Switch Mode

အပိုင်း (၁၀၄၉)

ယောင်ရှင်းရွှယ်ရဲ့ အမုန်း(၁)

ချက်ခြင်းလိုလိုပင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထက်ရှိ ကောင်းကင်သည် တုန်လှုပ်ဖွယ် ပြောင်းလဲသွားသည်။ကောင်းကင်ထက်၌ ဝဲကတော့အလွှာများ ပေါ်လာ၏။

ထိုရုတ်တရက် ပြောင်းလဲမှုက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ ဒေသခံနေထိုင်သူများကို အထိတ်တလန့် ဖြစ်သွားစေသည်။သူတို့အားလုံးက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြ၏။

ထိုဝဲကတော့များသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ကောင်းကင်တစ်ခွင်လုံး နီးပါး ဖုံးလွှမ်း ပျံ့နှံ့နေသည်။၎င်းဝဲကတော့များသည် မုန်တိုင်းအလား မြန်ဆန်စွာ လှည့်ပတ်၍ ကောင်းကင်ထက်မှ သက်ဆင်းနေ၏။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ သစ်သားနတ်ဆိုးနိုင်ငံထဲ၌ နက်ရှိုင်းသောတောင်ကြားတစ်ခုရှိ၏။ထိုနေရာသည် လူသူကင်းမဲ့ကာ ခပ်နက်နက်လျှိုမြောင်များဖြင့် ပြည့်နှက်နေသည်။မနက်အစောပိုင်း၌ ၎င်းနေရာသည် များသောအားဖြင့် သိပ်သည်းသောမြူထုများဆိုင်းတတ်သည်။

ဤအခိုက်၌ နေမင်းအလင်းရောင်အောက်၌ ခပ်ဖျော့ဖျော့ မြူထုသည် ဖြည်ဖြည်းချင်း ပျောက်ကွယ်သွားနေ၏။

မြူများ ပျောက်ကွယ်သွားနေရင်း လျိုအောက်ခြေ၌ ရေကန်တစ်ခုကို မြင်သာထင်သာ တွေ့လာရ၏။ထိုရေကန်က ကြေးမုံတစ်ချပ်ကဲ့သို့ ရှိနေကာ မည်သည့်လှိုင်းတွန့်မှ ရှိလို့မနေပေ။

သို့ရာတွင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ဝဲကတော့များ ပေါ်လာချိန်တွင် သည်ရေကန်ထဲ၌ လှိုင်းများ ထလာ၏။တစုံတစ်ခုက ရေကန်ဗဟိုသို့ တရွှေ့ရွှေ့သွားနေသည့်အတွက် ရေလှိုင်းများ လှုပ်ခတ်လာသည့်အလား။

ပထမ၌ ထိုအရာက မရှင်းလင်းသော်လည်း တဖြည်းဖြည်း သိသာထင်ရှားလာကာ ၎င်းအရာသည် မျက်နှာတစ်ခုဖြစ်မှန်း သိသာလာ၏။

ထိုမျက်နှာက နတ်ဆိုးဆန်သောမျက်နှာ ဖြစ်၏။ထိုမျက်နှာ၏ ချောမောမှုက လူတစ်ယောက် ပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်သလို ဖြစ်နေ၏။အထူးသဖြင့် မျက်လုံးများမှ ထွက်ပေါ်လာနေသည့် နက်မှောင်သောအလင်းပင်။ ၎င်းမျက်နှာက ကောင်းကင်ထက်သို့ တိတ်ဆိတ်စွာ ကြည့်၍ နတ်ဆိုးဆန်ဆန် ပြုံးသည်။

“နောက်ဆုံးတော့ မင်း ရောက်လာပြီ။ ဒီနေ့အတွက် ငါ မင်းကို အချိန်အကြာကြီး စောင့်နေခဲ့ရတာ…”

သည်အချိန်မှာပင် အခြား နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ တစ်နေရာ၌ မြက်ခင်းလွင်ပြင်တစ်ခု ရှိနေ၏။ထိုလွင်ပြင်၌ ပေါက်ရောက်နေသော ပန်းပင်များလည်း ရှိသည်။ လူတစ်ယောက်က အနားမရောက်ခင်မှာပင် မြက်များထံမှ ပေးစွမ်းနေသည့် ရနံ့ကို ရရှိနိုင်ပေ၏။

ထိုရနံ့က အတော်လေး ဖျော့တော့၏။သို့သော် အလွန်ထူးဆန်းသော သက်ရောက်မှု ရှိနေသည်။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှ တစ်စုံတစ်ယောက်သည် ၎င်းရနံ့ကို ရှုမိတိုင်း သက်တောင့်သက်သာ ခံစားရ၏။ ထို့အတွက်ကြောင့် နှစ်ကြာလာလေလေ သည်မြက်ခင်းလွင်ပြင်၌ မျိုးနွယ်စုများ ပေါ်ထွန်းလာကြတော့သည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုကလည်း သည်နေရာထိ နယ်မြေချဲ့ထွင်ခဲ့၏။သို့သော် ထူးဆန်းသည်က သည်နေရာ၌ စိတ်ဝိညာဉ်အလံများ၏ စွမ်းအားသည် ချက်ခြင်း ဆုံးရှုံးသွားတတ်ခြင်းပင်။

ထို့အတွက်ကြောင့်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုများက သည်နေရာကို လက်လျော့ခဲ့ကြတော့၏။

လူတစ်ယောက်က အထက်စီးမှ ကြည့်ပါက သည်မြက်ခင်းလွင်ပြင်သည် သာမန်ဟုသာ ထင်မြင်မိမည်။ သို့သော် အတားအဆိးပညာရှင်တစ်ယောက်ကသာ အနှီမြက်ခင်းပြင်ကို တွေ့မြင်သည်နှင့် သူတို့၏နှဖူးသည် ချက်ခြင်း ချွေးစေးပြန်သွားနိုင်၏။

ဤနေရာက အတားအဆီးများစွာနှင့် ပြည့်နှက်နေ၏။ဤနေရာ၌ အမည်မသိအတားအဆီးများစွာ ရှိနေသည်။ ထိုအတားအဆီးများသာ အသက်ဝင်လာပါက လောကကိုပါ ဖျက်စီးနိုင်သည့်စွမ်းအားတစ်ခု ဖြစ်လာနိုင်၏။

မည်သူကမျှ သည်မြက်ခင်းပြင်အောက်၌ အလွန်ရှေးကျသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိနေသည်ကို မသိကြပါ။ ယင်းအစီအရင်၏ ဇစ်မြစ်ကိုလိုက်ပါက ကောင်းကင်ဘုံနယ်မြေမပျက်စီးခင် အချိန်ထိ ပြန်ဆွဲခေါ်သွားနိုင်လောက်သည်။

“ကောင်းကင်ဘုံနယ်မြေအစီအရင်…”

ထိုအစီအရင်မှ တစ်ဆင့် အထူးနည်းလမ်းတစ်ခု၊တုန်ကင်တစ်ခုနှင့် ဆိုပါက သင်သည် ကောင်းကင်ဘုံလှိုဏ်ဂူငါးခုထဲမှ တစ်ခုအထဲသို့ ဝင်ရောက်နိုင်ပေမည်။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ကောင်းကင်ဘုံလှိုဏ်ဂူ ငါးခုထဲမှ လေးခုကို ရှာတွေ့ခဲ့ကြပြီး ဖြစ်၏။ ငါးခုမြောက်လှိုဏ်ဂူက မည်သည့်နေရာတွင် ရှိနေသည်ကိုတော့ ဘယ်သူမျှ မသိကြသေးပေ။ အခြားလှိုဏ်ဂူလေးခု၏ အတွင်းပိုင်းကို ဖွင့်လှစ်ခြင်းဖြင့်သာ ငါးခုမြောက်လှိုဏ်ဂူကို ဖွင့်လှစ်နိုင်ဖို့ ရှိလေ၏။

ထိုအစီအရင်နှင့် ချိတ်ဆက်ထားသည့် ကောင်းကင်ဘုံလှိုဏ်ဂူသည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေ၏။၎င်းအစီအရင်အတွင်းဘက်က လုံးဝ သာမန်မဟုတ်နိုင်ပေ။

သို့ရာတွင် ၎င်းက ကောင်းကင်ဘုံနယ်မြေနှင့် တူသည်ဟု ခံစားမိရသော်လည်း အေးစက်မှုတစ်ခုကလွဲ၍ အတော်လေး ဗလာကင်းမဲ့နေ၏။လူတစ်ယောက်သည် ဤနေရာ၌ အေးစက်စွာ အထီးကျန်စွာ ရပ်နေခဲ့ရသည့်အလား။

သည်ကောင်းကင်ဘုံလှိုဏ်ဂူက မြွေလိမ်မြွေကောက်ပုံစုံ ရှိကာ အခန်းများစွာ ပြည့်နေသည်။ထိုလှိုဏ်ဂူအတွင်းရှိ မျှော်စင်စေတီတစ်ခုထဲ၌ လူငယ်တစ်ယောက် ထိုင်နေ၏။သူက ရုပ်ရည်ချောမောကာ ကောင်းကင်ဘုံသား တစ်ယောက် အော်ရာကို ပေးစွမ်းနေ၏။သူ့လက်ထဲ၌ ဝါးစာလိပ်တစ်ခုကိုလည်း ကိုင်ဆောင်ထားသည်။

သူ့ဘေးရှိ စားပွဲပေါ်၌ လက်ဘ္ဘက်ရည်ခွက်တစ်ခု တင်ထားသည်။ထိုလဘ္ဘက်ရည်ခွက်မှာ အပူငွေ့များက လေထဲ၌ လွင့်ပျံ့လို့နေသည်။

ထိုလူက လဘ္ဘက်ရည်ခွက်ကို မကြာမကြာ ယူ၍ သောက်နေ၏။သူ့အသွင်က အလွန်တည်ငြိမ်လှသည်။

သို့ရာတွင် ဝဲကတော့များ ပေါ်လာသည့်အခိုက်၌ သူက သူ့လက်ထဲရှိ စာလိပ်ကို အောက်ချကာ အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်၏။သူ့အကြည့်က လေဟာနယ်ကို ထွင်းဖောက်ကာ အပြင်ဘက်ရှိ ပြောင်းလဲမှုများကို တွေ့မြင်နေရသည်ဟု ထင်ရ၏။

“သူတို့ရောက်လာကြပြီ…” ထိုလူက သူ့ကိုယ်သူ ပြောလိုက်ခြင်း မဟုတ်ဘဲ အပြင်ဘက်မှ လှမ်းလျှောက်ဝင်လာသည့် အမျိုးသမီးကို ကြည့်၍ ပြောလိုက်ခြင်းပင်။သူမသည်လည်း အလွန်လှ၏။သူမက အပြာရောင်ခပ်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်လို့ထားသည်။သူမထံ၌ သွယ်လျသော ခြေတံများ ရှိကာ အားနည်းငယ် ဖြစ်နေသော်လည်း မိန်းမဆန်နေတော့သည်။

ထိုလူက ပြုံး၍ ပိန်လျသည့် အမျိုးသမီးကို ကြည့်၍ ဆို၏။ “ငါတို့ စောင့်နေတာ အတော်ကြာသွားပြီ။ ဒီတစ်ခါတော့ ငါတို့ အောင်မြင်ဖို့ မျှော်လင့်တယ်…”

အမျိုးသမီးက သူ့ဘေး၌ ထိုင်၍ ထိုလူငယ့်ကို နူးညံ့စွာကြည့်၍ ရယ်မောကာ ဆိုသည်။ “ငါတို့ ဒါကို အချိန်အကြာကြီး စီစဉ်ထားခဲ့တာပဲ။ ငါတို့ သေချာဂရုစိုက်သရှေ့ ဘာမတော်တဆမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်…”

သူတို့နှစ်ယောက်က ပြုံး၍ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြ၏။သည်စုံတွဲ၏ တွယ်ညှိမှုသည် နှလုံးသားအတွင်း နွေးထွေးစေမှုမှ လာ၏။

ထိုကျင့်ကြံခြင်းစုံတွဲသည် သည်လှိုဏ်ဂူထဲသို့ ဝင်ရောက်လာပြီးနောက် ဘယ်တုန်းကမှ ပြန်ထွက်ခွာခဲ့ခြင်း မရှိပေ။သူတို့က ဝမ်ဝေနှင့်ဟူကျွမ်တို့ပင်။

“သူကော ဘယ်လိုလဲ…” ဝမ်ဝေက ဝါးစာလိပ်ကို ကောက်ယူလိုက်၏။သူက လူငယ်တစ်ယောက်ဟန်ပန် ဖြစ်နေသော်လည်း သူ့မျက်လုံးထဲ၌ သူသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဂုဏ်သရေရှိစွာ နေထိုင်ခဲ့သူ ဖြစ်ကြောင်း ပြသနေ၏။

ဟူကျွမ်က တခစ်ခစ်ရယ်၍ နူးညံ့စွာ ပြောလာ၏။ “ဒီဓားစိတ်ဝိညာဉ်က တကယ်ပြတ်သားတာပဲ။သူက အစ်ကို သူ့ကို ပေးခဲ့တဲ့ မသေမျိုးစိတ်ဝိညာဉ်နည်းလမ်းရဲ့ အလွှာရှစ်ကို ရောက်နေပြီ။ခု အလွှာကိုးထဲတောင် ဝင်ရောက်နေပြီ။ ဘာမတော်တဆမှ မရှိရင် သူက မကြာခင်မှာ အဆင့်ချိုးဖျက်နိုင်လိမ့်မယ်…”

ဝမ်ဝေ၏မျက်လုံးထဲ၌ အသိအမှတ်ပြုမှုတို့ ရှိနေ၏။သူက ခေါင်းညိတ်သည်။ “ဒီလိုလား…။ဒီတော့ အစ်ကို သူ့ကို အများကြီး ကူပေးစရာမလိုတော့ဘူးပေါ့…”

သူက ထိုသို့ပြောလိုက်ရင်း ခေါင်းယမ်း၏။ “ဒါပေမဲ့လည်း အစ်ကို ဒွိဟဖြစ် စဉ်းစားမရတာ တစ်ခု ရှိတယ်။ ချင်းရှောင်က တကယ်ပဲ မသေသေးဘူးလား။မဟုတ်ရင် သူက မိုးကောင်းကင်ဘုံဓားကို ပြန်ဖြစ်ပေါ်စေပြီး သူ့ကို ဓားစိတ်ဝိညာဉ်အဖြစ် ဘယ်လိုလုပ် ဖြစ်စေနိုင်ခဲ့မှာလဲ။ကံမကောင်းစွာနဲ့ သူက ပြောဆိုဖို့ ငြင်းဆန်ခဲ့တယ်။အစ်ကိုက ချင်းရှောင်ရဲ့ခံစားချက်ကို မနာကျင်စေချင်ဘူး။ဒါ့ကြောင့်လည်း သူ့မှတ်ဉာဏ်တွေကို ရှာဖွေမှု မပြုလုပ်ခဲ့တာ…”

ဟူကျွမ်က တိုးညင်းစွာ ဆို၏။ “ဖြစ်နိုင်တာက ညီမလေးချင်းရှောင်က အသက်ရှင်နေတုန်းပဲ…”

ဝဲကတော့များ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထက်၌ ပေါ်လာချိန်တွင် သည်ကောင်းကင်ဘုံတိမ်ကျင့်ကြံခြင်းစုံတွဲကသာ တုန့်ပြန်ခဲ့ခြင်း မဟုတ်ပေ။လေနတ်ဆိုးနိုင်ငံတွင်လည်း ကြီးကြီးမားမား ပြောင်းလဲမှု ဖြစ်ပေါ်လာခဲ့သည်။

သည်နေရာမှာ လေနတ်ဆိုးနိုင်ငံ၏ မြင့်မြတ်ကုန်းမြေ ဖြစ်၏။ဤကုန်းမြေသည် မြေအောက် ပျားလပို့ကဲ့သို့ လှိုဏ်ဂူများစွာနှင့် ပြည့်နှက်နေသည့်နေရာတစ်ခုလည်း ဖြစ်သည်။

လှိုဏ်ဂူတစ်ခုချင်းစီသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် ဥမင်လမ်းများစွာ ရှိ၏။အနှီဥမင်လမ်းများ၏ ဦးတည်ရာသည် အင်ပါယာနန်းတော်အောက်ရှိ လှိုဏ်ဂူကြီးဆီသို့ပင်။လှိုဏ်ဂူများက ခရမ်းရောင့်ရောင် အရိုးစုများနှင့် ပြည့်နှက်ကာ သေဆုံးခြင်းအော်ရာကို ပေးစွမ်းနေသည်။

လှိုဏ်ဂူများထံမှ သေဆုံးခြင်းအော်ရာအားလုံးသည် လေနတ်ဆိုးနိုင်ငံအနှံ့၌ ဖြန့်ကျက်၍ အင်ပါယာနန်းတော်အောက်ရှိ လှိုဏ်ဂူကြီးထံ၌ စုစည်းဦးတည်သည်။ထိုလှိုဏ်ဂူက ပေတစ်သောင်းလောက် ကျယ်ပြောသည်။ထိုလှိုဏ်ဂူကို ဗဟိုချက်၌ မြင့်မားလှသည့်တိုင်လုံးကြီး တစ်ခု ရှိသည်။ထိုတိုင်လုံးထိပ်၌ အမျိုးသမီးတစ်ယောက် ထိုင်နေ၏။

ထိုအမျိုးသမီး၏ ရုပ်ပိုင်းသွင်ပြင်က အလွန်ကြောက်မက်ဖွယ်ကောင်းနေ၏။သူမမျက်နှာထက်၌ အမာရွက်များစွာ ဖုံးကွယ်နေသည်။ အကြည်တစ်ချက်ဖြင့် ထိုအမာရွက်များ မည်မျှများသည်ကို ရေတွက်ကြည့်ရန် မဖြစ်နိုင်လောက်အောင်ပင်။

ထိုအမာရွက်များ၊အနာများသည် တခုနှင့်တစ်ခု ချပ်ပိတ်ကာ သူမ ကျင့်ကြံတိုင်း သွေးများသည် ၎င်းအနာများထံသို့ တဟုန်ထိုး စီးဆင်း၏။ထို့ကြောင့် ၎င်းတို့သည် နီမြန်းလာသည်။

သူမ၏ မျက်နှာသာမက သူမ၏လက်နှစ်ဖက်တွင်လည်း ထိုသို့သော အမာရွက်များဖြင့် ဖုံးအုပ်နေ၏။

ထိုအမျိုးသမီးထိုင်နေသော တိုင်လုံးအောက်၌ သေဆုံးခြင်းအော်ရာပင်လယ်ကြီး ရှိနေသည်။သေဆုံးခြင်းအော်ရာ အချို့က အထက်သို့ ဆန်တက်၍ သူမပတ်လည်၌ လွင့်မြောကာ သူမ၏ အမာရွက်များထဲသို့ ဝင်ရောက်၏။

ထိုသို့ဖြစ်တိုင်းလည်း ထိုအမျိုးသမီး၏ခန္ဓာကိုယ်သည် တုန်ယင်ကာ အံ့မခန်းနာကျင်မှုကို တောင့်ခံနေရသည့်အလား။သို့သော် သူမက အမြဲ အံတင်းတင်းကြိတ်၍ နာကျင်မှုကို တောင့်ခံ၏။

“ဝမ်လင်း… ငါ..ယောင်ရှင်းရွှယ် ဒီနာကျင်မှုအားလုံးကို တောင့်ခံနေတာ နင့်ကြောင့်ပဲ။ငါက ငါ့အဖေအတွက် လက်စားချေဖို့ နင့်အသွေးအသားတွေကို မစားသုံးပစ်နိုင်တာကို မုန်းတယ်။ငါ နင့်ကို သက်နိုင်ဖို့ မျှော်ရည်ပြီး ဒီနာကျင်မှုတွေကို ရေတွက်နေမယ်…” ထိုအမျိုးသမီး မျက်လုံးထဲ၌ မကျေမချမ်းမှုတို့သည် မွန်းစတားဆန်လောက်အောင် များပြားနေ၏။

သူမသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် သူမ နိုးထလာချိန်၌ သူမအဖေ အကူအညီမဲ့နေမှုကို အာရုံခံမိသည့်အဖြစ်ကို ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။ ထို့နောက် သူမသည် စိတ်နှလုံးမှ နာကျင်မှုကို ရုတ်တရက် ခံစားရ၏။ သွေးချိတ်ဆက်မှုကြောင့် သူမအ‌ဖေ အသက်မရှင်တော့သည်ကို သူမ သိနေခဲ့သည် မဟုတ်လား။ထိုအခိုက်၌ ဝမ်လင်းအပေါ် သူမ၏ အမုန်းတရားသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့တော့သည်။

လက်စားပြန်ချေနိုင်ဖို့ငှာ သူမသည် အရာအားလုံးကို လက်လွှတ်ခဲ့၏။သူမ၏ ကျင့်ကြံမှုအဆင့်တိုးတက်လာဖို့ သူမသည် သည်နေရာရှိ ရှေးဟောင်းနတ်ဆိုးထံမှ အကူအညီရယူမှ ဖြစ်မည်ကို သိထားသည်။သူမက ပြင်းပြင်းထန်ထန် ကြိုးစားပြီး၊ အခက်အခဲ၊အရှက်ခွဲခံရမှု၊အိပ်မက်မဆိုးများကိုလည်း တွေ့ကြုံခဲ့ရသည်။

အဆုံးသပ်၌ သူမက လေနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးထံမှ အသိအမှတ်ပြုခြင်းကို ရရှိခဲ့၏။သူမက သည်နေရာသို့ ဝင်ရောက်လာခဲ့ကာ အမွေအနှစ်ကို စတင်ခဲ့သည်။

သူမက လေနတ်ဆိုး၏ အမွေအနှစ်ကို လက်ခံချိန်၌ ထိုနတ်ဆိုးအသံသည် သူမစိတ်ထဲ၌ ပဲ့တင်ထပ်ခဲ့သည်ကို ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။

“ငါ မင်းကို ခွန်အားပေးနိုင်တယ်။ မင်းကို လက်စားချေဖို့အထိ လုံလောက်တဲ့စွမ်းအား ပေးနိုင်တယ်။ဒါပေမဲ့ ဒီအတွက် တန်ဖိုးက မင်းရဲ့ နတ်ဘုရားအာရုံနဲ့စိတ်ဝိညာဉ်ဟာ တဖြည်းဖြည်း ပက်သယ်ခြင်း ခံရပြီး မင်းက ငါ့ခန္ဓာကိုယ် ဖြစ်လာစေမယ်…”

“ငါ လက်စားချေနိုင်သရွှေ့ ဒါကို လက်ခံဖို့ ဆန္ဒရှိပါတယ်…”

ယောင်ရှင်းရွှယ်က အသက်ဝဝရှိုက်သွင်း၏။သူက သေဆုံးခြင်းအော်ရာကို စတင် စုပ်ယူသည်။ထိုအခါ သူမကို သေပစ်ချင်စိတ်ပေါက်သည့် နာကျင်မှုကို ဖြစ်လာစေသည်။သူမက စုပ်ယူနေရင်း သူမ၏ လက်ကို ပင့်မြှောက်၏။သူမ၏ လက်သည်းများထံမှ အေးစက်စက်တောက်ပနေ၏။ အသက်ခပ်ဝဝရှိုက်သွင်းပြီးနောက် သူမက သူမလက်ဖြင့် သူမ ဘယ်ဘက်လက်ပေါ်သို့ အနာတစ်ခု ဖြစ်အောင် ကုတ်ဆွဲချလိုက်ချေသည်။

သူမလက်မှ သိပ်သည်းသော နာကျင်မှု ထွက်ပေါ်လာကာ ခန္ဓာကိုယ်ကိုပါ တုန်ယင်စေ၏။သို့သော် သူမ၏ အသွင်က မထူးခြားနားဟန်နှင့် ရှိနေ၏။ဤအခိုက်၌ သေဆုံးခြင်းအော်ရာမြောက်များစွာသည် သူမ၏ လက်မောင်းပေါ်ရှိ ဒဏ်ရာအနာထဲသို့ တိုးဝင်လာလေတော့သည်။

အဆုံးမဲ့သေဆုံးခြင်းအော်ရာ တိုးဝင်လာနေရင်း အနာသည် တဖြည်းဖြည်း အမာရွက် ဖြစ်သည့်အထိ ချပ်ပိတ်သွားတော့သည်။

“ဝမ်လင်း…ငါ နင့်ကို လုံးဝ ခွင့်မလွှတ်ဘူး…” သူမ စိတ်ဝိညာဉ်ထဲမှ လာသည့် မကျေမချမ်းသံက မုန်တိုင်းတစ်ခုအလား။

***

Comment

Leave a Reply

Options

not work with dark mode
Reset