Switch Mode

အပိုင်း (၁၂၀၀)

အရိုင်းကုန်းမြေ

ရှုယန်၏ စကားမှာ မှန်၏။ သုံးရက်တာအတွင်း ဝမ်လင်းသည် ဆယ့်ခြောက်ကြိမ် ဆေးလုံး သန့်စင်ရာတွင် နောက်ဆုံးအကြိမ်ကလွဲ၍ အကြိမ်တိုင်း ကျရှုံးခဲ့၏။ သူ ကျရှုံးတိုင်း သူသည် အကြောင်းရင်းကို ရှာဖွေသည်။ ထို့နောက် ပိုများသည် ဆေးပင်များကို ထပ်ခူးဆွတ်ယူ၏။

လွန်ခဲ့သောသုံးရက်က ဤဉယျာဉ်တွင် ဆေးပင်များနှင့် ပြည့်နေခဲ့ကာ အခုတော့ ပြောင်သလင်းခါလုနီး ဖြစ်နေသည်။ ရှုယန်၏မျက်လုံးက မနီမြန်းဘဲ မနေနိုင် ဖြစ်ရ၏။ ထိုဉယျာဉ်အတွက် သူမအများကြီး အားစိုက်ထုတ်ထားခဲ့ခြင်း ဖြစ်၏။ သူမ ကိုယ်တိုင် ဆေးလုံးများ သန့်စင်လျှင်ပင် အလွန် ဂရုစိုက်ကာ ဘယ်တော့မှ ဆေးပင်အများကြီး မသုံးပေ။

သို့ရာတွင် သုံးရက်တာအတွင်း ဆေးပင်များအားလုံးနီးပါးမှာ ကုန်လုကုန်ခင် ဖြစ်နေပေပြီ။

ဝမ်လင်း၏အိမ်ကို ကြည့်နေရင်း သူမထံ၌ဝမ်လင်းအပေါ် အကောင်းမြင်သည့် လက်ကျန်မှာ ကွယ်ပျောက်သွားခဲ့ပေပြီ။ ရှုယန်သည် ဆက်၍ သည်းမခံနိုင်တော့ သူမက အိမ်ထဲသို့ ဝရောသုန်းကား ဝင်လာ၏။ သူမသည် ပြီးပြည့်စုံသည့် ဆေးလုံးကို ကိုင်ထားရင်း ထိုင်နေသည့် ဝမ်လင်းကို မြင်သည်။

ရှုယန် အမုန်းဆုံးက သည်စန်နူးက ဆေးလုံးကို ကြည့်၍ ပြုံးဖြီးနေခြင်းပင်။ ထိုအပြုံးက ရှုယန်၏ ဒေါသကို ပိုဆွစေသည်။

“စန်နူး…” ရှုယန်သည် အံတင်းတင်း ကြိတ်၏။ အသက်ခပ်ပြင်းပြင်း ရှုသွင်း၏။ သူမက ထိုသူ၏ ကျင့်ကြံမှုအကြောင်း ပြန်တွေးမိကာ သူမ၏ ဒေါသကို ပြန်ဖိနှိပ်ပြီး ဒေါသတကြီး မပြောမိဖို့ သူမကိုယ်သူမ ထိန်းထားရသည်။

သူမ၏ ဆံပင်စကို နားနောက်သို့ ပင့်တင်ပြီးနောက် ရှုယန်က ညင်သာစွာ ပြောလာ၏။ “စန်နူး…ဆေးလုံး သန့်စင်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ ကျွန်မ ဒါကို ကြည့်လို့ ရနိုင်မလား…”

ဆယ့်ငါးကြိမ် ကျရှုံးပြီးနောက် ဉယျာဉ်ထဲရှိ ဆေးပင်အားလုံနီးပါးမှာလည်း ပြောင်နေပေပြီ။ ဆေးလုံးအတွင်း ဆယ်ကြိမ်ကျော် ပေါင်းစပ်လိုက်၊ ပြန်ထုတ်ယူခြင်း ခံရသည့် သားရဲစိတ်ဝိညာဉ်အဖြစ်မှာလည်း သေတာထက် ပိုဆိုးနေသည်။ သားရဲစိတ်ဝိညာဉ်သည် သူ ခံစားနေရသည့် ဝေဒနာ အဆုံးသပ်သွားစေရန် ဝမ်လင်းကို ဆေးလုံးဖော်စပ်ရာ၌ အောင်မြင်စေလိုနေ၏။

ဝမ်လင်းက သူ့လက်ထဲရှိ ဆေးလုံးကို ကြည့်ကာ နောင်တရသလို ခံစားမိ၏။ သားရဲစိတ်ဝိညာဉ်နှင့် ဆေးလုံး ပေါင်းစပ်ရာ၌ အာရုံစိုက်ရသည့် အသေးစိတ်အချက်များစွာ ရှိပေ၏။ ထိုအချက်များကို ကျောက်စိမ်းပြားထဲ၌ ရှင်းပြမထား၊ သူကိုယ်တိုင် အတွေ့အကြုံ ယူခဲ့ရသည်။

အခုချိန်၌ ဝမ်လင်းက ရှုယန်၏ စကားမျာကို ကြားလိုက်ရချိန်တွင် သူသည် သူ့နှာခေါင်းကို အလိုလို ပွတ်မိ၏။ သူက ရှုယန်၏ လှပသောခန္ဓကိုယ်လေးကို ကျော်ကာ ပျက်စီးလုနီးပါး ဉယျာဉ်ထံ လှမ်းကြည့်သည်။ နှစ်ပေါင်းတစ်ထောင် သူ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူသည် ရှက်ရွှံ့မှုကို အနည်းငယ် ခံစားမိလေ၏။

သူ့ညာလက်ကို ဝေ့ယမ်းကာ ဝမ်လင်းက ၎င်းဆေးလုံးကို ရှုယန်ထံသို့ ပစ်ပေးသည်။ သူက စကားပြောရန် ပြင်စဉ်မှာပင် အော်သံတစ်ခုက ကြားဖြတ်သွားသည်။

ရှုယန်သည် ဆေးလုံးကို ကြည့်ကာ မျက်လုံး ပြူးသွားသည်။ သူမ စိတ်ထဲ၌ ဒေါသဟူ၍လည်း မရှိတော့ပေ။ အခုချိန်၌ သူမ၏ ခေါင်းထဲရှိ အဖြူရောင်ပုံရိပ်၊ ခမ်းနားသည့်လက်ချောင်းတို့မှာလည်း လွင့်စင်သွားခဲ့ပေပြီ။ လွန်ခဲ့သော သုံးရက်က သူမသည် သူမ၏ ဆေးပင်များကို စိတ်ကြိုက်ယူဆောင်သည်အား အကူအညီမဲ့စွာ ကြည့်နေရခဲ့ရ၏။

အဆုံးသပ်၌ သူသည် အဆင်သုံး ဆေးလုံးကိုသာ သန့်စင်နိုင်ခဲ့၏။ အဆင့်သုံးဆေးလုံးက အဖိုးတန်ကာ အထည်ဒြပ်ယန်အဆင့်အတွက် လိုအပ်သည့် အရာတစ်ခုတော့ ဖြစ်သည်။ သို့ရာတွင် သူမ၏ ဉယျာဉ်ထဲရှိ ဆေးပင်များမှာ အဆင့်လေးဆေးလုံးကို သန့်စင်ဖို့အတွက် လုံလောက်ပေသည်။ ဆရာဦးလေးလီသာ ရှိနေပါက အဆင့်ငါးဆေးလုံးကိုပင် သန့်စင်ကောင်း သန့်စင်နိုင်မည် ဖြစ်သည်။

“စန်နူး…ငါ့ ဆေးပင်တွေ ပြန်ပေး…” ရှုယန်၏ မျက်လုံးမှာ နီရဲနေ၏။ သူမက ဝမ်လင်းထံကနေ တရားမျှတမှု တောင်းရန် ပြင်သည်။ သို့ရာတွင် သူမ ခေါင်းမော့လာချိန်၌ အခန်းထဲတွင် မည်သူမျှ ရှိမနေတော့၊ စန်နူးသည် ထွက်သွားခဲ့ပေပြီ။

ဝမ်လင်းက မိုလျိုကုန်းမြေ၏ ကောင်းကင်ထက်တွင် ပေါ်လာ၏။ သူသည် နှာခေါင်း ထပ်ပွတ်မိပြန်သည်။ သူက ခါးသက်သက်ပြုံးမိ၏။ ရှုယန်၏အသံက သူ့နားထဲသို့ ပဲ့တင်ထပ်လာသည်။

“ထားလိုက်ပါလေ…ဒါက ဆေးပင်ခြံဝန်းလေး တစ်ခုပဲကို…”

ဝမ်လင်းသည် ခေါင်းယမ်းကာ အလင်းတန်းအဖြစ် ပြောင်း၍ မိုးကုပ်စက်ဝန်းတွင် ပျောက်ကွယ်သွားတော့သည်။

ကုန်းမြေပတ်လည်ရှိ အလင်းအရံအတားကို ချိုးဖျက်ပြီးသည့်နောက် တိမ်ပင်လယ်မှာ ဝမ်လင်းအမြင်တွင် ပေါ်လာသည်။ တာအိုကျောင်းတော်ထဲရှိ ကျောက်စိမ်းပြားထဲ၌ ဆေးဝါးပညာရပ်နှင့်သားရဲစိတ်ဝိညာဉ်များကြား ဆက်နွှယ်သော အချက်အလက်များအပြင် မိုလျိုကုန်းမြေ ပိုင်ဆိုင်သည့် အဆင့်ငါးနယ်မြေ၏ ကြယ်မြေပုံတစ်ခုလည်း ပါ၏။

သူက ထိုကြယ်မြေပုံကို လေ့လာကြည့်ပြီးနောက် လူများနေထိုင်သည့် ကုန်းမြေများအပြင် နောက်ထပ် အရိုင်းကုန်းမြေများ ဟု ခေါ်တွင်သည့် ကုန်းမြေအမျိုးအစားတစ်ခု ရှိသေးကြောင်း သိခဲ့သည်။

ထိုအရိုင်းကုန်းမြေများမှာ မဟာမိတ်နှင့် အလုံးစုံတို့ ဆိုပါက လူသူကင်းမဲ့သည့်ဂြိုဟ်များနှင့် တူညီသည်။ သို့ရာတွင် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ထိုအရိုင်းကုန်းမြေများတွင် အနက်ရောင်မျှော်စင်များ ရှိမနေပေ။ ထို့ကြောင့် ၎င်းတို့ကို ကြယ်မြူခိုးများက ခြုံလွှမ်းထား၏။ ၎င်းတို့က ကြမ်းကြုတ်သောသားရဲများအတွက် ခိုနားရာ ဖြစ်လာခဲ့လေသည်။

အချို့တန်ဖိုးရှိ ဆေးပင်များသည်လည်း ထိုကဲ့သို့ ကုန်းမြေများပေါ်တွင် မကြာမကြာ ပေါက်ရောက်တတ်လေ၏။

သူ့စိတ်ထဲရှိ ကြယ်မြေပုံအတိုင်း ဝမ်လင်းက ကြယ်မြူခိုးများကြား တိုးဝင်လာ၏။ ကြယ်မြူခိုးများမှာ တိမ်များကဲ့သို့ပင်။ သူ့အမြင်ကို ဖုံးအုပ်သည့်အပြင် ၎င်းမြူခိုးများက သူ့နတ်ဘုရားအာရုံကိုလည်း အဝေးသို့ ဖြန့်ကျက်နိုင်ခြင်းကနေ ကာဆီးတတ်၏။ ဝမ်လင်းက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းနှင့် အစိမ်းသပ်သပ် ဖြစ်ရာ ထို့ကြောင့် သူက အရှိန်လျော့၍သာ သွားနိုင်၏။

မိုလျိုကုန်းမြေအနီးအနားရှိ အရိုင်းကုန်းမြေတစ်ခုပေါ်၌ သားရဲများသည် နှစ်ပေါင်းများစွာ ရှိလာသည့်အခါ ပို၍ များလာခဲ့၏။ ၎င်းက မူလကလန်၏ တပည့်များ လေ့ကျင့်ဖို့အတွက်လည်း နေရာတစ်ခု ဖြစ်သည်။ အချို့အဆင့်နိမ်သားရဲများသာ ရှိသည့် နေရာများတွင်တော့ ဆေးပင်အများစုမှာ အပြောင်ရှင်းခံထားရပြီး ဖြစ်သည်။

ထိုကဲ့သို့ နေရာမျိုးကိုလည်း ဝမ်လင်းသည် ရွေးချယ်လိမ့်မည် မဟုတ်ပေ။ သူက အရိုင်းကုန်းမြေ၏ ပိုဝေးသော နေရာသို့ သွားပေမည်။ ထိုနေရာတွင် ရက်စက်ကြမ်းကြုတ်သည့် သားရဲများ ရှိကာ ကျင့်ကြံသူတော်တော်များများ ရှာဖွေခြင်း မပြုရသေးချေ။ ထို့ကြောင့် ဤကဲ့သို့သော နေရာမျိုးတွင် ပိုများပြားသည့် ဆေးပင်ပမာဏ ရှိပေမည်။

ဝမ်လင်းသည် မြန်သထက် မြန်မြန် ရွှေ့လျားနေ၏။ သူ့နတ်ဘုရားအာရုံကိုတော့ ပေတစ်သောင်းအတွင်း ဖြန့်နိုင်၏။ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဆိုပါက ပေတစ်ထောင်သာ ရောက်ရှိနိုင်မည်။ နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည်သာ သူတို့၏ နတ်ဘုရားအာရုံကို ပေတစ်သောင်းအတွင်း ရောက်ရှိစေနိုင်သည်။

လမ်းတစ်လျှောက်တွင် ဝမ်လင်း၏ နတ်ဘုရားအာရုံအတွင်း၌ အမျိုးမျိုးသော ထူးဆန်းသည့် သားရဲများ ပေါ်လာနေ၏။ ထိုသားရဲများအားလုံးမှ မသတီစရာ ကောင်းသည်။ တစ်မျိုးဆို ရှည်မြောမြော၊ ကြေးခွံငါး ဖြစ်၏။ ၎င်းက ပါးစပ်ဟချိန်တွင် ချွန်မြသည့် သွားများကို မြင်နိုင်၏။ ၎င်းထံကနေ ငါးညှီနံ့ကိုလည်း ပေးနေသည်။

နဂါးနှင့်တူသော သားရဲအချို့လည်း ရှိ၏။ သို့သော် ၎င်းတို့၏ ခန္ဓာကိုယ်က ပေရာချီသာ ရှိ၏။ ထိုအနီရောင်သားရဲများသည် အုပ်စုလိုက်နေကာ လျှပ်စီးတန်းအလား သွားလာကြသည်။

ထို့အပြင် ဝမ်လင်း တွေ့မြင်ခဲ့ဖူးသော မြေနိမ့်သားရဲကဲ့သို့ သားရဲမျိုးလည်း ရှိသည်။ သို့သော် ၎င်းတို့က များစွာ ပိုသေးငယ်ပြီး ပေထောင်ချီလောက်သာ ရှိသည်။ ထိုသားရဲများ၏ အရှိန်မှာ နှေးသည်။သို့သော် အနီရောင်သားရဲများသည် ၎င်းတို့ကို ရှောင်၍ သွားရသည်။

ရူဒီထံ၌ ရှိခဲ့သော ဖားလောင်းနှင့်တူသည့် သားရဲမျိုးလည်း ရှိသည်။ ၎င်းတို့က မြူများကြား ပုန်းကွယ်ကာ ကွယ်ဝှက်သည့်ဖိအားကို ပေး၏။ သို့ရာတွင် ၎င်းသားရဲများမှာ ဝမ်လင်း၏နတ်ဘုရားအာရုံကို ခံစားမိသည့်အခါ အားလုံး နောက်သို့ အမြန် ဆုတ်ကြသည်။

မြူများကြား ဖြတ်သန်းသွားနေရင်း ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်သည်။ သိုလှောင်နေရာလွတ် ပွင့်ဟလာကာ တစီစီအသံများ ထွက်ပေါ်လာရင်း ခြင်သားရဲများ ပျံသန်းထွက်လာသည်။

ခြင်သားရဲဒါဇင်သည် ပျံသန်းထွက်လာကာ ပျော်ရွှာစွာ အော်သံ၊ဟိန်းသံများ ပေး၏။ အထူးသဖြင့် ဝမ်လင်း၏ ခရမ်းရောင်ခြင်သားရဲပင်။ ဝမက ပျော်ရွှင်စွာ ပျံသန်း၍ ထွက်သွား၏

ဝမ်လင်းသည် ဖျပ်ခနဲပင် ၎င်းခြင်သားရဲပေါ်သို့ ရောက်သွားကာ ထိုင်ချ၏။ ဝမ်လင်း၏အမိန့်ကိုပင် စောင့်မနေတော့ဘဲ ၎င်းခြင်သားရဲက ရှေ့တည့်တည့်သို့ တဟုန်ထိုး ပျံသန်းကာ မြူများကြား ၎င်း၏အပေါင်းအပါများနှင့်အတူ ပျံသန်းသွားလေသည်။

မြူများကြား၌ နေ့လား၊ညလား ခွဲခြားသတိပြုမိဖို့ရာ ခက်လှ၏။ သိပ်သည်းသောမြူများက အရာအားလုံးကို ဝန်းရံထားသည်။

အနည်းငယ် တွက်ချက်ပြီးနောက် ဝမ်လင်းက သုံးရက်ရှိပြီ ဖြစ်ကြောင်း တွက်ချက်၏။ သူ့အမြန်နှုန်းဖြင့်ဆို သူသည် မိုလျိုကုန်းမြေ၏ အဝေးတွင် ရောက်နေကာ ကြယ်မြေပုံတွင် မှတ်သားထားသည့် အန္တရာယ်ရှိသော အရိုင်းကုန်းမြေနှင့် နီးလာပြီ။

ဝမ်လင်း၏ နတ်ဘုရားအာရုံတွင် ဧရာမအရိပ်ကြီးတစ်ခု ထင်လာဖို့ငှာ အချိန်သိပ်မကြာလိုက်ပေ။ ထိုအရိပ်ကြီးက ကောင်းကင်ဘုံကို ဖုံးအုပ်စေလောက်သည့်အထိ လုံလောက်အောင် ကြီးမားသည်။ သူက ၎င်းထံကနေ ဟိန်းသံများ ထွက်ပေါ်နေသည်ကိုပါ ခပ်ရေးရေး ကြားရ၏။

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့အောက်ရှိ ခြင်သားရဲကလည်း သတိထားလာသည်။ သူတို့ နီးကပ်လာသည့်အခါ ထိုအရိပ်မှာ ပို၍ ကြည်လင်လာသည်။ ၎င်းက ကြီးမားလှသည့် အရိုင်းကုန်းမြေပင်။

ဝမ်လင်းသည် ခြင်သားရဲပေါ်ကနေ ခုန်ဆင်းကာ မြူများကြား ထွင်းဖောက်၍ ၎င်းအရိုင်းကုန်းမြေပေါ်တွင် ခြေချသည်။ သည်နေရာမှာ ကြယ်မြူခိုးများနှင့် ပြည့်နေ၏။ သူ့နတ်ဘုရားအာရုံသာမက သူ ကုန်းမြေပေါ်သို့ ခြေချစဉ်ပင် ၎င်းနေရာသည် ဟင်းလင်းပြင်ကနေ ခွဲခြားဖို့ရာ ခက်လှသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ အကွာအဝေးတစ်ခုမှ သားရဲဟိန်းသံများနှင့်အတူ ငြိမ်သက်နေသည်။ ထိုဟိန်းသံများက ဤနေရာမှာ မြင်ရသလောက် မအေးချမ်းကြောင်း ညွှန်ပြနေ၏။

မြေပြင်ထုတွင် သဲနက်များပါ၏။ ဝမ်လင်းက သဲပေါ်တွင် ဖြည်းဖြည်းချင်း လျှောက်သွားရင်း အပျက်အစီးပုံတစ်ခုရှေ့သို့ ရောက်လာခဲ့သည်။ ထိုနေရာမှာ သေမျိုးမြို့တော်တစ်ခု ဖြစ်ခဲ့မှန်း သိသာသည်။ သို့သော် မည်သည့်အသက်ဓာတ်လက္ခဏာမှ ရှိမတော့ပေ။ အဆောက်အဦများသည် ပျက်စီးကာ ခြောက်သွေ့နေသည့် သွေးကွက်များလည်း ရှိနေသည်။

ထိုအခိုက်အတန့်၌ အိမ်ပျက်တစ်လုံးထဲကနေ အနက်ရောင်အရိပ်တစ်ခု ထိုးထွက်လာ၏။၎င်းက ဟိန်းသံ ပေးကာ ဝမ်လင်းထံသို့ တိုးဝင်လာ၏။ ထိုအရိပ်မှာ ပေဒါဇင်ချီ ရှည်၍ ဝမ်လင်းထံ လျှပ်စီးတန်းအလား တိုးဝင်လာခြင်းပင်။

ဝမ်လင်းက တည်ငြိမ်လျက် ရှိ၏။ သူ လှုပ်ရှားရန်ပင် မလို၊ ခြင်သားရဲက ထိုးထွက်ကာ ၎င်းအရိပ်ထံ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ထိုအရိပ်၏ ခန္ဓာကိုယ်မှာ တုန်ယင်၍ ခြင်သားရဲ၏ ပါးစပ်က ၎င်း၏ခေါင်းကို ထွင်းဖောက်သွားပေပြီ။ ထို့နောက် ခြင်သားရဲသည် စုပ်ယူရာ ထိုအနက်ရောင်အရိပ်မှာ ကျုံ့သွားလေ၏။

ခြင်သားရဲ ၎င်း၏မျက်လုံးထဲတွင် အထင်သေးဟန်ဖြင့် နောက်သို့ ပြန်လည် ပျံသန်းလာ၏။

ဝမ်လင်းက ခြင်သားရဲခေါင်းကို ပုတ်ကာ ရှေ့သို့ လက်ညှိုးထိုးပြသည်။ ခြင်သားရဲဘုရင်က ၎င်း၏ မျိုးနွယ်တူ ဆယ်ကောင်ကျော်ကို ဦးဆောင်ကာ အပျက်အစီးပုံထံ ပျံသန်းသွားတော့သည်။

၎င်းတို့ ပျံသန်းသွားချိန်၌ အိမ်ပျက်အအောက်အဦပျက်များထဲကနေ များပြားသည့်အရိပ်များ ထိုးထွက်လာကြ၏။ အနည်းဆုံး ဒါဇင်ချီ ပေမည်။ ၎င်းတို့က ဟိန်းသံများ ပေးကာ ခြင်သားရဲများထံ ဦးတည်ဝင်လာကြသည်။

ဝမ်လင်း၏ နတ်ဘုရားအာရုံဖြင့် သူက ၎င်းတို့မှာ အနက်ရောင်လူဝံများဖြစ်မှန်း ချက်ခြင်း သိသည်။ ၎င်းတို့က ရှုယန် သောက်သုံးခဲ့သည့် ဆေးလုံးထဲရှိ လူဝံနှင့် ချွတ်ဆွတ်တူသည်။

“စိတ်ဝိညာဉ်တွေကို ဒီအတိုင်း ချန်ထားလိုက်…” ဝမ်လင်းအသံက အပျက်အစီးပုံကြား ပဲ့တင်ထပ်သည်။ ခြင်သားရဲများနှင့် လူဝံသားရဲများသည် အဆင့်မတူပေ။ ထို့ကြောင့် တိုက်ပွဲမှာ သိပ်မကြာခင်တွင် အပြီးသပ်သွား၏။ လူဝံများ တစ်ကောင်ပြီးတစ်ကောင် သေဆုံးကာ ပြင်းထန်သောသွေးနံ့သာ ကျန်ခဲ့လေသည်။

ခြင်သားရဲ ဆယ်ကောင်ကျော်က ဝမ်လင်းထံ ပြန်လည် ပျံသန်းလာကြ၏။ ၎င်းတို့က ဟိန်းမြည်ကာ သားရဲစိတ်ဝိညာဉ်များကို ထွေးထုတ်ပေးကြ၏။ ဝမ်လင်းက ၎င်းသားရဲစိတ်ဝိညာဉ်တို့ကို သိမ်းဆည်းလိုက်သည်။

သွေးနံ့များကြောင့် ပိုဝေးသောနေရာရှိ သားရဲဟိန်းသံများမှာ ပို၍ ကျယ်လောင်လာ၏။ မြေပြင်သည် စတင် တုန်ခါလာသည်။ လေပြင်းများ ပေါ်လာကာ ၎င်းရှေ့ရှိ မြူများကိုပင် လွင့်စင်စေသည်။

ဝမ်လင်းက အပျက်အစီးပုံများကြား လျှောက်နေရင်း သူ့ဟန်ပန်မှာ တည်ငြိမ်၏။ သူက ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ကြည့်ပြီးနောက် မည်သည့်ဆေးပင်မှ မတွေ့သည့်နောက် ထွက်ခွာလာ၏။

သူ့ပုံရိပ်က မြူများကြား ဖြတ်သန်းသွားနေ၏။ သူ့ထံကနေ ပြင်းထန်သောသတ်ဖြတ်လိုသည့် စိတ်ဆန္ဒကို ပေးစွမ်းသည်။ သူသည် မည်သည့်သားရဲထက်မဆို ပိုကြမ်းကြုတ်သည့် အော်ရာ ပိုင်ဆိုင်ထား၏။ ခြင်သားရဲများကတော့ သူ့အား လှည့်ပတ်ရင်း အော်ဟစ်မြည်နေကြ၏။

ထိုကြမ်းကြုတ်သည့်အော်ရာရှေ့မှောက်၌ အကွာအဝေးတစ်ခုမှ ဟိန်းသံများသည် တဖြည်းဖြည်း အားနည်းလျက် ပျောက်ကွယ်သွားရလေ၏။ မြေပြင်တုန်ခါမှုမှာလည်း ရပ်တန့်သွားကာ လေပြင်းမှာ ပျောက်ကွယ်သွားပေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset