“လင်းထျန်ဟူက ငါ့ကို လျှို့ဝှက်ချက်တွေအများကြီး ပြောခဲ့တယ်။ငါ့ကို ကူညီပေးခြင်းနဲ့ သူနဲ့ငါ့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့တယ်။ ဒီအတွက် အကြောင်းပြချက်က ငါဟာ ဟင်္သာငှက်တသီတသန်းအဖွဲ့ဝင် ဖြစ်နေလို့ နေမယ်…”
ဝမ်လင်း၏ဟန်ပန်က တည်ငြိမ်နေ၏။သိုသော် သူက စိတ်ထဲ၌ ဖြည်းဖြည်းချင်း တွေးနေမိ၏။
လင်းထျန်ဟူ မျှော်စင်ထဲသို့ ဝင်ရောက်သွားပြီးနောက် တာလော့ဓားကလန်မှ တပည့်ပေါင်းထောင်ချီသည် ဝမ်လင်းကို ကြည့်နေကြ၏။ဝမ်လင်းက ထိုသို့သော အာရုံစိုက်ခံရခြင်းနှင့် အသားကျနေပြီ ဖြစ်သည်။သူ့နတ်ဘုရားအာရုံကို အရပ်မျက်နှာအနှံ့သို့ တည်ငြိမ်စွာ ဖြန့်ကျက်လိုက်သည်။
နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်၏ နတ်ဘုရားအာရုံသည် တာလော့ဓားကလန်မှ တပည့်များ ရင်ဆိုင်နိုင်သည့်အရာမျိုး မဟုတ်ပေ။ သူ့နတ်ဘုရားအာရုံကို သိမ်းကြုံးလွှမ်းခြုံလိုက်သည်နှင့် တာလော့ဓားကလန်မှ တပည့်များအားလုံး၏အမူအရာသည် ကြီးစွာပြောင်းလဲသွားကြသည်။ သူတို့အားလုံးက ဝမ်လင်းကို လေးစားစွာ ကြည့်လိုက်ကြ၏။
ဝမ်လင်းက တည်ငြိမ်စွာ ပြောသည်။ “ဒီအဘိုးအိုက ဘယ်နေရာမှာ နေရမာလဲ…”
မိန်းမလှကျင့်ကြံသူတစ်ယောက်က ရှေ့သို့ တိုးလာကာ ဝမ်လင်းနှင့် ပေတစ်ရာအကွာတွင် ရပ်၏။သူမက လေးစားစွာ ပြောသည်။ တပည့်ကျိုးရှု အကြီးအကဲ ကိုနှုတ်ဆက်ပါတယ်။ “အကြီးအကဲက ရုတ်တရက်ကြီး ရောက်လာတော့…များသောအားဖြင့် အကြီးအကဲတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နေရာထိုင်ခိုင်း ရှိကြပါတယ်…”
ကျိုးရှု၏အသံက အနည်းငယ် ထစ်နေ၏။
ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။ထို့နောက် သူက ကီလိုမီတာငါးထောင်အကွာရှိ မျှော်စင်တစ်ခုနားတွင် ပြန်ပေါ်လာသည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်လင်းက အထဲသို့ မဝင်သေးဘဲ မျှော်စင်အပြင်ဘက်တွင်သာ ထိုင်ချလိုက်သည်။
ထိုင်ချလိုက်ပြီးနောက် သူက လက်ဝေ့ယမ်းလိုက်ရာ အတားအဆီးများစွာ ပေါ်ထွက်လာသည်။
တာလော့ဓားကလန်မှ တပည့်များကမူ အသီးသီး ထွက်ခွာသွားကြ၏။ သူတို့က တစ်ချက်တစ်ချက် ဝမ်လင်းရှိနေသော နေရာသို့ လှမ်း၍ ကြည့်ကြသည်။
ဝမ်လင်းက ထိုနေရာတွင် ထိုင်နေရင်း သူ့အသွင်က သုန်မှုန်နေ၏။သူက အရာအားလုံးသည် ရှေ့ဖြစ်ဟောသူ၏အစီအစဉ် အစိတ်အပိုင်းများသာ ဖြစ်နေသည်ဟု ခံစားမိနေသည်။သူ့ခြေလှမ်းတိုင်းကို ရှေ့ဖြစ်ဟောသူက ကြိုမြင်နေသကဲ့သို့ပင်။
“ရှေ့ဖြစ်ဟောသူ…အတိတ်တုန်းက ငါက သင့်ကို မှားယွင်းမှုတစ်ခု ဖြစ်အောင် ပြုလုပ်နိုင်ခဲ့တယ်။ဒီနေ့လည်း ငါ သင့်ကို လုံးဝ မှားယွင်းအောင် လုပ်မယ်…”
ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ နေလုံးကဲ့သို့ အဆုံးစွန်ယန်ကို ထုတ်ယူ၏။ဝမ်လင်းက ၎င်းကို တိုက်ရိုက်ကိုင်ထားဝံ့ခြင်းမရှိဘဲ သူ့စွမ်းအားထုတ်၍သာ ကိုင်ထားရဲသည်။ ဝမ်လင်းက ၎င်းကို ဆက်လက်၍ ကိုင်ထားပါက သူ့လက်ဝါးထက်မှ အပူဓာတ်တစ်ခု ထွင်းဖောက်နေသည်ကို ရှင်းလင်းစွာ ခံစားမိနေ၏။
သူ့မူလစိတ်ဝိညာဉ်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားစေနိုင်ပေလိမ့်မည်။
သူ့ခန္ဓာကိုယ်သာ ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ် မဟုတ်ပါက သူသ် သူ့စွမ်းအားဖြင့်ပင် ၎င်းကို ကိုင်ထားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
“ငါ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် ပိုသန်မာလာရင် ငါ ဒါကို ဘာနာကျင်မှုမှ မရှိဘဲ ကိုင်ထားနိုင်လိမ့်မယ်…” ဝမ်လင်းက အသက်ဝဝရှုသွင်း၏။သူက လင်းထျန်ဟူ ထိုအဆုံးစွန်ယန်ကို တွေ့မြင်မည်ကို မစိုးရိမ်ပေ။ဤအဆုံးစွန်ယန်က သူ့ကံမ္မနှင်ရှေ့ဖြစ်ဟောသူတို့ကြောင့် ဖြစ်ပေါ်သည့် တစ်စုံတစ်ခုပင် ဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်ကသာ သည်အရာကို ခိုးယူပါက အခြေအနေကို ဖြေရှင်းနိုင်ပေမည်။
သို့ရာတွင် သည်အရာက အခြေအနေကို ဖြေရှင်းခြင်းသာ အများဆုံး ဖြစ်နိုင်၏။ချိုးဖျက်ခြင်း မဟုတ်ပေ။ ရှေ့ဖြစ်ဟောသူ၏အကြံအစည်ကို ချိုးဖျက်နိုင်ဖို့ သူက ရှေ့ဖြစ်ဟောသူ လုံးဝမမျှော့်လင့်ထားသည့်၊ သူ့ရှေ့ဖြစ်ဟောဉာဏ်ကိုပါ မှားယွင်းစေမည့် အရာတစ်ခုကို လုပ်ရပေမည်။
အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းက အံတင်းတင်းကြိတ်၏။ထို့နောက် သူက အဆုံးစွန်ယန်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်ချလိုက်သည်။သူက သူ့မျက်ခုံးနှစ်ခုကြားမှ နာကျင်မှုကို ခံစားမိ၏။ထို့အတူ အဆုံးစွန်ယန်သည်လည်း သူ့မျက်ခုံးနှစ်ခုကြားတွင် ပျောက်ကွယ်သွားသည်။
သို့ရာတွင် အံ့အခန်းအပူဓာတ်နှင့် မီးတောက်ပင်လယ်တစ်ခုသည် သူ့ခန္ဓာကိုယ်ထဲ၌ ပေါ်လာ၏။ ၎င်းအဖြစ်က သူ့ကို ဒယ်အိုးထဲ ထည့်ဖုတ်သကဲ့သို့မျိုး ဖြစ်စေ၏။
လင်းထျန်ဟူသည် တာလော့ဂြိုဟ်၏ မျှော်စင်ကြီးအတွင်းထဲ၌ ထိုင်နေ၏။သူ့မျက်လုံးထံမှ နတ်ဆိုးအလင်းကို ပေးစွမ်းနေသည်။သူ့မျက်ခုံးနှစ်ခုကြားမှ အက်ကြောင်းသည် နောက်တစ်ဖန် ပြန်ပွင့်လာ၏။
သူက ဝမ်လင်းရှိနေသော နေရာသို့ စူးစိုက်ကြည့်နေရင်း စဉ်းစားနေသည်။
“ဒါက အဆုံးစွန်ယန်ပဲ…” ရုတ်တရက် လင်းထျန်ဟူ၏မျက်လုံးက ကျဉ်းမြောင်းသွား၏။
“ရှေ့ဖြစ်ဟောသူ…မကောင်းတဲ့ကောင်..မင်းက ဒီအဆုံးစွန်ယန်နဲ့ ဘာများ ကြံစည်နေတာလဲ…။မင်းရဲ့ အဆုံးသပ် ပန်းတိုင်က ဘာလဲ…”
လင်းထျန်ဟူက သူ့ညာလက်ကို ပင့်မြှောက်၏။ သို့သော် အချိန်အတန်ကြာပြီးနောက် သူ့လက်ကို ပြန်အောက်ချသည်။သူက ခေါင်းယမ်း၍ ခပ်တိုးတိုး ရေရွတ်သည်။ “ရှေ့ဖြစ်ဟောသူ…မကောင်းတဲ့ကောင်…မင်းက ငါ့ကို ဒီအဆုံးစွန်ယန်ကို ယူဆောင်စေချင်တာလား…”
ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မီးတောက်ပင်လယ်သည် မွန်းစတားဆန်ကာ ဆက်လက်၍ လောင်ကျွမ်းနေသည်။ သူ့ခန္ဓာကိုယ်မှ အဖြူရောင်အခိုးငွေ့ ထွက်ပေါ်နေ၏။ သို့သော် ထူးဆန်းသည်က သူ့အဝတ်အစားများမှာ မီးလောင်ခြင်း မရှိနေခြင်းပင်။
ဝမ်လင်း၏ခန္ဓာကိုယ်တစ်ခုလုံးမှ ချွေးသီးချွေးပေါက်များ ကျဆင်းနေ၏။သူ့အဝတ်အစားများသည် ချွေးများဖြင့် ရွှဲနစ်နေသည်။
သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲလောင်ကျွမ်းသံများပင် ထွက်ပေါ်၏။ ထိုမီးတောက်များက အလွန်ကြမ်းလှ၏။အချိန်ခဏအတွင်းမှာပင် ၎င်းမီးတောက်တို့သည် ကြောက်မက်ဖွယ်အဆင့်ထိ ရောက်လာခဲ့သည်။
ဝမ်လင်းသည် နာကျင်မှုကြောင့် မျက်နှာ ရှုံ့တွနေရ၏။ သူ့အဖြစ်မှာ သေမျိုးတစ်ယောက်က လောင်ကျွမ်းနေသည့်မီးသွေးခဲကို မြိုချသကဲ့သို့ ဖြစ်နေ၏။ဝမ်လင်း၏ စိတ်မာမှုကြောင့်သာ မဟုတ်ပါက သူသည် နာကျင်မှုကြောင့် အော်ဟစ်မိပေမည်။
ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့်ပင် သည်အပူဓာတ်ကို အချိန်ကြာကြာတောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဆယ့်ငါးမီနစ် ကုန်ဆုံးသွားသည်။ ထိုဆယ့်ငါးမိနစ်က ဝမ်လင်းအတွက် နှစ်ပေါက်အောင် ကြာမြင့်သည့်အလား။ မီးတောက်များက ပို၍ သိပ်သည်းပြင်းထန်လာ၏။ဝမ်လင်း၏ ခန္ဓာကိုယ်သည် မတုန်ယင်ဘဲ မနေနိုင် ဖြစ်ရသည်။
ရုတ်တရက် သူက မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ အပြာရောင်မီးတောက်နှစ်ခု ရှိနေသည့်အလား။ မမြင်ရသော ထိုမီးတောက်နှစ်ခုက ပျံ့နှံ့နေရင်း သူ့ပတ်လည်ရှိ လေထုသည် အပူဓာတ်အောက်၌ အက်ကွဲလာ၏။
ထိုမီးတောက်များက ပို၍ ပြင်းထန်လာသည့်အခါ၌ ဝမ်လင်းသည် မအော်ဟစ်မိဘဲ မနေနိုင် ဖြစ်ရသည်။သူ့အော်သံသည် မိုးခြိမ်းသံအလား မြည်ဟိန်း၍ သည်ဧရိယာတွင် ပျံ့နှံ့သွားသည်။
သည်အခိုက်၌ ရှေ့ဖြစ်ဟောသူသည် ခရင်းသုံးခွနှင့်တူသည့် တောင်ပေါ်တွင် ထိုနေ၏။ သူ့မှိတ်ထားသည့် မျက်လုံးသည် အနည်းငယ် ပွင်ဟလာသည်။သူ့အကြည့်က အရာအားလုံးကို ဖြတ်ကျော်မြင်နိုင်စွမ်းရှိနေသည့်အလား။
သူ့အကြည့်က အကွာအဝေးတစ်ခုကို ထွင်းဖောက်ကာ ဝမ်လင်းရှိနေသော တာလော့ဂြိုဟ်ပေါ်ကို တွေ့မြင်နေပေသည်။
ရှေ့ဖြစ်ဟောသူ၏အသွင်က ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် သူက မျက်မှောင်အနည်းငယ် ကြုတ်နေ၏။ သူက ပုံမှန်အတိုင်း ပြောလိုက်သည်။ “ဒါက မင်း ဝါးမြိုနိုင်တဲ့ အရာ မဟုတ်ဘူး။ မင်း အသက်ရှုချိန်ခုနစ်ခါအတွင်း ပြန်ထွေးထုတ်ရလိမ့်မယ်…တစ်…နှစ်…”
ရှေ့ဖြစ်ဟောသူက ထိုသို့ ခပ်တိုးတိုး ရေရွတ်ရင်း သူ့မျက်လုံးတို့သည် သလင်းကဲ့သို့ ကြည်လင်နေသည်။
ဝမ်လင်း၏ခန္ဓာကိုယ်က နတ်ဆိုးအလင်းကို ပေးစွမ်းနေ၏။ထိုတောက်ပမှုက သူ့ခန္ဓာကိုယ်ထဲရှိ အပူဓာတ်မှ လာခြင်းပင်။ သိပ်မကြာခင်တွင် မီးတောက်များသည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသို့ ပျံ့နှံ့နေလေပြီ။
သည်အခိုက်၌ ရှေ့ဖြစ်ဟောသူ ရေတွက်သည်မှာ ငါး သို့ ရောက်လာ၏။
“ခြောက်…”
မီးတောက်ပင်လယ်သည် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲတော့မည်ဟန် ဖြစ်ပေါ်နေ၏။ သူ့ခန္ဓာကိုယ်မှ သွေးများစွာ ပန်းထွက်သည်။ဝမ်လင်းက သူ သည်အဆုံးစွန်ယန်ကို ထွေးထုတ်ခြင်းမပြုပါက သူသည် ပြာပုံဖြစ်သွားမည်ဟု ခံစားမိနေ၏။
“ခုနစ်…” ရှေ့ဖြစ်ဟောသူက နောက်ဆုံးအကြိမ် ရေတွက်၏။
ချက်ခြင်းပင် ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မီးတောက်များသည် လုံးဝ ပေါက်ကွဲထွက်လာသည်။ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်နေရာတိုင်းကနေ စုစည်းလာ၍ သူ့မူလစိတ်ဝိညာဉ်ထံသို့ တဟုန်ထိုး တိုးဝင်လာကြသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်း၏မူလစိတ်ဝိညာည်သည် တိမ်စိုင်များဖြင့် ဝန်းရံသွားကာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ဖြစ်ပေါ်လာသည်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပေါ်ထွက်လာသည့်အခိုက်၌ ဝုန်းဒိုင်းကြမ်းနေသည့် မီးတောက် ရောက်ရှိလာ၏။ သို့ရာတွင် ၎င်းမီးတောက်က ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို အန္တရာယ်မပြုနိုင်ခင်မှာပင် ပုတီးစေ့ထံမှ ထူးဆန်းသောစုပ်အားတစ်ခု ထွက်ပေါ်လာကာ ယင်းမီးတောကများကို စုပ်ယူပစ်လိုက်သည်။
ဝမ်လင်း၏မျက်လုံးက တောက်ပလာ၏။သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုသည် ပြန်ပျောက်ကွယ်သွားကာ မဖော်ပြနိုင်သည့်သက်တောင့်သက်သာ ဖြစ်မှု အစားထိုး ဝင်လာ၏။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က မီးတောက်အားလုံးကို စုပ်ယူပြီးသည့်နောက် နေအမှတ်အသားသည် တဖျပ်ဖျပ် စတင် ဖြစ်ပေါ်၏။၎င်း၏တောက်ပမှုကို ဝမ်လင်းကလွဲ၍ မည်သူမျှ ကြည့်နိုင်စွမ်း မရှိပေ။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့မှ အလင်းထွက်ပေါ်လာသည်နှင့် လင်းထျန်ဟူက အံ့အားသ့င်ကာ သူ့မျက်လုံးကို မှိတ်လိုက်၏။သူက မတ်တပ်ရပ်ရန်ပင် အချိန်မရဘဲ နောက်သို့ မြန်ဆန်စွာ ဆုတ်ရ၏။
ချက်ခြင်းပင် သူက ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မီးတောက်မှာ ပျောက်ကွယ်သွားသည်ကို တွေ့မြင်၏။ထို့နောက် သူက ရုတ်တရက် သူ့အပေါ်သို့ ကပ်ဘေးတစ်ခု ကျရောက်လာသည်ဟု ခံစားမိသည်။
သူက ရှေ့ဖြစ်ဟောသူနှင့် ရင်ဆိုင်ရချိန်တွင်ပင် ထိုသို့ ဘယ်တုန်းကမျှ မခံစားမိဘူး၊မတွေ့ကြုံဖူးပေ။ အတိတ်တုန်းက သူ တောက်ပသောလေဟာနယ်ကျင့်ကြံခြင်းကလန်သို့ သွားခဲ့ချိန်ကသာ ယခုလို ခံစားချက်မျိုးကို ရရှိခဲ့ဖူး၏။ ခုချိန်၌ နှစ်ပေါင်းထောင်သောင်းချီ ကြာမြင့်ပြီးနောက် သူက သည်လိုခံစားချက်မျိုးကို ထပ်ရရှိသည်။ သူက သူသာ နောက်မဆုတ်ပါက သူ့အသိဉာဏ်ပင် ဆုံးရှုံးသွားမလား မသိနိုင် ဖြစ်ရသည်။
“ဒါက ဘယ်လို အလင်းမျိုးလဲ…” လင်းထျန်ဟူ၏မျက်လုံးထဲ၌ အလွန်အမင်း ကြောက်လန့်မှုတို့ ဖြစ်ပေါ်နေသည်။သူက နောက်သို့ မြန်ဆန်စွာ ဆုတ်နေ၏။သူ့အသွင်သည် အကြီးအကျယ် ပြောင်းလဲနေသည်။ ကြောက်မက်ဖွယ်ကောင်းခြင်း။ သူ့ညာလက်ဖြင့် သူ့နှဖူးထက်ကို ပုတ်လိုက်ရာ သူ့မျက်ခုံးနှစ်ခုကြားမှ ဖျပ်ခနဲ လင်းလက်သွား၏။ရှေ့ဖြစ်ဟောသူနှင့် တိုက်ခိုက်စဉ်က အသုံးပြုသည့် ဓားအရိပ်သည် ချက်ခြင်း ထွက်ပေါ်လာသည်။
ထိုဓားအရိပ်ထွက်ပေါ်လာသည့်အခိုက်၌ မမြင်ရသောအလင်းသည် ပေါ်လာကာ ၎င်းဓားနှင့် ထိပ်တိုက်တွေ့၏။ အပြင်လူများသည် ထိုထိပ်တိုက်တွေ့မှုကနေ မည်သည့်အသံ၊မည်သို့ခံစားမှုမှ ရရှိလိမ့်မည် မဟုတ်ပါ။သို့သော် လင်းထျန်ဟူကမူ သွေးများစွာ အန်ထုတ်လိုက်ရ၏။ သူ့ခန္ဓာကိုယ်သည် နံရံနှင့် တိုက်မိကာ မျှော်စင်ထဲကနေ ပျံသန်းထွက်လာသည်။
ဓားအရိပ်သည် တုန်ယင်ကာ ပျက်စီးလုနီးပါး ဖြစ်၏။ ထို့နောက် ၎င်းက လင်းထျန်ဟူ၏ မျက်ခုံးနှစ်ခုကြားသို့ ပြန်ဝင်ရောက်သွားသည်။ လင်းထျန်ဟူ၏မျက်နှာက ပို၍ ဖြူရောသွားကာ သူက သွေးထပ်အန်ရပြန်သည်။အလွန်အမင်းကြောက်လန့်ခြင်း။ သူ့ဦးရေပြားပင် ထုံထိုင်းသွားသည်ဟု ခံစားမိ၏။ သူက မြေအောက်ထဲသို့ အတင်းတိုးဝင်ကာ တာလော့ဂြိုဟ်၏ အလယ်ဗဟိုသို့ ချက်ခြင်း သွားလေသည်။
လင်းထျန်ဟူက ထွက်ပြေးနေရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်များဖြစ်စေကာ သူ့ရှေ့ရှိ ချိပ်ပိတ်မှုများကို ဖွင့်ဟ၏။ သူ့စိတ်ထဲ၌ ကြောက်လန့်နေမှုသာ ရှိသည်။ သူ့ထံ၌ တာလော့ဂြိုဟ်၏အတွင်းဗဟိုချက်သို့ ဝင်နိုင်ဖို့ အတွေးတစ်ခုသာ ရှိနေသည်။
ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ ရှေ့ဖြစ်ဟောသူအဖို့မူ ပထမပိုင်း၌ သူက တည်ငြိမ်စွာသာ ရှိနေ၏။ သို့သော် သိပ်မကြာခင်တွင် သူ့အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။သည်လိုပြောင်းလဲမှုမျိုးက ရှေ့ဖြစ်ဟောသူအဖို့ အလွန် ဖြစ်တောင့်ဖြစ်ခဲပင်။
အပြင်လူတစ်ယောက်သာ ခုလက်ရှိ ရှေ့ဖြစ်ဟောသူ၏အမူအရာကို တွေ့မြင်ပါက မယုံကြည်နိုင် ဖြစ်ပေလိမ့်မည်။ ရှေ့ဖြစ်ဟောသူအဖို့ သူ့အရှေ့ ထိုင်တောင်ကြီး ပြိုကျလျှင်ပင် မျက်တောင်တချက် မခတ် တည်ငြိမ်စွာ ရှိမည့်လူမျိုး ဖြစ်သည်။ သူက အခုလိုအမူအရာမျိုး လုံးဝ မဖြစ်ခဲ့ဖူးပေ။
ထို့အပြင် သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုအရိပ်အယောင်လည်း ရှိနေသေး၏။
မဟာမိတ်အကြီးအကဲအဖွဲ့ဝင်၊ ထျန်ယွမ်ဂြိုဟ်၏အရှင်သခင် ဖြစ်သူ၊လောကကို ကြိုသိမြင်နိုင်စွမ်း ရှိသူ။အကြံအစည်က ပင်လယ်သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းသူ။ သူ့လိုလူမျိုးအဖို့ တုန်လှုပ်ရခြင်းသည် မဟာမိတ်အဖွဲ့အစည်းတစ်ခုလုံးကို တုန်ယင်သွားစေဖို့ လုံလောက်နေပေသည်။
ရှေ့ဖြစ်ဟောသူက ပင့်သက်ရှိုက်မိနေ၏။သူ့မျက်နှာထက်၌ မယုံကြည်နိုင်ဟန် ဖြစ်နေသည်။ သူ့လက်နှစ်ဖက်ကို လျှင်မြန်စွာ လှုပ်ရှား၏။ထို့နောက် ခုနစ်ရောင်စုံတိမ်တိုက်တစ်ခု ထွက်ပေါ်လာသည်။ထိုတိမ်တိုက်က တစ်ခုခုကို ခုခံလိုက်သည့်အလား ရှေ့သို့ ထိုးတက် ပျံသန်းသွားသည်။
သို့ရာတွင် ထိုခုနစ်ရောင်စုံတိမ်သည် ငါးပေလောက် ပျံသန်းသွားချိန်၌ မမြင်ရသောအားတစ်ခု ရောက်ရှိလာကာ ၎င်းတိမ်ထုသည် ပြိုပျက်သွားရသည်။
တိမ်ထု ပျက်စီးသွားသည့်နောက် လက်တစ်ဖက်သည် လေဟာနယ်ထဲမှ ထွက်ပေါ်လာကာ ရှေ့ဖြစ်ဟောသူကို ခပ်ကြမ်းကြမ်း ဖမ်းဆုပ်ပစ်ရန် တာဆူလာပေသည်။
***