Switch Mode

အပိုင်း (၁၀၀၁)

သတ်ဖြတ်ခြင်းနယ်မြေ

ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်း၌ ကလန်နှစ်ခု၊ကျောင်းတော်လေးခုနှင့် နယ်မြေ ရှစ်ခု ရှိလေ၏။သတ်ဖြတ်ခြင်းနယ်မြေက သူတို့၏ အခြေခံအုတ်မြစ်ကို သူတို့ကိုယ်ပိုင်ကမ္ဘာအဖြစ် ဖန်တီးခဲ့ကြသည်။ လွန်ခဲ့သောမရေတွက်နိုင်သောနှစ်များက သတ်ဖြတ်ခြင်းနယ်မြေ၏ တည်ထောင်သူသည် အပျက်အစီးမိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ အက်ကြောင်းတစ်ခု ပြလုပ်ခဲ့၏။သူက ထိုအက်ကြောင်းထဲကနေ ကောင်းကင်သတ္တုများကို ယူဆောင်ကာ ကောင်းကင်ထက်မြင့်ဓား ကိုးဆယ်ကိုးလက်ကို ဖန်တီးခဲ့သည်။

ထိုဓား(၉၉)လက်သည် သတ်ဖြတ်ခြင်းနယ်မြေ၏ တုနှိုင်းမရှိ အဆောက်အဦများ ဖြစ်လာခဲ့ကြသည်။

မဟာမိတ်ကြယ်အဖွဲ့အစည်း၌ သတ်ဖြတ်ခြင်းနယ်မြေသည် ဖမ်းဆုပ်ရခက်လှ၏။ ၎င်းတို့က နှစ်သန်းပေါင်းများစွာအတွင်း ကျင့်ကြံခြင်းမဟာမိတ်အတွက် ကျွမ်းကျင်သူများကို မွေးထုတ်ပေးခဲ့ကြ၏။ နတ်လေးပါးကလန်နှင့် ပထမဆုံးတိုက်ပွဲ သို့မဟုတ် အလောင်းကောင်ကလန် နောက်ပိုင်းပြောင်းလဲမှုများ၌ သတ်ဖြတ်ခြင်းနယ်မြေ၏ အရိပ် ပါဝင်ခဲ့ပေသည်။

အဆင့်ခြောက်ကျင့်ကြံခြင်းနိုင်ငံ တော်တော်များများသည် ထိုသတ်ဖြတ်ခြင်းနယ်မြေ အကြောင်းကို မကြားဖူးခဲ့ကြသော်လည်း သူတို့က အဆင့်ခုနစ်နိုင်ငံသို့ ရောက်ရှိလာသည်အခါ သတ်ဖြတ်ခြင်းနယ်မြေကို ကောင်းစွာ သိရှိလာကြ၏။

သတ်ဖြတ်ခြင်းနယ်မြေကို မဟာမိတ်၏ ဓားသွားများဟု ဆိုနိုင်၏။ သတ်ဖြတ်ခြင်းနယ်မြေရှိ လူများက သူတို့၏ တဘဝလုံး သတ်ဖြတ်မှုဖြင့်သာ ကုန်ဆုံးခဲ့ကြသည်။

သတ်ဖြတ်ခြင်းနယ်မြေ၌ ပင်မကျင့်ကြံသူ (၉၉)ယောက် ရှိ၏။ထို(၉၉)ယောက်ထဲမှ တစ်ယောက်ယောက်သေသည်နှင့် ချက်ခြင်း ပြန်အစားထိုးသည်။ ထိုကျင့်ကြံသူ(၉၉)ယောက်အပြင် အပြင်တပည့်များစွာလည်း ရှိကြ၏။ ထိုအပြင်တပည့်များကိုမူ ၎င်းကျင့်ကြံသူ(၉၉)ယောက်က ဦးဆောင်သည်။

ထိုကျင့်ကြံသူ(၉၉)ယောက်အပြင် နယ်မြေသခင်နှင့်ဒုနယ်မြေသခင် တို့လည်း ရှိကြ၏။

သတ်ဖြတ်ခြင်းနယ်မြေကို ကလန်တစ်ခုကဲ့သို့ ပြော၍ ရနိုင်၏။ သို့သော သူတို့က ကျင့်ကြံခြင်းကလန်များစွာထက် ပို၍ အားကောင်းလှပေသည်။ မဟာမိတ်အဖွဲ့အစည်း၌ သတ်ဖြတ်ခြင်းနယ်မြေကို ရန်စ ဝံ့သူ များများစားစား မရှိချေ။

အချို့ အားကောင်းသော ကျင့်ကြံသူများပင် သတ်ဖြတ်ခြင်းနယ်မြေသို့ ရောက်လာသည့်အခါ ခေါင်းကိုက်သလို ခံစားမိ၏။ သည်နယ်မြေမှ ကျင့်ကြံသူများသည် ရက်စက်ရုံသာမက အပုန်းအကွယ်လည်း တော်လေသည်။ သူတို့၏ လုပ်ငန်းတာဝန် ရှံးနိမ့်သည်နှင့် သူတို့က ချက်ခြင်း နောက်ပြန်ဆုတ်ကာ သူတို့ကိုယ်သူတို့ သဲလွန်စ ဖျောက်ပစ်တက်ကြသည်။

သတ်ဖြတ်ခြင်းနယ်မြေ စတင် ဖြစ်ပေါ်လာခဲ့ကတည်းက သူတို့၏အခြေခံအုတ်မြစ်နယ်မြေတွင် မည်သူမျှ လာရောက်တိုက်ခိုက် သတ်ဖြတ်ခြင်း မရှိခဲ့သော။အကယ်၍ ရှိခဲ့လျှင်ပင် ဝမ်လင်းကဲ့သို့ ရှားရှားပါးပါး လောက်ကိုသာ ထည့်တွက်နိုင်ပေလိမ့်မည်။

သို့ရာတွင် ခုချိန်၌ ၎င်းအခြင်းအရာများအားလုံးသည် ချင်းရွှေ၏အေးစက်စက်အသံ ထွက်ပေါ်လာချိန်တွင် ပြောင်းလဲသွားရပေပြီ။

ဓားသွားကဲ့သို့ အဆောက်အဦများစွာသည် ပြိုပျက်ပျက်စီးကုန်၏။ မရေမတွက်နိုင်သော သံချိန်းကြိုးများသည် အောက်သို့ပြတ်ကျကာ မုန်တိုင်းတစ်ခုအသွင် ပြောင်း၍ သတ်ဖြတ်ခြင်းနယ်မြေကို ရိုက်ခတ်ကုန်သည်။

ဒေါသတကြီးအော်သံများ ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော အရိပ်များ ထွက်ပေါ်လာကြသည်။ထိုသူများမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ အသက်အရွယ်မျိုးစုံပင်။သူတို့၏ ကျင့်ကြံမှုအဆင့်များကလည်း ပုံရိပ်ယောင်ယင်ကနေ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ထိ အမျိုးမျိုးပင်။ အများစုကတော့ ယင်နှင့်ယန်ကျင့်ကြံသူများ ဖြစ်ကြကာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူများက အနည်းစု ဖြစ်သည်။

“ရှုမူ…မင်း ဒီပါချီပါချဲ့တွေအတွက် ငါ့ကို ကူညီပေးနိုင်မလား…” ခြေတစ်လှမ်းဖြင့်ပင် ချင်းရွှေက အနက်ရောင်ဝတ်စုံနှင် ကျင့်ကြံသူများကို ကျော်လွန်သွား၏။

ဝမ်လင်း၏ဉာဏ်ရည်ဖြင့် သူသည် ချင်းရွှေက သူ့ကို ကံကောင်းမှုကြီးတစ်ခု ပေးခဲ့သည်ကို နားလည်ပေသည်။ သည်နေရာတွင် ကျင့်ကြံသူများစွာ ရှိနေကြသော်လည်း သူ့တွင် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ရှိ၏။ထို့ကြောင့် ထိုသူများကို သတ်ပစ်ဖို့က သူ့အတွက် သိပ်မခက်ခဲလှတော့ပေ။

“စီနီယာအစ်ကို ငါ့တာဝန် ထားလိုက်ပါ…” ဝမ်လင်းက ထိုသို့ ပြောလိုက်ရင်း သူသည် ခြေတစ်လှမ်းလှမ်းကာ ရုတ်တရက် လက်သီးချက်တစ်လုံး ပစ်သွင်းလိုက်သည်။

ဝမ်လင်းရှေ့၌ အသံပေါက်ကွဲမှုများ ဖြစ်ကုန်၏။လေဟာနယ်သည် အက်ကွဲကာ အက်ကြောင်းများ ရှေ့သို့ ထိုးတက်သွားသည်။

ဝမ်လင်း၏ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်းများသည် စုံမှတ်တစ်ခုတည်းသို့ စုစည်း၍ တရကြမ်း ထိုးထွက်သွားသည်။ နိဗ္ဗာနကြိုမြင်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူ၏အသွင်ပင် ၎င်းလက်သီးချက်မုန်တိုင်းကို ရင်ဆိုင်ရချိန်၌ ပြောင်းလဲသွားရပေလိမ့်မည်။ အနည်းငယ် ရှောင်ဖို့ နောက်ကျသွားသည်နှင့် ၎င်းအဆင့်ကျင့်ကြံသူများပင် ချက်ခြင်း အသတ်ခံလိုက်ရနိုင်သည်။

ဝမ်လင်း၏ ရှေ့၌ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူများစွာ ရှိနေကြ၏။ သူတို့က ချဉ်းကပ်လာသည်နှင့် ဝမ်လင်း၏လက်သီးချက်ကြောင့် အမူအရာများ ပြောင်းလဲကုန်သည်။ သူတို့၏ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်၍ သွေးမျာ စိမ့်ထွက်လာသည်။ ဝမ်လင်းရှေ့ တည့်တည့်၌ ရှိနေသော ကျင့်ကြံသူအဖို့ ချက်ခြင်းပင် သူ့ခန္ဓာကိုယ်မှ ပျက်စီးသွားရ၏။သူက ဝမ်လင်း၏ လက်သီးချက်အားကို တောင့်မခံနိုင်သည်မှာ သိသာပေသည်။

ထိုအခါ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် တုန်လှုပ်ကြောက်ရွှံ့သွားကြ၏။ သူတို့က ထွက်ပြေးရန် ဟန်ပြင်ကြသည်။သို့သော် ဤအခိုက်မှာပင်ဆန်းကြယ်သောအားတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်လှောင်ပစ်ထား၏။ထို့ကြောင့် သူတို့သည် ထွက်မပြေးနိုင် ဖြစ်ရသည်။

ဘန်း…ဘန်း…ဘန်း…ဘန်း…။ ထိုကျင့်ကြံသူများအားလုံး၏ ခန္ဓာကိုယ်သည် ပျက်စီးကုန်၏။သူတို့၏မူလစိတ်ဝိညာဉ်များသည် ပျံသန်းထွက်လာကာ ဝမ်လင်း၏ ဖမ်းစီးခြင်းကို ခံရသည်။

ထိုအရာများအားလုံးက လျှပ်တပြတ်အတွင်း ဖြစ်သွားခြင်းပင်။ ပတ်ဝန်းကျင်ရှိ သတ်ဖြတ်ခြင်းနယ်မြေရှိ ကျင့်ကြံသူများသည် တုန်လှုပ်နေကြရသည်။

“ရှုမူ…”

“သူက အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံသား ရှုမူပဲ…” အချို့က ဝမ်လင်းကို သိရှိသွားကြ၏။

ဝမ်လင်း၏မျက်နှာက အေးစက်နေ၏။ သူ့ရှေ့၌ ကျင့်ကြံသူတစ်ရာဝန်းကျင် ရှိနေကြသည်။ သူတို့က လူများသော်လည်း မည်သူကမျှ ဝမ်လင်းကို မခြိမ်းခြောက်နိုင်ပေ။ အရင်အချိန်ကသာ ဖြစ်ပါက ဝမ်လင်းသည် ထိုများပြားသည့်ကျင့်ကြံသူများကို ရင်ဆိုင်နိုင်ဖို့ မဖြစ်နိုင်ပါ။ သို့ရာတွင် ခုချိန်၌ သူသည် ကြယ်ငါးလုံးတော်ဝင်ရှေးဟောင်းနတ်ဘုရား ဖြစ်လာခဲ့ပြီ မဟုတ်လော။

ဝမ်လင်းက ခြေတစ်လှမ်းလှမ်း၏။သူ့ ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာသည်။သူက ပျောက်ကွယ်သွားချေသည်။

“ဟင်းလင်းပြင်ကွေးညွတ်ခြင်း…” နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းကျင့်ကြံသူသည် မျက်လုံးပြူးသွားသည်။ သူ့မျက်လုံးထဲ၌ အံအားသင့်၊တုန်လှုပ်မှုတို့ ရှိကြ၏။ သူ့ဦးရေပြားပင် ထုံထိုင်းသွားသည်။သူက နောက်သို့ ချက်ခြင်း ဆုတ်၏။

“သူက လေဟာနယ်ကွေးညွတ်ခြင်းကို တကယ် ကျွမ်းကျင်နေတာပဲ။ ဒီသတ်ဖြတ်ခြင်းနယ်မြေမှာ လူဘယ်လောက်ရှိရှိ သူ့ကို ဒဏ်ရာရစေဖို့ တကယ် ခက်ခဲလွန်းနေပြီ…”

ဝမ်လင်းက ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူနားတွင် ပြန်ပေါ်လာ၏။ သူက ပြန်ပေါ်လာသည်နှင့် သူ့လက်သီးချက်ကို ရှေ့သို့ အနည်းငယ် တိုးထုတ်ကာ ထိုကျင့်ကြံသူ၏ ကျောဘက်သို့ ကျရောက်စေသည်။

ထိုလူမှာ ၎င်းလက်သီးချက်ကို ရှောင်ဖို့၊ထောက်လှမ်းမိနိုင်ဖို့ အရည်အချင်း မရှိပေ။သူ့ခန္ဓာကိုယ်က တုန်ယင်လာ၏။ ပြင်းထန်သောအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ့အရိုးများကို တစ်လက်မချင်း တစစီ ဖြစ်သွားစေသည်။ထို့နောက် သူ့ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွား၏။

ထိုလူ၏မူလစိတ်ဝိညာဉ်ကို ဖမ်းယူပြီးနောက် ဝမ်လင်း၏ပုံရိပ်က ပြန်ပျောက်ကွယ်သွားပြန်သည်။

နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်၏။ “အစီအရင်ပုံစံခင်း…” သို့ရာတွင် သူက အော်ပြောလိုက်သည့်အခိုက်မှာပင် သူ့အသွင်က ပြောင်းလဲသွား၏။သူက နောက်သို့ ရုတ်တရက် လှည့်ကာ သူပါးစပ်ထဲကနေ အနီရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်သည်။

ထိုအနီရောင်အလင်းတန်းထဲ၌ ဓားရှည်တစ်လက် ပါဝင်၏။၎င်းက တဝီဝီအသံပေးကာ ထိုးထွက်သွား၏။

“ဓားကောင်းပဲ…” အေးစက်စက်အသံ ထွက်ပေါ်လာ၏။ဝမ်လင်းသည် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ကျင့်ကြံသူ ရှေ့ရှိ လေဟာနယ်ထဲကနေ ထွက်ပေါ်လာသည်။ သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်ကာ ရှေးဟောင်းနတ်ဘုရားလက်သီး ကြီးထွားလာ၏။သူက ထိုဓားပျံကို လှမ်းဆုပ်ကိုင်ကာ နောက်သို့ ဆွဲယူလိုက်သည်။

နိဗ္ဗနာကြိုမြင်ခြင်းအလယ်အဆင့် ကျင့်ကြံသူထံမှ အွန်ခနဲအသံ ထွက်ပေါ်လာ၏။သူ့မျက်နှာက ဖြူရောလာသည်။ ထိုဓားက သူ့အသက်ကယ် ရတနာ ဖြစ်၏။ဝမ်လင်းက ၎င်းဓားနှင့်သူ့ကြားရှိ ဆက်နွှယ်မှုကို ဖြတ်တောက်လိုက်ခြင်းက သူ့ကို ဒဏ်ရာပြင်းထန်စွာ ရရှိသွားစေသည်။

“ငါ့အသက်ကယ်ရတနာကို လုယူဖို့ ဒီလောက်လွယ်နေတာလား…။ဒီလူရဲ့ ကျင့်ကြံမှုအဆင့် အမှန်က ဘာလဲ…” ထိုနိဗ္ဗာနအလယ်အဆင့်ကျင့်ကြံသူသည် သတ်ဖြတ်ခြင်းနယ်မြေ၌ပင် ကျော်ကြားသည့်သူတစ်ယောက် ဖြစ်၏။ သူ့အဆင့်အတန်းက သတ်ဖြတ်သူယုဖေထက်ပင် ပို၍ မြင့်မားသေးသည်။

သို့ရာတွင် အခုချိန်၌ သူက အမှန်တကယ်ပင် ကြောက်လန့်နေမိပေပြီ။

ချက်ခြင်းပင် သူက နောက်သို့ အလျင်အမြန်ဆုတ်ကာ သူ့သိုလှောင်အိတ်ကို ပုတ်၏။ ကျောက်စိမ်းပြားများစွာ ပျံသန်းထွက်လာကာ သူက အော်ပြောလိုက်၏။ “ပေါက်ကွဲစမ်း…”

ထိုကျောက်စိမ်းပြားများ ပေါက်ကွဲမှုက ပြင်းထန်သောဖိသိပ်အားကို ဖြစ်ပေါ်လာစေသည်။

ထိုအရာများအားလုံးက လျှပ်တပြတ်အတွင်း ဖြစ်သွားခြင်းပင်။ ထိုဓားကို ယူဆောင်ပြီးနောက် ဝမ်လင်းက ချက်ခြင်းတိုးဝင်လာခဲ့၏။ ကျောက်စိမ်းပြားပေါက်ကွဲမှုအားက သူ့အပေါ်သို့ သက်ရောက်မှု မရှိပေ။ ဝမ်လင်းက သူ့နားသို့ တိုးဝင်လာသည့်အခါ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ကျင့်ကြံသူသည် တုန်လှုပ်မိလေ၏။ ဝမ်လင်းက သူ့လက်ချောင်းများဖြင့် ဓားအသွင် ဖြစ်ပေါ်စေကာ ထိုကျင့်ကြံသူ၏မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်ချ၏။

ထိုအခါ ၎င်းကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ပျက်စီးသွားရလေသည်။သူ့မူလစိတ်ဝိညာဉ်သည်လည်း ဝမ်လင်း၏ အတင်းအကြပ် ယူဆောင်သွားခြင်းကို ခံလိုက်ရ၏။

ဝမ်လင်းက သူ့ကိုယ်ပိုင်ပြောင်းလဲမှုကို ခံစားမိနေ၏။ သည်နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့် ကျင့်ကြံသူက အားနည်းလှသူ မဟုတ်ပါ။ သို့သော် သူက အလွယ်တကူ ဖိနှိပ်သတ်ဖြတ်နိုင်ခဲ့ပေသည်။

ချင်းရွှေက ရယ်မောရင်း သတ်ဖြတ်ခြင်းနယ်မြေ၏ ဗဟိုရှိ မျှော်စင်အဆောက်အဦ ရှိရာသို့ တိုးဝင်လာ၏။

သူနီးကပ်လာသည့်အခါ မျှော်စင်ထဲ၌ ထိုင်နေသည့်အဘိုးအိုက မျက်လုံးဖွင့်လာ၏။သူ့အသွင်က သုန်မှုန်နေသည်။ သတ်ဖြတ်ခြင်းနယ်မြေ၏ ဒုနယ်မြေသခင်တစ်ယောက်အနေဖြင့်ပင် သူက မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရ၏။ ချက်ခြင်းပင် ထိုအဘိုးအို၏ခန္ဓာကိုယ်က နှစ်ကိုယ်ပွားသွား၏။ကိုယ်ပွားတစ်ယောက်က သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ လေဟာနယ်ထဲ၌ အက်ကြောင်းတစ်ခု ပေါ်လာသည်။

ထိုအက်ကြောင်း အစွန်းအဖျား ပတ်လည်၌ တဝီဝီအသံများ ထုတ်လွှတ်ပေးနေသော ဝဲကတော့ငယ်များစွာ ရှိနေသည်။

လေဟာနယ်အက်ကြောင်းကို ဖွင့်လှစ်ပြီးသည့်နောက် ကိုယ်ပွားနောက်တစ်ယောက်က ၎င်းထဲသို့ ခုန်ဆင်းသွား၏။ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်ရင်း အနက်ရောင်လေပြင်းအဖြစ် ပြောင်း၍ မျှော်စင်ထံကနေ ထိုးထွက်လာခဲ့သည်။

ထိုအနက်ရောင်လေက အလွန်မြန်၏။ သည့်နောက် ချင်းရွှေ၏ ရှေ့၌ ထိုအဘိုးအိုသည် ပေါ်ထွက်လာခဲ့သည်။ သူက လှမ်းအော်၏။ “အသင်…သင် ငါတို့ကို ဖိအားပေးတာ များနေပြီ…”

ချင်းရွှေ၏မျက်လုံးထဲ၌ အေးစက်မှုသာ ရှိ၏။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ချက်ခြင်း ဖြစ်ပေါ်စေကာ ဝေ့ယမ်းလိုက်လေ၏။ အနက်ရောင်နဂါးရှစ်ကောင်သည် ရုတ်တရက်ပေါ်ထွက်လာပြီး အဘိုးအိုထံသို့ တိုးဝင်သွားချေသည်။

တချိန်တည်းမှာ ချင်းရွှေ၏ခန္ဓာကိုယ်က ဖျပ်ခနဲဖြင့် မျှော်စင်နားသို့ ရောက်လာ၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူက သူ့လက်ကို တွန်းထုတ်ရင်း တည်ငြိမ်စွာ ဆိုသည်။ “ကောင်းကင်နဲ့မြေကြီး ရေခဲချိပ်ပိတ်ခြင်း…”

ချက်ခြင်းပင်ချင်းရွှေ၏ ကောင်းကင်ဘုံမူလက အသက်ဝင်လာကာ ပြင်းထန်သောအေးစိမ့်မှုတစ်ခုသည် သူ့ထံကနေ ပျံ့လွင့်လာ၏။ မရေမတွက်နိုင်သောမိုးစက်များလည်း ပေါ်လာကာ ချက်ခြင်းပင် ရေခဲသလင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုရေခဲသလင်းများထဲ၌ တစီစီအသံများ ထွက်ပေါ်ရင်း ပျက်စီးသွား၏။ထိုအခါ အပြာရောင်အလင်းတန်းတစ်ခု ထိုးထွက်လာသည်။အပြာရောင်အလင်းတန်းက သတ်ဖြတ်ခြင်းနယ်မြေတစ်လျှောက် ရိုက်ခတ်ခြုံလွှမ်းသွား၏။ ထိုအခါ သတ်ဖြတ်ခြင်းနယ်မြေတစ်ခုလုံးသည် အပြာရောင်သို့ပင် ပြောင်းသွားရသည်။ ၎င်းအလင်းတန်းက သတ်ဖြတ်ခြင်းနယ်မြေမှ ထွက်လမ်းအားလုံးကို ပိတ်ဆို့ပစ်လိုက်ခြင်းပင်။

ချင်းရွှေက အပြာရောင်အလင်းထဲကနေ လှမ်းထွက်လာသည်။ သူ့ညာလက်ကို ညွှန်လိုက်ရာ မျှော်စင်အဆောက်အဦသည် ပျက်စီးသွား၏။ ထိုမျှော်စင်အတွင်း၌ အက်ကြောင်းတစ်ခု ရှိနေကာ ၎င်းအက်ကြောင်းထဲ၌လည်း အနက်ရောင်ဝတ်စုံနှင့်အဘိုးအို ရှိနေသည်။

ထိုအဘိုးအို၏ခန္ဓာကိုယ်တစ်ဝက်က လေဟာနယ်ထဲသို့ ဝင်ရောက်နေလေပြီ။ သို့သော် ဤအခိုက်အတန့်၌ သူက အပြာရောင်အလင်းတန်းတို့ကို ဆန့်ကျင်၍ ရုန်းကန်နေရသည်။ သို့ရာတွင် သူက မည်သို့ရုန်းကန်ပါစေ ထိုအက်ကြောင်းထဲကို ဖြတ်၍ သွားနိုင်စွမ်း မရှိ ဖြစ်နေ၏။

ချင်းရွှေက ရှေ့တိုးလာပြီး သူ့ညာလက်ကို ဆန့်ထုတ်၏။သူက ချက်ခြင်းပင် အက်ကြောင်းထဲမှ အဘိုးအိုကို ဆွဲယူလိုက်သည်။

ချင်းရွှေက ထိုအဘိုးအိုကို လှမ်းဆွဲယူလိုက်သည့်အခိုက်၌ သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။သူက ချက်ခြင်း အထက်သို့ ခုန်တက်ကာ ထိုအဘိုးအိုကို သူ့ကျောဘက်သို့ ပို့၍ ကာလိုက်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset