Switch Mode

အပိုင်း(၉၁၈)

အရည်အသွေးမပြည့်မှီဘူး (၁)

အရှင်မီးတောက်၏အသံက တည်ငြိမ်နေ၏။သူက တည်ငြိမ်စွာ ပြောသည်။ “အမှန်ပဲ…”

အဘိုးအို၏မျက်လုံးက အနည်းငယ် နက်မှောင်သွား၏။သူက ပြောလာသည်။ “ပြောကြတာက ဒီကျောက်တုံးဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ အမွေအနှစ်ပဲ။လူတစ်ယောက်က ဒီကျောက်တုံးပေါ်မှာ သူ့နာမည် ရေးထိုးနိုင်တာနဲ့ သူတို့ရဲ့စိတ်ဝိညာဉ်ဟာလည်း ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရှိ တိုက်ရိုက် ရိုက်သွားတယ်လို့ ဆိုတယ်။

နှင်းအပ်ခြင်း ကျောက်တုံးက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှာ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး…”

ကုန်းစွန်လို့ အမည်ရသည့် သက်လတ်ပိုင်းလူကလည်း မျက်လုံးမှိတ်လိုက်ဖွင့်လိုက် ဖြစ်နေ၏။သူ မျက်လုံးဖွင့်လိုက်ချိန်တိုင်း အလင်းတစ်ခု တောက်ပနေ၏။သူက တည်ငြိမ်စွာ ဆိုလာသည်။

“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက ပျောက်ကွယ်သွားပေမဲ့လည်း ကောလဟာလလို ပြောခဲ့ကြတာကတော့ အခုကစပြီး မရေမတွက်နိုင်တဲ့ နှစ်တွေကြာပြီးရင် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟာ ပြန်ပွင့်လိမ့်မယ်လို့ ဆိုတယ်။ဒီလိုဖြစ်လာရင် ဒီနှင်းအပ်ခြင်းကျောက်တုံးအပေါ်မှာ ရေးထွင်းထားတဲ့ နာမည်တွေသာ ဝင်ရောက်ခွင့် ရှိလိမ့်မယ်။ဒါက ကောလဟာ တစ်ခုသာ ဖြစ်ပေမဲ့လည်း ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော သဲလွန်စပဲ…”ပတ်ဝန်းကျင်သည် လုံးဝ ငြိမ်သက်သွား၏။လက်ရွေးစင်ပုဂ္ဂိုလ်အနည်းငယ်ကလွဲ၍ လူတိုင်းနီးပါးသည် နှင်းအပ်ခြင်းကျောက်တုံးနှင့်ပတ်သတ်၍ မသိရှိကြပေ။သို့သော်လည်း ရှောင်အဘိုးအို ပြောလိုက်သည့်စကားကို ကြားလိုက်သည့်အခါ သူတို့သည် ဤကျောက်တုံး၏ အရေးကြီးမှုကို နားလည်သွားကြသည်။

သို့ရာတွင် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက အဘယ်အရာဖြစ်သည်ကို မသိကြသော ကျင့်ကြံသူများစွာ ရှိနေဆဲသာ။သူတို့က သူတို့၏မိသားစုဘိုးဘေးများကို ကြည့်လိုက်ကြ၏။

အရှင်မီးတောက်က တည်ငြိမ်စွာ ဆိုသည်။ “ကောင်းကင်နှင်းအပ်ခြင်းကျောက်တုံးက မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားတဲ့အချိန်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့တယ်။ငါ့မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ဒါကို မရခဲ့ပါဘူး။ဒါ့ကြောင့် ဒီကိစ္စကို အများကြီး တွေးနေဖို့ မလိုတော့ဘူး။ လမြွေနဂါးကို ကူညီဖမ်းပေးခဲ့တဲ့ စီနီယာက ငါ့ကို လက်သီးစုပ်လောက် ကျောက်တုံးအစိတ်အပိုင်းကို ပေးခဲ့တာသာ ဖြစ်တယ်…”

သူက ထိုသို့ ပြောလိုက်သည့်နောက် မြက်ဖျာပေါ်ရှိ မွန်းစတားအိုကြီးများသည် တိတ်ဆိတ်သွားကြ၏။သူတို့က သည်ကိစ္စနှင့်ပတ်သတ်၍ ထပ်မံ မစပ်စုတော့ပေ။

“ကောင်းကင်၊မြေကြီး၊လူသား စမ်းသပ်မှု သုံးခု။ပထမဆုံးက လူသားပဲ။မင်းတို့က အသက်ရှုချိန် ဆယ်ကြိမ် ကြာချိန် တောင့်ခံနိုင်ရင် ကျော်ဖြတ်နိုင်ပြီ…”

“လောစု…မိုးကြိုးကန်ထဲ ဝင်လာခဲ့…” အရှင်မီးတောက်၏အသံသည် သည်ဧရိယာအနှံ့သို့ ပျံ့နှံ့သွားသည်။အစိမ်းရောင်အလင်းတန်းတစ်ခုသည် နီးကပ်လာ၏။၎င်းအလင်းတန်းသည် အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူအဖြစ်သို့ လူတိုင်းရှေ့တွင် ပေါ်ထွက်လာသည်။

ထိုလူသည် သူ့လက်နှစ်ကို ယှက်ကာ လူတိုင်းကို ပြောလိုက်၏။ “ကျောင်းတော်အရှင်ရဲ့ အမိန့်အတိုင်းပါ…”

သူက ထိုသို့ပြောလိုက်ရင်း လေးထောင့်ပြိုင်ပွဲကွင်းထံသို့ ဆင်းသက်လာသည်။သူက လက်နှစ်ဖက်နောက်ပစ်ကာ ပြိုင်ပွဲကွင်း၏ ထိပ်၌ ရပ်၏။သူ့တည်ငြိမ်သောအသွင်တွင် ဝင့်ကြွားသည့်ဟန်ပန်လည်း ပေါ်လွင်နေသည်။

သူ့အသွင်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားသွားသည်။လူအများသည် လောစု၏ အဆင့်အတန်းကို သိရှိထားကြရာ ဆွေးနွေးမှုများ စတင်တော့သည်။

“မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ လောစု…”

“လွန်ခဲ့တဲ့နှစ်သုံးရာက သူဟာ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ကို ရောက်ခဲ့ပြီး နှစ်သုံးရာလုံး တံခါးပိတ်ကျင့်ကြံနေခဲ့တယ်တဲ့။ သူက လူသားစမ်းသပ်မှုမှာ ကြီးကြပ်သူအဖြစ် ထွက်ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး..”

“လောစုက မရိုးရှင်းဘူး။အထူးသဖြင့် သူ့နတ်ဘုရားအာရုံပဲ။ ပြောကြာတာက ကျော်ကြားလှတဲ့ မွန်းစတားအိုကြီးတွေတောင် သူ့ကို ချီးကျူးကြတယ်တဲ့…”

ဆွေးနွေးသံများ သည်ဧရိယာတွင် ထွက်ပေါ်လာ၏။လောစုက ခေါင်းမော့ကာ ဂျူနီယာရာချီကို ကြည့်၏။သူက တည်ငြိမ်စွာ ဆိုသည်။ “ငါ့အမြင်မှာ မင်းတို့အားလုံးဟာ ကောင်းကင်ဘုံသား(၁၀၈)ယောက်ဖြစ်လာဖို့ မထိုက်တန်လှဘူး။ဘာကြောင့်လဲဆိုတော့ မင်းတို့ကို သတ်ရတာဟာ ပုရွတ်ဆိတ်တစ်ကောင်ကို သတ်ရသလို လွယ်ကူလို့ပဲ။ခု ငါတစ်ယောက်ရွေးမယ်။ငါ ရွေးလိုက်တဲ့ တစ်ယောက်က အောက်ဆင်းလာခဲ့ပါ…”

လောစုက ထိုစကားများဆိုသည့်အခါ ကျင့်ကြံသူအများစုသည် သူ့အား သုန်မှုန်စွာ ကြည့်ကြ၏။အထူးသဖြင့် ရှုထင်ပင်။သူ့မျက်လုံးထဲ၌ အနီရောင် ဖျပ်ခနဲ ထွက်ပေါ်သွား၏။သူက စကားတော့ မဆိုပါ။

လောစုသည် အချိန်မဖြုန်းတော့ဘဲ သူ့ညာလက်ကို မြောက်ပိုင်းနယ်မြေမှ ကျင့်ကြံသူတစ်ယောက်ထံသို့ ညွှန်လိုက်၏။

ထိုအညွှန်ခံလိုက်ရသော ကျင့်ကြံသူက ခဏတာ တုံ့ဆိုင်းသွား၏။ထိုတုံ့ဆိုင်းမှုက လောစုကို အေးစက်စွာ နှာခေါင်းရှံ့စေကာ သူ့လက်ကို ဆန့်ထုတ်လိုက်စေသည်။ကြီးမားသည့်လက်ကြီးတစ်ဖက် ပေါ်လာကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများပါ လေပြင်းကို ခံစားမိလိုက်ရ၏။

ထိုလက်ကြီးသည် အနှီကျင့်ကြံသူကို ချက်ခြင်း ဖမ်းခေါ်သွားသည်။သူက ထိုကျင့်ကြံသူကို အောက်သို့ ဆွဲချကာ ဘေးတစ်ဖက်သို့ ပစ်ချ၏။

ကျင့်ကြံသူ၏အသွင်က ချက်ခြင်း ဖြူရောသွားသည်။သူက ပုံရိပ်ယောင်ယင်အဆင့်တွင်သာ ရှိသေးသူ ဖြစ်ကာ လက်ကြီး၏ ဆွဲခေါ်မှုကို ခံရချိန်၌ သူ့မူလစွမ်းအင်များပါ အေးခဲသွားသလား ခံစားလိုက်ရသည်။သူက အောက်သို့ ရောက်သည်နှင့် ချက်ခြင်း ထိုင်ချလိုက်သည်။

လောစုက စိတ်မရှည် ဖြစ်လာ၏။သူက ကောင်းကင်ဦးစီးဟု အမည်သာသာ ပြိုင်ပွဲအတွက် သူ့အချိန်ကို ဖြုန်းတီးဖို့ မထိုက်တန်ဟု ထင်သည်။ကျောင်းတော်အရှင်၏ အမိန့်ကြောင့်သာ မဟုတ်ပါက သူက ပထမစမ်းသပ်ချက်အတွက် ဒိုင်လုပ်ရန် သည်နေရာသို့ပင် လာမည် မဟုတ်ချေ။

ထိုကျင့်ကြံသူကို ဆွဲခေါ်ချပြီးနောက် သူ့မျက်လုံးထဲရှိ စိတ်မရှည်မှုမှာ ပိုအားကောင်းလာ၏။သူ့နတ်ဘုရားအာရုံသည် ပျံ့နှံ့လာကာ လောကသည် အရောင်ပြောင်းလာ၏။လောစု၏ နတ်ဘုရားအာရုံသည် အင်မတန်ထူးဆန်းလှကာ ပုံသဏ္ဌာန်အသွင်ကိုပါ ဆောင်နိုင်နေ၏။၎င်း ထွက်ပေါ်လာသည့်အခါ ရွှေရောင်ဘီလူးကြီး ပေါ်ထွက်လာတော့၏။

ထိုရွှေရောင်ဘီလူးကြီးက ပေါ်လာသည်နှင့် ထိုင်နေသော ကျင့်ကြံသူထံသို့ တိုးဝင်သွားတော့သည်။ ထိုရွှေ‌ရောင်ဘီလူးကြီးသည် ၎င်း၏ လက်သီးကို စုပ်ကာ ထိုင်နေသော ကျင့်ကြံသူထံသို့ ထိုးချလာသည်။

ထိုလက်သီးချက်သည် အနှီကျင့်ကြံသူ၏ မျက်နှာကို သေလောက်အောင် ဖြူရောသွားစေသည်။သူ့မျက်လုံးထဲ၌လည်း ကြောက်လန့်မှုတို့ ပြည့်နေ၏။

ဝမ်လင်းက ထိုမြင်ကွင်းကို သေချာကြည့်နေသည်။လက်သီးချက် ကျရောက်လာသည့်အခိုက်၌ ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သွေးအန်ထုတ်လိုက်ရသည်။သူ့မူလစိတ်ဝိညာဉ်ပင် လွင့်စင်သွားရ၏။ထိုကျင့်ကြံသူ၏မူလစိတ်ဝိညာဉ်သည် နောက်သို့ မြန်ဆန်စွာ ဆုတ်သွားတော့သည်။

လောစုက အေးစက်စက် နှာခေါင်းရှုံ့၏။ရွှေရောင်ဘီလူးက ၎င်း၏လက်သီးကို ပြန်ရုတ်သိမ်းပြီး နောက်သို့ ပြန်ဆုတ်ပြီး လောစုဘေးနားတွင် မားမားရပ်သည်။

“အမှိုက်…။မင်းကျင့်ကြံမှုနဲ့စိတ်ခွန်အားက ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း မပြည့်မှီဘူး….”

လောစု၏မျက်လုံးထဲရှိ စိတ်မရှည်ဖြစ်မှုက ပိုဆိုးလာသည်။သူက သည်လိုလူကို စမ်းသပ်ရခြင်းသည် အချိန်ဖြုန်းခြင်းဟု ခံစားနေရပေသည်။

ထိုကျင့်ကြံသူ၏မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။သူက လော့စုကို ဖြူရောစွာ ကြည့်၍ တစ်ခုခု ပြောချင်ဟန် ပြင်၏။သို့သော် သူကဘာတစ်ခုမှ မဆိုတော့ဘဲ ဦးညွတ်သည်။သည့်နောက် ဝမ်းနည်းသည့်ဟန်ပန်နှင့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိရာသို့ပြန်သွားကာ ပျောက်ကွယ်သွားတော့၏။

ခုချိန်၌ မူလ(၃၂၅)ယောက်တွင် တစ်ယောက် လျော့သွားခဲ့လေပြီ။

လောစုက ကောင်းကင်ထက်ရှိ ကျင့်ကြံသူများကို သိမ်းကြုံးကြည့်၏။သူက လူတစ်ယောက်ထံသို့ လက်ညွှန်သည်။ထိုလူသည် အံတင်းတင်းကြိတ်ကာ အောက်သို့ တရကြမ်း ဆင်းလာ၏။သူက ကွင်းပြင်ထဲသို့ ရောက်သည်နှင့် ထိုကျင့်ကြံသူသည် လောစုကို လေးစားစွာ ဆိုလာသည်။ “စီနီယာ..ငါ့ကို ဉာဏ်အလင်းပြပါ…”

လော့စု၏အသွင်က အနည်းငယ် နူးညံ့သွား၏။သို့သော် သူက စကားမဆိုပေ။ရွှေရောင်ဘီလူးက ရှေ့သို့ လှမ်းလာရင်း စောနက မန္တာန်ကိုပင် တူညီစွာ အသုံးပြုလာသည်။

ထိုကျင့်ကြံသူက အံတင်းတင်းကြိတ်ကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။အဖြူရောင်အလင်းသည် သူ့အား ဖုံးအုပ်သွားကာ ရွှေရောင်ဘီလူးကြီးကို ရပ်တန့်စေသည်။သို့သော် အဖြူရောင်အလင်းက လက်သီးချက်ကြောင့် ချက်ခြင်း ပျက်စီးသွားသည်။ထိုကျင့်ကြံသူက နောက်သို့ လွင့်စင်သွား၏။သူက သူ့လျှာထိပ်ကို ကိုက်ကာ ထိုလက်သီးချက်ကို ပိတ်ဆို့ရန် သွေးများကို ထွေးထုတ်၏။

ရွှေရောင်ဘီလူး၏လက်သီးချက်သည် သွေးမြူပေါ်သို့ ကျရောက်လာချိန်၌ ကျယ်လောင်စွာ မြည်ဟီးသွား၏။သွေးမြူသည် ချက်ခြင်း ပျက်စီးသွားကာ ကျင့်ကြံသူ၏မျက်နှာလည်း ဖြူရောသွားသည်။သူ့မူလစိတ်ဝိညာဉ်တစ်ဝက်ကျော်လောက်ပင် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်နေ၏။သူက အတင်းအားစိုက်ကာ သူ့မူလစိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်စေလိုက်၏။

သို့သော် ထိုအရာသည် သူ့တောင့်ခံနိုင်မှု၏ အလွန်တွင်ရှိနေ၏။သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားသော်လည်း သူက အားနည်းသွားခဲ့လေပြီ။

“မင်းက အသက်ရှုစာ ဆယ်ကြိမ် ကြာချိန် တောင့်ခံနိုင်ခဲ့တဲ့အတွက် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပြီ။ဒါပေမဲ့ မင်းက ကျော်ဖြတ်နိုင်တဲ့ အမှိုက်သာသာပဲ ရှိသေးတယ်။ နောက်ထပ်စမ်းသပ်မှုမှာ မင်းက အကန့်အသတ် ရှိနေပြီ…”

လောစုက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ထိုကျင့်ကြံသူကို လေထဲသို့ ပြန်လွှင့်ပစ်သည်။သူက လောစုကို ဦးညွတ်ပြီးနောက် သူ့တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တွင် ပြန်ထိုင်ကာ စတင်ကျင့်ကြံလိုက်တော့၏။

သိပ်မကြာခင်တွင် နောက်ထပ် ကျင့်ကြံသူတစ်ယောက်ကို လော့စုက လက်ညွှိုးထိုး၏။သူတို့က အမြန် ပြုမူလျှင် အဆင်ပြေသေး၏။မဟုတ်ပါက သူတို့သည် လောစု၏ အတင်းဆွဲချခြင်းကို ဦးဆုံးလူကဲ့သို့ ခံရပေလိမ့်မည်။ထိုအခါ စမ်းသပ်မှုမစခင် ဒဏ်ရာ အရင်ရသွားပေမည်။

ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် အောက်သို့ ဆင်းလာနေရင်း အမှိုက်ဟု ဆိုကာ ဆက်တိုက် လွှင့်ပစ်ခြင်း ခံနေရတော့၏။အရည်အသွေးပြည့်မှီသော လူများပင် လောစု၏ အမှိုက်ဟု ခေါ်ခံရခြင်းကို ဘာမှ မတက်နိုင် ဖြစ်ရသည်။လောစုက ပိုပို၍ စိတ်မရှည် ဖြစ်လာ၏။

အချိန်က မြန်ဆန်စွာ ကုန်ဆုံးနေ၏။ကျင့်ကြံသူတစ်ဝက်ကျောက်သည် စမ်းသပ်ခြင်း ခံပြီး ဖြစ်၏။လေးဆယ်ရာခိုင်နှုန်းလောက်သည် အရည်အသွေးပြည့်မှီကြသည်။လက်ခြောက်ချောင်းနှင့်လူ၊ ခေါင်းကြီးကောင်လေးနှင့် နန်ကုန်ဟန်တို့လို့ အဆင့်ရှိသူများက တော်သေး၏။သူတို့ကို စမ်းသပ်ချိန်၌ လောစု၏အသွင်က အနည်းငယ် ပြေလျော့ကာ သူတို့အား အမှိုက်ဟု မခေါ်တွင်တော့ပေ။

“မင်း…ဆင်းလာခဲ့…” လောစုက ကောင်းကင်ထက်သို့ လက်ညွှန်၏။ထိုလူက တန်လင်းဂြိုဟ်မှ ရှုထင်ပင်။သူ့မျက်လုံးထဲ၌ အနီရောင် လင်းလက်သွားပြီး သူက ညစ်ကျယ်ကျယ်ပြုံးသည်။

လောစု၏မျက်လုံးသည် အေးစက်လာ၏။သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ လက်ကြီးတစ်ဖက် ပေါ်လာကာ ရှုထင်ထံသို့ တိုက်ရိုက် တိုးဝင်လာတော့၏။ထိုလက်ကြီး နီးကပ်လာသည့်အခါ ရှုထင်က သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။အနက်ရောင်အခိုးငွေ့များက သူ့ပတ်လည်၌ ဝန်းရံလာပြီး မိစ္ဆာတစ်ပါးလို တည်ရှိမှုကို ဖြစ်စေသည်။ရှုထင်က နှာခေါင်းရှုံ့ကာ ရှေ့သို့ ထိုးထွက်၏။သူက ပြိုင်ပွဲကွင်းပြင်ထံသို့ အစမ်းသပ်ခံရုံသပ်သပ် ဆင်းသွားခြင်း မဟုတ်ပေ။ရှေ့သို့ တိုးဝင်သွားရင်း သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်လာကာ လှံနက်အသွင်သို့ ပြောင်းသွား၏။

လောစု၏မျက်လုံးထဲ၌ အေးစက်မှုတို့ ဖြတ်ပြေးသွားကာ ဧရာမဘီလူးကြီးမှာ ရှုထက်ထံသို့ တဟုန်ထိုး တိုးဝင်၏။ရှုထင်က နောက်ပြန်လှည့်၍ လောစုထံသို့ မသွားတော့ဘဲ ထိုအစား ခြေတစ်လှမ်းဖြင့် ရွှေရောင်ဘီလူးနားသို့ ရောက်ရှိသွား၏။သူ့လှံကလည်း ရှေ့တည့်တည့်သို့ ထိုးစိုက်ပြီး ဖြစ်သည်။

ရွှေရောင်ဘီလူးက ၎င်း၏လက်သီးကို ဝှေ့ခါ၏။သို့သ‌ော်လည်း အနက်ရောင်လှံရှည်က ၎င်း၏လက်သီးနှင့် ထိပ်တိုက်မတွေ့ခင်လေး၌ ရုတ်တရက် တွန့်လိမ်သွား၏။လှံရှည်၏ ထိပ်ဖျားသည် ထူးဆန်းစွာပင် အနက်ရောင်မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းမြွေက ၎င်း၏ပါးစပ်ကိုဟလိုက်ပြီးနောက် ဆယ့်နှစ်ပေကျော်လောက် ရှည်ထွက်လာ၏။ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို အလေးအနက် ဖြစ်သွားစေသည်။

ထိုမြွေ၏ ပါးစပ်သည် ပွင့်ဟလာကာ ရွှေရောင်ဘီလူးကို တိုက်ရိုက် ဝါးမြိုပစ်၏။ဝမ်လင်းက ထိုအဖြစ်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွား၏။

“ရှုမိသားစုရဲ့ ကောင်းကင်ဘုံမန္တာန်…မြွေဝါးမြိုခြင်း…” ရှောင်အဘိုးအိုက ခေါင်းညိမ့်၏။သူ့မျက်လုံးထဲ၌ လေးစားမှု အငွေ့အသက် ပါရှိနေသည်။

“မဆိုးဘူး။ ဒီရှုထင်က ယှဉ်ပြိုင်သူတွေထဲမှာ အသန်မာဆုံး ဖြစ်နိုင်တယ်…” အဘိုးအိုတစ်ယောက်က ခေါင်းညိတ်ကာ ရယ်မော ပြောဆိုသည်။

သူတို့သာမက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ထိုကောင်းကင်ဘုံမန္တာန်ကို သူတို့၏ဘိုးဘေးများထံကနေ ကြားသိခဲ့ကြဖူး၏။

“တန်လင်းဂြိုဟ် ရှုမိသားစုရဲ့ မဟာမန္တာန်လေးခုထဲက တစ်ခု…မြွေဝါးမြိုခြင်း…။ဒီမန္တာန်က အတော်လေး ဆန်းကြယ်တယ်။ဒါ့ကြောင့် မင်းတို့အားလုံး သေချာကြည့်ထားကြ…”

“ဒီမန္တာန်ကို မြွေဝါးမြိုခြင်းလို့ ခေါ်တယ်။ ဒီမန္တာန်အသုံးပြုတဲ့လူဟာ အဆင့်နိမ့်တဲ့ ကျင့်ကြံသူတစ်ယောက်ယောက်နဲ့ တွေ့ရင် သူတို့ဟာ မကြာခဏဝါးမြိုခြင်းခံရပြီး ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပစ်တယ်…”

ကောင်းကင်ဘုံအရှင်ချင်းရွှေက တည်ငြိမ်နေ၏။သူက ရှုထင်ကို အေးစက်စွာသာ ကြည့်နေ၏။ဘာစကားမှ မဆိုပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset