အေးစက်စက်လေသည် ကြယ်များကြား၌ ရိုက်ခတ်နေ၏။မရေမတွက်နိုင်သော စိတ်ဝိညာဉ်များသည် သည်ဧရိယာ၌ ဟိုဒီသွားလာနေကြ၏။ မကျေမချမ်းမှုမှာ ဤဧရိယာတွင် မွန်းစတားဆန်လှသည်။ဝမ်လင်းသည် ဘေးတစ်ဖက်ကနေ တည်ငြိမ်စွာ စူးစမ်းကြည့်နေ၏။ သူသည် ဆန်းကြယ်လက်နက်နှင့် ပတ်သတ်၍ ဉာဏ်အလင်းအချို့ ရရှိခဲ့ပြီး ဖြစ်သည်။
သူ့ညာလက်ကို ပင့်မြှောက်ကာ အထက်သို့ ညွှန်၏။ ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာကာ စိတ်ဝိညာဉ်အားလုံး ၎င်းဝဲကတော့ထဲသို့ စုပ်သွင်းခြင်း ခံလိုက်ရသည်။ ခြားနားသည်က သွေးဘိုးဘေးတစ်ယောက်သာ ဖြစ်၏။ သူ့မျက်လုံးသည် အနီရောင်တောက်ပကာ သူသည် ဝဲကတော့ထဲသို့ ဝင်ရောက်သွားခြင်းမရှိိဘဲ ဝမ်လင်းရှိရာသို့ ဟစ်ကြွေး၍ တိုးဝင်လာလေ၏။
ဝမ်လင်း၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်ဖြတ်ပြေးသွားသည်။ဝမ်လင်းက သူ့ညာလက်သီးကို ဆုပ်ကာ လက်သီးတစ်လုံး ပစ်သွင်း၏။
ထိုအခါ သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်သည် ခဏတာတုန့်ဆိုင်းသွား၏။ ထိုတုံ့ဆိုင်းသွားမှုကို အသုံးချကာ ဝမ်လင်းသည် ကောင်းကင်ဘုံမူလစွမ်းအင်များ ပိုသုံးစွဲ၍ ဝဲကတော့အရှိန်ကို မြင့်စေသည်။၎င်း၏ စုပ်အားက ပို၍ တိုးလာ၏။ သွေးဘိုးဘေး၏ စိတ်ဝိညာဉ်သည် အလိုမတူဟန်ငြင်းဆန်ရင်း ဝဲကတော့ထဲသို့ ပြန်စုပ်ယူခြင်း ခံလိုက်ရချေသည်။
ကြယ်များကြားရှိိ ဝဲကတော့သည် အလင်းတန်းတစ်ခုအသွင်ပြောင်း၍ ဝမ်လင်း၏ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။ ငရဲဆယ့်ရှစ်ထပ်အလွှာ၏ ဆယ့်သုံးခုမြောက်အလွှာတွင် ခုချိန်၌ နောက်ထပ်စိတ်ဝိညာဉ်တစ်ခု ရှိလာခဲ့လေပြီ။
ထိုစိတ်ဝိညာဉ်မှာ ဆယ့်သုံးခုမြောက်အလွှာတွင် ရှိနေသော်လည်း ထိုအလွှာ၏ အထွတ်အထိပ်၌ တည်ရှိ၏။ သူက ကျိုးထျန်ပင်။
ကျိုးထျန်ကို သတ်ပြီးသည့်နောက် ဝမ်လင်းသည် ရှီဇီဖန်ကို တည်ငြိမ်စွာ ကြည့်၏။ ထို့နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းရင်း သူ့လမ်းအတိုင်း ဆက်သွားတော့သည်။ ထာရှန်နှင့်ခေါင်းကြီးကောင်လေးတို့သည် သူ့နောက်ကနေ လိုက်လာ၏။
လိုင်ဂျီမှာလည်း ဝမ်လင်းနောက်သို့ အလျင်အမြန် လိုက်ပါလာတော့၏။
ရှီဇီဖန်သည် စဉ်းစားနေရင်း သူမသည်လည်း လိုက်ပါလာသည်။
သူတို့သည် သွားလာနေရင်း ဝမ်လင်းက စဉ်းစားနေမိ၏။
“အလုံးစုံကောင်းကင်နဲ့ မဟာမိတ်တို့ကြား တိုက်ပွဲအရှိန် မြင့်လာခဲ့ပြီ။ငါက အလုံးစုံကောင်းကင်ရဲ့ ကျင့်ကြံသူတွေကြားမှာ ပိုကောင်းကျိုးဆောင်နိုင်ပေးဖို့ လိုတယ်။ ဒီလိုမှသာ ငါ ရှေ့ဖြစ်ဟောသူ၊ဒါမှမဟုတ် ရှေးဟောင်းနတ်ဘုရားနယ်မြေက လွတ်မြောက်လာမယ့် တာ့ဆန်တို့နှင့် တွေ့ခဲ့ရင် အရှင်မီးတောက်က ကူညီကောင်း ကူညီလိမ့်မယ်…”
ဝမ်လင်း၏ မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်သည်။ သို့ရာတွင် သူသည် အလုံးစုံကောင်းကင်က မဟာမိတ်အဖွဲ့ကို လာရောက်တိုက်ခိုက်ခြင်းနှင့် ပတ်သတ်၍ အထင်အမြင်ကောင်း ရှိလှသည်တော့ မဟုတ်ပါ။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ အလံတစ်ခုကို ထုတ်ယူ၏။
ထိုအလံပေါ်၌ ကျားပျံပုံတစ်ခု ရှိနေ၏။ ဝမ်လင်းသည် အလံကို ပင့်မြှောက်လိုက်စဉ် ကျားပျံသည် တဟုန်ထိုး ထါက်၍ ကြာများကြား၌ ဟိန်းသံပေးသည်။
ကျားပျံအလံသကို အသက်ဝင်စေ၊ကျားပျံကို ထုတ်လွှတ်ခြင်းသည် ဝမ်လင်းမှာ သူ့ရပ်တည်မှုကို ပြသသည်ဟု ဆိုလို၏။ သူသည် ရွှေ့လျားနေရင်း အကွအဝေးတစ်ခု၌ ဓားအလင်းတန်းစွမ်းအင်များ ဖြစ်ပေါ်နေ၏။ ထိုနေရာ၌ အုပ်စုနှစ်ခု တိုက်ခိုက်နေကြ၏။ အလုံးစုံကောင်းကင်ဘက်ခြမ်းမှ အရေးနိမ့်နေသည်မှာ သိသာသည်။
အခြားတစ်ဖက်မှာမူ သက်ဖြတ်ခြင်းတို့ ပြည့်နှက်ကာ မန္တာန်များ ဆက်တိုက် ဖော်ဆောင်နေ၏။ ခဏအကြာတိုင်း အလုံးစုံကောင်းကင်မှ ကျင့်ကြံသူတစ်ယောက် သေဆုံးသွားနေရသည်။
အလုံးစုံကောင်းကင်ဘက်မှ ကျန်နေသေးသည့် ကျင့်ကြံသူ ခုနစ်ယောက်၊ရှစ်ယောက်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နေ၏။ သူတို့သည် အစောပိုင်း တုန်ခါမှုလှိုင်းကြောင့် ဒဏ်ရာ ရထားခဲ့သေးသည့်အတွက် ထွက်ပြေးနိုင်ဖို့ပင် ခြေကုန်လက်ပန်းကျနေ၏။
ဤအခိုက်၌ ကျားဟိန်းသံ တစ်ခု အကွာအဝေးတစ်ခုကနေ ထွက်ပေါ်လာ၏။ အားကောင်းသော နတ်ဘုရားအာရုံ ပျံ့နှံ့လာသည်။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် မင်သက်သွားကြ၏။ သည့်နောက် သူတို့သည် နောက်လှည့်ကြည့်ရာ အင်မတန် ပျော်ရွှင်သွားတော့၏။
“မိုးကြိုးကောင်းကင်ဘုံသား ရှုမူ…”
“ဒါက မိုးကြိုးကောင်းကင်ဘုံသား ရှုမူပဲ…”
မဟာမိတ်မှ ကျင့်ကြံသူများသည် သူတို့၏အကြီးအကဲများထံမှ သတင်းရခဲ့ပြီး ဖြစ်၏။ ထိုကျင့်ကြံသူများထဲမှ တစ်ယောက်သည် ရှုမူအကြောင်း သိထားခဲ့သည်။
သူ့အသွင်က ပြောင်းလဲသွား၏။ သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။သူသည် နောက် ချက်ခြင်းဆုတ်ကာ အော်ပြော၏။
နောက်တနေရာတွင် ကျင့်ကြံသူသုံးယောက် တိုက်ခိုက်နေကြ၏။ ထိုတိုက်ပွဲမှာ ဘက်မျှနေသည်။ သုံးယောက်လုံးမှာ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ အလုံးစုံကောင်းကင်ဘက်ခြမ်းမှ ကျင့်ကြံသူနှစ်ယောက်က မဟာမိတ်မှ ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နေခြင်းပင်။ မဟာမိတ်ကျင့်ကြံသူက ကြမ်းတမ်းလှ၏။ သူသည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရချိန်မှာပင် တည်ငြိမ်နေသည်။
ထိုအခိုက်၌ ကျားဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူတစ်ယောက်သည် သူ့နတ်ဘုရားအာရုံကို သတိထား၍ ဖြန့်ကျက်ကြည့်သည်။သူက ချက်ခြင်း မင်သက်သွားသည်။
“ရှုမူ…” သူက ရှုမူကို သိရုံတင်မက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ ဝမ်လင်း(ရှုမူ)က သူ့အား ကယ်တင်ပေးခဲ့သေးသည်။
မဟာမိတ်မှ ကျင့်ကြံသူသည်လည်း အံ့အားသင့်သွား၏။ ရှုမူ ဆိုသည့် နာမည်မှာ သူ့အတွက် ရင်းနှီးနေ၏။ အနည်းငယ် စဉ်းစားကြည့်ပြီးနောက် သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။
မဟာမိတ်အဖွဲ့အစည်းကြီးသည် သူ့ကလန်သို့ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများအကြောင်း ပို့ထား၏။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကို သူတို့သည် အဆင့်ခုနစ်ဆင့် ခွဲထားသည်။ အဆင့်တစ်သည် အားအနည်းဆုံး ဖြစ်၍ အဆင့်ခုနစ်သည် အားအကောင်းဆုံးပင်။
သည်က ရှုမူ၏ အဆင့်သည် အဆင့်ငါးတွင် ရှိကြောင်း မှတ်မိသွားသည်။
သူက ချက်ခြင်း နောက်ဆုတ်သည်။
လမ်းတစ်လျှောက်၌ ဝမ်လင်းသည် ကျင့်ကြံသူမြောက်များစွာနှင့် တွေ့ဆုံခဲ့၏။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် ဝမ်လင်းနှင့်ကျားပျံကို တွေ့မြင်သည့်အခါ ချက်ခြင်း ချဉ်းကပ်လာကြ၏။
“မိုးကြိုးကောင်းကင်ဘုံသားကို နှုတ်ဆက်ပါတယ”် ဟူသော အသံများသည် ဝမ်လင်းထံသို့ ဦးတည်နေ၏။
အနောက်ပိုင်းနယ်မြေ ပျက်စီးသွားမှုက အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများစွာကို ထိတ်ပျာ ကြောက်လန့်သွားစေသည်။ အများအပြားလည်း သေဆုံးခဲ့ရသည်။ ကျန်သည့်သူများလည်း တကွဲတပြား ထွက်ပြေးခဲ့ရသည်။
တချိန်တည်းမှာ မဟာမိတ်မှ ကျင့်ကြံသူများ ထွက်ပေါ်လာမှုက အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ၏ အခြေအနေကို ပိုဆိုးစေသည်။ ခုချိန်၌ ဝမ်လင်း၏ ကျားပျံအလံမှာ သူတို့၏ စိတ်နှလုံးအတွက် မှီခိုအားထားရာပင်။
ဝမ်လင်း၏ ရည်ရွယ်ချက်သည်လည်း အရင်နှင့် မတူတော့ပေ။သူသည် နှစ်ဖက်တိုက်ခိုက်နေကြသည်ကို တွေ့ကြုံသည်နှင့် ချက်ခြင်း တိုက်ခိုက်တော့၏။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် ဝမ်လင်းပတ်လည်၌ စုစည်းမိလာကြသည်။
ထိုသူများသည် ကြီးမားသည့်၊အားကောင်းသည့် စွမ်းအားအစုအဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။များသောအားဖြင့် ဝမ်လင်းသည် ကိုယ်တိုင် လှုပ်ရှား တိုက်ခိုက်ခြင်း မပြုပေ။သူ့နောက်ရှိ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကသာ ရှေ့သို့ ထိုးထွက်၍ ရန်သူကို ဖျက်စီးပစ်ကြသည်။
အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ ပိုပို၍ ဝမ်လင်းအနားတွင် စုစည်းမိလာကြသည်။ သူတို့၏ ခြေထောက်အောက်ရှိ ဓားစွမ်းအင်များသည် အနောက်ပိုင်းနယ်မြေ၌ ဧရာမဓားကြီးတစ်လက် ထိုးစိုက်သွင်းထားသကဲ့သို့ ဖြစ်စေသည်။
အနောက်ပိုင်းနယ်မြေ၌ ဝမ်လင်း၏ကျင့်ကြံသူအုပ်စု တစ်ခုတည်းသာ မဟုတ်ပေ။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များ၊ အခြား ကောင်းကင်ဘုံသား (၁၀၈)ယောက်၊ အချို့ကျင့်ကြံခြင်းမိသားစုများသည်လည်း အလားတူ စုဖွဲ့မိနေကြ၏။
သို့သော် ဝမ်လင်း၏အဖွဲ့သည် လူအများဆုံး ဖြစ်၏။
သူက ရှေ့သို့ ဆက်သွားနေရင်း ပိုပိုများသည့်လူများက လာရောက် ချိတ်ဆက်ကြ၏။ ဟင်းလင်းပြင်ထဲ၌ ဓားပျံသံများ၊ကျားပျံဟိန်းသံတို့မှာ ဆက်လက်၍ ပျံ့နှံ့နေသည်။
ဝမ်လင်း၏ ဂုဏ်သတင်းမှာ ခပ်မြန်မြန်ပင် အမြင့်တစ်ခုသို့ ရောက်ရှိသွားသည်။
ဝမ်လင်းနှင့် ကျင့်ကြံသူအုပ်စုသည် အနောက်ပိုင်းနယ်မြေ ဗဟိုချက်သို့ တိုးဝင်လာနေ၏။ ရုတ်တရက် ဟင်းလင်းပြင်သည် ထူဆန်းလှစွာ စတင် ကျုံ့လာသည်။လှိုင်းတွန့်များသည် အကွာအဝေးတစ်ခုကနေ အရူးအမူး ပေါ်ထွက်လာသည်။
ထိုလှိုင်းများအတွင်း၌ လူတစ်ယောက်စိတ်ကို တုန်ခါစေနိုင်သည့် အော်ရာတစ်ခု ရှိ၏။ဝမ်လင်းပတ်လည်ရှိ ကျင့်ကြံသူများအောက်မှ ဓားအလင်းတန်းများပါ မတည်မငြိမ် ဖြစ်လာရသည်။
ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်သည်။ သူ့စိတ်ခွန်အားဖြင့်ပင် သူသည် တုန်လှုပ်မိရသည်။
ပေါက်ကွဲသံများ မြည်ဟိန်းနေ၏။ အကွာအဝေးတစ်ခု၌ ပေတစ်သိန်း ရှည်လျားသော သစ်သားပိုင်းသည် အံ့မခန်းအားကို ဆောင်ကြဉ်းလာသည်။ သာမန်ကျင့်ကြံသူတစ်ယောက်သည် ထိုသစ်သားပိုင်းကြီးမှ သယ်ဆောင်လာသည့်အားကြောင့် တုန်လှုပ်သွားရမည်။
ထိုသစ်သားပိုင်းကြီး၏ ပတ်လည်၌ မရေမတွက်နိုင်သော အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ ရှိနေကြ၏။သူတို့သည် အားကောင်းသော သတ်ဖြတ်ခြင်းဆန္ဒကို ပေးစွမ်းနေကြသည်။ ဝမ်လင်းသည် အလွန်လှမ်းသည့်နေရာကပင် သွေးနံ့ကို ရရှိ၏။ထိုအဖြစ်က သူ့ကို တုန်လှုပ်မိစေသည်။
ထိုသစ်သားပိုင်းကြီး၏ လက်ချက်ကြောင့် လူပေါင်းမြောက်များစွာ သေဆုံခဲ့ရပြီး ဖြစ်မည်မှာ သိသာလှသည်။
ဝမ်လင်းသည် ထိုသစ်သားပိုင်းကြီးကို အရင်က လုံးဝ မမြင်တွေ့ခဲ့ဖူးချေ။ သူသည် ၎င်းကို တချက်မျှ ကြည့်မိရုံဖြင့် တုန်လှုပ်မှုကို ခံစားရသည်။ သူသာ ၎င်းသစ်သားပိုင်းကြီးနှင့် ထိမှန်ပါက ဒဏ်ရာ ပြင်းထန်စွာ ရမည်ကို သိနေ၏။အနည်းငယ် ဂရုမစိုက်မိပါက သူ့အသက်ပင် ဆုံးရှုံးသွားနိုင်သည်။
ထိုသစ်သားပိုင်းကြီးက ဝမ်လင်း၏ စိတ်ကို တုန်လှုပ်မိစေသော်လည်း ၎င်းက သူ့အား မင်သက်သွားစေခြင်းတော့ မဟုတ်ပါ။ ဝမ်လင်းကို အမှန်တကယ် မင်သက်သွားစေသည်က ထိုသစ်သားပိုင်းကြီးနောက်မှ အရာ ဖြစ်နေ၏။
လမြွေနဂါး…။
လမြွေနဂါးကြီး၏ ဧရာမခန္ဓာကိုယ်ကြီးသည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအလား။ ၎င်း၏ မရေမတွက်နိုင်သော လက်တံများမှာ ၎င်း ပတ်လည်၌ ဝေ့ယမ်းလျက် ရှိနေကြသည်။ ၎င်း၏ ဆက်တိုက် ဒေါသဖြင့် ဟိန်းသံများသည် ကြယ်များကြား၌ ပဲ့တင်ထပ်နေသည်။
ဝမ်လင်းသည် ထိုလမြွေနဂါးကြီးကို တွေ့မြင်သည့်အခိုက်၌ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ ထိုတုန်ယင်မှုမှာ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခြင်း ဖြစ်နေသည်။
***