Switch Mode

အပိုင်း(၉၈၄)

ချင်းရွှေ ရောက်ရှိလာခြင်း

လမြွေနဂါးကြီး၏ ဟိန်းသံက ပဲ့တင်ထပ် မြည်ဟိန်းနေရင်း ၎င်း၏ခန္ဓာကိုယ်ကြီးကနေ မရေမတွက်နိုင်သော လက်တံများ ကျွတ်ကျလာ၏။သည့်နောက် ၎င်းလက်တံများအားလုံးသည် လမြွေနဂါး၏ ရှေ့၌ စုဝေး၏။ ၎င်းတို့က တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ဧရာမလက်ကြီးအသွင် ဖြစ်ပေါ်သည်။

ထိုလက်ကြီးက ပေတစ်သိန်းထိ ရှည်၏။၎င်းလက်ကြီးမှာ လက်သီးစုပ်ဟန် ဖြစ်ပေါ်သည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ၎င်းလက်ကြီးသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ လက်နှင့် ဆင်တူနေမည်။

လမြွေနဂါး၏ ဒေါသသည် ရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့် အလားတူ၏။ သို့သော် လမြွေနဂါးဒေါသ ၎င်း၏ အကန့်အသတ်သို့ ရောက်လာသည့်အခါ ရှေးဟောင်းနတ်ဘုရားလက်နှင့် ဆင်တူလာပေလိမ့်မည်။

ရှေးဟောင်းနတ်ဘုရားလက် ထွက်ပေါ်လာသည်နှင့် ၎င်းက ရှေ့သို့ ကြမ်းကြုတ်စွာ ထိုးထွက်၏။၎င်း၏ ပစ်မှတ်မှာ အယောင်ဆောင်နိဗ္ဗာနလေဟာနယ်မြှားပင်။

ထိုလက်သီးချက်က ဝမ်လင်းကို ပုံရိပ်ယောင်တစ်ခုအဖြစ် ခံစားမိအောင် ပြုလုပ်သည်။ သူက ရှေးဟောင်းအချိန်၊ မရေမတွက်နိုင်သောသ နှစ်ပေါင်းများစွာသို့ ပြန်ရောက်ရှိိကာ ရှေးဟောင်းနတ်ဘုရားများ ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန်လှန်သည့်ကာလကို ခံစားမိလိုက်ရသည့်အလားပင်။

သည်အခိုက်မှာပင် လမြွေနဂါးကြောင့် ဖြစ်ပေါ်လာသည့် ရှေးဟောင်းနတ်ဘုရားလက်ကလည်း အတိတ်ကပုံစံအတိုင်ပင်။ ၎င်း၏ လက်သီးချက်က မြှားပေါ်သို့ ကျရောက်သွား၏။ မြှားသည် တုန်ယင်ကာ ချက်ခြင်း ပျက်စီးသွားသည်။

အယောင်ဆောင်နိဗ္ဗာနလေဟာနယ်ရတနာပင် ရှေးဟောင်းနတ်ဘုရားလက်သီးချက်အောက်၌ တစစီ ဖြစ်ရပေသည်။

ရွှမ်ပေါင်က သွေးအန်ထုတ်ရ၏။ သူက ချက်ခြင်း နောက်ဆုတ်သည်။ သို့သော် သည်အခိုက်၌ ကြယ်များကြား၌ အေးစက်စက်စွမ်းအင်တစ်ခု ပြည့်နှက်လာ၏။ တစ်ချိန်တည်းမှာပင် အနီရောင်လျှပ်စီးတန်းတစ်ခုက ရုတ်တရက် နီးကပ်တိုးဝင်လာ၏။

ထိုအနီရောင်လျှပ်စီးတန်းမှာ မြန်ဆန်လွန်းလှသလို ချိန်သားလည်းကိုက်၏။ ၎င်းလျှပ်စီးတန်းက ရွှမ်ပေါင်၏ စိတ်ကို သူ့ရတနာ ဖျက်စီးခံရသည့်အတွက် တုန်ယင်စေသည့်အချိန် ကွက်တိ ရောက်ရှိလာခြင်းပင်။

အနီရောင်လျှပ်စီးတန်းက အဆုံးစွန်အေးစက်မှုတို့ ပါဝင်နေ၏။၎င်းက အားကောင်သော ဂျိစွမ်းအားကိုလည်း ထုတ်လွှတ်နေသည်။၎င်းက နောက်ဆုတ်နေသည့် ရွှမ်ပေါင်နားသို့ ဖျပ်ခနဲ ရောက်ရှိလာချေသည်။

ရွှမ်ပေါင်အဖို့ ရှောင်ရန် အချိန်မမှီပေ။ ထို့ကြောင့် အနီရောင်လျှပ်စီးတန်းက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။သူ့အသွင်က ကြီးစွာ ပြောင်းလဲသွား၏။ သူက သွေးအန်ထုတ်ရသည်။

ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံနှင့်ချင်းရွှေသည် လှမ်းထွက်လာသည်။သူက မထူးခြားနားအသွင်ဟန်ပန်နှင့် ရှိ၏။ သူ ပေါ်ထွက်လာသည့်အခါ သူ့ညာမျက်လုံးထံမှ အနီရောင်အလင်း ဖျပ်ခနဲ လင်းလက်သွား၏။ ပို၍များပြားသော အနီရောင်လျှပ်စီးတန်းများသည် ရွှမ်ပေါင်ထံသို့ တိုးဝင်သွားကြ၏။

ဂျိနယ်ပယ်သည် ထွက်ပေါ်လာချေပြီ။

“ဂျိနယ်ပယ်…” ရွှမ်ပေါင်၏ခန္ဓာကိုယ်ကနေ ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ သည့်နောက် သူက သူ့နောက်ကျောကနေ သွေးများစွာ ပန်းထွက်သည်။သူက နောက်သို့ မြန်ဆန်စွာ ဆုတ်၏။သို့သော် အနီရောင်လျှပ်စီးတန်းမှာ သူ့နှင့် နီးကပ်စွာလိုက်ပါလာသည်။

ချင်းရွှေ ပေါ်လာသည်နှင့် သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အထက်သို့ ညွှန်သည်။ ချက်ခြင်းပင် အနက်ရောင်လေပြင်းတစ်ခုနှင့်အတူ နဂါးနက်ခုနစ်ကောင် ပေါ်လာ၏။ ၎င်းနဂါးများက ဟိန်းသံပေး၍ အေးစက်စက်လေများကို မှုတ်ထုတ်ကာ ရွှမ်ပေါင်ထံသို့ တရကြမ်း တိုးဝင်လာကြသည်။

“ရွှမ်ပေါင်…မင်းက ဒီအရှင်သခင်ကို မှတ်မိသေးလား…” ချင်းရွှေက တိုက်ပွဲဖြစ်ပွားရာနေရာတွင် ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ရွှမ်ပေါင်ကလွဲ၍ မည်သူကမျှ သူ လှုပ်ရှားဖို့အတွက် မထိုက်တန်လှပေ။

“ချင်းရွှေ….မင်း မသေသေးဘူးလား…” ရွှမ်ပေါင်က နောက်သို့ ဆုတ်နေ၏။ သို့သေ်ာ သူ့နောက်ဆုတ်လမ်းကို အနက်ရောင်နဂါးခုနစ်ကောင်က ပိတ်ဆို့ထားသည်။ လေအေးများ တိုက်ခတ်မှုအောက်၌ ရွှမ်ပေါင်က အံတင်းတင်းကြိတ်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၍ ရှေ့တည့်တည့်သို့ ညွှန်သည်။

လိပ်ပြာနက်ကိုးကောင်သည် လမြွေနဂါးပတ်လည်၌ ပျောက်ကွယ်သွား၏။၎င်းတို့က ရွှမ်ပေါင်၏ ဘေးနား၌ ပြန်ပေါ်လာသည်။

“လိပ်ပြာကိုးကောင် တစ်ကောင်တည်း ပြန်ဖြစ်စေ…”

လိပ်ပြာကိုးကောင်သည် ၎င်းတို့၏တောင်ပံကို တစ်ပြိုင်နက်တည်း ခတ်၏။အနက်ရောင်အလင် တောက်ပလာ၏။ချက်ခြင်းပင် ၎င်းတို့က တစ်ကောင်တည်းအဖြစ်သို့ ပြန်ပေါင်းစည်းသွားသည်။

အနက်ရောင်အလင်းတန်းကိုးခု ပေါင်းစပ်သွားချိန်၌ အံ့အခန်းပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာခဲ့သည်။ လိပ်ပြာကိုးကောင်သည် တစ်ကောင်တည်းသို့ ပေါင်းစပ်သွားချိန်၌ လေးရောင်စုံအလင်းတစ်ခုကို ပေးစွမ်းလာသည်။

၎င်းက တောက်ပံခတ်သည့်အခါ လေးရောင်စုံအမှုန့်များသည် ကြွေကျကာ ရွှမ်ပေါင်၏ ပတ်လည်၌ လေးရောင်စုံဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။၎င်းက ချက်ခြင်းပင် အနက်ရောင်နဂါးခုနစ်ကောင်ကို ပိတ်ဆို့၏။

“ဒါက မင်းရဲ့ စီနီယာအစ်ကို ထျန်ပေါင် ပြုလုပ်တဲ့ လက်နက်ရတနာ ဖြစ်ခဲ့ရင်တော့…ငါ ချင်းရွှေက အနည်းငယ် ပူပန်မိလိမ့်မယ်…။ဒါပေမဲ့ မင်းကတော့ အရည်အချင်း မပြည့်မှီသေးဘူး…” ချင်းရွှေ၏ အေးစက်စက်အသံ ထွက်ပေါ်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကိုလည်း ဖြစ်စေသည်။ ထိုအခါ အနက်ရောင်နဂါးခုနစ်ကောင်သည် မြည်ဟိန်းရင်း တစ်သန်းနီးပါး ရှိသည့် မိုးရေစက်များ ပေါ်ထွက်လာတော့သည်။

၎င်းမိုးရေစက်များသည် လေးရောင်စုံလိပ်ပြာကြောင့် ဖြစ်ပေါ်လာသည့် အမှုန့်များဖြင့် ဝန်းရံထားသော ရွှမ်ပေါင်ထံသို့ ကျဆင်းလာ၏။

တစီစီအသံများ ထွက်ပေါ်လာ၏။ ရွှမ်ပေါင်က ခါးသက်သက် ပြုံးသည်။သူ့ပုံရိပ်သည် အခြားလူများအဖို့ ထည်ဝါခန်းနားလှမည် ဖြစ်သော်လည်း ချင်းရွှေအတွက်မူ ဘာမှ မဟုတ်ပေ။

သူက မိုးကောင်းကင်ဘုံနယ်မြေမှ ကောင်းကင်ဘုံသား တစ်ယောက်ဖြစ်၏။ထို့အတူ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို ဖန်တီးခဲ့သည့် ထျန်ပေါင်၏ ဂျူနီယာညီလည်း ဖြစ်သည်။

“ချင်းရွှေ…ငါ့ကို ဖိအား သိပ်မပေးနဲ့။ ကောင်းကင်ဘုံနယ်မြေက မတည်ရှိိတော့ဘူး။ ဒါက မဟာမိတ်ကြယ်အဖွဲ့အစည်းပဲ…” ရွှမ်ပေါင်က အော်ပြောရင်း သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။ သူ နှစ်ပေါင်းမရေမတွက်နိုင်အောင် ချိပ်ပိတ်ထားသော ကောင်းကင်ဘုံမူလသည် ရုတ်တရက် ပွင့်ဟလာလေ၏။

အဆုံးမဲ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ဤဧရိယာတွင် ပြည့်နှက်လာ၏။

တချိန်တည်းမှာပင် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ လေးရောင်စုံလိပ်ပြာထံသို့ ညွှန်၏။ထိုလိပ်ပြာသည် ရုတ်တရက် တုန်လှုပ်ကာ ၎င်း၏ တောင်ပံများထဲမျ တစ်ခုသည် ပန်းပွင့်အညှာကဲ့သို့ ကြွေကျ၏။ချက်ခြင်းပင် ထိုအတောင်ပံမှာ မတူညီသောရောင်စုံလေးခုအဖြစ်သို့ ပြောင်းလဲ၍ ဝဲကတော့လေးခု ဖြစ်ပေါ်သည်။

“နိဗ္ဗာနလေဟာနယ်ရဲ့ ဥပဒေသ…”

ရွှမ်ပေါင်က ထိုသို့ ပြောလိုက်ရင်း လေးရောင်စုံဝဲကတော့သည် ရုတ်တရက် ပေါက်ကွဲသွားကာ လေးရောင်စုံအမှုန့်တန်ပေါင်းများစွာသည် ပျံ့လွင့်၏။

ချင်းရွှေ၏ လေဆင့်ခေါ်ခြင်းနှင့်မိုးဆင့်ခေါ်ခြင်း မန္တာန်တို့မှာ ထိုအမှုန့်များ၏ သက်ရောက်ခြင်း ခံရကာ လွင့်ပြယ်သည်။ မန္တာန်အရိပ်အမြွက်ပင် လုံးဝ မကျန်ရစ်ခဲ့တော့ပေ။

ရွှမ်ပေါင်က ရှေ့သို့ ချက်ခြင်း လက်ညွှန်၏။ လေးရောင်စုံလိပ်ပြာ၏ နောက်ထပ် တောင်ပံတစ်ခုသည် ကြွေဆင်း၏။ ထိုလိပ်ပြာသည် လွင့်ပြယ်လာရင်း တောင်ပံက မြောလွင့်ကာ နောက်ထပ် ပြောင်းလဲမှုတစ်ခု ဖြစ်လာပြန်သည်။

ချင်းရွှေ၏ လေဆင့်ခေါ်ခြင်းနှင့်မိုးဆင့်ခေါ်ခြင်း မန္တာန်တို့မှာ ပြန်ပေါ်ထွက်လာ၏။ သို့သော် သည်တစ်ကြိမ်၌ ယင်းမန္တာန်တို့မှာ ရွှမ်ပေါင်၏ မန္တာန်များဖြစ်လာခဲ့၏။

သူက မာန်သွင်းလိုက်ရင်း သူ့လက်ကိုဖြန့်ကားကာ လေဆင့်ခေါ်ခြင်းနှင့် မိုးဆင့်ခေါ်ခြင်း မန္တာန်တို့ကို ချက်ခြင်း တွန်းထုတ်၏။၎င်းမန္တာန်၏ အစိတ်အပိုင်းတစ်ခုမှာ လမြွေနဂါးကို ရပ်တန့်ဖို့ အသုံးပြု၏။အခြားတစ်ပိုင်းက ချင်းရွှေကို တိုက်ခိုက်ရန် အတွက် ဖြစ်၏။

ထိုအခိုက်အတန့်ကို အသုံးပြုကာ ရွှမ်ပေါင်သည် အလျင်အမြန် နောက်ဆုတ်သည်။သို့သော် သူ့နောက်သို့ ထပ်ကြပ်မကွာလိုက်ပါလာသည့် အနီရောင်လျှပ်စီးက သူ့အား ခေါင်းကိုက်စေနေ၏။ အယောင်ဆောင်နိဗ္ဗာနလေဟာနယ်မြှားသာ သည်နေရာတွင် ရှိနေသေးပါက သူသည် ချင်းရွှေကို အကြောက်အလန့်မရှိ ယှဉ်တိုက်ခိုက်နိုင်သေးသည်။

သူ့လက်နက်ရတနာအကြောင်းတွေးမိရင်း ရွှမ်ပေါင်မှာ သူ့စိတ်နှလုံးထဲမှ နာကျင်မှုကို ခံစားရ၏။သူက လမြွေနဂါးသည် ထိုမျှ စွမ်းအားကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။၎င်းသားရဲက ရှေးဟောင်းမှတ်တမ်းများ၌ ဖော်ပြထားသည့် အချက်များနှင့် အတော်လေး ခြားနားနေခဲ့သည် မဟုတ်လော။

သည်လိုမှန်း သိပါက သူသည် သည်နေရာသို့ ရောက်လာလိမ့်မည် မဟုတ်ပေ။ သူက မအောင်မြင်ခဲ့သည့်အပြင် သူ့နိဗ္ဗာနလေဟာနယ်ရတနာကိုလည်း ဆုံးရှုံးခဲ့ရသေး၏။ သူသည် အကြီးအကဲအုပ်စု၌ သူ့အဆင့်အတန်းမှာ မည်မျှ လျော့ကျသွားမည်ကို စိတ်ကူးကြည့်နိုင်၏။

ထို့အပြင် အခုချိန်၌ သူက အတိတ်တုန်းက မိစ္ဆာချင်းရွှေနှင့် လာကြုံနေသေး၏။ သူက ချင်းရွှေ ဘာကြောင့် မသေသေးသည်ကို မသိသော်လည်း သူကိုယ်တိုင်ပင် ခုချိန်ထိ ရှင်သန်နေသည့်အတွက် ချင်းရွှေထံ၌လည်း အချို့နည်းလမ်းများ ရှိနေရပေမည်ဟု ထင်၏။

ယခုလို သေရေးရှင်ရေး အချိန်၌ ရွှမ်ပေါင်အဖို့ အများကြီး ဆက်တွေးနေဖို့ အချိန် မရှိပေ။ သူ့စိတ်ထဲရှိ တစ်ခုတည်းသောအတွေးမှာ မြန်မြန် ထွက်ပြေးနိုင်ရန်သာ ဖြစ်၏။

ဝမ်လင်းက ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ သူ့စိတ်သည် တုန်ယင်၏။သူ့နှလုံးသည် မြန်မြန် ခုန်ပေါက်နေသည်။

သူ့နှလုံးခုန်သံကိုပင် သူပြန်ကြားနေရ၏။ သူ့ဦးနှောက်ထဲ၌ ရွှမ်ပေါင်အသုံးပြုလိုက်သည့် ချိပ်တံဆိပ်လက်ဟန်ကို မှတ်မိနေသေး၏။သူက ၎င်းလက်ဟန်ကို ခိုင်ကျဉ်စွာ မှတ်မိပေသည်။

“ဒီလူက ဂုဏ်ထူးဆောင်ထျန်ပေါင်ရဲ့ ဂျူနီယာ ညီပဲ။ သူက လေးရောင်စုံလိပ်ပြာကို ဖန်တီးနိုင်ပေမဲ့ ထျန်ပေါင် ဖန်တီးတဲ့ လိပ်ပြာလောက်တော့ အားကောင်းလှခြင်း မရှိဘူး။ ငါသာ သူ့ချိပ်တံဆိပ်လက်ဟန်ကို သေချာ စမ်းစစ်နိုင်ခဲ့ရင်…” ဝမ်လင်း၏နှလုံးက ပို၍ ခပ်မြန်မြန် ခုန်နေ၏။

လေဆင့်ခေါ်ခြင်းနှင့်မိုးဆင့်ခေါ်ခြင်းမန္တာန်တို့သည် နောက်ပြန်ကန်လာသော်လည်း ချင်းရွှေကို မဟန့်တားနိုင်ပေ။သူ့မျက်လုံးက အေးစက်လာ၏။သူက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်၏။ မရေမတွက်နိုင်သော သလင်းအလင်းအစက်များ သူ့လက်ထဲ၌ ပေါ်လာ၏။ သည့်နောက် ၎င်းအလင်းစက်များသည် ရှေ့တည့်တည့်သို့ ပြန့်ကျဲသွားသည်။

ဆန်းကြယ်လက်နက်။

မရေမတွက်နိုင်သော အလင်းစက်များသည် ပြန့်ကျဲကာ မရေမတွက်နိုင်သော အရိပ်များအဖြစ် ပြောင်းလဲ၏။မရေမတွက်နိုင်သော ထိုပုံရိပ်များက အားကောင်းသောအော်ရာများကို ပေးစွမ်းနေသည်။ချက်ခြင်းပင် ချင်းရွှေ၏ ရှေ့၌ တပ်သားထောင်ချီ ဖြစ်ပေါ်လာသည်။ချင်းရွှေ၏ ဆန်းကြယ်လက်နက် မန္တာန်သည် ထပ်မံ ထွက်ပေါ်လာပြန်ချေပြီ။

ချင်းရွှေ၏ လက်ညွှန်ချက်နှင့်အတူ ၎င်းအရိပ်များသည် လေဆင့်ခေါ်ခြင်းနှင့်မိုးဆင့်ခေါ်ခြင်းမန္တာန်တို့ထံသို့ တိုးဝင်သွားကြ၏။

ရွှမ်ပေါင်၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွား၏။သူ့စိတ်နှလုံးထဲ၌ ခါးသက်နေသည်။ ထိုအရိပ်များထဲမှ အချို့သည် သူ့မိတ်ဆွေဟောင်းများ ဖြစ်နေ၏။သူက သက်ပြင်းချသည်။ သူ့မျက်လုံးထဲ၌ ကြမ်းကြုတ်မှု ဖြစ်ပေါ်လာ၏။ သူက အော်ပြောသည်။ “ချင်းရွှေ…ဒီအဘိုးအိုက လက်နက်ရတနာတွေရဲ့ စွမ်းအားနဲ့ ပတ်သတ်လို့ ဘယ်လို သင်ယူခဲ့လဲ မင်းကို ပြသပေးမယ်…”

“လောကထဲမှာ ရှိတဲ့ လက်နက်ရတနာများအားလုံးမှာ မူလစွမ်းအင်ရင်းမြစ်အမျှင်တန်းတစ်ခု ရှိကြတယ်။ ဒီအဘိုးအိုက ဒီမူလစွမ်းအင်ရင်းမြစ်ကို နှစ်သောင်းနဲ့ချီ လေ့လာနေခဲ့တာ ဖြစ််တယ်…” ရွှမ်ပေါင်က သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ လက်တစ်ဖက်စီဖြင့် မတူညီသော ချိပ်တံဆိပ်များကို ဖြစ်စေသည်။မမြင်ရသောလှိုင်းတစ်ခုသည် သူ့ခန္ဓာကိုယ်ကနေ ချက်ခြင်း ပျံ့နှံ့လာ၏။

မျက်စိတစ်မှိတ်အတွင်း ထိုလှိုင်းသည် ကီလိုမီတာသောင်းချီကို ဖုံးအုပ်သွားသည်။

ကြိုးစားရုန်းကန်ကာ လှုပ်ရှားနေသည့် အနီးအနားမှ ကျင့်ကြံသူအားလုံး၏ လက်နက်ရတနာများသည် ကိုယ်တိုင် လှုပ်ရှားလာကြ၏။ထိုအဖြစ်က ၎င်းကျင့်ကြံသူများ၏ ဟန်ပန်ကို ပြောင်းလဲစေသည်။ သူတို့ ပိုင်ဆိုင်သည့် ရတနာများနှင့် ချိတ်ဆက်နေမှုပင် ပြတ်တောက်သွား၏။

အနှီမြင်ကွင်းက လူတိုင်းကို မင်သက်စေသည်။

သေဆုံးသွားကြသော ကျင့်ကြံသူများ၏ လက်နက်ရတနာများစွာလည်း ရှိနေသေး၏။ထိုလက်နက်များအားလုံးသည် ရွှမ်ပေါင်ရှိရာသို့ စုဝေးလာကြသည်။

ရွှမ်ပေါင်က လက်နက်ရတနာအားလုံး၏ သခင်ဖြစ်လာသည့်အလား။ ၎င်းတို့က သူ့အမိန့်ကိုသာ တုန့်ပြန်ကြ၏။ သို့သော် ကျင့်ကြံသူများနှင့် ဝမ်လင်း၏ စိတ်ကို တုန်ယင်စေသည့်အဖြစ်မှာ သူတို့၏သိုလှောင်အိတ်များပင်။

သိုလှောင်အိတ်များသည်လည်း ရတနာများအဖြစ် သတ်မှတ်နိုင်ပေ၏။

ချက်ခြင်းပင် လူတိုင်း၏ သိုလှောင်အိတ်များသည် ပျံသန်းထွက်လာ၏။ သည်ဖြစ်စဉ်အတွင်း သိုလှောင်အိမ်များမှာ ၎င်းဘာသာ ဖွင့်ဟ၍ အတွင်းရှိ လက်နက်ရတနာများကို ပျံသန်းထွက်လာစေသည်။

ဝမ်လင်း၏ သိုလှောင်အိတ်မှာလည်း အလားတူပင်။သူ့အသွင်က ပြောင်းလဲသွား၏။သူက သူ့ညာလက်ကို ဆန့်ထုတ်ကာ သူ့သိုလှောင်အိတ်ကို လှမ်းယူ၏။သို့သော် သည်အခိုက်အတန့်၌ သူ့သိုလှောင်အိတ်ပတ်လည်၌ ဆန်းကြယ်သောအားတစ်ခု ရှိနေ၏။ သူက သိုလှောင်အိတ်ကို ထိသည်နှင့် သူ့ခန္ဓာကိုယ်ထဲသို့ လောင်ကျွမ်းစေသောအပူဓာတ်တစ်ခု စီးဝင်လာသည်ဟု ခံစားမိ၏။သူသာ သိုလှောင်အိတ်ကို လက်မလွှတ်ပါက သူ့မူလစိတ်ဝိညာဉ်ပင် ချက်ခြင်း ပျက်စီးသွားနိုင်သည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများစွာကလည်း သူတို့၏ သိုလှောင်အိတ်များကို လှမ်းဆွဲထားကြ၏။ သို့သော် ခဏအကြာတွင် သူတို့က လက်လွှတ်လိုက်ရကာ သူတို့၏ သိုလှောင်အိတ်များ ပျံသန်းသွားသည်ကိုသာ စောင့်ကြည့်ဖို့ တတ်နိုင်တော့သည်။

ဝမ်လင်း၏ သိုလှောင်အိတ်ထဲရှိ အရာများမှာ တန်ဖိုး ရှိလှ၏။ထို့ကြောင့် သူက သူ့အိတ်ကို လက်မလွှတ်နိုင်ပေ။သည်လိုသေရေးရှင်ရေးအခိုက်၌ ဝမ်လင်း၏ တတိယမျက်လုံးသည် ချက်ခြင်း ပွင့်ဟလာကာ သူ့သိုလှောင်အိတ်ပေါ်သို့ အနီရောင်အလင်းတန်းတစ်ခု ကျရောက်သွားသည်။

မူလစွမ်းအင်ရင်းမြစ်အမျှင်တန်းတစ်ခု ထွက်ပေါ်လာကာ သူ့သိုလှောင်အိတ်ပေါ်ရှိ ထူးဆန်းသောအားကို လွင့်ပြယ်သွားစေ၏။ဝမ်လင်း၏မျက်နှာက ဖြူရောသွားသည်။သူက ခုမှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်၏။ သူက သူ့သိုလှောင်အိတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset