Switch Mode

အပိုင်း(၁၀၇၈):

ချင်းလင်…နင် ငါ့ကို လိမ်ခဲ့တယ်…

ထာရှန်သည် ထိုအမျိုးသမီးအနားသို့ ရောက်လာ၏။ သို့သော် သူ့မျက်လုံးသည် အေးဆက်နေဆဲပင်။ သူသည် ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက်အနေဖြင့် အသိစိတ်ရှိနေသေးသော်လည်း သူ့စိတ်ခံစားမှုများမှာမူ ပျောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုအမျိုးသမီးက သူမ၏ လက်ကို ပင့်မြှောက်၍ ထာရှန်၏မျက်ခုံးနှစ်ခုကြားသို့ ညင်သာစွာ ဖိသည်။ ပြင်းထန်သောစွမ်းအင်တစ်ခု တိုးဝင်လာပြီး ကောင်းကင်ဘုံသက်တော်စောင့် ချိပ်ပိတ်ခြင်းကို တစစီ ဖြစ်သွားစေသည်။

ထို့အပြင် ထာရှန်၏ခန္ဓာကိုယ်မှာ တုန်ယင်နေရင်း သူ့ထံမှ ရွှေရောင်အရည်များစွာ ထွက်ပေါ်နေ၏။ထိုရွှေရောင်အရည်များထဲ၌ ထာရှန်၏ခန္ဓာကိုယ်ကို သန့်စင်မွန်းမံရာ၌ အသုံးပြုခဲ့သော လက်နက်ရတနာများ ပါဝင်ပေသည်။

ခဏအတွင်းမှာပင် ထာရှန်ကိုယ်ပေါ်ရှိ ကောင်းကင်ဘုံသက်တော်စောင့် ချိပ်ပိတ်မှုအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ သည်လိုမျိုး ချိပ်ပိတ်မှုကို အားသုံး၍ ဖယ်ရှားပစ်ခြင်းက ဝမ်လင်း ဦးရေပြားကိုပါ ကျိန်းစပ်သွားစေသည်။ ကံကောင်းစွာဖြင့် ထိုချိပ်ပိတ်မှုက ဖျက်စီးခံရလျှင်ပင် သူ့အပေါ်သို့ သက်ရောက်မှု မရှိနေခြင်းပင်။

ကောင်းကင်ဘုံသက်တော်စောင့် ချိပ်ပိတ်မှုမှ ကင်းလွတ်သွားသည့်နောက် ထာရှန်၏မျက်လုံးသည် တဖြည်းဖြည်း မှိန်ဖျော့လာ၏။ သူသည် အတိတ်တုန်းက သေခြင်းရှင်ခြင်းစည်းပေါ်သို့ ရောက်ရှိနေခဲ့ပြီး ဝမ်လင်း သူ့ကို သန့်စင်မွန်းမံခဲ့ခြင်းသာ မဟုတ်ပါက သေနှင့်နေခဲ့ပြီ ဖြစ်သည်။

ခုချိန်၌ ချိပ်တံဆိပ်မရှိတော့သည့်အတွက် ထာရှန်၌ သေဆုံးခြင်းအော်ရာတို့ ပြည့်နှက်လာ၏။ သို့ရာတွင် ထိုအမျိုးသမီးက ထာရှန်ကို မည်သို့ သေခွင့်ပေးပါ့မည်နည်း။ သူမ ညာလက်ကို ပင့်မြှောက်ကာ ထာရှန်၏မျက်ခုံးနှစ်ခုကြားသို့ လက်ချောင်းများဖြင့် ရေးဆွဲမှု စတင် ပြုလုပ်၏။

သူမ၏ လက်ချောင်းထိပ်ကနေ ရှုပ်ထွေးသောတက်တူးတစ်ခု ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာကာ ထာရှန်၏မျက်ခုံးနှစ်ခုကြား၌ နက်ရှိုင်းစွာ ရေးထွင်းသွားသည်။

“မင်းရဲ့ တက်တူးကလန်ဘိုးဘေးအနေနဲ့ ငါက မင်းရဲ့ ကလန်စိတ်ဝိညာဉ်ကို အသက်ဝင်စေပြီး တက်တူးကလန်ရဲ့ တော်ဝင်တက်တူးကု လက်ဆောင်အဖြစ် ပေးလိုက်မယ်…” အမျိုးသမီး၏အသံက ပင်ပန်းဟန်ပင် ပေါက်နေ၏။သူမသည် နောက်ဆုံး ရေးဆွဲမှု ပြီးသည့်နောက် တက်တူးစာလုံးမှ ဖျပ်ခနဲလက်သွား၏။ ထာရှန်၏ခန္ဓာကိုယ်မှာလည်း ဆက်လက်တုန်ယင်နေခြင်း မရှိတော့ဘဲ ပြန်တည်ငြိမ်သွား၏။ သူက သူ့ရှေ့ရှိ အမျိုးသမီးကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေမိသည်။

ထိုအမျိုးသမီးက ထာရှန်ပေါ်၌ တက်တူးအသစ်ကို ရေးထွင်းပေးနေရင်း သူမသည် သူ့မှတ်ဉာဏ်များကိုပါ ကြည့်ရှုခဲ့သည်။ သူမသည် ထာရှန်၏ကလန်က မြေနိမ့်သားရဲအတွင်း ရှင်သန်နေထိုင်ပြီး ကောင်းကင်ဘုံသားများအတွက် စတေးနေရသည်ကိုလည်း တွေ့မြင်ခဲ့သည်။ ကောင်းကင်ဘုံသားများက သူတို့အပေါ်၌ ကျွန်အမှတ်အသားကို ခပ်နှပ်ထားခဲ့သည်ကိုလည်း တွေ့မြင်သည်။ သူမက ဝမ်လင်း မည်သို့ ထွက်ပေါ်လာပြီး ထိုမြေနိမ့်သားရဲထဲကနေ သူတို့ကို ခေါ်ထုတ်ကာ နေရာသစ်တစ်ခုတွင် နေထိုင်စေခဲ့သည်ကိုလည်း သိမြင်သည်။

သူမသည် အရာအားလုံးကို တွေ့မြင်ပြီးသွားပြီ ဖြစ်၏။

သူမသည် တက်တူးကလန်၏မျိုးဆက်များပေါ်၌ သက်ရောက်သော ကျွန်အမှတ်အသားကို တွေ့မြင်သည့်အခါ သူမ၏ မျက်လုံးဟောက်ပက်နေရာကနေ အနက်ရောင်သွေးများ ပိုမိုစီးကျလာတော့သည်။

“ချင်းလင်…နင် ငါ့ကို လိမ်တယ်…” ထိုအမျိုးသမီးက ခေါင်းမော့၍ ဒေါသတကြီး စူးရှရှ အော်ဟစ်လိုက်တော့သည်။ ရုတ်တရက် သူမအောက်ရှိ ကောင်းကင်ဘုံမြှပ်နှံ့ခြင်းဝဲကတော့မှာ ပို၍ပင် သိပ်သည်းလာတော့သည်။ ထိုဝဲကတော့ထဲမှ ထွက်ပေါ်လာသည့်မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ၏ ညဉ်းသံများကိုလည်း ကြားနေရသည်။

ထိုဝဲကတော့သည် မြန်ဆန်စွာ လှည့်ပတ်နေရင်း အဆုံးမဲ့မိစ္ဆာအော်ရာများသည် ဝဲကတော့ထဲကနေ တရကြမ်းထွက်ပေါ်လာကာ ၎င်းဝဲကတော့ ပြိုပျက်လုခါးနီးထိပင်။ ထိုအမျိုးသမီးထံ၌လည်း မကျေမချမ်းမှုတို့သာ ပြည့်နှက်နေတော့၏။ နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည် မကျေမချမ်းမှုများက ခုချိန်တွင် ပေါက်ကွဲထွက်လာတော့သည်။

သူမသည် ဒေါသထွက်စွာ အော်ဟစ်လိုက်ရင်း ဝဲကတော့သည်ပင် အထက်သို့ ဆွဲခေါ်ခြင်း ခံရသည်ဟုပင် ထင်မှတ်ရသည်။သို့သော် ထိုအခိုက်အတန့်၌ သူမခြေထောက်အေား ရစ်ပတ်ထားသည် ကြက်သွေးနီရောင်အရွတ်သည် နီရဲစွာတောက်ပလာသည်။ထိုအနီရောင်အလင်းက သူမတစ်ကိုယ်လုံးကို ဖုံးအုပ်ကာ သည်နေရာတွင်သာ ပိတ်လှောင်စေသည်။

သို့သော် နှစ်ပေါင်းမရေမတွက်နိုင်အောင် ချိပ်ပိတ်ထားခဲ့သည့် မကျေမချမ်းမှုနှင့် ချင်းလင် သူမပေါ်သို့ လိမ်ညာခဲ့သည်ကို သိလိုက်ချိန် ဖြစ်ပေါ်လာခဲ့သော ဒေါသတို့ကြောင့် သူမအပေါ်၌ တားဆီးထားသည့်အလင်းက ချက်ခြင်း ပျက်စီးသွားရတော့သည်။

သူမက သူ့ညာလက်ကို ပင့်မြှောက်၍ အောက်ဘက်ရှိ ဝဲကတော့ထံသို့ ကြမ်းတမ်းစွာ ကုတ်ဆွဲချလိုက်၏။

ကုတ်ချက်တစ်ချက်ဖြင့် မြေကြီးထုသည် တုန်ယင်ရကာ ဝဲကတော့သည်ပင် တုန်ခါလာ၏။ ကောင်းကင်ဘုံလှိုဏ်ဂူသည်ပင် တုန်ခါလာသလား မှတ်ရ၏။

ကောင်းကင်ဘုံမြှပ်နှံ့ခြင်းရေကန်ကြောင့် ဖြစ်ပေါ်သည့် ဝဲကတော့မှာ စတင်တုန်ယင်လာကာ သူမ၏ကုတ်စွဲချက်အောက်၌ လွင့်ပြယ်လာခဲ့သည်။ ဝဲကတော့သည် စုတ်ဖြဲခံလိုက်ရသည့်အလား ၎င်းက အမျိုးသမီး၏ ညာလက်တွင် စတင်စုစည်းလာချေသည်။

ထိုအမျိုးသမီးက ဝဲကတော့ကို မြေကြီးထဲမှ ဆွဲနှုတ်ပစ်သည်နှင့်ပင် အလားသဏ္ဌာန်တူနေသေး၏။

ထိုသို့ပြောင်းလဲမှုက ပတ်ဝန်းကျင်ရှိ လူတိုင်း၏အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေ၏။ရှေ့ဖြစ်ဟောသူက ဖြစ်ပျက်သမျှကို တိတ်ဆိတ်စွာ ကြည့်နေ၏။သူ့မျက်နှာသည်လည်း အနည်းငယ် သုန်မှုန်နေသည်။အရှင်လေဟာနယ်က မချင့်ပြုံးပြုံးကာ ခေါင်းယမ်း၏။သူသည် ကောင်းကင်ဘုံနယ်မြေနှင့် မှတ်တမ်းများစွာကို ကြည့်ဖူးသည့်အတွက် အတိတ်က တချို့အရာများကို သိရှိထားသည် မဟုတ်လား။ အခုသည်အမျိုးသမီးက ကောလဟာအရေ သေသွားခဲ့ပြီဟု ဆိုသော်လည်း ခုလိုမျိုးသက်ရှိနေသေးသည်ကို တွေ့သည့်အခါ အရှင်လေဟာနယ်သည် အတိတ်၌မည်သို့ဖြစ်ပျက်ခဲ့သည်ကို ခန့်မှန်းမိလာ၏။

“နင် ငါ့ကို လိမ်ခဲ့တယ်။နင်က နင်ဟာ ငါ့ကလန်ကို မန္တရာယ်မပြုပါဘူးလို့ ကတိပေးခဲ့တယ်။ သူတို့အတွက် ကြယ်အဖွဲ့အစည်းအသစ် ဖွင့်လှစ်ပေးပြီး နေထိုင်စေမယ်လို့ ကတိပြုခဲ့တယ်။ အဲ့နောက် နင်တို့ကောင်းကင်ဘုံသားတွေနဲ့ ငါ့ကလန်က အတူနေထိုင်နိုင်မယ်လို့ ဆိုခဲ့တယ်။ ဒါတွေက နင် ငါ့ကို ကတိပေးခဲ့တာတွေပဲ။ ချင်းလင်း နင် ငါ့ကို ဘာကြောင့် လိမ်ခဲ့တာလဲ…”

သူမ၏ ဒေါသဖြင့် ဗလုံးဗထွေးဆိုသံများထဲ၌ မကျေမချမ်းမှုနှင့် ပြည့်နေတော့သည်။သူမ၏ ညာလက်ဖြင့်လည်း ဆက်လက်၍ ကုတ်ချတိုက်ခိုက်နေ၏။ ဝဲကတော့သည် ဆက်လက် ပြိုပျက်နေသည်။ ဝဲကတော့က ကျုံ့နေရင်း အောက်ခြေရှိ ချောက်နက်တစ်ခု ပေါ်လာ၏။ ထိုဝဲကတော့သည် အမျိုးသမီးညာလက်ထံသို့ စုစည်းလို့နေသည်။

မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ ပျံသန်းထွက်လာနေ၏။ ထိုစိတ်ဝိညာည်အများစုမှာ ချင်းလင် သတ်ခဲ့သောသူများပင်။ ခုချိန်၌ ၎င်းတို့က သည်ဧရိယာတွင် ပြည့်နှက်နေသည်။ တုန်လှုပ်ဖွယ်ရာပင်။

အနီရောင်အရွတ်က တောက်ပသထက် တောက်ပလာရင်း သူမပတ်လည်၌ အနီရောင်အလင်းလွှာများဖြင့် ဝန်းရံနေသည်။သို့သော် ထိုအလင်းများက ဝန်းရံရုံရှိသေး ပျက်စီးသွားရသည်။

ထိုအခိုက်အတန့်၌ အနီရောင်အရွတ်ပေါ်၌ မရေမတွက်နိုင်သောစာလုံးများ ပေါ်လာ၏။ ထိုစာလုံးများပေါ်လာသည်နှင့် အနီရောင်အရွက်ပေါ်၌ သလင်းအလင်းတစ်ခု ပျံဝဲလာသည်။ ထိုသလင်းအလင်း၏ မရေမတွက်နိုင်သော အလင်းစက်များသည် အမျိုးသမီးရှေ့၌ စုစည်းကာ ဒြပ်မဲ့ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုလူ၏ ခန္ဓာကိုယ်မှာ မပီပြင်ပေ။သူသည် သက်လတ်ပိုင်းအရွယ်ရှိကာ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။သူ့ဆံပင်ရှည်များကို အဝါရောင်ဖဲကြီးနှင့် ချည်နှောင်ထား၏။သူ့ပုံစံမှာ ချောမော၍ ကောင်းကင်ဘုံသားတစ်ယောက်၏အော်ရာကို ပေးစွမ်းနေတော့သည်။

သူ့မျက်လုံးထံမှ ရက်စက်အေးစက်သည့်အကြည့်သာ ထွက်ပေါ်နေ၏။သို့သော် သူ့မျက်လုံးထဲ၌ စိတ်ဝိညာဉ်မရှိပေ။

သူ့ပုံရိပ်ပေါ်လာသည်နှင့် သူသည် လောကကို အုပ်စိုးသူဟု ခံစားရစေမည့် အော်ရာတစ်ခုပါ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်၌ ရှေ့ဖြစ်ဟောသူတို့လိုလူများပင် အမူအရာ ပြောင်းလဲကုန်၏။ ရှေ့ဖြစ်ဟောသူပတ်လည်၌လည်း ကိုယ်ပွားများစွာ ပေါ်လာသည်။ထိုသို့ပေါ်လာခြင်းမှာ သူ့ဆန္ဒကြောင့် မဟုတ်ပေ။ထိုအော်ရာကြောင့် သူ့တုန်လှုပ်သွားရမှုကနေ ပေါ်ထွက်လာခဲ့ခြင်းသာ ဖြစ်သည်။

“သူက ဟိုလူထက်တောင် ပိုသန်မာနေသေးတယ်…” ရှေ့ဖြစ်ဟောသူသည် လေအေးတစ်ချက် ရှိုက်သွင်းမိ၏။သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာသည်။ သူသည် ယခုလိုမျိုး တစ်ကြိမ်သာ တုန်လှုပ်မိခဲ့ဖူး၏။ ထိုတစ်ကြိမ်မှာ အတိတ်တုန်းက ဟိုလူ့ကြောင့်သာ ဖြစ်သည်။

ဝမ်လင်းသည် ထွက်ပေါ်လာသည့်သူကို တွေ့မြင်သည့်အခါ သူသည် ပင့်သက်ရှိုက်မိ၏။သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိသည်။ သူက ထိုလူမှာ ပန်းကောင်းကင်ဘုံသားနှင့်အတူ သူတွေ့ခဲ့ဖူးသည် ရုပ်တုနှင့် ချွတ်ဆွတ်တူနေမှန်း သိလိုက်သည်။

“ချင်းလင်…”

“ဒါက အစစ်အမှန်ချင်းလင် မဟုတ်ဘူး။တက်တူးကလန်ရဲ့ တော်ဝင်ဘိုးဘေးကို ချိပ်ပိတ်ထားချိန်မှာ သူချန်ထားခဲ့တဲ့ သူ့နတ်ဘုရားအာရုံကိုယ်ပွားပဲ။ ဒီကိုယ်ပွားမှာ သူ့မူလခန္ဓာကိုယ်လိုမျိုး အသိဉာဏ်၊မှတ်ဉာဏ်နဲ့မန္တာန်တွေ မပိုင်ဆိုင်ထားဘူး။ဒီကိုယ်ပွားက တက်တူးကလန်ရဲ့တော်ဝင်ဘိုးဘေး မလွတ်မြောက်အောင် တားဆီးဖို့သာ ရှိနေခြင်း ဖြစ်တယ်…”

အရှင်လေဟာနယ်၏ စိတ်သည် တုန်ယင်နေ၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် လောက၏ဥပဒေများကို အချို့အဆင့်ထိ သက်ရောက်စေနိုင်ပေသည်။ သို့သော် အခု သူက သည်ပုံရိပ်ကို တွေ့မြင်သည့်အခါ သူ့ကိုယ်သူသေမျိုးတစ်ယောက် ပြန်ဖြစ်သွားသကဲ့သို့ပင် ခံစားမိသည်။

ဤအခိုက်အတန့်၌ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ အဝေးရှိ မဟာမိတ်အဖွဲ့အစည်းထိန်းချုပ်ထားသော ဧရိယာပြင်ပတွင် လောင်ကျွမ်းနေသောကြယ်အဖွဲ့အစည်းတစ်ခု ရှိလေ၏။ဝမ်လင်းသည် ဟင်္သာငှက်ကို နိုးထာစေပြီးနောက် ပုလင်းကမ္ဘာထဲမှ ထွက်လာသည့်အခါ ဟင်္သာငှက်နတ်ကလန်၌ တုန်လှုပ်ဖွယ်အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပေသည်။

ထိုသို့ဖြစ်ရသည့်အကြောင်းရင်းမှာ ဟင်္သာငှက်နိုးထလာမှုကြောင့် ဖြစ်လေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset