Switch Mode

အပိုင်း(၁၀၈၅):

ပြီးပြည့်စုံသော ကံမ္မ (၁)

ထိုရှုပ်ထွေးသော ခံစားချက်မှာ ယောင်ရှင်းရွှဲ့တစ်ယောက်တည်းကြောင့်တော့ မဟုတ်ပေ။ အမှန်တော့ နှစ်ပေါင်း(၁၃၀၀) ကျင့်ကြံပြီးသည့်နောက် သူ့ကျင့်ကြံမှုအဆင့်သာ တိုးတက်လာသည် မဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီးအပေါ် နားလည်မှုကလည်း နက်ရှိုင်းလာခဲ့ပေသည်။သူ့ ဘဝအတွေ့အကြုံများကို ထည့်ထွက်ချင့်ချိန်ရင်း ဝမ်လင်းသည် သူသတ်ခဲ့သူများအကြောင်းကို တဖြည်းဖြည်း စဉ်းစားကြည့်နေခြင်း ဖြစ်သည်။

နှစ်(၁၃၀၀)လောက်အတွင်း သူသည် သူ့လက်ဖြင့် လူများစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

ဝမ်လင်းသည် လူပေါင်းမည်မျှကို သူ သတ်ခဲ့သည်ကို ကောင်းကင်ပင် မမှတ်မိတော့ပေ။ သတ်ဖြတ်ခြင်းသည် လူတိုင်းအတွက် ကျေနပ်နှစ်သက်သင့်သည့် အရာမျိုးတော့ မဟုတ်ပေ။ နှစ်ပေါင်းတစ်ထောင်ကျော် သတ်ဖြတ်မှုများ ပြုလုပ်ခြင်းက သူ့ကို ပင်ပန်းသလို ခံစားရစေ၏။

သို့ရာတွင် သည်ရက်စက်သည့် ကျင့်ကြံခြင်းလောကတွင် သင်သည် မသတ်လျှင် အသတ်ခံရမည် ဟူ၍၌င်။

“ဝမ်လင်း နင်က ငါ့အဖေအပေါ်မှာလည်း ရက်စက်စွာ ပြုမူခဲ့တယ်။ ဝမ်လင်း ဒါက ငါတို့နှစ်ယောက်ကြားက အမုန်းတရားပဲ မဟုတ်လား။ ဒီကျင့်ကြံခြင်းလောကမှာ တစ်ယောက်နဲ့တစ်ယောက် ချနင်းဖို့ ကြံစည်တာ သဘာဝပဲ။ ငါ ယောင်ရှင်းရွှဲ့က မှားခဲ့ရင်တောင် နင် ငါ့ကို သေစေတဲ့အထိ အပြစ်ပေးလို့ ရလား..”

ယောင်ရှင်းရွှဲ့က ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူမမျက်လုံးထဲ၌ အမုန်းတရားတို့ လောင်ကျွမ်းနေသည်။သူမအသံထဲ၌ ဝမ်းနည်းမှုတို့ ပြည့်နေသည်။

ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။

“နင် ငါ့ကို နှစ်ရာချီ ချိပ်ပိတ်ခဲ့ပြီး နင့်ရဲ့ ညစ်ပတ်တဲ့ည်းလမ်းတွေကိုလည်း ငါ့အပေါ်မှာ အသုံးပြုခဲ့တယ်။ ဒီအချက်တွေကို ငါ ခံနိုင်သေးတယ်။ ဘာလို့လဲဆိုတော့ ငါက နင့်အပေါ်မှာ အရင်မှားခဲ့တဲ့လူ ဖြစ်လို့ပဲ။ ဒါပေမဲ့ နင် ငါ့အဖေကို မသတ်ခဲ့သင့်ဘူး…”

ယောင်ရှင်းရွှယ်၏ မျက်လုံးထဲ၌ အမုန်းတရားတို့နှင့်အတူ မျက်ရည်စများပါ ရှိနေ၏။

ဝမ်လင်းသည် သက်ပြင်းချမိ၏။ နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံခြင်းက သူ့နှလုံးသားကိုလည်း ကြမ်းတမ်းစေခဲ့၏။ သို့ရာတွင် တကယ်တော့ သူသည် လူတစ်ယောက်ဖြစ်ကာ မိစ္ဆာတစ်ပါး မဟုတ်ပေ။ သူ့ထံ၌ အကျိုးအကြောင်းနှင့် ကိုယ်ပိုင်ကျင့်ဝတ်လည်း ရှိထားသူ ဖြစ်သည်။

ထိုကျင့်ဝတ်မှာ သူ့ကို ရန်မစလျှင် သူသည် တခြားသူများကို ရန်မစ ဟူ၍ပင်။

ယောင်ရှင်းရွှဲ့၏အကြံအစည်က သူ့သည်းခံနိုင်စွမ်းကို ထိပါးခဲ့သည်။ထို့ကြောင့် သူမသည် သေရပေမည်။သို့ရာတွင် သွေးဘိုးဘေးနှင့် ပတ်သတ်၍ စိုးရိမ်မှုကြောင့် သူသည် သူမကို မသတ်ခဲ့ပေ။ထို့နောက် သွေးဘိုးဘေးနှင့် ရင်ဆိုင်ရချိန်တွင် သူက ရှင်သန်နိုင်ဖို့ငှာ ခုခံခဲ့၏။ သွေးဘိုးဘေးသာ မသေခဲ့လျှင် သေရမည့်သူက သူ ဖြစ်နေခဲ့ပေလိမ့်မည်။

သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။ ဝမ်လင်း၏အမြင်၌ သူသည် မမှာခဲ့ပေ။

သို့‌သော် ယောင်ရှင်းရွှယ်၏အမြင်တွင်လည်း သူမက ဝမ်လင်းအပေါ် အသုံးချရန် ကြံစည်မိသည့်အတွက် နှစ်ရာချီ ပိတ်လှောင်ခံခဲ့ရသည်။ သူမပြောသကဲ့သို့ပင် သူမသည် သူ့ကို မုန်းသော်လည်း သူတို့နှစ်ယောက်မှ ဘဲစားဘဲချေ မျှတနေသေး၏။

သို့ရာတွင် သူ့အဖေ သွေးဘိုးဘေး သေဆုံးသွားသည့်နောက် သူမသည် သူမအဖေကို သတ်ရသည့် အကြောင်းရင်းကို သိလို၏။ သူမသည် အမှန်၊အများကို မြင်နိုင်စွမ်း မရှိခဲ့တော့ပေ။ မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ သူမသည် သူမအဖေအတွက် လက်စားပြန်ချေကို ချေရမည်။ ယောင်ရှင်းရွှဲ့အမြင်တွင်လည်း သူမသည် မမှားခဲ့ပေ။

“ဒါတွေအားလုံးက ကံမ္မပဲ။ မနေ့က ကံကြမ္မာအကြောင်းက ဒီနေ့ ကံကြမ္မာအကျိုးကို ဖြစ်စေတယ်။ ဖြစ်ပျက်ခဲ့သမျှဟာ သူကော၊ငါကော ထိန်းချုပ်နိုင်ခဲ့တဲ့အရာ မဟုတ်ဘူး။ သူမသာ ငါ့ကို အရင်ဆုံး ကြံစည်မှု မပြုခဲ့ရင်၊ ဒါမှမဟုတ် ငါသာ သွေးဘိုးဘေးကို မကြောက်ခဲ့ရင် ဒါတွေအားလုံး ခုလိုမျိုး ဖြစ်လာခဲ့လိမ့်မှာ မဟုတ်ဘူး…”

“အကြောင်းရင်း ရှိလာတာနဲ့ ဒါဟာ ဘယ်တော့မှ အပြီးသပ်တော့မှာ မဟုတ်ဘူး။ တဖြည်းဖြည်း ကြီးထွားလာဖို့သာ ရှိမယ်။ ငါဟာ နှစ်ရာပေါင်များစွာ အတွေးပိတ်နေခဲ့မိတယ်။ ဘာနဲ့တူသလဲဆိုတော့ လိမ်ညာမှုတစ်ခုကို ထိန်းသိမ်းဖို့အတွက် နောက်ထပ်နောက်ထပ် ထပ်လိမ်နေရတဲ့ သဘောမျိုးပဲ…”

“အတိတ်တုန်းက ငါဟာ ကံမ္မကို နားမလည်ခဲ့ဘူး။ အကြောင်းရင်းရဲ့ အစိတ်အပိုင်းတွေကိုလည်း သဘောမပေါက်ခဲ့ဘူး…”

“သွေးဘိုးဘေး ငါ့နောက်ကို လိုက်သတ်ခဲ့တဲ့ အချိန်တုန်းက ငါဟာ ဒါက ကံမ္မအကျိုးဆက်လို့ပဲ တွေးခဲ့တယ်။ဒါပေမဲ့လည်း ကြည့်ရတာ သွေးဘိုးဘေးရဲ့ လိုက်သက်မှုက အကျိုးဆက် မဟုတ်ဘူး။ အကြောင်းရင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်နေတဲ့ပုံပဲ…”

“တကယ့်အကျိုးဆက်ဟာ သေါးဘိုးဘေးနဲ့တိုက်ခိုက်ခဲ့တာ မဟုတ်သလို ယောင်ရှင်းရွှဲ့ ပြောခဲ့သလိုလည်း မဟုတ်ဘူး။ ငါ့ကိုယ်ပိုင်တာအို နှလုံးသားသာ ဖြစ်တယ်…”

ဝမ်လင်း၏မျက်လုံးထဲပ အလင်းတန်းအချို့ ဖြစ်ပေါ်နေ၏။

“ငါ့ကံကြမ္မာနယ်ပယ်ဟာ ပြီးပြည့်စုံမှုကို မရောက်သေးဘူး။ ငါ့မှာ ကံကြမ္မာအပေါ် နားလည်မှု အများကြီး ရှိနေရင်တောင် ငါဟာ အစစ်အမှန်ကံမ္မကို နားမလည်နိုင်သေးဘူး။ အတိတ်တုန်းက ငါဟာ ငါနဲ့ ဆက်စပ်တဲ့ ကံမ္မတွေကို ပြီးပြည့်စုံစေခဲ့ပြီလို့ ထင်ခဲ့တယ်။ ကြည့်ရတာ အတိတ်တုန်းက ငါ့ခံစားချက်ဟာ အစိတ်အပိုင်းတစ်ခုလောက်ပဲ မှန်နေခဲ့တယ့်ပုံပဲ…”

ဝမ်လင်း၏မျက်လုံးထဲမှ အလင်းများ ပိုပိုတောက်ပလာ၏။

ယောင်ရှင်းရွှဲ့က ဝမ်လင်းကို မုန်းတီးစွာ ကြည့်နေ၏။ ဝမ်လင်းပို၍ တိတ်ဆိတ်နေလေလေ သူမသည် ပို၍ မုန်းတီးကာ မကျေမချမ်း ဖြစ်နေလေပင်။ ဖွင့်ထုတ်ဟစ်အော်လိုက်ပြီးနောက် ယောင်ရှင်းရွှဲ့သည် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူမ၏မျက်ခုံးနှစ်ခုကြားထဲသို့ တုံ့ဆိုင်းခြင်းမရှိ လက်ညွှန်၏။

“ဝမ်လင်း…ငါတို့နှစ်ယောက်ကြားက ကိစ္စကို အဆုံးသပ်လိုက်ကြရအောင်၊ ငါ ယောင်ရှင်းရွှဲ့ဟာ ငါ့စိတ်ဝိညာဉ်နဲ့အသွေးအသားကို ငါ့အဖေအတွက် လက်စားချေနိုင်ဖို့အရာအတွက် စတေးပစ်ဖို့ ဆန္ဒရှိပါတယ်…”

ယောင်ရှင်းရွှဲ့၏ အမုန်းတရားနှင့်မကျေမချမ်းမှုတို့သည် အဆုံးမဲ့ ရန်လိုမှုကို ဖြစ်စေကာ သူမရုပ်သွင်ကိုပင် အဆုံးစွန်ကြမ်းကြုတ်နေစေသည်။ သူမသည် သူမလက်ကို မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်နှင့် သူမမျက်လုံးထဲရှိ အလင်းမှာ ပျောက်ကွယ်ကာ အေးစက်စက် နတ်ဆိုးမီးတောက်များ အစားထိုးဝင်လာ၏။

“နတ်ဆိုးဘိုးဘေး…ငါ…ယောင်ရှင်းရွှဲ့က ငါ့စိတ်ဆန္ဒနဲ့ငါ့အသွေးအသားကို ပေးဖို့ ဆန္ဒရှိပါတယ်။ဒါပေမဲ့ နင် ငါ့အတွက် သူ့ကို သတ်ပေးရမယ်လို့ ကတိပေးရမယ်…”

ယောင်ရှင်းရွှယ်၏ စူးရှရှအသံမှာ သည်လောကတွင် ပဲ့တင်ထပ်ကုန်၏။

ထိုအသံထွက်ပေါ်လာသည်နှင့် သူမ၏ခန္ဓာကိုယ်ကနေ မွန်းစတားဆန်သော နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ သူမအသွင်က နတ်ဆိုးစွမ်းအင်များကြောင့် ချက်ခြင်း ပြောင်းလဲသွား၏။သူမ၏ လက်သည်းများက အလွန်ရှည်လျားလာကာ အေးစက်စက်ထက်ရှမှုကို ပေးစွမ်းလာသည်။

သူမဆံပင်များကလည်း ခြေမျက်စိထိ ရှည်လျားလာကာ ကြက်သွေးရောင်နီနေ၏။

သူမမျက်နှာပေါ်ရှိ အမာရွက်များမှာလည်း စတင်လှုပ်ရှားကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ ရှုပ်ထွေးသောစာလုံးတစ်ခု ဖြစ်ပေါ်လို့လာသည်။

အေးစက်လှသော နတ်ဆိုးစွမ်းအင်များသည် သူမ၏ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်ကာ ကောင်းကင်ယံသို့ ပျံ့နှံ့သည်။မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တစ်ဝက်ကျော်သည် နတ်ဆိုးစွမ်းအင်များနှင့် ပြည့်လာသည်။

နတ်ဆိုးစွမ်းအင်များ ပြည့်နေရင်း ပင်လယ်ပြင်ထက်ကနေ အက်ကွဲသံများ ထွက်ပေါ်လာ၏။ ချက်ခြင်းလိုလိုပင် ပင်လယ်ပြင်မျက်နှာပြင် အများစုမှာ အေးခဲလာကြ၏။

ပင်လယ်ရေလှိုင်းကြီးများပင် အေးခဲရ၏။အံ့အားသင့်ဖွယ်ရာပင်။

“နင့် ဆန္ဒအတိုင်းပဲ…” ယောင်ရှင်းရွှယ်၏ ပါးစပ်ကနေ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာ၏။

သူမသည် သူမ၏စိတ်ဝိညာဉ်နှင့်အသွေးအသားတို့ကို စတေးကာ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကိုးခုထဲမှ တစ်ခု ဖြစ်လာခဲ့၏။ ထိုအရာက ဝမ်လင်းကို ကလဲ့စားချေနိုင်ရန် ယောင်ရှင်းရွှဲ့ ပေးဆပ်ရသည့် တန်ဖိုးဖြစ်သည်။

သည်အခိုက်အတန့်၌ ယောင်ရှင်းရွှယ်ကို ထိန်းချုပ်ထားသည့်အရာမှာ သူမမဟုတ်တော့ပေ။ သို့သော် ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကိုးခုထဲမှ တစ်ခုဖြစ်သည့် လေနတ်ဆိုး ဖြစ်နေချေသည်။

ရှေးဟောင်းနတ်ဆိုးတစ်ပါးက လိုက်လျောညီထွေရှိမှု၌ အလွန်တော်၏။ အတိတ်တုန်းက ၎င်းသည် အစိတ်အပိုင်းကိုးခု ခွဲကာ သူတို့၏ ကိုယ်ပိုင်အသိစိတ်များ ဖြစ်စေခဲ့၏။ထိုစိတ်ဝိညာဉ်များထဲမှ အချို့က အတူပြန်ပူးလိုကြသော်လည်း အချို့ကမူ ကြွင်းကျန်သောစိတ်ဝိညာဉ်အဖြစ်သာ ရှိလို့ခဲ့ကြ၏။

သည်နှစ်ရာချီအတွင်း ပေလာမှာ ကျန်သည့်နတ်ဆိုးစိတ်ဝိညာဉ်ခုနစ်ခုကို ဝါးမြိုကာ သူ့အရင်ကျင့်ကြံမှုစွမ်းအား၏ (၈၀)ရာခိုင်နှုန်းကို ပြန်ရရှိလာခဲ့ပြီ ဖြစ်၏။ ကျန်သည့်နှစ်ဆယ်ရာခိုင်နှုန်းမှာမူ သည်လေနတ်ဆိုးအတွင်း၌ ရှိနေပေသည်။

လေနတ်ဆိုးက အခြားရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်များနှင့် မတူဘဲ သူက ပြန်ပေါင်းစည်းရန် ဆန္ဒမရှိခဲ့ကာ မည်မျှ ပေးဆပ်ရပါစေဆိုပြီး အခြားနည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ပေသည်။ သူက မရေမတွက်နိုင်သော လူများနှင့် ပေါင်းစည်းစေဖို့ ကျရှုံးခဲ့ပြီး နောက်ဆုံးတွင် ယောင်ရှင်းရွှဲ့ကို ရွေးချယ်ခဲ့သည်။ယောင်ရှင်းရွှဲ့၏ ဝမ်လင်းအပေါ် အမုန်းတရားကို အသုံးချကာ သူသည် ပေါင်းစည်းနိုင်ခဲ့၏။

ထိုပေါင်းစည်းမှုမှာ ထူးဆန်း၏။ အပိုင်သိမ်းယူခြင်း ဟူ၍လည်း ဆို၍ မရချေ။ ပထမ၌ သူက သူ့ရှေးဟောင်းနတ်ဆိုးအမွေအနှစ်ကို ယောင်ရှင်းရွှဲ့ထံသို့ လွှဲပေး၏။ ထို့နောက် အကြီးအကျယ်စွန့်စားကာ သူ့ခန္ဓာကိုယ်ကို အသိစိတ်ကင်းမဲ့သည့် နတ်ဆိုးစွမ်းအင်များအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ထို့အတွက်ကြောင့် သူသည် ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်တည်းဟူသော ဂုဏ်ပုဒ်ကို လက်လျော့ခဲ့ရ၏။ သူ့ကိုယ်ပိုင်ဘဝကို ရင်းနှီး၍ သူသည် ပေလာ သူ့အား ဝါးမြိုနိုင်သည့် အခွင့်ရေးမရှိအောင် လုပ်ပစ်ခဲ့ပေသည်။

ထိုအရာကို ပေလောပင် မမျှော်လင့်ထားမိပေ။ သူက ထိုအဖြစ်ကို သဘောပေါက်သွားခဲ့ချိန်၌ နောက်ကျသွားခဲ့လေပြီ။အကြောင်းမှာ လေနတ်ဆိုး၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားခဲ့ပြီး ဖြစ်သောကြောင့်တည်း။

ယောင်ရှင်းရွှဲ့က လေနတ်ဆိုး၏အမွေအနှစ်ကို ရရှိခဲ့သော်လည်း သူမသည် အများအပြား လက်ခံနိုင်ခြင်း မရှိဘဲ စုပ်ယူခဲ့ရ၏။ သည်နှစ်ရာချီ နတ်ဆိုးစွမ်းအင်များကို စုပ်ယူသည့်နောက် ၎င်းစွမ်းအင်များမှာ အဆင့်တစ်ခုထိ စုစည်းမိလာခဲ့သည်။

သူမသည် အမွေအနှစ်ထဲရှိ မှတ်ဉာဏ်များအားလုံးကို ဘယ်တော့မှ ပြန်နိုးထလာစေဖို့ မရွေးချယ်ခဲ့ဘူးဆိုပါက လေနတ်ဆိုးသည်လည်း အချိန်တိုအတွင်း နိုးထလာနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ အမှန်တော့ လေနတ်ဆိုးက ကလဲ့စားချေရန် စွမ်းအားရဖို့အတွက် ယောင်ရှင်းရွှဲ့၏ အလိုဆန္ဒနှင့် အလောင်းအစား ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။

ထို့အပြင် သူ့လောင်းကြေးက ဆုံးရှုံးခဲ့ပါစေဦး ကိစ္စမရှိပေ။ ယောင်ရှင်းရွှဲ့ နတ်ဆိုးစွမ်းအင်များကို စုပ်ယူနေသ၍ လုံလောက်လာသောအချိန် ရောက်လာသည်နှင့် သူ့အမွေအနှစ်အတွင်းရှိ မှတ်ဉာဏ်များအားလုံးမှာ အလိုလို ပွင့်ဟလာမည်ပင်။

အမှန်တော့ လေနတ်ဆိုးဟူသည် အမည်နာမမှာ ရှင်သန်ခြင်း မရှိတော့ပေ။ လေနတ်ဆိုးသည် သေဆုံးသွားခဲ့ကာ သူ့မှတ်ဉာဏ်များသာ ကျန်ခဲ့တော့၏။

ယောင်ရှင်းရွှဲ့က ထိုမှတ်ဉာဏ်များအတွက် ထိန်းသိမ်းပေးထားသည့်သူ တစ်ယောက်မျှသာ ဖြစ်နေ၏။

ထိုမှတ်ဉာဏ်များ လုံးဝ အသက်ဝင်လာသည်နှင့် ယောင်ရှင်းရွှဲ့၏မှတ်ဉာဏ်များမှာ လုံးဝ ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ်နှင့် သူမ၏ခန္ဓာကိုယ်၊လေနတ်ဆိုး၏ မှတ်ဉာဏ်များသာ ကျန်ခဲ့ပေလိမ့်မည်။ထို့အတွက်ကြောင့် ရလဒ်အနေဖြင့် သူမသည် လေနတ်ဆိုးအသစ်တစ်ယောက် ဖြစ်လာမည်၏။

ထိုဖြစ်စဉ်ကို ရင်ဆိုင်ရာ၌ ပေလောသည်ပင် အကူအညီမဲ့ရ၏။ ပေလော လိုချင်ခဲ့သည့် ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်မှာ ပျောက်ကွယ်သွားခဲ့၏။ လေနတ်ဆိုးက ရှေးဟောင်းနတ်ဆိုးတစ်ပါးဟူသည့် သူ့ပုံရိပ်ကိုလည်း လက်လွှတ်ခဲ့ကာ နတ်ဆိုးကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ရောက်လာတော့သည်။သူသည် ရှေးဟောင်းနတ်ဆိုး ဆက်မဖြစ်တော့ပေ။

ဤအခိုက်၌ ယောင်ရှင်းရွှဲ့၏ အမုန်းတရားကြောင့် လေနတ်ဆိုး၏မှတ်ဉာဏ်များက အသက်ဝင်လာ၏။ ယောင်ရှင်းရွှဲ့၏ မှတ်ဉာဏ်များသည် အလျင်အမြန် ဝါးမြိုခြင်း ခံလိုက်ရကာ ဝမ်လင်းအပေါ် သူမ၏ သိပ်သည်းသောအမုန်းတရားသာ ကျန်ရစ်တော့၏။ လေနတ်ဆိုးသည်ပင် သူမ၏ မှတ်ဉာဏ်များကို ဖယ်ရှားပစ်နိုင်သော်လည်း သူမ၏အမုန်းတရားကိုမူ ဖယ်ရှားပစ်နိုင်ခဲ့ခြင်း မရှိပေ။

ယောင်ရှင်းရွှယ်၏ခန္ဓာကိုယ်ဖြင့် လေနတ်ဆိုးသည် ဝမ်လင်းကို အေးစက်စွာ စူးစိုက်ကြည့်သည်။

“နင်နဲ့ ယောင်ရှင်းရွှယ်ကြားမှာ ဘာကိစ္စပဲရှိရှိ ငါ ဂရုမစိုက်ဘူး။ သူမဟာ ငါ့မှတ်ဉာဏ်တွေကို အသက်ဝင်စေခဲ့ပြီ ဖြစ်တဲ့အတွက် သူ့တည်ရှိမှုကို ငါ သိမ်းပိုက် ဝါးမြိုလိုက်ပြီ။ ဒီလိုဆိုမှတော့ ငါ နင့်ကို မျက်နှာသာပေးလိုက်မယ်…”

လေနတ်ဆိုးက သူ့လျှာကို သပ်ကာ တဖြည်းဖြည်း နောက်ဆုတ်၏။ အေးခဲနေသောပင်လယ်ပြင်သည် စတင် အရည်ပျော်လာ၏။ အေးစက်စက်စွမ်းအင်သည် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းသို့ မြန်ဆန်စွာ ဝင်ရောက်လာသည်။

သူမသည် သည်အခိုက်အတန့်၌ အလွန်သတိထားနေ၏။ သူမသည် သူမရှေ့ရှိ ကျင့်ကြံသူမှာ အလွန်အန္တရာယ်များမှန်း ယူဆထား၏။ သည်ကျင့်ကြံသူထံမှ အော်ရာသည် သူမကို ပင့်သက်ရှိုက်မိလုနီးပါး ဖြစ်စေသည်။

သူမသည် ယောင်ရှင်းရွှဲ့ကို အကုန်လုံးစတေး၍ ကူညီမည်ဟု လှည့်ဖျားခဲ့သည်။

အခုချိန်တွင်မူ သူမ လေနတ်ဆိုးသည် သည်ကျင့်ကြံသူကို ဆန့်ကျင် တိုက်ခိုက်ဖို့အတွက် မစွန့်စားဝံ့တော့ပေ။

ယောင်ရှင်းရွှဲ့ သတ်ချင်သောလူသည် အားနည်းသည့်သူ ဖြစ်နေခဲ့လျှင်တော့ သူမသည် ကူညီပေးဦးမည်ပင်။ သို့သော် သူမရှေ့ရှိ လူမှာ သူမကိုပင် အတော်လေး ထိန်လန့်မှုအား ခံစားမိစေသည်။

ထို့ကြောင့် သူမသည် မည်သည့်စွန့်စားမှုကိုမျှ လုပ်ဆောင်တော့မည် မဟုတ်ပေ။

“ဒီနေရာက ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူအတွင်းမှာရှိတဲ့ အတားအဆီးတွေထဲက တစ်ခုပဲ။ အတားအဆီးတွေကို ထိတိုက်မိခဲ့ရင်တော့ နင်ရော ငါ့အတွက် မကောင်းဘူး။ ဒါ့အပြင် ငါတို့နှစ်ယောက်ကြားမှာ ဘာရန်ငြှိုးမှလည်း မရှိဘူး။ ဒါ့ကြောင့် ငါ ထွက်သွားတော့မယ်…”

လေနတ်ဆိုးက စကားပြောဆိုပြီးနောက် သူမသည် နောက်သို့ ဆက်၍ ဆုတ်သွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset