ဤနေရာကား နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ မြောက်ပိုင်းလွင်ပြင်ကျယ် ဖြစ်သည်။ ခုချိန်တွင် သည်လွင်ပြင် အထက်ကောင်းကင်တွင် ဆန်းကြယ်သောပြောင်းလဲမှု တစ်ခု ဖြစ်ပွားလာခဲ့သည်။
တိမ်စိုင်များသည် အရပ်မျက်နှာအနှံ့ကနေ စုဝေး၍ ကောင်းကင်ထက်၌ တိမ်ပင်လယ်ဖြစ်နေချေပြီ။ အကွာအဝေးတစ်ခုရှိ ကောင်းကင်ထက်မှ တဝီဝီအသံများ ထွက်ပေါ်လာနေ၏။ထို့နောက် ထိုလွင်ပြင်ထံမှ အလင်းတိုင်လုံးတစ်ခု ဖြစ်ပေါ်လို့လာသည်။
ထိုတိုင်လုံးသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ကောင်းကင်ကို ထောက်ပိုးထားသလား ထင်မှားရ၏။ ၎င်းတိုင်လုံးသည် မြင့်တက်လာရင် ပြင်းထန်သောဖိအားကို သယ်ဆောင်သည် လှိုင်းတွန့်များ ပျံ့လွင့်နေ၏။ထိုလှိုင်းများက တိမ်ထုများကို လွင့်စင်နေစေသည်။
ထိုအတွက်ကြောင့် အလင်းတိုင်လုံးသည် ကောင်းကင်ဘုံယံထိ ထွင်းဖောက်နေသည့်အလား။ ၎င်းတိုင်လံးသည် အလင်းကွင်းများအဖြစ်သို့ ပြောင်းလဲ၍ ကောင်းကင်အနှံ့ ဖြန့်ကျက်ကုန်သည်။
ထိုအလင်းတိုင်လုံး ပေါ်လာသည့်အခိုက်၌ ပေါများလှစွာသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့ကာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ (၃၀)ရာခိုင်နှုန်းလောက်ထိပါ ဖုံးလွှမ်းလာချေသည်။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကား နတ်ဆိုးစွမ်းအင်နှင့် ပြည့်၍ သည်ဒေသခံများ၏ ကျင့်ကြံဖို့ စွမ်းအင်အရင်းအမြစ်လည်း ဖြစ်သည်။ သည်အခိုက်၌ ကောင်းကင်ထက်၌ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခု မြင့်တက်နေလေ၏။
ကုန်းမြေရှိ နတ်ဆိုးစွမ်းအင်တို့က အခုပေါ်ထွက်လာသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့နှင့် ထိပ်တိုက်တွေ့နေကြ၏။မီးနှင့်ရေ ဆန့်ကျင်ဘက်ကဲ့သို့ ကြမ်းတမ်းသော ပွတ်တိုက်မှုများ ဖြစ်ကုန်ကာ ၎င်းစွမ်းအင်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ရောယှက်ခြင်းမရှိ၊ထိုအဖြစ်က ထူးဆန်းသောပြောင်းလဲမှုကို ဖြစ်ပွားစေသည်။
သို့သော် သည်နေရာရှိ နတ်ဆိုးစွမ်းအင်တို့က ထူထဲအားကောင်းလွန်းရာ တိုင်လုံးတစ်ခုမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် မလုံလောက်သေးပေ။ သိပ်မကြာခင်တွင် ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်များ၏ ဖိနှိပ်ခြင်းကို ခံရတော့၏။
သို့ရာတွင် တိုင်လုံးမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေဆဲ ဖြစ်ကာ နောက်ဆုံး ပတ်ဝန်းကျင် ကီလိုမီတာငါးဆယ်ကို ဖုံးလွှမ်းထားနိုင်စွမ်း ရှိ၏။
သည်ကီလိုမီတာငါးဆယ်အတွင်းရှိ အရာရာမှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နေကာ အပြင်ခြမ်းတွင်မူ နတ်ဆိုးစွမ်းအင် အပြည့်ဖြစ်နေ၏။ မျှခြေတစ်ခုလို ဖြစ်နေကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည်လည်း မချဲ့ကားနိုင်တော့သလို နတ်ဆိုးစွမ်းအင်မှာလည်း ထိုအဝန်းအဝိုင်းထဲသို့ ကျူးကျော်လာနိုင်ခြင်း မရှိတော့ပါ။
ဤအခိုက်၌ လင်းထျန်ဟူသည် အရှင်လေဟာနယ်ဟု ကျော်ကြားသောပုဂ္ဂိုလ်နှင့်အတူ တတိယမြောက်လှိုဏ်ဂူ၏ အစီအရင်ဗဟိုချက်နှင့် ထိုင်လျက်ရှိနေ၏။
လင်းထျန်ဟူ၏မျက်လုံးတို့က ပွင့်ဟလာကာ တောက်ပနေ၏။ ချက်ခြင်းပင် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ အက်ကြောင်းတစ်ခု ပေါ်လာ၏။ထိုအက်ကြောင်းထဲမှ အစိမ်းရောင်အခိုးငွေ့များစွာ ထွက်ပေါ်လာပြီး လှိုဏ်ဂူ၏သော့ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
“သူက လေးခုမြောက်လှိုဏ်ဂူကို ဖွင့်ဖို့ ခုနစ်ရက်ပဲ ကြာခဲ့တာပဲ။ငါ ဝမ်လင်းကို လျှော့တွက်မိနေပြီ။ ကြည့်ရတာ ငါ သူ့ကို အထင်သေးနေတဲ့ပုံပဲ။ ငါအလှည့်တုန်းက တတိယမြောက်လှိုဏ်ဂူကို ဖွင့်ဖို့အတွက် တစ်လလောက် ကြာမြင့်ခဲ့တယ်…”
လင်းထျန်ဟူသည် စဉ်းစားနေရင်း သူ့အောက် အစီအရင်အလယ်ရှိ ကျောက်တုံးနက်ထံသို့ သူ့ညာလက်ဖြင့် ညွှန်လိုက်၏။
အခိုးအငွေ့များသည် ချက်ခြင်း ထိုကျောက်တုံးနက်ကို ဝန်းရံ၍ ၎င်းအထဲသို့ ဝင်ရောက်သွားလေ၏။
ထို့နောက် ကျောက်တုံးနက်သည် တုန်ယင်လာကာ အစီအရင်မှာ အသက်ဝင်လာ၏။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ အနောက်ပိုင်း၊ စိတ်ဝိညဉ်နတ်ဆိုးနိုင်ငံ ပိုင်နက်။ ဤအခိုက်တွင် ကောင်းကင်သည် ထိုနေရာရှိ ကောင်းကင်သည် အရောင်ပြောင်းလဲကာ အလင်းတိုင်လုံးတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ထိုအလင်းတိုင်လုံး ထိုးတက်နေရင်း ဖိအားလှိုင်းများ အတောမသပ်နိုင်အောင် ပျံ့နှံ့၏။
သိပ်သည်းသော ကောင်းကင်ဘုံစွမ်းအင်များ ပျံ့နှံ့လာရင်း သည်ကုန်းမြေရှိ နတ်ဆိုးစွမ်းအင်များနှင့် နောက်တစ်ကြိမ် ထိတိုက်မှု စတင်၏။
ဤအခိုက်မှာပင် မြောက်ပိုင်းနှင့်အနေက်ပိုင်းတို့သည် တစ်ခုနှင့်တစ်ခု ဟိန်းမြည်ရင်း ပြင်းပြင်းထန်ထန် တောက်ပနေ၏။ သူတို့၏ စွမ်းအားများညသ် တိုးတက်လာကာ ငါးဆယ်ကီလိုမီတာအတားအဆီးကို ချိုးဖျက်ရန် တာဆူ၍ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ချဲ့ကားလာလေ၏။
တချိန်တည်းမှာပင် တောင်ပိုင်းကောင်းကင်ထက်၌လည်း နောက်ထပ်အလင်းတိုင်လုံးတစ်ခု ထိုးတက်လာ၏။ ပိုမိုများပြားသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာကာ နတ်ဆိုးစွမ်းအင်နှင့်ကောင်းကင်ဘုံစွမ်းအင်တို့ကြား နောက်ထပ် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပြန်၏။
ရှေ့ဖြစ်ဟောသူသည် ဒုတိယမြောက်လှိုဏ်ဂူအတွင်း၌ ထိုင်ကာ အစီအရင်ကို တည်ငြိမ်စွာ ကြည့်နေ၏။ သို့ရာတွင် ထူးဆန်းသည်က သူ့မျက်လုံးထဲ၌ မသိသာလှသောအလင်းတစ်ခု ဖြတ်ပြေးသွားခြင်းပင်။
“ခုနစ်ရက်လား…” ရှေ့ဖြစ်ဟောသူသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူဘာတွေး၊ဘာခံစားနေသည်ကို သိဖို့ရန် မဖြစ်နိုင်ပါ။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ အလင်းတိုင်လုံးသုံးခုသည် ရှေ့ဆင့်နောက်ဆင့် ပေါ်ထွက်လာကြခြင်းသည် သည်ကကုန်းမြေရှိ စွမ်းအားထောက်တိုင်ပုဂ္ဂိုလ်များ၏ အာရုံကို စွဲဆောင်သွား၏။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် ကြမ်းကြမ်းတမ်းတမ်း ပြောင်းလဲမှုကလည်း သူတို့ကို အလွန်ထိတ်လန့်နေစေ၏။
နှစ်ပေါင်း မရေမတွက်နိုင်အောင် မပြောင်းမလဲ တည်ရှိခဲ့သော နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသည် ထိုအလင်းတိုင်လုံး ထွက်ပေါ်လာချိန်၌ အံ့မခန်းပြောင်းလဲမှုတို့ ဖြစ်ပွားလာသည်။
ထိုအလင်းတိုင်လုံးသုံးခုမှ ထွက်ပေါ်နေသည့် ကောင်းကင်ဘုံစွမ်းအင်များသည် နတ်ဆိုးစွမ်းအင်များနှင့် ဆန့်ကျင်တိုက်ခိုက်နေသည်ဟု ထင်ရ၏။အရှေ့အရပ်ကလွဲ၍ ကျန်သည့်အရပ်သုံးမျက်နှာရှိ ကောင်းကင်ထက်၌ ရောင်စုံအလင်းများနှင့် ပြည့်နေတော့သည်။
သို့ရာတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိလာပြီးနောက် သည်နေရာတွင် စုစည်းမိသည့် နတ်ဆိုးစွမ်းအင်တို့မှာ သိသာစွာ များပြားလွန်း၏။ထို့အတွက်ကြောင့် တိုင်လုံးသုံးလုံးမှ ထွက်ပေါ်လာသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို လှုပ်ခါရမ်းစေဖို့ မလုံလောက်သေးပါ။
ပထမဆုံးလှိုဏ်ဂူအတွင်း၌ တိမ်ကောင်းကင်ကျင့်ကြံခြင်းစုံတွဲသည် အစီအရင်အတွင်း တိတ်ဆိတ်စွာ ထိုင်နေ၏။ ဝမ်ဝေသည် တည်ငြိမ်ဟန် ဖြစ်နေသော်လည်း သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုကို မဖုံးဖိထားနိုင်ပေ။
သူက အသက်ခပ်ပြင်းပြင်းရှုသွင်း၍ ခပ်တိုးတိုး ရေရွတ်သည်။ “ဒီနေ့…ငါတို့စောင့်နေတဲ့ နေ့က နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့…”
ဟူကျွမ်သည် ဝမ်ဝေ၏လက်ကို ဆုပ်ကိုင်ရင်း ဘေးနားတွင် ရပ်နေ၏။ သူက ညင်သာစွာ ပြောလာ၏။ ငါတို့ ဒီတစ်ကြိမ် အောင်မြင်မှာပါ…”
ဝမ်ဝေက ခေါင်းညိတ်ပြ၏။
သူတို့နောက်၌ ခရမ်းရောင်အရိပ်တစ်ခုလည်း ရှိနေ၏။ထိုအရိပ်က ကြမ်းကြုတ်မှုအော်ရာကို ပေးစွမ်းနေကာ အရိပ်ထံမှ အော်ရာအနည်းငယ် ထွက်သည်နှင့် ဝမ်လင်းသည် ထိုအော်ရာကို အလွန်ရင်းနှီးစွာ သိပေလိမ့်မည်။
“နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ…ဒီနေရာကို ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေလို့ ခေါ်တွင်ခဲ့တာ ဘယ်သူသိပါ့မလဲ…”
ဝမ်ဝေသည် သက်ပြင်းချကာ သူ့ညာလက်ကို အစီအရင်ထဲရှိိ ကျောက်တုံးထံသို့ ညွှန်လိုက်၏။ ထိုကျောက်တုံးနက်သည် ဖျပ်ခနဲ ဖြစ်သွားကာ အစီအရင်သည် အသက်ဝင်လာတော့သည်။
“နတ်ဆိုးစွမ်းအင်က အဆိပ်လိုပဲ။ ဒီနေ့ ဒီနေရာရဲ့ ပုံစံအမှန်ပြန်ပေါ်လာလိမ့်မယ်…”
ဝမ်ဝေ၏မျက်လုံးတို့က တောက်ပနေ၏။
အလင်းတိုင်လုံးသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ အရှေ့အရပ် ကောင်းကင်ထက်သို့ ထိုးတက်လာ၏။၎င်းတိုင်လုံးနှင့်အတူ အဆုံးမဲ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့လေ၏။
ချက်ခြင်းပင် အရှေ့၊တောင်၊အနောက်နှင့်မြောက်အရပ်မှ အလင်းတိုင်လုံးလေးခုတို့သည် ချက်ခြင်း ပြောင်းလဲသွားကြ၏။၎င်းတို့က ဧရာမအစီအရင်ကြီးတစ်ခု ဖြစ်ပေါ်စေဖို့ အတူချိတ်ဆက် ပေါင်းစပ်သွားကြသကဲ့သို့ပင်။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များစွာ တဟုန်ထိုး ထွက်ပေါ်နေ၏။ခုချိန်သည် အရင်ထွက်ပေါ်ချိန်ထက် အဆများစွာပို၏။၎င်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအနှံ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းကို ဖန်တီးလေသည်။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် သည်အနီရောင့်ရောင် ကုန်းမြေကို မွှေ့နှောက်တိုက်ခိုက်နေရင်း ဖုန်မှုန့်အလွှာများ လွင့်ပြယ်စေကာ သန်စွမ်းနက်မှောင်သော မြေကြီးထု ပေါ်ထွက်လို့လာ၏။
ကောင်းကင်ဘုံစွမ်းအင်မုန်တိုင်းမှာ ထူထဲနက်မှောင်သော တောကြီးများအတွင်းသို့လည်း ရိုက်ခတ် ဖြတ်ကျော်၏။ထိုအခါ နတ်ဆိုးတောအုပ်ထဲရှိ အပင်ထီးထီးကြီးများသည် တုန်ခါ၍ အားလုံးမှာ ၎င်းတို့၏ မူလပုံစံ မိုးထိမြင့်မားသည့် သစ်ပင်ကြီးများအဖြစ် ပြန်ဖြစ်ပေါ်လာကြသည်။
တောနက်ထဲရှိ အချို့မွန်းစတားသားရဲများသည်လည်း ထိုစွမ်းအင် ရိုက်ခတ်ချိန်၌ တုန်ယင်ရ၏။ ဤအခိုက်၌ ဦးချိုတစ်ချောင်းနှင့် ကျားနက်တစ်ကောင်သည် ဝပ်၍ နတ်ဆိုးသမင်တစ်ကောင်ကို ခုန်အုပ်ရန် ချောင်းနေ၏။
ထိုကျားနက် ခုန်အုပ်လိုက်ခါနီး အခိုက်မှာပင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းမှာ ဖြတ်ကျော်ရိုက်ခတ်သွား၏။
ထိုမုန်တိုင်းက နတ်ဆိုးစွမ်းအင်အားလုံးကို အဝေးသို့ လွင့်ပြယ်သွားစေသည့်အလား။ နတ်ဆိုးစွမ်းအင် မရှိသည့်အခါ မြေကြီးထုသည် အနီရောင့်ရောင် မဟုတ်တော့ဘဲ နောက်တစ်ဖန် စိမ်းစိမ်းစိုစို အသက်ပြန်ဝင်လာခဲ့တော့၏။တောထဲရှိ သားကောင်များ၏ နက်မှောင်ပြောင်းလဲနေသော အရောင်များသည်ပင် ၎င်းတို့၏မူလအရောင် အဖြစ် ပြန်ပေါ်ထွက်လာခဲ့တော့ကာ ကောင်းကင်ဘုံတည်းဟူသော ခံစားချက်ကို ပေးစွမ်းလာကြလေ၏။
ခုန်အုပ်ရန် ဟန်ပြင်နေသည့် ကျားနက်မှာလည်း အဖြူရောင်ကျားတစ်ကောင်အဖြစ်သို့ မူလပုံစံအတိုင်း ပြန်ဖြစ်သွားလေ၏။
ဤသို့နည်းဖြင့် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ တစ်ခွင့် ဖုံးအုပ်နေသည့် နတ်ဆိုးစွမ်းအင်အလွှာသည် ခုချိန်၌ အကြမ်းပတမ်း ဖယ်ရှားခံရကာ ၎င်း၏အစစ်အမှန်ပုံစံ ဖြစ်ပေါ်လာလေသည်။
နတ်ဆိုးစိတ်ဝိညာဉ် ကုန်းမြေရှိ မြို့များ၊မျိုးနွယ်စုများသည် နတ်ဆိုးစွမ်းအင်နှင့် ဝန်းရံခြင်း ခံထားရ၏။ ထိုလူတစ်ယောက်ချင်းစီ၏ မျက်နှာထက်၌ နာကျင်မှုတို့ ရှိနေကာ မတ်တပ်ပင် ရပ်နေနိုင်စွမ်း မရှိကြတော့ပေ။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်း ရိုက်ခတ်ချိန်၌ သူတို့ခန္ဓာကိုယ်ထဲမှ နတ်ဆိုးစွမ်းအင်တို့သည် ကောင်းကင်ဘုံစွမ်းအင်၏ ပယ်ဖျက်ခြင်းကို ခံရ၏။ နှစ်ပေါင်းများစွာ စုစည်းထားကြသည့် နတ်ဆိုးစွမ်းအင်အားလုံးသည် ခုချိန်၌ လွင့်ပါးကုန်ကြလေပြီ။ ခုချိန်၌ သူတို့သည် အသိစိတ်ပြန်ရလာသည့်လား သူတို့ခန္ဓာကိုယ်ထဲ၌ မည်သည့်နတ်ဆိုးစွမ်းအင်မျှ မရှိကြောင်း ခံစားမိကြသည်။ထိုအစား သူတို့ထံ၌ လတ်ဆတ်သည့်ခံစားမှုနှင့် စိတ်ရှုပ်ထွေးမှုတို့က အစားထိုးနေကြလေပြီ။
အလင်းတိုင်လေးခုသည် ဆက်လက်၍ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ကို ထုတ်လွှတ်နေရင်း တဖြည်းဖြည်းဖြင့် ယင်းစွမ်းအင်သည် လောက၌ ပြည့်လာ၏။ ကောင်းကင်သည်ပင် တောက်ပနေချေပြီ။
နတ်ဆိုးစွမ်းအင်အားလုံးသည် ထိုပေါကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအင်အောက်၌ လွင့်ပါးကုန်ကြရသည်။
အကွာအဝေးတစ်ခုမှ ကြည့်ပါက သည်ကုန်းမြေတွင် စိမ်းလန်းသောတောင်တောင်များ၊ကြည်လင်သောမြစ်ချောင်းများတို့နှင့် ပြည့်နှက်နေသည်ကို ခုချိန်၌ တွေ့နိုင်ပေပြီ။ကြိုးကြာအုပ်များသည် လေထဲ၌ ပျံဝဲလျက် စိတ်ဝိညာဉ်သားရဲများ၏ တီးတိုးသံများကိုလည်း ကြားနေရလေပြီ။ သည်နေရာ၌ မည်သည့်နတ်ဆိုးသားရဲမှ ဆက်၍ ကျန်ရှိတော့မည် မဟုတ်ပေ။
“ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေ…”
သို့ရာတွင် သည်ကောင်းကင်နယ်မြေအတွင်း၌ နတ်ဆိုးစွမ်းအင် ရှိနေသော နေရာအနည်းငယ် ရှိနေဆဲသာ။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ထိုနေရာအချို့သို့ မည်သို့ပင် ရိုက်ခတ်ပါစေ နတ်ဆိုးစွမ်းအင်တို့မှာ လွင့်ပါးလှုပ်ရှားခြင်း မရှိပေ။
ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေရှိ တောင်ကြားတစ်ခုအတွင်း၌ ရေကန်တစ်ခု ရှိနေ၏။ ထိုရေကန်ထဲ၌ နတ်ဆိုးမျက်နှာတစ်ခု ပေါ်လာသည်။သူက မွှေ့နှောက်ရိုက်ခတ်နေသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ကြည့်၍ သူ့မျက်လုံးတို့သည် နတ်ဆိုးအလင်းကို ထုတ်လွှတ်လေ၏။
***