ဝမ်လင်းသည် တည်တည်ငြိမ်ငြိမ်ပင် အရာအားလုံးကို ကြည့်နေ၏။သူ့စိတ်နှလုံးသည် လှုပ်ခတ်နေခြင်း မရှိပေ။
ဘိုးဘေးခန်းမအတွင်း၌ မိန်းကလေးငယ်နှစ်ယောက်သည် အကူအညီမဲ့စွာ အလွန်ကြောက်ရွှံ့နေကြ၏။ညီမဖြစ်သူ၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ သူမအမကြီးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
“အမကြီး…ငါကြောက်တယ်…အရမ်းကြောက်တယ်…” မိန်းကလေးငယ်၏အသံက တုန်ယင်နေ၏။
သူမ၏ညီမဖြစ်သူကို ဖေးမထားရင်း ယောင်ပင်ယွမ်၏မျက်နှာသည် သွေးရောင်မရှိတော့ပေ။သူမတို့က သေဖို့စောင့်နေရသည်ဟု ခံစားနေရသည်။
ထိုမိန်းကလေးငယ်၏ ရှေ့၌ အဘိုးအိုတစ်ယောက် ထိုင်နေ၏။သူက သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့မျက်ခုံးနှစ်ခုသည် နီနေသည်။
“ငါ့ယောင်မိသားစုဝင်တွေ အနေနဲ့ ယောင်မိသားစုရဲ့ မျိုးဆက်တွေ တောက်ပမှုအတွက် အမိန့်အရ နင်တို့နှစ်ယောက်ဟာ ရတနာရဲ့စိတ်ဝိညာဉ် ဖြစ်လာရလိမ့်မယ်…”
ထိုအဘိုးအိုက စကားပြောလိုက်ရင်း သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သုံးပေခန့်အက်ကွဲကြောင်းတစ်ခုသည် သူ့ရှေ့၌ ပေါ်လာကာ လေးအေးများ တိုက်ခတ်လာသည်။သည့်နောက် ရှေးဟောင်းမီးအိမ်တစ်ခုသည် ဖြည်းဖြည်းချင်း ၎င်းအက်ကွဲကြောင်းထဲကနေ ပျံသန်းထွက်လာသည်။
ထိုမီးတောက်သည် အပြာရောင်မီးတောက်တစ်ခုကို ပေးစွမ်းနေ၏။၎င်းက အပူဓာတ်ကို မပေးဘဲ အံ့မခန်းအအေးဓာတ်ကိုသာ ပေးစွမ်းနေခြင်း ဖြစ်သည်။
ထိုဆီမီးအိမ်သည် မိန်းကလေးငယ်နှစ်ယောက်နှင့်အဘိုးအိုကြားတွင် လွင့်မြောကာ နေသည်။မီးနောက်သည် ချက်ခြင်း တောက်ပလာရင်း မီးစမီးပွားများမှာ မိန်းကလေးငယ်နှစ်ယောက်ထံသို့ တိုးထွက်လာချေသည်။
“ဒါဟာ ယောင်မိသားစုရဲ့ ရတနာဖြစ်တယ်။ ကောင်းကင်ဘုံနယ်မြေ ဖန်တီးခဲ့ကတည်းက ဒီမီးအိမ်ဟာ လုံးဝ မငြှိမ်းသေခဲ့ဘူး။ဒါဟာ ရှင်သန်ခြင်းရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်တယ်။ဒါပေမဲ့လည်း လွန်ခဲ့တဲ့နှစ်ငါးရာလောက်ကနေ စပြီး ဒီမီးအိမ်ဟာ ငြှိမ်းသေမယ့် အရိပ်အယောင် ပြသလာခဲ့တယ်။ဒီအဘိုးအိုက အချိန်အကြာကြီး တွက်ချက်ကြည့်တော့ ဘာကြောင့် ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို တွေ့ရှိခဲ့တယ်…”
“ရတနာစိတ်ဝိညာဉ်ဟာ ပျောက်ကွယ်တော့မလို ဖြစ်လာခဲ့တာပဲ။ဒီစိတ်ဝိညာဉ် ပျောက်သွားတာနဲ့ မီးတောက်ဟာလည်း လုံးဝ ငြှိမ်းသေ သွားလိမ့်မယ်။ ဒါ့ကြောင့် ဒီအဘိုးအိုဟာ ရတနာစိတ်ဝိညာဉ်ကို ထုတ်ယူဖို့အတွက် နှစ်ပေါင်းသုံးရာလောက် အသုံးပြုခဲ့ပြီး ဒီစိတ်ဝိညာဉ်ကို ယောင်မိသားစုရဲ့ ပါရမီအရှိဆုံးလူတွေဆီ ထည့်သွင်းခဲ့တယ်။ နှစ်ပေါင်းနှစ်ရာလောက် ကြာပြီးတဲ့နောက်မှာ သူမဟာ သင်တို့အမွှာညီမနှစ်ယောက်ကို မွေးဖွားစေခဲ့တာ ဖြစ်တယ်…”
“ဒါဟာ နင်တို့ရဲ့ ကံကြမ္မာပဲ။ နင်တို့ဟာ ဒီကံတရားကနေ မလွတ်မြောက်နိုင်ဘူး…။နင်တို့ဟာ ရတနာစိတ်ဝိညာဉ်ဖြစ်လာဖို့ မွေးဖွားလာခဲ့ကြရတာ ဖြစ်တယ်…”
သူက ထိုသို့ ပြောလိုက်ပြီးသည့်နောက် မီးအိမ်မှ မီးတောက်သည် ချက်ခြင်း ပိုလောင်ကျွမ်းလာသည်။ထိုမီးတောက်သည် မီးတိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုတိမ်မီးတောက်သည် ရွှေ့လျားနေရင်း နတ်ဆိုးတစ်ပါးအသွင်သို့ ပြောင်းလဲသွး၏။၎င်းတွင် ဦးဂြိုနှစ်ခု ရှိကာ ၎င်း၏ခန္ဓာကိုယ်မှာလည်း ကြီးမားလှသည်။ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်ဖြင့် ပြုလုပ်ထားပေ၏။၎င်းက ချက်ခြင်း ရှေ့သို့ ထိုးထွက်လာသည်။
“ရှေးဟောင်းနတ်ဆိုး…” ဝမ်လင်းသည် ထိုအရာကို တွေ့မြင်သည့်အခါ သူ့စိတ်သည် တုန်ယင်သွားရ၏။
မီးတောက်ကနေ ဖြစ်ပေါ်လာသည့်နတ်ဆိုးမှာ ရှေးဟောင်းနတ်ဆိုး ဖြစ်နေ၏။၎င်းက ပေါ်လာသည်နှင့် ဘိုးဘေးခန်းမတစ်ခုလုံးသည် မီးတောက်များနှင့် ပြည့်လာတော့သည်။ထိုမီးတောက်နတ်ဆိုးသည် ၎င်း၏ ပါးစပ်ကိုဟကာ မိန်းကလေးငယ်နှစ်ယောက်ထံသို့ ခုန်ဝင်သွားလေ၏။
အမဖြစ်သူ၏ အင်္ကျီစကို ဆွဲကိုင်ထားသည့် မန်ယွမ်သည် အထိတ်တလန့်အော်ပြောလိုက်သည်။ “အမကြီး…”
ထိုအသံထဲရှိ ကြောက်ရွှံ့မှုသည် ဝမ်လင်း၏စိတ်နှလုံးကိုပင် တုန်ယင်သွားစေပေသည်။
အမဖြစ်သူ၏မျက်နှာမှာလည်း ဖြူရောနေ၏။သူမမျက်နှာပေါ်ရှိ ကြောက်ရွှံ့နေမှုသည် အကန့်အသတ်သို့ ရောက်လာ၏။သူမက အလွန်ကြောက်နေမိပေပြီ။
သူမက နတ်ဆိုးသည် နီးကပ်လာသည့်အခါ အလိုလို နောက်သို့ ဆုတ်မိသွားသည်။
သူမ၏ညီမဖြစ်သူက အခုအခါ၌ ရှေ့သို့ ရောက်သွားခဲ့ပြီ။နတ်ဆိုးသည် သူမအား ဝါးမြိုပြီးနောက် အလျင်အမြန် ပြန်ဆုတ်ခွာသွားတော့သည်။
“အမကြီး..အမကြီး..ငါ့ကိုကယ်ပါ…ကယ်…” သူမ၏အထိတ်တလန့်အော်သံမှာ ဘိုးဘေးခန်းမထဲ၌ ပဲ့တင်ထပ်နေတော့၏။နတ်ဆိုးသည် သူမကို ဝါးမြိုပြီးသည့်နောက် ရုတ်တရက် ရပ်တန့်သွားသည်။
အမဖြစ်သူသည် ကြမ်းပြင်ထက်၌ ထိုင်ချကာ မျက်ရည်များ စီးကျလာသည်။သူမသည် အောက်နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ထားကာ မျက်ရည်များကို မဖယ်ရှားပေ။သူမသည် မတ်တပ်ပြန်ထရပ်ရင်း နတ်ဆိုးထံသို့ တဟုန်ထိုး ဝင်ရောက်သွားတော့၏။
“ညီမလေး…ညီမလေး…ငါ့ညီမလေး ငါ့ရှိ ပြန်ပေးပါ။သူ့အစား ငါ့ကိုပဲ ဝါးမြိုပစ်ပါတော့…”
နတ်ဆိုးခန္ဓာကိုယ်သည် တွန့်သွားပြီးနောက် မီးအိမ်ထဲသို့ ပြန်ဝင်ရောက်သွားတော့သည်။မီးအိမ်ထဲရှိ မီးတောက်သည် ထိန်လင်းစွာ တောက်ပနေ၏။သို့သော်လည်း ထိုမီးတောက်အတွင်း၌ ရုန်းကန်နေရရှာသော မိန်းကလေးငယ်တစ်ယောက်၏ ပုံရိပ်တစ်ခု ရှိလို့နေသည်။
“အမကြီး…အမကြီး…”
အဘိုးအိုသည် ထိုအဖြစ်အပျက်များကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေ၏။သူက သူ့အင်္ကျီလက်အိုးကို ဝေ့ခါလိုက်ရာ အမဖြစ်သူသည် ဘေးသို့ လွင့်သွား၏။သူက မီးတောက်ကို စူးစိုက်ကြည့်နေရင်း တဖြည်းဖြည်း ပြုံးယောင်သန်းလာသည်။
“ငါမထင်ထားမိဘူး…ငါမထင်ထားမိဘူး…။ရတနာစိတ်ဝိညာဉ်အတွက် လူတစ်ယောက်ပဲ လိုအပ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူးပဲ။ထားလိုက်ပါတော့လေ ဒီလိုဖြစ်လာမှတော့ နင်ဟာ အသက်ရှင်ခွင့် ရသွားပြီပေါ့…”
အမဖြစ်သူသည် စိတ်ဝိညာဉ်ကင်းမဲ့နေသူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။သူမ၏ မျက်လုံးသည် မီးအိမ်ကို ဗလာကင်းသော အကြည့်တို့ဖြင့် စူးစိုက်စွာကြည့်နေမိသည်။
“ညီမလေး…အမကြီး ဒီလို ဖြစ်စေချင်ခဲ့တာ မဟုတ်ပါဘူး။ ငါပဲ ဝါးမြိုခံခဲ့သင့်တာ။ငါ့ညီမလေး အစား ငါပဲ ဖြစ်သင့်ခဲ့တာ…”
ယောင်ပင်ယွမ်၏မျက်နှာထက်၌ မျက်ရည်များနှင့် ပြည့်နေသည်။ထိုအခိုက်အတန့်၌ သူမသည် ကြောက်ရွှံ့မှုလုံးဝ မရှိတော့ဘဲ နောင်တတရားသာ ကြီးစိုးနေသည်။
“ငါ နောက်မဆုတ်လိုက်မိသင့်ဘူး။ အမေ ထွက်မသွားခင်တုန်းက သူမဟာ ငါ့ကို ငါ့ညီမလေးအပေါ် စောင့်ရှောက်ဖို့ ပြောခဲ့တယ်။ ဘိုးဘေးဘိုးဘိုး ကျေးဇူးပြုပြီး မန်ယွမ်ကို ပြန်လွှတ်ပေးပြီး ငါ့ကို ရတနာစိတ်ဝိညာဉ် ဖြစ်လာဖို့ ခွင့်ပြုပေးပါ။ကျေးဇူးပြုပြီး ဘိုးဘေးဘိုးဘိုး..ငါတောင်ပန်းပါတယ်။ တောင်းပန်ပါတယ်…”
ယောင်ပင်ယွမ်၏မျက်နှာထက်တွင် မျက်ရည်များနှင့် ပြည့်နေသည်။သူမက အဆက်မပြတ် ဒူးထောက်၍ နှဖူးကို ကြမ်းပြင်နှင့် အကြိမ်ကြမ်ထိကာ တောင်းပန်နေ၏။ သူမ၏နှဖူးထက်၌ပင် သွေးများစို့လာတော့၏။သူမ၏အပြုအမူသည် ဝမ်လင်းကိုပါ တိတ်ဆိတ်သွားစေသည်။
ဘိုးဘေးခန်းမထဲမှ ငိုငြီးသံတို့သည့် ယောင်ယွမ်၏နားထဲသို့ ဝင်ရောက်လာ၏။သူက မာန်သွင်းကာ မတ်တပ်ထရပ်နိုင်ရန် ကြိုးပန်း၏။သူက အထဲသို့ အတင်းဝင်နိုင်ရန် ကြိုးစားလိုက်စဉ်မှာပင် ခန်းမှထဲမှ အားတစ်ခုသည် သူ့အား နောက်သို့ ပြန်လွင့်စင်ထွက်သွားစေသည်။
“ယောင်မိသားစုဟာ အဆုံးသပ်တော့မယ်…”
အဘိုးအိုသည် ဒူးထောက်တောင်းပန်နေသော ယောင်ပင်ယွမ်ကို ကြည့်လိုက်၏။ ထိုတောင်းပန်သံသည် သူ့စိတ်ကိုပင် တမျိုးဖြစ်စေ၏။သို့သော် သူက တိတ်ဆိတ်လျက်သာ ရှိသည်။သူ့မျက်လုံးထဲ၌ ပေါ်ထွက်လာသည့် စိတ်ရှုပ်ထွေးမှုသည်လည်း ချက်ခြင်း ပြန်ပျောက်ကွယ်သွား၏။
အဘိုးအိုသည် သူ့လက်ကို ဆန့်ထုတ်ကာ မီးအိမ်ကို လှမ်းသိမ်းရင်း တည်ငြိမ်စွာ ဆိုလာသည်။ “ဒါဟာ ယောင်မန်ယွမ်ရဲ့ကံတရားပဲ။ ငါ ဒါကို ပြောင်းလဲ မပေးနိုင်ဘူး…”
သူက ထိုသို့ပြောလိုက်ရင်း မီးအိမ်ကို အက်ကွဲကြောင်းထဲသို့ ပြန်ထည့်သိမ်းလိုက်၏။ထို့နောက် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့ရှိ အက်ကွဲကြောင်းသည် ဖြည်းဖြည်းချင်း ပြန်ပိတ်သွားတော့သည်။
“ညီမလေး…”
ယောင်ပင်ယွမ်သည် ပျောက်ကွယ်သွားနေသည့် အက်ကြောင်းကို ကြည့်ကာ သူ့ညီမလေးကို အသည်းအသန် ငိုကြွေးကာ လှမ်းခေါ်လိုက်၏။ထိုခေါ်သံက ဝမ်လင်း၏ တာအိုအပေါ်သို့ပါ သက်ရောက်ကာ ပြိုကွဲလုနီးပါး ဖြစ်သွားစေသည်။
“ညီမလေး…နင် တောင့်ခံထားရမယ်…ငါ့ကို စောင်နေပါ…။ငါဟာ နင့်ကို ချိုချဉ်သည်ဆီ ခေါ်မသွားရသေးဘူး။ အမေကိုလည်း ရှာဖို့ ခေါ်သွားမပေးရသေးဘူး။ ညီမလေး…ကြံ့ကြံ့ခံပါ ဒီအမကြီး လာကယ်တာကို စောင့်နေပေးပါ…”
ထိုစကားသံနှင့်အတူ ဝမ်လင်းတွေ့မြင်ခဲ့သည့် အရာအားလုံးသည် ပျောက်ကွယ်သွားတော့၏။ဘိုးဘေးခန်းမသည်လည်း ဆက်၍ မရှိ၊မီးအိပ်လည်း ဆက်၍ မရှိတော့ပေ။အရာရာသည် အရင်တုန်းကကဲ့သို့ ပြန်ဖြစ်သွားသည်။
တည်ရှိနေသည့်တစ်ခုတည်းသော အရာမှာ မြေပြင်ထက်၌ ထိုင်နေသည့် ယောင်ပင်ယွမ်သာ ဖြစ်၏။သူမ၏မျက်လုံးထဲ၌ နောင်တနှင့်အေးစက်မှုတို့ ပြည့်နှက်နေလေသည်။
“ငါ့ညီမလေးကို ကယ်တင်ပေးနိုင်တဲ့ ဘယ်သူ့ရှိမှာ မဆို ငါ ယောင်ပင်ယွမ်ဟာ မျိုးဆက်ပေါင်းများစွာ အထိ အစေခံ လုပ်ပေးနိုင်တယ်။ဒီလိုမှ မဟုတ်ရင် ငါ အသိစိတ်ရှိနေသေးသ၍ ငါ့ညီမလေးကို ကယ်တင်ဖို့ လုံးဝ ဆန္ဒရှိနေမှာ ဖြစ်တယ်…”
ထိုအသံဿည် ကောင်းကင်နှင့်မြေကြီးကြား၌ ပဲ့တင်ထပ်နေ၏။ယောင်ပင်ယွမ်၏ အေးစက်ပြတ်သားမှုသည်လည်း ထွက်ပေါ်နေသည်။သို့သော် မည်သို့ပင် ဖြစ်စေ အကူအညီမဲ့မှုတို့က ရှိနေဆဲသာ ဖြစ်သည်။
ဝမ်လင်း၏နတ်ဘုရားအာရုံသည် တုန်လှုပ်သွားမိ၏။သူက ယောင်ပင်ယွမ်၏တာအိုကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရပေသည်။
“ငါ…လုပ်နိုင်တယ်…”
မြေပေါ်တွင် ဒူးထောက်လျက် ရှိနေသော ယောင်ပင်ယွမ်သည် ဦးခေါင်းကို မော့၏။သို့သော်လည်း သူမ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူ့ရှေ့ရှိအရာအားလုံး ပြိုပျက်သွားသည်ကို ကြည့်နေရင်း ဝမ်လင်းသည် သက်ပြင်းချမိ၏။
ထို့နောက် နောက်ထပ်မြင်ကွင်းတစ်ခုသည် ဝမ်လင်းရှေ့၌ ထပ်၍ ပေါ်လာသည်။
ရေခဲပြင်ကြီးအောက်၌ ယောင်ပင်ယွမ်သည် ကြီးပြင်းလာသည်။သူမသည် ရေခဲပြင်အောက်၌ ထိုင်နေကာ ဦးခေါင်းမတ်မတ်မော့ထား၏။သူမ၏မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့ ပြည့်နေသည်။
“ညီမလေး…နောက်အနာဂါတ် ငါ့ရှိမှာ ဘာစိတ်ခံစားချက်မှ မရှိတော့ဘဲ နှလုံးသားအေးစက်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့ရင်တောင့် နင်နဲ့ပတ်သတ်ပြီး မေ့သွားမှာ မဟုတ်ဘူး။ ကြံ့ကြံခံပြီး ငါ့ကို စောင့်နေပေးပါ…”
ယောင်ပင်ယွမ်၏မျက်လုံးထဲကနေ မျက်ရည်များစီးကျလာသည်။သို့သော် သူမက မသုတ်ပစ်ပေ။ထိုအစား မျက်လုံးမှိတ်ကာ ယောင်မိသားစု၏ တားမြစ်ထားသော ကောင်းကင်ဘုံမန္တာန်၊ စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းပညာရပ်ကို စတင်ကျင့်ကြံတော့သည်။
ထိုကျင့်ကြံခြင်းနည်းလမ်းသည် စိတ်ခံစားချက်အားလုံးကို ဖြတ်တောက်ခြင်း၊အရာအားလုံးကို ဖြတ်တောက်ပစ်ခြင်းပင်။လူတစ်ယောက်သည် ထိုပညာရပ်၌ ပြည့်စုံသွားသည်နှင့် အလွန်အမင်း အေးစက်သူ တစ်ယောက် ဖြစ်လာပေမည်။ယင်းက ရက်စက်လွန်းလှသည့်တာအို မည်၏။
“ချစ်ခြင်းမေတ္တာနဲ့ ပြည့်နေတဲ့ နှလုံးသားက ရက်စက်ကြမ်းကြုတ်တဲ့ တာအိုကို ကျင့်ကြံတာလား…”
ဝမ်လင်းသည် သက်ပြင်းသာ ချမိသည်။သူက ယောင်ပင်ယွမ်၏စိတ်နှလုံးကို လုံးဝ မြင်တွေ့နေရပေသည်။
“သူမရဲ့တာအိုဟာ သူမညီမလေး ဖြစ်တယ်။သူမရဲ့ နယ်ပယ်ဟာ ယောင်မိသားစုဘိုးဘေးတွေရဲ့ ကျော်ကြားမှုတာအို ဖြစ်မဲ့အစား ရက်စက်မှုတာအို ဖြစ်နေခဲ့တယ်…” ဝမ်လင်း၏ပုံရိပ်သည် ယောင်ပင်ယွမ်နားတွင် ပေါ်လာခဲ့၏။သူက ယောင်ပင်ယွမ်ကို ကြည့်ကာ ခေါင်းယမ်းမိသည်။
“ထားလိုက်ပါတော့လေ….ငါက သူမရဲ့တာအိုကို ချိုးဖျက်နိုင်တယ်…ဒါပေမဲ့လည်း….”
ဝမ်လင်းသည် ယောင်ပင်ယွမ်ကို တစ်ချက်ကြည့်လိုက်၏။ထို့နောက် သူက ပျောက်ကွယ်သွားတော့သည်။
ဟန်ယွမ်တောင်ထိပ်ပေါ်၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။သူ့ညာလက်ကို မြှောက်ကာ သက်ပြင်းချမိ၏။ “နင်က ငါ့နောက်ကို လိုက်သတ်ခဲ့တယ်ဆိုပေမဲ့လည်း ငါအဆင့်ချိုးဖျက်အောင် ကူညီပေးခဲ့သလို ဖြစ်ခဲ့တယ်။ငါတို့နှစ်ယောက်ကြားက ကံကြမ္မာဟာ ပြီးမြောက်သွားပြီ…”
ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ယောင်ပင်ယွမ်အပေါ်ရှိ ချိပ်တံဆိပ်များအားလုံးသည် လွင့်ပြယ်သွားတော့သည်။ထို့နောက် သူမ၏ခန္ဓာကိုယ်သည် ကောင်းကင်ထက်သို့ ပျံတက်သွား၏။
လေထဲ၌ ယောင်ပင်ယွမ်သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။သူမ၏ မျက်လုံးထဲ၌ ရှုပ်ထွေးမှုတို့ ပြည့်နေ၏။သူမက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဝမ်လင်းထံသို့ လှမ်းကြည့်၏။သူမ၏မျက်လုံးထဲ၌ ရှုပ်ထွေးသောခံစားချက်များ တွေ့မြင်နေရ၏။အချိန်အတန်ကြာပြီးမှ သူက တိုးညင်းစွာ ပြောလာ၏။ “နင် ပြန်လည်မွေးဖွားခြင်းကို ယုံကြည်လား…။အတိတ်တုန်းက ငါ ယောင်မိသားစုဘိုးဘေးခန်းမထဲမှာ ရှိခဲ့တဲ့အချိန်မှာ ငါ့ကို တစ်စုံတစ်ခု ပြောတာ ကြားခဲ့ရဖူးတယ်…။ သူ…လုပ်နိုင်တယ်တဲ့…”
“ဒါဟာ နင် ပြောခဲ့တာလား…”
***