Switch Mode

အပိုင်း (၁၀၆၃)

ကောင်းကင်ဘုံလှိုဏ်ဂူ ဖွင့်လှစ်ခြင်း

“ချင်းလင်က ကောင်းကောင် စီစဉ်ထားခဲ့တာပဲ။ ဒီလိုဏ်ဂူပွင့်လာတဲ့ အချိန်မှာ ဒီလောက်ကြီးမားတဲ့ ပြောင်းလဲမှုကြီး ဖြစ်လိမ့်မယ်လို့ ငါ မမျှော်ထင့်ထားမိဘူး။ ငါသာ အခြားရှေးဟောင်းနတ်ဆိုး စိတ်ဝိညာဉ်ကို စုပ်ယူမထားခဲ့ဘူးဆိုရင် ခုချိန်မှာ ငါလည်း ဖိနှိပ်ထားခံနေရပြီ…”

“ဒါပေမဲ့လည်း ခု ဘယ်လိုပဲ ဖြစ်ဖြစ် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေဟာ အတိတ်ကလို ပုံစံပဲ ပြောင်းပါစေ ကိစ္စမရှိတော့ဘူး။ ခု လှိုဏ်ဂူပွင့်သွားပြီ ဆိုတော့ ငါ ဒီတစ်ကြိမ် အောင်မြင်ရမယ်…”

“ရှေးဟောင်းမိစ္ဆာ၊ကောင်းကင်ဘုံအင်ပါယာ…ငါ ပေလော လာနေပြီ…” ရှေးဟောင်းနတ်ဆိုး၏ အသွင်က ကြမ်းတမ်းန် ဖြစ်ပေါ်နေ၏။ သူက ရေကန်ထဲကနေ နတ်ဆိုးအလင်းတန်းအဖြစ် ပြောင်း၍ ထိုးထွက်လာတော့သည်။

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့က သူ့အား ရိုက်ခတ်နေ၏။သို့သော် ၎င်းစွမ်းအင်တို့ အနားရောက်လာသည့်အခါ သူ့ပတ်လည်ရှိ နတ်ဆိုးအလင်း၏စုပ်ယူခြင်းခံရကာ သူ့နတ်ဆိုးစွမ်းအင်ကိုပါ တိုးတက်နေစေသည်။

အရင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၊အခု ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေရှိ နတ်ဆိုးနိုင်ငံ မြေအောက်တွင် ယောင်ရှင်းရွှဲ့က ကောင်းကင်ဘုံစွမ်းအင်တို့ ရိုက်ခတ်လာချိန်၌ ခေါင်းမော့ကြည့်လာ၏။ သူမသည် ထိုစွမ်းအင်ကို ခံစားမိသည်နှင့် ခန္ဓာကိုယ်တုန်ယင်သွားသည်။ ထို့နောက် သူမ၏မျက်လုံးထဲကနေ တစ္ဆေအလင်း ထုတ်လွှတ်လာရာ နတ်ဆိုးစွမ်းအင်သည် သူမအား ဝန်းရံပေးသွားသည်။

နတ်ဆိုးစွမ်းအင်သည် သူမပတ်လည်ရှိ ကောင်းကင်ဘုံစွမ်းအင်များကို စုပ်ယူကာ ဝဲကတော့တစ်ခုလို ဖြစ်နေ၏။ထိုကောင်းကင်ဘုံစွမ်းအင်များသည် ခြေမွ၍ စုပ်ယူခြင်း ခံလိုက်ရ၏။

ယောင်ရှင်းရွှဲ့သည် ဖျပ်ခနဲ ကွယ်ပျောက်ကာ လေထဲ၌ ပေါ်လာ၏။သူမ၏ ခန္ဓာကိုယ်မှ နတ်ဆိုးအော်ရာကို ထုတ်လွှတ်နေရင်း သူမ၏ပုံပန်းသွင်ပြင်ကိုပါ ဖုံးလွှမ်းထားသည်။ သူမ၏ အေးစက်စက်အော်ရာကတော့ အားကောင်းနေဆဲပင်။

ထို့နောက် သူမသည် နတ်ဆိုးအလင်းတန်းအဖြစ်သို့ ပြောင်း၍ ရှေ့တည့်တည့်သို့ ဦးတည်သွားတော့သည်။

နောက်ထပ်‌ ကောင်းကင်ဘုံစွမ်းအင်များ ရိုက်ခတ်နေသည့် နေရာတစ်ခု ရှိနေ၏။ ထိုနေရာမှာ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန် တည်ရှိသည့် မီးနတ်ဆိုးနိုင်ငံပင်။

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ကလန်အတွင်းသို့ ရိုက်ခတ်နေ၏။ထိုစွမ်းအင်များသည် ကလန်အတွင်းရှိ နတ်ဆိုးစွမ်းအင်များကို လွင့်ပြယ်စေဖို့ ကြိုးစားနေ၏။ သို့သော် ဝမ်လင်း၏ရုပ်တုထဲမှ စူးရှရှအသံတစ်ခု ထွက်ပေါ်လာ၏။

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ရောက်ရှိလာချိန်၌ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ဝင် သန်းချီသည် စိုးရိမ်ပူပန်မှုကို ခံစားရ၏။သူတို့အားလုံးသည် သူတို့၏အလံများကို ထုတ်ယူလိုက်ကြသည်။ မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများ ပေါ်လာကာ ကျောက်တုံးရုပ်တုပတ်လည်၌ အကာအကွယ်အလွှာတစ်ခု ဖြစ်ပေါ်လို့လာသည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ မြို့တော်တစ်ခုလုံးသည် မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများနှင့် ဝန်းရံထားရင်း ကောင်းကင်ဘုံစွမ်းအင်များနှင့် ရင်ဆိုင်နေသည်။သို့ရာတွင် ကောင်းကင်ဘုံစွမ်းအင်များက အားကောင်းလွန်းလှရာ သည်ကလန်သည် မုန်တိုင်းကြားမှ လှေတစ်စင်းကဲ့သို့ ဖြစ်နေရလေ၏။

စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ဝင်များသည် ကြောက်ရွှံနေကြ၏။သို့သော် သူတို့သည် အ့တင်းတင်းကြိတ်ကာ တောင့်ခံနေကြပေသည်။

ဤအခိုက်အတန့်၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များထဲမှ တစိတ်တပိုင်းသည် ၎င်းကိုယ်တိုင်ဆန္ဒဖြင့် ပြောင်းလဲလာသည့်အလား။ ၎င်းက ကလန်ကို တိုက်ခိုက်ခြင်း မပြုရုံသာမက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ဝင်များ အခြားကောင်းကင်ဘုံစွမ်းအင် အစိတ်အပိုင်းသုံးခုကို ဝဲကတော့အသွင်ပြောင်း၍ ခုခံနိုင်ရန် ကူညီပေးလေသည်။

ထိုအခါ ကောင်းကင်ဘုံစွမ်းအင်အစိတ်အပိုင်းသုံးခုသည် အားနှင့် တိုက်ခိုက်ခြင်း မပြုတော့ဘဲ သည်နေရာကို ကွေ့ပတ်၍ သွားကြတော့သည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ပတ်လည်ရှိ ဝဲကတော့သည်လည်း အလျင်အမြန် ရပ်တန့်၍ အခြားအစိတ်အပိုင်းသုံးခုနှင့် အမြန်ပြန်ပေါင်းစပ်ကာ သည်ကုန်းမြေတစ်ခွင်သို့ ဆက်၍ ရိုက်ခတ်၏။

ကောင်းကင်ဘုံစိတ်ဝိညာဉ် ကောင်းကင်နယ်မြေသည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့နှင့် ပြည့်နှက်လာသည့်အခါတွင် တိုင်လေးလုံးသည် တောက်ပလွန်းနေကာ ကုန်းမြေတစ်ခုလုံးကို အလင်းနှင့် ခြုံလွှမ်းပေးတော့သည်။

အလင်းတိုင်လုံးလေးလုံးသည် အလင်းနှင့် ချိတ်ဆက်ရင်း သည်နယ်မြေတစ်ခုလုံးအထက်၌ အကာအကွယ်အလွှာတစ်ခုကဲ့သို့ ဖြစ်လာစေတော့သည်။

အတိတ်တုန်းက ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေသည် ယခုအခါ၌ ၎င်း၏ကိုယ်ပိုင်အကွာအကွယ်အစီအရင်ကို အသက်ပြန်ဝင်စေလေပြီ။

ကောင်းကင်တစ်ခုလုံး အလင်းနှင့် ပြည့်နှက်နေ၏။ အကာအကွယ်အစီအရင်သည် ပြန်လည် အသက်ဝင်လာရင်း သည်နယ်မြေတွင် ကြီးမားသည့် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပွားလာတော့၏။ ထိုအလင်းတိုင်လေးလုံး၏ ဗဟိုချက်၌ အဆုံးမဲ့ တောင်တန်းတစ်ခု ရှိလို့နေသည်။

မြေပြင်သည် လှုပ်ခါ၍ တောင်များစွာ ပြိုကျကာ အမှုန်အမွှားများ လေထဲသို့ လွင့်စင်နေသည်။အကွာအဝေးတစ်ခုမှ ကြည့်ပါက အရာရာသည် အမှုန်အမွှားများဖြင့် ဖုံးလွှမ်းနေသည့်အလား။

ထိုပြိုကျနေသည့် တောင်များထဲမှ တစ်ခုကနေ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ထိုအလင်းတန်းမှာ ခရမ်းရောင်နဂါးတစ်ကောင်အသွင် ဆောင်၏။ ၎င်းနဂါးသည် မာန်ဟိန်းလိုက်ရာ ကျန်သည်တောင်များမှာလည်း အက်ကွဲပြိုဆင်းကုန်သည်။

ထိုနဂါးသည် လေထဲသို့ ပျံတက်ကာ နဂါးဟိန်းသံကို ထုတ်လွှတ်လေ၏။

၎င်း ပေါ်ထွက်လာသည့်နောက် နောက်ထပ်တောင်တန်းတစ်ခုမှာလည်း ပြိုပျက်၍ ဒုတိယခရမ်းရောင်နဂါးတစ်ကောင် ပေါ်လာခဲ့သည်။ ထို့နောက် ကျန်သည့်တောင်များလည်း ပြိုကျ၍ အခြားသော ခရမ်းရောင်နဂါးများ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာသည်။ ၎င်းတို့က နဂါးဟိန်းသံများကို ထုတ်လွှတ်နေကြလေသည်။

ထိုခရမ်းရောင်နဂါးကိုးကောင်သည် တစ်ကောင်နှင့်တစ်ကောင် ယှက်လိမ်၍ အစီအရင်တစ်ခုကို ဖြစ်ပေါ်စေ၏။ ထိုအစီအရင် ဖြစ်ပေါ်လာသည်နှင့် သည်ဧရိယာအတွင်းရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့မှာ ကြီးစွာ ပေါက်ကွဲထွက်လာလေသည်။

နဂါးကိုးကောင်အစီအရင်သည် လေထဲ၌ မြောလွင့်နေကာ ခရမ်းရောင် တောက်နေသည်။၎င်းအစီအရင်ကို အကွာအဝေးတစ်ခုကနေပင် မြင်ရနိုင်သည်။

ထိုအစီအရင် ပြင်ပရှိ ကောင်းကင်ထက်ရှိ လေဟာနယ်မှာ တွန့်လိမ်၍ လူသုံးယောက် လှမ်းထွက်လာ၏။ထိုသူများမှာ လင်းထျန်ဟူ၊အကြီးအကဲစွန်နှင့် သူတို့နှစ်ယောက်အလယ်တွင် အရှင်လေဟာနယ်တို့ ဖြစ်ကြ၏။ သူတို့၏မျက်လုံးတို့က အလွန်တောက်ပနေကြသည်။

ထိုလူသုံးယောက် ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပင် သူတို့ရှေ့ရှိ ဟင်းလင်းပြင်မှာ တွန့်လိမ်၍ နောက်ထပ်လူတစ်ယောက် လှမ်းထွက်လာသည်။

ထိုလူထွက်ပေါ်လာသည်နှင့် လင်းထျန်ဟူ၏အကြည့်တို့က ကြမ်းကြုတ်သွားသည်။အရှင်လေဟာနယ်က ခေါင်းမော့၍ ထွက်ပေါ်လာသည့် ရှေ့ဖြစ်ဟောသူကို ကြည့်သည်။

ရှေ့ဖြစ်ဟောသူကလည်း အရှင်လေဟာနယ်ကို ကြည့်၍ တည်ငြိမ်စွာ ဆို၏။ “ရှေ့ဖြစ်ဟောသူက ရောင်းရင်းကျင့်ကြံသူ လေဟာနယ်ကို နှုတ်ဆက်ပါတယ်…”

အရှင်လေဟာနယ်က ခပ်ဖျော့ဖျော့ ပြုံး၍ ခေါင်းညိတ်ပြသည်။ “လင်းထျန်ဟူက ငါ့ကို ဖိတ်ခေါ်ခဲ့တာ ဒါ့ကြောင့် ဒီအဘိုးအိုက ဒီကိုလာကြည့်ရတာပဲ…”

ရှေ့ဖြစ်ဟောသူက နဂါးကိုးကောင်အစီအရင်ကို ကြည့်နေရင်း တည်ငြိမ်စွာ ဆိုလာသည်။ “ငါ့ခွန်အားသပ်သပ်နဲ့ဆို့ ယုံကြည်မှု မရှိနေပါဘူး။ဒါပေမဲ့ ရောင်းရင်းလေဟာနယ် ဒီနေရာမှာ ရှိနေမှတော့ ဒီခရီးစဉ်က ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး…”

သူတို့နှစ်ယောက်စကားပြောနေရင်း ဆန့်ကျင်ဘက်အရပ်နှစ်ခုမှ ဟင်းလင်းပြင်မှာ တွန့်ကြေလာပြန်သည်။ သည့်နောက် တိမ်ကောင်းကင်ကျင့်ကြံခြင်းစုံတွဲနှင့် ဝမ်လင်းတို့ ထွက်ပေါ်လာကြသည်။

ပုံရိပ်ယောင်ပုံရိပ်တစ်ခုသည် တိမ်ကောင်းကင်စုံတွဲနောက်၌ လိုက်ပါလာ၏။ဝမ်လင်းနောက်တွင်မူ စစ်ထူနန်၊အရှင်ချိုင့်လေနှင့် တခြားသူများ လိုက်ပါလာကြသည်။ သူတို့နှစ်ဘက် ပေါ်လာသည်နှင့် သူတို့သည် တစ်ဖက်နှင့်တစ်ဖက် အကဲဖြတ်နေကြ၏။

ဝမ်လင်း ထွက်ပေါ်လာသည့်အခိုက်တွင် ဝမ်ဝေနောက်ရှိ ပုံရိပ်သည် တုန်ယင်သာ၏။သူက ဝမ်လင်းကို သေချာကြည့်နေ၏။ သူ့မျက်လုံးထဲ၌ ပူဆွေးမှုနှင့်ဝမ်းမြောက်မှုတို့ ဖြစ်ပေါ်သွားသည်။

ဝမ်လင်းအကြည့်က တိမ်ကောင်းကင်စုံတွဲပေါ်သို့ ကျရောက်သွားသည်။သူသည် သူတို့က အရင်က တွေ့ခဲ့ဖူး၏။သို့သော် သူသည် သူတို့ကို မသိခဲ့ပေ။သို့ရာတွင် သူသည် သူတို့နောက်ရှိ ကျောက်ရီ၏အရိပ်ကို မှတ်မိသွားသည်။

ဝမ်ဝေသည် ဝမ်လင်းကို စိတ်ဝင်စားဟန်ဖြင့် ကြည့်ကာ ပြုံး၍ ဆိုသည်။ “မင်းက ဝမ်လင်းလား လေးခုမြောက်လှိုဏ်ဂူရဲ့ သော့ကို ရခဲ့တဲ့သူလား…”

ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။ သို့သော် သူ့မျက်လုံးတို့၌ သတိထားနေ၏။ သူသည် သူ့ရှေ့ရှိ ယောက်ျားနှင့်အမျိုးသမီးတို့၏ ကျင့်ကြံမှုကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။

“တိမ်ကောင်းကင်စုံတွဲ…” ဝမ်လင်းသည် ထိုနာမည်ကို ယောင်ရှင်းရွှဲ့ထံကနေ တစ်ခါက ကြားခဲ့ဖူး၏။ သူတို့သည် လှိုဏ်ဂူတစ်ခုကို ထိန်းချုပ်နိုင်ပြီးသည့်နောက် သည်နေရာကနေ လုံးဝ မထွက်ခွာခဲ့ကြတော့ပေ။ သည်နှစ်ယောက်မှာ တိမ်ကောင်းကင်စုံတွဲ ဖြစ်ရပေမည်။

ဝမ်လင်းသည် တည်ငြိမ်စွာ ဖြေ၏။ “ဟုတ်ပါတယ်…”

ဝမ်ဝေဘေးနားရှိ ဟူကျွမ်က ဝမ်ဝေကို ပြုံး၍ ဆိုသည်။ “အတိတ်တုန်းက ငါတို့ရဲ့ လောင်းခဲ့တဲ့ ကိစ္စမှာ အစ်ကို ရှုံးသွားပြီနော်…”

ဝမ်ဝေသည် ပြုံ၍ ခေါင်းညိတ်၏။ ထို့နောက် သူက ဝမ်လင်းကို ပြုံး၍ ကြည့်သည်။ “အတိတ်တုန်းက မီးနတ်ဆိုးနိုင်ငံရဲ့ ဒီလှိုင်းအသူတရာချောက် ဝင်ပေါက်မှာ အတားအဆီးတွေ ချခဲ့တာ မင်းလား…” ဝမ်ဝေက ထိုသို့ ဆိုလိုက်ပြီးနောက် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ခပ်ရှရှမြက်ပင်များ ပေါ်လာသည်။

ဝမ်လင်းက ထိုမြက်များကို တွေ့သည့်အခါ အတိတ်တုန်းက သူ နေရာချခဲ့သည့် အတားအဆီးမှန်း သိရှိသွားသည်။ သူ့အသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက ခေါင်းညိတ်ပြလိုက်၏။

“နောက်မျိုးဆက်က အချိန်ကြာလာတာနဲ့ ငါတို့ကို လွှမ်းမိုးသွားမှာပါပဲလေ…။ငါ မင်းအရွယ်တုန်းက ဒီလိုအတားအဆီးမျိုးကို နေရာမချနိုင်သေးဘူး…”

ဝမ်ဝေ၏မျက်လုံးထဲ၌ အသိအမှတ်ပြုမှုတို့ ရှိနေ၏။

“စီနီယာက ချီးကျူးလွန်နေပါပြီ…” ဝမ်လင်းသည် ထိုသို့ ပြောလိုက်ရင်း ဝမ်ဝေနောက်ရှိ အရိပ်ထံသို့ မကြာခဏ လှမ်းကြည့်မိနေ၏။

ဝမ်လင်းအကြည့် ရောက်ရှိလာချိန်၌ ကျောက်ရီ၏မျက်လုံးသည် ခပ်ဖျော့ဖျော့ လင်းလက်သွားသည်။

ဝမ်လင်းသည် ချက်ခြင်း နားလည်သွားခဲ့သည်။

ထိုအခိုက်မှာပင် အကွာအဝေးတစ်ခုမှ အလင်းတန်းအချို့ ပျံသန်းရောက်ရှိလာကြ၏။ သူတို့ထဲမှ တစ်ယောက်သည် ချောမောသည့် သက်လတ်ပိုင်းအမျိုးသမီးပင်။ သူမနောက်၌ ချန်ချင် အပါအဝင် တပည့်လေးယောက်ရှိနေ၏။ သည့်အပြင် တောက်ပသောလေဟာနယ်သခင်မဟု ဆိုနိုင်သည့် တစ်ယောက်လည်း ပါရှိနေ၏။

ထိုအမျိုးသမီးက ရောက်လာသည်နှင့် သူ့ပတ်လည်ကို ကြည့်လိုက်၏။ သူမသည် ပထမဆုံး ရှေ့ဖြစ်ဟောသူကို နှုတ်ဆက်၏။ထို့နောက် တိမ်ကောင်းကင်စုံတွဲကို သေချာကြည့်၏။ ထို့နောက် ဝမ်လင်းကို တရင်းတနှီး ခေါင်းညိတ်ပြသည်။ နောက်ဆုံးတွင် သူမသည် အရှင်လေဟာနယ်ဘေးနားသို့ ရောက်ရှိသွားသည်။

ရှေ့ဖြစ်ဟောသူ၏အသွင်က ပုံမှန်ပင်။သို့သော် သူသည် မျက်မှောင်ကြုတ်သွား၏။

ထိုမိန်းမလှများ ရောက်လာပြီးနောက် နောက်ထပ် အဘိုးအိုနှစ်ယောက် ရောက်လာကြ၏။ တစ်ယောက်က ဘူးသီးခြောက်ပေါ်၌ ထိုင်နေသည့်သူ ဖြစ်ကာ နောက်တစ်ယောက်မှာ ဝတ်စုံနက်နှင့်လူပင်။ ဘူသီးခြောက်ပေါ်မှ အဘိုးအိုက လူတိုင်းကို ကြည့်လိုက်၏။ သူက တိမ်ကောင်းကင်စုံတွဲကို တွေ့မြင်သည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူသည် ရှေ့ဖြစ်ဟောသူ အနားသို့ လှမ်းသွား၏။

ဝတ်စုံနက်နှင့်လူက စကားအများကြီး မဆိုဘဲ ဝမ်လင်းနှင့်သူ့လူများဘေးတွင် ရပ်လိုက်၏။

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ထိုလူ့ကို ကြည့်သည်။ ဝမ်လင်းသည် သည်လူနှင့်စကားတစ်ခါမှ မပြောဖူးခဲ့သော်လည်း ထိုလူ့ထံမှ အေးစက်မောက်မာမှုနှင့် လူများနှင့် နီးနီးကပ်ကပ်နေရတာကို မကြိုက်သည်ကို ခံစားမိ၏။

ထိုဝတ်စုံနက်နှင့်လူက ဝမ်လင်းကို ကြည့်၍ ပထမဆုံးအကြိမ်အဖြစ် စကားပြောလာသည်။ “ငါ့ကို ခေါ်သွားပေး…”

ဝမ်လင်းသည် စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြ၏။

ခရမ်းရောင်အလင်းအောက်၌ နဂါးကိုးကောင်အစီအရင်သည် ဖြည်းဖြည်းချင်း လှည့်လည်နေ၏။ ဤအခိုက်အတန့်မှာပင် ပြင်းထန်သောနတ်ဆိုးမီးတောက်တစ်ခုသည် သည်နေရာသို့ လာနေ၏။

ချက်ခြင်းပင် နတ်ဆိုးမီးတောက် ရောက်ရှိလာကာ လူသားအသွင် ပြောင်းသွား၏။ သို့သော် နတ်ဆိုးစွမ်းအင်များ ခြုံလွှမ်းနေသည့်အတွက် ထိုသူ၏မျက်နှာကို မမြင်ရဘဲ ရှိနေကာ ယောက်ျားလား၊မိန်းမလားပင် မသိနိုင်ပေ။

သို့ရာတွင် ထိုပုံရိပ်က ပေါ်လာသည်နှင့် ဝမ်လင်းကို ရုတ်တရက် ကြည့်လာ၏။ သည်အခိုက်၌ အံ့မခန်းအမုန်းတရားက သူ့ထံသို့ ရောက်ရှိလာလေ၏။

သို့သော် သည်လူက သူ့အကြည့်ကို ချက်ခြင်း ပြန်ရုတ်သိမ်းလိုက်ပြီး ရှေ့ဖြစ်ဟောသူ အနားတွင် မတ်တပ်ရပ်နေ၏။

ရှေ့ဖြစ်ဟောသူက ခေါင်းညိတ်ပြ၏။သူ့အသွင်က ပုံမှန်အတိုင်းပင်။ သို့သော် သူ့အကြည့်က အကွာအဝေးတစ်ခုထံသို့ ရောက်ရှိသွား၏။ သည်တစ်ကြိမ်၌ သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အယောင်တစ်ခု သန်းသွားသည်။

အနီရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် အကွာအဝေးတစ်ခုကနေ လှမ်းလျှောက်လာနေ၏။ သူသည် အလွန်ရုပ်ချေနေကာ နတ်ဆိုးအာရုံခံစားမှုကို ဖော်ထုတ်ပေးနေ၏။

သူ့ခေါင်းတစ်ခုလုံးကလည်း ပြောင်နေ၍ ဆံပင်တစ်မွှေးမှ မရှိပေ။ သူက ဝမ်လင်းကို အရင်ဆုံးလှမ်းကြည့်၍ ပြုံး၍ ဆိုသည်။ “ညီလေးဝမ်…ငါ နောက်ကျသွားတယ်…”

“ပေလော…” ဝမ်လင်းအသွင်က တည်တည်ငြိမ်ငြိမ်ပင်။ သူက ခေါင်းညိတ်ပြ၏။ “သင် မနောက်ကျပါဘူး။ အချိန်ကောင်း ရောက်လာတာပဲ…”

ခေါင်းတုံးပြောင်လူငယ်၏ ပုံပန်းအသွင်က အရှင်လေဟာနယ်ကို မျက်မှောင်ကြုတ်သွားစေ၏။ တိမ်ကောင်းကင်စုံတွဲ၏မျက်လုံးထဲ၌လည်း အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။

ရှေ့ဖြစ်ဟောသူသည် တဖြည်းဖြည်း ပြုံးလာ၏။

နဂါးကိုးကောင်အစီအရင်က အသက်ဝင်နေ၏။ သည်ဧရိယာတွင် ကောင်းကင်ဘုံစွမ်းအင်တို့သာ ပြည့်နှက်နေသည်။ နဂါးကိုးကောသည် လှုပ်ရှား မာန်ဟိန်းနေင်း သိပ်သည်းသော ခရမ်းရောင်အလင်းတို့မှာ ပတ်ဝန်းကျင်ကီလိုမီတာငါးဆယ်ကို ဖုံးလွှမ်းထားသည်။

ထိုအလင်းများ လျင်မြန်ဆန်စွာ ဖြတ်ကျော်သွားချိန်၌ လူတိုင်း၏ပုံရိပ်များသည် ပျောက်ကွယ်သွားကြသည်။

ငါးခုမြောက်လှိုဏ်ဂူ ပွင့်ဟလေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset