Switch Mode

အပိုင်း(၉၄၁)

ခေါင်းကြီးကောင်လေး

ခေါင်းကြီးကောင်လေး၏ မျက်လုံးထဲ၌ ကြောက်လန့်မှုတို့နှင့် ပြည့်နေသည်။ သူက သွေးအန်ထုတ်လိုက်ရ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးအလင်းနှင့် ခြုံလွှမ်းထားသည်။သူက နောက်သို့ အံ့မခန်းအမြန်နှုန်းနှင့် ဆုတ်နေသည်။

သည်သွေးလွတ်မြောက်ခြင်း မန္တာန်သည် လျှပ်စီးထက်ပင် အဆများစွာ မြန်သေး၏။ မျက်စိတစ်မှိတ်အတွင်း သူက ဟင်္သာပြဒါးဂြိုဟ်နှင့် အဝေးသို့ ရောက်လာခဲ့လေပြီ။

သို့သော် သူက ထိုဂြိုဟ်ကနေ ထွက်ခွာလာသည့် ချက်ခြင်းလိုလိုမှာပင် ဝမ်လင်းသည် ခြေလှမ်းလိုက်၏။ သူ့ပုံရိပ်သည် လောကနှင့်တစ်သားတည်းပေါင်းစပ်ကာ ပျောက်ကွယ်သွားသည်။ သူက သွေးအရိပ်ထက်ပင် ပို၍ မြန်ဆန်သေး၏။ သူက ထွက်ပြေးနေသော ခေါင်းကြီးကောင်လေး၏ ရှေ့၌ တိုက်ရိုက် ပေါ်ထွက်လို့လာသည်။

ဝမ်လင်း ပေါ်ထွက်လာသည်နှင့် ယင်ယန်ငါးများသည် သူ့ညာလက်၌ ပေါ်လာကာ သူသည် သူ့လက်ဖြင့် ကြမ်းတမ်းစွာ ခုတ်ပိုင်းချသည်။

သူ့လက်ဝါးရိုက်ချက်သည် ဟင်းလင်းပြင်ထဲ၌ ပေါက်ကွဲသွားစေ၏။ ထိုလက်ဝါးချက်၌ ဝမ်လင်း၏တာအိုနှင့်မူလစွမ်းအင်တို့ ပါဝင်သည်။

ခေါင်းကြီးကောင်လေးကို ဝန်းရံထားသည့် သွေးအလင်းသည် ချက်ခြင်း ပျက်စီးသွား၏။သူ့မျက်နှာက ဖြူရောသွားသည်။ သည်မန္တာန် လေထဲထဲသို့ ကျရောက်လာခြင်းသာ ဖြစ်သော်လည်း အဖြူအနက်အခိုးငွေ့များ ဖြစ်ပေါ်လာခဲ့လေ။ အဖြူရောင်အခိုးငွေ့သည် လေဟာနယ်အဖြစ်သို့ ပြောင်းလဲကာ ခေါင်းကြီးကောင်လေး၏ ခန္ဓာကိုယ်ထဲ၌ ထူးဆန်းစွာ ပေါ်လာပြီး သူ့မူလစိတ်ဝိညာဉ်ထံသို့ ဦးတည်သည်။

ခေါင်းကြီးကောင်လေးသည် သည်လိုမန္တာန်မျိုးကို သူ့ဘဝတစ်လျှောက်တွင် တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ သူ့ခန္ဓာကိုယ်ထဲရှိ အဖြူရောင်အခိုးငွေ့ ပျက်စီးသွားသည်နှင့် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်မူလစွမ်းအင်သည်လည်း အားနည်းသွားတော့သည်။

ထိုအရာက အစသာ ရှိသေးသည်။ ခေါင်းကြီးကောင်လေးကို အမှန်တကယ် ပင့်သက်ရှိုက်သွားစေသည်က အနက်ရောင်အခိုးငွေ့ပင်။ထိုအနက်ရောင်အခိုးငွေ့ သူ့ပတ်လည်သို့ ဝန်းရံလာသည့်အခါ၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သွေ့ခြောက်စေသည်။ သူ့ခန္ဓာကိုယ်ကနေ အသက်ဓာတ်အားအမြောက်အများ ထွက်သွားတော့သည်။

ထိုပြောင်းလဲမှုက ခေါင်းကြီးကောင်လေးကို ကြီးစွာ တုန်လှုပ်စေသည်။သူ့မန္တာန်သည် ဝမ်လင်းကြောင့် ပျက်စီးသွားသည့်အပြင် လေဟာနယ်ထဲမှ ထွက်ပေါ်လာသည့် ပြင်းထန်သောအားတစ်ခုမှာလည်း သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည် မဟုတ်လား။

ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည့် ဟင်္သာပြဒါးဂြိုဟ်ပေါ်မှ ကျင်ကြံသူအားလုံးသည် စိတ်လှုပ်ရှားမိလာ၏။ မည်သူကစလိုက်မှန်း မသိဘဲ ကျင့်ကြံသူများစွာသည် သူတို့၏ ကလန်များကနေ တိုက်ပွဲအစွန်းနားသို့ ပျံသန်းလာကြတော့သည်။

ထိုကျင့်ကြံသူများထဲ၌ ကျိုးဝုထိုင်နှင့်ယွမ်ချွဲဇီတို့ပင် ပါဝင်နေသေးသည်။

သည်အခိုက်၌ ဝမ်လင်းနှင့်ခေါင်းကြီးကောင်လေးတို့၏ တိုက်ပွဲနှင့် သိပ်မဝေးသောနေရာတွင် သေမျိုးမြို့တော်တစ်ခု ရှိလေ၏။ခေါင်းကြီးကောင်လေး၏ နတ်ဘုရားအာရုံကြောင့် ဒဏ်ရာရသွားခဲသည့် ဆံပင်ဖြူနှင့်အဘိုးအိုတစ်ယောက်သည် သူ့နတ်ဘုရားအာရုံကို ကြိုးစားဖြန့်ကျက်ကာ တိုက်ပွဲကို လေ့လာကြသည်။

သူက လျှို့ဝှက်ခန်းတစ်ခုအတွင်း၌ ရှိနေကာ သူ့ရှေ့၌ ပန်းချီကားတစ်ချပ်လည်း ရှိနေသည်။ထိုပန်းချီကားသည် အဘိုးအိုတစ်ယောက်၏ အသွင်ပင်။ယင်းပန်းချီကား၏ အောက်ဘက်၌ တုန်ကင်တစ်ခု ရှိ၏။၎င်းတုန်ကင်ပေါ်၌ ဝမ်ကလန်၏ ဘိုးဘေး ဝမ်ကျောက်ဟု ရေးထိုးထားသည်။

ခေါင်းကြီးကောင်လေးသည် ပြင်းထန်သောဖိအားကို ခံစားမိ၏။ သူ့ခန္ဓာကိုယ်သည် မြေကြီးထုနှင့် မြန်မြန် နီးကပ်လာတော့သည်။ သူ့ကောင်းကင်ဘုံမူလစွမ်းအင်တို့ကိုလည်း အရူးအမူး အသက်သွင်းထားတော့၏။ပေထောင်ချီ ပြုတ်ကျလာပြီးမှ သူသည် သူ့ကိုယ်သူ ပြန်တည်ငြိမ် ထိန်းလိုက်နိုင်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ဘုံမူလစွမ်းအင်အမြောက်အများသည် တဟုန်ထိုး ထွက်လာသည်။ သူ့ရှေ့၌ ထိုစွမ်းအင်များက ပိုက်ကွန်သဖွယ် ဖြစ်ပေါ်သည်။

“ကောင်းကင်ဘုံမန္တာန်….စိတ်ဝိညာည်ဖျက်စီးခြင်းပိုက်ကွန်…” ခေါင်းကြီးကောင်လေးသည် မာန်သွင်းလိုက်ရာ သူ့ရှေ့ရှိ ပိုက်ကွန်သည် ရုတ်တရက် ကြီးမားလာသည်။ ၎င်းက ပေတစ်ထောင်ကျော်ထိ ရှည်လျားကာ ဝမ်လင်းနှင့် နီးကပ်လာသည်။

ဝမ်လင်းအသွင်က အေးစက်နေ၏။ သူက အေးစိမ့်စိမ့် အကြည့်ကို ထုတ်ဖော်သည်။သူက ရှေ့သို့ ဆက်၍ မတိုးလာတော့ပါ။ ပိုက်ကွန်သည် သူ့ထံသို့ နီးကပ်လာသည့်အခါ သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာပြီး ပျောက်ကွယ်သွားတော့သည်။

ခေါင်းကြီးကောင်လေး၏မျက်နှာက ဖြူရောသွားသည်။သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ရှိနေသည်။သူက အစောပိုင်းတည်းကတစ်ခုခု မှားနေသည်ဟု ခံစားမိ၏။သူ့သွေးလွတ်မြောက်ခြင်းသည် သူ့မိသားစုမှ ဆင်းသက်လာခြင်း ဖြစ်ကာ တည်နေရာရွှေ့ပြောင်းခြင်းထက်ပင် ပို၍ မြန်ဆန်သေးသည်။

သူက သူ့ငယ်ဘဝတစ်လျှောက်တွင် သေရေးရှင်ရေးအခိုက်အတန့်များ၌ သွေးလွတ်မြောက်ခြင်းနှင့် လွတ်မြောက်ခဲသည့်မှာ အကြိမ်ပေါင်းမနည်းပေ။

သို့သော် သည်ရှုမူက မည်သည့်မန္တာန်ကို အသုံးပြုလိုက်မှန်း မသိဘဲ သူ့အား ချက်ခြင်း ဖိနှိပ်သည်။ထိုအဖြစ်က သူ့စဉ်းစားဉာဏ်ကိုပါ ဆုံးရှုံးသွားစေ၏။ သို့သော် သူ့အတွက် အများကြီးတွေးနေရန် အချိန်မရလိုက်ပေ။ ရှုမူသည် ထိုမန္တာန်ကို ထပ်မံအသုံးပြုသည်ကို တွေ့မြင်သည့်အခါ သူ့အမွှေးအမျှင်များပါ ထောင်မတ်ကုန်၏။ သည်အခိုက်၌ သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံမူလစွမ်းအင်တို့သည် ပေါက်ကွဲထွက်လာတော့သည်။

သို့သော် အဖြူရောင်အခိုးငွေ့များသည် ခေါင်းကြီးကောင်လေး၏ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာ၏။ ၎င်းအခိုးငွေ့တို့သည် ခေါင်းကြီးကောင်လေး၏ အပြင်ဘက်၌ ပြင်းထန်သော မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်သည်။

၎င်းမုန်တိုင်းက ခြုံလွှမ်းလာနေရင်း ဝမ်လင်း၏ပုံရိပ်သည် ပေါ်ထွက်လာသည်။သူ့လက်ချောင်းများဖြင့် ဓားတစ်လက်အသွင် ဖြစ်စေကာ ကောင်းကင်ခုတ်ပိုင်းခြင်းဓားချက်များကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်စေသည်။ထို့နောက် ၎င်းဓားချက်တို့သည် ကောင်းကင်ဘုံမူလစွမ်းအင်ကြောင့် ဖြစ်ပေါ်နေသည့် ဝဲကတော့ပေါ်သို့ ထိမှန်ကျရောက်သည်။

ခေါင်းကြီးကောင်လေးက ရုတ်တရက် ချွေးစေးများ ပြန်လာတော့သည်။သူက နောက်သို့ အမြန် ဆုတ်သည်။သူက ဝမ်လင်း၏ ထူးဆန်းလှသော မန္တာန်ကို ရှိန်နေ၏။ ပိုဆိုးသည်က ရှုမူသည် ကြောက်မက်ဖွယ် မိုးကြိုးမန္တာန်ကိုလည်း အသုံးမပြုသေးခြင်းပင်။

သူက မိုးကြိုးမန္တာန်အကြောင်း တွေးမိသည်နှင့် သူ့စိတ်ထဲရှိ ကြောက်ရွှံ့မှုမှာ ပိုတိုးလာတော့၏။ သူက စိုးရိမ်ပူပန်လာကာ အော်ပြော၏။ “ရှုမူ…ငါ ဒီနေရာက တစ်ယောက်တလေကိုတောင် မသတ်ခဲ့ဘူး။ မင်း ငါ့ကို ဘာကြောင့် အခုလို အတင်း ဖိအား ပေးနေရတာလဲ…”

ဝမ်လင်းအသွင်က အေးစက်နေ၏။ သူက ရပ်တန့်သည်။

ခေါင်းကြီးကောင်လေး၏ မျက်လုံးထဲ၌ ကျေနပ်သည့်အရိပ်အယောင်ပေါ်လာသည်။သူက ချက်ခြင်းပင် တရကြမ်းထိုးထွက်၏။ သူ့ပါးစပ်ကနေလည်း လှမ်းအော်သည်။ “ရှုမူ…မင်းနဲ့ငါက ရန်သူတွေ မဟုတ်ဘူး။ ငါက အဆင်အခြင်မဲ့သွားခဲ့တာပါ။ အခု ငါ ထွက်သွားပါတော့မယ်…”

သူ့စိတ်နှလုံးသည် ခုန်ပေါက်နေသည်။သူက လွတ်မြောက်သွားရန်အတွက် နှိမ့်ချနေသော်လည်း သူသာ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများအုပ်စုရှိ ပြန်ရောက်ပါက ရှုမူ၏ပုံရိပ်ကို ဖော်ထုတ်ပေမည်။

“ရှုမူ…ငါ ဒီနေ့အတွက် ပြန်လက်စားချေပြမယ်။ ငါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ မင်းနာမည်ကို ဖျက်မယ်။ သွေးနတ်ဘုရားလို စီနီယာတွေက မင်းကို သားကောင်တစ်ကောင်လို အမဲလိုက်လာရင် မင်း ဘယ်လိုများ ထွက်ပြေးမလဲ ငါ ကြည့်ချင်မိသေးတယ်။မင်းရဲ့ စီနီယာအစ်ကို ချင်းရွှေ ရှိနေရင်တောင် သူလည်း မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး…”

ခေါင်းကြီးကောင်လေးသည် အံတင်းတင်းကြိတ်ထား၏။ သို့သော် သူက သူ့အတွေးများကို မဖော်ထုတ်ဝံ့ပေ။သူက ကောင်းကင်ထက်သို့ ကြည့်သည့်အခါ လေထုကို တွေ့မြင်၏။ သူသာ သည်လေထုကို ချိုးဖျက်နိုင်ပါက သည်ရှုမူသည် ကျင့်ကြံသူရာချီ မျက်မြင်သက်သေ ရှိနေသည့်အခါ၌ သူ့အား တိုက်ခိုက်ဝံ့တော့မည် မဟုတ်ပေ။

ဝမ်လင်းသည် နှာခေါင်းရှုံ့၏။ သူက ခေါင်းကြီးကောင်လေး ဘာတွေးနေသည်ကို ရှင်းရှင်းလင်းလင်း သိနေပေ၏။ သူ့လက်ကို ပင့်မြှောက်လိုက်ရာ သူ့ကိုယ်ထဲရှိ ခေါင်းလောင်းသံသည် မည်ဟိန်းလာတော့၏။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဘုရားမီးပြင်းဖို၏ အရိပ်သည် ထွက်ပေါ်လာ၏။၎င်း က ပေါ်ထွက်လာသည်နှင့် ဝမ်လင်းသည် အလျင်မလိုဘဲ ပြောလိုက်သည်။ “ပုံစံပြောင်းချေ…”

ချက်ခြင်းပင် ထွက်ပြေးနေသည့် ခေါင်းကြီးကောင်လေး၏ခန္ဓာကိုယ်ကနေ တစ္ဆေအလင်းတစ်ခု ထုတ်လွှတ်လာ၏။ သည်ပေါ်လာသည့် တစ္ဆေအလင်းသည် ရုတ်ချည်းဆန်လှကာ သူ့အား မင်သက်သွားစေသည်။သို့သော် သိပ်မကြာခင်တွင်ပင် သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာ၏။

သူ့ခန္ဓာကိုယ်သည် ချက်ခြင်း ပျောက်ကွယ်သွားကာ ဝမ်လင်းနှင့်သူသည် နေရာချင်း ချိန်းသွားတော့၏။

“မင်း မလွတ်မြောက်နိုင်ဘူးလို့ ငါ ပြောခဲ့ပါတယ်…” ဝမ်လင်းသည် ခေါင်းကြီးကောင်လေးထံသို့ တစ်လှမ်းချင်းလှမ်းလာသည်။သူ့မျက်လုံးထဲရှိ အေးစက်မှုသည် ပို၍ အားကောင်းလာ၏။

ခေါင်းကြီးကောင်လေးသည် ခါးသက်စွာ ခံစားမိသည်။ ဝမ်လင်းနီးကပ်လာသည်နှင့် မသက်မသာဖြစ်မှုသည် သူ့ထံ၌ ပျံ့နှံ့နေတော့သည်။ သူ့အတွက် ဝမ်လင်းသည် အရိပ်ဆိုးတစ်ခု မဟုတ်လား။သူက အံတင်းတင်းကြိတ်လိုက်၏။ သူ့မျက်လုံးထဲ၌ ရက်စက်မည့် အရိပ်အယောင်တို့ ဖြစ်ပေါ်လာတော့သည်။

သူက နောက်သို့ အမြန်ဆုတ်နေရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ သူက ထူးဆန်းသောဘာသာစကားတစ်ခုကို စတင် ရွတ်ဆိုရင်း အေးစက်စက်အော်ရာတစ်ခုမှာ စတင် ပျံ့နှံ့လာတော့သည်။

“ရှုမူ…မင်းက ငါ့ကို အတင်းဖိအားပေးနေတာပဲ…” ခေါင်းကြီးကောင်လေး၏စကားဆုံးသည်နှင့် သူ့ရှေ့ရှိ ဟင်းလင်းပြင်ထဲ၌ တစ်ဝက်တိတိ ထွင်းဖောက်မြင်နိုင်သော စာလုံးများ ပေါ်လာတော့သည်။ ထိုစာလုံးများ ပေါ်လာပြီးနောက် ၎င်းတို့က ဝမ်လင်းကို မတိုက်ခိုက်ပေ။ သို့သော် ယင်းစာလုံးများသည် ခေါင်းကြီးကောင်လေး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကုန်၏။

နာကျင်မှုစွာ ငြီးတွားသံသည် ခေါင်းကြီးကောင်လေးထံမှ ထွက်ပေါ်လာ၏။ သူက သူ့မန္တာန်များအားလုံးနှင့် လက်နက်ရတနာများသည် ရှုမူရှေ့၌ အသုံးမဝင်မှန်း သိသည်။ သူက မလွယ်ကူမှုကိုသာ ခံစားမိနေ၏။

ထိုခံစားမှုသည် သူ့ဦးရေပြားကို ထုံထိုင်းသွားစေသည့်အထိ ဖြစ်စေ၏။ သို့သော် သူက ဆန္ဒမရှိလျှင်ပင် နောက်ဆုံးရင်ဆိုင်မှုအတွက် သူ့အားအကောင်းဆုံးကောင်းကင်ဘုံမန္တာန်ကို အသုံးပြုရပေတော့မည်။

ထိုစာလုံးများသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ခြောက်သွေ့သွားသည်။သူ့ခန္ဓာကိုယ်ထဲရှိ အဆီအနှစ်များသည် သူ့ဦးခေါင်းထက်သို့ စုစည်းသည်။

မူလကတည်းက သူ့ဦးခေါင်းသည် သူ့ခန္ဓာကိုယ်ထက် ပိုကြီးမား၏။ အခု သူက သည်ကောင်းကင်ဘုံမန္တာန်ကို အသုံးပြုသည့်အခါ သူ့ခန္ဓာကိုယ်သည် ပို၍ပင် သေးငယ်ကာ အရိုးစုတစ်ခုနှင့် မခြား ဖြစ်လာသည်။သိုသော် သူ့ဦးခေါင်းကမူ ကြောက်မက်ဖွယ်ကောင်းအောင် ပိုကြီးမားလာတော့၏။

သူ့အသွင်ဟန်ပန်ကလည်း အင်မတန်ကြမ်းကြုတ်လှ၏။ သူ့နှဖူးထက်မှ သွေးကြောများသည် ဖောင်းကြွနေသည်။ သေမျိုးတစ်ယောက်သာ ညအခါ၌ သူ့ကို တွေ့မြင်ခဲ့ပါက ကြောက်ရွှံ့၍ သေသွားနိုင်၏။

ခေါင်းကြီးကောင်လေး၏၏ မူလခန္ဓာကိုယ်၌ ဆံပင်များစွာ မရှိပေ။သူက သည်ထူးဆန်းသောမန္တာန်ကို အသုံးပြုလာသည့်အခါ သူ့ရှိသမျှဆံပင်များအားလုံးပင် ကျွတ်ကျကုန်၏။ခုချိန်၌ သူက ကတုံးပြောင် ဖြစ်သွားလေပြီ။

သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့ဦးခေါင်းနှစ်ဖက်သို့ ညွှန်ကာ စူးရှရှရယ်သံတစ်ခုသည် ပဲ့တင့်ထပ်လာ၏။ သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်နေသည်။ သူက အော်ပြောလိုက်၏။ “ကောင်းကင်ဘုံမန္တာန်…အရွတ်ဖယ်ရှားပစ်ခြင်း…”

သူ အော်ဟစ်လိုက်သည်နှင့် ကျယ်လောင်သောအသံပေါက်ကွဲမှုများ တစီစီ ပေါ်ထွက်လာသည်။ သူ့ဦးခေါင်းထက်မှ သွေးကြောမြောက်များစွာသည် ဖောင်းကြွလာကာ အစိမ်းရောင်မြွေများအဖြစ်သို့ ပြောင်း၏။ ထိုအစိမ်းရောင်မြွေများသည် အတူ ပေါင်းစည်းကာ တိုင်လုံးတစ်ခုကဲ့သို့ ဝမ်လင်းရှိရာသို့ ချဲ့ထွက်လာလေသည်။

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သူက သူ့အစွမ်းထက်လှသောမန္တာန်များကို အသုံးမပြုခြင်းမှာ ခေါင်းကြီးကောင်လေးကို သူ အသုံးပြုစရာ ရှိသောကြောင့်ပင်။သူသာ ပြင်းထန်သောမန္တာန်များကို အသုံးပြုပါက သူသည် ၎င်းတို့ကို အခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် လိုသလို မထိန်းချုပ်နိုင်သေးပေ။

ထို့အပြင် သည်လူသည် ကောင်းကင်အဆင့် ကောင်းကင်ဘုံသား(၃၆)ယောက်ထဲမှ တစ်ယောက် ဖြစ်၏။ ဝမ်လင်းသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနှင့် ချီနှောင်မှုကို ဖြတ်တောက်ဖို့ အဆင့်သင့် မဖြစ်သေးပေ။သူက သာမန်ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်နိုင်၏။သို့သော် ဟင်္သာပြဒါးဂြိုဟ် အနီးနား၌ ကောင်းကင်အဆင့် ကောင်းကင်ဘုံသားတစ်ယောက်ကိုမူ သတ်ပစ်၍ မရပေ။အထူးသဖြင့် အခုလို ကျင့်ကြံသူ ရာချီ စောင့်ကြည့်နေသည့် အခိုက်တွင်ပင်။

သို့သော်လည်း ဝမ်လင်း၏ စိတ်နေစိတ်ထားအရ အခြားလူသည် သူ့အား စော်ကားလာသည်နှင့် လွတ်လွတ်ခွင့်လွှတ်ပေးမည် မဟုတ်ပေ။သူက ထိုအခြေအနေကို အကောင်းဆုံး ကိုင်တွယ်နိုင်ရန် အကြံအစည်တစ်ခု ရှိနေပြီး ဖြစ်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset