Switch Mode

အပိုင်း(၁၀၁၉)

ကောင်းကင်ဘုံကံကြမ္မာကို ထွင်းဖောက်မည့် လက်ချောင်း

ဘိုင်ဝေ၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ထို့နောက် သူက ဝမ်လင်းကို ကြည့်၍ ခေါင်းညိတ်ပြသည်။ သူက ငြိမ်သက်သွား၏။ ဘိုင်ဝေသည် အသက်ခပ်ပြင်းပြင်း ရှိုက်သွင်း၍ သူ့ပတ်လည်ကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်သည်။နောက်ဆုံးတွင် သူ့အကြည့်က သူ့မွေးရပ်မြို့ကို တွေ့မြင်နေရသည့်အလား အရှေ့အရပ်သို့ မျက်လုံးမလွှဲတမ်း ရောက်နေသည်။

သည့်နောက် သူက မျက်လုံးမှိတ်လိုက်ရာ သိပ်သည်းထူထဲသော ယင်စွမ်းအင်များသည် တိုးပွာလာလေ၏။

ချက်ခြင်းပင် သည်နေရာရှိ ခြောက်သွေ့နေသော သစ်ပင်ပန်းမန်များသည် အမှုန်အမွှားအဖြစ်သို့ ရောက်ရှိကုန်လေ၏။

သူ့ခန္ဓာကိုယ်ကနေ ယင်စွမ်းအင် ထွက်ပေါ်လာနေကာ သူ့ဦးခေါင်းထက်၌ ဝဲကတော့ တစ်ခု ဖြစ်သည်။ထိုဝဲကတော့သည် ယင်စွမ်းအင်ကြောင့် ဖြစ်ပေါ်ခြင်းပင်။၎င်းဝဲကတော့ တဖြည်းဖြည်း လှည့်လည်ရင်း ကြီးမားလာသည်။

ယင်စွမ်းအင်သည် မည်ဟိန်းလာ၏။ဝမ်လင်းက ဘိုင်ဝေ့ကိုသာ တိတ်ဆိတ်စွာ ကြည့်နေ၏။

ဝဲကတော့သည် မြန်သထက်မြန်လာကာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။တောင်ကြားတစ်ခုလုံးသည် ရေခဲများဖြင့် ဖုံးအုပ်လို့လာသည်။

ဤအခိုက်အတန့်၌ တောင်ကြားထဲရှိ ယင်စွမ်းအင်သည် အားကောင်းသထက် အားကောင်းလာနေသည်။

ယင်စွမ်းအင်သည် ကောင်းကင်ထက်သို့ မြင့်တက်နေရင်း ထူးဆန်းလွန်းလှသည့်မြင်ကွင်း ဖြစ်ထွန်းလာသည်။

ယင်စွမ်းအင် ဖြတ်ကျော်သွားသည့်နေရာတိုင်း၌ မိုးစက်များအားလုံး အေးခဲကုန်၏။

ဝမ်လင်း၏မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာ၏။သည်ယင်စွမ်းအင်က အလွန်စွမ်းအားကောင်းနေသည်။ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့် သူက ခြေလှမ်းအနည်းငယ် နောက်မဆုတ်မိဘဲ မနေနိုင် ဖြစ်ရသည်။

ဝမ်လင်းရှေ့တွင် ထိုင်နေသည့် ဘိုင်ဝေ၏ဆံပင်များက လေမတိုက်ပါဘဲနှင့် ရွှေ့လျားနေ၏။သူ့ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်က အထွတ်အထိပ်သို့ ရောက်ရှိလာရင်း အပြာရင့်ရောင်ရေခဲလွှာတစ်ခုသည် သူ့ခန္ဓာကိုယ်ကို မြန်ဆန်စွာ ဖုံးအုပ်လာ၏။

မျက်စိတစ်မှိတ်အတွင်း ထိုအပြာရင့်ရောင်ရေခဲသည် သူ့အား လုံးဝ ဖုံးလွှမ်းသွားတော့သည်။ထို့နောက် ၎င်းရေခဲများက သူ့မျက်ခုံးနှစ်ခုကြား၌ သိပ်သည်းကာ ရေခဲဆူးများအဖြစ်သို့ ပြောင်းလဲ ဖြစ်ပေါ်သည်။

ဘိုင်ဝေ၏မျက်ခုံးနှစ်ခုကြား၌ ထူးဆန်းသောအမှတ်အသားတစ်ခု ပေါ်လာ၏။ထိုအမှတ်အသားသည် ဘိုင်ဝေ၏ခန္ဓာကိုယ်ထဲ၌ ယင်စွမ်းအင်လှုပ်ရှားရာကနေ ဖြစ်ပေါ်လာသည့် ဝမ်လင်း တွေ့မြင်ခဲ့ဖူးသော အမှတ်အသားနှင့် အတူတူပင်။

ဤအခိုက်၌ ထိုအမှတ်အသားထံကနေ တစ္ဆေအလင်းတစ်ခု ထုတ်လွှတ်လာသည်။၎င်းအလင်းက တလက်လက် ဖြစ်သွားချိန်တိုင်း ဘိုင်ဝေက နာကျင်ဟန် ဖြစ်ပေါ်နေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်အချို့သည် ထိုအမှတ်အသား၏ စုပ်ယူခြင်းကို ခံရသည်။

ထိုအလင်း လင်းလက်ချိန်တိုင်း ဘိုင်ဝေပတ်လည်ရှိ ရေခဲများသည် ပို၍ ထူထဲလာသည်။သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း ရေခဲနှင့် ပေါင်းစပ်လာကာ ရေခဲနှင့်သူသည် အစိတ်အပိုင်းလို ဖြစ်လာခဲ့သည်။

ထိုအမှတ်အသားက ပို၍ လင်းလက်လာလေလေ ယင်စွမ်းအင်က ပို၍ အစုပ်ယူခံရလေပင်။ သိပ်မကြာခင်တွင် ထိုအမှတ်အသားက ယင်စွမ်းအင်နောက်ဆုံးလက်ကျန်ကို စုပ်ယူသည်။

ဘိုင်ဝေ၏ခန္ဓာကိုယ်က တုန်ယင်သွား၏။သူ့လည်ပင်းကနေ အောက်ပိုင်းအထိ ရေခဲ ဖြစ်လာသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားက ခရမ်းနက်ရောင်သို့ ပြောင်းကာ ၎င်းအမှတ်အသားထဲရှိ ယင်စွမ်းအင်မှာ တုန်လှုပ်ဖွယ်ရာပင်။

အံ့မခန်းနာကျင်မှုကြောင့် ဘိုင်ဝေက ဟစ်အော်လိုက်ရ၏။ ထိုအော်သံထဲ၌ မကျေမနပ်မှု၊ ရှေ့ဖြစ်ဟောသူအပေါ် အမုန်းတရား၊ အကူအညီမဲ့မှုကြောင့် ဝမ်းနည်းခြင်းနှင့် သူ့ကံကြမ္မာအပေါ် ဆန့်ကျင်ရုန်းကန်ခြင်းတို့ ပြည့်နေ၏။

ထို့အပြင် ယင်းအော်သံထဲ၌ စိတ်သက်သာရာ ရသွားသည့်သဘောလည်း ပါဝင်ပေသည်။

ဝမ်လင်းသည်ပင် ထိုအော်သံ၏ သက်ရောက်မှုကို ခံလိုက်ရသည်ဟု ထင်ရသည်။ သူ့အသွင်က စိတ်ရှုပ်ထွေးဟန် ဖြစ်၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆက်ဆုတ်ရသည်။သူက ဘိုင်ဝေ၏အတွေးများကို နားလည်ပေ၏။ထိုအတွေးက ရှေ့ဖြစ်ဟောသူကို ပုန်ကန်ပစ်နေခြင်းပင်။

ဘိုင်ဝေ၏ ဟိန်းအော်သံက ကီလိုမီတာထောင်သောင်းချီထိ အရူးအမူး ပျံ့လွင့်သွားသည်။ သို့ရာတွင် ထိုဟိန်းသံက တောင်ကြားအပြင်ဘက်ရှိ သည်းထန်စွာရွာသွန်းနေသောမိုးသံ၊မိုးခြိမ်းသံတို့ကြား၌ နစ်ဝင်လို့သွားသည်။

“ရှေ့ဖြစ်ဟောသူ…ငါ့ဘဝကို ရင်းနှီးပြီး သင် တစ်ကြိမ်မှားရမယ်ဆိုတဲ့ အချက်နဲ့ လဲလှယ်ပစ်မယ်။ ငါ…ဘိုင်ဝေဟာ မြေအောက်ကမ္ဘာမှာ ဒီအဖြစ်ကို လှောင်ရယ်နေပစ်မယ်…”

ဘိုင်ဝေက ရူးသွပ်ဖွယ် ရယ်မောနေရင်း သူ့ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်အားလုံး ပါဝင်သည့် အမှတ်အသားသည် ထူးဆန်းစွာ ပြောင်းလဲလာသည်။ အဆုံးမဲ့ယင်စွမ်းအင်ျားသည် အလျင်အမြန် သိပ်သည်းကာ ဝဲကတော့တစ်ခုအဖြစ် လှည့်လည်သည်။ ၎င်းဝဲကတော့အတွင်းကနေ အသံများကျယ်လောင်စွာ မြည်ဟိန်းလို့နေ၏။

ချက်ခြင်းပင် အမှတ်အသားကြောင့် ဖြစ်ပေါ်လာသည့် ဝဲကတော့သည် အဆုံးစွန်ထိ ရောက်လာကာ ဝဲကတော့အတွင်းနက်ပိုင်း၌ ရွှေရောင်အလင်းတစ်ခု ပေါ်လာသည်။ထိုယင်စွမ်းအင်အားလုံးသည် ၎င်းရွှေရောင်အလင်းထံသို့ အရူးအမူး စုစည်းနေကြသည်။

ချက်ခြင်းပင် ယင်စွမ်းအင်အားလုံး ပျောက်ကွယ်သွားကာ တောက်ပလှသော ရွှေရောင်အစက်တစ်စက်သည် ဝမ်လင်းရှိရာသို့ လွင့်မြောလို့လာသည်။

ဘိုင်ဝေ၏ခန္ဓာကိုယ်က မလှုပ်မယှက် ဖြစ်နေ၏။ သူက သူ့အသက်ဓာတ်အားလုံးနီးပါးကို ဆုံးရှုံးသွားရကာ ကြမ်းကြုတ်သည့်ဟန်နှင့် ရေခဲရုပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုရေခဲရုပ်ထံမှ ကံကြမ္မာ၏ ထိန်းချုပ်မှုကို ညင်းဆန်ဖိဆန်လိုခြင်း အော်ရာတို့ကို ပေးစွမ်းနေသည်။

ရွှေရောင်အစက်သည် ဝမ်လင်းရှိိရာသို့ လွင့်မြောလာသည်။ ဝမ်လင်းက အားကောင်းသောအသက်ဓာတ်နှင့်အဆုံးစွန်အပူဓာတ်တို့ကို ထိုအစက်ထံကနေ ခံစားမိသည်။

“အဆုံးစွန်ယန်စွမ်းအင် အမျှင်တန်း…” ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုရွှေရောင်အစက်ထံသို့ လက်ဆန့်ထုတ်သည်။

ဤအခိုက်အတန့်၌ တောင်ကြားထဲရှိ ရေခဲအားလုံးသည် မြန်ဆန်စွာ အရည်ပျော်ကြကာ သိပ်မကြာခင်တွင် အားလုံး အရည်ပျော်ကုန်သည်။အစိမ်းရောင်မြက်ပင်များသည် ပြန်ပေါက်ဖွားလာကြ၏။ သိပ်မကြာခင်တွင် တောင်ကြီးသည် နွေဦးရာသီလို ပြန်ဖြစ်လာသည်။

တောင်ကြားအပြင်ဘက်၌ မိုးစက်များအားလုံးသည် ခဲနေရာကနေ အရည်ပျော်ကြ၏။ ယင်စွမ်းအင်ကြောင့် စောနက ပြောင်းလဲမှုအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ဝမ်လင်းလက်က အဆုံးစွန်ယန်ဓာတ်ကို ထိမိချိန်၌ အချိန်စေ့သွားခဲ့လေပြီ။

ကောင်းကင်ဘုံကံကြမ္မာကလန်အတွင်းရှိ တောင်တစ်လုံးသည် အတော်လေး ဆန်းလှ၏။၎င်းတောင်က ဧရာမသုံးမြှောင့်ခရင်းတစ်ကို မြေအောက်ထဲသို့ မြှုပ်နှံ့၍ မြေပြင်ထက်၌ ထိပ်ဖျားသုံးခုသာ ပေါ်နေသည့်ပုံမျိုးပင်။

ရောင်စုံစက်ဝန်းခုနစ်ခုသည် တောက်ပမှုကို ပေးစွမ်းနေသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် သည်တောင်ထိပ်၌ ပြည့်လျှံ့နေသည်။

ရှေ့ဖြစ်ဟောသူသည် အလယ်တောင်ထွပ်၌ ထိုင်နေ၏။သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူက အသက်ကြီးရင့်နေသေးသော်လည်း မည်သည့်အိုမင်းရင့်ရော်မှုမှ ရှိနေသည်ကို မတွေ့ရချေ။

အချိန်စေ့သွားသည့်အခိုက်၌ သူသည် မျက်လုံးဖွင့်လာ၏။ သူမျက်လုံးဖွင့်လိုက်သည့်အခိုက်၌ တိမ်ထုများသည် ဖြတ်သန်းရွှေ့လျားသွားကြ၏။ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ထိုတိမ်ထုများက မြန်ဆန်စွာ ပြောင်းလဲနေရင်း သူ့မျက်လုံးထဲ၌ နေနှင့်လသည် အပြန်ပြန်အလှန်လှန် ဖြစ်လို့နေသည်။သူက ကမ္ဘာမြေကို တည်ငြိမ်စွာ ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချသည်။

“လူတိုင်းက ရှင်သန်မှု၊ကမ္ဘာကုန်တည်တဲ့အထိ ရှင်သန်လိုမှု နောက်ကို လိုက်လံနေကြတယ်။ဒါပေမဲ့လည်း လူဘယ်လောက်များများက ဒီရှင်သန်မှုဟာ ရေတွက်လို့ရတဲ့ အချိန်အပိုင်းအခြား ရှိတယ်ဆိုတာကို သိနေကြမလဲ။ ဒီလောကဟာ အမြဲ တည်ရှိနေလိမ့်မယ်။ ဒါ့ကြောင့် ဘယ်သူကများ ဒီလောကနဲ့အတူ အပြိုင် အသက်ရှည်လိမ့်မယ်လို့ ပြောဝံ့ကြမလဲ…”

“ဒီလိုထာဝရ ရှင်သန်မှုနောက်ကို လိုက်လံတာက ပုံရိပ်ယောင်တစ်ခုပါပဲ။ ဒါဟာ ပုရွတ်ဆိတ်တစ်ကောင်ရဲ့ အမြင်သာသာပဲ။ငါ ရှေ့ဖြစ်ဟောသူဟာ လောကနဲ့ အပြိုင်ရှင်သန်ဖို့နောက်ကို မရှာဖွေ၊မလိုက်လံဘူး။ ငါဟာ ငါ့ကံကြမ္မာကိုယ်တိုင် ကောင်းကင်ဘုံရဲ့ ကံကြမ္မာ ဖြစ်လာဖို့ကိုပဲ လိုချင်တယ်။ ငါဟာ ကောင်းကင်ဘုံရဲ့ ဆန္ဒဟာ ငါ့ဆန္ဒ ဖြစ်လာဖို့ကိုပဲ လိုချင်တယ်။ ငါဟာ ငါ့တာအိုနဲ့ ကောင်းကင်ဘုံရဲ့ တာအိုတို့ ပေါင်းစည်းသွားဖိုပဲ လိုချင်တယ်…”

ရှေ့ဖြစ်ဟောသူ၏ အကြည့်က အကွာအဝေးတစ်ခုရှိ တစ္ဆေမျက်လုံးမြို့ရှိရာသို့ ကျရောက်သွား၏။ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာကာ သူက ခပ်တိုးတိုး ရေရွတ်သည်။ “ဝမ်လင်း…မင်းလုပ်ဝံ့တယ်လား…”

သူက ရွှေ့လျားခြင်း မပြုပေ။သူက သူ့ညာလက်ကိုသာ ပင့်မြှောက်၏။ သူ့လက်ညှိုးဖြင့် ရှေ့တည့်တည့်သို့ ညွှန်သည်။

ချက်ခြင်းပင် ထျန်ယွမ်ဂြိုဟ်၏ အပြင်ဘက်၌ မုန်တိုင်းတစ်ခု ဖြစ်တည်လာ၏။ လောကရှိ မူလစွမ်းအင်များသည် တဝုန်းဝုန်း စုစည်းကြသည်။

ကီလိုမီတာထောင်သောင်းချီအတွင်းရှိ မူလစွမ်းအင်အားလုံးသည် ဆင့်ခေါ်မှုတစ်ခုကို လက်ခံရရှိသကဲ့သို့ အရူးအမူး စုစည်းလာနေကြသည်။

ချက်ခြင်းလိုလိုပင် ဧရာမလက်ချောင်းတစ်ခုသည် ထျန်ယွမ်ဂြိုဟ်အပြင်ဘက်၌ ပေါ်လာ၏။ ထိုလက်ချောင်းသည် ပေတစ်သောင်းရှည်လျားကာ ဗျက်ပေတစ်ထောင် ရှိ၏။

အဆုံးမဲ့မူလစွမ်းအင်များသည် ထိုလက်ချောင်းရှိရာသို့ အံ့မခန်းအမြန်နှုန်းဖြင့် စုစည်းနေကြသည်။ ထိုအမြန်နှုန်းက စိတ်ကူးနိုင်သည်ထက် ပို၏။

ချက်ခြင်းလိုလိုပင် အနှီလက်ချောင်းကြီးသည် ဝေဝါးရာကနေ သိပ်သည်း၍ အထည်ဒြပ်ဖြစ်လုနီးပါး ပုံပေါ်လာသည်။လက်ချောင်းပေါ်ရှိ အမှတ်အသားများမှာ တောင်တန်း၊ချိုင့်ဝှမ်းများပင်။

၎င်းလက်ချောင်းက ထျန်ယွမ်ဂြိုဟ်ရှိရာသို့ ဖြည်းဖြည်းချင်း သက်ဆင်းလာချေသည်။

ထိုလက်ချောင်းက အလွန်ကြီးမား၏။သို့သော် ရှေးဟောင်းနတ်ဘုရားလက်ချောင်းတော့ မဟုတ်ပါ။၎င်းလက်ချောင်းက ရှေ့ဖြစ်ဟောသူမန္တာန်ဖြင့် ကိုယ်တိုင်ဖန်တီးထားခြင်းသာ ဖြစ်သည်။ထိုလက်ချောင်းက ကောင်းကင်ဘုံ၏ကံကြမ္မာကို ထွင်းဖောက်မည်လော ထင်မှားရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset