အရှင်ဟွေစုန်၏ မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ပေါ်လာကာ သူသည် ဖြည်းဖြည်းချင်း ပြော၏။ “ဒါက တာအိုကျမ်းပဲ။ ငါ့ရည်ရွယ်ချက်အစစ်အမှန်ကို ရောင်းရင်းကျင့်ကြံသူကျောက် သိသွားမှာ စိုးရိမ်မနေတော့ဘူး။ သားရဲစိတ်ဝိညာဉ်တွေဟာ ငါ့ရဲ့ ဒုတိယဦးစားပေးပဲ။ ဒီနေရာကို လာခဲ့တဲ့ ငါ့ရည်ရွယ်ချက်အစစ်အမှန်က ဒီတာအိုကျမ်းကို ကြည့်ဖို့ပဲ ဖြစ်တယ်…”
“ဒီမှာ ဉာဏ်အလင်းရသူအများကြီး ရှိတယ်။ဒါ့ကြောင့် တာအိုကျမ်းကို ရဖို့က ရိုးရှင်းမနေဘူး။ အရှင်ဟွေစုန်…သင်…” အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက အရှင်ဟွေစုန်ကို ကြည့်သည်။
“ရောင်းရင်းကျင့်ကြံသူကျောက်…လူတစ်ယောက်ဟာ အာဏာတက်ခြင်းဆေးလုံးတစ်လုံး မပိုင်ဆိုင်ခဲ့ချိန်က ငါ့မျိုးဆက်ကြားမှ ပြန့်နှံ့ခဲ့တဲ့ အရာကို သင် မှတ်မိလား…”
အရှင်ဟွေစုန်က ရုပ်တုကို မော့ကြည့်သည်။
အဘွားအိုက တိုးညင်းစွာ ပြောသည်။ “တာအိုကို ရှာဖွေတဲ့သူဟာ မနက်ခင်းမှာ မွေးဖွားပြီး နေဝင်ချိန်မှာ သေဆုံးတယ်။ ဒါဟာ လုံလောက်ပြီ…”
“သွားကြစို့…” အရှင်ဟွေစုန်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး ရှေ့သို့ ဆက်သွားသည်။အဘွားအိုကလည်း အနည်းငယ် စဉ်းစားပြီးနောက် လိုက်လာသည်။
သူတို့နှစ်ယောက်ရှေ့သို့ သွားနေရင်း သတ်သတ်မတ်မတ်မရှိသည့်အသံများက ပိုပို ကျယ်လောင်လာနေ၏။ ထိုအသံမှာ ထူးဆန်း၏။ ကြိုမခန့်မှန်းနိုင်ပေ။ ၎င်းအသံများက လူတစ်ယောက်၏စိတ်ကို အလိုလို လှုပ်ခတ်စေသည်။
၎င်းကို အတင်းဖိနှိပ်နိုင်ဖို့ အတော်လေး အားစိုက်ဖို့ လိုသည်။ သူတို့က မြူများအတွင်းနက်ပိုင်းသို့ ဆက်သွားနေရင်း သူတို့က ထိုခံစားချက်ကို ကြာကြာဖိနှိပ်နိုင်စွမ်း မရှိတော့ဟု ခံစားလာရသည်။
ခြေလှမ်းတိုင်းတွင် စစ်တပ်ကြီးတစ်တပ်က သူတို့ထံ အားမာန်အပြည့် ချီတက်ကျဆင်းလာသကဲ့သို့ ခံစားရပြီး သူတို့၏စိတ်ကို တုန်ယင်စေသည်။
အရှင်ဟွေစုန်၏မျက်နှာက ဖြူရောနေ၏။ သို့သော် သူသည် စိတ်လှုပ်ရှားမှုအပြည့် ဟန်ပန် ရှိလေ၏။ သူတို့က မြူများကြား ဖြည်းဖြည်းချင်း ဆက်လျှောက်သွားနေလျက် ဖြည်းဖြည်းချင်း အချိန်ကုန်ဆုံးနေသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့ ဤမြူများကြား ရောက်နေခဲ့သည်မှာ သုံးရက်ရှိလာခဲ့ပေပြီ။
သူတို့ မြူများကြား၌ ဘယ်မျှဝေးဝေး လျှောက်ပြီးသည်ကို မသိကြပေ။လေးရက်မြောက်နေ့တွင် သူတို့က သူတို့ရှေ့တွင် တောင်ငယ်တစ်ခုကို ခပ်ရေးရေး မြင်ရသည်။
ထိုတောင်ငယ်က ပေတစ်သောင်းလောက်သာ မြင့်သည်။ ၎င်းက မြူများအတွင်း ပေါ်လိုက်ပျောက်လိုက် ရှိနေသည်။
အနက်ရောင်အလင်းလွှာတစ်ခုက ယင်းတောင်ငယ်ကို ခြုံလွှမ်းထားပြီး ရှေ့ဆက်မည့် လမ်းကြောင်းကို ပိတ်ဆို့ထားသည်။ အရှင်ဟွေစုန်က အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကို ကြည့်ကာ လေးလေးစားစား ဆိုသည်။ “ရောင်းရင်းကျင့်ကြံသူကျောက်…ငါ့အတားအဆီးပညာရပ်ဟာ သင်နဲ့ မယှဉ်နိုင်ဘူး။ ကျေးဇူးပြုပြီး ဒီအတားအဆီးကို ချိုးဖျက်ဖို့ ကူညီပေးပါ…”
“ဒီတောင်ဟာ မရေမတွက်နိုင်တဲ့သားရဲစိတ်ဝိညာဉ်တွေ ချိပ်ပိတ်ထားတဲ့ နေရာပဲ။ ရောင်းရင်းကျင့်ကြံသူကျောက် ဒါကို ဖွင့်နိုင်တာနဲ့ သင် ဒီသားရဲစိတ်ဝိညာဉ်တွေကို ရနိုင်ပြီ…”
အစိမ်းရောင်ဝတ်စုံနှင့်အဘိုးအိုက အနက်ရောင်အလင်းလွှာအတားအဆီးကို ကြည့်သည်။သူမက ၎င်းအနား ရောက်လာကာ ၎င်းအပေါ်သို့ ညာလက်တင်သည်။ အချိန်အတန်ကြာပြီးနောက် သူမ၏အမူအရာက ရုပ်စိုးလာ၏။ သူမက ပြောလိုက်သည်။ “ဒါက အချိန်အတားအဆီးပဲ။ ဒီအတားအဆီးက အချိန်ကြာကြာ တည်ရှိလေလေ ပိုပြီး စွမ်းအားကောင်းလာလေပဲ။ ငါ ဒီအတားအဆီး ဘယ်လောက်သက်တမ်း ရှိနေလဲ ဆိုတာကို မမြင်နိုင်ဘူး။ ဒါ့ကြောင့် ချိုးဖျက်နိုင်ဖို့ဟာ ပြောနေစရာတောင် မလိုတော့ဘူး။ ငါသာ ဒီနေရာမှာ ဒီလိုအတားအဆီးမျိုး ရှိနေတာ သိခဲ့ရင် လုံးဝ လာခဲ့မိမှာ မဟုတ်ဘူး…”
အရှင်ဟွေစုန်က ပြုံး၏။သူ့လက်ကို ဆန့်ထုတ်ကာ သိုလှောင်နေရာလွတ်ကို ဖွင့်ရာ တစ်ခုခု ပျံသန်းထွက်လာ၏။၎င်းက စူးတစ်ချောင်း၊ ယင်းပေါ်တွင် နွယ်ရစ်ပုံ အမှတ်အသားတစ်ခု ရှိသည်။ အရှင်ဟွေစုန် ၎င်းစူးကို ထုတ်ယူလိုက်သည့်အခါတွင် ဖိအားတစ်ခု စတင် ပျံ့နှံ့လာသည်။
“ရောင်းရင်းကျင့်ကြံသူကျောက်…ဒါကို သိလား…” အရှင်ဟွေစုန်က အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကို ကြည့်သည်။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုသည် ၎င်းစူးကို ကြည့်၏။ အချိန်အတန်ကြာ သေချာ ကြည့်ပြီးနောက် သူမက ပြောလိုက်သည်။ “ဒါက ရှေးဟောင်းအချိန်တွေတုန်းက ထူးဆန်းတဲ့ရတနာ၊ အတားအဆီးချိုးဖျက်ခြင်းစူး ပဲ…”
“ရောင်းရင်းကျင့်ကြံသူကျောက်က အတားအဆီးပညာရှင် ဖြစ်ဖို့ တကယ့်ကို ထိုက်တန်ပေတယ်။ ဒီစူးနဲ့ဆိုရင် ရောင်းရင်းကျင့်ကြံသူ ဒီအချိန်အတားအဆီးကို ချိုးဖျက်ဖို့ ဘယ်လောက် ယုံကြည်ချက်ရှိလဲ ငါ သိချင်တယ်…”
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက အနည်းငယ် စဉ်းစားပြီး ပြော၏။ “သင့်မှာ အတားအဆီးချိုးဖျက်ခြင်းစူး ဘယ်နှစ်ခု ရှိလဲ…”
အရှင်ဟွေစုန်က ပြော၏။ “လေးခု…”
“ဒီအချိန်အတားအဆီးကသာ သက်တမ်းတိုတိုပဲ ရှိခဲ့မယ်ဆိုရင် ဒီလေးခုဟာ လုံလောက်တယ်။ဒါပေမဲ့ ဒီအတားအဆီး တည်ရှိခဲ့တာ အချိန်ကြာလွန်းခဲ့ပြီ။ဒါ့ကြောင့် ငါ (၁၀)ရာခိုင်နှုန်းပဲ ယုံကြည်ချက် ရှိတယ်…” အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ခေါင်းယမ်းသည်။
အရှင်ဟွေစုန်က အနည်းငယ် စဉ်းစားပြီး သူ့ညာလက်ကို ဝေ့ယမ်းကာ တစ်ခုခုကို ထုတ်ယူပြန်သည်။ ၎င်းမှာ လက်ဝါးအရွယ်အစားလောက် အနက်ရောင်သစ်သားပိုင်းတစ်ခုပင်။ ၎င်းပေါ်လာသည်နှင့် အစွမ်းထက်အော်ရာတစ်ခုပါ ပေါ်လာသည်။ ထိုအော်ရာက မြူများကိုပါ ရွှေ့လျားစေကာ ပေတစ်ရာအကျယ်ဝဲကတော့တစ်ခု ဖြစ်စေပြီး ဖြည်းဖြည်းချင်း လှည့်ပတ်စေလေ၏။
အဘွားအို၏ မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူမက ထိုအနက်ရောင်သစ်သားပိုင်းကို စူးစိုက်ကြည့်ကာ အံ့အားသင့်မိနေသည်။ ထို့နောက် သူမက ဖြည်းဖြည်းချင်း မေးသည်။ “အတုအပနိဗ္ဗာနလေဟာနယ်ရတနာ…”
အရှင်ဟွေစုန်က ထူးထူးထွေထွေ ရှင်းပြမနေ၊ သူက ပြော၏။ “ဒါနဲ့ဆိုရင်ရော သင် ယုံကြည်ချက် ဘယ်လောက်ရှိလဲ…”
အဘွားအိုက သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းကာ အနည်းငယ်တွက်ချက်ပြီးနောက် ပြော၏။ “လေးဆယ်ရာခိုင်နှုန်း။ စစ်စိတ်ဝိညာဉ်လက်ဝါးနဲ့ဆိုရင် ငါးဆယ်ရာခိုင်နှုန်းဖြစ်မှာ။ဒါပေမဲ့ ကံမကောင်းစွာနဲ့…”
အရှင်ဟွေစုန်က အနည်းငယ် ချီတုံချတုံ တွေဝေပြီးနောက် သူ့သိုလှောင်နေရာလွတ်ထဲကနေ နောက်ထပ်ပစ္စည်းတစ်ခု ထပ်ထုတ်သည်။ ၎င်းမှာ အတွင်းဘက်၌ လတ်လတ်ဆတ်ဆတ်သွေးများ စီးဆင်းနေဟန်ရသော တောက်ပသည့်သလင်းတစ်ခုပင်။
“ဒါနဲ့ဆိုရင်တော့ လုံလောက်သင့်ပြီ…” အရှင်ဟွေစုန်က ထိုအဘွားအိုကို ကြည့်သည်။
အဘွားအိုက ငြိမ်သက်စွာ စဉ်းစားသွား၏။ထို့နောက် သူမက ခပ်ရှရှလေသံဖြင့် ပြောသည်။ “အရှင်ဟွေစုန်က အတုအပနိဗ္ဗာနလေဟာနယ်ရတနာနှစ်ခုကိုတောင် ထုတ်ယူခဲ့ပြီးပြီး။ ဒီသလင်းကျောက်က စောနကတစ်ခုထက် အများကြီး ပိုအစွမ်းထက်တာ သိသာတယ်။ ဒီအရာသုံးခုနဲ့ဆိုရင် ငါ ခုနစ်ဆယ်ရာခိုင်နှုန်း ယုံကြည်ချက် ရှိပြီ…”
“ခုနစ်ဆယ်ရာခိုင်နှုန်းဆို အဆင်ပြေပြီ…” အရှင်ဟွေစုန်သည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းရာ အတားအဆီးချိုးဖျက်ခြင်းစူးလေးချောင်းသည် အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုထံ ပျံသန်းသွား၏။သူက ကောင်းကောင်း ပြင်ဆင်ထားခဲ့ပေသည်။ သူ့အတားအဆီးစွမ်းရည်က သည်အဘွားအိုထက် အမှန်တကယ် နိမ့်ပါးခြင်းကြောင့်သာ မဟုတ်ပါက သူကိုယ်တိုင် အချိန်အတားအဆီးကို ချိုးဖျက်နေလောက်ပေပြီ။
“သင် ဒီရတနာတွေ အသုံးပြုဖို့ လိုတဲ့အချိန်ကြရင် ငါ့ကို ပြောပါ…”
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက အချိန်ဖြုန်းမနေတော့ပေ။ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ အတားအဆီးများ ပျံသန်းထွက်သွားစေသည်။ တစ်ချိန်တည်းမှာ သူမပတ်လည်ရှိ အနက်ရောင်အခိုးအငွေ့များကပါ ယင်းအတားအဆီးများနှင့်အတူ ရွှေ့လျားသွား၏။ သူမ၏ လက်ညွှန်ချက်တစ်ချက်ဖြင့် ၎င်းတို့က အတားအဆီးချိုးဖျက်ခြင်းစူးများထဲမှ တစ်ခုထံ ပျံသန်းတိုးဝင်သည်။
အတားအဆီးများက စူးပေါ်သို့ ကျရောက်သွားချိန် တစီစီအသံများ ပဲ့တင်ထပ်သည်။ထို့နောက် အနက်ရောင်အခိုးအငွေ့များက ၎င်းထံ တရကြမ်း တိုးဝင်သည်။ စူးက အနက်ရောင်အလင်းတောက်ပလာကာ အော်ရာတစ်ခု ပျံ့နှံ့လာ၏။
အဘွားအိုက သူမ၏လျှာကို အနည်းငယ်ကိုက်လိုက်၏။ သွေးမြှားတစ်ခုက စူးထံ ဦးတည်ဝင်ရောက်ပြီး ၎င်းပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ ယင်းစူးက အချိန်အတားအဆီးထံ တိုက်ရိုက် ပျံသန်းလေ၏။
၎င်းနီးကပ်လာသည့်အခါ အနက်ရောင်အလင်းအတားအဆီးက တွန့်ခေါက်ကာ အချိန်စွမ်းအား ကျဆင်းလာ၏။စူးက ချက်ခြင်း တုန်ခါကာ ပျောက်ကွယ်တော့မည့် အရိပ်လက္ခဏာ ပြသလာသည်။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက လှမ်းအော်၏။ “ချိုးဖျက်စမ်း…”
စူးက သွေးနီရောင်အလင်း ပေးစွမ်းပြီး အနက်ရောင်အခိုးအငွေ့မြောက်မြားစွာ စူးထံ တရကြမ်း ဝင်ရောက်လာသည်။ ၎င်းက အနက်ရောင်အလင်းအတားအဆီးထောင့်ထဲသို့ ဝင်ရောက်သွားပြီး အတွင်း၌ နစ်မြုပ်ကာ မြန်ဆန်စွာ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာ အဘွားအိုထံကနေ ပိုများပြားသည့် အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ဒုတိယမြောက်စူးထဲ ဝင်ရောက်၏။၎င်းစူးကလည်း လျှပ်စီးတန်းအား ထိုးထွက်ပြီး နောက်ထပ်တောင့်တစ်ခုတွင် ထိုးစိုက်ဝင်သည်။
ကျန်သည့်အတားအဆီးချိုးဖျက်ခြင်းစူးနှစ်ချောင်းလည်း ပျံသန်းလာကာ အနက်ရောင်အလင်းအတားအဆီးထဲ ထိုးစိုက်ဝင်ရောက်သည်။
အတားအဆီးစူးလေးချောင်းလုံး ကျရောက်သွားချိန်၌ အနက်ရောင်အလင်းအတားအဆီးထံမှ ဟိန်းမြည်သံတစ်ခု ထွက်ပေါ်လာသည်။ အစတုန်းက မရေမတွက်နိုင်သောလှိုင်းတွန့်များ ပေါ်မလာသေးပေ။ သို့သော် စူးလေးချောင်း နစ်ဝင်သွားချိန်တွင် လှိုင်းတွန့်များသည် အနက်ရောင်အလင်းအတားအဆီးအနှံ့ ပျံ့နှံ့ကာ ထိုအလင်းမျက်နှာပြင်၏ ဟန်ချက်ညီနေမှုကို နှောက်ယှက်သည်။
ဤအခိုက်အတန့်တွင် အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်သည်။သူမသည် အနက်ရောင်အခိုးအငွေ့များကို ချက်ခြင်း ထွေးထုတ်၏။သူမ၏ ပါးရေနားရေတွန့်နေသည့် အရေပြားကလည်း မြန်ဆန်စွာ ပျောက်ကွယ်ကာ အသက်လေးဆယ်အရွယ် သက်လတ်ပိုင်းအမျိုးသမီးအဖြစ်သို့ ပြောင်းသွား၏။ အနက်ရောင်အခိုးအငွေ့များစွာက အနက်ရောင်အလင်းမျက်နှာပြင်ထံ တိုးဝင်ကာ ဗဟိုချက်သို့ ကျရောက်သည်။ ၎င်းက ယင်းဗဟိုချက်၌ အနက်ရောင်ဝဲကတော့တစ်ခုအဖြစ် ဖွဲ့တည်ကာ အနက်ရောင်အလင်းအတားအဆီးနှင့် ထိပ်တိုက်တွေ့မှု စတင်သည်။
တဝုန်းဝုန်းအသံများ မြည်ဟည်း၏။
လှပသောသက်လတ်ပိုင်းအမျိုးသမီး၏မျက်လုံးက တောက်ပသွားကာ သူမက မြန်မြန် ပြော၏။ “အနက်ရောင်သစ်သားပိုင်း…”
အရှင်ဟွေစုန်က နှေးဖင့်မနေ၊ သူက ၎င်းသစ်သားပိုင်းကို ချက်ခြင်း ပစ်လိုက်၏။ ၎င်းက ဝဲကတော့အနီးတိုးဝင်သွားချိန် သူက လက်ညွှန်သည်။
သစ်သားပိုင်းက ချက်ခြင်း တုန်ယင်ကာ အဖျက်အစီးစွမ်းအားတစ်ခု ပျံ့နှံ့လာပြီး ၎င်းသည် ပျက်စီးသွားလေ၏။
လောကကို တုန်လှုပ်စေကာ မြူများအား အဘက်ဘက်သို့ လွင့်စင်စေ၏။ အံ့မခန်းဖိသိပ်အားတစ်ခုက လှပသောသက်လတ်ပိုင်းအမျိုးသမီး ရှေ့သို့ ခုန်ဝင်လာချိန်တွင် ပျောက်ကွယ်လုနီး ဖြစ်လာဟန် တူ၏။ သူမက ထိုဖိသိပ်အား အထက်တွင်ပေါ်လာကာ မရေမတွက်နိုင်သောအတားအဆီးများကို ပစ်လွှတ်၏။ သူမက ထိုအဖျက်အစီးဖိသိပ်အားကို ထိန်းချုပ်ကာ အနက်ရောင်အလင်းအတားအဆီးထံ ဦးတည်ဝင်စေသည်။
တုန်ဟီးသံများက မြေပြင်ထုကိုပါ တုန်ခါစေပြီး အနက်ရောင်အလင်းအတားအဆီးပေါ်ရှိ တုန်ခါလှိုင်းများဟာ သာ၍ပြင်းထန်လာသည်။ လှိုင်းတွန့်များ ပိုပေါ်လာ၏။ သို့သော် ၎င်းအတားအဆီးမှာ ပျက်စီးမသွားသေးပေ။ ထိုအစား တန်ပြန်ကန်အားတစ်ခုပါ ပေါ်လာ၏။ ပထမဆုံးစူးက ပျက်စီးသွားသည်။
လှပသောအမျိုးသမီး၏အမူအရာက ပြောင်းလဲသွား၏။ သူမ အပြောကို စောင့်မနေဘဲ အရှင်ဟွေစုန်က သလင်းကျောက်ကို ပစ်လွှတ်သည်။ ၎င်းက နီးကပ်သွားပြီး အတားအဆီးမျက်နှာပြင်နားတွင် ပေါက်ကွဲ၏။
ထိုသလင်းကျောက် အံ့မခန်းစွမ်းအား ပါဝင်ကာ ၎င်းသည်ချက်ခြင်းပင် ပြင်းထန်သည့်မုန်တိုင်းတစ်ခုအသွင် ပြောင်း၏။ လှပသောအမျိုးသမီးက အံတင်းတင်းကြိတ်ကာ နောက်ထပ်ချိပ်ဟန်တစ်ခု ဖြစ်စေပြီး သူမ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။ သူမ၏ခန္ဓာကိုယ်ကနေ ပိုပိုများပြားသည့် အနက်ရောင်အခိုးအငွေ့များ ပြန့်ကြဲလာကာ သူမ၏အသွင်အပြင်မှာ နောက်တစ်ကြိမ် ထပ်ပြောင်းလဲ၏။ မထင်မှတ်စွာဖြင့် သူမက သက်လတ်ပိုင်းအရွယ်ကနေ အသက်နှစ်ဆယ်ပတ်လည်အမျိုးသမီးအရွယ်သို့ ပြောင်းလဲ၏။
သူမပတ်လည်ရှိ အနက်ရောင်အခိုးအငွေ့များက မရေမတွက်နိုင်သောအတားအဆီးများအဖြစ် ပြောင်းကာ သလင်းပျက်စီးမှုကြောင့် ဖြစ်ပေါ်သည့် အဖျက်အစီးအားနှင့် ပေါင်းစည်း၏။သူမက ထိုအဖျက်အစီးအားကို အနက်ရောင်အလင်းအတားအဆီးထံသို့ တိုက်ရိုက် တိုးဝင်စေသည်။
ကျယ်လောင်စွာမြည်ဟည်းသံနှင့်အတူ အက်သံများ ပေါ်လာ၏။ အနက်ရောင်အလင်းအတားအဆီးပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာ၏။ သို့ရာတွင် ထိုအက်ကြောင်းက အလျင်အမြန် ပြန်ပိတ်ဆို့ကာ ပုံမှန်အတိုင်း ပြန်ဖြစ်တော့မလား ထင်ရသည်။
အရှင်ဟွေစုန်က အံတင်းတင်းကြိတ်၏။ သူသည် သူ့သိုလှောင်နေရာလွတ်ထဲကနေ တစ်ခုခုကို ထပ်ထုတ်သည်။သူ့စိတ်နှလုံးပင် ကိုက်ခဲနေရပေပြီ။ ၎င်းမှာ ကျောက်စိမ်းတုန်ကင်ပြားတစ်ခု ဖြစ်၏။ ၎င်းထံကနေ အတုအပနိဗ္ဗာနလေဟာနယ်ရတနာတစ်ခု၏ အော်ရာကို ပေးစွမ်းလေသည်။ သူက ၎င်းရတနာကို ထုတ်ယူလိုခြင်း မရှိပေ။ သူ အရင်က ထုတ်ယူခဲ့သော သစ်သားပိုင်းနက်နှင့်သလင်းကျောက်တို့က အတုအပနိဗ္ဗာနရတနာ အစစ်အမှန် မဟုတ်၊ ထိုရတနာ၏ အော်ရာတစ်ချို့တစ်ဝက်သာ ပါသည်။ ၎င်းရတနာနှစ်ခုက အစွမ်းထက်သော်လည်း ဖျက်စီးခံလိုက်ရသည်ဆိုလျှင်ပင် အဆင်ပြေသေး၏။ သို့သော် အခုသူ ထုတ်ယူသည့် ကျောက်စိမ်းတုန်ကင်ကတော့ အတုအပနိဗ္ဗာနလေဟာနယ်ရတနာ အစစ် ဖြစ်သည်။ ဤရတနာသာ ဖျက်စီးခံရပါက သူ့စိတ်နှလုံး ကြေမွသလို ခံစားရပေမည်။
ထိုမြင်ကွင်းက လှပသောအမျိုးသမီး၏မျက်လုံးကို ကျဉ်းမြောင်းသွားစေကာ လေအေးတစ်ချက် ရှိုက်သွင်းမိစေသည်။သူမက အရှင်ဟွေစုန်ထံ၌ အတုအပနိဗ္ဗာနလေဟာနယ်ရတနာ မည်မျှရှိနေသည်ကို ခန့်မှန်းနိုင်စွမ်း မရှိတော့ပေ။
ထိုရတနာများက အလွန်ရှား၏။ သို့သော် ဤအတားအဆီးကို ချိုးဖျက်နိုင်ဖို့အတွက် အရှင်ဟွေစုန်သည် သုံးခုလုံးကို ဖျက်စီးပစ်ရန် ဆန္ဒရှိနေသည်။ ယင်းရတနာများက အပြင်မှာသာဆိုလျှင် ၎င်းတို့၏တန်ဖိုးမှာ တိုင်းတာ၍ပင် ရမည် မဟုတ်ပေ။
“ပျက်စီးစမ်း…” အရှင်ဟွေစုန်က အံတင်းတင်းကြိတ်ကာ အော်ဟစ်၏။ သူက ဘာမဆိုလုပ်ပေတော့မည်။
ကျောက်စိမ်းပြားက အလင်းမျက်နှာပြင်ထက်ရှိ အက်ကြောင်းထံ ဦးတည်သွားကာ ရုတ်တရက် ပျက်စီးသည်။ အရင်ရတနာနှစ်ခုထက် အဆများစွာပိုပြင်းသည့် ဖိသိပ်အားတစ်ခု ရုတ်ချည်း ပေါ်လာ၏။ ၎င်းက ကီလိုမီတာသောင်းချီအတွင်းရှိ မြူများကိုပါ သက်ရောက်စေသော မုန်တိုင်းအဖြစ်သို့ ပြောင်းသည်။
အက်သံများ ပဲ့တင်ထပ်၏။ သို့သော် အနက်ရောင်အလင်းမျက်နှာပြင်သည် တစစီ မဖြစ်သွားပေ။ သို့ရာတွင် အက်ကြောင်းကတော့ အခုချိန်၌ ပေတစ်ရာအကျယ် ရှိသွားပေပြီ။ ၎င်းအက်ကွဲမှုက ပြန်ကောင်းမွန်နေသော်လည်း ပြန်ကောင်းနှုန်းကတော့ နှေးနေခဲ့ပြီ ဖြစ်သည်။
အရှင်ဟွေစုန်က ရှေ့သို့ တိုးဝင်လာကာ လှပသောအမျိုးသမီးငယ်ကို လစ်လျူရှုလျက် အက်ကြောင်းထဲသို့ တရကြမ်း ဝင်ရောက်သွားသည်။ အမျိုးသမီးငယ်၏မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူမလည်း အက်ကြောင်းထဲ တိုးဝင်သည်။ ခဏအကြာတွင် အလင်းတန်းတစ်ခုက မြူများကြား ချိုးဖျက်လာကာ ဝမ်လင်း၏အသွင် ထွက်ပေါ်လာ၏။ သူက အက်ကြောင်းကို ကြည့်၏။သို့သော် အထဲသို့ ချက်ခြင်း မဝင်သေးပေ။ အပြင်ဘက်တွင် အတားအဆီးများစွာ နေရာချခင်းပြီးမှ သူလည်း အက်ကြောင်းထဲသို့ ဝင်ရောက်သွား၏။
***