Switch Mode

အပိုင်း(၁၀၃၀)

အရှင်ချိုင့်လေ(၁)

ဝမ်လင်းက ထိုအဘိုးအိုကို သိပေသည်။သူက ဝမ်လင်းထျန်ယွမ်ဂြိုဟ်ပေါ်သို့ ပထမဆုံးရောက်လာချိန်၌ သူ့အား ရိုင်းစိုင်းစွာ ပြောခဲ့သည့် ကျင့်ကြံသူပင်။

အနက်ရောင်ဝတ်စုံနှင့်လူခုနစ်ယောက်ကနေ ဖြစ်ပေါ်လာသည့် အလင်းတန်းခုနစ်ခု တိုးဝင်လာသည်ကို တွေ့သည့်အခါ ဝမ်လင်းက နှာခေါင်းရှုံ့သည်။

“ခုငါ့လက်ရှိကျင့်ကြံမှုအဆင့်က နိဗ္ဗာသန့်စင်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတွေကို ရိုက်နှက်နိုင်မလား ကြည့်ကြတာပေါ့…”

ခေါင်းကြီးကောင်လေးက လျှာသပ်၏။သူ့မျက်လုံးထဲ၌ သွေးဆာမှုတို့ ရှိနေသည်။သူက လူမသတ်ရသည်မှာ အချိန်ကြာလှနေပြီ မဟုတ်လား။ သူက ထိုအနက်ရောင်ဝတ်စုံနှင့် ခုနစ်ယောက်ကို တွေ့သည့်အခါ သူ့စိတ်ထဲရှိ သတ်ဖြတ်ချင်စိတ်သည် မပေါ်လာဘဲ မနေနိုင် ဖြစ်ရသည်။

ခေါင်းကြီးကောင်လေးက လေးစားစွာ မေး၏။ “သခင်…ငါ သူတို့ကို သတ်လို့ ရလား…”

“မင်း သဘောပဲ…” ဝမ်လင်းအသံက တည်ငြိမ်၏။ ထို့နောက် ခေါင်းကြီးကောင်လေးက ဖျပ်ခနဲ ပျောက်ကွယ်သွားသည်။

အဘိုးအို၏အသွင်က နီးကပ်သထက် နီးကပ်လာနေသည့် လိုင်ဂျီကိုကြည့်၍ သုန်မှုန်နေ၏။သူ့မျက်လုံးတို့က လိုင်ဂျီကို ကြည့်နေချိန်၌ ထူးဆန်းသောအလင်းတို့ ထွက်ပေါ်နေသည်။ သူ့စိတ်ထဲ၌ လောဘ တက်နေလေပြီ။

“ဘီလူးနတ်ဆိုးကလန်ဝင်က တကယ်ကောင်းမွန်တဲ့ စီးတော်ယဉ်ပဲ။ ဝမ်လင်း မင်း ဒီအဘိုးအိုနဲ့ လာတွေ့တာ ကံဆိုးတာပဲ။ဒီခေါင်းကြီးကောင်က နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်ပဲ။နောက်ရုပ်သေး(တာရှန်)ကလည်း ခွန်အားအချို့သာ ရှိတယ်။ဝမ်လင်းကလည်း လင်းထျန်ဟူနဲ့ ယှဉ်တိုက်နိုင်တယ်ဆိုပေမဲ့ သူ့ရတနာတွေကြောင့်သာ ဖြစ်တယ်။ ရတနာလက်နက် မရှိတဲ့လူ ဘယ်သူများ ရှိလို့လဲ”…

ခေါင်းကြီးက ခြေတစ်လှမ်း လှမ်းကာ အနက်ရောင်ဝတ်စုံနှင့်လူခုနစ်ယောက်နားသို့ ရောက်ရှိသွား၏။သူက ပြုံး၍ သူ့လက်ကို ထိုလူများထဲမှ တစ်ယောက်ထံသို့ လှမ်းလိုက်သည်။

ထိုခုနစ်ယောက်မှာ အာဏာတက်ခြင်းအဆင့်ထက် ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိနိုင်သည်။ခေါင်းကြီးကောင်လေးက သူ့လက်ကို ဆန့်ထုတ်လိုက်ချိန်၌ ထိုခုနစ်ယောက်က အစီအရင်တစ်ခုကို မြန်ဆန်စွာ ဖြစ်ပေါ်စေကာ သူတို့၏စွမ်းအားများကို လူတစ်ယောက်အပေါ်သို့ စုပေါင်းတိုက်ခိုက်လိုက်ကြသည်။ရှေ့ဆုံးရှိလူက သူ့ညာလက်ကို ပင့်မြှောက်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး ခေါင်းကြီးကောင်လေးကို ညွှန်သည်။

ကျန်သည့် ခြောက်ယောက်ကလည်း သူတို့၏စွမ်းအားများကို အဆင့်ဆင့်နည်းဖြင့် ရှေ့ဆုံးလူထံသို့ ပေါင်းစပ် စီးဝင်ပေးသည်။နောက်ဆုံးတွင် ထိုခုနစ်ယောက်၏စုပေါင်းစွမ်းအားကနေ အနက်ရောင်ကျားတစ်ကောင်ပေါ်လာကာ ခေါင်းကြီးကောင်လေးထံသို့ ဟိန်းသံပေး၍ တိုးဝင်လာခြင်းပင်။

ခေါင်းကြီးကောင်လေးက ရယ်မော၍ သူ့လက်ကို ကြမ်းကြုတ်စွာ ညှစ်ချေ၏။သည်အခိုက်၌ လှေပေါ်ရှိ အဘိုးအို၏မျက်လုံးတို့က လင်းလက်သွားကာ သူက သူ့လက်ကိုမြှောက်၍ ရှေ့သို့ ညွှန်သည်။

အနက်ရောင်အလင်းတန်းတစ်ခုသည် အလွန်မြန်သည့်နှုန်းဖြင့် ခေါင်းကြီးကောင်လေးထံသို့ ဦးတည်ဝင်လာ၏။

လိုင်ဂျီ၏ကျောပေါ်တွင် ထိုင်နေသည့် ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ခြေတစ်လှမ်းဖြင့်ပင် သူက လိုင်ဂျီပေါ်ကနေ ခေါင်းကြီးကောင်လေးနားသို့ ရောက်သွား၏။ဝမ်လင်းက တိုးဝင်လာသည့်အနက်ရောင်အလင်းကို ကြည့်ပင်မကြည့်ဘဲ သူ့လက်ကို သည်အတိုင်း ဝေ့ယမ်းလိုက်သည်။

ကျယ်လောင်စွာ ပေါက်ကွဲသွားကာ အနက်ရောင်အလင်း ပျက်စီးသည်။သူက လှေပေါ်ရှိ အဘိုးအိုထံသို့ တည်ငြိမ်စွာ ကြည့်၍ ဖြည်းဖြည်းချင်း ပြောသည်။ “သင် ငါနဲ့ တိုက်ခိုက်ဝံ့လား…”

အဘိုးအိုက မျက်မှောင်ကြုတ်၍ နှာခေါင်းရှုံ့သည်။ “ဂျူနီယာ…ကြည့်ရတ မင်းက လင်းထျန်ဟူနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ငါ့ကို စိန်ခေါ်နေဝံ့တဲ့ပုံပဲ…”

ထို့နောက် အဘိုးအိုသည် လှေထံကနေ ထိုးထွက်လာကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ သူ့လက်ညွှန်မှုနှင့်အတူ သူ့နောက်၌ ဧရာမပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာ၏။

ထိုပုံရိပ်ယောင်မှာ ကျောက်ပြားတစ်ခုဖြစ်ကာ ရွှေရောင်ထုတ်လွှတ်နေ၏။

“ကောင်းကင်ဘုံကျောက်ပြားစိတ်ဝိညာဉ် ဖျက်စီးခြင်း…” အဘိုးအိုက ထိုသို့ အော်ဟစ်ချိန်၌ ပုံရိပ်ယောင်ကျောက်ပြားသည် ပျံသန်းထွက်လာသည်။၎င်းကျောက်ပြားက ဝမ်လင်းပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချလာတော့၏။

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သူက သူ့လက်ဖြင့် လက်သီးစုပ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်သီးချက် ပစ်သွင်း၏။ထိုလက်သီးချက်ထဲ၌ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်နှင့်ရှေးဟောင်းနတ်ဘုရားစွမ်းအား ပါဝင်သည်။သူ့လက်သီးချက်က အသံပေါက်ကွဲမှုများကို ဖြစ်စေကာ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ဟင်းလင်းပြင်အက်ကြောင်းများကို ပွင့်ဟသွားစေ၏။ထိုအရာက လက်သီးချက်၏ အစစ်အမှန်စွမ်းအား မဟုတ်သေးပါ။ဝမ်လင်း သူ့လက်သီးချက်ကို ထုတ်ဖော်ချိန်၌ ပေတစ်ထောင်လောက်ရှိသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ လက်သီးပုံရိပ်ယောင်တစ်ခုပါ ပေါ်ထွက်ပေသည်။

ထိုမြင်ကွင်းက အဘိုးအိုကို ကြီးစွာ တုန်လှုပ်စေ၏။

ရှေးဟောင်းနတ်ဘုရားလက်ပုံရိပ်ပေါ်လာသည်နှင့် ကြမ်းကြုတ်ဖိနှိပ်မှုအော်ရာပါ လာပါလာ၏။ထိုအော်ရာ၌ ကောင်းကင်ကိုဖိဆန့်သည့် မောက်မာမှု၊ပင်ကိုယ်လွှမ်းမိုးနိုင်မှုတို့ ပါဝင်နေ၏။

အရင်တုန်းက ဝမ်လင်းအဖို့ သူ့လက်သီးချက်တစ်ချက်မျှဖြင့် ရှေးဟောင်းနတ်ဘုရား၏လက်မောင်း အရိပ်ကို လွယ်ကူစွာ မဖြစ်ပေါ်နိုင်ပေ။သူ့စွမ်းအားအပြည့်သုံးမှသာ ထိုလက်မောင်းကို ပေါ်လာနိုင်အောင် လုပ်နိုင်စွမ်း ရှိခဲ့၏။

သို့ရာတွင် ခုချိန်၌မူ သူသည် ယခုလိုမျိုးလက်သီးချက်များကို သာမန်အတိုင်း ထုတ်လွှတ်နိုင်လေပြီ ဖြစ်သည်။

လက်သီးချက်တစ်ချက်ဖြင့်ပင် ကျောက်ပြားသည် ဝမ်လင်းနားသို့ ရောက်လာနိုင်စွမ်း ကင်းမဲ့ရ၏။လက်သီးချက်နှင့် ကျောက်ပြားပုံရိပ်ယောင်တို့သည် ထိပ်တိုက်တွေ့လေသည်။ထိုကျောက်ပြားက ထိတွေ့မှု ရှိသည်နှင့် မမျှော်လင့်စွာ ကြေမွသွားရလေ၏။၎င်းကျောက်ပြားသည် မရေမတွက်နိုင်သောအစိတ်အပိုင်းများအဖြစ်သို့ တစစီဖြစ်ကာ လွင့်စင်သွားသည်။

အဘိုးအိုသည် မင်သက်သွားသည်။သူ့အသွင်က သုန်မှုန်လာသည်။သို့ရာတွင် သည်အခိုက်၌ ဝမ်လင်း၏လက်သီးချက်ကလည်း နီးကပ်လာတော့၏။

အသံပေါက်ကွဲမှုများကိုပါ ကြားရ၏။ အဘိုးအိုက အေးစက်စက်နှာခေါင်းရှုံ့၍ သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ စာလုံးကိုးခု ထွက်ပေါ်သည်။၎င်းစာလုံးတို့က ဝမ်လင်းလက်သီးချက်ထံသို့ ထိုးထွက်သွားသည်။

၎င်းတို့ ဝမ်လင်းလက်သီးချက်နားသို့ ရောက်ချိန်၌ အဘိုးအိုက အေးစက်စွာ အော်ဟစ်၏။ “ပေါက်ကွဲစမ်း…”

ဘုန်း…ဘန်း…ဘုန်း…။

ကျယ်လောင်ပြင်းထန်သည့် ပေါက်ကွဲမှုများသည် ပဲ့တင်ထပ်၏။တုန်ခါလှိုင်းများ ပျံ့နှံ့ကုန်သည်။အနက်ရောင်လှေပင် နောက်သို့ ပြန်ကန်ရ၏။လိုင်ဂျီသည်လည်း ထို့အတူပင်။

အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူခုနစ်ယောက်သည်လည်း နောက်ဆုတ်ရ၏။ ဝမ်လင်းနှင့်အဘိုးအိုတို့ တိုက်ခိုက်နေချိန်၌ ခေါင်းကြီးကောင်လေးက ညစ်ပြုံးပြုံးကာ ထိုခုနစ်ယောက်နောက်သို့ လိုက်ပါတိုးဝင်၏။ခန္ဓာကိုယ်များ ပျက်စီး၍ သွေးများပန်းထွက်ကုန်တော့သည်။ သွေးစက်တစ်စက်က ခေါင်းကြီးကောင်လေး ပါးစပ်နားသို့ လွင့်စင်လာ၏။ သူက ၎င်းသွေးစက်ကို လျှာဖြင့် သပ်လိုက်သည်။

စာလုံးကိုးခု ပေါက်ကွဲချိန်၌ အဘိုးအို၏အသွင်က ပို၍ တုန်လှုပ်လာရသည်။သူက တုံ့ဆိုင်းခြင်းမရှိ နောက်ဆုတ်၏။

ထိုစာလုံးကိုးခု ပျက်စီးချိန်၌ ဝမ်လင်းသည် ပုံမှန်အတိုင်းပင်။သူက ထိုပေါက်ကွဲအားကို သူ့လက်သီးချက်တစ်ချက်ဖြင့်သာ ဖြေရှင်းနိုင်သည် မဟုတ်လား။

“ကြည့်ရတာ ငါ့မှာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူကို သတ်နိုင်တဲ့ စွမ်းအား တကယ် ရှိနေတဲ့ပုံပဲ…” ဝမ်လင်းသည် အဘိုးအိုထံသို့ ဖြည်းဖြည်းချင်း လှမ်းလာ၏။

အဘိုးအို၏မျက်နှာက ဖြူရောနေသည်။ခုချိန်ထိ သူက ဝမ်လင်း၏ အခုလို ခွန်အားကို မယုံကြည်နိုင် ဖြစ်နေသည်။အတိတ်တုန်းက သူသည် ဝမ်လင်းနှင့်လင်းထျန်ဟူတို့ တိုက်ပွဲကို တွေ့မြင်ခဲ့ချိန်၌ ဝမ်လင်းက သူ့ရတနာများကို မှီခို၍သာ လင်းထျန်ဟူကို ထိန်းထားနိုင်စွမ်း ရှိသည်ဟု ထင်ခဲ့မိသည်။

သို့ရာတွင် ခုချိန်၌ သူက ဝမ်လင်း၏ခန္ဓာကိုယ်မှ အားကောင်းသောအော်ရာကို ကောင်းကောင်းခံစားမိပေသည်။

အဘိုးအို၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖြတ်ပြေးသွားသည်။သူက အမြဲတမ်း ရက်စက်ကြမ်းကြုတ်သည့် သူမျိုးပင်။ သူ့သတ်ဖြတ်ချင်စိတ်က သူ့စိတ်နှလုံးထဲရှိ လောဘကနေ လာရောက်ခြင်းပင်။ သူက ဝမ်လင်းထံရှိ ဘီလူးနတ်ဆိုးကလန်ဝင်စီးတော်ယဉ် အပေါ် လောဘတက်မိရုံသာမက သူက ကောင်းကင်ဘုံလှိုဏ်ဂူသော့ကို ပို၍ပင် လိုချင်နေမိသေးသည်။

“ငါသာ သူ့ကို သတ်နိုင်ရင် ငါ ကောင်းကင်ဘုံလှိုဏ်ဂူသော့ ရမှာ။ဒါက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ခရီးစဉ်မှာ ငါ့အတွက် အတော့်ကို အကျိုးရှိစေလိမ့်မယ်…”

အဘိုးအိုက လျှာသပ်၏။ထို့နောက် သူ့လက်ကို သူ့ခန္ဓာကိုယ်ပေါ်သို့ အကြိမ်များစွာ ညွှန်သည်။

သူ လက်ညွှန်ချိန်တိုင်း သူ့ခန္ဓာကိုယ်သည် တုန်တုန်သွားသည်။သူ့လက်နှစ်ဖက်ကို ဆက်လက် ညွှန်နေရင်း သူ့ခန္ဓာကိုယ်သည် တုန်ယင်လာကာ သူ့ဟန်ပန်သည် ကြမ်းကြုတ်သည့်အသွင် ဖြစ်လာ၏။

ထို့နောက် အဘိုးအိုက သူ့လက်နှစ်ဖက်ကို ရှေ့သို့ ခပ်ကြမ်းကြမ်းညွှန်ရင်း အော်ပြော၏။ “ဝမ်လင်း…မင်း သိတတ်မယ်ဆိုရင် လှိုဏ်ဂူသော့နဲ့ ဒီဘီလူးနတ်ဆိုးကလန်ဝင်စီးတော်ယာဉ် ငါ့ကို ကမ်းပေးလိုက်။ ဒါဆို မင်းကို အသက်ရှင်ခွင့် ပြုမယ်…။မဟုတ်ရင်တော့…”

သူ့ခန္ဓာကိုယ်သည် ထူးဆန်းသောနည်းလမ်းဖြင့် စတင်လှုပ်ရှားလာ၏။ထိုအဘိုးအို၏ မူလအသားစိုင်ခပ်ဝဝ ခန္ဓာကိုယ်ကြီးသည် ပိန်သေးလာ၏။

သူ့ခန္ဓာကိုယ် ပိန်သေးလာမှုနှင့်အတူ ကြောက်မက်ဖွယ်အော်ရာသည် စတင် စုစည်းလာသည်။ထို့နောက် သူ့မျက်ခုံးနှစ်ခုကြားကနေ အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။

အဘိုးအို၏ခန္ဓာကိုယ်က ဆက်လက် ပိန်လာရင်း နောက်ဆုံး အရိုးနှင့်အသားသာ ကျန်တော့သည်။ခုချိန်၌ သူ့ပုံစံက အရိုးစုတစ်ခုနှင့်ပင် တူနေသည်။သူ့မျက်ခုံးကြားမှ ထွက်ပေါ်လာသော အလင်းသည် တောက်ပကာ ဝမ်လင်းထံသို့ တဟုန်ထိုး ထိုးထွက်လာသည်။

ထိုပြင်းထန်သည့်အလင်း ပျံ့နှံ့ချိန်၌ ဝမ်လင်း၏မျက်လုံးသည် အေးစက်လာသည်။သူက ထိုအလင်းကို မည်သည့်အရာမှန်း မသိသော်လည်း ၎င်းထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။

“ဒီနိဗ္ဗာနသန့်စင်ခြင်းအဆင့် မွန်းစတားအိုတွေက လျော့တွက်လို့ မရဘူးပဲ။ ဒီလူက နိဗ္ဗာနသန့်စင်ခြင်းအဆင့် အစောပိုင်း ဖြစ်နေပေမဲ့ ငါ့မှာသာ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ရှိမနေရင် ဒီတိုက်ပွဲက ငါ့အတွက် အတော်လေး ခက်ခဲလိမ့်မယ်။ သူ ထုတ်လွှတ်လိုက်တဲ့ အလင်းတန်းက တကယ့်ကို သာမန်မဟုတ်ဘူး…”

ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ တုန်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။လောက၏မူလစွမ်းအင်တို့သည် အရူအမူးစုစည်းကာ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာသည်။ သည့်နောက် ဝမ်လင်း၏ လက်ထဲ၌ အနီရောင်ဖျပ်ခနဲ လင်းလက်မှုနှင့်အတူ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ ထွက်ပေါ်လာသည်။

“သင်က ငါ ဒီလှံ ထုတ်သုံးရလောက်တဲ့ အဆင့်မီတယ်…” ဝမ်လင်းက ပုံရိပ်ယောင်လှံကို စုပ်ကိုင်ကာ ပစ်လွှတ်လိုက်လေ၏။ထိုလှံက အနီရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ သူ့ထံသို့ တိုးဝင်လာနေသည့် တောက်ပသောအလင်းတန်းထံသို့ ဦးတည်သွား၏။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံက ပျံသန်းသွားရင်း ၎င်း၏အော်ရာသည် လောက၌ ခြုံလွှမ်းပျံ့နှံ့လာသည်။

လှံနှင့်အလင်းတန်းတို့ ထိပ်တိုက်တွေ့၏။ ကျယ်လောင်စွာ ပေါက်ကွဲမှုများ ဖြစ်ကုန်သည်။ တောက်ပသောအလင်းက အားဖျော့သွား၏။ထို့နောက် အသက်ရှုစာအနည်းငယ်ကြာပြီးသည့်အခါ ၎င်းအလင်းသည် ပြိုပျက်သွားရသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံက အဘိုးအိုထံသို့ ဦးတည်ဝင်လာ၏။အဘိုးအိုသည် ထိုအဖြစ်ကို ပင့်သက်ရှိုက်ကာ မယုံကြည်နိုင် ဖြစ်ရသည်။သူက နောက်သို့ ဆုတ်လို၏။ သို့သော် သူ့အမြန်နှုန်းသည် လှံထက် နှေးနေ၏။ထိုလှံက သူ့ထံသို့ ထွင်းဖောက်လာခါနီးအခိုက်သို့ ရောက်ရှိလာသည်။

သည်အခိုက်အတန့်၌ အဘိုးအိုသည် သူ့သိုလှောင်အိတ်ထဲမှ သေးငယ်သောဒိုင်းတစ်ခုကို ထုတ်ယူ၏။သူက ထိုဒိုင်းကို သူ့ရှေ့သို့ ကာလိုက်ရာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံနှင့် ထိပ်တိုက်တွေ့စေသည်။

ထိုဒိုင်းငယ်က တုန်ခါ်လာကာ သူက နောက်သို့ လွင့်စင်သွား၏။ သို့သော် ထိုဒိုင်းပေါ်၌ မည်သည့်အက်ကြောင်းမှ မဖြစ်ပေါ်ပေ။

အဘိုးအိုက သွေးအန်ထုတ်လိုက်ရကာ ထိုဒိုင်းနှင့်အတူ သွေးလွတ်မြောက်ခြင်းကို အသုံးပြု၏။ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က သွေးလွတ်မြောက်ခြင်းကို အသုံးပြုသည့်အခါ သူ့အမြန်နှုန်းသည် အံ့မခန်း ဖြစ်လာတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset