Switch Mode

အပိုင်း(၁၀၈၀):

ရပ်တန့်ခြင်းမန္တာန်

တက်တူးကလန်၏ တော်ဝင်ဘိုဘေး ချူယောင်ကလည်း ဝမ်လင်း၏ ဟင်္သာငှက်တက်တူးရှိ ပြောင်းလဲမှုကို သတိပြုမိပေသည်။သို့သော် သူမက ဂရုမစိုက်ပေ။ သူမသည် ချင်းလင်၏ ပုံပန်းသွင်ပြင်ကို မတွေ့မြင်နိုင်သော်လည်း ကောင်းစွာ ခံစားမိ၏။

သူမက သည်နေရာတွင် နှစ်ပေါင်းသောင်းချီ ရှိနေရာ သည်ချိပ်ပိတ်နေရာအတွင်း နတ်ဘုရားအာရုံတစ်ခု ရှိနေသည်ကို မည်သို့ မသိဘဲ နေနိုင်ပါ့မည်နည်း။

ချင်းလင်၏ ကိုယ်ပွားကို အာရုံခံမိပြီးနောက် သူမ၏ အမုန်းတရားသည် ပိုပြင်းထန်လာ၏။ သူမ၏ မျက်လုံးဟောက်ပတ်ဖြင့် ချင်းလင်ကို စူးစိုက်ကြည့်နေ၏။ သူမစိတ်ထဲ၌လည်း မရေမတွက်နိုင်သော မှတ်ဉာဏ်များ တဖျပ်ဖျပ် ဖြစ်ပေါ်လို့နေသည်။

“ချင်းလင်…” အမျိုးသမီးက အံကြိတ်၍ ဆို၏။ ချင်းလင်ပေါ်ထွက်လာသည်နှင့် သူမ၏မျက်ခုံးနှစ်ခုကြားရှိ ရှုပ်ထွေးသောတက်တူးတစ်ခုသည် တလက်လက် ဖြစ်လာ၏။ထို့နောက် ကြမ်းတမ်းလှသောအနီရောင်သားရဲအရိုးတစ်ခုသည် ချင်းလင်ထံသို့ တဟုန်ထိုး တိုးဝင်လာသည်။

ထိုသားရဲအရိုးပေါ်လာသည်နှင့် မကောင်းဆိုးဝါးအော်ရာမှာ မွန်းစတားဆန်စွာ ပေါ်ထွက်လာသည်။ ထိုမကောင်းဆိုးဝါးအော်ရာ ပေါ်ထွက်လာခိုက် အပူချိန်သည်ပင် လျော့ကျသွားရသည်။ ထိုအော်ရာသည် ပျံ့လွင့်နေရင်း ပတ်ဝန်းကျင်၌ ရေခဲအလွှာများ စတင်ပေါ်လာ၏။

ဝမ်လင်း၏မူလစွမ်းအင်သည် မြန်ဆန်စွာ လှည့်ပတ်နေ၏။ သူ့ဟင်္သာငှက်နတ်မီးတောက်မှ အပူသည် သူ့ခန္ဓာကိုယ်အတွင်း၌ ပြည့်နေ၏။သို့ရာတွင် သူ့အကြည့်ကမူ ထိုသားရဲအရိုးပေါ်သို့သာ ကျရောက်နေရင်း စိတ်ထဲတွင် လှိုင်းထန်နေချေသည်။

“ခြောက်သွေ့တာအိုတစ်စုံ…” ဝမ်လင်းက သူ့လက်ကောက်ဝတ်နောက်ကို ကြည့်မိ၏။ သူ့လက်ကောက်ဝတ်နောက်၌ ခြောက်သွေ့တာအိုတစ်စုံ၏ ကြမ်းလှသည့်အသွင်သဏ္ဌာန် ရှိလို့နေသည် မဟုတ်လား။

“တက်တူးတော်ဝင်ဘိုးဘေး အသုံးပြုတဲ့ မန္တာန်က ခြောက်သွေ့တာအိုတစ်စုံနဲ့ မထင်မှတ်စွာ လာတူနေတယ်။ ဒါပေမဲ့လည်း အရောင်တောင့်မတူဘူး။ သက်ရောက်မှုကလည်း တူမှာ မဟုတ်ဘူး…”

ချင်းလင်၏နတ်ဘုရားအာရုံ ကိုယ်ပွားမှာ ထိုအမျိုးသမီးကို အေးစက်စွာ ကြည့်၍ သူမထံသို့ လက်ညွှန်၏။

ထိုလက်ညွှန်ချက်နှင့်အတူ အလင်းစက်များ စတင်ဖြစ်ပေါ်လာသည်။ ထိုအလင်းစက်များမှာ ချင်းလင်ထံမှ ထွက်ပေါ်လာပြီး သူ့လက်ချောင်းထိပ်၌ စုဝေး၏။ထို့နောက် သလင်းအလင်းတန်းတစ်ခုသည် ထိုးထွက်သွားကာ သားရဲအရိုးကို ဝန်းရံသွားသည်။

ထိုအလင်းက စက်ဝန်းတစ်ခုလို ဝန်းရံလှည့်ပတ်သွားသည့်အခိုက်၌ ၎င်းက မြန်ဆန်စွာ ကျုံ့၏။ ၎င်းက သားရဲအရိုးထဲသို့ အံ့မခန်းနှုန်းဖြင့် ထွင်းဖောက်ကာ အတွင်းသို့ ဝင်ရောက်သည်။

အလင်းစက်များသည် သားရဲအရိုးဗဟိုချက်၌ သိပ်သည်းလာသည်။ အလင်းစက်များ သားရဲအရိုးထဲသို့ ဝင်ရောက်သည့်အခါ ၎င်းက ခုခံနိုင်စွမ်း မရှိသလိုပင် ထင်ရသည်။ အနီရောင်အခိုးငွေ့များ သားရဲအရိုးကနေ ထွက်ပေါ်လာကာ သားရဲအရိုးသည် အလင်းစက်များနှင့် ပေါင်းစပ်သည့်အလား ထင်ရသည်။ အနီရောင်အခိုးငွေ့များ ပိုပို ထွက်ပေါ်လာလေလေ သားရဲအရိုးသည် ၎င်း၏တောက်ပမှုကို ဆုံးရှုံးလာဟန် ပေါ်၏။

ခဏတာအချိန်အတွင်း သားရဲအရိုးထဲ၌ လက်သီးစုပ်ခန့်တောက်ပသောသလင်းလုံးတစ်ခု ဖြစ်ပေါ်လာ၏။

ထိုသလင်းပေါ်လာသည်နှင့် အလင်းများသည် ဓားပေါင်းသောင်းချီအလား အထက်သို့ ထိုးစိုက်ကြ၏။ ထိုအဖြစ်က လူတိုင်းကို မင်သက်သွားစေသည်။

“ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းလှတဲ့ နည်းလမ်းလဲ။ ဒါက နတ်ဘုရားအာရုံကိုယ်ပွားရဲ့ စွမ်းအားနည်းနည်းတောင် မကုန်ဆုံးစေဘဲ ရန်သူရဲ့ မန္တာန်ထဲကနေ ဥပဒေသရဲ့ စွမ်းအားကို ထုတ်ယူပြီး လုံးဝချိပ်ပိတ် မန္တာန်တစ်ခုအဖြစ် အသုံးချလိုက်တာပဲ။ စီနီယာအစ်ကိုတောင် ဒီလိုအရာကို လွယ်လွယ်လုပ်နိုင်မှာ မဟုတ်ဘူး…” အရှင်လေဟာနယ်သည် ပင့်သက်ရှိုက်မိလေ၏။ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိသည်။ သိပ်မကြာခင်တွင် သူ့မျက်လုံးထဲ၌ လောဘ အရိပ်အယောင်တို့ ပေါ်လာ၏။

“ချင်းလင်က သန်မာလွန်းလှပေမယ့်လည်း မဟာမိတ်ရဲ့ လေ့လာတွေ့ရှိချက်တွေအရ သူဟာ သူ့သေဆုံးခြင်းအိပ်ယာပေါ်မှာပဲ ရှိနေဖို့ (၉၀)ရာခိုင်နှုန်း သေချာတယ်။ငါသာ သူ့ကို ဖမ်းနိုင်ရင် အထူးနည်းလမ်းတစ်ခုခုနဲ့ သူ့ကို ထိန်းချုပ်နိုင်ရင် ကျင့်ကြံခြင်းမဟာမိတ်က ဘယ်ရန်သူကိုမှ ကြောက်စရာမလိုတော့ဘူး…”

အလင်းထွင်းဖောက်လာချိန်၌ သားရဲအရိုးသည် တုန်ဟီး၍ တုန်ခါနေသည်။ အလင်းက ၎င်းသားရဲအရိုးထဲသို့ ထွင်းဖောက်သွားချိန်တွင် ၎င်းသားရဲအရိုးသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ တစစီ ဖြစ်သွားရတော့သည်။

ထိုအရာများမှာ ချက်ခြင်းလိုလို ဖြစ်ပျက်သွားခြင်းပင်။ တောက်ပသောအလင်း ပျံ့နှံ့လာသည်နှင့် လူတိုင်း၏မျက်လုံးသည် နာကျင်စွာ ခံစားလိုက်ရကာ နောက်သို့ ဆုတ်ရ၏။

ချင်းလင်က တော်ဝင်ဘိုးဘေးကို အေးစက်စွာ ကြည့်၍ သူ့ညာလက်ကို နောက်တစ်ကြိမ် ပင့်မြှောက်လိုက်ရာ ဆန်းကြယ်သောစာလုံးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုစာလုံးသည် လေထဲ၌ တဝီဝီဖြတ်သန်း၍ ထိုအမျိုးသမီး၏ အထက်သို့ ရောက်သွားချိန် အစိမ်းရောင်အလင်းကို ထုတ်လွှတ်လာသည်။

ထိုစာလုံးပေါ်လာသည်နှင့် မြှုပ်နှံခြင်းဝဲကတော့ထဲမှ ဟိန်းအော်သံတစ်ခု ထွက်လာသည်ဟု ထင်ရကာ အတွင်းအောက်ခြေမှ တစ်စုံတစ်ခုသည် မြင့်တက်လာကြသည်ဟု ထင်ရ၏။

သည့်နောက် ကောင်းကင်ဘုံမြှုပ်နှံခြင်းရေကန်ထဲကနေ စိတ်ဝိညာဉ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြ၏။ ၎င်းတို့က အရူးအမူး ထွက်ပေါ်လာကြခြင်းပင်။

ဧရာမဝဲကတော့ကြီးသည်လည်း အမျိုးသမီး၏ ထိန်းချုပ်မှုကနေ မြန်ဆန်စွာ ချိုးဖျက်သွားသည်။သည့်နောက် ဝဲကတော့သည် မြန်သထက်မြန်စွာ လှည့်ပတ်လာ၏။

အံ့မခန်းများပြားသည့် စိတ်ဝိညာဉ်များသည် ဝဲကတော့နှင့်အတူ ရွှေ့လျားနေကြသည်။ ထိုစိတ်ဝိညာဉ်များ၏ ရက်စက်ကြမ်းကြုတ်သည့်အကြည့်နှင့် အော်ငြီးသံများသည် ငရဲဂိတ်ပေါက် ပွင့်ဟလသည်နှင့်ပင် တူနေသေးတော့သည်။

ဝမ်လင်းသည် ထိုမျှများပြားသည့် စိတ်ဝိညာဉ်များကို ကြည့်ကာ သူ့ဦးရေပြားပင် ထုံထိုင်းမိသွားသည်။ ထိုစိတ်ဝိညာဉ်များထဲ၌ ကောင်းကင်ဘုံသားများ၊ရှေးဟောင်းချီကျင့်ကြံသူ၊ တက်တူးကလန်သားများနှင့် ဝမ်လင်းတစ်ခါမျှ မမြင်ဖူးသည့် သားရဲများပင် ပါဝင်နေသေးသည်။

ထိုစိတ်ဝိညာဉ်တစ်ခုချင်းစီက ကြောက်မက်ဖွယ်ဖိအားကို ပေးစွမ်းနေကြသည်။ ၎င်းတို့က သေဆုံးခဲ့သည်မှာ ကြာမြင့်လှခဲ့ပြီ ဖြစ်သော်လည်း စိတ်ဝိညာဉ်များမှ ထုတ်ဖော်နေသည့်ဖိအားကြောင့် ၎င်းတို့သည် အသက်ရှိစဉ်က အစွမ်းထက်ခဲ့ကြသူများဖြစ်မည်ကို ပြသနေတော့သည်။

မရေမတွက်နိုင်သော စိတ်ဝိညာဉ်များသည် အော်ဟစ်နေကြရင်း မြှုပ်နှံ့ခြင်းရေကန်သ်လည်း မြင့်တက်လာ၏။၎င်းဝဲကတော့သည့် တက်တူးကလန်အမျိုးသမီးအောက၌ မြန်ဆန်စွာ လှည့်ပတ်နေသည်။ ထိုအခါ အရင်ထက် အဆများစွာ ပြင်းထန်သည့် စုပ်အားတစ်ခု ဖြစ်ပေါ်လာတော့သည်။

သို့ရာတွင် ထူးဆန်းသည်က ထိုစုပ်အားမှာ အမျိုးသမီးပေါ်သို့သာ သက်ရောက်၍ ကျန်သည့်သူများပေါ်သို့ သက်ရောက်မှု ရှိမနေခြင်းပင်။

ချင်းလင်က သူ့လက်နှစ်ဖက်ဖြင့် နောက်ထပ်စာလုံးတစ်ခုကို ဖြစ်ပေါ်စေကာ အမျိုးသမီးပတ်လည်၌ ဝန်းရံလှည့်ပတ်စေသည်။ ထိုစာလုံးထွက်ပေါ်လာသည့်နောက် ဝဲကတော့သည် နှစ်ဆ ပိုမြန်လာ၏။ ထိုဝဲကတော့က ငရဲပါးစပ်တစ်ခုကဲ့သို့ ဖြစ်လာကာ သူမကို ဝါးမြိုချင်နေသည့်ပုံပင်။

သူမ၏ မျက်လုံးဟောက်ပတ်ထဲမှ အနက်ရောင်သွေးများ စီကျနှုန်းသည်လည်း ပိုမြန်ဆန်လာ၏။

“နင် ငါ့ကို ဘာကြောင့် လိမ်ခဲ့တာလဲ။ နင် ငါ့ကို ဘာကြောင့် လိမ်ခဲ့တာလဲ…ဘာကြောင့်လဲ…” သူမ၏အသံ ပျံနှံ့လာသည့်အခါ ထိုအမျိုးသမီးသည် တုန်ယင်လာရင်း အချိန်မရွေး လဲပြိုတော့မလို ဖြစ်နေသည်။

ပိုမို၍ ကြောက်မက်ဖယ်ကောင်းသည်က သူမ၏ စူးရှရှအသံပတ်လည်ရှိ ဟင်းလင်ပြင်မှာ တစစီ ဖြစ်သွားခြင်းပင်။

သူမ၏ အသံက လေထုထဲသို့ ထွင်းဖောက်ရင်း အသံပေါက်ကွဲမှုများ ဖြစ်ကုန်၏။သိပ်မကြာခင်တွင် ၎င်းအသံက မုန်တိုင်းတစ်ခုကို ဖြစ်စေကာ ချင်းလင်ထံသို့ ရိုက်ခတ်လာသည်။

ဝမ်လင်း၏ နားစည်ထဲမှ သွေးများ စီးကျလာ၏။ သူ့မူလစွမ်းအင်များကို လှည့်လည်နေရင်း ၊ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့်ပင် သူသည် ဒဏ်ရာ ရလိုက်ဆဲပင်။

သူ့နားက အူထွက်ကာ အသံတစ်ခုသာ ပဲ့တင်ထပ်နေ၏။

“ဘာကြောင့်လဲ…ဘာကြောင့်လဲ…”

ဝမ်လင်းသည် ဤအခြေအနေကို ပင့်သက်ရှိုက် ထိတ်လန့်မိနေ၏။ သူသည် စစ်ထူနန်နှင့်တခြားသူများသည်လည်း ထိုသို့ဖြစ်နေကြောင်းကို တွေ့မြင်ရ၏။ ရှေ့ဖြစ်ဟောသူ၊အရှင်လေဟာနယ်နှင့် အနက်ရောင်ဝတ်စုံနှင်လူတို့သာ ထိုအသံလှိုင်း၏ သက်ရောက်မှုကို မခံရဘဲ ရှိနေ၏။

သူမ၏အသံမှ ဖြစ်ပေါ်စေခဲ့သည့် မုန်တိုင်းသည် ချင်းလင်ထံသို့ တန်းတန်းမတ်မတ် ဝင်လာ၏။ချင်းလင်သည် အေးစက်စွာ ရှိနေဆဲပင်။ သူက သူ့ညာလက်ကို ပင့်မြှောက်၍ ရှေ့သို့ညွှန်၏။ထိုအခါ တိုးဝင်လာသည့်မုန်တိုင်းမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။

မမြင်ရသော ဥပဒေသတစ်ခုက ကောင်းကင်ထက်မှ သက်ဆင်းကာ မန္တာန်အသုံးပြုသူ၏ ဆန္ဒအတိုင်း အရာရာကို ရပ်တန့်စေနိုင်သည်နှင့်ပင် တူနေ၏။

“ရပ်တန့်ခြင်းမန္တာန်…” ဝမ်လင်း၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာ၏။ သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အမြွက်လည်း ဖြစ်ပေါ်နေသည်။ သူ့အတွက် ရပ်တန့်ခြင်းမန္တာန်မှာ အလွန်အရေးကြီးလှသည့် ကောင်းကင်ဘုံမန္တာန် ဖြစ်နေသည်မဟုတ်လား။

ထိုမန္တာန်ကြောင့် သူသည် အန္တရာယ်အဖုံဖံကို ဖြတ်ကျော်နိုင်ခဲ့သည်ဆိုလည်း မမှားပေ။

သို့ရာတွင် သူ ကောင်ကင်းဘုံအင်ပါယာချင်းလင် ချန်ထားခဲ့သည့် ကျောက်စိမ်းပြားထဲကသာ ၎င်းရပ်တန့်ခြင်းမန္တာန်ကို လေ့လာခဲ့ရ၏။ သူသည် အခြားတစ်ယောက် ၎င်းမန္တာန်အသုံးပြုသည်ကိုလည်း လုံးဝ မမြင်တွေ့ခဲ့ဖူးပေ။ သူ ၎င်းမန္တာန်ကို မည်မျှလေ့လာသည် ဖြစ်စေ သူ့အကန့်အသတ်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေး မရှိဘဲ ဖြစ်လို့နေခဲ့သည်။

သို့သော် အခုချိန်၌ သူသည် ရပ်တန့်ခြင်းမန္တာန်ကို ချင်းလင်းကိုယ်တိုင် အသုံးပြုနေသည်ကို ပထမဆုံး ကိုယ်တွေ့ မြင်နေရပေပြီ။

အခြားလူများအတွက်မူ အခုလိုမြင်ရသည်မှာ ဘာမှ သက်ရောက်လိမ့်မည် မဟုတ်ပါ။ သို့သော် ရပ်တန့်ခြင်းမန္တာန်ကို အမွေဆက်ခံထားသည့် ဝမ်လင်းအနေဖြင့် ချင်းလင် အနှီ မန္တာန်ကို အသုံးပြုသည်အား မြင်ရသည်မှာ သူ့အတွက် အတော်လေး အရေးတကြီး ရှိလှ၏။

ချင်းလင်က ဆရာတစ်ယောက်အဖြစ် သူ့ကို သင်ပေးနေသည်နှင့်ပင် တူနေသည် မဟုတ်လား။

ထိုအရာက ဝမ်လင်း အိပ်မက်ထဲမှသာ ရနိုင်ခဲ့သည့် အခွင့်အရေးတစ်ခုလည်း ဖြစ်နေ၏။

သို့ရာတွင် အခုချိန်၌ ချက်ခြင်း သည်မန္တာန်အကြောင်း သေချာစဉ်းစားနေဖို့ အချိန်မရှိပေ။ မည်သို့ပင် ဖြစ်စေ သူသည် ယခုချင်းလင်း ထုတ်ဖော်သည့် ရပ်တန့်ခြင်းမန္တာန် ထွက်ပေါ်လာသည့် မြင်ကွင်းကို မှတ်သားထားပြီး နောက်ပိုင်းတွင် ပြန်လေ့လာနိုင်မည် မဟုတ်လော။

ချင်းလင်၏ ညာလက်က တန့်သွားခြင်း မရှိပေ။ သူက မုန်တိုင်းကို ရပ်တန့်စေပြီးနောက် သူ့လက်နှစ်ဖက်ကို ဖြန်ဆန်စွာ လှုပ်ရှားလိုက်ပြန်၏။ထိုအခါ ပိုမိုများပြားသော စာလုံးများ ပျံသန်းထွက်ပေါ်လာပြီး အမျိုးသမီးနားသို့ ရောက်ရှိလာကြ၏။

ထိုစာလုံးများက အရင်ချိပ်ပိတ်ခြင်းစာလုံးနှစ်လုံးနှင့် ပေါင်းစပ်ကာ ကိုးခုချိပ်ပိတ်ခြင်းအစီအရင်တစ်ခုကို ဖြစ်ပေါ်စေသည်။

ချိပ်ပိတ်မှုကိုးခုက အမျိုးသမီး ပတ်လည်၌ လှည့်ပတ်နေကာ ဆန်းကြယ်သောအလင်းတစ်ခုကို ထုတ်လွှတ်လို့နေသည်။ ထိုချိပ်ပိတ်မှု ကိုးခု ပေါ်ထွက်လာချိန်၌ အမျိုးသမီးအောက်ဘက်ရှိ ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန်မှာ ရုတ်တရက် ပေါက်ကွဲထွက်လာချေ၏။

ထိုကောင်းကင်ဘုံမြှပ်နှံ့ခြင်းရေကန်သည် ဧရာမဝဲကတော့ကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်၍ မြန်ဆန်စွာ လှည့်ပတ်၏။ ၎င်းက ဆက်လက် ချဲ့ကားနေရင်း မရေမတွက်နိုင်သောစိတ်ဝိညာဉ်များမှာ အမျိုးသမီးရှိရာသို့ ပျံသန်းလာနေကြ၏။

မျက်စိတစ်မှိတ်အတွင်း သူမသည် စိတ်ဝိညာဉ်များ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ ထိုစိတ်ဝိညာဉ်များသည် အတူစုစည်းကာ ချိန်းကြိုးနက်များအသွင် ဖြစ်တည်၏။ ထိုချိန်းကြိုးနက်များက သူမပေါ်သို့ တင်းကြပ်စွာ ကျရောက်၍ အောက်သို့ပြန်ဆွဲချလေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset