Switch Mode

အပိုင်း (၁၀၀၆)

အလောင်းကောင်ကလန်ရဲ့ အတွင်းစည်းတပည့်

လှိုင်းတွန့်များ ပျံ့နှံ့လာရင်း ဝမ်လင်းသည် တည်ငြိမ်စွာ လှမ်းထွက်လာသည်။ သူက အပြာရောင်ဝတ်စုံနှင့်လူငယ်ကို ကြည့်ပင်မကြည့်ပေ။ သူက လိုင်ဂျီ၏ဒဏ်ရာများနှင့်အချိန်မရွေးသေသွားနိုင်သည့် ခေါင်းကြီးကောင်လေးတို့ကိုသာ ကြည့်နေသည်။

သူက ခေါင်းကြီးကောင်လေး၏ နောက်ကျောရှိ အနက်ရောင်လက်ဝါးရာကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲ၌ အေးစက်မှုတို့ ဖြတ်ပြေးသွားသည်။

သူ့ညာလက်ကို ဆန့်ထုတ်လိုက်ကာ သူက ခေါင်းကြီးကောင်လေးကို လှမ်းဆွဲယူလိုက်သည်။ထို့နောက် သူ့ညာလက်ဝါးဖြင့် ခေါင်းကြီးကောင်လေးကို ပုတ်လိုက်ရာ မူလစွမ်းအင်များစွာသည် ခေါင်းကြီးကောင်လေး၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ခေါင်းကြီးကောင်လေး၏မျက်နှာသည် နီရဲလာ၏။သူက သွေးနက်များအန်ထုတ်လိုက်သည်။ထိုသွေးထံမှ ပြင်းထန်သောညှီနံ့တို့ကို ပေးစွမ်းနေသည်။

သည်အခိုက်အတန့်၌ အပြာရောင်ဝတ်စုံနှင့်လူငယ်သည် ချယ်ရီသီးများကို စားနေဆဲ ဖြစ်သည်။ သူက ချယ်ရီသီးတစ်လုံးကို စားလိုက်ပြီးနောက် သူသည် ဝမ်လင်းထံသို့ လက်ညွှန်က ပြောလိုက်၏။ “စွန်ကုံးဇီ…မင်းက ဒီဘီလူးနတ်ဆိုးကလန်ဝင်ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာ ကြပြီ ဖြစ်တဲ့အတွက် မင်းကျင့်ကြံမှုအဆင့်ကို အသုံးချပြရတော့မယ်။ငါ့ကို မလေးမစားလုပ်တဲ့ သူ့ကို သွားသတ်ချေ…”

လူငယ်ဘေးနားရှိ ဘီလူးနတ်ဆိုးကလန်ဝင်သည် လေးစားသည့်ဟန်ပန်ဖြင့် ပြန်ပြောသည်။ “အမိန့်နာခံလျက်ပါ…”

သူက ထိုသို့ ပြောလိုက်ပြီးနောက် ဝမ်လင်းကို သတ်ဖြတ်ခြင်စိတ်အပြည့်နှင့် ကြည့်သည်။သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်သီးစုပ်၏။

စွန်ကုံးဇီက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ သူ့ခြေထောက်အောက်၌ ပင်လယ်ပေါ်လာ၏။ ထိုပင်လယ်ကို စီးနင်း၍ ဘီလူးနတ်ဆိုးကလန်ဝင် စွန်ကုံးဇီက တိုးဝင်လာတော့သည်။

“ဂျူနီယာ…သေစမ်း…” သူ့ညာလက်ကို အောက်ချလာသည့်အခါ ပင်လယ်နဂါးတစ် အဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်းထံသို့ တိုးဝင်သွားချေသည်။

ပင်လယ်နဂါး တိုးဝင်လာသည်နှင့် ပင်လယ်ရနံ့ကို ပေးစွမ်းလေ၏။ဝမ်လင်းက သူ့ညာလက်ကို ခေါင်းကြီးကောင်လေး၏ ကျောပေါ်တွင်သာ တင်ထားဆဲပင်။သူက နောက်သို့ပင် ပြန်လှည့်မပြည့်ပေ။

ထိုလူကောင်ကြီးကြီး စွန်ကုံးဇီသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်သာ ရှိ၏။ဝမ်လင်းအတွက် သူ့ကိ သတ်ပစ်ဖို့က ခက်ခဲလှခြင်း မရှိပေ။

ဘီလူးနတ်ဆိုးကလန်ဝင်များ၏ ခန္ဓာကိုယ်က သန်မာသော်လည်း သူတို့သည် ရှေးဟောင်းနတ်ဘုရားများ၏ ခန္ဓာကိုယ်နှင့် ယှဉ်ပါက အများကြီး အားနည်းပေ၏။ဝမ်လင်းသည် သူ့ဘယ်လက်ကို လှုပ်ရမ်းလိုက်ရာ ပြင်းထန်သောအားတစ်ခု မြင့်တက်သွားချေသည်။

ထိုအားသည် မြင်ရခြင်းမရှိပေ။ သို့သော် ဝမ်လင်း သူ့လက်ကို ဝေ့ယမ်းလိုက်သည့်အခိုက်၌ သူနှင့်ထိုလူကောင်ကြီးကြီး ဘီလူးနတ်ဆိုးကလန်ဝင်တို့ကြားရှိ ဟင်းလင်းပြင်သည် အက်သံများ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းက ချယ်ရီသီးတစ်လုံးကို ကိုက်ရန် ပြင်နေသည့်လူငယ်ကို မျက်မှောင်ကြုတ်သွားစေ၏။

စွန်ကုံးဇီက သူ့မန္တာန်ဖြင့် ပင်လယ်နဂါးကို ဖြစ်စေကာ တဟုန်ထိုး တိုးဝင်လာနေရင်း သူသည် အံ့မခန်းအားတစ်ခုနှင့် တွေ့ဆုံသွား။ ပင်လယ်နဂါးသည် တုန်ယင်ကာ နာကျင်စွာ အော်ဟစ်လိုက်ရ၏။ ၎င်းက နောက်သို့ပင် ပြန်ကန် လွင့်စင်သွားသည်။

၎င်း၏ကိုယ်ပေါ်ရှိ ကြေးခွံများသည် ကွာကျကုန်ကာ ရေထဲသို့ လွင့်ပြယ်သွား၏။ ပင်လယ်နဂါးသည် နောက်သို့ လွင့်စင်ကာ ပျောက်ကွယ်သွားရလေသည်။

စွန်ကုံးဇီ၏ မျက်လုံးသူငယ်အိမ် ကျုံ့သွား၏။သူက ရှောင်လို၏။သို့သော် နောက်ကျသွားလေပြီ။ ပင်လယ်နဂါးနောက်သို့ လွင့်စင်လာချိန်၌ သူ့ရင်ဘက်သည် နစ်ဝင်သွားကာ သွေးများစွာ အန်ထုတ်လိုက်ရလေသည်။ ထို့နောက် သူက နောက်သို့ ခပ်မြန်မြန် ဆုတ်လေ၏။

သူ့ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲမှုများ ဖြစ်လာ၏။ ပေါက်ကွဲမှုတိုင်းက သူ့ခန္ဓာကိုယ်ကနေ သွေးများ ပန်းထွက်စေသည်။

သူ့ခန္ဓာကိုယ်သည် သွေးများဖြင့် ခြုံလွှမ်းသွားဖို့ အသက်ရှုချိန် ခုနစ်ကြိမ်မျှသာ ကြာ၏။ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုနှင့် ပြည့်သည်။ သူက ဝမ်လင်း၏ ဘယ်လက် သူ့ထံသို့ ဝေ့ယမ်းလိုက်သည်ကို တွေ့လိုက်သည့်အခါ၌ သူ အသိစိတ်ပင် လွတ်သွားမတတ် ဖြစ်ရလေသည်။

“လူငယ်သခင်…ငါ့ကို ကယ်ပါ…”

အပြာရောင်ဝတ်စုံနှင့်လူငယ်၏အသွင်က သုန်မှုန်လာ၏။ ထို့နောက် သူက မတ်တပ်ထရပ်ကာ ချယ်ရီသီးအခိုင်ကို ဆွဲယူ၏။သူက သူ့လက်ဖြင့် ညှစ်ခြေလိုက်ရာ ချယ်ရီသီးအားလုံး ပေါက်ကွဲထွက်သွားသည်။မရေမတွက်နိုင်သော ချယ်ရီသီးစေ့များသည် ဝမ်လင်းထံသို့ တဟုန်ထိုး ဝင်ရောက်လာတော့၏။

ပျံသန်းလာရင်း ချယ်ရီသီးစေ့များက အစိမ်းရောင်အရိုးခေါင်းများအဖြစ်သို့ ပြောင်းလဲသွား၏။ အနီရောင်အရည်များ ခြုံလွှမ်းနေရင်း ၎င်းအစိမ်းရောင်အရိုးခေါင်းများသည် စူးရှရှအသံများကို ပေးစွမ်းလေသည်။

သို့ရာတွင် အပြာရောင်ဝတ်စုံနှင့်လူငယ်က ခြေတစ်လှမ်း နောက်ကျသွား၏။ ဘီလူးနတ်ဆိုးကလန်ဝင် စွန်ကုံးဇီသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှာ ဆုံးရှုံးသွားသည့်အလား သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့သာ ရှိရင်း သူသည် ဝမ်လင်း၏ ဆွဲယူခြင်းကို ခံလိုက်ရလေ၏။

သူက ဝမ်လင်းနားသို့ ချက်ခြင်းလိုလို ရောက်ရှိသွားသည်။ဝမ်လင်းက သူဘယ်လက်ဖြင့် ထိုလူကောင်ကြီးကြီး စွန်ကုံးဇီကို ခပ်ပါးပါး ပုတ်လိုက်၏။ထိုအခါ သူ့ မူလစိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲကနေ တုန်လှုပ်စွာ ထွက်ပေါ်လာရလေသည်။

မူလစိတ်ဝိညာဉ် ထွက်ပေါ်လာသည်နှင့် ဝမ်လင်းက ၎င်းကို ဖမ်းယူ၏။ ဝမ်လင်း၏လက်ထဲ၌ ထိုမူလစိတ်ဝိညာဉ် မည်မျှ ရုန်းကန်ပါစေ မလွတ်မြောက်နိုင်တော့ချေ။ဝမ်လင်းက သူ့ခြေထောက်ကို ပင့်၍ ဘီလူးနတ်ဆိုးကလန်ဝင် စွန်ကုံးဇီ၏ခန္ဓာကိုယ်ကြီးကို ကန်ထုတ်ပစ်သည်။ ထိုခန္ဓာကိုယ်က အနီရောင်အရည်များ ခြုံလွှမ်းနေသည့် အစိမ်းရောင်အရိုးခေါင်းများနှင့် ထိပ်တိုက်တွေ့သည်။

ကောင်းကင်ပင် တုန်ခါစေလောက်အောက် ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ ထိုခန္ဓာကိုယ်ကြီးသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ်သို့ ပေါက်ကွဲထွက်သွားလေ၏။ သို့သော် အစိမ်းရောင်အရိုးခေါင်းများ၏ ထူးဆန်းသောစုပ်အားကြောင့် ၎င်းခန္ဓာကိုယ်အပိုင်းအစများသည် ပြန့်ကျဲသွားရမည့်အစား အရိုးခေါင်းများ၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။

၎င်းအခြင်းအရာက လျှပ်တပြတ်အတွင်း ဖြစ်ပွားသွားခြင်းပင်။ အစကနေ အဆုံးထိ ဝမ်လင်းက သူ့ညာလက်ကို ခေါင်းကြီးကောင်လေး၏ နောက်ကျောဘက်တွင်သာ တင်ထားခဲ့၏။ ခေါင်းကြီးကောင်လေး၏ ဦးခေါင်းထက်ကနေ အနက်ရောင်မြူများ ထွက်ပေါ်နေသည်။

ခေါင်းကြီးကောင်လေးပေါ်ရှိ သေဆုံးခြင်းအော်ရာသည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။

“သင်က ဘယ်သူများလဲ..မိတ်ဆွေ…” အပြာရောင်ဝတ်စုံနှင့်လူငယ်က ထိုအခြင်းအရာများကို တွေ့မြင်သည့်အခါ သူ့စိတ်သည် တုန်လှုပ်မိနေ၏။ သူက သာမန်ကျင့်ကြံသူတစ်ယောက်သည် နိဗ္ဗာနကြိုခြင်းအဆင့်အစောပိုင်းတစ်ယောက်ကို ခုလို လွယ်လင့်တကူ သတ်နိုင်မည် မဟုတ်မှန်း သိထား၏။အထူးဖြင့် ဘီလူးနတ်ဆိုးကလန်ဝင်၏ ခန္ဓာကိုယ်ကို ပိုင်စိုးထားသည့်သူ့ကိုပင်။

သို့ရာတွင် သူ့ရှေ့က လူသည် မည်သို့ပင်ကြည့်ကြည့ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိနေသေး၏။

ဝမ်လင်းသည် လူငယ်၏အမေးကို ပြန်မဖြေပေ။ သူက သူ့ညာလက်ကို ပင့်မြှောက်၍ ခေါင်းကြီးကောင်လေး၏ ကျောပေါ်သို့ နောက်တစ်ဖန် ဖိချသည်။ သည်တစ်ကြိမ်၌ တွန့်ကြေနေသော မြူများ ထွက်လာ၏။

ခေါင်းကြီးကောင်လေး၏ကျောပေါ်သို့ ဝမ်လင်းလက် ဖိချပြီးသည့်နောက် အနက်ရောင်လက်ဝါးရာသည် မမျှော်လင့်စွာ ရှေ့လျားလာသည်။ ထို့နောက် အနက်ရောင်စိတ်ဝိညာဉ်ငါးခုသည် လက်ဝါးအသွင် ဖြစ်ပေါ်၍ ဝမ်လင်းကို ဝါးမြိုဖို့ တာဆူသည်။

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။ သည့်နောက် စိတ်ဝိညာဉ်ငါးခု သေဆုံးသွားခြင်းနှင့်အတူ ထိတ်လန့်နာကျင်ဖွယ် အော်ဟစ်သံများကို ကြားလိုက်ရ၏။

အဆုံးမဲ့အနက်ရောင်အခိုးငွေ့များသည် ခေါင်းကြီးကောင်လေး၏ နောက်ကျောကနေ ထွက်လာ၏။ ခေါင်းကြီးကောင်လေးက သူ့သွေးများ ပြန်စီးဆင်းလာသည်အလား ခံစားမိသည်။သူ့ခန္ဓာကိုယ်သည် တုန်ခါရင်း သွေးနက်များကို အန်ထုတ်လိုက်တော့၏။ထိုသွေးနက်များသည် လွင့်ပြယ်ပျောက်ကွယ်သွားတော့သည်။

ခေါင်းကြီးကောင်လေးကို ကုသေပေးသည့်အချိန်၌ အသက်ရှုချိန် အချိန်အတော်အတန်သာ ကြာမြင့်၏။ ဝမ်လင်းက သူ့ညာလက်ကို ပြန်ရုတ်သိမ်းသည်။ထို့နောက် သူက အပြာရောင်ဝတ်စုံနှင့်လူငယ်ကို အေးစက်စွာကြည့်၍ ရှေ့သို့ တစ်လှမ်းတိုးသည်။

အပြာရောင်ဝတ်စုံနှင့်လူ၏အသွင်သည် အကြီးအကျယ် ပြောင်းလဲသွားသည်။သူ့အမိန့်ပေးခြင်းမရှိဘဲနှင့် သူစီးနင်းထားသည့် ဘီလူးနတ်ဆိုးကလန်ဝင်သည် နောက်သို့ မြန်ဆန်စွာ ဆုတ်သည်။ထိုသူ၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုနှင့် ပြည့်နေသည်။ သူက စောနက ဝမ်လင်းကို တိုက်ခိုက်ခဲ့သည့် သူ့အဖော်ထက် အနည်းငယ်သာသော်လည်း သူ့အနေဖြင့် ဝမ်လင်းကို မည်သည့်နည်းနှင့်မျှ မတိုက်ခိုက်နိုင်မှန်း သိနေသည် မဟုတ်လား။

သူက နောက်ဆုတ်နေရင်း အပြာရောင်ဝတ်စုံနှင့်လူငယ်၏အသွင်သည် သုန်မှုန်လာကာ သူက လှမ်းအော်၏။ “ငါက အလောင်းကောင်ကလန်ရဲ့ အတွင်းစည်းတပည့်ပဲ။ ဒါက နားလည်မှု လွဲတာလေးပါ။ မိတ်ဆွေက ဒီကိစ္စကို ဗွေမယူဖို့ ငါ မျှော်လင့်ပါတယ်…”

သူက ထိုသို့ ပြောလိုက်ရင်း သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ သူ့ခန္ဓာကိုယ်ကနေ အစိမ်းရောင်အခိုးငွေ့တစ်ခု ထွက်ပေါ်လာ၏။၎င်းက သူ့ညာလက်ထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွား၏။မျက်စိတစ်မှိတ်အတွင်း လူငယ်၏ညာလက်သည် အစိမ်းရောင်အလင်းနှင့် ဖုံးအုပ်သွားတော့သည်။

“အလောင်းကောင်ကလန်…” ဝမ်လင်း၏အသွင်သည် ပြောင်းလဲသွားသည်။

အပြာရောင်ဝတ်စုံနှင့်လူငယ်ထံမှ ရက်စက်လိုသည့်အကြည့် ထွက်ပေါ်လာသည်။ ဝမ်လင်းတုံ့ဆိုင်းသွားသည့်အခိုက်ကို အခွင့်ကောင်းယူကာ သူက သူ့လက်ကို တုံ့ဆိုင်းခြင်းမရှ ဝေ့ယမ်း၏။ထို့နောက် သူက အော်ပြောလိုက်သည်။ “တစ္ဆေယင်ငါးခု နတ်ဘုရားဘီး…”

အစိမ်းရောင်အလင်းတန်းငါးခု လူငယ်၏လက်ကနေ ထွက်လာကာ တစ္ဆေငါးကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့က ငြီးသံများပေး၍ အစိမ်းရောင်လက်ဝါးရာများကို ဝမ်လင်းထံသို့ ထုတ်လွှတ်လေသည်။

တစ္ဆေငါးကောင်သည် ကြမ်းကြုတ်သည့်ဟန် ပေါ်နေ၏။၎င်းတို့၏ အော်ရာက ပြင်းထန်ကာ ဝမ်လင်းနားသို့ ချက်ခြင်းနီးပါး ရောက်လာကြသည်။

ဝမ်လင်းက ပုံမှန်အတိုင်း သူ့လက်ကို ဝေ့ယမ်းလိုက်၏။ ပြင်းထန်သောလေပြင်းက လက်ဝါးရာထံသို့ ပျံသန်းဝင်သွားသည်။

လက်ဝါးရာသည် ပေါက်ကွဲထွက်သွား၏။တစ္ဆေငါးကောင်သည် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ ဝမ်လင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ လက်သီးတစ်လုံး ပစ်သွင်းသည်။

တုန်ဟီးသံ မြည်ဟိန်း၍ မုန်တိုင်းတစ်ခု ပျံ့နှံ့ ရိုက်ခတ်လာသည်။လူငယ်၏မျက်နှာက ဖြူရောသွား၏။သို့သော်သူက အသည်းအသန် ကြောက်လန့်မသွားပေ။သူက ဝမ်လင်းကို သေချာကြည့်၍ သူ့လက်နှစ်ဖက်ကို သူ့အောက်ရှိ ဘီလူးနတ်ဆိုးကလန်ဝင်၏ခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်သည်။

ထိုဧရာမခန္ဓာကိုယ်ကြီးသည် တုန်ယင်သွားသည်။သူက ခါးသီးသည့်ဟန် ရှိနေ၏။ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အထက်သို့ ညွှန်သည်။

“ဘီလူးနတ်ဆိုးကလန်ရဲ့ သွေးမျိုးဆက်စွမ်းရည်…”

သူက ထိုသို့ပြောလိုက်သည့်နောက် ဘီလူးနတ်ဆိုးကလန်ဝင်၏ခန္ဓာကိုယ်သည် တုန်ယင်လာကာ သူ့မျက်ခုံးနှစ်ခုကြား၌ အက်ကြောင်းတစ်ခု ပေါ်လာသည်။တစ္ဆေအလင်းတစ်ခုလည်း ထုတ်လွှတ်နေသည်။သို့သော် ၎င်းအလင်းက ဝမ်လင်းကို တိုက်ခိုက်ခြင်း မပြုပေ။ ထိုအစား အပြာရောင်ဝတ်စုံနှင့်လူငယ်ကို ခြုံလွှမ်းသွားသည်။သည့်နောက် လူငယ်၏နောက်၌ ဝဲကတော့တစ်ခု ပေါ်လာသည်။

ဝဲကတော့ထဲမှ မည်သည့်စုပ်အားမှ ထွက်ပေါ်မနေပေ။ သို့ရာတွင် ထိုလူငယ်က ဝဲကတော့ထဲသို့ ချက်ခြင်း ခုန်ဆင်းလိုက်၏။

“ဘီလူးနတ်ဆိုးကလန်ရဲ့ သွေးမျိုးဆက်စွမ်းရည်…” ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့၏။ ထို့နောက် သူ့ညာလက်သီးကို ဝေ့ယမ်းသည်။ပြင်းထန်သောမုန်တိုင်းတစ်ခု တုန်ဟိန်းလာကာ ဝဲကတော့ထဲရှိ လူငယ်ထံသို့ တိုးဝင်သွားသည်။

ဤအခိုက်၌ ဘီလူးနတ်ဆိုးကလန်ဝင်သည် အံတင်းတင်းကြိတ်သည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များသည် ပြောင်းပြန်လည်ပတ်လာသည်။ ထိုအဖြစ်က သူ့မူလစိတ်ဝိညာဉ်ကို ပို၍ မတည်မငြိမ် ဖြစ်လာစေကာ သူ့မူလစိတ်ဝိညာည်နှင့်ခန္ဓာကိုယ်တို့သည် ဟန်ချက်မညီ ဖြစ်လာသည်။ မူလစွမ်းအင်သည် သူ့မူလစိတ်ဝိညာဉ်ထဲသို့ တရကြမ်းတိုးဝင်၏။သူက နာကျင်မှုကိုတောင့်ခံကာ သူ့မူလစိတ်ဝိညာဉ်ကို ပေါက်ကွဲစေလိုက်သည်။

မူလစိတ်ဝိညာဉ်ပေါက်ကွဲမှုက ပြင်းထန်သောအဖျက်အစီးအားကို ဖြစ်စေကာ ချက်ခြင်းပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်သို့ သက်ရောက်သည်။ထို့နောက် သူ့ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲထွက်သွားတော့သည်။

ထိုပေါက်ကွဲအားသည် တဟုန်ထိုး ဝမ်လင်းထံသို့ တန်းမတ်စွာ တိုးဝင်လာသည်။

အဖျက်စီးအားက ဝမ်လင်းကို ဝါးမြိုလိုသည့်အလားပင်။ အဖျက်အစီးအား၏ နောက်ဘက်၌ ဖျော့တော့နေသော ဝဲကတော့တစ်ခုရှိကာ ထိုဝဲကတော့ထဲရှိ လူငယ်က နှာခေါင်းရှုံ့၏။

‘မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ငါ မင်းနာမည်ကို ရှာမယ်။ မင်း အလောင်းကောင်ကလန်ကို စော်ကားခဲ့တဲ့အတွက် သေရလိမ့်မယ်…” အပြာရောင်ဝတ်စုံနှင့်လူငယ်က ထိုသို့ သုန်မှုန်စွာ ပြော၍ သူ့ပုံရိပ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်နေလေသည်။

ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။ ထိုဘီလူးနတ်ဆိုးကလန်ဝင်၏ ခန္ဓာကိုယ်ပေါက်ကွဲမှုအားက သူ့ထံသို့ ရိုက်ခတ်လာချိန်တွင် သူသည် သိုလှောင်အိတ်ထဲမှ အသုံးမပြုတာ ကြာမြင့်ပြီ ဖြစ်သော နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို ထုတ်ယူလိုက်သည်။

၎င်းစစ်ရထားက ပေါက်ကွဲမှုနှင့်အတူ အလွန်လှပသည့် လိပ်ပြာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားချေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset