ကောင်းကင်ဦးစီးနေရာ ပြိုင်ပွဲအတွက် ဝင်ပြိုင်ကြသော နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူများ ပါဝင်၏။သို့သော် မများလှပေ။ထိုအဆင့်အများစုသည် သူတို့၏ မိသားစုများ၏ ဘိုးဘေးများအဖြစ် သတ်မှတ်နိုင်ကြသည်။ထို့ကြောင့် သူတို့က မိသားစုနှင့် ချည်နှောင်ခြင်း ခံထားရသည့်အတွက် သူတို့လုပ်ဆောင်၊ဆုံးဖြတ်မှုများနှင့် ပတ်သတ်၍ အတော်လေး သတိထားရသည်။
ဂျူနီယာများစွာ ပါဝင်နေသည့် သည်တိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ပါက သူတို့သည် ဂျူနီယာများ၏နှာခေါင်းရှုံ့ခြင်းကို ခံရနိုင်သည်။
ထို့အတွက်ကြောင့် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်များ ပါဝင်သည်မှာ တွေ့ရမများခြင်း ဖြစ်၏။တောင်ပိုင်းနယ်မြေ၏ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်များထဲမှ အချို့သည် ကလန်အမျိုးမျိုး၏ ဘိုးဘေးများ ဖြစ်ကြ၏။ထို့ကြောင့် သူတို့အတွက် ဝမ်လင်းအပေါ် တွန့်တိုနေစရာ မလိုပေ။
တကယ်တော့ သည်ရှုမူ ဟူသည့် နာမည်က ကျော်ကြားပြီး ဖြစ်ကာ သူ့အား ရည်ညွှန်းသည့် နတ်ဆိုးသခင်ဟုသည့် စကားတွင်ပင် သွေးရနံ့တို့ ပါဝင်နေဆဲ မဟုတ်လား။သည်ရှုမူက အမြဲ နှိမ့်ချစွာနေတက်၏။သို့သော် ခုချိန်၌ သူက ပေါ်တင်လှုပ်ရှားလာတော့၏။ထို့ကြောင့် သူ ပထမနေရာကို လိုချင်နေသည်မှာ ရှင်းလင်းနေ၏။သူနှင့်ထိုနေရာအတွက် ယှဉ်ပြိုင်နေဖို့ မလိုပေ။
ခုနစ်ရက်တာသည် မြန်ဆန်စွာ ကုန်ဆုံးသွား၏။သည်ခုနစ်ရက်အတွင်း ဝမ်လင်းသည် မြေမီးတောက်ဂြိုဟ်မှ ပြင်ဆင်ပေးထားသည့် နေရာတွင် ကျင့်ကြံနေ၏။သူက သူ့ကိုသူ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ လာမည့် နောက်ဆုံးပြိုင်ပွဲများအတွက် အကောင်းဆုံးအခြေအနေဖြစ်အောင် နေနေရမည် မဟုတ်လား။
သည်ခုနစ်ရက်အတွင်း ရှန်ကုန်းဟူသည် သူ့ထံသို့ အရင်ဆုံးရောက်လာသူ ဖြစ်၏။သူက ဝမ်လင်း၏ကျင့်ကြံခြင်းနှင့် ပတ်သတ်၍ မေးမြန်းခြင်း မပြုဘဲ တာအိုနှင့်ပတ်သတ်၍သာ မေးမြန်းပြီး အကျိုးကျေးဇူးအချို့ရကာ ပြန်ထွက်ခွာသွားခဲ့၏။သူက ဝမ်လင်းကို လေးစားစွာ ဦးညွတ်နေမိ၏။ခုလက်ရှိ ဝမ်လင်းသည် သူ့လေးစားခံဖို့ ထိုက်တန်နေသည် မဟုတ်လား။
ရှန်ကုန်းဟူ ထွက်ခွာသွားပြီးနောက် အခြားလူများလည်း သူ့ထံသို့ လာလည်ကြ၏။လေးယောက်မြောက်နေ့ကျမှ အထိုင်ပြန်ကျသွား၏။ဝမ်လင်းက တိတ်ဆိတ်စွာသာ ကျင့်ကြံလို့သည်။သို့သော် သူ့ကို လာနှောက်ယှက်သည့် လူတစ်ယောက် ရှိနေသေး၏။ထိုလူကတော့ နန်ကုန်ဟန်ပင်။
နန်ကုန်ဟန် ဝမ်လင်းကို စိတ်ရှုပ်စေသည့် အကြောင်းက ဟင်းလင်းပြင်ကွေးညွတ်ခြင်း ဖြစ်၏။သူက လာလည်တိုင်း ဝမ်လင်းခေါင်းကိုက်အောင် အမြဲ မေးတက်၏။တဖြည်းဖြည်းဖြင့် ဝမ်လင်းသည် နန်ကုန်ဟန်ကြောင့် စိတ်ရှုပ်လာခဲ့ရာ ရှုလီကောကို လွှတ်ထားတော့သည်။
ဝမ်လင်းသည် ရှုလီကောကို လေဟာနယ်ကွေးညွတ်ခြင်းနှင့် ပတ်သတ်၍ သေချာပြာထားခဲ့၏။သူက နန်ကုန်ဟန် သူ့ကို ယုံယုံမယုံယုံ ဂရုမစိုက်ပေ။သည့်နောက် သူက ကျင့်ကြံရန် တိတ်ဆိတ်နေရာသို့ ရှာရန် ထွက်ခွာသွား၏။
သနားစရာကောင်းလိုက်တဲ့ ရှုလီကော။ နန်ကုန်ဟန်က ဝမ်လင်းကို မယုံကြည့်သော်လည်း ရှုလီကောကို မေးခွန်းများ အဆတ်မပြတ်ပေးနေခဲ့တော့၏။
အစပိုင်း၌ ရှုလီကောက ဂရုမစိုက်ပေ။သို့သော် အချိန်ကုန်လာသည်နှင့် အမျှ သူက ဒဏ်မခံနိုင်တော့ချေ။သူက နန်ကုန်ဟန်ကို ရိုက်မထုတ်နိုင်သလို ခုခံမှုလည်း မပြုနိုင်ပေ။ထို့ကြောင့် သူသည် ထွက်သွားနိုင်စွမ်းလည်း မရှိ ဖြစ်နေ၏။သူက နန်ကုန်ဟန်၏ မေးခွန်းများနှင့် နှိပ်စက်နေသည်ကို ဆက်၍ တောင့်ခံကာ ခုနစ်ရက် မြန်မြန်ကုန်ပြီး သူ့သခင် ပြန်လာဖို့ကိုသာ မျှော်နေရုံသာ ရှိတော့သည်။
ခုနစ်ရက်မြောက်နေ့၌ ဝမ်လင်းသည် ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်လာ၏။သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ရှာဖွေရာ ရှုလီကော ရှိနေသည့်နေရာကို တွေ့သွား၏။သို့ရာတွင် ရှုလီကောကို သူတွေ့သွားသည့်အခါ၌ မျက်မှောင်ကြုတ်မိသွားသည်။
ရှုလီကော၏ မကောင်းဆိုးဝါးခန္ဓာကိုယ်သည် မှုန်ဝါးဝါးဖြစ်နေ၏။သူ့နှင့် ဆန့်ကျင်ဘက်တွင် နန်ကုန်ဟန်က စကားများ တောက်လျှောက် ပြောနေသည်။
ရှုလီကောက ဝမ်လင်းကို တွေ့မြင်သွား၏။သူက စိတ်လှုပ်ရှားကာ ဝမ်လင်းထံသို့ တဟုန်ထိုး လာတော့သည်။
“သခင်…နောက်ဆုံးတော့ ပြန်လာပြီပေါ့။ ကျေးဇူးပြုပြီး…သခင် ငါ့ကို ပြန်ခေါ်ပါတော့။ဒီလူက တော်တော်ကြောက်ဖို့ ကောင်းတယ်။ ငါ့ကို မထားခဲ့ပါနဲ့တော့။ကျနော်ရှုလီကောက သခင်ကို မထားခဲ့နိုင်ပါဘူး…”
ရှုလီကော၏ အသံက သနားစဖွယ်ပင်။
ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းကာ ရှုလီကောကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်၏။ထို့နောက် သူ့အကြည့်က နန်ကုန်ဟန်ပေါ်သို့ ကျရောက်သွားသည်။
နန်ကုန်ဟန်၏စိတ်အခြေအနေသည် အတော်လေး ကောင်းနေ၏။သို့သော် သူက မော်ကြွသည့်အသွင်နှင့် ရှိနေသည်။သူက သူ့လက်ဝါးနှစ်ဖက်ကိုပွတ်၊ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြောလာ၏။ “အစ်ကိုရှု…သင့်ရဲ့ ရတနာစိတ်ဝိညာဉ်က အတော်လေး တော်လှပါလား။ငါ သူ့ကို မြင်တာနဲ့ငါတို့ ရှေ့လျှောက်တွေ့ရဦးမှာလို့ ပြောနိုင်တယ်။ အနာဂတ်မှာ ငါတို့ အတူ အချိန်အချို့ အကျိုးရှိအောင် အသုံးပြုရမယ်…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်နေ၏။ထို့နောက် သူက လှည့်၍ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့သည်။
နန်ကုန်ဟန်၏မျက်နှာထက်၌ နောင်တရနေမှုတို့ ရှိနေ၏။သူက နောက်ကနေ အမြန်လိုက်သွားကာ တွေးနေ၏။ “ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ရတနာစိတ်ဝိညာဉ်လဲ။ ငါက ဒီရှုမူကို မနိုင်လို့ပေါ့။ မဟုတ်ရင် ငါ သူ့ရှိကနေ ဒီစိတ်ဝိညာဉ်ကို ခိုးယူလို့ ရမှာ…”
တောင်ပိုင်းနယ်မြေ၏ ကျန်သည့် (၁၀၇)ယောက်သည် ရွေးချယ်ပြီးခဲ့ပြီ။ခရမ်းရောင်ဝတ်စုံနှင့်အဘိုးအိုက ကျောက်တုံးနက်တစ်ခုကို ထုတ်ယူကာ ချေမွလိုက်သည်။ မရေမတွက်နိုင်သော သလင်းအလင်းတန်းများ ပေါ်လာကာ ပုံရိပ်ယောင်အစီအရင်တစ်ခု ဖြစ်ပေါ်လာ၏။
ထိုအစီအရင်သည် ကြီးမားပေသည်။၎င်းက ပေတစ်ထောင်ကျော်လောက် ရှိမည်။ခရမ်းရောင်ဝတ်စုံနှင့်အဘိုးအိုက အရင်ဆုံး လျှောက်လှမ်း၏။သူ့နောက်ကနေ အစိမ်းရောင်ဝတ်စုံနှင့် တမန်တော်နှစ်ယောက် လိုက်ပါသွားသည်။သူတို့က အစီအရင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
ကျန်သည့် (၁၀၈)ယောက်လည်း ထိုအစီအရင်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လိုက်ကြသည်။ဝမ်လင်းသည်လည်း သူတို့ထဲမှ တစ်ယောက်ပင်။ရှန်ကုန်းဟူ၊ကျန်ကုန်းလီတို့သည်လည်း သည်(၁၀၈) ယောက်တွင်ပါဝင်ပေသည်။
အစီအရင်သည် လင်းလက်သွားပြီး လူ(၁၀၈)ယောက်နှင့်အတူ ပျောက်ကွယ်သွားလေသည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ အဆုံးစွန်စွမ်းအားရှိသည့် ထောက်တိုင်တစ်ခု ဖြစ်သည်။ကျောင်းတော်၏ မျိုးဆက်များစွာသည် သူတို့၏ လွှမ်းမိုးနိုင်မှုကို ချဲ့ထွင်ရင်း သူတို့သည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ မြင်သာထင်သာသည့် အသန်မာဆုံးအင်အား တစ်ခု ဖြစ်လာခဲ့သည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တည်နေရာက လျှို့ဝှက်ဆန်းကြယ်လှ၏။မည်သူကမျှ ထိုနေရာကို မသိကြပေ။ တမန်တော်များပင် ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုမှသာ သည်နေရာသို့ သွားနိုင်၏။အခြားနည်းလမ်းဟူ၍ မရှိပေ။
သည်အခိုက်အတန့်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ကီလိုမီတာတစ်သိန်းအတွင်းရှိ ဧရိယာသည် တားမြစ်ထား၏။တမန်တော်များ၊မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ အစေခံများသည် သည်နေရာတွင် ပြည့်နေသည်။ ကောင်းကင်ဦးစီးနေရာအတွက် ပြိုင်ပွဲသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်အတွက် အရေးကြီးလှသည် မဟုတ်လား။သည်တားမြစ်ထားသည့် ဧရိယာအတွင်း တိုက်ခိုက်ခြင်းက စည်းမျဉ်းကို ချိုးဖျက်သည့် တယောက်ယောက် ရှိလာပါက ကျောင်းတော်အနေနှင့် ကြားဝင်ဟန့်တားနိင်မည် မဟုတ်လား။
ကျောင်းတော်၏ ပတ်လည်၌ အစီအရင်ကြီးလေးခု ရှိနေ၏။ထိုထဲမှ တစ်ခုသည် လင်းလက်လာကာ မြောက်ဘက်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကနေ ပုံရိပ်များ ထွက်ပေါ်လာကြ၏။ မြောက်ပိုင်းနယ်မြေသို့ သွားသည့် တမန်တော်များ၏ ဦးဆောင်မှုနှင့်အတူ ယှဉ်ပြိုင်သူများသည် တစ်ယောက်ပြီးတစ်ယောက် လှမ်းထွက်လာကြသည်။
ထိုကျင့်ကြံသူအားလုံးက တည်ငြိမ်နေကာ အလွန်နည်းပါးသော သူများသာ စိတ်လှုပ်ရှားနေဟန် ရှိ၏။သူတို့သည် ပေါ်လာကြသည်နှင့် တိုက်ပွဲဝင်လိုစိတ်တို့ ပြည့်နှက်နေတော့သည်။
သည်အခိုက်အတန့်၌ တောင်ဘက်နှင့်အနောက်ဘက်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များလည်း လင်းလက်လာကာ လူအုပ်ကြီးသည် တစ်ချိန်တည်း လှမ်းထွက်လာကြသည်။ဝမ်လင်းသည် ထိုအထဲမှ တစ်ယောက် ဖြစ်၏။သူက လှမ်းထွက်လာပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်၏။သူ့အသွင်က အေးဆေး ရှိနေသည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် သေမျိုးကမ္ဘာရှိ အင်ပါယာနန်းတော်လိုမျိုး ဖြစ်နေ၏။ထည်ဝါခမ်းနားမှုနှင့် အတားအဆီးများစွာ ဖုံးလွှမ်းနေသည်။ဝမ်လင်းသည် အတားအဆီးလှိုင်းများကို ခံစားမိသည့်အခါ သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။
အတားအဆီးများကို နားလည်မှုအရ သူသည် ထိုအတားအဆီးများသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်နေမှန်း ခံစားမိ၏။သူ့ကျင့်ကြံမှုအဆင့်ဖြင့် အတားအဆီးများထဲသို့ မဆင်မခြင်တိုးဝင်ပါက သံသယမရှိ သေဆုံးသွားမည် ဖြစ်၏။
ဝမ်လင်းသည် သူ့ပတ်ပတ်လည်သို့ ကြည့်နေရင်း ပို၍ မျက်မှောင်ကြုတ်နေမိ၏။မြက်ပင်တစ်ပင်စီ၊အပင်တစ်ပင်ချင်းနှင့် တိမ်တိုက်များတွင်ပင် အားကောင်းသော အတားအဆီးများ ပါဝင်နေချေသည်။
ပတ်ဝန်းကျင်ကို လေ့လာကြည့်နေသည်မှာ ဝမ်လင်းတစ်ယောက်တည်း မဟုတ်ပေ။လူတိုင်းနည်းပါးသည် ထိုသို့ လေ့လာကြည့်နေ၏။အရှေ့ဘက်ရှိ အစီအရင်သည် ရုတ်တရက် လင်းလက်လာ၏။လူတိုင်း၏အကြည့်က ထိုနေရာသို့ ရောက်သွားသည်။
အရှေ့ဘက်ရှိအစီအရင်သည် တောက်ပလာရင်း ပုံရိပ်သုံးခု လှမ်းလျှောက်ထွက်လာ၏။သူတို့သည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များ ဖြစ်သည်။သူတို့အားလုံးသည် သုန်မှုန်စွာနှင့် အစီအရင်ထဲကနေ အလျင်အမြန် ထွက်လာကြ၏။သူတို့ထဲမှ တစ်ယောက်သည် အစီအရင်ထံသို့ ကြောက်လန့်ဟန်နှင့် လည်ပြန်ကြည့်သည်။
ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။တစ်ချိန်တည်းမှာပင် ပြင်းထန်သောသွေးနံ့သည် အရှေ့ဘက်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲကနေ လှိုင်ထွက်လာ၏။သည့်နောက် လူတစ်ယောက်သည် လှမ်းထွက်လာသည်။
“စောင့်နေစရာ မလိုတော့ဘူး။ ငါက ကျန်တဲ့ (၁၀၇)ယောက်လုံးကို သတ်ပစ်ခဲ့လိုက်ပြီ…”
***