Switch Mode

အပိုင်း (၁၀၄၁)

ပြန်ပေးဆွဲခြင်း

ဝမ်လင်း၏မျက်လုံးတို့က တည်ငြိမ်နေ၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့အောက်သို့ ညွှန်သည်။သံလိုက်အိမ်မြှောင်သည် လှည့်ပတ်ကာ နန်းတော်အတွင်းရှိ အတားအဆီးအားလုံးသည် အသက်ဝင်လာြီး အမျိုးသမီးအလောင်းထံသို့ တိုးဝင်လာသည်။

ထိုအမျိုးသမီးက ညီးတွားသံပြုကာ ပြင်းထန်သောဖိအားကို ဖန်တီးသည်။အတားအဆီးတော်တော်များများသည် ပြိုပျက်ကုန်၏။

အမျိုးသမီးအလောင်း၏မျက်လုံးထဲ၌ စိုးရိမ်ပူပန်မှု ဖြစ်ပေါ်လာ၏။ထို့နောက် သူမက နောက်သို့ အလျင်အမြန် ဆုတ်သည်။ဝမ်လင်းညာမျက်လုံးထဲမှ အပြာရောင်အလင်းတန်းသည် နောက်တစ်ဖန် ထွက်ပေါ်လာကာ ဒိုင်းအကာအရံတစ်ခုအဖြစ် ပြောင်းလဲ၍ သူမ၏ လွတ်လမ်းများကို ပိတ်ဆို့သည်။

ဝမ်လင်းက သူ့ညာလက်ကို ညွှန်လိုက်ရာ အတားအဆီးအားလုံးသည် သူမပတ်လည်သို့ စုဝေးကုန်၏။

အမျိုးသမီးအလောင်းသည် နောက်သို့ ဆုတ်နေရင်း သူမကိုယ်ပေါ်ရှိ ချိန်းကြိုးများကို လှုပ်ခတ်စေ၏။ထို့နောက် သူမပတ်လည်၌ အနက်ရောင်မြူတစ်ခု လွှမ်းခြုံလာသည်။သူမက ပါးစပ်ဟ၍ ထွေးထုတ်လိုက်ရာ ကတ်ကြေးတစ်စုံသည် လေထဲသို ပျံဝဲလာကာ အတားအဆီးများကို ခပ်ကြမ်းကြမ်း ဖြတ်တောက်သည်။

ထိုကတ်ကြေးက သူမအပေါ်ရှိ အတားအဆီးအားလုံးကို ဖျက်စီးပစ်သည်။ထို့နောက် အမျိုးသမီးအလောင်းသည် အနက်ရောင်မြူများ ခြုံလွှမ်းထားရင်း အထက်သို့ ဆန်တက်သည်။

သူမက နန်းတော်ထဲကနေ ထွက်သွားခါနီး ဖြစ်နေသည်ကို ကြည့်နေရင်း ဝမ်လင်း၏အသွင်က အေးစက်လာ၏။အတွေးတစ်ချက်ဖြင့်ပင် သူ့ပတ်လည်၌ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖို ဖြစ်ပေါ်လာသည်။

“နေရာပြောင်းလဲခြင်း…” ဝမ်လင်းအသံ ထွက်ပေါ်လာ၏။အမျိုးသမီးအလောင်းသည် နန်းတော်မျက်နှာကြက်ကို ထိမိချိန်၌ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ရုတ်တရက် သူမသည် သံလိုက်အိမ်မြှောင်အလယ်၌ ရှိနေသော ဝမ်လင်းနှင့် နေရာခြင်း ချိန်းသွား၏။

ဝမ်လင်းက အမျိုးသမီးအလောင်း ရှိနှင့်သော နေရာ၌ ပေါ်လာ၏။အမျိုးသမီးအလောင်းကမူ သံလိုက်အိမ်မြှောင်အလယ်၌ မတ်တပ်ရပ်အနေထား ဖြစ်နေ၏။သံလိုက်အိမ်မြှောင်သည် မြန်ဆန်စွာ လှည့်လည်ရင်း မရေမတွက်နိုင်သောအတားအဆီးများသည် သူမကို ခြုံလွှမ်းလာ၏။

အမျိုးသမီးအလောင်း၏ ကျင့်ကြံမှုမှာ ဒဏ်ရာပြင်းထန်မှုကြောင့် လျော့ကျနေသည့်အတွက် သူမသည် အတားအဆီးများ သူမအား ခြုံလွှမ်းထွေးခြင်းကို ခံလိုက်ရတော့၏။အတားအဆီးများသည် သူမ၏ အောက်ပိုင်း၊အထူးသဖြင့် သူမ၏ခြေထာက်ကို ပိတ်လှောင်ကာ သံလိုက်အိမ်မြှောင်နှင့် တွယ်ချိတ်ထားသလို ဖြစ်စေသည်။သူမက လုံးဝ မလှုပ်ရှားနိုင် ဖြစ်ရ၏။

ရုန်းကန်ရင်း အမျိုးသမီးအလောင်းက စူးစူးရှရှ စတင်အော်ဟစ်၏။သူမ၏ စူးရှရှအသံသည် တဖြည်းဖြည်းချင်း ပျံ့လွင့်နေသည်။

ဝမ်လင်းသည် ရုန်းကန်နေသော အမျိုးသမီးအလောင်းကို ကြည့်၏။သူက ကြမ်းတမ်းစွာ သူ့လက်ကို ရှေ့သို့ တွန်ထုတ်သည်။သူမပုခုံးထက်ရှိ ချိန်းကြိုးသည် ဆွဲထုတ်ယူခြင်း ခံလိုက်ရ၏။

အားနည်းသွားခြင်း။အမျိုးသမီးအလောင်းသည် ချက်ခြင်းအော်ဟစ်လိုက်ကာ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။သူမက ဝမ်လင်းကို မုန်းတီးစွာ ကြည့်နေသည်။

ချိန်းကြိုး ဆွဲထုတ်ခြင်း ခံရသည့်နောက် ၎င်းက မြွေနက်တစ်ကောင်ကဲ့သို့ ပြောင်းလဲသွားကာ ဝမ်လင်း၏ ညာလက်ကို ကိုက်ချ၏။ဝမ်လင်းသည် ရှောင်ရှားခြင်းပင် မပြုဘဲ ထိုမြွေနက်၏ ကိုက်ချခြင်းကို သည်အတိုင်း ခံလိုက်သည်။ ဝမ်လင်း‌ လက်နှင့် မြွေအစွယ်ထိသွားသည့်အခိုက်၌ ၎င်းအစွယ်တို့သည် ပျက်စီးသွားရ၏။သူ့လက်ကမူ ဒဏ်ရာလုံးဝ မရလိုက်ပေ။

သည်လိုမြွေနက်လောက်ဖြင့် ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ကို မည်သို့ ထွင်းဖောက်နိုင်ပါ့မည်နည်း။

ဝမ်လင်းက သူ့ညာလက်ဖြင့် ၎င်းမြွေနက်ကို ညှစ်ချေခြလိုက်ရာ ထိုမြွေနက်သည် ချိန်းကကြိုးအသွင် ပြောင်းလဲ၍ တစစီ ဖြစ်သွားတော့သည်။သူက ရပ်တန့်ခြင်း မရှိသေးပေ။သူ့လက်ကို လေဟာနယ်ထဲသို့ နောက်တစ်ဖန် ဆန့်ထုတ်သည်။အမျိုးသမီးအလောင်းသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူမ၏တင်ပါးဆုံရိုးပေါ်ရှိ ချိန်းကြိုးသည်လည်း ဝမ်လင်း၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရတော့သည်။

သူ့လက်ဖြင့်ညှစ်ခြေကာ ထိုချိန်းကြိုးကိုလည်း ခြေမွပစ်လိုက်၏။

အမျိုးသမီးအလောင်းက မတ်တပ်ရပ်နေရာကနေ လဲပြိုသွား၏။ဝမ်လင်းက သူ့မူလစွမ်းအင်ကို သံလိုက်အိမ်မြှောင်ထဲသို့ ထွေးထုတ်၏။ထို့နောက် သူက ဘေးတစ်ဖက်တွင် ထိုင်ချကာ သူ့လက်နှစ်ဖြင့် ချိပ်တံဆိပ်များကို စတင် ဖြစ်ပေါ်စေသည်။သံလိုက်အိမ်မြှောင်သည် ဖြည်းဖြည်းချင်း လှည့်ပတ်ရင်း အတားအဆီးများသည် အမျိုးသမီးအလောင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကုန်ကြသည်။

“ကောင်းကင်ဘုံအင်ပါယာချင်းလင်ရှိမှာ အလောင်းသက်တော်စောင့်လို့ ခေါ်တဲ့ မန္တာန်တစ်ခု ပိုင်ဆိုင်ထားခဲ့တယ်။ဒီမန္တာန်က သူ သတ်ခဲ့တဲ့ ရန်သူတွေရဲ့ ခန္ဓာကိုယ်နဲ့ နာကျင်မှုကို မခံစားရတဲ့ ကြမ်းကြုတ်တဲ့ အလောင်းကောင်ဖြစ်လာဖို့ အမျိုးမျိုး ရတနာတွေ လိုအပ်တယ်။ဒီလို ပြုလုပ်ပြီးရင်တောင့် ဒီမွန်းမံထားတဲ့အလောင်းကို ပိုင်ရှင်ကို ကာကွယ်ဖို့အတွက် အသုံးချလို့ရပြီ။ငါက အလောင်းကောင်ရုပ်သေးတစ်ကောင်ကို မွန်းမံဖို့ ရှားပါးလှတဲ့ သတ္တုတွေကို မရှာနိုင်သေးပေမယ့်လည်း ငါက အလောင်းကောင်သက်တော်စောင့်တွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကိုတော့ အသုံးပြုနိုင်စွမ်း ရှိတယ်…”

ဝမ်လင်းသည် မျက်လုံးမှိတ်ထား၏။သူ့လက်နှစ်ဖက်ဖြင့် အတားအဆီးများကို ဖြစ်ပေါ်စေရင်း အမျိုးသမီးအလောင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေစေသည်။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေသည်။နေဝင်လိုက်ထွက်လိုက်ဖြင့်ပင် လတစ်ဝက်ခန့် ကုန်ဆုံးသွားလေပြီ။ဝမ်လင်းသည် ရေစိတ်ဝိညာဉ်ဂြိုဟ်ပေါ်၌ လေးလနီးပါး ရှိနေလေပြီ။ထိုအချိန်အတွင်း သူက တောင်ထိပ်ပေါ်၌ ဉာဏ်အလင်းဆင်ခြင် ရရှိခဲ့သည့် အချိန်မှအပ အမျိုးသမီးအလောင်းကို သန့်စင်မွန်းမံနေခဲ့သည်။

ထိုအလောင်းကောင်ကို မွန်းမံသည့် ဖြစ်စဉ်သည် အလွန်ရှုပ်ထွေးကာ အာရုံစူးစိုက်မှုအပြည့် လိုအပ်၏။ထို့အတွက်ကြောင့် ဝမ်လင်းက အပြင်သို့ပင် မထွက်ဖြစ်ဘဲ ရှိနေသည်။

ခုချိန်၌ ပေတစ်ရာလောက်ရှိသည့် သံလိုက်အိမ်မြှောင်သည် နန်းတော်အတွင်း၌ ဖြည်းဖြည်းချင်း လှည့်လည်နေ၏။၎င်းအပေါ်၌ အမျိုးသမီးအလောင်း ရှိနေ၏။သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက ငွေရောင်တောက်ပနေကာ သူမ၏မျက်ခုံးနှစ်ခုကြား၌ အမှတ်အသားတစ်ခုလည်း ရှိနေသည်။

သူမအသွင်က အေးချမ်းနေသည့်ပုံပေါ်ကာ အရင်က မကျေမချမ်းဖြစ်မှုမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။တစုံတစ်ယောက်က သူမကို တွေ့မြင်ပါက သူတို့သည် သူမ၏အစစ်အမှန်ပုံရိပ်ကို စိတ်ကူးကြည့်နိုင်ရန်ပင် ခက်ခဲသည်ကို တွေ့ရပေလိမ့်မည်။သူတို့က ထိုအလောင်းကို မည်သို့ပင် ကြည့်ကြည့် လှပသောအမျိုးသမီးကျင့်ကြံသူတစ်ယောက်အဖြစ်သာ တွေ့မြင်ဖို့ရာ ရှိသည်။

ဝမ်လင်းသည် ရေစိတ်ဝိညာဉ်ဂြိုဟ်ပေါ်ရှိ ရှိနေချိန်၌ ထျန်ယွမ်ဂြိုဟ်ပေါ်တွင် မည်သည့် ကိစ္စကြီးငယ်မှ ဖြစ်ပွားခဲ့ခြင်း မရှိပါ။ စစ်ထူနန်လို့ ခေါ်သည့် ကျင့်ကြံသူတစ်ယောက်က ထျန်ယွမ်ဂြိုဟ်ပေါ်သို့ ရောက်ရှိလာပြီး ပန်းရောင်နန်းတော်၏ နန်းတော်အရှင် ဖြစ်လာခဲ့ပေသည်။

သုံးလတာအတွင်း အလယ်အလတ်ကလန်နှင့်ကလန်ငယ်များရှိ အမျိုးသမီးကျင့်ကြံသူတိုင်းသည် စစ်ထူနန်၏ အနိုင်ကျင့်ခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။သူက အကြမ်းနည်း လုံးဝ အသုံးမပြုဘဲ သူ့နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံခြင်းကိုသာ အသုံးချ၍ ထိုအမျိုးသမီး၏ ကျင့်ကြံမှုအဆင့် တိုးတက်အောင် သင်ကြားပေးခြင်း၊ ဆေးလုံးများပေးခြင်းဖြင့်သာ လှည့်ဖျား စည်းရုံးခဲ့ခြင်းပင်။ထို့အတွက်ကြောင့် သူသည် အမျိုးသမီးကျင့်ကြံသူတော်တော်များများကို စုဆောင်းမိကာ ပန်းရောင်နန်းတော်၏ ခွန်အားကို အတော်လေး သန်မာလာစေသည်။

သူက အဆုံးမဲ့ ပျော်ရွှင်မှုဖြင့်သာ အချိန်ဖြုန်းနေခဲ့၏။သူ့ပတ်လည်၌ အမျိုးသမီးကျင့်ကြံသူ ထောင်ချီ ရှိသည် မဟုတ်လား။ သည်လိုနည်းဖြင့် အမျိုးသမီးကျင့်ကြံသူများသည် ပန်းရောင်နန်းတော်တွင် ပို၍ စုစည်းလာကြပြီး စစ်ထူနန်၏ နာမည်သည်လည်း ထျန်ယွမ်ဂြိုဟ်အနှံ့တွင် ကျော်ကြားလာသည်ဟုပင် ဆိုနိုင်၏။

သူက ချန်ညီကိုသုံးယောက်ထံ၌ မင်သက်အောင်လှသည့် အမျိုးသမီးတပည့်နှစ်ယောက်ရှိသည်ဟုလည်း သတင်းကြားခဲ့၏။ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် ရေစိတ်ဝိညာဉ်ပိုင်ဆိုင်ထားသလို အခြားတစ်ယောက်ကမူ ရေခဲလိုအေးစက်သည်ဟု ဆိုကြသည်။ ထိုသတင်းစကားက စစ်ထူနန်၏ နှလုံးသားကို ကိုက်ခဲစေ၏။နေ့တစ်ဝက်ခန့် စဉ်းစားပြီးနောက် သူက အမျိုးသမီးကျင့်ကြံသူတော်တော်များများကို ဦးဆောင်ကာ ရေစိတ်ဝိညာဉ်ဂြိုဟ်ရှိရာသို့ ခရီးနှင်လာတော့သည်။

ထိုအုပ်စုထဲရှိ အမျိုးသမီးအားလုံးနီးပါးသည် ပန်းရောင်ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ သူတို့အုပ်စုအလယ်၌ ပေဒါဇင်ကျယ်ပြောသည့် အိပ်ယာတစ်ခု ပါရှိသည်။စစ်ထူနန်က ထိုအိပ်ယာထက်၌ အမျိုးသမီးကျင့်ကြံသူများစွာ ခြံရံရင်း လှဲလျောင်းနေသည်။သူက အတော်လေး ကျေနပ်အားရနေသည့်ပုံပင်။

ထိုအိပ်ယာပတ်လည်၌ အမျိုးသမီးကျင့်ကြံသူ တစ်ရာကျော် ရှိနေရင်း သူတို့က ရေစိတ်ဝိညာဉ်ဂြိုဟ်ရှိရာသို့ ဦးတည်လာနေကြသည်။

စစ်ထူနန်၏ ရှေ့၌ သက်လတ်ပိုင်းလူတစ်ယောက်ရှိ၏။ထိုသူက ချောမောကာ မကောင်းဆိုးဝါးဆန်သောအကြည့် ပိုင်ဆိုင်ထားသည်။သူက ပွင့်ပွင့်လင်းလင်း ဆိုလာ၏။ “စီနီယာစစ်ထူ…ဂျူနီယာက ဒီရေစိတ်ဝိညာဉ်ဂြိုဟ်ရဲ့ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်ဟာ ထိတ်တန်းအရည်အသွေးရှိကြောင်း ကျိန်းသေ ဆိုဝံပါတယ်။ကျောက်ရွှဲ့ဆိုတဲ့ အမျိုးသမီးဆို အံ့ဩလောက်အောင် လှပပြီး ရေစိတ်ဝိညာဉ်ရင်းမြစ်နဲ့ လင်းအာဆိုတဲ့ အမျိုးသမီးကလည်း ကျင့်ကြံခြင်းကိုယ်လုပ်တော် လုပ်ဖို့ အတော်လေး သင့်တော်မှာပါ…”

စစ်ထူနန်သည် အမျိုးသမီးကျင့်ကြံသူများ သူ့ထံ၌ ထမ်းဆောင်သည်ကို ကျေနပ်ပျော်ရွှင်သည့်သူပင်။သူက ရယ်မော၍ ခေါင်းညိတ်၏။ “ကောင်းပြီ…မင်း ပြောတာသာ အမှန်ဆိုရင် ငါက မင်းကို ဆုချီးမြှင့်ဖို့ တွန့်တိုနေမှာ မဟုတ်ဘူး။ ဆေးလုံးလား၊ကောင်းကင်ဘုံမန္တာန်လား မင်းကြိုက်တာ ရွေးနိုင်တယ်…”

သက်လတ်ပိုင်းလူ၏ မျက်လုံးထဲ၌ ပျော်ရွှင်မှုတို့ ပြည့်နှက်သွားသည်။

သူ့စိတ်ထဲကနေလည်း နှာခေါင်းရှုံ့၍ တွေးနေ၏။ “ကျောက်ရွှဲ့ နင်က ဘယ်လိုပဲ မောက်မာနေပါစေ စီနီယာစစ်ထူ ရောက်လာရင် နာခံမလား၊မနာခံမလား ငါ သိချင်နေမိတယ်။ဒါ့အပြင် လင်းအာလည်း လွတ်နိုင်မှာ မဟုတ်ဘူး…”

စစ်ထူနန်က ထိုသက်လတ်ပိုင်းလူကို ကြည့်နေသည်။သူ့ပုံစံက ပျော်ရွှင်ဟန် ဖြစ်နေသော်လည်း သူသည် ထိုသက်လတ်ပိုင်းလူ ဘာတွေးနေသည်ကို အတိအကျ သိနေပေ၏။စစ်ထူနန်၏ ဉာဏ်ရည်ဖြင့် သူက သည်သက်လတ်ပိုင်းလူနှင့် ရေစိတ်ဝိညာဉ်ဂြိုဟ်မှ အမျိုးသမီးနှစ်ယောက်ကြား ရန်ငြှိုးတစ်ခု ရှိသည်ကို ချက်ခြင်း ပြောနိုင်စွမ်း ရှိပေသည်။

သို့ရာတွင် စစ်ထူနန်က ထိုကိစ္စကို အရေးမစိုက်ပေ။

“ရေစိတ်ဝိညာဉ်ရင်းမြစ်နဲ့ အမျိုးသမီးဆိုတာ တော်တော်လေး ကောင်းမွန်တာပဲ။ ငါ့ညီက သစ်သားတုံး ဖြစ်နေတာ ဆိုးတာ။ ကြည့်ရတာ ဒီလောက်နှစ်တွေအတွင်းမှာလည်း သူ့မှာ မိန်းမတစ်ယောက်ယောက် ရှိဖို့ မဖြစ်နိုင်လောက်ဘူး။ဒီမိန်းကလေးနှစ်ယောက်ကို ငါက သူနဲ့ ပြန်တွေ့ရင် သူ့ရှိ နှုတ်ဆက်လက်ဆောင်အဖြစ် ပေးလိုက်ဦးမယ်…။အင်း မဆိုးဘူး…မဆိုးဘူး…ရေစိတ်ဝိညာဉ်ရင်းမြစ်က တကယ် မဆိုးလောက်ဘူး…”

စစ်ထူနန်က ညစ်ပြုံးပြုံး၏။ထို့နောက် သူက သက်ပြင်းချသည်။ထျန်ယွမ်ဂြိုဟ်ပေါ်၌ ရှိနေသည့် လပိုင်းအတွင်း သူသည် ဝမ်လင်းကို ရှာခဲ့၏။သို့သော် မည်သည့်သဲလွန်စမှ မရခဲ့ပေ။သူက ကောင်းကင်ဘုံကံကြမ္မာကလန်သို့ သွားရောက်ရန်တွေးခဲ့သေး၏။သို့သော် ထိုကလန်နေရာတစ်ခုလုံးသည် အားကောင်းသော ချိပ်ပိတ်ခြင်းအော်ရာနှင့် ကာရံထားလေ၏။ထို့ကြောင့် ခုလက်ရှိ သူ့ခွန်အားဖြင့် အထဲသို့ ဝင်ရောက်ရန် ခက်ခဲနေခဲ့သည်။

ထို ကောင်းကင်ဘုံကံကြမ္မာကလန် ချိပ်ပိတ်ထားခြင်းက ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများကို အံ့အားသင့်စေခဲ့သည်။သို့သော် သူတို့က ထိုသို့ ပြုလုပ်ထားသည့် အကြောင်းရင်းကိုမူ မတွေးနိုင်ကြပေ။

ရှေ့ဖြစ်ဟောသူက ထိုသို့ ကလန်ကို ချိပ်ပိတ်ထားရန် အမိန့်ပေးခဲ့ပြီး တံခါးပိတ်ကျင့်ကြံနေသည်ကို မသိရှိကြပေ။

သို့သော် ကံကောင်းစွာဖြင့် ကောင်းကင်ဘုံကံကြမ္မာကလန်၏ တပည့်များသည် ပေါများလှသည်။ထို့ကြောင့် အချို့အဝက်က ကလန်အပြင်တွင် ရှိနေကြ၏။ ထိုသူများထဲမှ အမျိုးသမီးကျင့်ကြံသူအချို့ကို စစ်ထူနန်က ပန်းရောင်နန်းတော်သို့ ခေါ်ဆောင်ခဲ့သည်။သူတို့ကို မေးမြန်းကြည့်သည့်နောက် စစ်ထူနန်သည် အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်၌ ဝမ်လင်းပြုလုပ်ခဲ့သည့် ကောလဟာလများကို သိရှိလာခဲ့သည်။

ထိုကောလဟာလ သတင်းစကားများက လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါ။စစ်ထူနန်က ထိုစကားများကို ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ အခြားလူများထံမှလည်း ကြားခဲ့ရပေသည်။ ဤစကားများကို သေချာစေပြီးနောက် သူက အံ့အားသင့်သွားခဲ့၏။သို့သော် ချက်ခြင်းပင် သူက ရယ်မော၍ တွေးမိသည်။ “ဒါမှ ငါ့ညီပဲ။ သူက တစ်ခုခုလုပ်မယ်ဆို ကောင်းကင်ဘုံတုန်ဟီးစေတဲ့ အရာပဲ ဖြစ်လိမ့်မယ်…”

စစ်ထူနန်က ဝမ်လင်း လွန်ခဲ့သော လအတော်အတန်က ထျန်ယွမ်ဂြိုဟ်သို့ ပြန်လာခဲ့သည်ကိုလည်း ကြားခဲ့ရသည်။

စစ်ထူနန်က ဝမ်လင်းသည် ပြန်လာဝံ့သည့်နှင့် ပတ်သတ်၍ စဉ်းစားကြည့်၏။ ထို့နောက် သူက ဝမ်လင်းသည် ထိုသို့ ပြန်လာဝံ့သည်မှာ သူ့ဘေးကင်းမှုကိုသူ စိတ်ချသောကြောင့်သာ ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။သို့ရာတွင် သူသည် ဝမ်လင်းမှာ အတော်လေး အကြောက်အလန့်ကင်းနေသည်ဟုလည်း တွေးမိသည်။

“ဒီကောင်လေးရဲ့ ကျင့်ကြံမှုကများ မြန်မြန်ဆန်ဆန် တိုးတက်သွားတာ ဖြစ်နိုင်မလား…”

စစ်ထူနန်က အချိန်အတန်ကြာ တွေးကြည့်သော်လည်း အကြောင်းရင်းကို မတွေးနိုင် ဖြစ်နေသည်။သို့ရာတွင် သူ ရရှိခဲ့သည့် ဝမ်လင်း၏သတင်းများအရ ဝမ်လင်း ထျန်ယွမ်ဂြိုဟ်သို့ ပြန်လာသည့် ရည်ရွယ်ချက်မှာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထံသို့ သွားရောက်ဖို့သာ ဖြစ်ပေမည်။

ထို့အတွက်ကြောင့် ဝမ်လင်းက အချိန်တစ်ခုတွင် သည်ထျန်ယွမ်ဂြိုဟ်၌ ပြန်ပေါ်လာမည်မှာ သေချာနေ၏။

သည့်အတွက်ကြောင့် စစ်ထူနန်က စိုးရိမ်ပူပန်နေခြင်း မရှိတော့ဘဲ ပျော်ပျော်နေရန်သာ ဆုံးဖြတ်ခဲ့ခြင်းပင်။ထိုသို့နေထိုင်ခြင်းကလည်း သူဖန်လန်ဂြိုဟ်ကနေ ရရှိခဲ့သည့် ဖိအားကို သက်သာစေဖို့ ကူညီပေးသည် မဟုတ်လား။

သည်နေ့၌ သက်လတ်ပိုင်းလူ၏ လမ်းပြမှုဖြင့် စစ်ထူနန်တို့ အုပ်စုသည် ရေစိတ်ဝိညာဉ်ကို အကွာအဝေးတစ်ခုကနေ လှမ်းမြင်လိုက်ရသည့် နေရာသို့ ရောက်လာကြ၏။

“ဟီးဟီး…ဒီအဘိုးအိုက ဒီနေရာကို လာတာ ကိုယ်လုပ်တော် ကောင်မလေးလင်းကို လာခေါ်တာပဲ။ ငါက ဒီကောင်မလေးကို ဝမ်လင်းအတွက် ပေးရင် သူ့ပုံစံ ဘယ်လိုများ ဖြစ်နေမလဲ ငါ သိချင်မိတယ်…”

ရေစိတ်ဝိညာဉ်ဂြိုဟ်ကို ကြည့်နေရင်း စစ်ထူနန်က ရယ်မောလိုက်လေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset