Switch Mode

အပိုင်း(၈၉၄)

ချင်လင်းဂြိုဟ်သို့ ပြန်ခြင်း

ဝမ်လင်းပျောက်ကွယ်သွားပြီးနောက် မရေမတွက်နိုင်သော လက်တံများသည် လေဟာနယ်ထဲကနေ ထွက်ပေါ်လာကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ထွေးခြုံလာကာ ပျက်စီးသွားစေသည်။

လီယွမ်ဇီနှင့်အခြားလူများ၏ အကူအညီဖြင့် လမြွေနဂါးကို တိုက်ခိုက်ပြီးစဉ်တွင် အရှင်မီးတောက်သည် မျက်လုံးမှိတ်ကာ အော်ပြောလိုက်၏။ “ချိပ်ပိတ်စမ်း…”

မရေမတွက်နိုင်သော ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းများသည် တဝုန်းဝုန်းဖြင့် လမြွေနဂါးကြီး၏ ကိုယ်ပေါ်သို့ အရပ်မျက်နှာအနှံ့ကနေ နီးကပ်လာလေသည်။

လမြွေနဂါးကြီးက ဒေါသတကြီး ဟိန်းသံပေးကာ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးအား ထိုးထွက်လိုက်၏။

၎င်းက ကောင်းကင်ဘုံအစိတ်အပိုင်းများထံသို့ ဝင့်ဆောင်သွားစဉ် လမြွေနဂါးကြီးသည် ရုတ်တရပ် ရပ်တန့်သွားတော့သည်။အပေါ်သို့ ပင့်ကြည့်လာသည့် ၎င်း၏မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့ ဖြစ်ပေါ်နေ၏။

လမြွေနဂါးကြီး လှမ်းကြည့်လိုက်သော နေရာသည် ပျက်စီးသွားခဲ့ပြီးဖြစ်၏။ သည့်နောက် အေးစက်စက်လေပြင်းများ တိုက်ခိုက်လာပြီး လူတစ်ယောက် လှမ်းထွက်လာသည်။

ထိုလူ၏ပုံပန်းက မသဲမကွဲ ဖြစ်လွန်းနေ၏။ ယောက်ျားတစ်ယောက်ဟုသာ အကြမ်းဖျဉ်းသိနိုင်သည်။သူက အေးဆေးတည်ငြိမ်ကာ လေဟာနယ်ထဲကနေ ဖြည်းဖြည်းချင်း လှမ်းလျှောက်ထွက်လာ၏။

သူထွက်ပေါ်လာသည်နှင့် ဒဏ်ရာပြင်းထန်စွာ ရရှိနေသော လီယွမ်ဇီနှင့်အခြားလူများ၏ အသွင်ဟန်ပန်က ကြီးစွာ ပြောင်းလဲသွားကြသည်။လီယွမ်ဇီ၏မောက်မာမှုဖြင့်ပင် သူက ထိုလူထွက်ပေါ်လာသည့်အခါ၌ သူ့စိတ်သည် တုန်လှုပ်ရပေသည်။ထိုအခိုက်၌ သူ့မျက်လုံးထဲတွင် လေးစားမှုတို့နှင့် ပြည့်နေတော့၏။

“သူပဲ…”

“အရှင်မီးတောက်က သူ့ကို တကယ် ဖိတ်ခေါ်ခဲ့တာပဲ…”

ကျန်သည့်လေးယောက်၏အသွင်သည်လည်း လေးစားသည့်ဟန်ပန်များ ဖြစ်နေကြသည်။

ထိုပုံရိပ်ယောင်လို ဖြစ်နေသည့် ပုဂ္ဂိုလ်ထွက်ပေါ်လာသည့်အခါ၌ အရှင်မီးတောက်၏မျက်လုံးထဲတွင် ကျေနပ်မှုတို့ ပြည့်လာတော့၏။ထိုပုံရိပ်သည် လမြွေနဂါးထံသို့ ဦးတည် လျှောက်လှမ်းသွား၏။လမြွေနဂါးကြီး၏ခန္ဓာကိုယ်မှာ ထိုလူ၏ အော်ရာကို ကြောက်ရွှံသဖြင့် တုန်ယင်နေတော့သည်။

လမြွေနဂါးက ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်သွား၏။

ထိုအချိန်၌ လမြွေနဂါးကြီးနှင့် ကီလိုမီတာသန်းပေါင်းများစွာ ဝေးသည့်နေရာတွင် ဝမ်လင်းသည် ပြန်ထွက်ပေါ်လာ၏။

သူက ထွက်ပေါ်လာသည်နှင့် ချက်ခြင်း နောက်လှည့်ကြည့်ကာ စဉ်းစားနေသည်။

“လမြွေနဂါး ကြီးကြီးမားမား ပြောင်းလဲသွားတာနဲ့ ပတ်သတ်ပြီး အကြောင်းရင်းတစ်ခု ရှိရမယ်။ အချို့လူတွေကများ သူ့ကို လာတိုက်ခိုက်တာလား။ လမြွေနဂါးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ရှေးဟောင်းနတ်ဘုရားကလေးငယ်က ငါ့ကို သူ့ရဲ့ ဆက်ခံသူတစ်ယောက် ခေါ်လာစေချင်နေတယ်။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ ငါ့မူရင်းခန္ဓာကိုယ်ဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ ရှိမနေတာပဲ။ မဟုတ်ရင် ဒါက ကြိုးစားကြည့်လို့ရမှာ။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ ငါ သတိထားပြီး အလျင်စလို မလုပ်တာပဲ ကောင်းတယ်…”

“ငါ လမြွေနဂါးထဲကနေ ထွက်လာတဲ့နောက် ဘယ်သူကမှ ငါ့ကို အချိန်တိုအတွင်း ထောက်လှမ်းနိုင်မှာ မဟုတ်တာ ယုံကြည်တယ်…”

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက အလင်းတန်းအသွင်သို့ ပြောင်းကာ ပျံသန်းထွက်သွားတော့သည်။ သည့်နောက် သူက လောကနှင့် တစ်သားတည်း ပေါင်းစပ်ကာ ပျောက်ကွယ်သွားလေသည်။

လမြွေနဂါးကြီး၏ အလွန်ဝေးကွာသော နေရာတွင် ရှိနေသည့် မြောက်ပိုင်းနယ်မြေတစ်နေရာတွင် ချင်လင်းဂြိုဟ် တည်ရှိပေသည်။ယနေ့တွင် ထိုဂြိုဟ်၏အပြင်ဘက်တွင် လှိုင်းတွန့်တစ်ခု ပေါ်လာ၏။သည့်နောက် ဝမ်လင်းသည် လှိုင်းကြားကနေ လှမ်းထွက်လို့လာသည်။သူက သူ့ရှေ့ရှိ ဂြိုဟ်နှင့် ရင်းနှီးနေသည် မဟုတ်လား။

“နောက်ဆုံးတော့ ငါ ပြန်ရောက်လာခဲ့ပြီ…” ဝမ်လင်းက ချန်လင်းဂြိုဟ်ရှိရာသို့ ဦးတည်သွားတော့၏။သို့သော်လည်း သူက ဂြိုဟ်အနီးအနားသို့ ရောက်လာသည့်အခါတွင် ပြင်းထန်သောအော်ရာတစ်ချို့သည် သူ့ထံသို့ ရန်လိုဟန် ရောက်ရှိလာသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သို့သော် သူက ချက်ခြင်း စိတ်သက်သာရာရသွား၏။ ထိုနတ်ဘုရားအာရုံများသည် ဝမ်လင်း မည်သူမှန်း သိသွားပြီးနောက် ချက်ခြင်း ပြန်ပျောက်ကွယ်သွားတော့၏။ ထို့နောက် ပုံရိပ်ဆယ်ခုကျော်သည် ဝမ်လင်းရှိရာသို့ ဦးတည်ထွက်လာကြတော့သည်။

ဝမ်လင်းက ချန်လင်းဂြိုဟ်ထဲသို့ ခြေချလိုက်သည့်နောက် ရွေးချယ်ခံမသေမျိုးကလန်မှ လူဆယ်ယောက်ကျော်သည် ထွက်ပေါ်လာလေ၏။ကလန်ဘိုးဘေးက ရှေ့သို့ ချက်ခြင်း တိုးလာကာ ဝမ်လင်းကို တလေးတစား နှုတ်ဆက်လိုက်၏။ “ကျေးဇူးရှင်…”

ဝမ်လင်းက ထိုအဘိုးအိုနှင့်အခြားကလန်ဝင်များကို ကြည့်ကာ မေးလိုက်၏။ “မင်းတို့ ဒီဂြိဟ်ကို လာခဲ့တဲ့ လမ်းခရီးက အဆင်ပြေ ချောမွတ်ခဲ့ရဲ့လား…”

အဘိုးအိုက အသက်ဝဝရှူသွင်းကာ ပြန်ဖြေ၏။ “ကျေးဇူးရှင်….လမ်ခရီးက အဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့လည်း လမ်းတစ်လျှောက်မှာ ငါတို့ ကြားခဲ့တာက‌တော့ မဟာမိတ်ကြယ်အဖွဲ့အစည်းရဲ့ ယောင်မိသားစုဟာ ကျေးဇူးရှင်နောက်ကို အမဲလိုက်နေတယ်ဆို…”

ဝမ်လင်းက ခေါင်းရမ်းလိုက်၏။ “ဒီကိစ္စက ပြီးသွားပါပြီ…ထပ်ပြောမနေနဲ့တော့။ မင်းတို့လည်း ဒီမှာ ရှိနေပြီဆိုတော့ အေးဆေးသာ နေတော့။ငါ လအနည်းငယ်လောက် တံခါးပိတ်ကျင့်ကြံဦးမယ်…ဒီအတောအတွင်း ဒီနေရာကို ကောင်းကောင်း ကာကွယ်ထားပါ…”

အဘိုးအိုက ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်၏။

ဝမ်လင်းသည် ချက်ခြင်းပင် ဟန်ယွမ်တောင်ထိပ်ထံသို့ တည်နေရာ ရွှေ့ပြောင်း၍ ရောက်သွားတော့သည်။ထိုနေရာက သူ မထွက်သွားခင်ကတည်းက အတိုင်း ရှိနေ၏။လှိုဏ်ဂူတစ်ခုပင် သည်နေရာတွင် ရှိနေဆဲ ဖြစ်သည်။

လှိုဏ်ဂူထဲသို့ ဝင်လာပြီးသည့်နောက် ဝမ်လင်းသည် အစီအရင်များကို ချက်ခြင်း ဖွင့်လှစ်လိုက်၏။ ဟန်ယွမ်တောင်ထိပ်၏ ပတ်လည်သည် ချက်ခြင်း ချိပ်ပိတ်သွားလေပြီ။ထို့နောက် သူက ထိုင်ချကာ မျက်လုံးမှိတ် စတင် ကျင့်ကြံတော့သည်။

နာရီများစွာ ကြာမြင့်ပြီးသည့်နောက် အပြင်ဘက်တွင် ညအချိန်သို့ ရောက်လာခဲ့ပြီ။မြေပြင်ထက်သို့ ကြယ်အလင်းများက ပတ်ဖြန်းကျဆင်းကာ အရာရာသည် တိတ်ဆိတ်ငြိမ်သက်နေသည်။

လရောင်က လှိုဏ်ဂူဝင်ပေါက်သို့ ကျရောက်လာသည့်အခါတွင် ဂူမြေပြင်ကနေ အလင်းပြန်ကာ လှပနေတော့၏။ဝမ်လင်းသည် အားပါးတရ အသက်ရှူသွင်းလိုက်၏။ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်လာခဲ့ကတည်းက အင်မတန် ပင်ပန်းနေခဲ့ရသည် မဟုတ်လား။လမြွေနဂါးကြီး၏ခန္ဓာကိုယ်ထဲတွင် ရှိနေစဉ်ပင် သူက အနည်းငယ်မျှသာ စိတ်သက်သက်သာသာ နေခဲ့ရပေသည်။

သို့သော်လည်း ခုချိန်၌ သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းဂြိုဟ်ပေါ်၌ ဝမ်လင်းသည် လုံးဝ စိတ်အေးစွာ နေနေနိုင်ပြီ ဖြစ်သည်။ခုချိန်ပ သူက လှိုဏ်ဂူအပြင်ဘက်ရှိ ကောင်းကင်ထက်သို့ မော့ကြည့်ကာ စဉ်းစားနေသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ယောင်မိသားစုရဲ့ အမဲလိုက်တာက ရပ်တန့်သွားမှာ မဟုတ်ဘူး။ ငါ့မှာ အချိန်သိပ်မရတော့ဘူးပဲ…”

သူက စဉ်းစားနေရင်း သိုလှောင်အိတ်ထဲကနေ မီးပြင်းဖိုကြီးတစ်ခုကို ထုတ်ယူလိုက်သည်။၎င်းက ရှေးကျသောအော်ရာကို ပေးစွမ်းနေသည်။ဝမ်လင်းသည် သူ့မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်ကာ မီးပြင်းဖို ပတ်လည်သို့ ဝန်းရံစေ၏။သည့်နောက် ၎င်းကို စတင် သန့်စင်တော့သည်။

“ငါ ဒီမီးပြင်းဖိုကို အချိန်ပိုကြာကြာ သန့်စင်လေလေ ဒါကို အသုံးပြုနိုင်တဲ့စွမ်းအားတွေ ပိုရလာလေလေပဲ ဖြစ်မယ်။ ဒါပေမဲ့လည်း ခုချိန်မှာတော့ ငါက ဒါကို ကောင်းကောင်း လေ့လာကြည့်ဖို့ လိုနေတယ်…”

ဝမ်လင်းသည် ရှိုက်သွင်းလိုက်၏။ မီးပြင်းဖိုသည် ရုတ်တရက် ကျုံ့သွား၏။တဖြည်းဖြည်းဖြင့် ၎င်းက အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းသွားပြီး ဝမ်လင်းက မြိုချပစ်သည်။

ထို့နောက် သူ့အရိပ်ထဲကနေ ထာရှန်သည် လှမ်းထွက်လာ၏။ထာရှန်သည် အပြင်းအထန် ဒဏ်ရာ ရထားပေသည်။ထိုင်ချလိုက်ပြီးနောက် ထာရှန်က မျက်လုံးမှိတ်ထားလိုက်၏။ ဝမ်လင်း၏ အမိန့်အော်က၌ သူက သူ့ကိုယ်သူ စတင်၍ ကုသနေတော့သည်။

ခဏတာ စဉ်းစားပြီးနောက် ဝမ်လင်းသည် သိုလှောင်အိတ်ထဲကနေ သူချိပ်ပိတ်ထားသော ယောင်ပင်ယွမ်ကို ထုတ်ယူလိုက်ပြန်၏။

ကံကြမ္မာကျာပွတ်သည် သူမ၏မူလစိတ်ဝိညာဉ်ကို ထွေးခြုံထားကာ စိတ်ဝိညာဉ်အလံမှာ သူမ၏ခန္ဓာကိုယ်ကို ခြုံလွှမ်းထားသည်။သူမအား ချိပ်ပိတ်ထားသော ရွှေရောင်စာလုံးများသည် ရာနှင့်ချီ၍ ရှိနေသည်။ယောင်ပင်ယွမ်ကို ချိပ်ပိတ်ထားခြင်းကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကိုလည်း ဖြစ်ပေါ်စေလိုက်သည်။သူမပတ်လည်ရှိ ရွှေရောင်စာလုံးများသည် တစ်ခုပြီးတစ်ခု မြင့်တက်လာကာ လှိုဏ်ဂူသည် ရွှေရောင်စွန်းထင်းနေတော့၏။

ထိုစာလုံးသင်္ကေတများ၏ အောက်ဘက်၌ စိတ်ဝိညာဉ်အလံ ရှိနေ၏။ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ အနက်ရောင်မြူလွှာတစ်ခုသည် ယောင်ပင်ယွမ်၏ခန္ဓဦကိုယ်ကနေ ထွက်ပေါ်လာရင်း သူမ၏ခန္ဓာကိုယ် လှစ်ဟစေ၏။

ခုချိန်၌ သူမ၏ အဝတ်အစားများမှာ စုတ်ပြဲနေသည့်အတွက် အလွန်စွဲဆောင်မှု ရှိနေသည်။သူမက မျက်လုံးမှိတ်ထားလျက် ရှိကာ သူမ၏မျက်နှာသည် ဖြူရောနေပြီး အချိန်မရွေးသေဆုံးသွားနိုင်သည့် အလားပင်။

သို့သော်လည်း သူမ၏ခန္ဓာကိုယ်ထဲ၌ မူလစွမ်းအင်များစွာ ရှိနေသေး၏။ သို့သော် ၎င်းတို့က သီးသန့်ဖြစ်နေကာ သူမ၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်နေနိုင်ခြင်း မရှိပေ။

ဝမ်လင်းက ယောင်ပင်ယွမ်ကို စူးစိုက်ကြည့်နေရင်း စဉ်းစားနေသည်။

“ဒီအမျိုးသမီးကို ကောင်းကင်ဘုံသက်တော်စောင့်အဖြစ် သန့်စင်ဖို့က ရွေးချယ်မှုတစ်ခုပဲ။ ဒါပေမဲ့ ဒီလိုမလုပ်ခင် ငါက သူမရဲ့စွမ်းအားကို ငှားယမ်းဖို့ လိုအပ်တယ်…”

ဝမ်လင်း၏ မျက်လုံးက အေးစက်လာ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ သူမ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်က အသက်ဝင်လာကာ သူမ၏ခန္ဓာကိုယ်ထဲသို သူ့လက်ချောင်းကနေ တစ်ဆင့် ဝင်ရောက်သွားသည်။ဝမ်လင်း၏ မူလစွမ်းအင်သည် သူမ၏ခန္ဓာကိုယ်ထဲ၌ ဝဲကတော့တစ်ခုအသွင် ဖြစ်နေ၏။ထိုဝဲကတော့သည် ယောင်ပင်ယွမ်၏မူလစွမ်းအင်အချို့ကို ချက်ခြင်း စုပ်ယူကာ ၎င်းကိုယ်၎င်း ကြီးထွားစေသည်။

ဝမ်လင်းသည် ဝဲကတော့ဖြင့် မူလစွမ်းအင်တို့ကို စုပ်ယူနေစဉ်အတွင်း အတော်လေး သတိထားနေ၏။သူက မူလစွမ်းအင်ကို ထိန်းချုပ်မှု ဆုံးရှုံးမလို ဖြစ်သည်နှင့် ရုတ်တရက် ၎င်းဝဲကတော့ကို ပြန်ထုတ်ယူပစ်သည်။

ယောင်ပင်ယွမ်၏ခန္ဓာကိုယ်သည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ယင်လာသည်။သူမ၏ စုတ်ပြဲနေသောအဝတ်အစားများသည် လွင့်သွားကြ၏။တစ်ချိန်တည်းမှာပင် သူမခန္ဓာကိုယ်ထဲရှိ ဝဲကတော့သည် ထွက်ပေါ်လာကာ သည်ဧရိယာ၌ မူလစွမ်းအင်များစွာ ပြည့်လျှံ့နေတော့သည်။

ဝမ်လင်းက ချက်ခြင်းပင် ၎င်းစွမ်းအင်တို့ကို ဝါးမြိုပစ်သည်။ယောင်ပင်ယွမ်ထံမှ ထွက်ပေါ်လာသည့် မူလစွမ်းအင်သည် အခိုးငွေ့အငွေ့သို့ ပြောင်းကာ ဝမ်လင်း၏ စုပ်ယူခြင်းကို ခံရ၏။

မူလစွမ်းအင်တို့ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။သူ့အသားအရေပင် အနည်းငယ် နီမြန်းလာသည်။သူ့မူလစိတ်ဝိညာဉ်သည် ယောင်ပင်ယွမ်ထံမှ ဝါးမြိုထားသည့် မူလစွမ်းအင်တို့ကို အလျင်အမြန် စုပ်ယူတော့သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။နေရောင်ပင် လှိုဏ်ဂူအပြင်ဘက်တွင် ထွက်ပေါ်လာ၏။

လှိုဏ်ဂူအတွင်း၌ ယောင်ပင်ယွမ်သည် မြေပြင်ထက်တွင် ရှိနေ၏။ နေရောင်က သူမ ပေါ်သို့ ပတ်ဖြန်းလာသည့်အခါ ကျက်သရေဖြာသောမြင်ကွင်းကို ဖြစ်စေသည်။သည်အခိုက်အတန့်၌ ယောင်ပင်ယွမ်သည် အံ့မခန်းအလှတရားကို ပေးစွမ်းနေသည်။သို့သော် သူမ၏ အလှတရားထဲ၌ ဝမ်းနည်းမှု အရိပ်အမြွက် ပါရှိနေသည်။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် တညလုံး အလုပ်လုပ်နေရ၏။သူက မူလစွမ်းအင်များကို ဝါးမြိုရင်း သူ့ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနေခြင်းပင်။

ထိုဖြစ်စဉ်အတွင်း သူ့မူလစိတ်ဝိညာဉ်၏ ဒဏ်ရာသည်လည်း တဖြည်းဖြည်း ကုသပြီး ဖြစ်နေသည်။ နေမြင့်လာသည်နှင့်အမျှ သူ့မူလစိတ်ဝိညာဉ်သည် ပြန်ကောင်းမွန်လာခဲ့ပေပြီ။ ထိုမျှသာမကသေး ယောင်ပင်ယွမ်၏မူလစွမ်းအင်ကို သန့်စင်ပြိးသည့်နောက် သူ့မူလစိတ်ဝိညာဉ်သည် ပို၍ပင် သန်မာလာတော့သည်။

သည့်နောက် ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ချက်ခြင်းပင် သူက သူ့လက်ချောင်းဖြင့် ယောင်ပင်ယွမ်၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။

မူလစွမ်းအင်သည် ယောင်ပင်ယွမ်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ဝဲကတော့တစ်ခုကို ဖြစ်စေပြန်ပြီး သူမခန္ဓာကိုယ်နှင့် ကင်းကွာနေသည့် မူလစွမ်းအင်တို့ကို ဆက်၍ စုပ်ယူပြန်သည်။

“သူမရဲ့ မူလစွမ်းအင်အားလုံးကို စုပ်ယူပြီးရင် ငါ့ကျင့်ကြံမှုအဆင့်ကလည်း တော်တော်လေး တိုးတက်လာလိမ့်မယ်။အဲ့နောက် ငါ့နယ်ပယ်ကလည်း ဒုတိယအဆင့်ကို ဝင်ရောက်ပြီး နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ရောက်နိုင်လိမ့်မယ်…”

ဝမ်လင်း၏မျက်လုံးသည် ထူးဆန်းသောအလင်းတစ်ခု ပေါ်နေရင်း ယောင်ပင်ယွမ်ကို စူးစိုက်ကြည့်နေသည်။ဝဲကတော့သည် ၎င်း၏ အကန့်အသတ်သို့ ရောက်သည်နှင့် သူက ၎င်းကို ချက်ခြင်း ပြန်ထုတ်ယူလိုက်ပြန်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset