“သတ်ဖြတ်သူ…” ချင်းရွှေက မာန်သွင်း၏။သူက အနီရောင်အလင်းခြုံလွှမ်းကာ တဟုန်ထိုး ထိုးထွက်သည်။ ဂျိနယ်ပယ်က သူ့ပတ်လည်၌ ဖွုံ့ဖြိုး၏။ သူ့လက်နှစ်ဖက်သည် မည်သည့်ချိပ်တံဆိပ်ကိုမျှ မထုတ်ဖော်သော်လည်း သူ့ပတ်လည်၌ မန္တာန်များ ရှိနေသည်။
သူ့ရှေ့၌ ခပ်ပါးပါးလိုင်းတစ်ခု ရှိ၏။ ထိုလိုင်းက သွေးလိုင်းကြောင်းနှင့် တူ၏။ ၎င်း ပေါ်လာသည်နှင့်နောက် သည်နေရာလွတ်လေဟာနယ်ပင် စုတ်ဖြဲခံရသလား ထင်မှားရသည်။ချင်းရွှေက ထိုးထွက်လာရင်း ထိုလိုင်းသည် နောက်ပြန်ဆုတ်သည့် လက်ထံသို့ တိုးဝင်သွား၏။
ဘုန်း…။
ချင်းရွှေက ထိုလက်နားသို့ ရောက်သွားချိန်၌ မြေကမ္ဘာအက်ကွဲသလား မှတ်ရသော ကျယ်လောင်သော အသံမြည်ဟိန်း၏။ သူက ထိုလက်မောင်းကို အရူးအမူး တိုက်ခိုက်လေ၏။ တုန်ဟိန်းသံများ အတောမသတ် ဖြစ်သည်။အနီရောင်လိုင်း တိုက်ခိုက်လိုက်တိုင်း ထိုလက်မှာ တုန်ယင်သွားရသည်။
ဝမ်လင်းက ထိုအဖြစ်ကို တွေ့မြင်သည့အခါ သူသည် ပင့်သက်ရှိုက်မိ၏။လမြွေနဂါး၏ အရိုးနားတွင် ထိုင်နေသာ ဝမ်လင်းသည် ရုတ်တရက် ထရပ်ကာ ရှေ့တည့်တည့်သို့ ဦးတည်၏။
“ငါ ဝမ်လင်းက ဒီလောကမှာ လျှောက်သွားနေရင်း လူကြီးလူကောင်း ဘယ်တော့မှ မဆန်ခဲ့ပေမဲ့ ငါဟာ ချင်းရွှေပေါ်မှာ ကျေးဇူးကြေွး ရှိတယ်။ ခုချိန် သူက စိုးရိမ်ပူပန်မှုနဲ့ ရူးသွပ်လုနီးပါး ဖြစ်နေချိန်မှာ ငါဟာ ထိုင်နေရုံထိုင်နေပြီး ဒီအဖြစ်ကို လစ်လျူမရှုနိုင်ဘူး…”
ချင်းရွှေမှာ မလွယ်ကူစွာ ဆက်လက် တိုက်ခိုက်နေ၏။ သည်မြင်ကွင်းက ရွှေရောင်နဂါး၏မျက်လုံး သူငယ်အိမ်ကိုပါ ကျုံ့သွားစေသည်။ရီမူဇီပင် ပင့်သက်ရှိုက်မိ၏။ နောက်ဆုံးတော့ သူသည် မိသားစုခေါင်းဆောင်မှာ ချင်းရွှေကို ရန်မစမိစေဖို့ ဘာကြောင့် ပြောခဲ့သည်ကို နားလည်သွားလေပြီ။
ဝူဒိုချန်ကလည်း ချင်းရွှေကို ကြည့်ကာ သူ့ဟန်ပန်က ပြောင်းလဲသွား၏။ ချင်းရွှေရှေ့ရှိ အနီရောင်လိုင်းက သူ့စိတ်ကိုပင် တုန်ယင်စေသည် မဟုတ်လား။
ချင်းရွှေ၏ ညာမျက်လုံးသည် ရုတ်တရက် အသွေးအသားနှင့်သွေးအဖြစ် ပေါက်ကွဲထွက်၏။ သူ့ဂျိနယ်ပယ်အားလုံး ထိုးထွက်လာကာ ထိုလက်ပေါ်သို့ ကျရောက်၏။
ဤအခိုက်၌ ယင်းလက်က တုန်ယင်သွားကာ ရွှမ်ပေါင်၏ မူလစိတ်ဝိညာဉ်ကို ချုပ်ကိုင်ထားခြင်း ပြေလျော့သွားရသည်။
ရွှေရောင်နဂါးက ထိုတိုက်ပွဲကို သေချာကြည့်နေ၏။ ၎င်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။၎င်း၏ ကြီးမားသည့်ခန္ဓာကိုဘ်က ရွှမ်ပေါင်ထံသို့ သွားကာ သူ့နဂါးအမြှီးဖြင့် ချင်းရွှေကို ရိုက်ချသည်။
လမြွေနဂါး၏အော်ရာနှင့် လက်လည်း ရှိနေသေးပြန်၏။၎င်းလက်က လက်ဖြန့်ကာ ချင်းရွှေထံသို့ အချိန်ကိုက် ဆန့်ထုတ်သည်။
ချင်းရွှေ၏ ညာမျက်လုံးက သွေးများဖြင့် ပေပွနေ၏။သူ့ဘယ်မျက်လုံးသည်လည်း ရူးသွပ်မှုတို့ဖြင့် နီရဲနေသည်။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ လက်ညွှန်၏။ချက်ခြင်းပင် ဒေါသပုန်ထသည့် အနက်ရောင်လေပြင်းသည် နဂါးရှစ်ကောင်ဟိန်းမြည်သံနှင့်အတူ သူ့ပတ်လည်၌ ပေါ်လာသည်။
ထိုနဂါးရှစ်ကောင်၏ စွမ်းအားသည် ကောင်းကင်ဘုံအင်ပါယာပေဖန်၏ လေဆင့်ခေါ်ခြင်းမန္တာန်ဖြင့် နဂါးနက်ကိုးကောင်ကို ဆင့်ခေါ်သည့်စွမ်းအားကို ဒုတိယလိုက်၏။ ထိုနဂါးရှစ်ကောင်၏ စွမ်းအားသည် အစောပိုင်းနဂါးခုနစ်ကောင်ထက် အဆများစွာ ပို၍ ပြင်းထန်သည်။
လေဆင့်ခေါ်ခြင်းမန္တာန်ဖြင့် ဆင့်ခေါ်သည် အနက်ရောင်နဂါးရှစ်ကောင်သည် ဟိန်းသံပြုကာ ရွှမ်ပေါင်၏ မူလစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက် တိုးဝင်၏။၎င်းနဂါးများက မူလစိတ်ဝိညာဉ်ကို ဖျက်စီးရန် မဟုတ်ပေ။ သို့သော် ရိုက်ခတ်မှုဖြင့်ပင် ရွှမ်ပေါင်၏ မူလစိတ်ဝိညာဉ်ကို ပျက်စီးလုနီးပါး ဖြစ်သွားစေသည်။ နဂါးရှစ်ကောင်က ၎င်းမူလစိတ်ဝိညာဉ်ကို ရစ်ခွေကာ ချိပ်ပိတ်လိုက်၏။ ရွှမ်ပေါင်၏မူလစိတ်ဝိညာဉ်သည် မေ့မြောသည့်အခြေအနေထိ ရောက်ရှိသွားလေသည်။ ထို့နောက် ၎င်းနဂါးများက ယင်းမူလစိတ်ဝိညာဉ်ကို ဝဲကတော့ ဝင်ပေါက်ရှိရာသို့ ပစ်လွှတ်လိုက်၏။
ရွှမ်ပေါင်၏မူလစိတ်ဝိညာဉ် ဝင်ပေါက်သို့ ရောက်ရှိလာချင်းချင်း ဝမ်လင်းကလည်း ဝဲကတော့ထဲသို့ ဝင်လာ၏။ သူက ချက်ခြင်းပင် ထိုမူလစိတ်ဝိညာဉ်ကို ဖမ်းယူကာ အမြန်ဆုံး နောက်ပြန်ဆုတ်၏။
ထိုအရာများအားလုံးက ချောမွေ့မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ချင်းရွှေ၏မန္တာန်နှင့် ဝမ်လင်း၏ ရောက်ရှိလာမှုက လုံးဝ ချိန်သားကိုက် ပေါင်းစပ်မိသွားခြင်းပင်။
သူပြန်လှည့်မထွက်ခင်လေး ဝမ်လင်းသည် ချင်းရွှေ၏ ဘယ်မျက်လုံးထဲရှိ ရူးသွပ်မှုအတွင်း ယုံကြည်မှုအရိပ်အမြွက်ကိုလည်း တွေ့မြင်လိုက်သေး၏။
“စီနီယာအစ်ကိုချင်းရွှေ…ငါအကောင်းဆုံး လုပ်ဆောင်မှာပါ…” ဝမ်လင်းက ဝဲကတော့ထဲသို့ တိုးဝင်နေ၏။ သူက ရွှမ်ပေါင်၏မူလစိတ်ဝိညာဉ်ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သွင်းပြီးနောက် နောက်လှည့်၏။ သူ့တတိယမျက်လုံးကိုလည်း တုံ့နှေးခြင်းမရှိ ဖွင့်လှစ်၏။အနီရောင်အလင်းသည် ယပ်တောင်သဖွယ် ပြန့်ကား၍ ဝဲကတော့ကို ပိတ်လှောင်သည်။ မူလစွမ်းအင်ရင်းမြစ်အမျှင်တန်းသည် ထပ်မံ ထွက်ပေါ်လာသည်ဟု ဆိုရမည်။
ရွှေရောင်နဂါးက ဟိန်းဟောက်၍ ချက်ခြင်း ဦးတည်ချက် ပြောင်းသည်။၎င်းက ဝဲကတော့နားသို့ ချက်ခြင်း ရောက်ရှိကာ အထဲသို့ ဝင်ရောက်၏။
၎င်း ဝင်ရောက်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းသည် တတိယမျက်လုံးမှ ထွက်ပေါ်လာသည့် အနီရောင်အလင်းနှင့် ထိပ်တိုက်တွေ့သည်။၎င်းက မင်သက်သွား၏။ ထိုအနီရောင်အလင်းထဲ၌ သူ့ကိုပင် တုန်လှုပ်စေသည့် စွမ်းအားအရိပ်အမြွက် ရှိနေသည် မဟုတ်လား။ သို့သော် ထိုအနီရောင်အလင်းတန်းက ၎င်းနဂါးကို ချိန်းခြောက်စေဖို့အတွက် အားနည်းလွန်းသေးသည်။
မည်သို့ပင်ဖြစ်စေ နဂါး၏ ကြီးမားသည့်ခန္ဓာကိုယ်မှာ အလိုလို တုံ့ဆိုင်းသွားမိ၏။
ဝမ်လင်းက ဧရာမနဂါး၏ ဦးခေါင်းကို တွေ့မြင်ရသည့်အခိုက် သူသည်တုန်လှုပ်ရပေသည်။ နဂါး၏ဖိအားနီးကပ်လာမှုက သူ့ကို ပင့်သက်ရှိုက်မိစေသည်။ ထိုနဂါးက ခဏတာ တုံ့ဆိုင်းသွားသည်က တော်သေး၏။ဝမ်လင်းက ချက်ခြင်းပင် အနီးရှိ အသွေးအသားနံရံထဲသို့ တူးဆွဝင်ရောက်သည်။ သူက မြန်ဆန်စွာ လှုပ်ရှားနေ၏။ သူက အသွေးအသားနံရံထဲ၌ အောက်သို့ ဆင်းခြင်း မဟုတ်ဘဲ အထက်သို့ ဆန်တတ်သည်။
သူက ထွက်ပြေးနေရင်း ဝမ်လင်းသည် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။သူက သုန်မှုန်နေ၏။သို့သော် သူ့ဟန်ပန်က ကြမ်းကြုတ်သည်။
ရွှေရောင်နဂါးက ဝမ်လင်းထက် အဆများစွာ ပိုမြန်၏။ ၎င်း၏အမြင်၌ ဝမ်လင်းက ပုရွတ်ဆိတ်သာသာပင်။ ထိုသို့သော ပုရွတ်ဆိုသာသာကောင်က သူ့ရှေ့၌ ရွှမ်ပေါင်၏မူလစိတ်ဝိညာဉ်ကို လုယူဝံ့နေပေသည်။
ဤအဖြစ်က နဂါး၏ ဒေါမာန်ကို ရန်ရှာခြင်းပင်။
ထိုနဂါးက သူ့အနေဖြင့် ထိုပုရွတ်ဆိတ်ကို ခြေမွပ်ပစ်ရန် စွမ်းအားများ ဖြုန်တီးဖို့ပင် မလိုပေ။ ၎င်းက နောက်ကနေ လိုက်လာရင်း မာန်ဟိန်းသံ ပြု၏။
ဝေါင်း…။
ထိုဟိန်းသံထဲ၌ မူလစွမ်းအင်များစွာ ပါဝင်၏။၎င်းစွမ်းအင်က ရှေ့တည့်တည့်သို့ ဦးတည်ကာ ပတ်ဝန်းကျင်ရှိ အသွေးအသားနံရံများကို တုန်ခါစေသည်။ဝမ်လင်း၏ခန္ဓာကိုယ်လည်း တုန်ယင်သွားရကာ သူသည် သွေးအန်ထုတ်ရ၏။သို့သော် သူက ရပ်တန့်ခြင်း မရှိပေ။ထိုအစား သူက ၎င်းစွမ်းအင်ကို ငှားယမ်းကာ ရှေ့သို့ ပိုမြန်ဆန်စွာ ရွှေ့သွားစေသည်။
“ပေါက်ကွဲစမ်း…” ဝမ်လင်းက အော်လိုက်၏။ သူက ရှေ့သို့ ရွှေ့နေရင်း သူ့မူလစိတ်ဝိညာဉ်သည် တုန်ခါလာသည်။သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် ပေါက်ကွဲ၍ သေဆုံးနှင့်နေလောက်ပေပြီ။ ခုချိန်၌လည်း သူက ပြင်းထန်သောနာကျင်မှုကို ခံစားရသည်။
သို့သော် သူ့တွင် ကြောက်ရွှံ့မှု မရှိပေ။သူက ပေါက်ကွဲစမ်းဟု အော်ပြောသည့်အခါ၌ လမြွေနဂါး၏ အာရုံခံအင်္ဂါများတွင် သူ ဖုံးကွက်ထားသော ဓားများသည် ရုတ်တရက် ပေါက်ကွဲကုန်ကြသည်။
ထိုပေါက်ကွဲမှုများက လမြွေနဂါးကို ပြင်းပြင်းထန်ထန် ဒဏ်ရာ မရစေသော်လည်း နေရာများစွာ ပျက်စီးသွားစေ၏။ ထိုအဖြစ်က လမြွေနဂါးကို အံ့မခန်းနာကျင်မှု ဖြစ်စေသည်။
ထိုနာကျင်မှုက လမြွေနဂါး၏ ဒေါသကို အထွတ်အထိပ်သို့ ရောက်လာစေပေလိမ့်မည်။
ခုချိန်၌ လမြွေနဂါး၏ အာရုံခံအင်္ဂါများသည် ဓားများပေါက်ကွဲမှုဖြင့် တစ်ပြိုင်နက်တည်း ထိမှန်ခြင်း ခံရ၏။ သည်လိုနာကျင်မှုမျိုးက အရင် သူဒဏ်ရာရသွားချိန်က နာကျင်မှုထက် လုံးဝ အားမနည်းပါ။
လမြွေနဂါး၏ကြီးမားသည့် ခန္ဓာကိုယ်ကြီးက အဆုံးမဲ့လေဟာနယ်နေရာကြီးအတွက် ဦးတည်ရာ မရှိသွားနေ၏။သို့သော် သည့်အခိုက်အတန့်၌ ၎င်း၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသည်။ထို့နောက် ၎င်းထံမှ ရူးသွပ်ဖွယ်ဟိန်အော်သံတစ်ခု ထွက်ပေါ်လာလေ၏။
လမြွေနဂါး၏ခန္ဓာကိုယ်အတွင်း၌လည်း အံ့မခန်းပြောင်းလဲမှုများ ဖြစ်ပေါ်လေ၏။
လမြွေနဂါးက နောက်တစ်ဖန် ထပ်၍ ဟိန်းသံပြု၏။၎င်က ပါးစပ်ဟ ထားကာ ပို၍ မြန်ဆန်စွာ လှုပ်ရှား၏။ ၎င်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိ အရာအားလုံးကို ထွေးထုတ်လိုနေသည့်အလား ထင်ရသည်။၎င်း၏ ပါးစပ်ထဲကနေ ပြင်းထန်သောတွန်းအားတစ်ခု ထွက်ပေါ်နေ၏။
ချက်ခြင်းပင် ထွက်ပြေးနေသော ဝမ်လင်းကို ရွှေရောင်နဂါးက မှီလာ၏။သူက လုံးဝ ရပ်တန့်ခြင်း မပြုပေ။သူ့အထက်ရှိ အသွေးအသားနံရံက ပွင့်ထွက်ကာ လမြွေနဂါး၏ပါးစပ်ဝထိ တိုက်ရိုက် လမ်းကြောင်းတစ်ခု ဖြစ်တည်၏။
ခုချိန်၌ ဝမ်လင်းသာမက ရွှေရောင်နဂါးသည်လည်း အတူတူပင်။၎င်းက ၎င်း၏ခန္ဓာကိုယ် ထိန်းချုပ်နိုင်မှုကို ဆုံးရှုံးကာ အားတစ်ခု၏ သယ်ဆောင်ခြင်းကို ခံရ၏။
အလားတူပင် ဝဲကတော့ထဲ၌ လက်မောင်းနှင့် တိုက်ခိုက်နေသော ချင်းရွှေသည်လည်း အထက်သို့ အလိုလို ဆန်တက်ရ၏။
ရီမူဇီနှင့်ဝူဒိုချန်တို့လည်း ထို့အတူသာ ဖြစ်၏။
လမြွေနဂါးကြီးက အမှောင်ထုအတွင်း၌ ဆက်လက်၍ ဟိန်းဟောက်နေ၏။ ၎င်းထံမှ အဆုံးမဲ့ တွန်းအားများ ထွက်ပေါ်နေသည်။ ရွှေရောင်တစ်ချက်လင်းလက်သွားကာ ရွှေရောင်နဂါးသည် အရင်ဆုံးထွက်လာ၏။ သည့်နောက် ထွက်လာရသူမှာ ဝမ်လင်း ဖြစ်၏။
သည့်နောက် ချင်းရွှေ၊ရီမူဇီနှင့်ဝူဒိုချန်တို့လည်း လေဟာနယ်အမှောင်ထုအတွင်းသို့ ထွက်လာကြရသည်။
ဝမ်လင်းက လမြွေနဂါးအပြင်သို့ ရောက်သည်နှင့် သူ့ကိုယ်ပိုင်မူလစွမ်းအင်နှင့် ကောင်းကင်ဘုံမူလစွမ်းအင်တို့ကို ချိပ်ပိတ်ပစ်၏။ သို့သော်လည်း ထိုသို့ ချိပ်ပိတ်ခြင်းက မည်သည့်သက်ရောက်မှုမှ မရှိပါ။ သူက သူ့မူလစွမ်းအင်သည် မြန်ဆန်စွာ လွင့်ပါးလာသည်ဟုသာ ခံစားရ၏။
သူ့ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ဘုံမူလစွမ်းအင်သည်လည်း ထို့အတူပင် ဖြစ်၏။
သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နှင့် ခွန်အားကသာ မည်သို့မျှ သက်ရောက်ခြင်း မရှိဘဲ ရှိနေနိုင်သည်။
ဝမ်လင်းဟန်ပန်က ပုံမှန်အတိုင်း ရှိနေရင်း သူက နောက်သို့ အလျင်အမြန် ဆုတ်နေ၏။
ထိုသို့ မူလစွမ်းအင်များ မြန်ဆန်စွာ လွင့်ပြယ်ခြင်းကို ခံရသည်မှာ သူတစ်ယောက်တည်းမဟုတ်ပေ။ ရွှေရောင်နဂါး၊ရီမူဇီနှင့်လူတိုင်း ထိုသို့ ကြုံရပေ၏။
သို့သော်လည်း သည်လူများက သည်ထူးဆန်းလှသောနေရာနှင့် ပတ်သတ်၍ အလွန်သတိထားနေကြသူများ ဖြစ်သည်။ရီမူဇီက သူ့ပတ်လည်၌ ခရမ်းရောင်သစ်သားပိုင်းသုံးခုကို ဝန်းရံထားစေ၏။သူ့မျက်နှာက ဖြူရောနေသည်။သူက မူလစွမ်းအင်လွင့်ပါးမှုကို လုံးဝ ရပ်တန့်နိုင်စွမ်း မရှိသော်လည်း စွမ်းအင်ပျောက်ကွယ်မှုကို အနည်းငယ် နှေးသွားစေနိုင်၏။
ရွှေရောင်နဂါး၏ ပတ်လည်၌ မမြင်ရသောအလင်းတို့ တလက်လက် ဖြစ်နေ၏။ထိုအရာက ၎င်းကို ချိပ်ပိတ်ခြင်းအားအပေါ် တောင့်ခံနိုင်ရုံမျှ ခွင့်ပြုပေး၏။ သို့သော် ထိုနည်းလမ်းက ရီမူဇီ၏ နည်းလမ်းထက် အများကြီးသာလွန်နေသည်။ ဝူဒိုချန်က အသက်သာဆုံးဖြစ်၏။သူ့ပတ်လည်၌ ပူဖောင်းလုံးကြီးတစ်ခု ရှိနေကာ ပတ်ဝန်းကျင်နှင့်သူ့အား သီးသန့်ဖြစ်စေသည့်အလား ထင်မှတ်ရသည်။
သို့ရာတွင် ထိုပူဖောင်းလုံးက အဆက်မပြတ် လွင့်ပါးနေ၏။ သူက ၎င်းပူဖောင်းလုံး မပျောက်ပျက်သွားအောင် မူလစွမ်းအင်တို့ဖြင့် အားဖြည့်ပေးနေဖို့ လိုအပ်ပေ၏။
ချင်းရွှေကမူ သူ့လက်ကို ရိုးရှင်းစွာ ဝေ့ယမ်း၍ မြေအကျဉ်းထောင်ကို အသုံးပြုကာ ချိပ်ပိတ်ခြင်းအားအပေါ် ပိတ်ဆို့ပစ်ရန် ပြုလုပ်၏။သို့သော် သူကလည်း ထိုအကျဉ်းထောင်နယ်မြေကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ပေ။
အချုပ်ဆိုသော် သည်လူများကြားထဲ၌ အသက်သာဆုံးမှာ ဝမ်လင်း ဖြစ်နေ၏။သူက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကုန်ဆုံးမှုကို လုံးဝ လစ်လျူရှုထား၏။ သူ့လက်သီးကို တင်းတင်းစုပ်ကာ ရွှေရောင်နဂါးကို စူးစိုက်ကြည့်သည်။
သို့ရာတွင် သူက မလှုပ်ရှားသေးပေ။သူက နောက်သို့ ဆုတ်နေရင်းဖြင့် တွေးနေ၏။ “ခုချိန်က အကောင်းဆုံးအခွင့်အရေး မဟုတ်သေးဘူး…ငါ နည်းနည်းထပ်စောင့်ဖို့ လိုသေးတယ်…’
လူတိုင်းကို သူ့ခန္ဓာကိုယ်ထဲကနေ ကန်ထွက်လာစေပြီးနောက် လမြွေနဂါးကြီးသည် နောက်တစ်ဖန် ဟိန်းသံပြုလေ၏။ ၎င်း၏မျက်လုံးနှစ်ခုကြား၌ ဝဲကတော့တစ်ခု ပေါ်လာ၏။ထိုဝဲကတော့ထဲကနေ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
မထင်မှတ်ထားစွာ အနှီပုံရိပ်သည် ဂျီရှန်းထျန် ဖြစ်နေခြင်းပင်။
သို့သော် ဂျီရှန်းထျန်၏မျက်လုံးတို့က မှိန်ဖျော့နေ၏။ သူ့မျက်လုံးထဲ၌ ရုန်းကန်မှုအရိပ်အမြွက်ကို ရံဖန်ရံခါ ပြသနေသည်။ခဏအကြာတွင် သူက မာန်သွင်း၍ လမြွေနဂါး၏မျက်လုံးနှစ်ခုကြား ဝဲကတော့ထဲကနေ ပျံသန်းထွက်လာသည်။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်က ကျုံ့သွား၏။သို့သော် ချက်ခြင်းပင် သူ့မျက်လုံးသည် တောက်ပလာလေ၏။သူ့နှလုံးခုန်သံသည် မြန်သထက် မြန်လာ၏။ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့် သူသည် ဂျီရှန်းထျန်၏ခန္ဓာကိုယ်ထံမှ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အော်ရာကို ချက်ခြင်း ထောက်လှမ်းမိပေသည်။
ဝမ်လင်းအမြင်၌ သည်ဂျီရှန်းထျန်မှာ ရှေးဟောင်းနတ်ဘုရား၏ကြယ်တစ်လုံးကနေ ဖြစ်ပေါ်လာခြင်းပင်။ ပို၍ တိတိကျကျဆိုပါက သူသည် ရှေးဟောင်းနတ်ဘုရား၏ ကြယ်နှင့် ပေါင်းစပ်သွားကာ သူ့တည်ရှိမှုသည် ကောင်းကင်ဘုံသားလည်းမဟုတ်၊ကျင့်ကြံသူလည်းမဟုတ်၊ ရှေးဟောင်းနတ်ဘုရားဟုလည်း မဆိုသာသည့် တည်ရှိမှုမျိုး ဖြစ်နေ၏။
ရှေးဟောင်းနတ်ဘုရားရုပ်သေးမန္တာန်။
ဝမ်လင်းက ချက်ခြင်း ထူစီ၏မှတ်ဉာဏ်များထဲမှ တစ်ခုကို ပြန်သတိရသွား၏။ ထိုမန္တာန်မျာ အရွယ်ရောက်ပြီး ရှေးဟောင်းနတ်ဘုရားသာ အသုံးပြုနိုင်သည့် မန္တာန်ဖြစ်လေ၏။
“ဂျီရှန်းထျန်ရဲ့ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းနတ်ဘုရားရဲ့ ကြယ်တစ်လုံး ပါဝင်နေတယ်။ သူ့ကို စုပ်ယူနိုင်ရင် ငါဟာ ရှေးဟောင်းနတ်ဘုရားရဲ့ ခွန်အားအမွေအနှစ် အစိတ်အပိုင်းအချို့ကို ရနိုင်လိမ့်မယ်…”
ကြယ်တစ်လုံးနှင့် ပေါင်းစပ်ထားသော ရှေးဟောင်းနတ်ဘုရားရုပ်သေးမှာ ကြယ်တစ်လုံးအဆင့် ရှေးဟောင်းနတ်ဘုရား၏ခွန်အားနှင့် အတူတူပင်။ သည့်အပြင် ဂျီရှန်းထျန်၏ကြယ်မှာ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားထံမှ လာခြင်း ဖြစ်နေပြန်သည်။
***