ရှီဇီဖန်သည် သူမ၏ အောက်နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ထား၏။ မူလက သူမသည် မဟာမိတ်ကြယ်အဖွဲ့အစည်းထံသို့ သူမ၏ မိသားစုနှင့်အတူ လာခဲ့ခြင်းပင်။ သို့သော် သူမသည် အစောပိုင်း ဂြိုဟ်များ ပြိုကျမှု၏ သက်ရောက်မှုကြောင့် အဝေးသို့ လွင့်စင်သွားခဲ့ရသည်။
ထို့အတွက် သူမ မိသားစုနှင့် ကွဲကွာလာခြင်း ဖြစ်သည်။သူမသည် သူမကိုယ်သူမ တည်ငြိမ်အောင် ပြုလုပ်နိုင်ပြီးသည့်နောက် သူမတွေ့မြင်ရသည့်က သတ်ဖြတ်ခြင်းနှင့်ပြည့်နေသည့် ငရဲတစ်ခုပင် ဖြစ်တော့၏။
ရှီဇီဖန်၏အလှသည် မဟာမိတ်မှ ကျင့်ကြံသူများကို စွဲဆောင်ခဲ့၏။ အချို့လူများသည် သူမနောက်သို့ ချက်ခြင်း လိုက်လံတော့သည်။
ဇီရှီဖန်က အံတင်းတင်းကြိတ်ကာ ထွက်ပြေးနေရင်း စိုးရိမ်ပူပန်နေ၏။သည့်အပြင် သူမသ်ည အစောပိုင်း ဖိသိပ်မှုအားကြောင့် ဒဏ်ရာရထားသေး၏။ သူမက မြန်ဆန်စွာ ထွက်ပြေးရသည့်အတွက် သူမ ဒဏ်ရာများမှာ ပိုဆိုးလာတော့သည်။
သက်လတ်ပိုင်းလူသည် နှာခေါင်းရှုံ့ကာ သူ့သိုလှောင်အိတ်ထဲမှ ရွှေရောင်အပ်တစ်ချောင်းကို ထုတ်ယူသည်။သူက ထိုအပ်ကကို ဇီရှီဖန်ထံသို့ တန်းတန်းမတ်မတ် ပစ်လွှတ်သည်။
“အလုံးစုံကောင်းကင်က ကျင့်ကြံသူအမျိုးသမီး မင်းက ငါ့ရဲ့ ဆယ့်ကိုးယောက်မြောက် ကျင့်ကြံခြင်းကိုယ်လုပ်တော် ဖြစ်လာစေရမယ်။ ဟားဟား…အလုံးစုံကောင်းကင်က အမျိုးသမီးကို အရင်တုန်းက လုံးဝ အရသာမခံဖူးဘူး…” သက်လတ်ပိုင်းလူက ရယ်မောရင်း သူ့အောက်ရှိ ဓားပျံသည် ပိုမြန်ဆန်လာ၏။
ရွှေရောင်အပ်သည် သူမ၏ နောက်ကျောသို့ ဖောက်ထွင်းခါနီး၌ ဇီရှီဖန်သည် နောက်လှည့်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ ငွေရောင်အလင်းတန်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားပြီး ရွှေရောင်အပ်ကို ရပ်တန့်စေရန် ရည်ရွယ်သည်။
သို့ရာတွင် ထိုရွှေရောင်အပ်မှာ အားကောင်းလှ၏။ ၎င်းက ငွေရောင်အလင်းတန်းနှင့် ထိမိသည့်အခါ ရှီဇီဖန်သည် ပြင်းထန်သောဖိအားကို ခံစားရ၏။ထို့နောက် သူမသ် သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားရသည်။
သူမ၏ မျက်နှာမှာ သွေးရောင်ပင် မရှိတော့ပါ။
သက်လတ်ပိုင်းလူသည် ရယ်မောရင်း မြန်ဆန်စွာ နီးကပ်လာနေသည်။သိုသော် သူက ရှီဇီဖန်ကို ဖမ်းမိခါနီး၌ အေးစက်စက်အသံတစ်ခု မြည်ဟိန်းလာ၏။
“နောက်ဆုတ်စမ်း…”
ရိုးရှင်းသော စကားနှစ်ခွန်းသာ။ သို့သော် သက်လတ်ပိုင်းလူအဖို့ ထိုစကားသံသည် သူ့နားထဲသို့ မိုးကြိုးသောင်းချီ တပြိုင်နက်တည်း ပစ်ချခံလိုက်သည့်အလား သူ့စိတ်သည် တုန်ယင်သွားရသည်။ သက်လတ်ပိုင်းလူ၏ ကျင့်ကြံမှုအဆင့်မှာ မြင့်မားလှခြင်း မရှိဘဲ ရှီဇီဖန်ထက် အနည်းငယ်မျှသာ မြင့်မားသည်။
သည်အခိုက်အတန့်၌ သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားရင်း သူ့နှလုံးခုန်သံသည် ခုန်ပေါက်နေချေ၏။
ထိုအသံသည် သူ့ကို ချက်ခြင်းဖြူရောစေကာ သွေးအန်ထုတ်စေ၏။
သူက နောက်သို့ အလိုလို ဆုတ်မိသည်။ သည်အခိုက်၌ သက်လတ်ပိုင်းလူ၏ နှလုံးသားထဲ၌ လှိုင်းထန်နေချေသည်။သူ့ထံ၌ အတောမသပ်နိုင်သည့် ကြောက်ရွှံ့မှုတို့ ပြည့်နေ၏။
သူက သူ့ခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင်သကဲ့သို့ ခံစားမိ၏။
သူ့အဖို့ အခုလိုမျိုး ပထမဆုံးအကြိမ်အဖြစ် ခံစားဖူးခြင်းပင်။ကြောက်ဖို့ကောင်းလိုက်ခြင်း။ သူသည် နောက်သို့ ဆုတ်နေရသော်လည်း တစက်မှ မခုခံဝံ့ချေ။
ထို သက်လတ်ပိုင်းလူတစ်ယောက်သာ မဟုတ်။ ဇီရှီဖန်နောက်သို့ လိုက်လာသည့် အနားပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ပို၍ပင် အခြေအနေဆိုးသေးသည်။
သူတို့အားလုံးသည်လည်း နောက်သို့ အတင်းဆုတ်ရ၏။ သူတို့နောက်ဆုတ်နေရင်းမှာပင် ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာကာ သေဆုံးသွားကြရသည်။
သူတို့၏မူလစိတ်ဝိညာဉ်များပင် လွတ်မြောက်ခြင်း မရှိိပေ။
ထို့အပြင် သူတို့၏စိတ်ဝိညာဉ်များမှာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ လေဟာနယ်ထဲကနေ အတင်း ပြန်ထွက်လာရ၏။ထို သေဆုံးသွားသူများ၏ စိတ်ဝိညာဉ်များသည် အနက်ရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ငရဲအလွှာဆယ့်ရှစ်ထပ်အတွင်း၌ ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။
ဖြစ်ပျက်သမျှသည် မြန်ဆန်လှ၏။ ဇီရှိဖန်သည် မင်သက်နေမိသည်။ သူမ သတိပြန်ဝင်လာသည့်အခါ၌ သူမထံသို့ လျှောက်လှမ်းလာသော ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။
ဝမ်လင်းသည် တည်ငြိမ်စွာ ခပ်ဝေးဝေးသို့ မြန်ဆန်စွာ ဆုတ်ခွာနေသည့် ကျင့်ကြံသူတော်တော်များများကို တည်ငြိမ်စွာသာ ကြည့်နေ၏။ စောနက သူ ပြောခဲသည့် ထွက်သွားစမ်း ဟူသော စကားနှစ်ခွန်းထဲ၌ ဥပဒေ၏ အရိပ်အမြွက် ပါဝင်နေခဲ့သည်။ထိုအခါ ၎င်းစကားသည် စိတ်ဆန္ဒအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့် ဥပဒေသ ဖြစ်သွားခဲ့ခြင်းပင်။
သက်လတ်ပိုင်းလူကြီး၏ မျက်လုံးထဲ၌ ပင့်သက်ရှိုက်မိခြင်း၊အံ့အားသင့် ကြောက်ရွှံ့တုန်လှုပ်ခြင်းတို့ ဖြစ်ပေါ်နေ၏။သူ့အား အသံဖြင့်ပင် သွေးအန်သွားစေသည့် ထိုသူမှာ အလုံးစုံကောင်းကင်မှ စွမ်းအားပြည့်ဝသူများထဲမှ တစ်ယောက်ဖြစ်နေဖို့ ကျိန်းသေနေသည်။
သို့သော် သူက အသံမထွက်နိုင်ခင်မှာပင် နောက်ဆုတ်နေရင်း သူ့ခန္ဓာကိုယ်သည် ပျက်စီးကာ သေဆုံးသွားခဲ့ရသည်။
သက်လတ်ပိုင်းလူ၏ မူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာပြီး မြန်ဆန်စွာ လွင့်ပါးနေ၏။ ၎င်းမူလစိတ်ဝိညာဉ် သေဆုံးခါနီး၌ မိန်းမဆန်သော အသံတစ်ခု လေဟာနယ်ထဲကနေ ထွက်ပေါ်လာချေသည်။
“သင်က အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံသား ရှုမူ ဖြစ်ဖို့ အမှန် ထိုက်တန်ပါပေတယ်…” ထိုအသံ ထွက်ပေါ်လာသည့်အခိုက်၌ အကွာအဝေးတစ်ခုရှိ ကြယ်များကြားကနေ လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုသူမှာ သတ်လတ်ပိုင်းအရွယ်ရှိ၍ ဝါကျင့်ကျင့် မျက်နှာ ပိုင်ဆိုင်ထားသည်။သူ့နောက်၌ မရေမတွက်နိုင်သော အနက်ရောင်အရိပ်များလည်း ရှိနေသည်။
ထိုသူမှာ လက်ခြောက်ချောင်းကျင့်ကြံသူပင်။
လက်ခြောက်ချောင်းကျင့်ကြံသူ ထိုသို့ စကား ဆိုလာသည်နှင့် သက်လတ်ပိုင်းလူ၏မူလစိတ်ဝိညာဉ်သည် ဝမ်လင်း၏ စိတ်ဆန္ဒကနေ လွတ်မြောက်သွား၏။ထိုမူလစိတ်ဝိညာဉ်မှာ လွင့်ပြယ်ခြင်း ရပ်တန့်ကာ ထွက်ပြေးတော့သည်။မူလစိတ်ဝိညာဉ် တစ်ဝက်ကျော် လွင့်ပြယ်ပျောက်ကွယ်သွားပြီ ဖြစ်သည့်အတွက် ၎င်းမူလစိတ်ဝိညာဉ်သည် အလွန်အားနည်းနေလေပြီ။
ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ လေပြင်းတခု သူ့ရှေ့၌ ပေါ်လာပြီး မြောက်များစွာသော ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်များသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသည်။၎င်းဓားချက်က ထွက်ပြေးနေသော မူလစိတ်ဝိညာဉ်နောက်သို့ လိုက်ပါသွား၏။
လက်ခြောက်ချောင်းကျင့်ကြံသူ၏ မျက်နှာပေါ်၌ ထူးဆန်းသောအပြုံးတစ်ခု ပေါ်လာ၏။ သူက သူ့ညာလက်ကိုလည်း ဆန့်ထုတ်သည်။ သူ့နောက်ရှိ ခြုံလွှာလို့ ဖြစ်ပေါ်နေသော အနက်ရောင်အရိပ်များသည် ဝမ်လင်း၏ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ထံသို့ တိုးဝင်သွားသည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်နှင့် အရိပ်များသည် ထွက်ပြေးနေသော မူလစိတ်ဝိညာဉ် ဘေးနား၌ ထိပ်တိုက်တွေ့၏။ ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားသည်။ဝမ်လင်းသည် ဥပဒေသ၌ ဉာဏ်အလင်းအမျှင်တန်းတစ်ခုကို ရရှိလာခဲ့သည့်နောက် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်၏ စွမ်းအားသည် များစွာ တိုးတက်လာခဲ့သည်။
တကယ်တော့ ဝမ်လင်းသည် ဥပဒေကို နားမလည်ခဲ့ခင်က ၎င်းဓားချက်ကို အပေါ်ယံအသိဖြင့်သာ အသုံးပြုခဲ့သည်။ထို့ကြောင့် ထိုဓားချက်၏ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်ခဲ့ပေ။ သို့သော် ခုချိန်၌ ခြားနားသွားခဲ့လေပြီ။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်နှင့် ထိတွေ့မိသည့် အရိပ်များသည် ချက်ခြင်း ပျက်စီး ပျောက်ကွယ်ရ၏။
မျက်စိတတစ်မှိတ်အတွင်း အရိပ်များအားလုံး ပျောက်ကွယ်သွားပြီး ဓားချက်သည် မူလစိတ်ဝိညာဉ်ထံသို့ တန်းမတ်စွာ ဝင်ရောက်သွား၏။
လက်ခြောက်ချောင်းကျင့်ကြံသူ၏အသွင်သည် ပြောင်းလဲသွား၏။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ရှေ့သို့ လှမ်းလာသည်။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ သူ့နောက်ရှိ အရိပ်များသည် သိပ်သည်းသွားသည်။ ချက်ခြင်းပင် ၎င်းအရိပ်များသည် အနက်ရောင်အလုံးငယ်တစ်ခုအဖြစ်သို့ ပေါင်းစပ်သွား၏။
ထိုအလုံးငယ်ထံမှ ထွက်ပေါ်လာသည့် အော်ရာမှာ လူတစ်ယောက်၏စိတ်ကို တုန်ခါစေနိုင်သည်။၎င်းအော်ရာသည် သည်ဧရိယာကို ခြုံလွှမ်းလာ၏။ အနက်ရောင်အလုံးသည် မြန်ဆန်လှသည့်နှုန်းဖြင့် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်ထံသို့ တိုးဝင်သွား၏။
လက်ခြောက်ချောင်းကျင့်ကြံသူက ရယ်မောကာ သူ့ညာလက်ကို ဝှေ့ယမ်းသည်။ပြင်းထန်သော ဖိအားတစ်ခုမှ မူလစိတ်ဝိညာဉ်ဘေးနား၌ ပေါ်လာ၏။ မူလစိတ်ဝိညာဉ်သည် ချက်ခြင်း အဝေးသို့ ရောက်ရှိသွား၏။မျက်စိတစ်မှိတ်အတွင်း ၎င်းမူလစိတ်ဝိညာဉ်သည် ကြယ်များကြား၌ ပျောက်ကွယ်သွားလုနီးပါးပင်။
“ဘယ်သူကမှ ငါ စိတ်ဝိညာဉ်အစေခံ ကျိုးထျန် ကယ်တင်ချင်တဲ့ လူကို မသတ်နိုင်ဘူး…”
ဝမ်လင်း၏အသွင်သည် အေးဆေးပင်။ သူက ကျိုးထျန်ကို ကြည့်ပင်မကြည့်ပေ။ သူသည် သူ့ဘယ်လက်ကို မြှောက်ကာ ခြေတစ်လှမ်းလှမ်၏။ သည့်နောက် သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာရင်း ပျောက်ကွယ်သွားလေ၏။
ထိုမြင်ကွင်းမှာ ကျိုးထျန်ကို မင်သက်စေသည်။သို့သော် သူ့မျက်လုံးသည် ချက်ခြင်း ကျဉ်းမြောင်းသွား၏။
အကွာအဝေးတစ်ခု၌ ပျော်ရွှင်နေသော မူလစိတ်ဝိညာဉ်တစ်ခု ရှိနေ၏။ ၎င်းက ကြယ်များကြားထဲသို့ တဟုန်ထိုး ဝင်ရောက်ရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်းသည် လေထုထဲနေ လှမ်းထွက်လာကာ သူ့ညာလက်ဖြင့် လက်သီးချက် တစ်ချက် ထုတ်ဖော်၏။
“ပျက်စီးစမ်း…”
ဝမ်လင်း ထိုသို့ ပြောလိုက်သည်နှင့် ထိုမူလစိတ်ဝိညာဉ်မှာ ချက်ခြင်း အပြင်းအထန် တုန်ယင်သွား၏။ထိုမူလစိတ်ဝိညာဉ်မှာ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့် မုန်ုတိုင်းအတွင်း၌ ပျောက်ကွယ်သွားရတော့၏။
ကျိုးထျန်၏မျက်လုံးတို့သည် ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း တောက်ပလာ၏။ သူ့မျက်လုံးထဲရှိ ထူးဆန်းမှုသည်လည်း ပို အားကောင်းလာသည်။သူ့ညာလက်ကို ပင့်မြှောက်ကာ သည်အဖြစ်အပျက်များကို ကြည့်နေမိသော ရှီဇီဖန်ထံသို့ ညွှန်၏။
ကျိုးထျန်၏ နောက်မှ အရိပ်များစွာ ပျံသန်းထွက်လာရင်း ရှီဇီဖန်ထံသို့ တိုးဝင်လာပြန်သည်။
“မင်းက ဒီအမျိုးသမီးကို ကယ်ချင်တာလား။ ငါ ခွင့်မပြုနိုင်ဘူး…” ကျိုးထျန်၏ မိန်းမဆန်သော အသံသည် ထွက်ပေါ်လာရင်း အရိပ်များသည် ရှီဇီဖန်ပေါ်သို့ နီးကပ်လာ၏။
ရှီဇီဖန်၏မျက်နှာမှာ ဖြူရောသွားသည်။သူမက နောက်သို့ အမြန်ဆုတ်၏။
ကျိုးထန်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေ၏။ သူက ဝမ်လင်း၏ အသွင်ကို သေချာ ကြည့်နေသည်။ သို့သော် သူသည် ဝမ်လင်း၏မျက်နှာပေါ်၌ မည်သည့်ပျော်ရွှင်မှု၊ဒေါသ စသည့်ခံစားချက်များကို လုံးဝ မတွေ့ရပေ။ အစကနေ အဆုံးထိ ဝမ်လင်းသည် ကျိုးထျန်၏ လုပ်ဆောင်မှုများအား တည်ငြိမ်စွာသာ ကြည့်နေ၏။ဝမ်လင်း၏ အသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက ကျိုးထျန်ကို အေးစက်စွာ ကြည့်၍ ခြေတစ်လှမ်း လှမ်းသည်။
ကျိုးထျန်၏မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွား၏။ သူက ချက်ခြင်း နောက်သို့ ဆုတ်သည်။
လှိုင်းတွန့်များ ရှီဇီဖန်ဘေးနား၌ ရုတ်တရက် ပေါ်လာပြီး ဝမ်လင်း လှမ်းထွက်လာ၏။ သူက ထွက်ပေါ်လာသည်နှင့် လက်သီးချက် ပစ်သွင်းပြီး ဖြစ်သည်။အရိပ်တော်တော်များများသည် ချက်ခြင်း ပျက်စီးသွားသည်။
“မင်း သူမကို သတ်ချင်လဲ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါ့ ရှေ့မှာတော့ မရဘူး…”
ဝမ်လင်းစကားက ရိုးရှင်း၏။ သူက သူ့စကားဆုံးသည်နှင့် သူသည် ကျိုးထျန်ထံသို့ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် တရကြမ်း တိုးဝင်သွားတော့သည်။
ကျိုးထျန်က နှာခေါင်းရှုံ့၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ လေဟာနယ်ထဲသို့ ညွှန်သည်။သူ့နောက်ရှိ အရိပ်များစွာမှာ သူ့ရှေ့၌ အနက်ရောင်ပုဆိန်တစ်လက် အဖြစ် သိပ်သည်းသည်။ကျိုးထျန်က ၎င်းပုဆိန်ကို ကိုင်ဆွဲကာ ကြမ်းတမ်းစွာ ပစ်လွှတ်၏။
“စိတ်ဝိညာဉ်ဝါးမြိုခြင်း တစ်သောင်း” ကျိုးထျန်သည် ထိုသို့ အော်ဟစ်လိုက်သည့်အခါ ပုဆန်သည် ဝမ်လင်းထံသို့ တန်းမတ်စွာ ဝင်ရောက်သွားနေတော့၏။
ဝမ်လင်းသည် ခြေလှမ်းကာ လက်သီးတစ်လုံး ပစ်သွင်း၏။ ကျယ်လောင်စွာ ပေါက်ကွဲ၍ ၎င်းပုဆိန်မှာ ချက်ခြင်း ပျက်စီးပြီး အရိပ်များအဖြစ်သို့ ပြောင်းလဲသွာသည်။ထိုအရိပ်များသည် ပြန့်ကျဲပြီးနောက် ဝမ်လင်းထံသို့ ဘက်ပေါင်းစုံကနေ ဝင်ရောက်လာသည်။
ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သူက အထက်သို့ လက်ညွှန်၏။ ကီလိုမီတာငါးထောင်အတွင်းရှိ မိုးကြိုးများသည် ချက်ခြင်း သည်နေရာတွင် စုစည်းလာတော့၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် မိုးကြိုးကန်တစ်ခု ဖြစ်လာခဲ့ရသည်။
***