Switch Mode

အပိုင်း(၈၃၉):

ဝမ်လင်းသည် လီယွမ်ကို ဆွဲကာ အဖြူရောင်ဆံပင်နှင့်လူ ပေါ်လာသည်နှင့် နောက်သို့ ဆုတ်သွားခဲ့ပေသည်။သူတို့က မီတာငါးရာအကျော်သို့ ဆုတ်သွားသည်။ သူတို့က သေလုသေခင်ကျင့်ကြံသူများ၏ အထိတ်တလန့်အော်ဟစ်သံများကို ဆက်တိုက် ကြားနေရကာ ဝမ်လင်း၏အသွင်သည် အလွန်အင်း သုန်မှုန်နေတော့၏။

ဝမ်လင်းက ရှန်ကုန်းဟူနှင့်သူ့အပေါင်းအပါများ၏ သွင်ပြင်များကိုလည်း တွေ့မြင်နေရသည်။ထိုအရာက သူ့ကို တုံ့ဆိုင်းသွားစေ၏။ သို့ရာတွင် သူက လီယွမ်ကို ကြည့်လိုက်ကာ လှုပ်ရှားခြင်း မပြုတော့ပေ။

သူ့ဘေးရှိ လီယွမ်၏မျက်နှာသည် အလွန်အမင်း ဖြူရောနေ၏။

“အစ်ကိုရှု…ငါတို့ထွက်မသွားနိုင်မှာ ကြောက်မိတယ်…”

ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ဆံဖြူလူသည် အလွန်သန်မာလွန်းလှ၏။သူက သွေးဘိုးဘေးနှင့် ထိုလူ့ကို နှိုင်းယှဉ်ကြည်နေရာ ထိုလူသည် သွေးဘိုးဘေးထက်ပင် ပို၍ သန်မာနိုင်ပေသည်။

ထိုအရာက အရေးအဓိကအချက် မဟုတ်သေးပေ။ ထိုဆံဖြူလူက ကျင့်ကြံသူတစ်ယောက်ကို ဝါးမြိုလိုက်တိုင်း သူ့ကျင့်ကြံမှုအဆင့်က တိုးတက်နေခြင်း ဖြစ်၏။ ထို့ကြောင့် ဝမ်လင်းသည် ထိုလူ၏ ကျင့်ကြံမှုအဆင့်သည် မည်မျှမြင့်မားကြောင်းပင် မသိနိုင် ဖြစ်နေသည်။

ဝမ်လင်းက လီယွမ်ကို ကြည့်ကာ ရုတ်တရက် မေးလိုက်၏။ “အစ်ကိုလီ…သင် ငါ့ကို ယုံကြည်လား…”

လီယွမ်က မှင်သက်သွားပြီး ခေါင်းညိတ်လိုက်၏။ “အစ်ကိုရှုမှာ ထွက်သွားနိုင်ဖို့ နည်းလမ်းတစ်ခု ရှိလို့လား။ ငါက အစ်ကိုရှုကို တကယ် ယုံပါတယ်…”

ဝမ်လင်းက တုံ့ဆိုင်းစွာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါ့မှာ မန္တာန်တစ်ခု အမှန် ရှိပါတယ်။ဒါပေမဲ့ ငါက ဒါကို ခုထိ မကျွမ်းကျင်သေးဘူး။ ငါက ငါနဲ့အတူ လူတစ်ယောက်ကိုပါ ခေါ်သွားမယ်ဆိုရင် ငါက ဘာမှမထိခိုက်နိုင်ပေမဲ့ ငါတွဲခေါ်ပေးတဲ့လူကတော့ တစ်ခုခု ထိခိုက်နိုင်တယ်။ သင် သဘောတူမယ်ဆိုရင်တော့ ငါက ဒါကို ကြိုးစားကြည့်ပေးမယ်…”

လီယွမ်က တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက ဆံဖြူလူသည် မည်မျှ စွမ်းအားကောင်းမှန်း သိနေသည်။ရှုမူ ရှိနေလျှင်ပင် ဆံဖြူလူနှင့် ရင်ဆိုင်ရသည့်အခါ ရှုမူသည်ပင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိနိုင်လိမ့်မည် မဟုတ်ပေ။

လီယွမ်က သူသည် သည်မှာ ဆက်နေလျှင် သံသယမရှိ သေဆုံးရလိမ့်မည်ဟု ခံစားနေရ၏။ ထိုခံစားချက်က အားကောင်းလှသည်။

လီယွမ်က ဆုံးဖြတ်ချက်ချကာ ပြောလာ၏။ “အစ်ကိုရှု…ကျေးဇူးပြုပြီး အဲ့မန္တာန်ကို အသုံးပြုလိုက်ပါ…ငါက လောင်းကြေးထပ်ချင်ပါတယ်…”

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ လီယွမ်နှင့် သိကျွမ်းခဲ့ကာ သူတို့နှစ်ယောက်သည် အတူရှိခဲ့ကြ၏။ သူတို့က အကောင်းဆုံးမိတ်ဆွေများဟု ယူဆ၍ မရနိုင်သော်လည်း ကံကြမ္မာစမ်းသပ်ချက်များနှင့် ဘေးဒုက္ခများကို ဖြတ်ကျော်ခဲ့ရသည်။

လီယွမ်ကြောင့်သာ မဟုတ်ခဲ့ပါက ဝမ်လင်းသည် သူသည် သွေးဘိုးဘေး၏လိုက်ဖမ်းမှုအောက်တွင် သေဆုံးခဲ့လိမ့်မည်ဟု ယုံကြည်ခဲ့၏။ တစ်နည်းအားဖြင် လီယွမ်က သူ့အသက်ကို ကယ်တင်ခဲ့သည်ဟုလည်း ဆိုနိုင်သည်။

အသက်ဝဝရှုသွင်းပြီးနောက် ဝမ်လင်းသည် နောက်သို့ အနည်းငယ် ဆုတ်ကာ သူ့စိတ်နှလုံးကို ရှင်းလင်းလိုက်၏။ သူက လောကနှင့်တစ်သားတည်းကျသည့် ခံစားချက်ကို ပြန်ဆင့်ခေါ်လိုက်ကာ သူ့ခြေလှမ်းလိုက်တိုင်း လှိုင်းတွန့်များ ဖြစ်ပေါ်လာခဲ့သည်။

ခြေဆယ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ပြီးသည့်အထိ လောကနှင့်တစ်သားတည်းပေါင်းစပ်သည့် ခံစားချက်က ပေါ်မလာခဲ့သေးပေ။ ထိုအခိုက်အတန့်၌ ပျောက်ကွယ်လုဖြစ်နေသော ဂိတ်ပေါက်ကို တွေ့နေရခြင်းနှင့် ကျင့်ကြံသူများ၏ အထိတ်တလန့်အော်ဟစ်သံများကို ကြားနေရခြင်းတို့ကြောင့် ဝမ်လင်းသည် သူ့စိတ်ပူပန်မှုကို ဖိနှိပ်ကာ သူ့စိတ်နှလုံးကို တည်ငြိမ်အောင် လုပ်နေရ၏။

သူက မည်သည့်အရာကိုမှ မတွေးတော့ဘဲ သူ့ကိုယ်သူအကောင်းဆုံး တည်ငြိမ်အောင် လုပ်လိုက်၏။

သည့်နောက် ဝမ်လင်းသည် နောက်သို့ ဆုတ်နေရင်း သူ့မျက်လုံးထဲ၌ တည်ငြိမ်သောအကြည့်တစ်ခု ပေါ်လာခဲ့သည်။သည်အခိုက်တန့်၌ သူက ကမ္ဘာလောကနှင့်တစ်သားတည်း ဖြစ်လာခဲ့တော့သည်။

ထိုအခိုက်အတန့်၌ သူသည် လောကနှင့်တစ်သားတည်း ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်လာခဲ့လေ၏။

သူ့မျက်လုံးကလည်း ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။ဝမ်လင်းက နောက်သို့ ဆက်မဆုတ်တော့ဘဲ ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။သူက အလွန်အမင်း တည်ငြိမ်နေသည်။

သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ တစ်ဖန် ပေါ်လာခဲ့ကာ ဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်။ဝမ်လင်းက မှင်သက်နေသော လီယွမ်ကို ဆွဲကိုင်ကာ သူ့ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

လီယွမ်က ဝမ်လင်းထံကနေ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်နေသည်ဟု ခံစားမိ၏။သူ့အမြင်သည်လည်း ဝေဝါးသွားကာ သူက မည်သည့်အရာကိုမှ ရှင်းလင်းစွာ မမြင်ရတော့ပေ။သူ့ခန္ဓာကိုယ်တစ်ခုလုံးက အချိန်ထဲသို့ နစ်မြုပ်သွားသကဲ့သို့ပင်။

လီယွမ်၏လက်မောင်းကို ကိုင်ဆွဲလိုက်ပြီးနောက် ဝမ်လင်းသည် ရှေ့သို့ လှမ်းလိုက်သည်။ ထိုအခါ သူနှင့်လီယွမ်တို့သည် ပျောက်ကွယ်သွားတော့၏။

ထိုအချိန်၌ ဆံဖြူလူသည် အားကောင်းသောအထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူ ငါးယောက်၊ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်နှင့် အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူများစွာတို့၏ တိုက်ခိုက်ခြင်းကို ခံနေရသော်လည်း သူက ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။ သူက အရူးတစ်ယောက်လို ရယ်မောနေရင်းဖြင့် သူ့လက်သည် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေလိုက်ပြီး စကားလုံးအချို့ကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အနီရောင်အလင်းလွှာတစ်ခုက မြူထဲ၌ ပေါ်ထွက်လာခဲ့တော့၏။

မူလမန္တာန်များနှင့်လက်နက်ရတနာများအားလုံးသည် ထိုအလင်းမျက်နှာပြင်ပေါ်သို့ မည်သို့မျှ သက်ရောက်မှု မရှိတော့ဘဲ ၎င်းအလင်းအကာကို ချိုးဖျက်နိုင်စွမ်း မဲ့သွားရသည်။

ရှန်ကုန်းဟူ၏ ဓားပျံသည် ထိုအလင်းကာနှင့် တိုက်မိသွားသည့်အခါ သူ့ဓားသည် တစ်လက်မချင်း တစစီဖြစ်သွားသည်။ထိုတန်ပြန်ဒဏ်က ရှန်ကုန်းဟူကို သွေးအန်စေပြီး နောက်ဆုတ်သွားစေသည်။

သူသာမက ကျန်ခုန်လီ၊ထျန်ယန်ဖန်နှင့် အခြားအထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူနှစ်ယောက်သည်လည်း သွေးအန်ကာ နောက်သို့ ပြန်လွင့်စင်သွားကြသည်။

ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများအဖို့တော့ သူတို့၏ မူလစိတ်ဝိညာည်သည် တုန်ယင်သွားကာ ခန္ဓာကိုယ်နှင့် ကင်းကွာသွားရ၏။

အလင်းကာထဲရှိ ဆံဖြူလူသည် ညစ်ကျယ်ကျယ်ပြုံး၍ ပြောလာသည်။ “ကောင်းတယ်။ ခုတော့နည်းနည်းအရည်အချင်း ရှိတဲ့လူတွေ ရှိနေသေးတာပဲ။ဒါပေမဲ့လည်း ကောင်းကင်ဘုံစစ်တပ်နဲ့ယှဉ်ရင် မင်းတို့ဂျူနီယာတွေက အားနည်းလွန်းသေးတယ်။တော်တော်လေးကို အားနည်းလွန်းတယ်။ မင်းတို့က ငါ့ဂျိနယ်ပယ်အသုံးပြုရလောက်အောင်ထိ အရည်အချင်း မပြည့်မှီကြဘူး…”

သူက ထိုသို့ပြောနေရင်း သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ သူ့ပတ်လည်ရှိ အလင်းအကာအရံသည် ချဲ့ကားထွက်လာခဲ့သည်။၎င်းက အလွန်မြန်ဆန်စွာဖြင့် သူ့ပတ်လည်ရှိ အဖြူရောင်မြူကို အဝေးသို့ တွန်းထုတ်ပစ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် နောက်မဆုတ်ဘဲ မနေနိုင် ဖြစ်ရ၏။အချို့နှေးလွန်းကာ အလင်းအကာနှင့် ထိမိသွားသည့် လူအချို့သည် ချက်ခြင်း အကြောက်အကန်အော်ဟစ်လိုက်ရကာ သူတို့၏ခန္ဓာကိုယ်ပါ သွေ့ခြောက်သွား၍ မံမီဖြစ်သွားတော့၏။သူတို့၏ မူလစိတ်ဝိညာဉ်ပင် ပျက်စီး၍ မူလစွမ်းအင်သည် အလင်းအကာ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

အဖြူရောင်ဆံပင်နှင့်လူက ရယ်မောလိုက်၏။ သူ့ပုံရိပ်က ရိပ်ခနဲပင် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် နားသို့ ရောက်ရှိသွား၏။သူက ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဖျက်စီး၍ မူလစိတ်ဝိညာဉ်ကို ဝါးမြိုရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် နောက်လှည့်ကြည့်လိုက်၏။ ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးက တုန်လှုပ်ဟန်နှင့်အလေးအနက်ဖြစ်ဟန်တို့ ထွက်ပေါ်လာခဲ့လေသည်။

“လောကနဲ့တစ်သားတည်း နစ်မြုပ်ခြင်း တာအို…” သူက နောက်လှည့်လိုက်သည့်အခိုက်တွင် ခန္ဓာကိုယ်ဆုံးရှုံးသွားသော ကျင့်ကြံသူက သူ့မူလစိတ်ဝိညာဉ်ကို ဖောက်ခွဲပစ်လိုက်၏။ သို့ရာတွင် ဆံဖြူလူက စိတ်ထဲပင် ထည့်မထားပဲ လောကနှင့်တစ်သားတည်း နစ်မြုပ်သွား၏။လှိုင်းတွန့်များက သူ့ခြေထောက်အောက်တွင် ပေါ်လာကာ သူ့ခန္ဓာကိုယ်သည် ချက်ခြင်း ပျောက်ကွယ်သွားသည်။

“အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေမှာတောင် တာအိုတစ်သားတည်းနစ်မြုပ်ခြင်းကို အောင်မြင်အောင် လုပ်နိုင်တဲ့လူ အများကြီးမရှိခဲ့ဘူး…။ဒါပေမဲ့လည်း ဒီလူက ဒါကို အပြည့်အဝ မကျွမ်းကျင်သေးဘူး…” ဆံဖြူလူသည် ကောင်းကင်ဘုံဂိတ်ပေါက်ဝနှင့် ပေတစ်ထောင်အကွာတွင် ပေါ်လာခဲ့ကာ သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်နေ၏။သူ့ညာလက်ဖြင့် ဟင်းလင်းပြင်ကို ကြမ်းတမ်းစွာ ဖမ်းဆုပ်လိုက်လေ၏။

“ငါ့အတွက် ထွက်လာခဲ့စမ်း…”

လေဟာနယ်အက်ကွဲကြောင်းငါးခုသည် လောက၌ ရုတ်တရက် ပေါ်လာ၏။ သည်အက်ကွဲကြောင်းငါးခုက ချွန်မြကြီးမားကာ တဝီဝီအသံပေးနေသည်။

သည့်နောက် ဆံဖြူလူထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် မတူကွဲပြားသောစွမ်းအင်က ထိုအက်ကွဲကြောင်းများထဲသို့ ဝင်ရောက်သွားသည်။ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ရောက်သွားသကဲ့သို့ ပြင်းပြင်းထန်ထန် တုန်ခါနေတော့သည်။

ရှန်ကုန်းဟူမျက်နှာက ဖြူရောနေ၏။သူ့ဘေးရှိ ကျန်ခုန်လီသည်လည်း ထို့အတူပင်။ထျန်ယန်ဖန်က လက်သီးခပ်တင်းတင်း ဆုပ်ထားသည်။သူတို့သုံးယောက်သည်တစ်ယောက်နှင့် တစ်ယောက် ကြည့်မိလိုက်ကြ၏။ သူတို့၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုအရိပ်အယောင်တို့ ဖြစ်ပေါ်လို့နေသည်။

တိုးညင်းသောအသံတစ်ခုက အဘိုးအိုရှေ့ရှိ ဟင်းလင်းပြင်ထံကနေ ထွက်ပေါ်လာ၏။သည့်နောက် ဝမ်လင်း၏ပုံရိပ်သည်လည်း ကောင်းကင်ဘုံဂိတ်ပေါက်နှင့် ပေငါးရာအကွာတွင် ပေါ်လာခဲ့သည်။ဝမ်လင်းသည် လီယွမ်ကို ကိုင်ထားလျက်ရှိနေ၏။လီယွမ်၏ ခန္ဓာကိုယ်ရှိ ဒွာရပေါက်များသည် သွေးများယိုစီးကျနေကာ သူ့မျက်လုံးသည် စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေ၏။

လီယွမ်က ပေါ်လာသည်နှင့် သွေးများစွာ အန်ထုတ်လိုက်ရ၏။သူက ဝမ်လင်း၏မန္တာန်ကို တောင့်ခံနိုင်ခြင်းမရှိသည်မှာ သိသာနေပေ၏။

ဝမ်လင်းက ပေါ်လာသည်နှင့် ချီတုံချတုံ ဖြစ်နေခြင်း မရှိပေ။ သူက ပေါ်လာပြီးပြီးချင်း လီယွမ့်ကို ရှေ့သို့ အားနှင့် ပစ်လွှတ်လိုက်သည်။ လီယွမ်ပတ်လည်တွင် အားကောင်းသောမူလစွမ်းအင်က ဝန်းရံသွားကာ သူ့ကို ပျောက်ကွယ်လုနီးပါး လက်သီးဆုပ်အရွယ်ခန့်သာ ရှိတော့သော ကောင်းကင်ဘုံဂိတ်ပေါက်သို့ တဟုန်ထိုး တိုးဝင်သွားစေတော့သည်။

ဆံဖြူလူက နှာခေါင်းရှုံ့ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ သူက ချက်ခြင်း ပျောက်ကွယ်သွားသည်။ ဝမ်လင်း၏ မျက်လုံးက အေးစက်လာကာ သူ့မူလစွမ်းအင်သည်လည်း ဝဲကတော့အသွင် ဖြစ်ပေါ်သွားသည်။သူ့မူလစိတ်ဝိညာဉ်ထံမှ မိုးကြိုးခွန်အားသည်လည်း ထွက်ပေါ်လာကာ မရေမတွက်နိုင်သောမိုးကြိုးတန်းများသည် ဝဲကတော့ထဲသို့ တိုးဝင်သွားကြ၏။

“ပေါက်ကွဲစမ်း…” အဘိုးအိုပျောက်ကွယ်သွားသည်နှင့် ဝမ်လင်းက ချက်ခြင်း ထိုသို့ အော်ဟစ်လိုက်ခြင်းပင်။

ကျယ်လောင်သောတုန်ဟီးသံတစ်သံသည် လေဟာနယ်ထဲ၌ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ထိုအသံက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။

ရှန်ကုန်းဟူက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက ကျဉ်းမြောင်းသွား၏။သူ့မျက်လုံးထဲ၌ ပျော်ရွှင်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ကျန်ခုန်လီကလည်း ထို့အတူသာ ဖြစ်သည်။

“သူပဲ…” ထျန်ယန်ဖန်သည် မျက်မှောင်ကြုတ်သွား၏။သူက ဝမ်လင်းကို သူအနိုင်ရရန် မသေချာခဲ့သော ရှုမူအဖြစ် သိရှိလိုက်၏။

ဝမ်လင်းရှေ့ရှိ ထိုမူလဝဲကတော့သည် ပျက်စီးသွားသည့် တစ်ချိန်တည်းမှာပင် အဘိုးအိုသည် ဝမ်လင်းရှေ့တွင် ပေါ်လာခဲ့သည်။ထိုဝဲကတော့က ချက်ခြင်း ပျက်စီးသွားသည့်အခါ အဘိုးအိုသည် ရယ်မောလိုက်လေ၏။ သူက ဝဲကတော့ပျက်စီးမှုမှ ထွက်ပေါ်လာသည့် မူလစွမ်းအင်အားလုံးကို ရှိုက်သွင်းလိုက်လေသည်။

ဝမ်လင်းက နောက်သို့ ဆုတ်နေရင်း လီယွမ်ကို မှီလာ၏။သူက လီယွမ်ကို တွန်းထုတ်ကာ အော်ပြောလိုက်သည်။ “လီယွမ်…မိုးကြိုးမီးပြင်းဖိုကို မြန်မြန်အသက်သွင်းလိုက်…”

သူ့အသံက လီယွမ်နားထဲသို့ တိုးဝင်သွားသည်။ရှုပ်ထွေးနေဆဲ ဖြစ်သော လီယွမ်သည် မိုးကြိုးမီးပြင်ဖိုကို အလိုလို ထုတ်ယူလိုက်၏။ ထသူက ၎င်းကို ထုတ်ယူလိုက်ချိန်၌ သူ့ခန္ဓာကိုယ်သည် ပျောက်ကွယ်နေသော ကောင်းကင်ဘုံဂိတ်ပေါက်နှငိ့ ထိမိသွားလေ၏။

ထိုအခါ မီးပြင်းဖိုထံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လီယွမ်ကို လွှမ်းခြုံ၍ ပျောက်ကွယ်သွားလေတော့၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်းသည်လည်း မိုးကြိုးမီးပြင်းဖိုကို ထုတ်ယူကာ ထွက်ခွာရန် ပြင်လိုက်၏။ သည်အခိုက်အတန့်၌ ဆံဖြူလူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပြောလိုက်သည်။ “ဂိတ်ပေါက်…ပိတ်ဆို့စမ်း…”

သူ ပြောလိုက်သည်နှင့် လက်သီးဆုပ်ခန့် ရှိတော့သော ကောင်းကင်ဘုံဂိတ်ပေါက်သည် ချက်ခြင်း ပျက်စီးကာ ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းက မိုးကြိုးမီးပြင်းဖိုကို ဆုပ်ကိုင်ထားရင်း သူ့မျက်လုံးက အေးစက်လာခဲ့သည်။သူက နောက်သို့ပြန်မလှည့်တော့ဘဲ ဟင်းလင်းပြင်ရှိရာသို့ ချက်ခြင်း တည်နေရာရွှေ့ပြောင်းလိုက်သည်။ အဘိုးအိုက ရယ်မောကာ ဝမ်လင်းနောက်သို့ လိုက်ပါသွားသည်။

“ငါမှတ်မိပြီ…မင်းက ငါနဲ့ တွေ့ခဲ့တဲ့ ဉာဏ်များပြီး သတိရှိတဲ့ ချီကျင့်ကြံသူပဲ…”

ဆံဖြူလူက အလွန်မြန်ဆန်လှ၏။ ထို့ကြောင့် သူက ဝမ်လင်းကို ခြေတစ်လှမ်းဖြင့်ပင် ဖမ်းမိလာသည်။ သူ့လက်ဖြ့် ဝမ်လင်းကို နောက်သို့ ပြန်ဖမ်းဆွဲချလိုက်သည်။

“ငါက သတိရှိတဲ့လူတွေကို မကြိုက်ဘူး။ ဂျိနယ်ပယ်ကတောင် မင်းကို မသတ်နိုင်ခဲ့ဘူးပေါ့။ ဒီတစ်ကြိမ်မင်းက ဘယ်လိုများ ထွက်ပြေးနိုင်မလဲ ငါ ကြည့်ချင်သေးတယ်…” ဆံဖြူလူ၏ မျက်လုံးများသည် နီရဲတောက်ပလာခဲ့သည်။သူ့ဖမ်းဆုပ်မှုကြောင့် ကြမ်းတမ်းသော တဝီဝီလေတိုးသံများပင် ဖြစ်ကုန်ကြသည်။ချက်ခြင်းပင် ဝမ်လင်း၏နောက်ဆုတ်နိုင်သည့် လမ်းကြောင်းအားလုံးသည် ချိပ်ပိတ်ခြင်း ခံလိုက်ရလေသည်။

ရှန်ကုန်းဟူက မျက်လုံးအပြူးသားနှင့် ကြည့်နေ၏။ သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်များနှင့် ပြည့်နေ၏။

“ငါ့အရှင်သခင်…ကျေးဇူးပြုပြီး လုပ်စမ်းပါ…”

ကျန်ခုန်လီက အလွန်အမင်း သတိထားနေက သူက စိတ်ထဲကနေ တွေးနေသည်။ “ဒီထူးဆန်းတဲ့လူက သန်မာလွန်းလှတယ်။ စီနီယာက ပိုသန်မာ မလားတော့ ငါလည်း မသိဘူး…”

ထျန်ယန်ဖန်ကမူ ဝမ်လင်းကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ သူက စိတ်ထဲကနေ တွေးနေသည်။ “ဒီလူက သန်မာပေမဲ့လည်း ငါတို့ငါးယောက်နဲ့ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတွေ ပေါင်းတာတောင် ဒီထူးဆန်းတဲ့လူရဲ့ ပြိုင်ဘက် မဟုတ်ဘူး။သူက ငါနဲ့ တူညီတဲ့ကျင့်ကြံမှုအဆင့်မှာပဲ ရှိတဲ့အတွက် သံသယမရှိ သေဆုံးရမှာပဲ။ငါက သူဘယ်လိုအသတ်ခံရမလဲ သိချင်မိတယ်။ ဒါက အနာဂတ်မှာ ငါ့အတွက် ပြဿနာအချို့ လျော့နည်းသွားစေလိမ့်မယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset