Switch Mode

အပိုင်း(၁၀၂၆)

(b) ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ နောက်တစ်ကြိမ် ပွင့်လာခြင်း…(၁)

“ဒါက ဘာကြီးလဲ…” ရှေ့ဖြစ်ဟောသူ၏ စိတ်အင်အားဖြင့်ပင် သူသည် ထိုဧရာမလက်ကြီးကို ရင်ဆိုင်ရချိန်၌ သူ့တာအိုပင် ပျက်စီးလုနီးပါး ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။သူ့မျက်နှာထက်၌ မယုံကြည်နိုင်ဟန်တို့ ဖြစ်ပေါ်နေသည်။

သူက နောက်သို့ မြန်ဆန်စွာ ဆုတ်၏။

ခုလက်ရှိ၌ သူ့နှလုံးခုန်သံသည် မြန်ဆန်နေရသည်။ သူ့အသွင်က သုန်မှုန်နေ၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို အမြန် ဖြစ်စေကာ အော်ပြောလိုက်သည်။ “မြောက်ကြယ်စုရဲ့စွမ်းအား…”

ထိုသို့ပြောလိုက်ပြီးနောက် လောကသည် အရောင်ပြောင်းလဲကာ ကောင်းကင်ထက်မှ အလင်းတန်းများစွာ သက်ဆင်း၍ ခုနစ်ရောင်စုံသက်တံတစ်ခု ဖြစ်ပေါ်သည်။ထိုအလင်းသည် ချက်ခြင်းပင် နောက်ဆုတ်နေသော ရှေ့ဖြစ်ဟောသူကို လွှမ်းခြုံပေးသွား၏။

ရှေ့ဖြစ်ဟောသူ၏မျက်လုံးတို့က တလက်လက် ဖြစ်လာ၏။သူ့ညာလက်ဖြင့် ရှေ့သို့ ကြမ်းတမ်းစွာ ရိုက်ချသည်။

ခုနစ်ရောင်စုံအလင်းသည် အလွန်လှပသော ဝဲကတော့တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုဝဲကတော့အတွင်း၌ တောက်ပသော ကြယ်ခုနစ်လုံး ရှိနေသည်။

ထိုအရာက တောင်အရပ်ရှိ ကြယ်တစ်လုံးနှင့်မြောက်အရပ်ရှိ ကြယ်တစ်ုံး ရှေးဟောင်းချပ်ဝတ်တစ်ခု ဖြစ်သည်။တောင်အရပ်ကြယ်က သေခြင်းကို ကိုယ်စားပြု၍ မြောက်အရပ်ကြယ်က ရှင်သန်ခြင်းကို ကိုယ်စားပြုသည်။ခုချိန်၌ ရှေ့ဖြစ်ဟောသူ၏မန္တာန်ကြောင့် ဒဏ္ဌာရီလာချပ်ဝတ်တစ်ခု ထွက်ပေါ်လာချေပြီ။

ခုနစ်ရောင်စုံဝဲကတော့သည် ရှေ့ဖြစ်ဟောသူနှင့် ဧရာမလက်ကြီးတို့ကြား ရပ်တန့်နေ၏။သို့ရာတွင် ထိုဝဲကတော့က လက်ကြီးကို ပိတ်ဆို့ချိန်၌ ထိုလက်သည် ဝဲကတော့ကို ရိုးစင်းစွာပင် လစ်လျူရှု၍ ဖြတ်ကျော်လာသည်။

ရှေ့ဖြစ်ဟောသူ၏အသွင်က နောက်တစ်ဖန် ပြောင်းလဲသွား၏။သူက နောက်သို့ ဆက်၍ ဆုတ်ကာ အော်ပြောလိုက်ပြန်သည်။ “မြောက်အရပ်ကြယ်စု ပျက်စီးခြင်း…”

ခုနစ်ရောင်စုံဝဲကတော့ထဲမှ ကြယ်တစ်လုံးသည် ပျက်စီးသွား၏။တစ်ချိန်တည်းမှာပင် ကျန်သည့် ကြယ်ခြောက်လုံးကလည်း လိုက်ပါပျက်စီးကာ အံ့မခန်းတုန်ခါလှိုင်းကို ဖြစ်ပေါ်စေသည်။

သို့ရာတွင် ထိုဧရာမလက်ကြီးက တစ်စက်မျှ ရပ်တန့်သွားခြင်းမရှိဘဲ တုန်ခါလှိုင်းကို ထွင်းဖောက်ကာ ရှေ့ဖြစ်ဟောသူထံသို့ ရောက်ရှိလာ၏။

“ဒါ…ဒါက ဘယ်လိုဟာကြီးလဲ…” ရှေ့ဖြစ်ဟောသူ၏ မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်နေသည်။သူက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့သည့်သူ ဖြစ်သော်လည်း ယခုလို ထူးဆန်းသည့်အရာမျိုးကို လုံးဝ မတွေ့မြင်ဖူးခဲ့ပေ။အသက်ဝဝရှိုက်သွင်းပြီးနောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အော်ပြောလိုက်၏။ “ကောင်းကင်ဘုံ ကံကြမ္မာ…”

ကောင်းကင်ဘုံကံကြမ္မာသည် ရှေ့ဖြစ်ဟောသူ ကျင့်ကြံခြင်း၏ အဆီအနှစ် အမြုတေ ဖြစ်သည်။သူ့ကို ထိုမန္တာန်အသုံးပြုစေလောက်သည့် လူက ခပ်များများ မရှိပေ။သို့ရာတွင် ခုချိန်၌ သူက နှစ်ပေါင်းထောင်ချီ အသုံးမပြုခဲ့ရသော မန္တာန်ကို ချက်ခြင်း အသုံးပြုလာရသည်။

အကြောင်းမူကား သူသည် ခုချိန်၌ သေခြင်းရှင်ခြင်းအခြေအနေတစ်ခု ချဉ်းကပ်လာသည်ဟု ခံစားမိရသောကြောင့်ပင်။

ထိုအာရုံက ဧရာမလက်ကြီးထံက ပေးစွမ်းလာနေခြင်းပင်။

ရှေ့ဖြစ်ဟောသူက ခပ်တိုးတိုး ရေရွတ်ရင်း ကောင်းကင်ထက်သို့ လက်ညွှန်သည်။ ကောင်းကင်သည် တုန်ခါလာဟန်ရကာ တိမ်များအားလုံး ကင်းစင်သွား၏။

ရှေ့ဖြစ်ဟောသူ လက်ညွှန်လိုက်ရင်း လူတိုင်း တုန်လှုပ်စေမည့် မြင်ကွင်းတစ်ခု ကောင်းကင်ထက်၌ ပေါ်လာသည်။

ကီလိုမီတာသောင်းချီရှိသည့် စက်ဝန်းတစ်ခုက ကောင်းကင်ထက်၌ ပေါ်လာခြင်းပင်။အောက်မှ ကြည့်ပါက ၎င်းစက်ဝန်းသည် ဧရာမသံလိုက်အိမ်မြှောင်ကြီး တစ်ခုနှင့် တူ၏။

ထိုသံလိုက်အိမ်မြှောင်၌ မရေမတွက်နိုင်သော စာလုံးအဝန်းများ ရှိနေကာ လူတိုင်း၏ စိတ်ကို တုန်ယင်စေဖို့ လုံလောက်ပေသည်။

ထိုအရာက ကြီးမားလှ၏။ရှေ့ဖြစ်ဟောသူ၏မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာကာ သူက အလေးအနက် ဖြစ်နေသည်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ထက်သို့ ညွှန်၍ အော်ပြော၏။ “ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒ အသိအမှတ်ပြုခြင်း…”

သူ ထိုသို့ ပြောလိုက်သည့်နောက် ကျယ်လောင်သောပဲ့တင်မြည်သံ ကောင်းကင်အနှံ့ ပျံ့လွင့်၏။ထိုအသံသည် ဂြိုဟ်တစ်ခုလုံးကို ပျံ့နှံ့ခြင်းပင်။

ဧရာမသံလိုက်အိမ်မြှောင်ကြီးက ထိုအသံနှင့်အတူ စတင် လှည့်လည်၏။၎င်းက လှည့်လည်နေရင်း ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန်ဖြစ်စေမည့် အကန့်အသတ်မဲ့စွမ်းအားတစ်ခုကို ထုတ်လွှတ်ပေး၏။

ရှေ့ဖြစ်ဟောသူက နောက်သို့ ဆုတ်နေရင်း ထိုဧရာမသံလိုက်အိမ်မြှောင်ကြီး၏ ဗဟိုချက်သို့ ဦးတည်သွား၏။ဧရာမလက်ကြီးကလည်း သူ့ထံသို့ လှမ်းလာနေ၏။ သူက ဗဟိုချက်နားသို့ ရောက်လာသည့်အခါ သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်စေပြီး သူ့ရှေ့ဖြစ်ဉာဏ်ကို စတင်တော့၏။

သူက ရှေ့ဖြစ်ဉာဏ်ကို ပို၍ အသက်သွင်းလေလေ သူ့အသွင်က ပို၍ သုန်မှုန်လာလေ ဖြစ်သည်။

“ငါ ဒါကို မခုခံနိုင်ဘူး…” ရှေ့ဖြစ်ဟောသူက သူ့လက်နှစ်ဖက်ကို လှုပ်ရှား၏။သူ့နောက်ရှိ ဧရာမသံလိုက်အိမ်မြှောင်မှာ နောက်တစ်ဖန် လှည့်လည်၏။ ထိုသံလိုက်အိမ်မြှောင်ထံမှ တုန်ဟီးသံ ထွက်ပေါ်လာကာ ရှေ့ဖြစ်ဟောသူရှေ့၌ တိုးဝင်လာသည့် ဧရာမလက်ကို ရပ်တန့်ရန် သိပ်သည်းသောစွမ်းအားများကို ထုတ်လွှတ်ပေးသည်။

“ဒီ သံလိုက်အိမ်မြှောင်လှည့်ပတ်တာ လုံလောက်အောင် မမြန်သေးဘူး။ ဒီအဘိုးအိုက နှစ်ပေါင်းသောင်းနဲ့ချီ ကျင့်ကြံလာခဲ့တာ။ ငါက ဒီလက်ကို ချိုးဖျက်ဖို့နည်းလမ်းကို ကြိုမမြင်နိုင်ဘူးဆိုတာ မယုံနိုင်ဘူး..။ကောင်းကင်ဘုံကံကြမ္မာ…ချိပ်ပိတ်မှုခြောက်ခု ပွင့်ဟစေ…” ရှေ့ဖြစ်ဟောသူ ထိုသို့ ပြောလိုက်သည့်နောက် ထိုသံလိုက်အိမ်မြှောင်သည် ရုတ်တရက် အံ့မခန်းအဆင့်ထိ ပေါက်ကွဲထွက်လာ၏။

သင်သည် အကွာအဝေးတစ်ခုကနေ ထျန်ယွမ်ဂြိုဟ်ကို ကြည့်ပါက ထိုသံလိုက်အိမ်မြှောင်၏ တုနှိုင်းမဲ့အရွယ်အစားကြီးကို တွေ့မြင်ရပေမည်။ ထိုသံလိုက်အိမ်မြှောင်ထဲ၌ အဖြူနှင့်အနက်တို့သည် တဖျပ်ဖျပ် တလက်လက် ဖြစ်နေ၏။

ထိုသံလိုက်အိမ်မြှောင်နှင့် ယှဉ်ပါက ထျန်ယွမ်ဂြိုဟ်ပင် ဆယ်ပုံပုံတစ်ပုံ အရွယ်အစားသာ ရှိတော့၏။

ထိုသံလိုက်အိမ်မြှောင်က ချဲ့ထွင်နေရင်း ပို၍ မြည်ဟိန်း လှည့်ပတ်၏။ သူက ရှေ့ဖြစ်ဉာဏ်ကို ဆက်လက် ထုတ်ဖော်နေရင်း သူ့မျက်လုံးထဲ၌ စိုးရိမ်ပူပန်မှုတို့ပါ ဖြစ်ပေါ်လာသည်။သူ့မျက်လုံးသည် ချင်းချင်းနီနေ၏။

ဧရာမလက်ကြီးက ရှေ့ဖြစ်ဟောသူနှင့် နီးသထက်နီးလာ၏။ ၎င်းက သူနှင့် ပေသုံးရာအတွင်းသို့ ရောက်လာချိန်၌ ရှေ့ဖြစ်ဟောသူ၏ မျက်လုံသည် တောက်ပလာကာ သူ့လက်ဟန်လှုပ်ရှားမှုကလည်း ရပ်တန့်သွား၏။

“ငါ ဒီဖြစ်စဉ်တစ်ခုလုံးကို ကြိုမတွက်ချက်နိုင်ဘူး။ ဒါပေမဲ့ ငါ ဒါကို ခုခံနိုင်တဲ့ နည်းလမ်းတစ်ခု ရှာတွေ့နိုင်ခဲ့ပြီ…” ရှေ့ဖြစ်ဟောသူက သက်ပြင်းချ၏။ ချက်ခြင်းပင် သူ့ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။

ရှေ့ဖြစ်ဟောသူ၏ စိတ်ထဲ၌ မိုးကြိုးပစ်ချသည့်အလား ဟိန်းမြည်နေ၏။ သူ့ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူ့ထံမှ မရေမတွက်နိုင်သော ပုံရိပ်များ ထွက်ပေါ်နေသည်။ ထိုတစ္ဆေပုံရိပ်များသည် ရှေ့ဖြစ်ဟောသူနှင့် ချွတ်ဆွတ်တူ၏။ သိပ်မကြာခင်တွင် ကောင်းကင်ထက်၌ ရှေ့ဖြစ်ဟောသူများနှင့် ပြည့်နှက်လာလေသည်။

“ဒီအရာက မူလစွမ်းအင်ကို စုပ်ယူချင်နေမှတော့ စုပ်ယူခွင့် ပေးလိုက်မယ်…” မရေမတွက်နိုင်သော ရှေ့ဖြစ်ဟောသူပုံရိပ်များသည် ထိုဧရာမလက်ကြီးထံသို့ တိုးဝင်သွားကြ၏။

ရှေ့ဆုံးရှိ အနီရောင်ရှေ့ဖြစ်ဟောသူသည် ထိုလက်ကြီးနားသို့ ရောက်သွား၏။ထိုအခါ သူသည် ပျက်စီးသွားရ၏။ သူသည် ဧရမလက်ကြီး၏ လုံးဝ စုပ်ယူခြင်းကို ခံလိုက်ရပေသည်။

တုန်ဟီးသံများ ဆက်တိုက် ဖြစ်ပေါ်နေရင်း ရှေ့ဖြစ်ဟောသူပုံရိပ်များသည် ပျက်စီးနေပြီး တစ်ယောက်ပြီးတစ်ယောက် စုပ်ယူခံရ၏။ တစ်ဖက်မှာလည်း အစစ်အမှန် ရှေ့ဖြစ်ဟောသူ၏အသွင်သည် ပို၍ ဖြူရောလာနေ၏။သူ့မျက်လုံးထဲ၌လည်း ရှေ့ဖြစ်ဉာဏ်တို့ တဖျပ်ဖျပ်လင်းလက်သည့် လက္ခဏာ ဖြစ်ပေါ်နေသည်။

“ဒီအရာက ဘယ်လောက်များများ စုပ်ယူနိုင်မလဲ ငါ မြင်ချင်သေးတယ်…”

အသက်ရှုစာကြာချိန် ဆယ်ကြိမ်အတွင်း ရှေ့ဖြစ်ဟောသူပုံရိပ်အားလုံးနီးပါးသည် ပျက်စီးကာ စုပ်ယူခြင်း ခံရသည်။ ထိုဧရာမလက်ကြီးသည် ကျေနပ်သည့်ပုံ မပေါ်သေးပေ။၎င်းက အစစ်အမှန် ရှေ့ဖြစ်ဟောသူအနားသို့ ရောက်လာပြန်၏။

ရှေ့ဖြစ်ဟောသူ၏ မျက်လုံးထဲရှိ ရှေ့ဖြစ်ဉာဏ်အလင်းက ပို၍ အားကောင်းလာ၏။သူ့လက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ နောက်တစ်ဖန် ညွှန်၏။ ထိုအခါ နောက်ထပ် ပုံရိပ်တစ်ထောင်ကျော် ထွက်ပေါ်လာကာ ရှေ့သို့ တိုးဝင်သွားသည်။

ရှေ့ဖြစ်ဟောသူက ပုံရိပ်တစ်ထောင်ကျော်ကို လေးကြိမ်လေးခါ ဆင့်ခေါ်ကာ ဧရာမလက်ကြီး၏ လေးကြိမ်တိတ်တိ စုပ်ယူခြင်းခံရသည်။ထို့နောက် ဧရာမလက်ကြီးသည် တဖြည်းဖြည်း နောက်ပြန်ဆုတ်သွား၏။၎င်းက ရှေ့ဖြစ်ဟောသူကို ဆက်၍ အာရုံမစိုက်တော့ဘဲ ပျောက်ကွယ်သွားရန် ပြင်သည်။

ရှေ့ဖြစ်ဟောသူက ခဏတာ စောင့်ဆိုင်းနေ၏။ သူ့ပုံရိပ်များစွာသည် ဤဧရာမလက်ကြီး၏ စုပ်ယူခြင်းကို ခံရ၏။ထိုအရာက သူ့အတွက် လက်မခံနိုင်စရာပင်။

‘အသင် ဖြစ်စေခဲ့တဲ့ ဘယ်လိုမန္တာန်ပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ သင်ဟာ ငါ့ရှိက စုပ်ယူခဲ့တဲ့ မူလစွမ်းအင်တွေကို ပြန် ထွေးထုတ်ရမယ်…” ရှေ့ဖြစ်ဟောသူက ဖျပ်ခနဲ လှုပ်ရှားလာ၏။ ထိုဧရာမလက်ကြီး ပျောက်ကွယ်ခါနီးအခိုက် ရှေ့ဖြစ်ဟောသူက သုံးမြှောင့်ခရင်းတောင်ပေါ်သို့ ကြမ်းကြုတ်စွာ ဖိချလာသည်။

မြေကြီးထုသည် ပြင်းထန်စွာ တုန်ယင်၏။ တောင်ပေါ်မှ ကျောက်တုံးတန်ချီ လိမ့်ဆင်းကျလာသည်။

တောင်သည် တုန်ယင်လာကာ အက်ကြောင်းများ အနှံ့ ပေါ်လာ၏။

“ကောင်းကင်ကံကြမ္မာ အသွားသုံးချောင်းခက်ရင်း..” ရှေ့ဖြစ်ဟောသူသည် အော်ပြောလိုက်ရင်း တောင်သုံးလုံးသည် လုံးဝ ပျက်စီးသွား၏။ သဲမှုန်၊ကျောက်မှုများစွာ ပြိုဆင်း၍ ငွေရောင်အလင်းတစ်ခုစီသည် တောင်သုံးလုံး၏ ဗဟိုချက်ကနေ ထိုးထွက်လာသည်။

မြေပြင်တုန်ခါမှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာ၏။ ၎င်းက ဆက်လက် ပျံ့နှံ့လာသည့်အခါ ကျင့်ကြံသူများစွာသည် လေထဲသို့ ပျံတက်ရလေသည်။

ထိုအလင်းတန်းသုံးခု ပိုထွက်ပေါ်လာလေလေ တောင်များသည် ပို၍ ပျက်စီးလာ၏။ နောက်ဆုံးတွင် ရှေ့ဖြစ်ဟောသူက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ တောက်ပသော ငွေရောင်အလင်းများ မြေကြီးထဲကနေ မြင့်တက်လာ၏။

ထိုငွေရောင်အလင်းတန်း ဖျပ်ခနဲ ပျံတက်လာပြီးနောက် ပေတစ်ရာရှည်သည့် အသွားသုံးချောင်းခက်ရင်း တစ်လက် ပေါ်ထွက်လာ၏။၎င်းထံမှ ကြမ်းကြုတ်သောအော်ရာကို ပေးစွမ်းနေသည်။

ခက်ရင်းကို ချိန်ရွယ်ရင်း ရှေ့ဖြစ်ဟောသူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ထို့နောက် သူက ၎င်းခရင်းကို ကြမ်းကြုတ်စွာ ပစ်လွှတ်သည်။ ထိုခက်ရင်းသည် မြန်လွန်း၏။၎င်းက လေထုကို ခွင်းကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဧရာမလက်ကြီးထံသို့ ဦးတည်သွားသည်။

ဧရာမလက်ကြီးနားသို့ ခက်ရင်း နီးကပ်သွားချိန်၌ ငွေရောင်အလင်းတစ်ချက်လင်းလက်ကာ ၎င်းလက်ကို ထွင်းဖောက်သွားသည်။ဧရာမလက်ကြီးသည် တုန်ယင်၏။မူလစွမ်းအင်များစွာသည် ထိုအပေါက်ကနေ တရဟော ပြန်စိမ့်ထွက်လာကြသည်။

မူလစွမ်းအင်များ ထွက်ပေါ်လာသည့်အခိုက် ၎င်းစွမ်းအင်တို့သည် ရှေ့ဖြစ်ဟောသူအရိပ်များ အဖြစ်သို့ ပြောင်းလဲ၍ မြန်ဆန်စွာ ပျံသန်းလာကြ၏။၎င်းတို့က အစစ်အမှန်ရှေ့ဖြစ်ဟောသူနှင့် တစ်ဖန် ပြန်ပေါင်းစပ်သွားကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset