ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ မသေမျိုးသင်္ချိုင်း၏ ဆယ့်ခုနစ်ခုမြောက်အလွှာ။
ထာရှန်သည် ဆယ့်ရှစ်ခုမြောက်အလွှာထဲသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အင်မတန်ထည်ဝါသည့် အသံသည် ဆယ့်ခုနှစ်ခုမြောက်အလွှာအတွင်း၌ ပဲ့တင်ထပ်လာလေသည်။
“ဆယ့်ရှစ်ခုမြောက်အလွှာက ဝင်ရောက်ခွင့် မရှိဘူး…”
ထိုအသံသည် စွမ်းအားပြည့်ဝလှသည်။ ထာရှန်၏ ခန္ဓာကိုယ်သည် နောက်သို့ ပေဒါဇင်ချီကာ လွင့်စင်သွားသည်။သူက သွေးအန်ထုတ်လိုက်ရ၏။
ခေါင်းကြီးကောင်လေးသည်လည်း နောက်သို့ ဆုတ်လိုက်ရပေသည်။လိုင်ဂျီ၏ အမြင်သည် ဝေဝါးသွားကာ သူ့စိတ်သည် ဗလာကျင်းသွား၏။သူသည် နောက်သို့ ဆက်တိုက်ဆုတ်လိုက်ရသည်ကိုတော့ သိလိုက်သည်။
ယွမ်ချွဲဇီလည်း ထို့အတူပင်။သူက နောက်သို့ လွင့်စင်သွားပြီး နံရံတစ်ခုနှင့် ဝင်ဆောင့်၏။သူသည် သွေးအန်ထုတ်လိုက်ရသည်။
ဝမ်လင်း၏မျက်လုံးသည် အေးစက်သွား၏။ ထိုအသံပေါ်လာသည်နှင် သူ့မူလစွမ်းအင်ကို အသက်သွင်းလိုက်ပြီး ဖြစ်သော်လည်း သူလည်း နောက်သို့ ပေအနည်းငယ် ဆုတ်လိုက်ရပြီးမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်လိုက်နိုင်သည်။ သူ့မျက်နှာသည် ရှေ့တည့်တည့်သို့ ကြည့်နေရင်း ဖြူရောသွားလေ၏။
လေထဲ၌ လှိုင်းတွန့်တစ်ခုပေါ်လာရင်း ဟောင်လုံနှင့်တူသည့် ကျင့်ကြံသူအဘိုးအိုသည် လှမ်းထွက်လာ၏။ သူထွက်ပေါ်လာသည်နှင့် ရူးသွပ်ဖွယ်မြင့်မားလှသည့် အပူချိန်တစ်ခု ဖြစ်ပေါ်လာသည်။ ချက်ခြင်းပင် ပေါ်ထွက်လာသည်အက်ကြောင်းများအားလုံး ချိပ်ပိတ်ခြင်းခံရကာ ပွင့်ဟနေသည့် ဆယ့်ရှစ်ခုမြောက်အလွှာ၏ ဝင်ပေါက်သည် ပြန်လည် ပိတ်ဆို့သွားတော့သည်။
အဘိုးအိုကျင့်ကြံသူသည် ဒေါသထွက်နေခြင်း မရှိပါဘဲနှင့် ဖိအားတစ်ခုကို ပေးစွမ်းနေ၏။ လူတစ်ယောက်သည် သူ့ကို ကြည့်မိရုံဖြင့် သူ့ထံမှ ပြင်းထန်လှသောဖိအားကို ခံစားမိပေမည်။ သို့သော်လည်း ထိုအော်ရာမှာ ချက်ခြင်း ပျောက်ကွယ်သွားကာ ထိုအဘိုးအိုထံမှ ပို၍ အန္တရာယ်ရှိသော အငွေ့အသက်ကို ဝမ်လင်း ရရှိလေ၏။
သူ ထွက်ပေါ်လာသည်နှင့် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ ထာရှန်၊ယွမ်ချွဲဇီ၊ခေါင်းကြီးကောင်လေးနှင့် လိုင်ဂျိတို့သည် လေပြင်းတစ်ခုကို ခံစားမိလိုက်ကြရသည်။ သည့်နောက် သူတို့သည် ပျောက်ကွယ်သွားပြီးနောက် မသေမျိုးသင်္ချိုင်း၏ အပြင်ဘက်သို့ ပို့ဆောင်လိုက်ခြင်း ခံရသည်။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့နေရင်း သူ့စိတ်ထဲ၌ အတွေးမျိုးစုံ တဖျပ်ဖျပ် ပေါ်နေသည်။ ထိုကျင့်ကြံသူအဘိုးအိုမှာ သူကလွဲ၍ ကျန်သည့်သူအားလုံးကို အပြင်သို့ ပို့လွှတ်လိုက်ခြင်းပင်။ထို့ကြောင့် ထိုလုပ်ဆောင်မှု၌ လေးနက်မှုတစ်ခုခု ပါဝင်နေရပေမည်။ သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ ဝမ်လင်းသည် ချက်ခြင်း ဦးညွတ်၍ လေးစားစွာ ပြောသည်။ “ဟုန်ယွီကလန်ရဲ့ တပည့်ဝမ်လင်းက ကလန်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်…”
ကျင့်ကြံသူအဘိုးအိုက ဝမ်လင်းက ပြုံး၍ ကြည့်၏။သိုသော် ထိုအပြုံးက အပြုံးဟုလည်း မဆိုသာပေ။ သူက မေးလာ၏။ “ဘယ်သူက မင်းရဲ့ ကလန်ခေါင်းဆောင်လဲ…”
ဝမ်လင်းက ပုံမှန်အတိုင်း ပြောလိုက်၏။ “စီနီယာ ဝန်မခံလည်း ဒါဟာ ဂျူနီယာရဲ့အမှားလို့ပဲ ထားလိုက်ပါ…”
ကျင့်ကြံသူအဘိုးအိုက ရယ်မောကာ ပြောသည်။ “မင်းက စိတ်ဝင်စားဖို့ ကောင်းတဲ့ ကောင်လေးပဲ။ မင်းက ငါ့ကို ဘာကြောင့် ဟုန်ယွီကလန်ရဲ့ ကလန်ခေါင်းဆောင်လို့ ထင်ရတာတုန်း…”
ဝမ်လင်းသည် တည်ငြိမ်စွာ ဆို၏။ “ဂျူနီယာက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ စီနီယာရဲ့ပုံတူ ပါဝင်တဲ့ ပန်းချီကားတစ်ချပ်ကို တွေ့ခဲ့ဖူးပါတယ်…”
ကျင့်ကြံသူအဘိုးအိုက အနည်းငယ် စဉ်းစားသွားပြီးနောက် ပြုံး၍ ဆို၏။ “ကောင်လေး… အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ မိုးကြိုးကောင်းကင်ဘုံသား ရှုမူအနေနဲ့ မင်းက လူတိုင်းကို ကလန်ခေါင်းဆောင်လို့ ခေါ်လို့မရဘူး။ ငါ့မှာ ဘယ်အချိန်တုန်းက ဒီလိုတပည့်မျိုး ရှိခဲ့တာလဲ…”
ဝမ်လင်း၏စိတ်သည် တုန်ယင်သွား၏။သို့သော် သူ့အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ သူက ပြောလိုက်၏။ “ဂျူနီယာက သင့်ကို တစ်စုံတစ်ယောက်နဲ့ မှားသွားခဲ့တာပါ…”
ကျင့်ကြံသူအဘိုးအိုထံမှ အသိအမှတ်ပြုသည့်ပုံ ထွက်ပေါ်လာ၏။ သူက ဝမ်လင်း၏ တုန့်ပြန်မှုကို ကျေနပ်မိနေသည်။သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားရင်း သူက ပြောလိုက်၏။ “မင်း မှားလား၊မှန်လား ငါတို့ နောက်မှ ပြောကြတာပေါ့။ မင်းက အတော်လေး ကြောက်ဖို့ကောင်းလှတဲ့ အမှားတစ်ခု ပြုလုပ်ခဲ့မိတာ မင်း သိလား။ ဆယ့်ရှစ်ခုမြောက်အလွှာဟာ မင်းဝင်ရောက်နိုင်တဲ့ နေရာမဟုတ်ဘူး။ အထူးသဖြင့် ရွေးချယ်ခံမသေမျိုးကလန်က တစ်စုံတစ်ယောက် မဟုတ်ရင်ပေါ့။ မင်း မူလဇစ်မြစ်ကို ရရှိခဲ့ရင်တောင် ဟင်္သာပြဒါးဂြိုဟ်ကို မပြောနဲ့ဦး…မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးတောင် ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်သွားရလိမ့်မယ်…”
ဝမ်လင်း၏ ဟန်ပန်သည် လေးစားသည့်ဟန် ဖြစ်နေ၏။ သူ့မျက်နှာပေါ်၌ ညင်းဆန်ပုန်ကန်မှု အရိပ်အယောင် လုံးဝ မရှိနေဘဲ သူက ရိုးသားစွာ အဆူခံနေသည့်အလားပင်။
ကျင့်ကြံသူအဘိုးအိုက ဝမ်လင်းကို ကြည့်နေ၏။ အနည်းငယ် စဉ်းစားပြီးနေက် သူက ပြောလာသည်။ “ဝမ်လင်း…ငါမင်းကို မေးချင်တယ်။ မင်းက ငါ့ကို ဟုန်ယွီကလန်ရဲ့ တည်တောင်သူကလန်ခေါင်းဆောင်လို့ တွေးမိမှတော့ မင်းကိုယ်မင်း ဟုန်ယွီကလန်ရဲ့ တပည့်တစ်ယောက်လို့ကော မတွေးထင်မိဘူးလား…”
ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက ဟုန်ယွီကလန်နှင့် ပတ်သတ်၍ နောင်တရမှုများစွာ ရှိခဲ့၏။ တကယ်တော့ ဟုန်ယွီကလန်သည် သူ့ပထမဆုံးကလန် ဖြစ်ကာ ကျင့်ကြံခြင်းလောကသို့ ပထမဆုံးလှမ်းသည့် ခြေလှမ်းလည်း ဖြစ်ခဲ့သည် မဟုတ်လား။
ဝမ်လင်းသည် အဘိုးအိုကို ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။ “ဟုန်ယွီကလန်က ဂျူနီယာရဲ့ ပထမဆုံးကလန်ဖြစ်ပြီး ဟင်္သာပြဒါးဂြိုဟ်ဟာ ဂျူနီယာရဲ့ အိမ် ဖြစ်ပါတယ်…”
“အို…” ကျင့်ကြံသူအဘိုးအို၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွားရင်း သူက ပြောလာသည်။ “ဒါဆို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ မိုးကြိုးကောင်းကင်ဘုံသား ဖြစ်တည်မှုကရော…” သူ့အသံထဲ၌ ဒေါသသံစွက်နေသည့်ပုံ ပေါ်သည်။
“အမျိုးမျိုးသောအကြောင်းရင်းတွေက ဂျူနီယာ့ကို ဒီအခြေအနေထိ တွန်းပို့စေခဲ့တာပါ…” ဝမ်လင်းသည် ကြည်လင်စွာဖြင့် ကျင့်ကြံသူအဘိုးအိုကို စူးစိုက်ကြည့်သည်။
ကျင့်ကြံသူအဘိုးအို ဝမ်လင်းအား ကြည့်နေသော အကြည့်သည် ဝမ်လင်း၏ စိတ်နှလုံးကို ထွင်းဖောက်မြင်နေရသည့်အလားပင်။အချိန်အတန်ကြာပြီးနောက် သူ့အသွင်သည် ပျော့ပျောင်းလာကာ သက ပြောလာသည်။ ဒီအဘိုးအိုက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ မင်း အဆင့်အတန်း ဘာပဲ ဖြစ်ဖြစ် ဂရုမစိုက်ဘူး။မင်းမှတ်မိဖို့ တစ်ခုက မင်းဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ ရှိတဲ့ ဟင်္သာပြဒါးဂြိုဟ်ကနေ လာခဲ့တဲ့ လူတစ်ယောက်သာ ဖြစ်တယ်။မင်းက နတ်လေးပါးကလန်ရဲ့ ဟင်္သာငှက်ဂိုဏ်းခွဲကလူ ဖြစ်တယ်။မင်း ဒါကို မှတ်မိနေသ၍ ငါက မင်းရဲ့ ကလန်ခေါင်းဆောင် အမြဲ ဖြစ်နေလိမ့်မယ်…”
ဝမ်လင်းက တည်ငြိမ်စွာပင် ခေါင်းညိတ်ပြသည်။
“အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ဒီတိုက်ပွဲက ကျင့်ကြံခြင်းမဟာမိတ်နဲ့ တိုက်ပွဲပဲ။ ဒါက ငါ့ နတ်လေးပါးကလန်နဲ့ ဘာမှ မပတ်သတ်ဘူး…”
ကျင့်ကြံသူအဘိုးအိုသည် ထိုစကားကို သာမန်ကာလျှံကာသဘောမျိုးနှင့်သာ ပြောလိုက်ခြင်းပင်။
ဝမ်လင်း၏အသွင်သည် ပြောင်းလဲသွား၏။ သူက ကျင့်ကြံသူအဘိုးအိုကို ကြည့်မိသည်။
ကျင့်ကြံသူအဘိုးအိုသည် ဆက်၍ စကားမဆိုတော့ဘဲ ဝမ်လင်းကို ကြည့်နေ၏။ အနည်းငယ်စဉ်းစားပြီးနောက် သူက ပြောလာသည်။ “ဝမ်လင်း…မင်းက ဆယ့်ခုနစ်ခုမြောက်အလွှာကို ရောက်လာပြီးတဲ့နောက်မှာတော့ မင်း စိတ်ထဲမှာ တချို့ခန့်မှန်းမှုတွေ ရှိနေမှာပဲ။ မင်း လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် မင်းက ငါ့အကူအညီနဲ့ဆို ဆယ့်ရှစ်ခုမြောက်အလွှာကို ဝင်ရောက်နိုင်လိမ့်မယ်။ မင်း ဒီအလွှာမှာ ဘာပဲရရ မင်းကံပေါ်ပဲ မူတည်လိမ့်မယ်…”
အဘိုးအိုသည် ထိုသို့ပြောလိုက်ရင်း ဝမ်လင်းဆန္ဒရှိလား၊မရှိလား မေးမနေဘဲ သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်၏။ဝမ်လင်းသည် သူ့ပတ်လည်၌ ပြင်းထန်သောအားတစ်ခု ဝန်းရံသွားသည်ကို ခံစားမိသည်။ သူက စိတ်ထဲ၌ သတိထားနေသော်လည်း ခုခံခြင်း မပြုဘဲ လေးစားသည့်ဟန်ပန်နှင်သာ ရှိနေသည်။
ဝမ်လင်းကို ခေါ်ဆောင်ပြီးနောက် အဘိုးအိုသည် ခြေတစ်လှမ်းလှမ်း၏။ရုတ်တရက် သူ့ပတ်လည်၌ မြင့်မားသောအပူချိန်တစ်ခု ပေါ်လာသည်။ထို့နောက် သူ့ခြေထောက်အောက်၌ ချောရည်ပူများနှင့်တူသည့်အရာတစ်ခုသည် စက်ဝန်းတစ်ခုလို ပေါ်လာခဲ့၏။မီးတောက်နက်များသည် လေထဲသို့ ထိုးတက်ကာ ထိုအဘိုးအိုကို ဝန်းရံသွားသည်။
ခဏအကြာတွင် ထိုအဘိုးအို၏ပုံရိပ်သည် ပျောက်ကွယ်သွားသည်။ဝမ်လင်းသည်လည်း လိုက်ပါ ပျောက်ကွယ်သွားလေ၏။
ဝမ်လင်းသည် အပူလှိုင်းတစ်ခုကိုသာ ခံစားမိလိုက်၏။ထိုအပူလှိုင်းထဲ၌ မူလဇစ်မြစ်အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။ဝမ်လင်းသည် မီးတောက်က သူ့အား ဝန်းရံသွားသည့်အခိုက် ပင့်သက်ရှိုက်မိလေ၏။သို့သော် သူသည် ပို၍ သတိထားလာသည်။
သူ့မျက်လုံးသည် ဝေဝါးသွားသည်။ သူ့အမြင် ပြန်ကြည်လင်လာသည့်အခါ၌ သူသည် ပေတစ်ထောင်လောက် ကျယ်ဝန်းသည့် လျှို့ဝှက်ခန်းတစ်ခု၌ ရောက်နေသည်ကို သိရှိသွားသည်။
အခန်းပတ်ဝန်းကျင်တစ်ခုလုံးသည် အလယ်ရှိ တဖျပ်ဖျပ်တောက်နေသည့် မီးတောက်တစ်ခုကလွဲ၍ လုံးဝနက်မှောင်နေသည်။ထိုအဖြစ်က သည်နေရာကို မှုန်ထိုင်းစေ၏။
“ဒီနေရာက ဆယ့်ရှစ်ခုမြောက်အလွှာပဲ။ဒီမီးတောက်က သူတို့ ဘိုဘေးရဲ့ မူလရင်းမြစ် အစိတ်အပိုင်းဖြစ်တယ်။ မင်းက ဒါကို နားလည်အောင် လုပ်နိုင်တယ်။ မင်း ရရှိမယ့်အရာကတော့ မင်းကံပေါ်ပဲ မူတည်လိမ့်မယ်…” အဘိုးအို၏အသံသည် အခန်းထဲ၌ ပဲ့တင်ထပ်သွားသည်။ဝမ်လင်းသည် ခဏတာ စဉ်းစားကြည့်နေ၏။ သူ့မျက်လုံးသည် မီးတောက်ပေါ်သို့ ကျရောက်နေသည်။
သူ့မျက်လုံး မီးတောက်ပေါ်သို့ ကျရောက်သွားသည့်အခိုက်၌ သူ့စိတ်သည် တုန်ယင်သွား၏။ ဆန်းကြယ်သောအံ့ဖွယ်အားတစ်ခုသည် ယင်းမီးတောက်ထံမှ ထွက်ပေါ်လာကာ ဝမ်လင်း၏ စိတ်ထဲသို့ တိုးဝင်လာသည့်အလားပင်။
မီးတောက်ထဲ၌ ရှင်သန်ခြင်း၊နားလည်ခြင်းနှင့် စွမ်းအား၏ ဉာဏ်အလင်း ဆန္ဒတို့ ပါဝင်နေလေ၏။သွေးရနံ့အချို့လည်း ပါဝင်နေသေးသည်။
သည်အခိုက်၌ မီးတောက်သည် ပြင်းပြင်းထန်ထန် လင်းလက်၏။သည့်နောက် သတင်းအချက်အလက် မြောက်များစွာသည် ဝမ်လင်းစိတ်ထဲသို့ တရကြမ်း တိုးဝင်လာတော့သည်။
သတင်းအချက်အလက်များမှာ များပြားလွန်းလှ၏။၎င်းတို့က အင်မတိအင်မတန် ရှုပ်ထွေးလှသည်။ ထိုသတင်းအချက်အလက်များသည် ဝမ်လင်းခေါင်းကို ပေါက်ကွဲစေမတတ် ဖြစ်စေသည်။ချက်ခြင်းပင် ဝမ်လင်း မျက်လုံးထဲ၌ တစ်စုံတစ်ခု ဖြစ်ပွားလာခဲ့လေ၏။သူ့ဘယ်မျက်လုံး၌ နေ၊ညာမျက်လုံး၌ လ ပေါ်ထွက်လာသည်။သူ့ကံကြမ္မာနယ်ပယ်သည် သူ့ခန္ဓာကိုယ်ထဲ၌ အလျင်အမြန် ပြည့်လျှံသည်။
ယင်နှင့်ယန်ငါးများသည် သူ့စိတ်ထဲ၌ ပေါ်လာ၏။ ၎င်းတို့က လှည့်ပတ်နေရင်း သူ့စိတ်ထဲမှ အတွေးအားလုံးကို ဖယ်ရှားပေးနေသည်။နောက်ဆုံးတွင် ဝမ်လင်း၏ စိတ်ထဲ၌ တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ပေါ်လာခဲ့တော့၏။
သည်အခိုက်အတန့်၌ ကျင့်ကြံသူအဘိုးအို၏ပုံရိပ်သည် ဝမ်လင်းဘေးတွင် ပေါ်လာ၏။သူက ဝမ်လင်းကို သေချာကြည့်ရင်း အသိအမှတ်ပြုမှု ဖြစ်ပေါ်လေ၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မဆိုးပါဘူး။ ဒီကောင်လေးက မူလဇစ်မြစ်ရဲ့ ဒီအဆင့်ကနေ ဉာဏ်အလင်းကို ရနိုင်နေတာပဲ။အနည်းငယ်လေ့လာပြီးရင် ငါ ဒီကောင်လေးကို ဟင်္သာငှက်တသီတတန်းထဲကို ဝင်ရောက်ခွင့် ပြုနိုင်တယ်…”
သည်အခိုက်အတန့်၌ ဝမ်လင်းသည် ကြယ်ရောင်စုံကောင်းကင်တစ်ခုထဲ၌ နစ်မြုပ်သွားလေသည်။ သူတွေ့မြင်ရသည်က မရေမတွက်နိုင်သော ကောင်းကင်ဘုံသားများသည် အမျိုးမျိုးသော လက်နက်ရတနာများကို အသုံးပြုနေခြင်းကို ဖြစ်၏။ သူတို့၏ ရှေ့၌ အဝါရောင်အဆောင်ဆယ်ရွက်၊အရွက်တစ်ရာ၊အရွက်ထောင်ချီ၊ အရွက်သောင်းချီသည် ရှည်လျားစွာ ရှိနေသည်။
ထိုအဝါရောင်စာရွက်တစ်ခုစီပေါ်၌ အမျိုးမျိုးသော ထူးဆန်းသည့် ပုဂ္ဂိုလ်များ ရပ်နေကြသည်။သူတို့သည် ကျင့်ကြံသူများနှင့် သိပ်မခြားနားသည့် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။သို့သော် သူတို့ပေါ်၌ ရွေးချယ်ခံမသေမျိုးကလန်၏ သစ်ရွက်တက်တူးများ ရှိနေကြပေသည်။ခြားနားမှုမှာ ထိုတက်တူးများပေါ်ရှိ သစ်ရွက်ပမဏာပင်။
သူတို့၏မျက်ခုံးနှစ်ခုကြား၌ တက်တူးတစ်ခုစီသည် တဖျပ်ဖျပ် လင်းလက်နေကြသည်။
ထိုအရာက စစ်ပွဲတစ်ခုပင်။
နှစ်ဖက်စလုံးသည် တိုက်ခိုက်နေကြရင်း တက်တူးများသည် တလက်လက် ဖြစ်လို့နေသည်။တက်တူးများအသုံးပြုထားသည့် သူတို့၏မန္တာန်များသည် ထူဆန်းကာ ခန့်မှန်းနိုင်စွမ်း မရှိ ဖြစ်၏။သူတို့သည် တက်တူးများကို လှည်ပတ်စေရင်း ကောင်းကင်နှင့်မြေကြီးကို မကြာခဏ ချိပ်ပိတ်ကာ လောက၏ မူလစွမ်းအင်ကို တုန်ခါစေသည်။
သိပ်မကြာခင်တွင် အဝါရောင်အဆောင်များထဲမှ တစ်ခုပေါ်ရှိ အဘိုးအိုတစ်ယောက်သည် ထိုးထွက်လာ၏။ ထိုအဘိုးအို၏ တက်တူးပေါ်၌ ရွှေရောင်သစ်ရွက်တစ်ခုနှင့်အတူ သစ်ရွက်မြောက်များစွာ ရှိလေ၏။သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ သူ့ပတ်လည်ရှိ တက်တူးများသည် ထိုးထွက်သွားသည်။ဤအခိုက်၌ ဟင်းလင်းပြင်သည် သူ့ဟာသူ တုန်ခါလာကာ ကောင်းကင်ဘုံသားအားလုံး အံ့အားတသင့် ဖြစ်ကြရသည်။ကောင်းကင်ဘုံသားများသည် မရေမတွက်နိုင်သော တက်တူးအမှတ်အသားများ၏ ဝန်းရံခြင်းကို ခံရကာ သူတို့၏ ကောင်းကင်ဘုံမူလများ ရုတ်တရက် ဆုံးရှုံးသွားကြလေ၏။
သည်လို သေရေးရှင်ရေး အခိုက်အတန့်၌ အကွာအဝေးတစ်ခုမှ အနက်ရောင်အလင်းတစ်ခုသည် ဖျပ်ခနဲ ရောက်ရှိလာ၏။ ပုံရိပ်တစ်ခု ပေါ်လာသည်။သို့သော်ထိုပုံရိပ်ကို အနက်ရောင်အလင်းက လွှမ်းခြုံထားသည့်အတွက် သူ့ပုံပန်းအသွင်ကို မြင်ရဖို့ မဖြစ်နိုင်တော့ပေ။ထိုပုဂ္ဂိုလ်ရောက်ရှိလာသည်နှင့် အဘိုးအိုနှင့် တိုက်ပွဲစတင်တော့သည်။ချက်ခြင်းပင် ထိုပုဂ္ဂိုလ်သည် ထိုအဘိုးအို၏မျက်ခုံးနှစ်ခုကြားရှိ နေရာကို ချုပ်ကိုင်၏။သူက ကြမ်းကြုတ်စွာဖြင့် အသက်ဓာတ်များ ပြည့်ဝနေသည့် မီးတောက်ထုကို ဆွဲထုတ်ယူသည်။
ထိုမီးတောက် ဆွဲထုတ်ခံရသည့်အခိုက် ၎င်းသည် မရေမတွက်နိုင်သော မီးပွားများအဖြစ်သို့ ပျက်စီးသွား၏။ ၎င်းတို့ထဲမှတစ်ခုသည် ဝမ်လင်းရှိရာသို့ တန်းတန်းမတ်မတ် ဝင်လာကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားထဲသို့ ချက်ခြင်း ခပ်နှိပ်သွားတော့သည်။
ဝမ်လင်း၏နှဖူးသည် လောင်ကျွမ်းကာ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ ပြင်းထန်သော ဖိအားတစ်ခုက သူ့ခန္ဓာကိုယ်အား နောက်ဆုတ်စေသည်။ ထိုအားသည် ထူးဆန်းလွန်းလှ၏။ ဝမ်လင်းက ဘုတ်ခနဲ ခံစားလိုက်ရပြီး နိုးထလာသည်။
သူနိုးထလာသည့်အခိုက်၌ သူသည် မီးတောက်ကို ချက်ခြင်း ကြည့်မိသည်။ သူက ပို၍ ကြည့်လေလေ ထိုမီးတောက်သည် သူတွေ့မြင်ခဲ့ရသည့် တက်တူးများဖုံးလွှမ်းထားသည့် အဘိုးအို၏ မျက်ခုံးနှစ်ခုကြားမှ မီးတောက်နှင့် တူလေ ဖြစ်နေသည်။
သူ့ရှေ့ရှိ မြင်ကွင်းသည် အိပ်မက်တစ်ခုအလား။ သို့သော် သူ့မျက်ခုံးနှစ်ခုကြား၌ အပူဓာတ်တစ်ခု ကျန်နေသေးကာ ဖြစ်ပျက်ခဲ့သမျှ၊မြင်တွေ့ခဲ့သမျှသည် အစစ်အမှန် ဖြစ်လွန်းနေ၏။
ဝမ်လင်းသည် သူ့မျက်ခုံးနှစ်ခုကြားသို့ အလိုလို ထိကြည့်မိသည်။သို့သော် မည်သည့်အရာမှ ရှိလို့မနေပေ။
သည်အခိုက်အတန့်၌ ကျောက်တုံးကြီးတစ်ခုသည် ကြယ်စုံသည့်ကောင်းကင်ကို ဖြတ်သန်းကာ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အနောက်ပိုင်းနယ်မြေသို့ ဦးတည်လာနေ၏။ထိုကျောက်တုံးပေါ်၌ အနီရောင်ဝတ်စုံနှင့်လူတစ်ယောက် ရပ်နေကာ သူ့မျက်လုံးများက ရက်စက်အေးစက်သည်။သူက အကွာအဝေးတစ်ခုရှိ ကြယ်များကို စူးစိုက်ကြည့်နေရင်း ခပ်တိုးတိုး ရေရွတ်သည်။ “အလုံးစုံကောင်းကင်က မိုးကြိုးကောင်းကင်ဘုံသားရှုမူ…မင်းက သိပ်ပြီး အားနည်းမနေဖို့ ငါ မျှော်လင့်မိတယ်…”
***