင်ရှောင်ချန်းက အလယ်တောင်ထိပ်တွင် သွေးချီတို့ကိုလွှမ်းမိုးရန် ခေါင်းဆောင်ကြီးအတုမဲ့နှင့် ရွှယ်မေ့တို့က မန္တန်အစီအရင်တစ်ခုကို ဖော်ထုတ်ခဲ့သည့်အချိန်ကို ရုတ်တရက်အမှတ်ရလိုက်သည်။

သွေးသခင်ဖြစ်လာပြီးနောက် ပိုင်ရှောင်ချန်းက မန္တန်အစီအရင်ကို တိုက်ရိုက်အာရုံခံနိုင်လေသည်။ သွေးဘိုးဘေးကြီး၏အပေါ်ယံတွင် အဝတ်တစ်စုံရှိနေပုံရလေသည်။

ထိုအခိုက်တွင် သူက သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ မည်သို့လုပ်ရန်စီစဥ်နေကြောင်းကို နားလည်သဘောပေါက်သွားတော့သည်။

“အဲ့လိုအလုပ်မျိုးကိုအောင်မြင်ဖို့ဆိုတာ အင်မတန်ခက်ခဲလိမ့်မယ်..သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အဲတာလေးလုပ်ဖို့နှစ်ချီပြီးပြင်ဆင်နေခဲ့ရတာ။ငါတို့ သွေးဘိုးဘေးကြီးကိုယ်ထဲမှာ မန္တန်အစီအရင်တွေကိုတောင်မှ ထည့်ထားပြီးပြီ။ ဒါပေမယ့်လဲ အခုထက်ထိ အမြုတေကို ပျောက်နေသေးတယ်”

“သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူအားလုံးဆီက သွေးချီတွေစုပေးပြီး အတူပေါင်းစည်းပေးမယ့် လူလိုနေတာကွာ.။အဲ့တာက သွေးဘိုးဘေးကြီးကိုယ်ကို ထိန်းပေးနိုင်မယ့် စွမ်းအားပဲ.။ ငါတို့ရဲ့စမ်းသပ်ချက်တွေနဲ့.. ထင်မြင်ချက်တွေ. အရတော့ သွေးကိုယ်တော်ကပဲ အဲ့လုပ်နိုင်မှာ”

“ငါ့ မျှော်လင့်ချက်က မင်းငါတို့ရဲ့ ဌာနချုပ်ကိုပြန်.. ငါတို့နဲ့အတူ သွေးဘိုးဘေးကြီးကိုယ်ထဲဝင် ပြီးတော့ သူ့ကိုထိန်းပေးဖို့ပဲ။ ပြီးတာနဲ့ ငါတို့ မြစ်ကိုသွားပြီး ကုံမြစ်ဂိုဏ်းခွဲကို ရေကုန်ရေခမ်းတိုက်ခိုက် ကြမယ်”

“သွေးဘိုးဘေးကြီးရဲ့အကူအညီနဲ့သာဆိုရင် အဏ္ဏဝါဂိုဏ်းရဲ့ ကုံမြစ်ဂိုဏ်းခွဲကို အောင်မြင်အောင် ဖျက်စီးနိုင်ခြေက တော်တော့်ကိုတက်လာမှာ” အဓိကခေါင်းဆောင်ကြီး၏မျက်လုံးတို့မှာ နက်နဲဆန်းကြယ်သောအလင်းတို့ဖြင့်တောက်ပနေလေသည်။တကယ်တမ်းဆိုရလျှင် ထိုသည်မှာ သူ့ဘဝတစ်လျှောက်လုံး ရည်မှန်းလုပ်ဆောင်ခဲ့သည့် အရာအားလုံးပင်။

အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ပိုင်ရှောင်ချန်းက ခေါင်းညိတ်လိုက်သည်။ သူသည်လည်း သွေးဘိုးဘေးကြီးကိုယ်ကိုထိန်းချုပ်နိုင်မည်ဟူသောအတွေးဖြင့် မျှော်လင့်ချက်များပြည့်နှက်နေတော့သည်။ အဓိကခေါင်းဆောင်ကြီးက ပြုံးလိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို သွေးဘိုးဘေးကြီးကိုယ်ထဲသို့ မည်သည့်အချိန်တွင် အတိအကျခေါ်ရန်အတွက် အစီအစဥ်များပြုလုပ်လိုက်သည်။ထို့နောက်တွင် သူက ပြန်ပြီး လိုအပ်သောပြင်ဆင်မှုများပြုလုပ်ရန် ကျန်ရှိသည့်သွေးစွမ်းအင်နတ်ရေစင်တပ်ဖွဲ့ဖြင့် ထွက်ခွာသွားလေသည်။

နောက်ထပ်ရက်အနည်းငယ်ကြာသော် သွေးစွမ်းအင်နတ်ရေစင်တပ်က စတင်ထွက်ခွာသွားသည်။ နောက်ထပ်ဘယ်သူမှလျှို့ဝှက်ချက်များလာမပြောတော့ကြောင်း သေချာမှသာလျှင် ပိုင်ရှောင်ချန်းက သူတို့မြို့တော်မှထွက်ခွာရါတွင် လိုက်ပါသွားတော့သည်။

“များလိုက်တဲ့ လျှို့ဝှက်ချက်တွေ” သူက သက်ပြင်းချရင်း တွေးလိုက်သည်။ သူ့ကိုယ်သူပင် အတော်ဂုဏ်ယူသွားလေသည်။ သိသာထင်ရှားစွာပင် သူက လျှို့ဝှက်ချက်များကို ဖွင့်ပြောနိုင်သည့် ယုံကြည်ရသောလူမျိုးပင် ဖြစ်နေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset