Switch Mode

အပိုင်း(၉၅၀)

မကျေမချမ်းခန်းမ၏ ဒုခန်းမသခင် (၁)

ထိုအသံ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်နှင့် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာသည် ပျံ့လွင့်လာကာ မုန်တိုင်းတစ်ခုလို ဖြစ်ပေါ်လာ၏။ အပင်ထံမှ ထွက်ပေါ်လာသည် ယင်းမုန်တိုင်းကြောင့် ရွှေရောင်စာလုံးများသည် တုန်ခါကုန်သည်။

ပုံရိပ်ယောင်အရိပ်တစ်ခုသည် ပျက်စီးနေသည့်အပင်ထံကနေ ထွက်ပေါ်လာသည်။ထိုပုံရိပ်က အနက်ရောင်ဝတ်စုံနှင့် တစ်စုံတစ်ယောက် ဖြစ်လေ၏။၎င်းက အနက်ရောင်မြူခိုးများနှင့် ဖုံးအုပ်ထားသည်။

ဝမ်လင်းက ထိုအနက်ရောင်ဝတ်စုံနှင့် ပုံရိပ်ကို ကြည့်နေ၏။ သူက တည်ငြိမ်လျက်ပင်။ သူက အေးစက်စွာ ပြောသည်။ “နိဗ္ဗာနကြိုခြင်းအဆင့်ရဲ့ မူလစိတ်ဝိညာဉ်လောက်ကများ။ မင်းက ငါ့အသက်ကို ဘယ်လို ယူမလဲ ငါ ကြည့်ချင်မိသေးတယ်…”

ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ညွှန်၏။ထိုလက်ညွှန်မှုနှင့်အတူ ခြောက်သွေ့တာအိုတစ်စုံသည် ပျံသန်းထွက်လာသည်။ ထိုသားရဲအရိုး ပေါ်ထွက်လာသည်နှင့် တစ္ဆေအလင်းကို ပေးစွမ်းလာ၏။ပြင်းထန်သော မကောင်းဆိုးဝါးအော်ရာသည် ပျံ့လွင့်လာကာ မီးခိုးရောင်အလင်းသည် အပင်ထက်၌ ပေါ်ထွက်လာသည်။

အနက်ရောင်ဝတ်စုံနှင့်လူသည် သူ့ခေါင်းကို မော့ကာ ဝမ်လင်းကို ကြည့်ကာ ပျံသန်းလာ၏။ သူ့အောက်ရှိ အပင်သည် ချက်ခြင်း ပျက်စီးကာ တစစီဖြစ်သွားသည်။

ပျက်စီးသွားသည့် အပင်ထံမှ ခရမ်းရောင်အခိုးငွေ့ အမျှင်တန်းများသည် အနက်ရောင်ဝတ်စုံနှင့်ပုံရိပ်ထံသို့ ဝင်ရောက်၏။ချက်ခြင်းပင် ထိုအရိပ်သည် အကောင်အထည်ပေါ်လာသည်။

ဝမ်လင်းသည် ရှေ့သို့ တစ်လှမ်းလှမ်း၏။သူ့လက်ချောင်းကို ဓားအသွင် ဖြစ်ပေါ်စေကာ ညွှန်သည်။ လေဟာနယ်ထဲကနေ မရေမတွက်နိုင်သောမိုးကြိုးတန်းများ ထွက်ပေါ်လာရင်း မိုးကြိုးမုန်တိုင်းတစ်ခုအသွင် ဖြစ်တည်သည်။ ဝမ်လင်း၏ လမ်းညွှန်မှုအောက်၌ ယင်းမုန်တိုင်းသည် အနက်ရောင်ဝတ်စုံနှင့်လူနားသို့ ရောက်ရှိသွား၏။

အနက်ရောင်ဝတ်စုံနှင့်လူ၏အသွင်သည် သုန်မှုန်သွား၏။သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေရင်း နောက်သို့ အမြန်ဆုတ်သည်။ သူ့ရှေ့၌ လုံးဝန်းသော အနက်ရောင်အရံအတား တစ်ခု ဖြစ်ပေါ်လာ၏။ မိုးကြိုးမုန်တိုင်း ရောက်ရှိလာသည့်အခိုက်တွင် လှိုဏ်ဂူအတွင်း၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်ကုန်သည်။

ဂူတစ်ခုလုံးသည် စတင်ပျက်စီးလာတော့၏။ အနက်ရောင်ဝတ်စုံနှင့်လူက အွတ်ခနဲ ငြီးတွားကာ နောက်သို့ အမြန်ဆက် ဆုတ်နေရသည်။

“ကျင့်ကြံသူ…ကိစ္စရှိရင်လည်း ငါတို့ စကားနဲ့ပဲ ပြောနိုင်ပါတယ်…။ဒီအဘိုးအိုက အလောင်းကောင်ကလန်၊ မကျေမချမ်းခန်းမ ရဲ့ ဒုခန်းမသခင် လျိုချင်းယွမ်ပါ…”

ထိုလူသည် အတော်ပင် တုန်လှုပ်နေ၏။သူက နိုးထလာခါစဖြစ်သည့်အတွက် သူ့စိတ်မှာ ခုထိ ဝေဝေဝါးဝါးဖြစ်နေဆဲပင်။ သို့သော် သူ သတိပြန်ဝင်လာသည့်အခါတွင် သူသည် သူ့အား နိုးထစေသူမှာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေသည်ကို သိရှိသွားခဲ့လေ၏။

သူ့ခန္ဓာကိုယ်သည် သည်နေရာတွင် ရှိနေလျှင် သူက စိုးရွှံ့မိလိမ့်မည် မဟုတ်ပေ။ သို့သော် ခုချိန်၌ သူ့တွင် ခန္ဓာကိုယ် ရှိမနေခဲ့ပေ။ သည့်အပြင် သူ့အားတိုက်ခိုက်သည့်သူ တစ်ယောက်တည်းသာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် မဟုတ်ပေ။ ခေါင်းကြီးကြီးနှင့်ကောင်လေးသည်လည်း နိဗ္ဗာနကြိုခြင်ခြင်းအဆင့်တွင် ရှိနေကာ ရုပ်သေး(ထာရှန်)သည်လည်း ပုံရိပ်ယောင်ယန်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေပြန်ချေ၏။

သူက ထိုသုံးယောက်ကို ပို၍ ကြည့်မိလေလေ ပို၍ တုန်လှုပ်လာမိလေပင်။ သူ့တွင် ခန္ဓာကိုယ်ရှိနေလျှင်ပင် သူက ထိုလူများနှင့် ရင်ဆိုင်ရသည်နှင့် ချက်ခြင်း ထွက်ခွာဖို့သာ လုပ်ဆောင်မည် ဖြစ်၏။

သူက ဘီလူးနတ်ဆိုးကလန်ဝင်၏ခန္ဓာကိုယ်ကို ပိုင်ဆိုးနိုင်မှသာ သူ့အတွက် ထိုလူများကို ရင်ဆိုင်နိုင်ပေလိမ့်မည်။ အနက်ရောင်ဝတ်စုံနှင့်လူက စိတ်ထဲ၌ ခါးသီးစွာ ပြုံးမိ၏။ သူက အလျင်အမြန် ပြောလာသည်။ “ရောင်းရင်းကျင့်ကြံသူ…ဒါက နားလည်မှုလွဲတာပါ။ငါ နိုးထာလာခါစ ပြောခဲ့တဲ့ စကားတွေက ရောင်းရင်းကျင့်ကြံသူကို စော်ကားသလို ဖြစ်သွားစေခဲ့ပါတယ်။ ရောင်းရင်းက ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်…။ရောင်းရင်းကျင့်ကြံသူက ဒီဘီလူးနတ်ဆိုးကလန်ဝင်ရဲ့ ခန္ဓာကိုယ်ကို သဘောကျတယ်ဆိုရင်လည်း ငါတို့နှစ်ယောက် မိတ်ဆွေဖြစ်ဖို့အတွက် ငါ လက်ဆောင် ပေးနိုင်ပါတယ်…”

သူက ထိုသို့ ပြောနေရင်း နောက်သို့ ဆက်၍ ဆုတ်နေသည်။

ဝမ်လင်းသည် စကားတစ်ခွန်းမှ မဆိုပေ။ သူက ထိုလူ့နောက်သို့ အလင်းတန်းအလား လိုက်ပါ ရွှေ့လျားလာ၏။ သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာကာ သူသည် အနက်ရောင်ဝတ်စုံနှင့်လူနောက်သို့ လိုက်လေ၏။သူ့မျက်လုံးသည် တောက်ပလို့နေ၏။

“နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်တစ်ယောက်ရဲ့ မူလစိတ်ဝိညာဉ်…။ဒါနဲ့ဆိုရင် ထာရှန်ရဲ့ ခန္ဓာကိုယ်ကို နိဗ္ဗာနကြိုခြင်းအစောပိုင်းအဆင့် ရောက်အောင် ပြုလုပ်ပေးဖို့ ငါ ယုံကြည်မှု ရှိလာပြီ…”

လျိုချင်းယွမ်၏မျက်လုံးထဲ၌ သတိထားနေ၏။သူက စိတ်ထဲ၌ ညင်းဆန်နေမိသည်။ သူသည် သည်ဂြိုဟ်စုတ်ကို ရွေးချယ်ရခြင်းမှာ သည်နေရာတွင် သည်လိုနိဗ္ဗာနကြိုမြင်ခြင်း အဆင့် ကျင့်ကြံသူများကို စွဲဆောင်နိုင်သည့် မည်သည့်အရာမှ ရှိမနေသောကြောင့် ဖြစ်လေ၏။ သူ့အစီအစဉ်မှာ သည်နေရာတွင် နှစ်ထောင်ချီ ကုန်ဆုံးစေရင်း ဘီလူးနတ်ဆိုးကလန်ဝင်၏ ခန္ဓာကိုယ်ကို အပိုင်စီးနိုင်ပြီးမှ ခန်းမသို့ ပြန်ကာ ခန်းမသခင်ရာထူးအတွက် ယှဉ်ပြိုင်ဖို့ ဖြစ်လေ၏။

သို့သော်လည်း သူက သည်လိုအဆင့်ကျင့်ကြံသူမျိုးက နောက်ဆုံး အခိုက်အတန့်ရောက်ခါနီးမှ ရောက်ရှိလာမည်ဟု လုံးဝ စိတ်ကူးမထားမိပေ။သူက ထိုအဖြစ်မှာ အခြားဒုခန်းမသခင်များ၏ အစီအစဉ် ဖြစ်မည်ဟု တွေးမိပြန်၏။ သူ့ရှေ့ရှိသုံးယောက် သည်နေရာသို့ ရောက်ရှိလာခြင်းမှာ ထိုသုံးယောက်သည် အခြားဒုခန်းမသခင်များထံမှ အကျိုးအမြတ်ကို လက်ခံကာ သူ့အခြေခံကို ဖျက်စီးရန်အတွက်လားဟု တွေးနေမိ၏။

“သေစမ်း…။အခြားဒုခန်းမသခင်တွေရဲ့ အာရုံကို စွဲဆောင်ခြင်း မဖြစ်အောင် ငါ အတော်လေး သတိထားခဲ့တာပဲ။ ငါက ဒီခန္ဓာကိုယ် အပိုင်စီးဖို့ ကိစ္စကို အသေးစိတ် အစီအစဉ် ချထားခဲ့တာပဲ။ ငါ့ နေရာကို ရှာတွေ့သွားကြလိမ့်မယ်လို့ ဘယ်လိုမှ မမျှော်လင့်ထားမိဘူး…” လျိုချင်းယွမ်က သုန်မှုန်နေ၏။ သူက နောက်ဆုတ်နေရင်း ဝမ်လင်းတို့ အုပ်စုကို ဂရုတစိုက် ကြည့်နေသည်။

သူက သူတို့ကို သေချာကြည့်လေ မရင်းနှီးလေ ဖြစ်နေ၏။ သူသည် အလောင်းကောင်ကလန်၏ ဒုခန်းမသခင်တစ်ယောက် ဖြစ်၏။ သူ့အတွက် မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ ယင်ယန်အဆင့်ကျင့်ကြံသူအားလုံးကို တွေ့မြင်ဖူးခြင်း မရှိတာ ဖြစ်နိုင်သေးသည်။ သို့သော် သူသည် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတိုင်းနီးပါးကို တွေ့မြင်ခဲ့ဖူးပေသည်။တကယ်တော့ မဟာမိတ်ကြယ်အဖွဲ့အစည်း၌ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ ရောက်ရှိသည့် ကျင့်ကြံသူ သိပ်အများကြီး မရှိလှပါ။

အထူးသဖြင့် ခေါင်းကြီးကြီးကောင်လေးသည် သူ့ကို ပို၍ စိတ်ရှုပ်ထွေးစေသည်။ ထိုခေါင်းကြီးကောင်လေး၏ ကျင့်ကြံမှုအဆင့်မှာ နိဗ္ဗာနကြိုခြင်ခြင်းအစောပိုင်းအဆင့် ဖြစ်၏။သို့သော် သူက ထိုသူ့ထံမှ နယ်ပယ်ကို မခံစားမိနိုင် ဖြစ်နေသည်။ထိုအစား အားကောင်းလှသော ကောင်းကင်ဘုံစွမ်းအားရင်းမြစ်ကိုသာ ခံစားမိနေသည်။

“ဒါ…ဒါက ကောင်းကင်ဘုံသား…” လျိုချင်းယွမ်သည် မျက်လုံးပြူးနေသည်။ သူက နောက်သို့ ပို၍ မြန်ဆန်စွာ ဆုတ်၏။

“မင်း မလွတ်နိုင်ပါဘူး…” ဝမ်လင်း၏ခြေထောက်အောက်တွင် လှိုင်းတွန့်များ ပေါ်လာကာ သူသည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

ထိုအဖြစ်က လျိုချင်းယွမ်၏ စဉ်းစားဉာဏ်ကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားစေသည်။

သူက အလန့်တကြား အော်ဟစ်လိုက်၏။ “ဟင်းလင်းပြင်ကွေးညွတ်ခြင်း…”

သူ့မူလစိတ်ဝိညာဉ်သည် ချက်ခြင်းပင် အလင်းစက်များအဖြစ်သို့ ပြိုလဲ ပြောင်းလဲသွားသည်။ထိုအလင်းစက်များသည် ပြန့်ကျဲကာ လွတ်မြောက်ရန် အထက်သို့ အရူးအမူး ဆန်တက်၏။

“အခြား ဒုခန်းမသခင်တွေက ဒီတစ်ကြိမ် တန်ဖိုးကြီးကြီးမားမား ပေးခဲ့တာ ဖြစ်ရမယ်။ ဒီလို ဟင်းလင်းပြင်ကွေးညွတ်ခြင်း အစွမ်းကို အသုံးပြုနိုင်စွမ်းရှိတဲ့ နိဗ္ဗာနကြိုမြင်ခြင်းကျင့်ကြံသူကို ဖိတ်ခေါ်ဖို့အတွက် သူတို့ ပေးရတဲ့ တန်ဖိုးက အံ့မခန်း ဖြစ်နေလိမ့်မယ်…” လျိုချင်းယွမ်က စိတ်ထဲ၌ ထိုသို့ တွေးနေမိ၏။ သူက တုန်လှုပ်နေမိသည်။ မျှော်လင့်ချက်မဲ့မှုသည်လည်း သူ့စိတ်ထဲ၌ ပြည့်လာခဲ့သည်။

လေဟာနယ်ကွေးညွတ်ခြင်းကို ကျွမ်းကျင်သည့် ကျင့်ကြံသူတစ်ယောက်သည် တူညီသောအဆင့်ရှိသည့် ကျင့်ကြံသူများကြားတွင်ပင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်တတ်ကြ၏။ ထိုသူများက သူတို့စိတ်ကြိုက် ရှေ့တိုးမလား၊နောက်ဆုတ်မလား လုပ်နိုင်စွမ်း ရှိသည် မဟုတ်လော။ သည်လိုကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ရခြင်းသည် အိပ်မက်ဆိုးတစ်ခုပင်။

သူ့မူလစိတ်ဝိညာဉ်သည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ အလျင်အမြန် ထွက်ပြေးတော့သည်။သို့သော် ဝမ်လင်းသည် ဟင်းလင်းပြင်ထဲကနေ လှမ်းထွက်လာက သူ့လက်ဖြင့် ခုတ်ပိုင်းချလာ၏။ ပြင်းထန်သောအားတစ်ခုသည် လျိုချင်းယွမ်၏မူလစိတ်ဝိညာဉ် ခန္ဓာကိုယ် အပိုင်းအစများကို အတင်း ပေါင်းစပ်သွားစေသည်။ သူ့မျက်နှာမှ ဖြူရောသွား၏။ သူက နောက်ဆုတ်ရန် ပြင်သည်။

ရူးသွပ်ဖွယ် ရယ်မောသံတစ်ခုသည် သူ့နားထဲသို့ ရုတ်တရက်တိုးဝင်လာ၏။ ခေါင်းကြီးကောင်လေးသည် သူ့ ခေါင်းကြီးကို ခါယမ်းကာ လျိုချင်းယွမ်၏ လမ်းကြောင်းအား ပိတ်ဆို့၏။

အကွာအဝေးတစ်ခုကနေ ထာရှန်သည်လည်း မြန်ဆန်စွာ နီးကပ်လာနေ၏။

လျိုချင်းယွမ်သည် ခါးသီးစွာ ပြုံးမိ၏။ သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို ကျွမ်းကျင့်သည့် ကျင့်ကြံသူ လက်ထဲမှ မလွတ်မြောက်နိုင်သည်ကို သိနေသည်။ သူသည် သက်ပြင်းချကာ ဆို၏။ “ရောင်းရင်းကျင့်ကြံသူ…ငါတို့နှစ်ယောက်ကြားမှာ အသေအရှင်ဖြစ်ရလောက်တဲ့ ရန်ညှိုးလည်း မရှိပါဘူး။ သင် ငါ့ကို ရှင်သန်ခွင့် ပေးလို့ရမယ့် လမ်းတစ်ခု မပေးနိုင်ဘူးလား။ ငါ သင့်ကို ကျိန်းသေပေါက် ပြန်ပေးဆပ်ပါ့မယ်…”

ဝမ်လင်းသည် လျိုချင်းယွမ်ကို ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်၏။ “သင် ငါ့ကို ဘာလိုများ ပြန်ပေးဆပ်ချင်သလဲ…”

လျိုချင်းယွမ်သည် အံတင်းတင်းကြိတ်ကာ ဆို၏။ “ငါ့မှာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ရဲ့ မူလစိတ်ဝိညာဉ်တစ်ခု ရှိတယ်။ ဒါနဲ့ဆိုရင်ရော…”

ထိုအရာက သူ့ရန်သူ၏ မူလစိတ်ဝိညာဉ်ပင်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူသည် အလောင်းကောင်ကလန်၏စွမ်းအားကို အသုံးပြု၍ သူ့ရန်သူကို ဖျက်စီးကာ မူလစိတ်ဝိညာဉ်ကို ထုတ်ယူခဲ့၏။ သူက ၎င်းကို ရုပ်သေးအဖြစ် မွန်းမံရန် ဆန္ဒရှိခဲ့သော်လည်း အခုလို သေရေးရှင်ရေး၌ ၎င်းအရာကို လက်လျော့ဖို့ ဆန္ဒရှိနေပေသည်။

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သူက တည်ငြိမ်စွာဆို၏။ “အို…ဒါကို အခု ယူဆောင်လိုက်ပါ…”

လျိုချင်းယွမ်၏မျက်လုံးသည် တောက်ပသွား၏။သူက ဝမ်လင်းကို ကြည့်ကာ ဆိုသည်။ “ရောင်းရင်းကျင့်ကြံသူ…ငါ ဒါကို ထုတ်ပေးရင် သင် ငါ့ကို သွားခွင့်ပြုတော့မှာ မဟုတ်ဘူး…”

သူ့စကားမဆုံးသေးခင်မှာပင် ဝမ်လင်းက မျက်မှောင်ကြုတ်သွားကာ အေးစက်စွာ ကြည့်လာ၏။ သူက အေးစက်စက် ပြောလိုက်သည်။ “ငါ မင်းကို စဉ်းစားဖို့ အသက်ရှုချိန်သုံးခါ ကြာချိန်ပေးမယ်…”

လျိုချင်းယွမ်က တိတ်ဆိတ်စွာ စဉ်းစားသွားပြီးနောက် သက်ပြင်းချ၏။သူက သူ့မျက်ခုံးနှစ်ခုကြားသို့ သူ့ညာလက်ဖြင့် ထိသည်။ထိုအခါ လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာရင်း ကြေးမုံတစ်ချပ် ပေါ်လာ၏။ ထိုကြေးမုံပေါ်လာသည်နှင့် အလင်းတစ်ခု တလက်လက် ဖြစ်သွားရင်း သက်လတ်ပိုင်းအရွယ် မူလစိတ်ဝိညာဉ်တစ်ခုသည် တဖြည်းဖြည်း ပေါ်ထွက်လို့လာသည်။

လျိုချင်းယွမ်က ဆက်၍ တုံ့ဆိုင်းမနေတော့ပါ။ သူက ထိုမူလစိတ်ဝိညာဉ်ကို ရှေ့သို့ ပို့လွှတ်၍ ဝမ်လင်းလက်ထဲသို့ ကျရောက်စေသည်။

ယင်းမူလစိတ်ဝိညာဉ်ကို သေချာလေ့လာကြည့်ပြီးနောက် ဝမ်လင်းသည် ခေါင်းညိတ်၏။ ထိုမူလစိတ်ဝိညာဉ်မှာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တစ်ယောက်၏ မူလစိတ်ဝိညာဉ် အမှန် ဖြစ်နေ၏။ သို့သော် ထိုစိတ်ဝိညာဉ်၏ စိတ်ဆန္ဒသည် ပျောက်ကွယ်နေခဲ့ပြီး ဖြစ်ကာ မူလစိတ်ဝိညာဉ် အခွံသပ်သပ်သာ ဖြစ်ချေတော့၏။

မူလစိတ်ဝိညာဉ်ကို ယူဆောင်ပြီးနောက် ဝမ်လင်းက ခေါင်းယမ်း၏။ “ဒါက မင်းအသက်ကို ချမ်းသာပေးဖို့အတွက် မလုံလောက်သေးဘူး…”

လျိုချင်းယွမ်က မချင့်ပြုံးပြုံး၏။သူက သူပေးသောအရာသည် အခြားဒုခန်းမသခင်များ ပေးခဲ့သော တန်ဖိုးနှင့် နှိုင်းယှဉ်ဖို့ အဝေးကြီးလိုသေးကြောင်း သိထားပေ၏။အနည်းငယ် စဉ်းစားပြီးနောက် သူ့မျက်နှာထက်၌ မသေချာမရေရာသည့် ဟန်ပန် ဖြစ်လာသည်။ခဏအကြာတွင် သူသည် ဆက်ခနဲ ခေါင်းမော့ကာ အံတင်းတင်းကြိတ်၍ ဆို၏။ “ရောင်းရင်းကျင့်ကြံသူ…သင် ကျေနပ်စေမဲ့အရာတစ်ခုတော့ ရှိတယ်…”

သူက ထိုသို့ပြောလိုက်ရင်း သူ့မျက်လုံးထဲ၌ ရက်စက်မှုတစ်ခု ဖျပ်ခနဲ ပြေးသွား၏။ သူ့ညာလက်ဖြင့် ကြေးမုံကို ထိလိုက်ရာ ပြင်းထန်သောဖိအားတစ်ခုသည် ၎င်းကြေးမုံထံကနေ ထွက်ပေါ်လာသည်။

ဘန်း…ဘန်း…ဘန်း…ဘန်း…။ ကြေးမုံထံကနေ နှလုံးခုန်သံ စီးချက်တစ်ခု ထွက်ပေါ်လာ၏။သည့်နောက် အလောင်းကောင်တစ်ကောင်သည် ပျံသန်းထွက်လာသည်။

ထိုအလောင်းကောင်သည် လုံးဝ နီနေ၏။ ၎င်းက ပေါ်လာသည်နှင့် မွန်းစတားဆန်သော မီးတောက်သည် လောက၌ ပြည့်လာသည်။ထိုမီးတောက်သည် ခေါင်းကြီးကောင်လေး၏အသွင်ကို ပြောင်းလဲသွားစေလောက်အောင် သိပ်သည်းနေ၏။

“ဒါက မီးစိတ်ဝိညာဉ်အလောင်းကောင်ပဲ။ ငါ့အလောင်းကောင်ကလန်ရဲ့ အလောင်းအဆင့်သတ်မှတ်ချက်မှာ အဆင့်(၁၂)ဝင်တယ်။လူတစ်ယောက်က ဒီမီးစိတ်ဝိညာဉ်အလောင်းကောင်ကို ပိုင်စိုးနိုင်ရင် ဒီလောကမှာ ဘယ်မီးတောက်မန္တာန်ကမှ သူ့ကို အန္တရာယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ဒါ့အပြင် သင်ဟာ ဒီလောကရဲ့ မီးတောက်ကို ပါ ထိန်းချုပ်လာနိုင်လိမ့်မယ်။ ဒါက အင်မတန်တန်ဖိုး မြင့်မားလွန်းလှတဲ့အတွက် ငါ့အသက်တန်ဖိုးအတွက် လုံလောက်စေမှာပါ…”

လျိုချင်းယွမ်က ထိုသို့ပြောရင်း ယင်းအလောင်းကောင်ကို ဝမ်လင်းထံသို့ ပစ်လိုက်၏။

မီးအလောင်းကောင်သည် မြန်ဆန်လွန်းလှကာ ချက်ခြင်းပင် ဝမ်လင်းနားသို့ ရောက်သွားသည်။သို့သော် ၎င်းက နီးကပ်လာသည်နှင့် ၎င်း၏မျက်လုံးသည် ရုတ်တရက် ဖွင့်ဟလာကာ ရူးသွပ်ဖွယ်အလင်းတစ်ခု လှစ်ဟလာသည်။

လျိုချင်းယွမ်၏အသွင်က ကြမ်းကြုတ်သွားရင်း သူက အော်ဟစ်၏။ “ပေါက်ကွဲစမ်း…”

ထိုမီးအလောင်းကောင်သည် ပျက်စီးသွားသည်။ထိုပေါက်ကွဲစွမ်းအားသ် ဟင်္သာပြဒါဂြိုဟ်‌ပေါ်သို့ သက်ရောက်ခြင်းမရှိဘဲ သည်နေရာငယ်လေးတွင်သာ အပြည့်အဝ သက်ရောက်၏။သည်လိုနည်းဖြင့် ၎င်း၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပေလိမ့်မည်။အံ့မခန်းမီးတောက်သည် ချက်ခြင်း သည်နေရာထက်ရှိ ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ ချက်ခြင်းပင် ကောင်းကင်ထက်ရှိ တိမ်တိုက်များ လွင့်ပါးကာ အက်ကြောင်းများ ပေါ်လာခဲ့သည်။

ထိုမီးတောက်သည် ပြင်းထန်လွန်းလှ၏။ ထို့ကြောင့် ထာရှန်အဖို့ နောက်ဆုတ်ရပေသည်။ ခေါင်းကြီးကောင်လေးပင် နောက်ဆုတ်ရင်း သူ့အသွင်က ဖြူရောသွားသည်။သူက ထိုမီးအလောင်းကောင်သည် သူ့ရှေ့တွင်သာ ပေါက်ကွဲသွားပါက သူသည် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ဟု သိနေခဲ့၏။

သူက လျိုချင်းယွမ်သည် အခုလိုအခြေအနေမျိုး၌ တိုက်ခိုက်လိမ့်မည်ဟုလည်း လုံးဝ ခန့်မှန်းမိလိမ့်မည် မဟုတ်ပေ။ ပထမဆုံအကြိမ်အဖြစ် ခေါင်းကြီးကောင်လေးသည် မဟာမိတ်ကျင့်ကြံသူများအပေါ် လေးလေးနက်နက် ထင်မြင်သွားတော့၏။

လျိုချင်းယွမ်ထံမှ ရူးသွပ်ဖွယ် ရယ်သံ ထွက်ပေါ်လာ၏။သည့်နောက် သူ့ပုံရိပ်သည် ဖျပ်ခနဲ လင်းလက်ကာ ကောင်းကင်ထက်သို့ တန်းမတ်စွာ ပျံသန်းသွားတော့သည်။ သူ့စိတ်နေစိတ်ထားအရ သူသည် အခုလိုမျိုး အခြေအနေကို လက်ခံနိုင်သည် မဟုတ်ပါ။ သူ ထုတ်ဖော်သည့် မီးအလောင်းကောင်၏ ပေါက်ကွဲမှုစွမ်းအားသည် ဟင်္သာပြဒဂါးဂြိုဟ်တစ်ခုလုံးအပေါ်သို့ သက်ရောက်နိုင်ခြင်း မရှိလျှင်ပင် အခုလို သူ့ရှေ့ရှိ သူနှင့် ကျင့်ကြံမှုအဆင့်တူသည့် ကျင့်ကြံသူကမူ ခံနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ချက် ရှိနေ၏။

“မီးအလောင်းကောင်ကို ဆုံးရှုံးရတဲ့အတွက် ငါ့ စိတ်ထဲမှာ နာကျင်ရပေမဲ့လည်း ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို ကျွမ်းကျင်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ဖျက်စီးဖို့အတွက် ဒါကို အသုံးပြုရတာ ထိုက်တန်ပါတယ်။ဒီလူသာ သေသွားရင် ကျန်တဲ့နှစ်ယောက်က ငါ့ကို လိုက်ဖမ်းနိုင်မှာ မဟုတ်တော့ဘူး…”

လျိုချင်းယွမ်က ရယ်မောရင်း ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ သူက ဖြစ်နိုင်သမျှ အလောင်းကောင်ကလန်သို့ ပြန်၍ ခန္ဓာကိုယ်တစ်ခုကို ရွေးချယ်နိုင်ရန် စီစဉ်ရပေမည်။အခြားဒုခန်းမသခင်များကိုမူ အခုအဖြစ်အပျက်အတွက် ပြန်လည် လက်စားချေဖို့ လိုသေးသည် မဟုတ်လား။

“မင်း မလွတ်နိုင်ပါဘူး…” အေးစက်စက် အသံသည် လေပြင်းနှင့်အတူ လျိုချင်းယွမ်၏နားထဲသို့ ရောက်ရှိလာ၏။ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ့မျက်လုံးထဲ၌လည်း မယုံကြည်နိုင်မှုတို့နှင့် ပြည့်နေ၏။ သူ့ခန္ဓာသည် ရွေ့လျားနေရာကနေ ရပ်တန့်သွားချေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset