ဝမ်လင်းက သည်အခြေအနေကို ကြိုသတိထားခဲ့သည့် ဦးဆုံးတစ်ယောက် ဖြစ်သည့်အွက် သူသည် အပြည့်အဝ ကြိုပြင်ဆင်ထားခဲ့၏။ ရှေးဟောင်းနတ်ဘုရားလက်ချောင်း ပေါက်ကွဲသွားသည့်အခိုက် သူသည် နောက်ဆုတ်နှင့်ပြီး ဖြစ်ကာ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုကိုလည်း အသက်သွင်းထား၏။ ထို့အတွက်ကြောင့် ထိုပေါက်ကွဲမှုအားမှာ သူ့အပေါ်သို့ များစွာ မသက်ရောက်တော့ပေ။သူသည် လမြွေနဂါးကို ကြည့်၏။ထို့နောက် သူ့ထံသို့ လွင့်စင်လာသော အမျိုးသမီးအလောင်းကောင်ကို ကြည့်သည်။
သူက ထိုမွန်းမံအလောင်းကောင်ကို ပထမဆုံး မြင်သည့်အချိန်ကတည်းက ခိုးယူနိုင်ရန် အကြံရှိခဲ့၏။ ရှေးဟောင်းနတ်ဘုရားလက်ချောင်း ပေါက်ကွဲသွားချိန်၌ သူသည် ရယ်ရွယ်ချက်ရှိရှိ ထိုငွေရောင်အလောင်းကောင် လွင့်လာမည့်ဦးတည်ရာကို ကြို ချိန်ညှိထားခဲ့သည်။
ငွေရောင်အလောင်းကောင်နှစ်ကောင်၌ အမျိုးသားအလောင်းမှာ များစွာ ထိခိုက်ပျက်စီးထား၏။ထို့ကြောင့် ဝမ်လင်းက ၎င်းကို စွန့်လွှတ်လိုက်သည်။ အမျိုးသမီးအလောင်းကောင်ကမူ ထိခိုက်ပျက်စီးထားသော်လည်း များစွာ အခြေအနေ ပိုကောင်းသေး၏။
“ငါက စစ်ပွဲထဲကို ပါဝင်လာခဲ့မှတော ဒီလို ဗြောင်းဆန်နေတဲ့ အချိန်မှာ ရတနာတစ်ခုကို ရယူတဲ့အတွက် ဘယ်သူကမှ တစ်ခုခု ပြောလောက်မှာ မဟုတ်ဘူး…”
ဝမ်လင်း၏ မျက်လုံးတို့က တလက်လက် ဖြစ်နေ၏။ သူသည် ဤစစ်ပွဲအတွင်း အကျိုးအမြတ် ရအောင် ယူပေမည်။
သို့သော်လည်း ထိုသို့ ဆုံးဖြတ်ထားကြသူများမှာ ဝမ်လင်း တစ်ယောက်တည်း မဟုတ်ပေ။ လူအချို့ကလည်း သည်အမျိုးသမီးအလောင်းကို ယူဆောင်နိုင်ဖို့ စိတ်ဝင်စားနေကြ၏။
ထိုသူများကြား၌ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကော၊မဟာမိတ်မှ ကျင့်ကြံသူများကော ပါဝင်သည်။
လူခုနစ်ယောက်သည် အမျိုးသမီးအလောင်းကောင် ရှိရာသို့ မတူညီသော နေရာများကနေ တိုးဝင်လာနေကြ၏။ ဝမ်လင်းသည် အလောင်းကောင်နှင့် အနီးဆုံး တစ်ယောက်တော့ မဟုတ်ပေ။ သို့သော် သူက လက်အသွက်ဆုံး ဖြစ်နေ၏။
သူ့အဖို့ အမျိုးသမီးအလောင်းကောင် နားသို့ ရောက်ရှိရန် အသက်ရှုချိန်အနည်းငယ်သာ လိုအပ်၏။ သို့သော် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူသည် တည်ငြိမ်စွာဖြင့် အရှိန်လျော့၏။
သူ အရှိန်လျော့လိုက်သည့်အခိုက်၌ မဟာမိတ်မှ ကျင့်ကြံသူတစ်ယောက်သည် ထိုးထွက်လာကာ အမျိုးသမီးအလောင်းကောင်နားသို့ ရောက်လာ၏။ထိုသူက လက်ဆန့်ထုတ်သည်။
တချိန်တည်းမှာပင် မဟာမိတ်မှ ကျင့်ကြံသူတစ်ယောက်သည်လည်း ရှေ့သို့ ထွက်လာ၏။ သူတို့က အမျိုးသမီးအလောင်းကောင်ကို တိုက်ရိုက်ယူမည့်အစား ပါးစပ်ဟကာ ဓားအလင်းတန်းတစ်ခုကို မဟာမိတ်မှ ကျင့်ကြံသူထံသို့ ထွေးထုတ်စေလွှတ်၏။
သူတို့နှစ်ယောက်က အနီးကပ်တိုက်ပွဲ ဖြစ်နေကြသည်။ သူတို့နှစ်ယောက် တိုက်ခိုက်နေကြစဉ်မှာပင် နောက်ထပ် ကျင့်ကြံသူတစ်ယောက်က အခွင့်ရေးကို ဖမ်းဆုပ်နိုင်ရန် နီးကပ်လာ၏။သူက အမျိုးသမီးအလောင်းကောင်၏ လက်ကို ဖမ်းကိုင်ကာ ထွက်ခွာရန် ပြင်သည်။
သို့သော် ထိုအခိုက်၌ ထိုကျင့်ကြံသူသည် နောက်သို့လှည့်ကြည့်၏။ သူ့မျက်လုံးထဲ၌ အထိတ်တလန့် ဖြစ်မှုတို့ ပြည့်နှက်သွားသည်။သူက ငယ်သံပါအောင် အော်ဟစ်လိုက်ရကာ သူ့ခန္ဓာကိုယ်သည် သွေးအိုင် ဖြစ်သွားရလေ၏။
ထိုတုန်လှုပ်ဖွယ်မြင်ကွင်းက တိုက်ခိုက်နေကြသော ကျင့်ကြံသူနှစ်ယောက်ကိုပါ တုန်လှုပ်သွားစေသည်။သူတို့က အမျိုးသမီးအလောင်းကောင်ကို ကြည့်ကာ ၎င်းအား လှမ်းဆုပ်ကိုင်ယူရန် မဝံ့ရဲတော့ပေ။ ခဏတာကြာမြင့်ပြီးနောက် ဝမ်လင်းအပါအဝင် လူသုံးယောက်သည် အရှိန်မြင့်၍ ရှေ့သို့ ထိုးထွက်လာကြ၏။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုက သူ့ပတ်လည်၌ ပေါ်လာ၏။ ချက်ခြင်းပင် သူက ရှေ့သို့ ရောက်နှင့်နေသည့် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူနှင့် နေရာချင်း လဲပစ်၏။
ထိုအလုံးစုံကောင်းကင်မှ ကျင့်ကြံသူသည် မင်သက်သွားကာ ပြင်းထန်သောအားတစ်ခုက သူ့အား ဆွဲငင်သည်ဟု ခံစားမိ၏။သူ့ အမြင် ပြန်ကြည်လင်လာသည့်အခါ၌ သူနှင့်ဝမ်လင်းတို့မှာ နေရာချင်း ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။ထိုသူက ဝမ်လင်း၏ ပုံရိပ်အဆင့်အတန်းကို သိထား၏။ထို့ကြောင့် သူက သက်ပြင်းချ၍ လက်လျော့လိုက်ကာ နောက်ထပ် အမျိုးသားအလောင်းကောင်ထံသို့သာ ဦးတည်သွားတော့၏။
ထိုမန္တာန်ကို အသုံးပြုပြီးနောက် ဝမ်လင်းက အမျိုးသမီးအလောင်ကောင်းနားသို့ ရောက်လာ၏။ အလောင်းကောင်အနား၌ အနီးဆုံးရှိနေသည့် ကျင့်ကြံသူနှစ်ယောက်သည် တိုးဝင်လာနေကြသည့်သူများကို တွေ့မြင်ကြ၏။ သူတို့နှစ်ယောက်က အံတင်းတင်းကြိတ်ကာ အမျိုးသမီးအလောင်းကောင်ကို တပြိုင်နက်တည်းလိုလို လှမ်း၍ ဆုပ်ကိုင်၏။သို့သော် ထိုအခိုက်မှာပင် သူတို့နှစ်ယောက်သည် ငယ်သံပါအောင် အော်ဟစ်၍ သူတို့၏ ခန္ဓာကိုယ်များသည် မြန်ဆန်စွာ ခြောက်သွေ့သွားသည်။သည့်နောက် သူတို့က သွေးအိုင်အဖြစ် ပြောင်း၍ အမျိုးသမီးအလောင်းကောင်၏ စုပ်ယူခြင်းကို ခံလိုက်ရတော့၏။
မဟာမိတ်မှ ကျင့်ကြံသူတစ်ယောက်ကလည်း နီးကပ်နေ၏။ သူက မြွေရေခွံဝတ်ရုံကို ဝတ်ဆင်ထားပြီး ရယ်မောကာ သူ့လက်ကို ဆန့်ထုတ်၏။ သူက အမျိုးသမီးအလောင်းကောင်ထံသို့ လက်ဆန့်ထုတ်သည်ဟု ထင်ရသော်လည်း အမှန်တော့ မန္တာန်တစ်ခုအသုံးပြုကာ အလောင်းကောင်ကို တိုက်ခိုက်လိုက်ခြင်းပင်။ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ထိုမဟာမိတ်မှ ကျင့်ကြံသူနှင့် တပြိုင်နက်တည်းလိုလို အနားသို့ ရောက်လာခြင်းပင်။သူ့လက်နှစ်ချောင်းကို ဓားတစ်လက်အသွင် ဖြစ်စေ၍ ညွှန်၏။သူက အော်ပြောလိုက်၏။ “ဘေးဖယ်စမ်း…”
မဟာမိတ်မှ ကျင့်ကြံသူက လှောင်ရယ်ရယ်၏။ သူက မရပ်တန့်သည့်အပြင် ပို၍ပင် မြန်ဆန်စွာ လှုပ်ရှား၍ ခပ်တိုးတိုး ရေရွတ်သည်။ “မိုးကြိုးကောင်းကင်ဘုံသားရှုမူလည်း ဒီအမျိုးသမီးအလောင်းကောင်ရဲ့ အလှမှာ နစ်မြောရတာပါပဲလား…”
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ မဟာမိတ်ကျင့်ကြံသူက ထိုအလောင်းကောင်နားသို့ ရောက်သည်နှင့် ဝမ်လင်းက သူ့ညာလက်ကို ညွှန်ကာ တိုးညင်းစွာ ဆိုသည်။ “ရပ်တန့်ခြင်း…”
မဟာမိတ်မှကျင့်ကြံသူသည် တုန်ယင်သွား၏။ သူ့ပတ်လည်၌ မမြင်ရသော အမျှင်တန်းများ ခြုံလွှမ်းခြင်း ခံလိုက်ရသည့်အလား သူသည် မလှုပ်မယှက် ဖြစ်သွားရ၏။
ဝမ်လင်းသည် ဖျပ်ခနဲ အမျိုးသမီးအလောင်းကောင်နားသို့ ရောက်လာ၏။ ဝမ်လင်းက ထိုအလောင်းကောင်ကို စတင်၍ ဖမ်းဆုပ်ခြင်း မပြုပေ။ အနားရောက်မှ သူသည် သူ့မူလစွမ်းအင်၊ရှေးဟောင်းနတ်ဘုရား၏စွမ်းအားနှင့် ယင်ယန်ငါးများကို အသုံးပြုကာ ထိုအမျိုးသမီးအလောင်းကောင်၏ မျက်ခုံးနှစ်ခုကြားသို့ ခပ်နှိပ်ပစ်လိုက်ခြင်းပင်။
အမျိုးသမီးအလောင်းကောင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ ကျင့်ကြံသူများကို စုပ်ယူပြီးနောက် သူမထံ၌ ဖြစ်ပေါ်သည့် အနီရောင်အလင်းမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။
ဝမ်လင်းသည် ရပ်တန့်ခြင်း မပြုပေ။သူက ထိုအမျိုးသမီးအလောင်းကောင်ကို ဆွဲယူကာ မဟာမိတ်မှ ကျင့်ကြံသူကို ဖြတ်ကျော်သွား၏။ သူက ထိုသို့ ကျော်သွားသည့်အချိန်၌ ထိုကျင့်ကြံသူ၏ရင်ဘက်ကိုလည်း စောင့်ကန်းသွားသေးသည်။
ထိုလူမှာ နောက်သို့ လွင့်ထွက်သွား၏။သူ့မျက်နှာက ဖြူရောကာ သွေးများစွာ အန်ထုတ်ရ၏။သို့သော် သူက မသေပေ။ ထိုအစား သူက ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်၍ ရင်ဘက်ကိုဖိကာ နောက်သို့ ဆုတ်သည်။
အမျိုးသမီးအလောင်းကောင်ကို ကိုင်ထားရင်း ဝမ်လင်းက ငုံ့ကြည့်၏။ ထိုအမျိုးသမီးအလောင်းကောင်ကို အနီရောင်အလင်းတစ်ခုက ဝန်းရံကာ သူမ၏ မျက်နှာထက်သို့ တဖြည်းဖြည်း ချင်းစုစည်းနေသည်။အစောပိုင်း ဝမ်လင်း အရှိန်လျော့ပစ်ရသည့်အကြောင်းရင်းမှာ သူသည် တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသောကြောင့်ပင်။ သည့်နောက် သူ မျှော်လင့်ထားသလိုဖြစ်လာခဲ့ကာ အရင်ဆုံးအမျိုးသမီးအလောင်းကို ဖမ်းကိုင်ခဲ့သည့် ကျင့်ကြံသူများမှာ သေဆုံးခဲ့ရသည်။
ထိုအမျိုးသမီးအလောင်းကောင်က ဤသို့ အန္တရာယ် ရှိရုံ သပ်သပ်ဆို သူသည် လက်လျော့လိုက်ပေမည်။တကယ်တော့ ခုချိန်က စစ်ပွဲအတွင်း ဖြစ်နေ၍ မိမိကိုယ်ကို ဘေးကင်းဖို့သာ ဦးစားပေးရမည်ပင်။ သို့သော်လည်း ထိုအမျိုးသမီးအလောင်းကောင်က ကျင့်ကြံသူများ၏ သွေးအဆီအနှစ်ကို စုပ်ယူပြီးသည့်နောက် ပြောင်းလဲမှုအချို့ ရှိသွား၏။ထိုအဖြစ်ကပင် ဝမ်လင်းကို ၎င်းအလောင်းကောင်အတွက် ဆက်လက်၍ တိုက်ခိုက်စေခဲ့ခြင်းပင်။
သူက နောက်သို့ ပြန်ဆုတ်ရင်း သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ ထိုအခါ မရေမတွက်နိုင်သော အတားအဆီးများသည် အမျိုးသမီးအလောင်းကောင်ပေါ်သို့ ကျရောက်သွားသည်။ သည့်နောက် ၎င်းကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းပြီးနောက် ဝမ်လင်းသည် ပျက်စီးယိုယွင်းနေသည့် ဟင်းလင်းပြင်ထဲကနေ ထိုးထွက်လာတော့သည်။
ဟင်းလင်းပြင်ပျက်စီးမှုက ဧရာမဝဲကတော့တစ်ခုကို ဖြစ်စေ၏။အနှီဝဲကတော့ကြီး၏ စုပ်အားသည် အရာအားလုံးကို ဝါးမြိုပစ်ချင်နေသည်ဟု ထင်ရသည်။ လမြွေနဂါးကြီးကသာ ထိုစုပ်အားကို လစ်လျူရှုထားပြီး ၎င်းသားရဲကြီးသည် ရူးသွပ်သွားသကဲ့သို့ သတ်ဖြတ်နေတော့သည်။
ခုချိန်၌ မဟာမိတ်မှ မွန်းစတားအိုကြီးများက လမြွေနဂါးကြီး ရှေ့သို့ နယ်ချဲ့လာခြင်းကို တားဆီးနိုင်ရန် ၎င်းအား ဝန်းရံထားကြ၏။တိမ်နဂါးနတ်ဆိုးသူတော်စင်သည် လမြွေနဂါးနှင့် အနီးကပ်ဆုံး ဖြစ်နေသည်။
သို့သော်လည်း သွေးနတ်ဘုရားနှင့် အပေါင်းအပါများသည် လမြွေနဂါးကို လှည့်ပတ်ကာ မဟာမိတ်မှ ကျင့်ကြံသူများကို တိုက်ခိုက်နေကြ၏။
လမြွေနဂါးကြီး၏ ဟိန်းသံကြီးနှင့်အတူ တုန်ဟီးသံများ ပဲ့တင့်ထပ်နေတော့၏။အရှင်မီးတောက်နှင့် ဝူဒိုချန်တို့ကြား တိုက်ပွဲကလည်း လောကကို တုန်လှုပ်စေပြန်သည်။ သူတို့နှစ်ယောက်ကြား တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အနက်ရောင်မြူများကြား၌ တုန်ဟီးမြည်သံများ ပြင်းထန်နေသည်။
သူတို့နှစ်ယောက် တိုက်ချက်များကနေ ထွက်ပေါ်လာသည့် တုန်ခါလှိုင်းများကို သွေးနတ်ဘုရားနှင့်အပေါင်းအပါများပင် ရှောင်ရှားရ၏။
အကွာအဝေးတစ်ခု၌ ရှိနေသော အပြာရောင်ဝတ်စုံနှင့်အမျိုးသမီး၏ မျက်နှာပေါ်၌ ထိတ်လန့်ပြာယာခတ်မှု လုံးဝ ရှိမနေပေ။ သူမက သည်အဖြစ်အပျက်များအားလုံးကို ခြုံ၍ လေ့လာကြည့်နေ၏။ သူမဘေး၌ ရွှေရောင်အလောင်းကောင်မှာ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေလျက် ရှိသည်။ ၎င်းအလောင်းကောင်၏ ဦးခေါင်းထက်ရှိ အဝါရောင်အဆောင်ငါးခုမှာလည်း ဖြည်းဖြည်းချင်း လှည့်လည်နေသည်။ထိုအဆောင်များကြား၌ လျှပ်စီးမိုးကြိုးတစ်ခုက ရွှေ့လျားနေ၏။
သူမသည် ညာလက်ကို ပင့်မြှောက်ကာ တိုးညင်းစွာ ဆို၏။ “ငါ့အနေနဲ့…ရွှမ်နန်းတော်ရဲ့ အကြီးအကဲ ရွှမ်ပေါင်ကို ဖိတ်ခေါ်ပါတယ်…”
ရယ်သံတစ်သံသည် ကြယ်များကြား၌ ပဲ့တင်ထပ်လာ၏။ ထိုရယ်သံကြောင့် လက်နက်ရတနာများအားလုံး တုန်ခါကုန်သည်။
ထွက်ပြေးနေသော မိစ္ဆာနက်သူတော်စင်မျာ သက်ပြင်းချကာ စိတ်သက်သာရာ ရသွား၏။ သူသာမက တိမ်နဂါးနတ်ဆိုးသူတော်စင်လည်း အလားတူပင်။ သူက တိုက်ခိုက်နေခြင်းကို လက်လျော့ကာ နောက်သို့ အလျင်အမြန် ဆုတ်တော့၏။
သူတို့နှစ်ယောက်သည် သူတော်စင်လေးပါး ဟု အမည်တွင်မှုကို ကောင်းကင်းသိထား၏။သူတို့သည် သူတော်စင်လေးပါးထဲ၌ ပါဝင်သည်ဟု အမည်ခံရုံမျှသာ ဖြစ်၏။ သူတို့ထဲ၌ ဂျီရှန်းထျန်တစ်ယောက်သာ အစစ်အမှန် သူတော်စင် ဖြစ်ချေသည်။
မဟာမိတ်၏ သူတော်စင်လေးပါးကို လ၊တိမ်၊ရှန်းနှင့်ယောင်ဟု ခွဲခြားထား၏။ဂျီရှန်းထျန်မှာ ရှန်သူတော်စင် ဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီ၌ လက်အောက်သူတော်စင် သုံးယောက်ရှိသည်။ မည်သို့ ပေါင်းစပ်ထားသည်ဖြစ်စေ သူတော်စင်လေးပါး အဖြစ် ရှိရသည်။
အမှန်တော့ အခု တိုက်ပွဲအတွက် ကျင့်ကြံခြင်းမဟာမိတ်မှ ရှန်းသူတော်စင်နှင့် သူ့ လက်အောက်သူတော်စင်သုံးပါးကိုသာ ထုတ်ပြခဲ့သေးသည်။
ဂုဏ်ထူးဆောင်ရွှမ်ပေါင်မှာ ရွှမ်နန်းတော်၌ အလွန်မြင့်မားသည့် အဆင့်အတန်း ရှိ၏။သူက မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ အရာအားလုံးကို ဆုံးဖြတ်နိုင်သည့် မဟာမိတ်အကြီးအကဲများထဲမှ တစ်ယောက်လည်း ဖြစ်နေသေးသည်။ထို့အတွက်ကြောင့် မဟာမိတ်မှ ကျင့်ကြံသူများသည် သူ့အပေါ် လေးစားကြောက်ရွှံ့မှု ရှိကြ၏။
မဟာမိတ်အကြီးအကဲအုပ်စု၌ အကြီးအကဲမည်မျှ ရှိသည်ကို အတိအကျ မသိရပေ။ သို့သော် သူတို့တစ်ယောက်ချင်းစီသည် အင်မတန် စွမ်းအားကောင်းလှကာ လောကကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိကြ၏။
ရှေ့ဖြစ်ဟောသူ အလေးစားခံရခြင်း၊ကျင့်ကြံခြင်းမဟာမိတ်မှ သူ့မွေးနေ့ပွဲအတွက် လူတစ်ယောက် စေလွှတ်ပေးခြင်းတို့မှာ သူသည် ထိုဆန်းကြယ်လှသည့် အကြီးအကဲအုပ်စု အဖွဲ့ဝင် တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သို့သော် အချို့ကိစ္စများကြောင့် သူ့အဆင့်အတန်းမှာ လျော့ကျခဲ့ရ၏။ မည်သို့ပင်ဖြစ်စေ သူသည် အကြီးအကဲအဖွဲ့ဝင်တစ်ယောက် ဖြစ်လို့နေဆဲပင်။
ရှေ့ဖြစ်ဟောသူက နှိမ့်ချ၍ နေနေခြင်းကြောင့်သာ မဟုတ်ပါက လင်းထျန်ဟူလို လူမျိုးသည် သူနှင့်အပြိုင် တည်ရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ရှေ့ဖြစ်ဟောသူသာ ဆန္ဒရှိပါက လင်းထျန်ဟူတို့လို လူအားလုံးကို ချက်ခြင်း ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်း ရှိ၏။ သို့သော် ရှေ့ဖြစ်ဟောသူက ပို၍ပင် နှိမ့်ချနေကာ အကြီးအကဲအစည်းအဝေးများတွင်ပင် ပါဝင်ခဲလှ၏။ သူက သူ့အဆင့်အတန်းကိုယ်သူ ဖုံးကွယ်ထားခဲ့ပေသည်။
အရှင်မီးတောက်နှင့် တိုက်ခိုက်ခဲ့ကြသော ဂျီရှန်းထျန်နှင့် ဝူဒိုချန်တို့ပင် အကြီးအကဲအဖွဲ့ဝင်ဟု ပြော၍ မရသေးပေ။ ဂုဏ်ထူးဆောင် ရွှမ်ပေါင်၏ ရှေ့၌ သူတို့နှစ်ယောက်သည် ဘာမှ မဟုတ်တော့ချေ။
ကျင့်ကြံခြင်းအဆင့်မှာ မဟာမိတ်အကြီးအကဲအဖွဲ့ဝင် ဖြစ်လာဖို့အတွက် ပတ်သတ်သည် မှန်သော်လည်း ထိုအချက်တစ်ခုတည်းနှင့် အကြီးအကဲဖြစ်မလာနိုင်ချေ။အကြီးအကဲအုပ်စုကသာ အမြင့်ဆုံးအဆင့်စွမ်းအားကို ချုပ်ကိုင်ထားကာ မဟာမိတ်အဖွဲ့အစည်းကြီးထဲရှိ လျှို့ဝှက်ချက်များကိုလည်း သိရှိထားကြသူများ ဖြစ်သည်။
ထိုအဖွဲ့ဝင်များသည် မဟာမိတ်ကြယ်အဖွဲအစည်း၏ အစစ်အမှန် အုပ်ချုပ်သူများ ဖြစ်ကြသည်။
ရွှမ်ပေါင်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။သူက ပိန်ပိန်ပါးပါးပင်။ သို့သော် သူ့ထံမှ ကောင်းကင်ဘုံသားတစ်ယောက်၏ အော်ရာကို ပေးစွမ်းနေ၏။သူ့မျက်လုံးတို့က နက်ရှိုင်းတောက်ပလှသည်။
သူက အစစ်အမှန်အကြီးအကဲတစ်ယောက်၏ ပုံပန်းသွင်ပြင် ရှိနေသူပင်။ရယ်မောသံနှင့်အတူ သူက အပြာရောင်ဝတ်စုံနှင့်အမျိုးသမီး ဘေးတွင် ပေါ်လာခဲ့၏။
ထိုအမျိုးသမီးက ညင်သာစွာ နှုတ်ဆက်သည်။ “ဂျူနီယာက ဆရာဦးလေးကို နှုတ်ဆက်ပါတယ်…”
ရွှမ်ပေါင်က အကွာအဝေးတစ်ခုရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများကို ကြည့်၏။ သူက ရယ်မော၍ ဆို၏။ “ကောင်မလေး…နင့်ဆရာက ဒီတိုက်ပွဲအတွက် နင့်ကို ဦးဆောင်ခိုင်းထားတယ်။ လူတိုင်း နင့်စကား နားထောင်ရလိမ့်မယ်။ သူက ဒီနေရာကို တိုက်ပွဲကွင်းပြင်အဖြစ်တောင် ရွေးချယ်ထားခဲ့သေးတယ်။ ဒီလိုကံကောင်းမှုမျိုးက မကြာခဏ ရနိုင်တဲ့ အရာ မဟုတ်ဘူး…”
ရွှမ်ပေါင်က သည်တိုက်ပွဲနှင့် ပတ်သတ်၍ ဂရုမစိုက်သည့်ပုံ ဖြစ်ပေါ်နေ၏။ သူက လမြွေနဂါးကို တွေ့မြင်သည့်အခါတွင်သာ မျက်မှောင်ကြုတ်ခဲ့၏။ သည့်နောက် သူက အဓိပ္ပာယ်ပါသောအပြုံးတစ်ခုကို ပြုံးသည်။
***