Switch Mode

အပိုင်း(၉၂၈)

မိုးကြိုး…ဖျက်စီးခြင်း

သူ့ဘေးရှိ သုံးယောက်သည် အံတင်းတင်းကြိတ်ထား၏။သူတို့က အခုချက်ခြင်း မလှုပ်ရှားပါက ရှင်သန်နိုင်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်တော့ပေ။သူတို့ထဲမှ တစ်ယောက်သည် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၏။ထို့နောက် ပတ်ဝန်းကျင်ရှိ သစ်သီးသစ်ရွက်များသည် စတင်ကြီးထွားလာကာ ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာကြသည်။

နောက်တစ်ယောက်ကမူ သူ့ပါးစပ်ကိုဟကာ အနက်ရောင်ပုတီးစေ့တစ်ခုအား ဝမ်လင်းအနီးနားသို့ ထွေးထုတ်သည်။နောက်ဆုံးကျင့်ကြံသူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြန်ရာ ရုပ်သေးရာချီသည် ဝမ်လင်းအား တိုက်ခိုက်ရန် တဟုန်ထိုး တိုးဝင်လာ၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ ဘူးသီးခြောက်ခွံကို ပစ်လွှတ်ခဲ့သည့် ကျင့်ကြံသူ၏မျက်လုံးသည် တလက်လက် ဖြစ်လာရင်း နောက်သို့ မြန်ဆန်စွာ ဆုတ်၏။သို့ရာတွင် သူဆုတ်သည်နှင့် အခြားသုံးယောက်သည်လည်း လှုပ်ရှားလာသည်သာ ဖြစ်သည်။သူတို့က အကြံတူနေသည့် ပုံပင်။

သူတို့လေးယောက်သည် မတူညီသော နေရာသို့ လွတ်မြောက်ရန် ပြေးကြ၏။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ထိုးထွက်လာ၏။သူတို့တိုက်ခိုက်မှုအားလုံးသည် တံဆိပ်တုံး၏အောက်၌ ပျက်စီးသွား၏။ထို့နောက် ၎င်းတံဆိပ်တုံးက လေးယောက်ထဲမှ တစ်ယောက်ထံသို့ ဖျပ်ခနဲ တိုးဝင်သွားသည်။

ကျယ်လောင်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပျက်သွား၏။၎င်းက ထိုးချကျရောက်လာပြီးနောက် နောက်တစ်ယောက်ထံသို့ ဦးတည်သွားပြန်သည်။ ရွှေရောင်စာလုံးများသည် သည်ဧရိယာတွင် ပြည့်နှက်နေ၏။၎င်းစာလုံးများထဲ၌ စာလုံးလေးလုံးသည် ဉာဏ်ရည်ရှိသည့်အလားပင်။

ဝမ်လင်းက ရွှေရောင်စာလုံးများကြားရှိ ထူးခြားသောစာလုံးလေးလုံးကို စူးစိုက်ကြည့်နေ၏။သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက ရဲတင်းသောအကြံတစ်ခု ရရှိလာသည်။

“ငါက စိတ်ဝိညာဉ်တစ်သန်းအလံနဲ့ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ပေါင်းစည်းလိုက်မယ် ဆိုရင်ရော…” ဝမ်လင်း၏နှလုံးသားသည် တစ်ချက်ခုန်သွားသည်။

တုန်ဟီးသံများ ဆက်တိုက်ပဲ့တင် ထွက်လာ၏။ခဏအကြာတွင် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ပြန်ရောက်လာသည်။ဉာဏ်ရည်ရှိသည့် စာလုံးလေးလုံးသည် လေးလုံးကနေ ခုနစ်လုံးထိ တိုးလာ၏။

ဝမ်လင်းက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ဆွဲယူကာ ပျောက်ကွယ်သွားတော့သည်။

သစ်တောကို မြန်ဆန်စွာ ဖြတ်သန်းသွားနေရင်း ရှန်ကုန်းဟူ၏မျက်နှာသည် ဖြူရောနေသည်။သူက ပေါ်ထွက်လာသည်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုသည် သူ့အပေါ်သို့ ရောက်လာခဲ့တော့သည်။သူ့ပြန်တုန့်ပြန်မှုက မြန်ဆန်လှကာ အလျင်အမြန် ရှောင်လိုက်ခြင်းကြောင့်သာ မဟုတ်ပါက သူသည် ပေါ်လာသည်နှင့် သေဆုံးသွားနိုင်သည်။

မည်သို့ပင်ဖြစ်စေ သူက ရှောင်လိုက်ချိန်၌ ဒဏ်ရာရသွားသည်သာ ဖြစ်သည်။သူ့မျက်နှာသည် ဖြူရောနေ၏။သူက မြန်ဆန်စွာ ပြေးရသည်။သူ့နောက်တွင် ခေါင်းကြီးကောင်လေးသည် မြန်ဆန်စွာ လိုက်နေသည် မဟုတ်လား။

ခေါင်းကြီးကောင်လေး၏ မျက်နှာပေါ်ရှိ ရူးသွပ်သွပ်အပြုံးသည် ရှိနေဆဲပင်။ထိုအပြုံးက ရှန်ကုန်းဟူကို အေးစက်စေ၏။သူက သူ့လက်ကို ပင့်မြှောက်ကာ ခရမ်းရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်သည်။ထိုခရမ်းရောင်အလင်းသည် ဆယ့်နှစ်ပေလောက်ရှိသည့် ပုရွတ်ဆိတ်ရုပ်သေးတစ်ကောင်ကဲ့သို့ မြန်ဆန်စွာ ပြောင်းလဲသွားသည်။

ထိုပုရွတ်ဆိတ်က အင်မတန် ကြမ်းကြုတ်လှ၏။၎င်းက ပေါ်လာသည်နှင့် ဟိန်းသံပေးကာ ရှန်းကုန်ဟူနောက်သို့ ပိုမြန်သောနှုန်းဖြင့် လိုက်ပါလာသည်။

ခေါင်းကြီးကောင်လေး၏မျက်နှာပေါ်ရှိ အပြုံးက ပိုအေးစက်လာသည်။သူက သူ့ရှေ့ရှိ ကျင့်ကြံသူမှာ လေးနက်သောကောင်းကင်ပုရွတ်ဆိတ်ကြောင့် ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်သည် တစ်ဝက်တိတိ စုတ်ပြဲသွားပြီ ဖြစ်ကြောင်း သိနေသည်။

ခေါင်းကြီးကောင်လေးက ခပ်တိုးတိုး ရေရွတ်၏။ “ကံမကောင်းစွာနဲ့ ဒီနေရာမှာ ငါ့ သိုလှောင်အိတ်ကို ဖွင့်လို့မရဘူး။မဟုတ်ရင် ငါက သူ့မူလစိတ်ဝိညာဉ်ကို စုစည်းလိုက်ရုံပဲ။ ဒီပုရွတ်ဆိတ်ကိုတောင် စေလွှတ်ဖို့ လိုမှာ မဟုတ်ဘူး…”

သည်လို သေရေးရှင်ရေး အခိုက်၌ ရှန်ကုန်းဟူ၏မျက်လုံးသည် တလက်လက် ဖြစ်လာသည်။သူက သူ့နောက်သို့ လိုက်လာသောပုရွတ်ဆိတ်ထံသို့ လက်သီးစုပ်ခန့်မိုးကြိုးလုံးတစ်ခုကို ထွေးထုတ်သည်။မိုးကြိုးသည် တုန်ဟီးကာ ပုရွတ်ဆိတ်ထံသို့ ဦးတည်သွားသည်။

သို့ရာတွင် သူတို့၏ကျင့်ကြံမှုအဆင့်ကွာခြားချက်က ကြီးမားနေသည်။မိုးကြိုးသည် ထိုပုရွတ်ဆိတ်ပေါ်သို့ နီးကပ်လာချိန်၌ ၎င်းပုရွတ်ဆိတ်သည် ၎င်း၏ အမွှေးနှင့် ညှပ်ပစ်လိုက်ရာ မိုးကြိုးလုံးသည် ချက်ခြင်း ပျက်စီးသွားသည်။

၎င်းပုရွတ်ဆိတ်ထံကနေ အေးစက်စက်အော်ရာကို ပေးစွမ်းရင်း ရှန်ကုန်းဟူပေါ်သို့ လက်ဖြင့် ညှပ်ချလာသည်။

ရှန်ကုန်းဟူက ကြောက်လန်တကြား ဖြစ်သွားသည်။သူက ပေါ်ထွက်လာသည်နှင့် အခုချိန်ထိ ဆယ့်ငါးမိနစ်လောက်သာ ရှိသေးသည်။သူက ထိုတစ်ချိန်လုံး အသက်ရှင်ရန် ကြိုးပမ်းနေရသည်။သူက ခုချိန်ထိ တစ်ယောက်ကိုမျှလည်း သတ်နိုင်ခြင်း မရှိသေးပေ။သူက တိုက်ပွဲကွင်းပြင်တွင် မြေစာပင် တစ်ကောင်လို ဖြစ်လာခဲ့ရတော့၏။

သို့သော် ထိုအခိုက်၌ ရှန်ကုန်းဟူ၏မျက်လုံးသည် အံ့အားသင်သွား၏။သူက ရင်းနှီးသောအော်ရာတစ်ခုသည် သူ့ထံသို့ နီးကပ်လာသည်ကို ခံစားမိသည်။ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် ကောင်းကင်နှင့်မြေကြီးကြားတွင် အေးစက်စက်အသံတစ်ခု ပြည့်နှက်လာသည်။

“ချိပ်ပိတ်ခြင်း…”

ထိုစကားလုံးထွက်ပေါ်လာသည်နှင့် ရွှေရောင်စာလုံးများသည် ရှန်ကုန်းဟူပတ်လည်၌ ရုတ်တရက် သိပ်သည်းလာသည်။ဘန်းခနဲ ပုရွတ်ဆိတ်၏ ညှပ်သည် ထိုရွှေရောင်စာလုံးများအပေါ်သို့ ကျလာသည်။

မရေမတွက်နိုင်သောရွှေရောင်စာလုံးများသည် ပေါင်းစပ်သွားပြီးနောက် ရွှေရောင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ထိုမုန်တိုင်းသည် ဖြန့်ကျက်လာသည့်အခါ လေးနက်သောကောင်းကင်ပုရွတ်ဆိတ်သည် တုန်ယင်သွားပြီး နောက်သို့ အမြန်ဆုတ်သည်။

ခေါင်းကြီးကောင်လုံး၏ ရူးသွပ်သွပ်အပြုံးသည် ချက်ခြင်း အေးခဲသွား၏။သူက ရှေ့သို့ စူးစိုက်ကြည့်သည်။သူ့အသွင်က သုန်မှုန်သွားတော့၏။ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိ နောက်သို့ ဆုတ်တော့၏။

ဝမ်လင်းက တောအုပ်ထဲကနေ လှမ်းထွက်လာကာ ရှန်ကုန်းဟူနောက်သို့ ရောက်လာ၏။ဝမ်လင်း၏ ရှေ့တွင် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် မြောလွင့်ကာ ညင်သာသော ရွှေရောင်တောက်ပမှုကို ထုတ်လွှတ်ပေးနေသည်။

“အရှင်…” ရှန်ကုန်းဟူ၏မျက်နှာပေါ်၌ လေးစားမှုနှင့် ပြည့်လာသည်။

ဝမ်လင်းက ခေါင်းညိတ်ပြ၏။သူ့အကြည့်က ခေါင်းကြီးကောင်လေးအပေါ်သို့ ကျရောက်သွားသည်။သူက အေးစက်စက် ပြောလိုက်၏။ “မင်းက ပြေးချင်နေသေးတာလား…” သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်း၏။ချက်ခြင်းပင် ပေရာပေါင်းများစွာသို့ သူ ရောက်ရှိသွားသည်။ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည်လည်း တိုက်ရိုက် ထိုးထွက်လာသည်။

ခေါင်းကြီးကောင်လေး၏ကျင့်ကြံမှုအဆင့်မှာ ဝမ်လင်းနှင့်အတူတူပင်။သို့သော် စမ်းသပ်မှုသုံးခုအတွင်း ဝမ်လင်း၏ လုပ်ဆောင်မှုကို ကိုယ်တိုင်တွေ့မြင်ပြီး ဖြစ်သည် မဟုတ်လား။ထို့ကြောင့် ခုချိန်၌ သူက ဝမ်လင်းကို အတော်လေးကို ကြောက်လန့်နေမိပြီ ဖြစ်ကာ ဝမ်လင်းကို မလိုအပ်ဘဲ ရန်မစလိုပေ။

ခေါင်းကြီးကောင်လေး၏မျက်နှာပေါ်ရှိ ရူးသွပ်သွပ်အပြုံးသည် ပျောက်ကွယ်သွား၏။သူက အလျင်အမြန် လှမ်းအော်သည်။ “ရောင်းရင်းကျင့်ကြံသူ ရှုမူ…ငါ ဒီဧရိယာကနေ ထွက်သွားပါ့မယ်။ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်ကတူတူပဲ။ ဒါ့ကြောင့် ငါတို့ တိုက်ခိုက်မယ်ဆိုရင် သင်လည်း ဒဏ်ရာရလိမ့်မယ်။ ဒါဆို ရှုထင်အတွက် အခွင့်ရေးတစ်ခု ရသွားလိမ့်မယ်။ ဒီလို အဖြစ်မခံပါနဲ့…”

ဝမ်လင်း၏မျက်လုံးသည် အေးစက်နေသည်။သူက ရှေ့သို့ လှမ်းကာ သူ့လက်ကို ပင့်မြှောက်၏။ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်သည် သူ့လက်ထဲကနေ ကြမ်းတမ်းစွာ ထွက်ပေါ်လာတော့သည်။ခေါင်းကြီးကောင်လေး၏အသွင်သည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွား၏။သူက နောက်သို့ဆုတ်နေရင်း လေးနက်သောကောင်းကင်ပုရွတ်ဆိတ်သည် ဟိန်းအော်ကာ ထိုခေါင်းကြီးကောင်လေး၏ရှေ့၌ ပိတ်ဆို့ပေးသည်။ကောင်းကင်ခုတ်ပိုင်းခြင်းဓားချက်သည် ၎င်းပုရွတ်ဆိတ်ကို ထိမိသည်နှင့် ၎င်းပုရွတ်ဆိတ်သည် ပျက်စီးသွားသည်။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်သည် ဖျပ်ခနဲ ထွက်ပေါ်ပြီးနောက် ရွှေရောင်စာလုံးများထဲမှ တစ်လုံးသည် ထိုပျက်စီးသွားသည့် ပုရွတ်ဆိတ်ပေါ်သို့ ကျရောက်သွား၏။ထိုရွှေရောင်စာလုံးသည် ချက်ခြင်းပင် အသိဉာဏ်နှင့် ပြည့်သွားသည်။

ခေါင်းကြီးခန္ဓာကိုယ်၏ အသွင်သည် ဖြူရောလာသည်။သူက နောက်သို့ မြန်ဆန်စွာ ဆုတ်နေရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေရင်း အော်ပြော၏။ “ကောင်းကင်ဘုံမန္တာန်…ထွေးပွေ့ခြင်း…” ထိုသို့ပြောပြီးနောက် လှိုင်းတွန့်တစ်ခုသည် သူ့ပတ်လည်၌ ပျံ့နှံ့လာသည်။ထိုလှိုင်းတွန့်သည် ပျံ့နှံ့လာရင်း ပတ်ဝန်းကျင်သည် စတင် ပြောင်းလဲလာသည်။ မတူညီသောကြမ်းကြုတ်သည့် သားရဲများသည် စတင်ပေါ်ထွက်လာကာ ဝမ်လင်းထံသို့ ဒေါသတကြီး ဟိန်းဟောက်ရင်း တိုးဝင်လာကြတော့သည်။

“ငါ့မိုးကြိုးစွမ်းအားကို မင်းကို အသုံးပြုပြီး စမ်းသပ်ရတာပေါ့…” ဝမ်လင်း၏အသံသည် ဆောင်းလေပြင်းအလား။ ၎င်းအသံက ခေါင်းကြီးကောင်လေး၏ နားထဲသို့ ကျရောက်သွားသည့်အခါ သူသည် တုန်ယင်သွား၏။ သူက ဝမ်လင်းသည် မြေကြီးစမ်းသပ်မှုအတွင်း မိုးကြိုးစိတ်ဝိညာဉ်ကို ဝါးမြိုခဲ့သည့်အဖြစ်ကို ပြန်မှတ်မိသွားသည်။သူက ခါးသီးစွာ ခံစားမိ၏။နောက်သို့သာ အမြန်ဆုတ်တော့သည်။

ဝမ်လင်း၏မျက်လုံးသည် ရုတ်တရက် ပြောင်းလဲသွား၏။မိုးကြိုးသည် အရူးအမူး စုစည်းလာ၏။

“ကောင်းကင်နဲ့မြေကြီးအောက်ရဲ့ မိုးကြိုးတွေက ငါ့ ထိန်းချုပ်မှုအောက်မှာ…”

ဝမ်လင်းက ခေါင်းကြီးကောင်လေးကို ကြည့်ပင်မကြည့်ဘဲ ကောင်းကင်ထက်သို့သာ မော့ကြည့်၏။ သူ့မျက်ခုံးနှစ်ခုကြားကနေ ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာရင်း ဟိန်းသံပြု၏။

“ဝေါင်း…”

ရှေးဟောင်းမိုးကြိုးနဂါး၏ဟိန်းသံသည် လောက၌ ပဲ့တင်ထပ်လာသည်။၎င်းအသံက တုန်ခါမှုလှိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့ကာ သည်တိုက်ပွဲကွင်းပြင်ရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။

ရှုထင်သည် အနက်ရောင်မြူထုထဲသို့ ဝင်ရောက်ကာ ကျင့်ကြံသူတစ်ယောက်နောက်သို့ လိုက်နေ၏။သူ့မျက်နှာက ပြုံးနေသည်။သူက ထိုကျင့်ကြံသူကို ဝါးမြိုရန် ပြင်လိုက်၏။သို့သော် ထိုအခိုက်၌ သူက ရှေးဟောင်းအချိန်များကနေ ထွက်ပေါ်လာသည့် ဟိန်းသံတစ်ခုကို ကြားလိုက်ရသည်။သူ့ပတ်လည်ရှိ အနက်ရောင်မြူထုပင် ထိုဟိန်းသံ၏စွမ်းအားအောက်၌ ရုတ်တရက် ပျက်စီးသွားသည်။သူက မြူထဲကနေ ထွက်လာလိုက်ရသည်။သူ့အကြည့်က အကွာအဝေးတစ်ခုထံသို့ ကျရောက်သွားတော့သည်။

ထွက်ပြေးနေသော ကျင့်ကြံသူကမူ သွေးအန်ထုတ်လိုက်ရကာ သူ့မျက်နှာသည် ဖြူရောသွားသည်။ထိုကျင့်ကြံသူကလည်း ယင်းမိုးကြိုးဟိန်းသံကို ကြားလိုက်ရပေ၏။

တောအုပ်အတွင်း၌ လက်ခြောက်ချောင်းကျင့်ကြံသူသည် မိုးထိမြင့်မားသည့် သစ်ပင်ကြီးတစ်ပင်ကြား၌ ပုန်းကွယ်နေရင်း သားကောင်ကို စောင့်ဆိုင်းနေသည်။သို့သော် ထိုမိုးကြိုးသံ ထွက်ပေါ်လာသည့်အခိုက်တွင် သူက ရုတ်တရက် ဖြူရောသွားရ၏။သူသည် ကြောက်ရွှံ့ဟန်ဖြင့် အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်မိသည်။

“ဒါ…ဒါက မြေကြီးစမ်းသပ်မှုမှာတုန်းက ရှုမူ ထုတ်လွှတ်ခဲ့တဲ့ ဟိန်းသံပဲ…”

တောအုပ်အတွင်းရှိ ကျန်ကုန်းလီသည်လည်း ယင်းအသံကို ကြားလိုက်ရပေသည်။သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။သူက ကျင့်ကြံရန် ချက်ခြင်း ထိုင်ချလိုက်ရသည်။ခဏအကြာတွင် သူ့မျက်လုံးက တလက်လက် ဖြစ်လာ၏။သူ့မျက်နှာ၌ ပျော်ရွှင်မှုနှင့် ပြည့်လာသည်။သူက ဟိန်းသံရှိရာသို့ တရကြမ်း ထွက်သွားတော့သည်။

သည်အခိုက်အတန့်၌ ဤတိုက်ပွဲကွင်းပြင်ထဲရှိ ကျင့်ကြံသူအားလုံးသည် ထိုကြောက်မက်ဖွယ်မိုးကြိုးဟိန်းသံကို ကြားလိုက်ရပေ၏။ ကောင်းကင်ပင် ပြိုကျလာသည့်အလားပင်။ ရုတ်တရက်ကြီး မိုးကြိုးများသည် လေထဲ၌ မြင့်တက်ကာ ကောင်းကင်သည် အရောင်ပြောင်းလဲ၏။ထိုမိုးကြိုးများသည် အကွာအဝေးတစ်ခုတွင် စုဝေးလာသည်။

မြေပြင်သည် ပြင်းပြင်းထန်ထန် တုန်ခါသည်။

၎င်းအဖြစ်က အခု တိုက်ပွဲကွင်းပြင်တစ်ခုတွင်သာ ဖြစ်သည် မဟုတ်ပေ။ အပြင်ဘက်ရှိ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တွင် လေထဲရှိ ရှစ်မြှောင့်သစ်သားသည် ပြင်းပြင်းထန်ထန် တုန်ခါနေ၏။ မိုးကြိုးတန်းများသည်လည်း ပေါ်ထွက်လာပြီးနောက် ၎င်းသစ်သားအပိုင်းတွင် ဆက်တိုက် ရွှေ့လျားနေသည်။မိုးကြိုးလျှပ်စီးများစွာသည် ဆင့်ခေါ်ခံရသည့်အလား ကောင်းကင်ထက်တွင် ပေါ်လာခဲ့တော့သည်။၎င်းမိုးကြိုးအားလုံးသည် သစ်သားရှိရာသို့ စုစည်းကာ အလေးအမြတ် ပြုနေသည့် ဟန်ပန်မျိုးဟုပင် ထင်မှတ်ရသည်။

အရှင်မီးတောက်သည် ရုတ်တရက် မတ်တပ်ထရပ်လာ၏။သူက ရှစ်မြှောင့်သစ်သားကို စူးစိုက်ကြည့်သည်။သူ့အသွင်က သုန်မှုန်နေ၏။သူ့လက်နှစ်ဖက်လုံးဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၏။မရေမတွက်နိုင်သော ချိပ်တံဆိပ်များသည် ရှစ်မြှောင့်သစ်သားပေါ်သို့ ကျရောက်သွား၏။ထို့နောက်မှ ယင်းသစ်သားသည် တဖြည်းဖြည်း တုန်ခါနေရာကနေ ရပ်တန့်သွားတော့သည်။

သည်အခိုက်အတန့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် ထိုအဖြစ်အပျက်အပေါ် အမျိုးမျိုး စိတ်ကူးမိနေကြသည်။

ထိုဟိန်းသံ ထွက်ပေါ်ပြီးသည့်နောက် ဝမ်လင်း၏‌ ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ရှိလာသည်။ မရေမတွက်နိုင်သော လျှပ်စီးများက သူ့ပတ်လည်၌ ဝန်းရံခြုံထားသည်။ သူ့ပတ်လည်ရှိ ကီလိုမီတာ ငါးရာသည် မိုးကြိုးငရဲတစ်ခုအလား ဖြစ်ပေါ်နေတော့သည်။

တစီစီအသံများ ပဲ့တင် ထွက်ပေါ်နေရင်း မိုးထိမြင့်မားသည့် သစ်ပင်ကြီးများသည် ပျက်စီးကာ မီးတောက်များအဖြစ်သို့ လောင်ကျွမ်းကုန်သည်။သည်အခိုက်၌ ဝမ်လင်း၏မျက်လုံးထဲတွင် မိုးကြိုးတို့နှင့် ပြည့်သည်။လျှပ်စီးများက သူ့ပတ်လည်၌ လွှမ်းခြုံသည်။ ဝမ်လင်းသည် မိုးကြိုးအားလုံး၏ အရှင်တစ်ပါးအလား။

သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ထွက်ပြေးနေသော ခေါင်းကြီးကောင်လေးထံသို့ ညွှန်၏။

“မိုးကြိုး…ဖျက်စီးခြင်း…”

မိုးကြိုးဟိန်းသံသည် ဝမ်လင်း၏လက်ညွှန်မှုနှင့်အတူ ထိုးထွက်သွားသည်။ထို့နောက် ပတ်ဝန်းကျင်ရှိ မိုးကြိုးများအားလုံးသည် ခေါင်းကြီးကောင်လေးထံသို့ တရကြမ်း တိုးဝင်သွားသည်။

မိုးကြိုးများသည် မြန်ဆန်စွာ ချဉ်းကပ်လာ၏။ခေါင်းကြီးကောင်လေး၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့ ရှိလာသည်။သည်အခိုက်မှာပင် မိုးကြိုးသည် သူ့ခန္ဓာကိုယ်သို့ တရကြမ်း ဝင်ရောက်သွားတော့သည်။

တိုက်ပွဲကွင်းပြင်အနှံ့တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု နောက်တစ်ဖန် ပျံ့နှံ့သွားပြန်သည်။ခေါင်းကြီးကောင်လေး၏ ခန္ဓာကိုယ်သည် လေထဲ၌ မီးလောင်ကျွမ်းသွားသည်။သူ့ခန္ဓာကိုယ်ပင် မကျန်ရှိတော့ချေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset