Switch Mode

အပိုင်း(၉၁၁)

ငါ နံပါတ်တစ်နေရာ လိုချင်တယ်…

ဝမ်လင်းသည် မြေမီးတောက်ဂြိုဟ်နှင့် ကီလိုမီတာ တစ်သိန်းအတွင်း ရောက်လာသည့်အခါ သူက လောကနှင့်တစ်သားတည်း ပေါင်းစပ်ခြင်း မပြုပေ။ထိုအစား တစ်လှမ်းချင်း လျှောက်လှမ်းကာ ပို၍ မြန်လာနေသည်။သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ လောကနှင့်တစ်သားတည်း မပေါင်းစပ်ခြင်းသည် သည်တိုက်ပွဲမှာ သူ့အတွက် အလွန်အရေးကြီးလှသောကြောင့် ဖြစ်လေ၏။

ခြေလှမ်းတိုင်း၌ သူ့စိတ်နှလုံးသည် တည်ငြိမ်လာကာ မျက်လုံးသည် ကြောက်မက်ဖွယ် ငြိမ်သက်လာသည်။သူ့ခြေလှမ်းတိုင်း၌ တိုက်ပွဲစိတ်ဆန္ဒသည် အားကောင်းလာနေသည်။

ဝမ်လင်းသည် ရှေ့သို့ မြန်ဆန်စွာ သွားနေ၏။နောက်ဆုံး၌ သူ့နောက်တွင် တိုက်ပွဲဆန္ဒသည် မုန်တိုင်းတစ်ခုလို ဖြစ်လာခဲ့သည်။

“ကောင်းကင်ဦးစီး(၁၀၈) နေရာ၊ ငါက ကောင်းကင်အဆင့် ကောင်းကင်ဦးစီး (၃၆)ယောက်ထဲက တစ်ယောက်ပဲ ဖြစ်ရမယ်။ မြေအဆင့် ကောင်းကင်ဦးစီး (၇၂)ယောက်ထဲက မဟုတ်စေရဘူး…”

ဝမ်လင်း၏မျက်လုံးသည် အေးစက်နေ၏။သူသည် အနိုင်ရကို ရရမည် ဖြစ်၏။

တိုက်ပွဲဆန္ဒက ဖန်တီးသည့် မုန်ုတိုင်းသည် အရူးအမူး ပျံ့နှံ့နေသည်။ထိုတုန်လှုပ်ဖွယ်အော်ရာသည် လောကနှင့် ပေါင်းစပ်နေကာ ယင်းမုန်တိုင်းအတါင်း၌ အနက်ရောင်ငါးနှင့်အဖြူရောင်ငါးတို့ လှည့်လည်နေသည်။ယင်းစိတ်ဆန္ဒမုန်တိုင်းက ကီလိုမီတာများစွာအထိ ဆက်၍ ချဲ့ထွက်နေသည်။

ဝမ်လင်းသည် အနိုင်ရရုံမျှသာမဟုတ် လုံးဝကို အနိုင်ရရမည်ဟု ပိုင်းဖြတ်ထား၏။ထိုမှသာ သူသည် ရှောင်မိသားစုအတွက်လိုအပ်သည့် အရည်အသွေးပြည့်မှီမည် ဖြစ်သည်။

“ဝမ်အာ…” ဝမ်လင်းမျက်လုံးထဲရှိ တိုက်ပွဲစိတ်ဆန္ဒသည် အထွတ်အထိပ်သို့ပင် ရောက်လာခဲ့သည်။သို့သော် ယင်းစိတ်ဆန္ဒအထဲ၌ ဝမ်းနည်းမှုအငွေ့အသက် ပါနေသည်။ထိုဝမ်းနည်းမှုသည် ဝမ်အာ ထံမှ ဖြစ်၏။

သူသည် အတိတ်တုန်းက လီမူဝမ်၏ နောက်ဆုံးမျက်ရည်စက် ကျဆင်းခဲ့ရချိန်ကို အခုထိ မှတ်မိနေဆဲ ဖြစ်သည်။ထိုမြင်ကွင်းက ဝမ်းနည်း၊အထီးကျန်မှုနှင့် ပြည့်နေ၏။

သူသည် မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထိ ရောက်လာကာ တိုက်ပွဲများ အလီလီ တိုက်ခိုက်နေခြင်းအားလုံးသည် ဝမ်အာကို ပြန်အသက်သွင်းနိုင်ရန်အတွက်သာ ဖြစ်ချေသည်။ ရှောင်မိသားစုမှ အမျိုးသမီး ပြောခဲ့သည့် စကားသည် သူ့စိတ်ထဲ၌ အကြိမ်ကြမ် မည်ဟီးနေခဲ့၏။ထိုအမျိုးသမီး ပြောခဲ့သည့် လီမူဝမ်ကို ပြန်အသက်သွင်းနိုင်သည် ဆိုသော စကားသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ သူ ရောက်လာရသည့် အခြေခံအကြောင်းရင်းပင်။

သူက ရှုံးလို့ မရပေ။

ထို့အပြင် သည်တိုက်ပွဲသည် ချင်းရွှေ၏ စမ်းသပ်မှုလည်း ဖြစ်နေ၏။ဝမ်လင်းသည် သူ့ကိုယ်သူ ရှုံးခွင့်မပေးနိုင်ပါ။

ထိုယုံကြည်မှုနှင့်အံ့မခန်းတိုက်ပွဲ စိတ်ဆန္ဒကို ဆွဲကိုင်ထားရင်း ဝမ်လင်း၏မူလစွမ်းအင်တို့သည် အရူးအမူး လှည့်လည်နေ၏။သူ့နောက်ရှိ စိတ်ဆန္ဒမုန်တိုင်းသည် ကြီးမားလာကာ ယင်ယန်ငါးများသည် ပို၍ မြန်ဆန်စွာ လှည့်ပတ်နေတော့၏။

ဝမ်လင်းသည် အလွန်မြန်ဆန်စွာဖြင့် ခြေလှမ်းနေရင်း မြေမီးတောက်ဂြိုဟ်နှင့် ကီလိုမီတာသုံးသောင်းအတွင်းသို့ ဝင်ရောက်လာ၏။

ထိုအခါ ချက်ခြင်းပင် ယှဉ်ပြိုင်တိုက်ခိုက်နေသော နှစ်ယောက်သည် ချက်ခြင်း ဖြူရောကာ ကြောက်လန့်မိသွားကြ၏။သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရမည်ကိုပါ မေ့သွားသည့်အလား ထင်ရသည်။သူတို့က ခေါင်းမော့ကာ သူတို့အား ကြောက်လန့်မှုခံစားစေသည့် နေရာသို့ လှမ်းကြည့်မိကြ၏။

ထိုအခိုက်အတန့်၌ သူတို့နှစ်ယောက်သာမက ကီလိုမီတာတစ်သောင်းအတွင်းရှိ ကျင့်ကြံသူအားလုံးနီးပါး၏ အမူအရာသည် ပြောင်းလဲသွားကြကာ အကွာအဝေးတစ်ခုသို့ လှမ်းကြည့်လိုက်ကြသည်။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ အစိမ်းရောင်ဝတ်တမန်တော်နှစ်ယေက်၏ စိတ်နှလုံးပင် ခုန်ပေါက်သွားရသည်။

ကျင့်ကြံခြင်းမိသားစုများမှ ဘိုးဘေးများသည် သူတို့၏ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်လာကြ၏။သူတို့က အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်ကြသည်။သူတို့၏မျက်လုံးထဲ၌ တုန်လှုပ်ဟန်ပင် ဖြစ်သွားရသည်။

“ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ တိုက်ပွဲစိတ်ဆန္ဒလဲ…”

သူတို့ပင် ထိုသို့ ခံစားသည့်အတွက် ကျန်သည့်သူများဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ သည်တိုက်ပွဲစိတ်ဆန္ဒသည် သူတို့ မလွန်ဆန်နိုင်လောက်အောင် အားကောင်းလွန်းနေ၏။အချို့ အားနည်းသော ကျင့်ကြံသူများဆိုလျှင် သွေးပါအန်ထုတ်လိုက်ရ၏။

ရှန်ကုန်းဟူ၏မျက်လုံးတို့သည် ပြူးကျယ်သွား၏။ရုတ်တရက်သူက မတ်တပ်ထရပ်သည်။ထိုအဆုံးမဲ့သည့် တိုက်ပွဲစိတ်ဆန္ဒက သူ့သွေးကို ဆူပွက်စေသည်။သူက အသက်ရှုခြင်းကို ထိန်ညှိမထားပါက ယင်းစိတ်ဆန္ဒကြောင် ဒဏ်ရာပင် ရသွားနိုင်ပေသည်။

ထိုအရာက အဓိက မဟုတ်သေးပေ။အဓိက အချက်မှာ ယင်းတိုက်ပွဲစိတ်ဆန္ဒထဲ၌ သူနှင့်ရင်းနှီးသည့် ခံစားချက်တစ်ခု ပါနေ၏။ထိုအော်ရာသည် သူ့စိတ်ထဲရှိ ခါးသီးမှုနှင့် ပေါင်းစပ်ကာ သူ့ကို အလွန်စိတ်ရှုပ်ထွေးမှုကို ဖြစ်စေ၏။

“လေးစားရတဲ့ အရှင်…” ရှန်ကုန်းဟူ၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။သူက မူလတုန်းက သူ့အရှင်အပေါ် ယုံကြည်မှု ကင်းမဲ့ကာ အလှည့်စားခံခဲ့ရသည်ဟု တွေးနေခဲ့သည်။သို့ရာတွင် ဤအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ထဲ၌ ပေါ်လာသည့် အားတစ်ခုက သူ့ကို နောက်တစ်ကြိမ်ထပ်ပြီး စိတ်လှုပ်ရှားအောင် ပြုလုပ်တော့၏။သို့သော် သည်တစ်ကြိမ်၌ အလိုမတူသည့် ဆန္ဒ အရိပ်အမြွက် ပါဝင်နေပေသည်။

“ယား…” ရှန်ကုန်းဟူက မာန်သွင်းလိုက်၏။သူ့စိတ်ထဲရှိ ရှုပ်ထွေးနေမှုအားလုံးသည် တိုက်ပွဲစိတ်ဆန္ဒအဖြစ်သို့ ပြောင်းလဲသွားတော့၏။ထိုစိတ်ဆန္ဒသည် နဂါးတစ်ကောင်အလား ထိုးထွက်လာသည်။

သူသာ မကပေ။ဤအခိုက်၌ ကျန်ကုန်းလီသည်လည်း ရှေ့သို့ စူးစိုက်ကြည့်လာ၏။သူက ရှုမူကို ရှန်ကုန်းဟူကဲ့သို့ မထောက်လှမ်းနိုင်သော်လည်း ရင်းနှီးသောအော်ရာကို ခံစားမိပေသည်။ ပေါ်ထွက်လာသည့် တိုက်ပွဲစိတ်ဆန္ဒ၏ ဖိအားကြောင့် ကျန်မိသားစု၏ အညံ့မခံလိုသည့် သဘာဝသည် ပေါက်ကွဲထွက်လာတော့၏။

သူ့တိုက်ပွဲစိတ်ဆန္ဒမှာ နဂါးတစ်ကောင်အလား အသွင်ပြောင်းလာ၏။

ထျန်ယန်ဖန်သည်လည်း သူ့ထံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့်အတူ မတ်တပ်ထရပ်လာသည်။သူက တိုက်ပွဲစိတ်ဆန္ဒ လာနေသည့်နေရာသို့ တဟုန်ထိုး တိုးဝင်သွားတော့၏။သူ့မျက်လုံးသည် အေးစက်ကာနေ၏။

သူတို့သုံးယောက်သာမက ကျန်သည့် ပြိုင်ပွဲဝင်ဆယ့်နှစ်ယောက်ကျော်သည်လည်း အညံ့မခံလိုခြင်းနှင့်အတူ ပြင်းထန်သောတိုက်ပွဲဝင်လိုစိတ်ဖြင့် ထိုးထွက်လာကြတော့သည်။

ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကိုပါ တုန်လှုပ်သွားစေသည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ခရမ်းရောင်ဝတ်စုံနှင့်အဘိုးအိုသာ တည်ငြိမ်လျက် ရှိနေ၏။သူက မျက်လုံးမှိတ်ထားဆဲ ဖြစ်ကာ မည်သို့မျှ ပြောင်းလဲမှု မရှိပေ။

ထိုလူများထံကနေ ဖြစ်ပေါ်လာသည့် တိုက်ပွဲစိတ်ဆန္ဒမှ ဖန်တီးသည့် မုန်တိုင်းများသည် ဝမ်လင်း၏တိုက်ပွဲစိတ်ဆန္ဒနှင့် တွေ့ဆုံသည်။ထိုအခါ ပေါက်ကွဲမှုများ ဖြစ်စေကာ ကီလိုမီတာများစွာကို တုန်ခါစေသည်။သည့်နောက် အဖြူရောင်ဝတ်စုံနှင့်ဝမ်လင်းသည် တစ်လှမ်းခြင်း လှမ်းလာတော့၏။

သူ ရောက်ရှိလာသည့်အခါ သူ့ထံသို့ တိုးဝင်လာသည့် တိုက်ပွဲစိတ်ဆန္ဒများသည် ဖိနှိပ်ခြင်း ခံရသည်။သူ့အေးစက်စက်အကြည့်၊သူ့သတ်ဖြတ်လိုခြင်းစိတ်နှင့် မွန်းစတားဆန်လှသည့် တိုက်ပွဲစိတ်ဆန္ဒတို့သည် အားလုံးကို ကြမ်းတမ်းစွာ ဖိနှိပ်ပစ်လာသည်။

ထျန်ယန်ဖန်ထံကနေ မာန်သွင်းသံ ထိုးထွက်လာ၏။သူ့လက်ထဲ၌လည်း အနီရောင်ဓားတစ်လက်ပေါ်လာသည်။ယင်းဓားက တုန်လှုပ်ဖွယ် ဓားစွမ်းအင်ကို ထုတ်လွှတ်နေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များ လှည့်ပတ်လာင်း မန္တာန်မျိုးစုံသည် သူ့ပတ်လည်၌ ပေါ်ထွက်လာ၏။၎င်းတို့က ကြက်သွေးရောင်ကြာပွင့်များအသွင်သို့ ပြောင်းကာ ဝမ်လင်းထံသို့ တိုးဝင်သွားတော့သည်။

သူ့နောက်ရှိ အချို့ကျင့်ကြံသူများကလည်း ဝမ်လင်းထံသို့ တိုးဝင်လာကြပေသည်။

ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်း၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ကိုယ်ထဲရှိ မူလစွမ်းအင်သည် အရူးအမူး မြင့်တက်လာတော့သည်။ဝမ်လင်းထံမှ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်၏ အော်ရာသည် သည်ဧရိယာကို လွှမ်းခြုံလာတော့သည်။

သူ့မူလစွမ်းအင်တို့ အရူးအမူး ပျံ့နှံ့လာချိန်၌ ထျန်ယန်ဖန်၏မျက်လုံးထဲတွင် ထိတ်လန့်မှု ပေါ်လာ၏။သူက သူ့ရှေ့ရှိလူသည် အထည်ဒြပ်ယန်အဆင့်ကို ချိုးဖျက်ကာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ ရောက်နေလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ချေ။

ထိုအခိုက်မှာပင် ဝမ်လင်းထံကနေ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက် ထွက်ပေါ်လာ၏။ထျန်ယန်ဖန်၏အနီရောင်ဓားကို ယင်းဓားချက်က အပိုင်းပိုင်း ဖြစ်စေသည်။

ထျန်ယန်ဖန်မှာ အံ့အားသင့်လျက်သား ဖြစ်နေ၏။သူ့ပတ်လည်ရှိ ကြက်သွေးရောင်ကြာပွင့်အားလုံးသည် ပျက်စီးသွားရသည်။

ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်သည်။ဝမ်လင်း၏ လက်နှစ်ချောင်းက ရပ်တန့်ခြင်းမရှိဘဲ ထျန်ယန်ဖန်၏ရင်ဘက်ပေါ်သို့ ကျရောက်လာသည်။ပေါက်ကွဲမှုနှင့်အတူ ထျန်ယန်ဖန်သည် နောက်သို့ လွင့်စင်သွားတော့၏။သူ့မူလစိတ်ဝိညာဉ်ပင် ဒဏ်ရာရသွားပေသည်။

ထိုအရာများအားလုံးသည် ဖျပ်ခနဲ ဖြစ်ပျက်သွားခြင်းပင်။ဝမ်လင်း၏ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်သို့ ရောက်နေသည့် ကျင့်ကြံမှုကို အထည်ဒြပ်ယန်အထွတ်အထိပ်ဆင့် ကျင့်ကြံသူတစ်ယောက်သည် မည်သို့မျှ မခံနိုင်ပေ။သူသာ သတ်ဖြတ်လိုပါက ထျန်ယန်ဖန်သည် သေရပေလိမ့်မည်။

သူက သူ့လက်နှစ်ချောင်းကို ပြန်ရုတ်သိမ်းပြီးနောက် တတိယမျက်လုံးကို ဖွင့်လိုက်ရာ အလင်းတန်းတစ်ခုသည် ထိုးထွက်သွားသည်။ဝမ်လင်းသည် ထျန်ယန်ဖန်နောက်မှ လိုက်လာသည့် ကျင့်ကြံသူအားလုံးထံသို့ လှည့်လိုက်၏။ထိုကျင့်ကြံသူများ၏အသွင်သည် ပြောင်းလဲသွားကာ သူတို့၏မန္တာန်များအားလုံးသည် မူလစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။သူတို့အားလုံးသည် သွေးအန်ကာ နောက်သို့ လွင့်စင်သွားရသည်။

ဝမ်လင်း၏မျက်လုံးက အေးစက်နေ၏။သူက ဖြည်းဖြည်းချင်း ပြောလာသည်။ “တောင်ပိုင်းနယ်မြေရဲ့ အရည်အချင်းသတ်မှတ်မှု (၁၀၈)နေရာမှာ ငါ…ရှုမူက ပထမနေရာကို ယူမယ်…”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထဲမှ တစ်ယောက်သည် အလန့်တကြား ထပြော၏။ “ရှုမူ…”

“နတ်ဆိုးရှုမူ…”

“သူက ရှုမူပဲ…။ငါ သူ့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ဖူးတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset