Switch Mode

အပိုင်း (၁၀၉၀)

နိဗ္ဗာနကြိုမြင်ခြင်း အထွတ်အထိပ်

ရှေးဟောင်းဟင်္သာငှက်နတ်ကလန်သည် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့ဟန် တူ၏။ ယနေ့အချိန်၌ သည်ကလန်နာမည်မှာ အချို့ကျင့်ကြံသူ၏ စိတ်ထဲ၌ ရှိပင် မရှိကြတော့ပေ။

နတ်လေးပါးကလန်သည် အချိန်ကြာမြင့်လှကတည်းက နာမည်ဂုဏ်သတင်း လွင့်ပါးသွားခဲ့ပြီ ဖြစ်၏။ သူတို့၏ အစောပိုင်း တောက်ပမှုများမှာလည်း အတိတ်၏မှတ်ဉာဏ်သာ ဖြစ်ခဲ့ကာ အချိန်တိုက်စားမှုအောက်၌ တဖြည်းဖြည်း မေ့ပျောက်သွားခဲ့ကြပြီ ဖြစ်သည်။

အစွမ်းထက်ကျင့်ကြံသူ အနည်းငယ်ကသာ နတ်လေးပါးကလန်ကို လေးစားနေမြဲ ရှိခဲ့၏။ ထိုသူတို့ကတော့ နတ်လေးပါးကလန် ဟု အမည်နာမကို ကြားသည့်နှင့် သူတို့၏ စိတ်နှလုံးအတွင်းကနေကို ထိတ်လန့်မှု ဖြစ်ပေလိမ့်မည်။

နတ်လေးပါးကလန်သည် ခုလက်ရှိ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ကြီးထက်ပင် ပို၍ အားကောင်းကာ ဆန်းကြယ်နေခဲ့သည်။ တောက်ပသောလေဟာနယ်နယ်မြေကပင် ထိုနတ်လေပါးကလန်အပေါ် စိုးရွှံ့ခဲ့ရသည်။

ထို့အတွက်ကြောင့် သူတို့က ကျင့်ကြံခြင်းမဟာမိတ်နှင့် မဟာမိတ်ဖွဲ့ခဲ့ကြပြီး စုပေါင်းတိုက်ခိုက်ခဲ့ကြရာ နတ်လေးပါးကလန်ကို အားအနည်းဆုံးအခြေအနေထိ တွန်းပို့နိုင်စွမ်း ရှိခဲ့ကြသည်။

နတ်လေးပါးကလန်ကို ထိုသို့ အားနည်းသွားအောင် ပြုလုပ်နိုင်ခဲ့သည်ကလည်း ကလန်၏ အစွမ်းထက်ဆုံး အဇူရာနဂါးနတ်အင်ပါယာ ပျောက်နေမှုနှင့် ထိန်လန့်စရာအကောင်းဆုံး ဟင်္သာငှက်နတ်အင်ပါယာ သူ့ တတိယအဆင့်ကျင့်ကြံခြင်း ကောင်းကင်ဘုံဒုက္ခ အဆင့်သို့ ဝင်ရောက်နေသည့် သတင်းတို့ ပေါက်ကြားခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ထိုသတင်းပေါက်ကြားမှုက နတ်လေးပါးကလန်အတွက် မမျှော်လင့်ဘဲ အခြေအနေဆိုးတစ်ခုသို့ ဆိုက်ရောက်ခဲ့ရခြင်းပင်။

မည်သို့ပင်ဖြစ်ဟေ နတ်လေးပါးကလန်သည် မဟာမိတ်အဖွဲ့ကို တိုက်ခိုက်နိုင်သည့်အထိ လုံလောက်အောင် သန်မာနေဆဲသာ ဖြစ်ခဲ့သည်။ သူတို့က တောက်ပသောလေဟာနယ်နယ်မြေကိုပင် မကြောက်ရွှံ့ခဲ့ကြချေ။တကယ်တော့ အမျိုးမျိုးသော အကြောင်းများကြောင့် တောက်ပသောလေဟာနယ်နယ်မြေသည် နတ်လေးပါးကလန်ကို တိုက်ခိုက်ရာ၌ လျှို့ဝှက်၍သာ ကူညီပေးနိုင်ခဲ့ကြသည်။သူတို့ ပါဝင်လာလျှင်ပင် နတ်လေးပါးကလန်သည် နတ်လေးပါးရတနာများကို အသက်သွင်း၍ တိုက်ခိုက်မှု လုပ်နိုင်ပေသည်။

သို့သော်လည်း နတ်လေးပါးကလန် မဟာမိတ်အဖွဲ့အစည်းနှင့် တိုက်ခိုက်ခဲ့ကြစဉ် အရေးကြီးသည့်အခိုက်၌ မထင်မှတ်ထားဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ကာ နောက်ဆုံးတွင် နတ်လေးပါးကလန်ကို အဆင့်လျော့ကျသွားခဲ့စေတော့သည်။

နတ်လေးပါးကလန်မှ လိပ်နက်နတ်အင်ပါယာ၊ သူ့တပည့်ရင်းသုံးယောက်နှင့် သူ့ကလန်မှ အများစုသည် ထိုတိုက်ပွဲအတွင်း နတ်လေးပါးကလန်ကို သစ္စာဖောက်ခဲ့ကြခြင်းပင်။ ထိုမျှသာမက အရေးကြီးသည့် တိုက်ပွဲအချိန်အတွင်း လိပ်နက်အင်ပါယာက ဟင်္သာငှက်နတ်အင်ပါယာကို အလစ်တိုက်ခိုက်ခဲ့သေး၏။ သူက အောင်မြင်ခဲ့ခြင်း မရှိသော်လည်း ဟင်္သာငှက်နတ်အင်ပါယာ၏ ဖိနှိပ်ထားသည့် တတိယကောင်းကင်ဘုံဒုက္ခကို ပေါက်ကွဲထွက်စေခဲ့သည်။

သွေးမျိုးဆက် အမွေအနှစ်ကို ဆက်ခံထားသည့် နတ်လေးပါးကလန်အတွက် သည်လိုသစ္စာဖောက်မှုမျိုးက လုံးဝ မယုံကြည်နိုင်စရာ ဖြစ်ခဲ့သည်။ လိပ်နက်နတ်အင်ပါယာနှင့် သူ့ကလန်ဝင်အများအပြားတို့၏ သစ္စာဖောက်မှုက ကျင့်ကြံခြင်းမဟာမိတ်နှင့် စစ်ပွဲကို အံ့မခန်းပြောင်းလဲသွားစေခဲ့သည်။

အစကတည်းက အဇူရာနဂါးနတ်အင်ပါယာ ပျောက်နေမှု၊ နတ်လေးပါးရတနာများ ၎င်းတို့၏ စွမ်းအားတော်တော်များများ ဆုံးရှုံးနေမှု ရှိခဲ့သည်။ လိပ်နက်နတ်အင်ပါယာက နတ်လေးပါးကလန်ကိုပါ သစ္စာဖောက်ခဲ့သည့်အတွက် ထိုကလန်၏စွမ်းအားများကို များစွာ ပိုအားနည်းသွားစေခဲ့တော့သည်။

ယနေ့ခေတ်အချိန်ထိပင် နတ်လေးပါးအင်ပါယာများထဲမှ တစ်ပါး ဖြစ်သည့် လိပ်နက်နတ်အင်ပါယာက သူ့ကလန်ကို ဘာကြောင့် သစ္စာဖောက်ခဲ့ရသည်ကို မည်သူကမျှ မသိခဲ့ကြပေ။ သည်ဖြစ်စဉ်တစ်ခုလုံးက ဖြေရှင်းမရသေးသည့် ဆန်းကြယ်မှု တစ်ခုအဖြစ် ရှိနေခဲ့တော့သည်။

သစ္စာဖောက် လိပ်နက်နတ်အင်ပါယာက ကျင့်ကြံခြင်းမဟာမိတ်ဘက်ကနေ အားဖြည့်ခဲ့၏။အတိတ်က ထိုတိုက်ပွဲသည် ကြယ်အဖွဲ့အစည်းကြီးတစ်ခုလုံးကို လှုပ်ခတ်စေကာ နေရာအနှံ့တွင် အလောင်းများ ပြန့်ကြဲစေခဲ့သည်။

သို့သော်လည်း ကျင့်ကြံခြင်းမဟာမိတ်က နတ်လေးပါးကလန်ကို လျော့တွက်မိခဲ့ဆဲပင်။ သစ္စာဖောက်ခံရသည့်နောက် ဟင်္သာငှက်နတ်အင်ပါယာက သူ့တတိယမြောက်ကောင်းကင်ဒုက္ခအဆင့်ကို ရင်း၍ စွန့်စားကာ ကြယ်များကြား၌ မီးတောက်ပင်လယ်များ ပြည့်နှက်စေခဲ့သည်။ထို့နောက် သူက ကိုယ်ပွားဆယ်ခုကို ခွဲကာ အရူးအမူး တန်ပြန်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်။

ထိုတိုက်ပွဲမှာ ကြောက်ခမန်းလိလိပင်။

အဆုံးသပ်၌ နတ်လေးပါးကလန်က အရေးနိမ့်သွားခဲ့ရ၏။ တောက်ပသောလေဟာနယ်နယ်မြေကလည်း ထိုတိုက်ပွဲအတွင်းသို့ ပါဝင်မသတ်ပါဟု သူတို့၏ ကတိစကားကို ဖောက်ဖျက်ကာ စစ်ပွဲအတွင်း ဝင်လာခဲ့၏။ သူတို့၏ ရည်ရွယ်ချက်ကတော့ နတ်လေးပါးကလန်ကို အမြစ်ကနေ ရှင်းထုတ်ပစ်ရန် ဖြစ်ခဲ့သည်။

သို့သော်လည်း သူတို့သည် နတ်လေးပါးကလန်ကို လျှော့တွက်မြဲ ဖြစ်ခဲ့ကြ၏။ ဟင်္သာငှက်နတ်အင်ပါယာက သူ့ကိုယ်ပွားရှစ်ခုကို ဆုံးရှုံး၍ သူ့မူလခန္ဓာကိုယ်သည် ပျက်စီးလုနီးပါး ဖြစ်ခဲ့ချိန်၌ စိတ်ဆန္ဒတစ်ခုကို ချန်ထားခဲ့၏။

ထိုစစ်ပွဲအတွင်း အဇူရာနတ်နဂါးကလန်မှာ များစွာထိခိုက်ခဲ့ရ၏။ ကလန်ဝင် ဆယ်ယောက်တွင် တစ်ယောက်၊နှစ်ယောက်သာ ရှင်သန်ခဲ့ကြသည်။ လိပ်နက်နတ်ကလန်ကမူ ပျက်စီးလုနီးပါး ဖြစ်ခဲ့၏။

ကျားဖြူနတ်အင်ပါယာကတေ့ မဟာမိတ်၏ ပထမတန်းအကြီးအကဲအုပ်စုဝင်များစွာနှင့် တောက်ပသောလေဟာနယ်နယ်မြေမှ လူအများအပြားကို သတ်ဖြတ်ခဲ့၏။ အဆုံးသပ်၌သူ သေဆုံးခါနီးအချိန်တွင်ပင် သူ့ခန္ဓာကိုယ်သည် မပြိုပျက်သွားခဲ့ဘဲ စစ်ပွဲအတွင်း မားမားရပ်ကာ ကျင့်ကြံခြင်းမဟာမိတ်၏စစ်တပ်ကို ပိတ်ဆို့တားဆီးခဲ့၏။ သူ့ထံကနေ ထွက်ပေါ်နေသည့် မွန်းစတားဆန်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မရေမတွက်နိုင်သောလူများကို တုန်လှုပ်စေကာ မည်သူမျှ ရှေ့ဆက်မတိုးဝံခဲ့ကြသလား ထင်မှတ်ရသည်။

သည်ကြောက်မက်ဖွယ်စစ်ပွဲကြီးက ထိုနေရာတွင် အဆုံးသပ်ခဲ့၏။ နှစ်ဖက်လုံး ကြီးမားစွာ ဆုံးရှုံးခဲ့ရသည်ဟုလည်း ပြော၍ရသည်။ နတ်လေးပါးကလန်က ရှုံးနိမ့်ခဲ့၏။ သို့သော် ကျင့်ကြံခြင်းမဟာမိတ်သည်လည်း များစွာ ထိခိုက်ပျက်စီးခဲ့ရသည်သာ ဖြစ်သည်။တောက်ပသောလေဟာနယ်နယ်မြေသည်ပင် နတ်လေးပါးကလန်ကို အမြစ်ဖျက်မည့် သူတို့၏ မူလအစီအစဉ်ကို ရပ်တန့်ခဲ့ရသည်။ သူတို့က နတ်လေးပါးကလန်ကို အမြစ်မဖျက်ချင်ခဲ့၍ မဟုတ်၊ သူတို့ထိုသို့ ဆက်လုပ်ခဲ့လျှင် အနိုင်ရနိုင်ဖို့ ပေးဆပ်ရမည့်တန်ဖိုးကို တောင့်မခံနိုင်ခဲ့ကြခြင်းသာ ဖြစ်သည်။

တကယ်တော့ နတ်လေးပါးကလန်သည် ကောင်းကင်နှင့်မြေကြီးကိုပင် ထက်ပိုင်းခြမ်းနိုင်သည်ဟုသည့် ကောလဟာလ ရှိခဲ့သည် မဟုတ်လား။ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းနှင့် တောက်ပသောလေဟာနယ်နယ်မြေတို့က နတ်လေးပါးကလန်ကို တကွဲတပြား ရှုံးနိမ့်စေခဲသည့် အခြေအနေရောက်အောင် လုပ်နိုင်ခဲ့သော်လည်း နတ်လေးပါးကလန်က သူတို့ကလန်တစ်ခုလုံးကို လွယ်လင့်တကူ စတေး၍ သူတို့ကိုပါ တပါးတည်း ခေါ်သွားနိုင်ပေသည်။

ထိုစစ်ပွဲကြီး ပြီးသည့်နောက်တွင်တော့ နတ်လေးပါးကလန်မှာ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ကြသည်။ နှစ်ပေါင်းသောင်းချီအတွင်း သူတို့သည် လုံးဝ ထွက်မပေါ်လာလုနီးပါးပင်။ သူတို့က ထွက်ပေါ်လာခဲ့လျှင်ပင် ဂြိုဟ်အနည်းငယ်ကိုသာ သိမ်းပိုက်ခဲ့ကြ၏။ သည်လိုနည်းလမ်းဖြင့် သူတို့က မဟာမိတ်အဖွဲ့အစည်းထဲ၌ မထင်မရှား ရောယှက်နေခဲ့ကြသည်သာ ရှိတော့သည်။ဟင်္သာပြဒါးဂြိုဟ်က ဥပမာတစ်ခုပင်။

သို့သော်လည်း အခုချိန်၌ ကြယ်များကြားရှိ ကီလိုမီတာထောင်ချီ ကြီးမားသည့် ဟင်္သာငှက်၏သွင်ပြင်က နတ်လေးပါးကလန်၏ သင်္ကေတ ဖြစ်သည်မှာ ရှင်းလင်းနေခဲ့သည်။ သူတို့က ကြယ်အဖွဲ့အစည်းကြီးအတွင်း တဖန် ပေါ်ထွက်လာခဲ့ကြသည်လား။

လမ်းတစ်လျှောက်၌ ဟင်္သာငှက်ကြောင့် ဥက္ကာခဲများပင် ပြာမှုန်ဘဝသို့ ရောက်ခဲ့ရ၏။ ထိုအဖြစ်က မဟာမိတ်မှကျင့်ကြံသူများစွာကို တုန်လှုပ်စေကာ သူတို့သည် စတင် တွက်ချက် ခန့်မှန်းကြကုန်၏။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသည်ပင် ဟင်္သာငှက်ထွက်ပေါ်လာသည့် သတင်းကို ရရှိခဲ့ကြ၏။ ထိုသတင်းကို ကြားလိုက်ရသည့်အချိန်၌ အရှင်မီးတောက်သည် အားပါးတရ ရယ်မောခဲ့လေတော့သည်။

ခုချိန်၌ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနှင့် မဟာမိတ်ကြယ်အဖွဲ့အစည်းတို့ကြား စစ်ပွဲကလည်း အစပြုကာ ပိုပိုကြမ်းလာနေခဲ့ပြီ ဖြစ်၏။ အလုံးစုံကောင်းကင်က မဟာမိတ်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေကို အခြေပြုကာ ရှေ့သို့ ဆက်၍ တိုက်ခိုက်နေကြသည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူများစွာလည်း မဟာမိတ်ကြယ်အဖွဲ့အစည်းထံသို့ ပိုပို ရောက်လာနေကြသည်။ သူတို့က မဟာမိတ်ကို အင်အားပြည့် တိုက်ခိုက်ရန် တာဆူနေကြလေပြီ။

ဝမ်လင်းကတော့ ထိုအဖြစ်အပျက်များကို မသိပေ။ ခုချိန်၌ သူက ဂူထဲ၌ ထိုင်နေကာ မျက်လုံးမှိတ်လျက် ကျင့်ကြံလို့နေသည်။ လိုအပ်တိုင်း သူက ဝါးမြိုရန် မူလစိတ်ဝိညာဉ်တစ်ခုကို ထုတ်ယူနေ၏။ကံကောင်းစွာဖြင့် သူ့သိုလှောင်အိတ်ထဲ၌ လုံလောက်သောမူလစိတ်ဝိညာဉ်များ ရှိနေခြင်းပင်။

သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်လှည့်ပတ်မှုက မြန်သထက်မြန်လာ၏။ သူ့ခန္ဓာကိုယ် ပတ်လည်၌ အားကောင်းသောအော်ရာတစ်ခု ခြုံလွှမ်းနေကာ သည်ဧရိယာကို မုန်တိုင်းတစ်ခုအလား ရိုက်ခတ်နေသည်။

သူရှိနေသော ဂူက မကြီးမားလှပါ။ အော်ရာမုန်တိုင်းကြောင့် ဂူနံရံထက်မှ ကျောက်စကျောက်နများ ပဲ့ဆင်းကျနေ၏။ သို့သော် ဝမ်လင်းက ထိုအရာများကို သတိမမူမိပေ။ သူက အဆင့်ချိုးဖျက်ဖို့ အရေးတကြီး အခိုက်အတန့်သို့ ရောက်ရှိနေသည် မဟုတ်လား။

မည်သည့်ကျောက်စကျောက်နမှ သူ့အပေါ်သို့ ကျရောက်ခြင်းမရှိဘဲ ငွေရောင်အမျိုးသမီးက ၎င်းတို့ကို ခြေမွဖျက်စီးပေးနေ၏။

မူလစိတ်ဝိညာဉ်များမှ ထွက်ပေါ်နေသည့် မူလစွမ်းအင်များကို ဝမ်လင်းက ဝါးမြိုပစ်နေပြီး ၎င်းစွမ်းအင်များက သူ့မူလစိတ်ဝိညာဉ်ထဲ၌ အရူးအမူး စုဝေးနေသည်။ ဟင်္သာငှက်နိုးထာမလာခင်၊ သူ့မူလစွမ်းအင်ထဲ၌ တော်ဝင်မီးတောက် မပါဝင်ခဲ့ချိန်ကဆိုပါက သူသည် အဆင့်ချိုးဖျက်ပြီးနေလောက်ပြီ ဖြစ်၏။

သို့သော်လည်း ဝမ်လင်း၏မူလစွမ်းအင်များမှာ မီးတောက်များ ပါဝင်နေသည်။ထို့ကြောင့် သူဝါးမြိုသည့် မူလစွမ်းအင်များကို ပြုပြင်ပြောင်းလဲကာ သူ့မူလစိတ်ဝိညာဉ်ထဲ၌ သန့်စင်မွန်းမံနေရသည်။

၎င်းက ကထိကရပိုများသော်လည်း အောင်မြင်သည်နှင့် ဝမ်လင်း၏ခွန်အားက အဆများစွာ ပိုတိုးတက်လာမည်လည်း ဖြစ်၏။

မူလစွမ်းအင်မြောက်များစွာထဲ၌ ပြင်းထန်သောမီးတောက်များ ပါဝင်နေမှုက ဝမ်လင်း၏ခန္ဓာကိုယ်ကနေ အပူစွမ်းအင်အများအပြားကို ထုတ်လွှတ်ပေးနေစေ၏။ ဂူတဖက်တချပ်စီသည် နီရဲကာ ပြိုပျက်လာရ၏။

ငွေရောင်အမျိုးသမီးအလောင်းက မျက်မှောင်ကြုတ်သွား၏။သို့သော် သူမက ခြေလှမ်းတစ်ဝက်ပင် မလှုပ်ရှားပေ။

ဝမ်လင်း၏အော်ရာက ပိုပိုသန်မာလာနေရင်း သူ့ခန္ဓာကိုယ်မှ မူလစွမ်းအင်များကလည်း ပိုအားကောင်းလာနေတော့သည်။ ကျယ်လောင်စွာ တုန်ဟီးမှုက ဂူကို တုန်ခါစေကာ အလျင်အမြန် ပျက်စီးလာနေစေ၏။

ဝမ်လင်း ထိုင်နေသော မြေပြင်မှာ ရုတ်တရက် အက်လာ၏။ ထိုမြေပြင်သည် ကျွံထွက်လာရင်း ဝမ်လင်းသည် အောက်သို့ ဆင်းကျနေသည်။ သူ့ပတ်လည်ရှိ စွမ်းအင်မုန်တိုင်းက ပဲ့ကျလာသည့် ကျောက်စကျောက်နများကို အဝေးသို့ လွင့်နေစေသည်။ ခုချိန်၌ ဝမ်လင်း၏မုန်တိုင်းက အောက်ဘက်သို့ တူးဆွနေသည်နှင့်ပင် တူနေတော့သည်။

ငွေရောင်အမျိုးသမီးအလောင်းက ဝမ်လင်းနောက်ကနေ ငွေရောင်အလင်းတန်းအဖြစ် လိုက်ပါလာ၏။မြင့်မားသည့်အပူရှိန်က သူမမျက်နှာထက်သို့ ရိုက်ခတ်လာသည့်အခါ သူမ၏ဖြူရောရော မျက်နှာပင် အနည်းငယ် နီမြန်းလာ၏။ သူမ၏အကြည့်ကတော့ ဝမ်လင်းအပေါ်၌သာ ရှိနေသည်။

ဝမ်လင်း၏ခန္ဓာကိုယ်က အောက်ဘက်သို့ ဆက်ကျွံကြကာ နိမ့်ဆင်းနေ၏။ ထို့နောက် သူက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲကနေ မီးတောက်တန်းနှစ်ခု ထွက်ပေါ်လာသည်။ သူမျက်လုံးဖွင့်လိုက်ချိန် သူ့ပတ်လည်ရှိ စွမ်းအင်မုန်တိုင်းမှာ အထွတ်အထိပ်သို့ ရောက်ကာ သည်ဧရိယာကို ခြုံလွှမ်း ရိုက်ခတ်သည်။ ထို့နောက် နိဗ္ဗာနကြိုမြင်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံခြင်းအော်ရာတစ်ခုသည် ပျံ့လွင့်လာချေသည်။

အခုအခိုက်အတန့်၌ ဝမ်လင်းသည် သူ့ကိုယ်သူ စွမ်းအား ပြည့်လှကာ မန္တာန်တစ်ခုဖြင့်ပင် လောကကို ဖျက်စီးနိုင်မည့်အလား ခံစားမိနေ၏။ သူ မြင်သမျှ အရာရာသည်လည်း ပြောင်းလဲသွားခဲ့ပေပြီ။

သူ့မျက်လုံးထဲ၌ ဥပဒေသ ရှိလာခဲ့ခြင်းသာ။

ဒုတိယအဆင့်ကျင့်ကြံခြင်းနယ်ပယ်သို့ ရောက်ရှိလာပြီးနောက် လူတစ်ယောက်သည် ဥပဒေသများကို ကြိုမြင်ဖို့ လိုအပ်၏။ သူတို့က အဆင့်တစ်ခု ရောက်သည်နှင့် နိဗ္ဗာကြိုမြင်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်ရှိနိုင်စွမ်း ရှိပေလိမ့်မည်။

“ငါ အဆင့်ချိုးဖျက်သွားခဲ့ပြီ…” ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ နိဗ္ဗာကြိုမြင်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိရုံက သူ့အတွက် မလုံလောက်သေးပေ။ သူ့နယ်ပယ်သည် ဖွံဖြိုး၍ သူက နိဗ္ဗာနကြိုမြင်ခြင်းနောက်ဆုံးအဆင့်သို့ တက်လှမ်းလာနိုင်ခဲ့သည့်နောက်တွင် အချို့အခန်းကဏ္ဍများ ရှိနေသေးသကဲ့သို့ ခံစားမိနေဆဲပင်။ သူ နိဗ္ဗာကြိုမြင်ခြင်း နောက်ဆုံးအထွတ်အထိပ်အဆင့်သို့ ရောက်ရန် မူလစွမ်းအင် လုံလုံလောက်လောက် လိုအပ်နေသည်။

ဝမ်လင်း၏မျက်လုံးက တောက်ပနေ၏။ သူ့တွင် သူ့ကိုယ်သူ စစ်ဆေးကြည့်နေဖို့ အချိန် မရှိသေးပေ။ထို့ကြောင့် သူက သူ့ခန္ဓာကိုယ်ထဲရှိ မူလစိတ်ဝိညာဉ်အားလုံးကို ဝါးမြိုပစ်ခဲ့ရုံသာ ဖြစ်၏။ ခုချိန်၌ သူ့ နိဗ္ဗာနကြိုမြင်ခြင်းနောက်ဆုံးအဆင့်စွမ်းအင်သည် မီးတောက်များနှင့် ပြုပြင်ပြောင်းလဲကာ များစွာအစွမ်းထက်လာပေပြီ။

ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များသည် ဆက်လက် ပြောင်းလဲနေကာ ဝမ်လင်းခန္ဓာကိုယ် အပူချိန်မှာလည်း တဖြည်းဖြည်း မြင့်လာနေ၏။ ဟင်္သာငှက်တက်တူးက သူ့ခန္ဓာကိုယ်ကနေ ထိုးထွက်ကာ သူ့အား လှည့်ပတ်၏။

ဟင်္သာငှက် မြည်သံမှာ ပဲ့တင်ထပ်နေ၏။ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက မျက်မှောင်စ ကြုတ်မိပြန်၏။

“နည်းနည်းလိုနေသေးတယ်…”

စဉ်းစားနေရင်း ဝမ်လင်း၏ခန္ဓာကိုယ်မှာ ဖျပ်ခနဲ လင်းလက်၍ သူ့ကိုယ်ပွားသည် လှမ်းထွက်လာသည်။ခုချိန်၌ ဝမ်လင်းနှစ်ယောက်၊ ကိုယ်ပွားနှင်မူလခန္ဓာကိုယ်တို့ ရှိနေပြီ။ သူ့မူလခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရား၊ကိုယ်ပွားကတော့ ကျင့်ကြံသူ ဖြစ်ပေ၏။မူလခန္ဓာကိုယ်က ထိုင်ချလိုက်၏။ ကိုယ်ပွားကို ခွဲထုတ်လိုက်ခြင်းကြောင့် သူ့မွန်းစတားဆန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဤဧရိယာတွင် ပြည့်နေသည်။

ကိုယ်ပွား၏မျက်နှာအမူအရာက တည်ငြိမ်နေ၏။ သူက မူလခန္ဓာကိုယ်ကနေ ထွက်လာသည်နှင့် ဂူထဲကနေ လှမ်းထွက်၏။ သူသည် လေထဲ၌ လွင့်မြောနေရင်း ဟင်္သာငှက်က သူ့အား ရစ်ဝဲလို့နေသည်။ ဝမ်လင်းက အသက်ဝဝရှုသွင်း၏။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်မှာ အထွတ်အထိပ်သို့ ရောက်လာ၏။ သူ့ဘယ်မျက်လုံးထဲ၌ မီးတောက်၊ ညာမျက်လုံးထဲတွင် အပြာရောင်မိုးကြိုးလုံး ရှိနေသည်။

ထို့နောက် သူ့မူလစိတ်ဝိညာဉ်မှာ သူ့မျက်ခုံးနှစ်ခုကြားကနေ ပျံသန်းထွက်လာ၏။ ရှေးဟောင်းမိုးကြိုးနဂါး၏ ဟိန်းသံသည် သည်တွင်းနက်ထဲ၌ ပဲ့တင်ထပ်ကုန်သည်။

သည်အခိုက်အတန့်၌ ဝမ်လင်း၏ လောကကို ရှုမြင်သည့် နည်းလမ်းမှာ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset