တိုက်ပွဲအတွင်း အံ့အခန်းအားတစ်ခု ရုတ်တရက် ပေါ်လာသည့်အခါ၌ ဝမ်လင်း၏မျက်နှာသည် သေလောက်အောင် ဖြူရောသွားသည်။ထိုအဖြစ်က သူ့ခန္ဓာကိုယ်ကို တုန်ယင်ကာ နောက်သို့ အတင်းဆုတ်သွားစေသည်။သူက သွေးများစွာ အန်ထုတ်လိုက်ရ၏။
လောစုသည်လည်း သွေးအန်ထုတ်ရကာ နောက်သို့ လွင့်ထွက်သွားသည်။ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် သူသည် ဝမ်လင်းကို သတ်ဖြတ်လိုသည့်အကြည့်ဖြင့် စူးစိုက်ကြည့်သည်။
အရှင်မီးတောက်သည် တိုက်ပွဲကို ဖြန်ဖြေချိန်၌ နှစ်ဖက်လုံးကို မျက်နှာသာ မပေးခဲ့ပေ။သို့သော်လည်း ဝမ်လင်းပါးစပ်ထောင့်မှ သွေးအန်ထုတ်ရခြင်းသည် ချင်းရွှေ၏ ဂျိနယ်ပယ်ကို ထုတ်လွှတ်စေဖို့ ဖြစ်လာတော့သည်။
“သူက မင်းသတ်နိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ မင်းမှာ ဒီလိုအရည်အချင်း မရှိဘူး…”
ဂျိနယ်ပယ်ပေါ်လာသည်နှင့် လောကသည် အရောင်ပြောင်းသွား၏။အေးစက်စက်အော်ရာသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်လာသည်။
ထိုအော်ရာထဲ၌ အဆုံးစွန်အားတစ်ခု ပါဝင်နေ၏။မြက်ဖျာပေါ်တွင် ထိုင်နေသည့် မွန်းစတားအိုကြီးများ၏ အသွင်ပင် ပြောင်းလဲသွားကြသည်။သူတို့က ကောင်းကင်ဘုံအရှင်ချင်းရွှေ၏ အားကောင်းသော မန္တာန်ကို တွေ့မြင်လိုက်ရသည် မဟုတ်လား။
ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ၏ အသွင်ဟန်ပန်သည် ချက်ခြင်း ပြောင်းလဲသွားကြတော့သည်။
“ရပ်လိုက်…” အရှင်မီးတောက်က ရုတ်ချည်း မတ်တပ်ထရပ်၏။သို့သော် သူက နောက်ကျသွားခဲ့လေပြီ။
လောစုသည် ခုခံနိုင်ဖို့ မစွမ်းသာသည့် အားတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ဟု ခံစားမိ၏။သူက အနီရောင်အလင်းတန်းတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ဟုသာ တွေ့မြင်လိုက်ရသည်။သည့်နောက် သူ့ခန္ဓာကိုယ်ထဲရှိ မူလစိတ်ဝိညာဉ်ထံမှ ပျက်စီးသံ ထွက်ပေါ်လာတော့၏။
ထိုအခါ မခံမရပ်နိုင်သော နာကျင်မှုသည် သူ့ခန္ဓာကိုယ်ထဲ၌ ဖြစ်ပေါ်လာ၏။
သူ့မူလစိတ်ဝိညာဉ်သည် ချက်ခြင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရသည်။ထိုအဖြစ်က သူ့ခန္ဓာကိုယ်ကနေ သွေးများ ပန်းထွက်လာစေတော့၏။သူက သူ့ကို သတ်သည့်လူကို လှည့်ကြည့်ရန် ကြံ၏။သို့သော် သူ့အကြည့်တစ်ဝက်မှာပင် သူ့မျက်လုံးသည် မှိန်ဖျော့ကာ မြေပေါ်သို့ လဲကျသွားတော့သည်။
သူက သေဆုံးသွားခဲ့ရချေပြီ။
လောစု၏ခန္ဓာကိုယ်ထဲကနေ အနီရောင်အလင်းတစ်ခု ဖျပ်ခနဲ ထွက်ပေါ်လာ၏။ထိုအလင်းတန်းက လောစု၏မူလစိတ်ဝိညာဉ်မှ စွမ်းအင်တို့ကို သယ်ဆောင်ပြီး ချင်းရွှေထံသို့ ပြန်ရောက်ရှိလာ၏။ချင်းရွှေ၏မျက်နှာပင် အနည်းငယ် နီမြန်းသွားသည်။
တိတ်ဆိတ်မှု။ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးသ တိတ်ဆိတ်သွားသည်။ထိုရုတ်တရက် ပြောင်းလဲမှုက ကျင့်ကြံသူအားလုံးကို ပင့်သက်ရှိုက်သွားစေ၏။သူတို့က တွေးကြည့်နိုင်စွမ်းပင် ဆုံးရှုံးသွားသည့်အလား ထင်မှတ်ရ၏။
“ချင်းရွှေ…” အရှင်မီးတောက်က ချင်းရွှေထံသို့ ဒေါသတကြီး ကြည့်လာ၏။
ချင်းရွှေက တည်ငြိမ်စွာ ပြောသည်။ “သင်က ရှုမူကို သွေးအန်အောင် လုပ်တဲ့အတွက် ငါက ဒီလူ့ရဲ့အသက်ကို ပြန်ယူချင်ရုံပဲ…”
အရှင်မီးတောက်က ချင်းရွှေကို စူးစူးရဲရဲကြည့်ကာ ပြောလာ၏။ “ငါ စောနက ဘက်လိုက်ခဲ့လို့လား။ချင်းရွှေ…မင်း ငါ့ကို ရှင်းပြချက်တစ်ခု မပေးရင် ငါတို့ ဒီကောင်းကင်ဦးစီး ပြိုင်ပွဲကို အမှိုက်လို ဖြစ်သွားစေရင်တောင် ငါ မင်းနဲ့ တိုက်ခိုက်ရလိမ့်မယ်…”
“ဒါက မတော်တဆ ဖြစ်တာလေး တစ်ခုပါပဲ။မင်းက တိုက်ခိုက်ချင်ရင်တော့ တိုက်ကြတာပေါ့…” ချင်းရွှေ၏ညာမျက်လုံးသည် ဖျပ်ခနဲ နီသွား၏။သူက နတ်ဘုရားပြစ်ဒဏ်ကိုလည်း စုပ်ယူခဲ့ပြီး ဖြစ်၏။ထို့ကြောင့် သူ့ဂျိနယ်ပယ်သည် အတော်အသင့် ပြန်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။သူ့အကျင့်စရိုက်ဟောင်းများကလည်း တဖြည်းဖြည်း ပြန်ပေါ်လွင်လာခဲ့တော့၏။
လောစုကို သတ်ဖို့ သူ့အတွက် အကြောင်းပြချက် မလိုပေ။အကယ်၍ အကြောင်းပြချက်တစ်ခု ရှိရမည်ဆိုလျှင်ပင် ချင်းရွှေ၏ ဘက်လိုက်မှုကိုသာ ညွန်းဆိုရပေမည်။သူက သူ့ဆရာ၏ ကြင်နာမှုကို အတိတ်တုန်းက ပြန်မပေးဆပ်နိုင်ခဲ့ပေ။ထို့ကြောင့် သူ့စိတ်အခြေအနေသည် သူ့ဆရာနှင့် ပတ်သတ်လာလျှင် အလေးအနက် ဖြစ်နေ၏။ သူ့စိတ်ထဲ၌ ရှုမူသည် သူ့ဂျူနီယာညီဟု သတ်မှတ်ထားခဲ့ပြီး ဖြစ်ကာ ထို့အတွက်ကြောင့် သူ သည်နေရာမှာ ရှိနေပါက မည်သူကမျှ ရှုမူကို အနိုင်ကျင့်ရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ထို့အပြင် ချင်းရွှေသည် လောစု၏မျက်လုံးထဲရှိ ဝမ်လင်းကို သတ်ချင်စိတ်ကို တွေ့မြင်ခဲ့ပြီးပင်။သူက ထိုသို့သောစိတ်ရှိသည့်လူကို သတ်ပစ်မည်သာ ဖြစ်၏။
ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေ၏။သူက ချင်းရွှေကို ကြည့်ကာ တလေးတစား ဆို၏။ “ကျေးဇူးတင်ပါတယ်…စီနီယာအစ်ကိုကြီး…”
သူက ထိုသို့ ပြောလိုက်သည်နှင့် လှိုင်းထန်တော့၏။
“စီနီယာအစ်ကို…။ဒါ…ဒါက ရှုမူဟာ ချင်းရွှေရဲ့ ဂျူနီယာညီ ဖြစ်နေတာပေါ့…”
“ဒီ…ဒီကိစ္စက တော်တော့်ကို မထင်မှတ်စရာပါလား။ ငါက ချင်းရွှေနဲ့ရှုမူတို့ ဆရာတူတူ ဖြစ်နေလိမ့်မယ်လို့ ဘယ်လိုမှ မတွေးမိဘူး။ ပြောကြတာက ကောင်းကင်ဘုံအရှင် ချင်းရွှေရဲ့ ဆရာဟာ ကောင်းကင်ဘုံအင်ပါယာ ပေဖန်တဲ့။ ဒါဆို…ဒီရှုမူကလည်း ပေဖန်ရဲ့ တပည့်တစ်ယောက် ဖြစ်နေပြန်တာလား…”
“ပြီးခဲ့တဲ့နှစ်တွေမှာ ရှုမူက အတော်လေးမောက်မာခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။သူ့ရဲ့ စီနီယာအစ်ကိုက ကောင်းကင်ဘုံအရှင်ချင်းရွှေ ဖြစ်နေတာကို။ ကောင်းကင်ဘုံအရှင်ချင်းရွှေကြောင့်သာ မဟုတ်ရင် ဒီရှုမူက ဘာမှ မဟုတ်ပါဘူးလေ…”
ရှုထင်၏အသွင်က သုန်မှုန်နေ၏။သူက လျှာသပ်ကာ ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။သူ့စိတ်ထဲ၌လည်း အတွေးများနေသည်။သူက ချင်းရွှေကို ကြောက်ရွှံ့မှုပါသည့် အကြည့်ဖြင့် လှမ်းကြည့်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။
လက်ခြောက်ချောင်းကျင့်ကြံသူနှင့် ခေါင်းကြီးကောင်လေးတို့ကလည်း မင်သက်နေ၇◌ာ သူတို့ကိုယ်ပိုင်အတွေးနှင့် သူတို့ ရှိနေကြသည်။
ရှီဇီဖန်က ပါးစပ်အဟောင်းသား ဖြစ်နေသည်။သူမက ဝမ်လင်းနှင့်ချင်းရွှေတို့ကြား ပတ်သတ်မှုကို မယုံကြည်နိုင် ဖြစ်နေ၏။သူမက ပျော်ရွှင်စွာခံစားမိနေသည်။သို့သော် တစ်ချိန်တည်းမှာလည်း သက်ပြင်းချမိနေသည်။
“ငါ့အရှင်က ကောင်းကင်ဘုံအင်ပါယာပေဖန်ရဲ့ တပည့်တစ်ယောက် တကယ်ဖြစ်နေတာလား။ ကောင်းကင်ဘုံအရှင်ချင်းရွှေရဲ့ ဂျူနီယာညီ…”
ကျန်ကုန်းလီက သူ့ရှေ့ရှိ မြင်ကွင်းကို ကြောင်ရီစွာ ကြည့်နေမိ၏။
နန်ကုန်ဟန်က မဖြစ်ညစ်ကျယ်ပြုံးကာ တွေးနေ၏။ “ဒီရှုမူက ကောင်းကင်ဘုံအရှင်ချင်းရွှေနဲ့ ဆရာ တူတူပဲကို။ငါက သူနဲ့ ပိုရင်းနှီးဖို့ လိုပြီ။ဒါက အနာဂတ်မှာ ငါ့အတွက် အကျိုးရှိစေလိမ့်မယ်…”
သူသာမက မြက်ဖျာပေါ်တွင် ထိုင်နေကြသည့် အချို့မွန်းစတားအိုကြီးများ၏ မျက်လုံးတို့သည်ပင် တလက်လက် ဖြစ်နေ၏။သွေးနတ်ဘုရားတစ်ယောက်သာ စိတ်ထဲ၌ နှာခေါင်းရှုံ့နေသည်။
ဆွေးနွေးစကားသံအမျိုးမျိုးက အရှင်မီးတောက်၏နားထဲသို့ ဝင်ရောက်လာ၏။သူက ချင်းရွှေကို ကြည့်သည်။ခဏတာစဉ်းစားပြီးနောက် သူက ပြုံးလာ၏။ “ကောင်းကင်ဘုံအရှင်ချင်းရွှေက သူ့ကို မတော်တဆ သတ်မိတယ် ဆိုမှတော့ ငါတို့ ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့။ဒါပေမဲ့လည်း ကောင်းကင်ဘုံအရှင်….ငါတို့ကျင့်ကြံသူတွေအတွက် ဒီလိုအဆင့်ထိ ကျင့်ကြံနိုင်ဖို့က လွတ်ကူတဲ့ အချက်မဟုတ်ဘူး။ ဒါ့ကြောင့် နောက်တခါဆို ပိုသတိထားပေးပါ…”
ချင်းရွှေက မျက်လုံးမှိတ်ထား၏။သူက အရှင်မီးတောက်၏ စကားကို ပြန်မတုံ့ပြန်ပေ။
အရှင်မီးတောက်သည် စိတ်ထဲပ သက်ပြင်းချမိ၏။သူက ချင်းရွှေ၏ ချိပ်ပိတ်မှုကို ပြေလျော့စေခဲ့သည့်သူ တစ်ယောက်သာ ဖြစ်သည်။ချင်းရွှေ၏ကျင့်ကြံမှုအဆင့်က အပြည့်အဝ ပြန်ကောင်းမွန်လာခြင်း မရှိသေးသော်လည်း သေချာလေ့လာကြည့်ပြီးနောက် ချင်းရွှေ၏ခန္ဓာကိုယ်ထဲ၌ ဖုန်းကွယ်နေသည့်အားတစ်ခု ရှိမှန်း သူ တွေ့ရှိခဲ့ပေသည်။ထိုစွမ်းအားက ဂျိနယ်ပယ် မဟုတ်ပေ။သို့သော် ယင်းစွမ်းအားက သူ့ကို ကြောက်ရွှံ့မှု ခံစားစေခဲ့၏။ထို့ကြောင့်သူက သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးတွင် အဖုအထစ် မဖြစ်စေလိုခြင်း ဖြစ်သည်။
ပို၍ အရေးကြီးသည်က လမြွေနဂါးကြီးကို ဖမ်းဆီးခဲ့သော သူ လေးစားရသည့် စီနီယာကပင် ချင်းရွှေကို ရန်မစမိစေရန် သူအား ပြောခဲ့ခြင်းပင်။သည့်အပြင် အတိတ်တစ်ချိန်တုန်းကလည်း ချင်းရွှေ၏ဆရာ ပေလောသည် ချင်းရွှေ အမိန့်နာခံအောင် အတင်းအကြပ် မလုပ်ခဲ့ဘဲ သူ့အား အသိအမှတ်ပြုခြင်းဖြင့်သာ သူ့ဘက်ပါအောင် လုပ်ခဲ့ပေ၏။
“လောစုက မောက်မာခဲ့လွန်းတယ်။ သူက သေပြီဆိုမှတော့ သေသွားတာပဲပေါ့။ဒါပေမဲ့ သူ့နတ်ဘုရားအာရုံအပေါ် နားလည်မှုကတော့ ကံမကောင်းစွာနဲ့ ဆုံးရှုံးသွားခဲ့ရပြီ…”
အရှင်မီးတောက်၏ အကြည့်က ဝမ်လင်းအပေါ်သို့ ကျရောက်လာ၏။သူက စိတ်ထဲကနေ တွေးမိသည်။ “ဒီရှုမူမှာ သူ့မူလစိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်တဲ့ ရတနာတစ်ခု ရှိရမယ်။ဖြစ်နိုင်တာက ဒီရတနာကို ချင်းရွှေ ပေးထားတာ များလား…”
အရှင်မီးတောက်၏အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။ “ရှုမူ…အရည်အသွေးပြည့်မှီတယ်…”
လောစု သေဆုံးသွားသည့်အတွက် အရှင်မီးတောက်သည် ဒိုင်လုပ်ရန် နောက်တစ်ယောက်ကို အမိန့်ပေးလိုက်၏။လောစု၏ နေရာကို အစားထိုးခံရသည့်လူသည် လောစု၏သေဆုံးရမှုကြောင့် တုန်လှုပ်မိနေသည်။တဖြည်းဖြည်းဖြင့် ယှဉ်ပြိုင်သူ (၃၂၅)ယောက်တွင် (၁၉၆)ယောက်သာ ကျန်ရစ်တော့၏။ကျန်သည့်သူများသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များမှ တစ်ဆင့် အပြင်သို့ ပြန်ပို့ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
“ဒုတိယစမ်းသပ်မှု…မြေကြီးစမ်းသပ်ခြင်း…” အရှင်မီးတောက်က သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ မိုးကြိုးကန်အောက်သို့ ဖိချသည်။
ပုံရိပ်ယောင်စာလုံးတစ်လုံးသည် သူ့လက်ထဲ၌ ပေါ်လာကာ ပြိုင်ပွဲကွင်းပြင်ပေါ်သို့ မြန်ဆန်စွာ ကျရောက်သွားသည်။ထိုစာလုံး ကျရောက်လာသည်နှင့် ကွင်းပြင်တစ်ခုလုံး တုန်ခါလာ၏။ကွင်းပြင်အတွင်းတွင် အဆုံးမဲ့မိုးကြိုးတုန်ဟီးသံနှင့်လျှပ်စီးများ ဖြစ်ပေါ်သည်။
ထိုမိုးကြိုးလျှပ်စီးတန်းများသည် ငွေရောင်မြွေများကဲ့သို့ တလက်လက် တဖျပ်ဖျပ် ဖြစ်နေတော့၏။၎င်းတို့က တစ်ခုနှင့်တစ်ခု ပေါင်းစပ် သိပ်သည်းပြီးနောက် အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားပြီး ကွင်းပြင်၏ ဗဟို၌ ပေသုံးဆယ် ဟင်းလင်းပြင်အပွင့်တစ်ခု ပေါ်လာတော့သည်။
“အသက်ရှုချိန်ဆယ့်ငါးကြိမ် တောင့်ခ့နိုင်တာနဲ့ မင်းတို့ အောင်မြင်ပြီ။ ကျန်တဲ့လူတွေကတော့ အရည်အသွေးမပြည့်မှီဘူးလို့ သတ်မှတ်တယ်…”
မိုးကြိုးကန်ကနေ ဟိန်းသံမြည်သံများ ထွက်ပေါ်နေသည်။ မိုးကြိုးမှ ဖြစ်ပေါ်လာသည့် မိုးကြိုးစိတ်ဝိညာဉ်သည် ပွင့်ဟသွားသည့်နေရာကနေ အပြင်ထွက်လာ၏။၎င်းက လှုပ်ရှားနေရင်း ရန်လိုမှုအော်ရာကို ပေးစွမ်းနေသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ အကြည့်သည် ဝမ်လင်းပေါ်သို့ ကျရောက်နေသည်။ဝမ်လင်းသည် နောက်ဆုံးစမ်းသပ်မှု၌ အမြင့်တစ်နေရာသို့ ရောက်မည်မှာ ကျိန်းသေပေါက်ပင်။လူတိုင်းသည် ရှုမူက ဤဒုတိယစမ်းသပ်မှုကို မည်သို့ တောင့်ခံမည်ကို တွေ့မြင်ချင်နေကြသည်။
အချို့ကျော်ကြေားသောမွန်းစတားအိုကြီးများပင် အာရုံစိုက်နေကြ၏။
“မိုးကြိုးကန်ထဲရှိ မိုးကြိုးစိတ်ဝိညာဉ်မှ ဖိအားက သာမန်လူတွေ တောင့်ခံနိုင်တဲ့ အရာမဟုတ်ဘူး။ဒီရှုမက အသက်ရှုစာကြာချိန်နှစ်ဆယ်လောက်ပဲ အများစုံးတောင့်ခံနိုင်မှာပါ။ တကယ်တော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ မိုးကြိုးကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံတဲ့ တမန်တော်တွေတောင် အသက်ရှုစာကြာချိန် နှစ်ဆယ်ကျော်ထက် ပိုတောင့်ခံနိုင်တဲ့လူ သိပ်များများစားစား မရှိဘူးမလား…”
“ငါ သိသလောက် မိုးကြိုးကန်ဟာ ကျောင်းတော်ရဲ့တမန်တော်တွေ ဖြစ်လာဖို့ စမ်းသပ်မှုတွေထဲက တစ်ခုတဲ့။မိုးကြိုးကျောင်းတော်ရဲ့ တမန်တော်တွေကို အဆင်လေးဆင့် ပိုင်းခြားထားတယ်။ အသက်ရှုစာ အကြိမ်နှစ်ဆယ် တောင့်ခံနိုင်ရင် အဆင့်လေး၊ အသက်ရှုစာ ရှစ်ဆယ် တောင့်ခံနိုင်ရင်တော့ အဆင့်တစ် တမန်တော် ဖြစ်လိမ့်မယ်။အကြိမ်တစ်ရာထက်ပို တောင့်ခံနိုင်ရင် အတွင်းပိုင်းကျောင်းတော်ရဲ့ တမန်တော်တစ်ယောက် ဖြစ်လာလိမ့်မယ်။ဒီရှုမူက ဘယ်လောက် တောင့်ခံနိုင်မလဲတော့ ငါလဲ မသိဘူး…”
“ဒီမိုးကြိုးကန်က အစစ်အမှန်ကျင့်ကြံမှုကို စမ်းသပ်တာပဲ။ဒါ့ကြောင့် ဒီရှုမူအတွက် ဘာလှည့်ကွက်မှ လုပ်လို့ ရလိမ့်မှာ မဟုတ်ဘူး။ ငါကတော့ တန်လင်းဂြိုဟ်က လာတဲ့ ရှုထင်ဟာ ပိုစွမ်းနိုင်လိမ့်မယ်လို့တောင် ထင်မိတယ်…”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တယောက်နှင်တယောက် တိတ်တဆိတ် စကားတွတ်ထိုးနေကြသည်။
***