Switch Mode

အပိုင်း(၁၀၇၆):

သူမလား

“ငါ ဒီအချိန်ကို စောင့်နေတာ ကြာမြင့်ခဲ့ပြီ။ ငါက ငါ့အသွေးအသားကို ရှေးဟောင်းလူတွေရှိမှာ စတေးခဲ့ပြီး ငါ့စိတ်ဝိညာဉ်ဟာ လေဟာနယ်ထဲကနေ ပြန်ဖြစ်ပေါ်လာလိမ့်မယ်။ ငါဟာ ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ် ဖြစ်လာလိမ့်မယ်။ ငါ ရှေးဟောင်းမိစ္ဆာထာရဲ့ ပြန့်ကြဲနတ်ဆိုး ဖြစ်လာတဲ့အတွက် တက်တူးကလန်ရဲ့ တော်ဝင်ပစ္စည်းကို ငှားယမ်းပြီး ဒီမိစ္ဆာစွမ်းအင်ကို အသုံးချကာ ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန်ကို ဖွင့်လှစ်မယ်…”

ချပ်ဝတ်နှင့်ပြန့်ကြဲမိစ္ဆာသည် ထိုသို့ဆိုရင်း ထူးဆန်းစွာ ပြုံးသည်။ သူက သူ့ခြေထောက်ကို ပင့်မြှောက်၍ ကြမ်းတမ်းစွာ စောင့်ချလိုက်၏။

ပြန့်ကြဲမိစ္ဆာ စောင့်ချလိုက်ချိန်၌ ကျယ်လောင်စွာ ပေါက်ကွဲမှု ဖြစ်သွား၏။ လူတိုင်းပတ်လည်ရှိ ဧရိယာသည် မီးတောက်များနှင့် လောင်ကျွမ်းပျက်စီးနေပြီးဟု ဆိုရမည်။ဤအခိုက်တွင်မူ မြေပြင်ထက်တွင် အက်ကွဲကြောင်းများ စတင်ပေါ်လာ၏။

ပိုပိုများပြားသည် အက်ကွဲကြောင်းများ ပေါ်လာကာ မကြာခင်တွင်၎င်းတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကြ၏။ သည့်နောက် မြေပြင်ထုသည် ပြိုပျက်ပျက်စီးသည်။

ပြန့်ကြဲမိစ္ဆာ၏ ခြေစောင့်မှုက မြေကြီးထုကို တစစီကွဲကြေသွားစေသကဲ့သို့ပင်။ မြေပြင်ထု ပျက်စီးလာသည့်အခါ အောက်ဘက်မှ ပြင်းထန်သောစုပ်အားတစ်ခု ပေါ်လာ၏။ မမျှော်လင့်ထားစွာဖြင့် သည်မြေကြီးထုအောက်၌ နောက်ထပ်ကမ္ဘာတစ်ခု ရှိလို့နေသည်။

သည်မြေကြီးထုတစ်ခုလုံးကို ဖုံးလွှမ်းစေဖို့ လုံလောက်သည့် ဧရာမဝဲကတော့ကြီး ရှိ၏။၎င်းဝဲကတော့ထဲကနေ မြေအောက်ကမ္ဘာမှ ထွက်ပေါ်လာသည့်အလား တစ္ဆေငြီးသံများ ထွက်ပေါ်လာနေ၏။

“မင်း ရောက်လာလိမ့်မယ်လို့ အရှင်ထာကျားက ခန့်မှန်းထားပြီးသား။ ကောင်းကင်ဘုံအင်ပါယာချင်းလင်ရဲ့ မြှပ်နှံ့ခြင်းမြေကြီးထုကို မင်းတို့အားလုံးအတွက် ပြင်ဆင်ထားတယ်။ ဒီအဘိုးအိုက အဲ့အောက်မှာ စောင့်နေမယ်…”

မြူနက်များကြားရှိ ပြန့်ကြဲမိစ္ဆာ၏ ရယ်မောသံသည် ပဲ့တင်ထပ်နေတော့၏။

မြေပြီးထုသည် ပြိုကျ၏။၎င်းအောက်မှ ပြင်းထန်သောစုပ်အားသည် သည်နေရာရှိ အရာအားလုံးကို ဝါးမြိုပစ်ရန် တာဆူလာသည်။

ပြန့်ကြဲမိစ္ဆာသည် ဝဲကတော့၏ အရင်ဆုံး စုပ်ယူခြင်းကို ခံလိုက်ရ၏။ သူ့ရယ်သည်လည်း တဖြည်းဖြည်း တိုးရင်း ပျောက်ကွယ်လို့သွားသည်။

လူတိုင်းနီးပါး သည်အခြေအနေကို ပင့်သက်ရှိုက်မိနေကြ၏။ မည်သူကမျှ ပုလင်းကမ္ဘာကနေ ထွက်လာပြီးသည့်နောက် ခုလိုမျိုး သေရေးရှင်ရေးအခြေအနေမျိုးကို ရင်ဆိုင်ရလိမ့်မည်ဟု မထင်ထားမိကြချေ။

ချန်ညီကိုသုံးယောက်က ဝဲကတော့ကြီးနှင့် အနီးဆုံးဖြစ်၏။ သူတို့က စုပ်အားကို တောင့်ခံနိုင်ခြင်းမရှိဘဲ ဝဲကတော့ထဲသို့ ချက်ခြင်း စုပ်ယူခြင်း ခံလိုက်ရသည်။

ခေါင်းကြီးသည်လည်း အနည်းငယ် ရုန်းကန်နေသေး၏။သို့သော် သူလည်း ဆွဲချခြင်း ခံလိုက်ရပေသည်။

သက်လတ်ပိုင်းအမျိုးသမီးနောက်ရှိ တပည့်လေးယောက်ကမူ ကျင့်ကြံမှုအဆင့်နိမ့်ဆုံးတွင် ရှိနေကြ၏။ဝမ်လင်းသည် ထိုအမျိုးသမီး ဘာကြောင့် သည်နေရာကို သူ့တပည့်လေးယောက်အား ခေါ်ဆောင်လာရသနည်းဟု ကြိုးစားခန့်မှန်းကြည့်နေသည်။

တောက်ပသောလေဟာနယ်သခင်မဟု ထင်ကြေးပေးထားသည့် ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးကလွဲ၍ ကျန်သည့်သုံးယောက်၏ အမူအရာများမှာ ပြောင်းလဲသွားကြ၏။သူတို့သည်လည်း စုပ်အားကို မခုခံနိုင်ကြဘဲ စုပ်ယူခြင်းခံရသည်။

ထိုမိန်းကလေးများထဲမှ တစ်ယောက်ဆို သူ့ခန္ဓာကိုယ်မှာ စုပ်အားကြောင့် တစစီဖြစ်သွားကာ သွေးမြူများအဖြစ် ပြောင်းသွားရ၏။သူမ၏ မူလစိတ်ဝိညာဉ်သည်လည်း ကြောက်လန့်တကြား သွေးမြူများကြားကနေ ပျံသန်းထွက်လာ၏။သို့ရာတွင် ဝဲကတော့ထဲမှ မရေမတွက်နိုင်သောစိတ်ဝိညာဉ်များ ပျံသန်းထွက်လာကာ သူမ၏မူလစိတ်ဝိညာဉ်ကို ဝန်းရံလာကြ၏။ ၎င်းတို့က သူမကို အရူးအမူး စတင်ဝါးမြိုချေသည်။

သူမ၏ နာကျင်ထိတ်လန့်စွာအော်သံပင် ဝဲကတော့ထဲသို စုပ်ယူခြင်းခံရကာ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းသည်လည်း အံ့မခန်းအားတစ်ခုကို ခံစားမိသည်ပင်။ ကံကောင်းစွာဖြင့် သူသည် ပြင်းထန်သောစုပ်အားရှိသည့် နတ်ဆိုးစိတ်ဝိညာဉ်တွင်းနက်ထဲ၌ ချိန်အတန်ကြာ နေခဲ့ဖူး၏။ထို့ကြောင့် သူသည် တုန်လှုပ်မနေမိပေ။ထိုစုပ်အားက သူ့ပတ်လည်သို့ ဝန်းရံလာချိန်၌ သူ့မူလစွမ်းအင်များမှာ သူ့ခန္ဓာကိုယ်အား ခြုံလွှမ်းသွား၏။သူသည် ခြေစောင့်ချ၏။

သူ့ခြေထောက်မှ မီးတောက်များစွာ ထွက်ပေါ်လာပြီး သူ့ကို အထက်သို့ တွန်းတင်၏။ မီးတောက်များကမူ ထွက်ပေါ်လာသည်နှင့် စုပ်ယူခြင်း ခံလိုက်ရသော်လည်း ဝမ်လင်း၏ခန္ဓာကိုယ်မှာ ပေတစ်ရာအထက်သို့ ရောက်ရှိသွားသည်။

ရှေးဟောင်းနတ်ဆိုးပေလာကေ ရယ်မောနေ၏။သူက ဝဲကတော့မှ စုပ်အားကို လုံးဝ လစ်လျူရှုထား၏။ သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲဖြင့် အကွာအဝေးတစ်ခုတွင် ပြန်ပေါ်လာ၏။

သူ့ညာမျက်လုံးက တောက်ပနေကာ မိစ္ဆာစွမ်းအင်များ သူ့ပတ်လည်တွင် ဝန်းရံထား၏။ သူက လှိုင်းတွ့န်များကြား မဝင်ရောက်ခင် ဝဲကတော့စုပ်အားမှ ရုန်းကန်နေသောသူများကို တစ်ချက်ကြည့်လိုက်သည်။အထူးသဖြင့် သူက ဝမ်လင်းကို လှမ်းကြည့်ကာ ဆိုလိုက်၏။ “မိတ်ဆွေလေး ဝမ်လင်း…မင်းက ဒီအဘိုးအိုကို ဝင်လာစေဖို့ ခွင့်ပြုခဲ့တဲ့အတွက် ငါလည်း မင်းကို ကောင်းကောင်းဆက်ဆံမှာပါ။ ငါမင်းကို တစ်ခုပြောပြမယ်။ဒီရေကန်ကို ကောင်းကင်ဘုံအင်ပါယာရဲ့ မြှုပ်နှံ့ခြင်းကန်လို့ ခေါ်တယ်။အဲ့နေရာမှာ သေဆုံးခဲ့ရတဲ့ ကောင်းကင်ဘုံသားတွေဆိုတာ ရေတောင်မရေနိုင်ဘူး။မင်း ဒီထဲကို စုပ်ယူခံရရင် မင်း သေသွားမှာတောင် စိုးရတယ်။ တစ်ခုတည်းရှိတဲ့ ရွေးချယ်စရာကတော့ မင်းမြန်နိုင်သမျှ ဒီစုပ်အားကို မြန်မြန် ချိုးဖျက်ပစ်ဖို့ပဲ…”

ပေလော၏ဓားများသည် ဝဲကတော့အနှံ့တွင် မြည်ဟိန်းနေ၏။ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက သူ့သိုလှောင်အိတ်ထဲမှ ဓားကြီးဆယ်လက်ကျော်ကို ပျံသန်းထွက်လာစေသည်။

၎င်းဓားများက သူ့ပတ်လည်တွင် လှည့်ပတ်၍ သူ့မူလစွမ်းအင်၊မီးတောက်များနှင့်အတူ တန်ပြန်အားတစ်ခုကို ဖန်တီး၍ အနှီစုပ်အားကို ခုခံသည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ ဝဲကတော့အတွင်းမှ ဒေါသတကြီးအသံတစ်ခု ထွက်ပေါ်လာ၏။ထိုအသံထွက်ပေါ်လာချိန်၌ ဝဲကတော့ထံမှ စုပ်အားသည် ပိုပြင်းထန်လာ၏။

ထိုအသံထဲ၌ ပါဝင်သည့် တစုံတစ်ခုက လူတိုင်း၏စိတ်ကို တုန်လှုပ်စေသည်။ထိုအသံကို ကြားလိုက်ရပြီးနောက် ဝဲကတော့ထဲမှ မရေမတွက်နိုင်သောတက်တူးအမှတ်အသားများ ထွက်ပေါ်လာကြသည်။

ထိုတက်တူးများက သွေးရောင်နီရဲနေ၏။ အချို့မှာ အသွေးအသားအပိုင်းအစများနှင့်ပင် ချိတ်ဆက်နေသေး၏။

ဝမ်လင်းသည် ထိုတက်တူးများကို တွေ့မြင်လိုက်သည့်အခါ သူသည် ပင့်သက်ရှိုက်မိသွား၏။ ၎င်းတက်တူးများအားလုံးသည် ရွေးချယ်ခံမသေမျိုးကလန်၏ အမြုတေတက်တူးများ ဖြစ်နေသည်ကို သူက ချက်ခြင်း သိလိုက်၏။

ခပ်ဝါးဝါးပုံရိပ်တစ်ခုသည် ဒေါမာန်တကြီးဟိန်းသံများ၊တက်တူးအမှတ်အသားများနှင့်အတူ ဝဲကတော့အတွင်းနက်ပိုင်းကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ထိုပုံရိပ်အထက်သို့ တဖြည်းဖြည်းမြင့်တက်လာနေရင်း မွန်းစတားဆန်သော မကောင်းဆိုးဝါးအော်ရာတစ်ခုလည်း ပေါ်လာသည်။

ထိုမကောင်းဆိုးဝါးအော်ရာမှာ လင်းထျန်ဟူ၏ ခန္ဓာကိုယ်ကိုပင် တုန်ယင်သွားစေ၏။ရှေ့ဖြစ်ဟောသူသည်လည်း ထို့အတူပင်။အရှင်လေဟာနယ်ပင် ထိုတုန်ယင်သွားမှုကနေ မလွတ်မြောက်နိုင်ချေ။

ဤအရာက ကျင့်ကြံခြင်းနှင့် မဆိုင်ပေ။ စိတ်ဝိညာဉ်ထဲမှ တုန်ယင်မှုသာ ဖြစ်၏။

ထိုဝဲကတော့ထဲမှ ထွက်ပေါ်လာသည့် ပုံရိပ်မှာ အမျိုးသမီးတစ်ယောက် ဖြစ်နေ၏။သူမ၏ မျက်နှာထက်၌ သွေးချင်းနီရဲသော မျက်လုံးသူငယ်အိမ်နှင့် မျက်လုံးဟောက်ပတ် ဖြစ်ပေါ်နေ၏။ သူမ၏မျက်လုံးသူငယ်အိမ်ကနေ သွေးစီးကြောင်းနှစ်ခု စီးဆင်းလို့နေ၏။

သူမ၏မျက်လုံးများကို တယောက်ယောက်က ကလောထုတ်ခြင်း ခံလိုက်ရသည့်အလား။

ရှေ့ဖြစ်ဟောသူသည်ပင် ထိုပုံရိပ်ကို တွေ့မြင်သည့်အခါ တုန်လှုပ်မိဟန် အမူအရာ ဖြစ်ပေါ်လာ၏။

“ဒါ…ဒါက သူမ ဖြစ်နေမလား…”

အရှင်ချိုင်လေ့က ထိုဝဲကတော့ထဲမှ အမျိုးသမီးကို ကြည့်နေရင်း မျက်မှောင်ကြုတ်နေမိ၏။ သူ့ကျင့်ကြံမှုအဆင့်ကလည်း ချက်ခြင်း ပေါက်ကွဲထွက်လာ၏။ သူက ရုန်းကန်နေသော သက်လတ်ပိုင်းအမျိုးသမီးနှင့် ပန်းရောင်အမျိုးသမီးတို့ကိုပါ အပေါ်သို့ ဆွဲခေါ်သွား၏။

“သူမပဲ…ဒါက သူမပဲ။သူမက အင်ပါယာချင်းလင်ရဲ့ ချိပ်ပိတ်ခြင်းကို တကယ်ခံထားခဲ့ရတာပဲ။ သေစမ်း…ကောလဟာလအရတော့ သူမက သေပြီဆိုပဲ။ ဒါပေမဲ့ အင်ပါယာချင်းလင်းက သူမကို အမှန်တကယ် မသတ်ခဲ့ဘူးကို…”

အရှင်လေဟာနယ်၏ တည်ငြိမ်မှုသည်ပင် ပျောက်ရှသွားခဲ့လေပြီ။ ထိုဝိုးတဝါးပုံရိပ်ကို မည်သူမည်ဝါမှန်း သိရှိသွားသည့်နောက် သူ့စဉ်းစားဉာဏ်ပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားရ၏။မဟာမိတ်အဖွဲ့သည် ကောင်းကင်ဘုံနယ်မြေနှင့် ပတ်သတ်၍ အတော်များများ သိထားကြပေ၏။မဟာမိတ်မှ အကြီးအကဲတစ်ယောက်အနေဖြင့် သူသည်လည်း ကိစ္စရပ်တော်တော်များများကို သိရှိိထား၏။

ထိုဝိုးတဝါးပုံရိပ် ထွက်ပေါ်လာသည့်အခိုက်ပ အကြီးအကဲစွန်မှာ စုပ်အားအတွင်း၌ ရုန်းကန်နေ၏။သို့ရာတွင် အနှီမကောင်းဆိုးဝါးအော်ရာ ထွက်ပေါ်လာချိန်၌ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် စုပ်အားကို တောင့်မခံနိုင်တော့ပေ။ သူ့မူလစွမ်းအင်များ လှုပ်ရှားနေရကနေ တန့်သွားကာ ဝဲကတော့၏ စုပ်ယူခြင်းကို ခံရ၏။

သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့နှင့် ပြည့်နေ၏။ သူ ဝဲကတော့ထဲသို့ ဆွဲချခံရခါနီး၌ ကြယ်အမှတ်အသားနှင့်ဖျံသည် သူ့ဝတ်ရုံကနေ ခုန်ထွက်လာ၏။၎င်းက ထူးဆန်းနည်းဖြင့် လေထဲသို့ ခုန်ထွက်ကာ အထက်သို့ဆန်တက်၍ ဝမ်လင်းကို တောက်ပသောမျက်လုံးများဖြင့် ကြည့်သည်။

ဤအခိုက်အတန့်၌ ပေလာသည် တဖြည်းဖြည်း ပေါ်လာနေသည့် ဝိုးဝဝါးပုံရိပ်ကိ ကြည့်နေ၏။ သူ့ညာမျက်လုံးသည် လက်ခနဲ ဖြစ်သွားရင်း ခပ်တိုးတိုးဆိုသည်။ “မိတ်ဆွေဟောင်းကြီး…အစတုန်းက သူမ ပျောက်ကွယ်သွားပြီး ဒဏ်ရာ ကုသနေတယ်လို့ ငါ ထင်ထားခဲ့တာ။အင်ပါယာချင်းလင်က ဒီနေရာမှာ သူမကို ချိပ်ပိတ်ထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ ချင်းလင်…သူက အရမ်းသန်မာတာပဲ။ အတော့်ကို သန်မာလွန်းတယ်။ ကောင်းကင်ဘုံနယ်မြေ ပြိုကျတဲ့နောက် သူ ဒဏ်ရာအပြင်းအထန်ရထားတာကြောင့်သာ မဟုတ်ရင် ငါနဲ့ရှေးဟောင်းမိစ္ဆာထာကျားတို့ သူ့အပေါ် လောဘတက်တဲ့ အတွေးမျိုး တွေးဝံ့မှာ မဟုတ်ဘူး…”

ပေလာသည် ထိုဝိုးဝဝါးပုံရိပ်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးထဲတွင် ချီတုံချတုံ ဖြစ်နေ၏။

“ငါ သူမကို ကယ်သင့်လား…” သူသည် ထိုဝိုးတဝါးပုံရိပ်နောက်သို့ သေချာကြည့်နေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူသည် တုန်လှုပ်မိနေသည်။

“ချင်းလင်က အတော်ရက်စက်လှတာပဲ။ သူက ချိပ်ပိတ်ဖို့အတွက် ဒီလိုအရာကို တကယ် အသုံးပြုခဲ့တယ်။ ငါ့စွမ်းအား အထွတ်အထိပ် ရှိနေတဲ့ အချိန်မှာတောင် ငါ သူမကို ကယ်တင်နိုင်စွမ်း မရှိလောက်ဘူး။ ငါပါ အဖမ်းခံသွားရနိုင်တယ်။ ထားလိုက်ပါတော့လေ…”

ထို့နောက် ပေလော၏ ခန္ဓာကိုသည် သည်နေရာကနေ ထွက်ခွာရန် သူ့ကိုယ်ပိုင်နည်းလမ်းကို သုံးကာ တဖြည်းဖြည်း ပျောက်ကွယ်နေသည်။

ဤအခိုက်အတန့်၌ ထိုပုံရိပ်က လေထဲသို့ ခုန်တက်လာ၏။ မကောင်းဆိုးဝါးအော်ရာသည် သည်နေရာရှိ လူတိုင်းပေါ်သို့ ခြုံလွှမ်းမိုးလာသည်။ စစ်ထူနန်သည် ချိပ်တံဆိပ်များ ဖြစ်ပေါ်၍ မန္တာန်များကို ထုတ်ဖော်နေ၏။ သို့သော် ဤအခိုက်အတန့်၌ ထိုဝိုးတဝါးပုံရိပ်သည် ညာလက်ကို မြှောက်၍ ညင်သာစွာ ဝေ့ယမ်းလိုက်တော့သည်။

သည်နေရာရှိ မကောင်းဆိုးဝါးအော်ရာမှာ အထွတ်အထိပ်သို့ ရောက်လာပြီး ဝဲကတော့တစ်ခု ဖြစ်တည်သည်။လင်းထျန်ဟူ၏ ခန္ဓာကိုယ်ကလည်း တုန်ယင်ကာ သူလည်း ဆွဲချခံရ၏။

သူနှင့်အတူ လိုက်ပါသွားသူက စစ်ထူနန်ပင်။

ဝမ်လင်းသည် ပျံသန်းနေရာကနေ ရုတ်တရက် ရပ်တန့်လိုက်၏။ သူ့မူလစွမ်းအင်ကို ချက်ခြင်း ဖြန့်ကျက်ကာ သူ့ပတ်လည်၌ မီးတောက်ပင်လယ်များ ဖြစ်စေသည်။ သူ့အားဓားများ လှည့်ပတ်နေစေရင်း ဝမ်လင်းသည် စစ်ထူနန်ရှိရာသို့ တိုးဝင်လာတော့သည်။

ကြောက်မက်ဖွယ်စုပ်အားက ပျံ့နှံ့နေရင်း လူတိုင်းကို ထိတ်လန့်စေခဲ့သည့် ဝိုးတဝါးပုံရိပ်က လေထသို့ မြင့်တက်နေ၏။ လူတိုင်းက စုပ်အားကို ရုန်းကန်၍ အထက်သို့ ဆန်တက်နိုင်ရန် လုပ်နေ၏။ ဝမ်လင်းတစ်ယောက်သည် စစ်ထူနန်ရှိရာ အောက်ဘက်သို့ ဆင်းချလာသည်။

“စစ်ထူနန်၏မူလစွမ်းအင်သည ရပ်တန့်နေလေပြီ။ သူ့မျက်နှာထက်၌ ခါးသီးစွာ ပြုံးမိ၏။ သူသည် တဖြည်းဖြည်း မြင့်တက်လာသည့် ပုံရိပ်နှင့် နီးကပ်လာနေသည်။ သူက ခပ်တိုးတိုး ဆိုသည်။ သေစမ်း…ဒီအဘိုးအိုက အမြဲ ကံကောင်းခဲ့တယ်။ ခု ဒီတစ်ခါတော့ ဒီနေရာမှာ ငါ တကယ် နစ်မြုပ်တော့မှာလား…” သူက ထိုသို့ ဆိုလိုက်ရင်း ဝမ်လင်းသူ့ထံသို့ တိုးဝင်လာနေသည်ကို တွေ့မြင်လိုက်၏။

ဝမ်လင်း၏မူလစွမ်အးင်က အရူးအမူး လှုပ်ရှားနေ၏။ သူသည် အောက်ဘက်သို့ တရကြမ်း ဆင်းချလာရင်း မီးတောက်ပင်လယ်က သူ့အား ဖုံးလွှမ်းထားသည်။ စုပ်အး ရိုက်ခတ်သည်နှင့် သူ့ပတ်လည်ရှိ မီးတောက်များမှာ စုပ်ယူခြင်း ခံနေရသည်။

စစ်ထူနန်သည် ပိုပို၍ ဝေးလာ၏။ ဝမ်လင်းသည် ဆုံးဖြတ်ချက်ချ၏။ သူ့နောက်ဘက်သို့ မူလစွမ်းအင်များကို ပေါက်ကွဲစေလိုက်ကာ ရှေ့သို့ တဟုန်ထိုး ထိုးထွက်လာတော့သည်။

ထို့အတွက်ကြောင့် သူ့အမြန်နှုန်းက နှစ်ဆ ဖြစ်သွား၏။ ချက်ခြင်း သူက စစ်ထူနန်အနားသို့ ရောက်သွားသည်။ ဝမ်လင်းသည်လည်း ထိုပုံရိပ်နှင့် ပေတစ်သောင်းအောက်သာ ဝေးတော့၏။ သူသည် စစ်ထူနန်ကို အကွာအဝေးတစ်ခုကနေ ချက်ခြင်း လှမ်းဖမ်းယူ၏။ထို့နောက် သူ့မူလစွမ်းအင်ကို သူ့ပတ်လည်တွင် ပေါက်ကွဲစေသ်ည။ထိုပေါက်ကွဲအားက ဝမ်လင်းကို အထက်သို့ ဆန်တက်သွားစေသည်။

ပုံရိပ်၏ ဗလာကင်းမဲ့သည့် မျက်လုံးများထံမှ အနက်ရောင်သွေးများ ထွက်နေ၏။ထိုသွေးများသည် ဝဲကတော့ထဲသို့ ဝင်ရောက်သည့်အခါ သွေးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းအဖြစ်ကြောင့် ဝဲကတော့သည် မွန်းစတားဆန်သည့် အဟုန်ကို ရလာ၏။ထို့နောက် အထက်သို့ မြင့်တက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset