Switch Mode

အပိုင်း(၈၁၅):

အခွင့်အရေး(၃)

သိုလှောင်နေရာလွတ်ပျက်စီးသွားခြင်းကြောင့် သွေးဘိုးဘေးသည် မူလသွေးပေါင်းစပ်ခြင်းမန္တာန်ကို အသုံးပြုခဲ့ရပေသည်။ထို့နောက် သူက မရေမတွက်နိုင်အောင် သူ့ကျင့်ကြံထားသည့် သူ့မူလစွမ်းအင်တစ်ဝက်နှင့် မူလစိတ်ဝိညာဉ်တစ်ဝက်တို့ကို ယူဆောင်သွားသည့် အဘိုးအိုနှင့် တွေ့ဆုံ့ခဲ့ရသည့်အတွက် သူ့ကိုယ်သူ ကံမကောင်းလှဟု ထင်မိခဲ့သည်။

သည်အရာက သူ့ကျင့်ကြံမှုအဆင့်ကို တော်တော်လေး လျော့ကျသွားစေ၏။

ထို့နောက် သူ့သွေးပေါင်းစပ်မှုက အလွန်အရေးကြီးသည့်အခိုက်အတန့်သို့ ရောက်လာပြီး သူ့မူလစိတ်ဝိညာဉ်က နိုးထလုခါနီး၌ ဝမ်လင်းသည် ပေါ်ထွက်လာခဲ့သည်။သွေးဘိုးဘေးသည် မြောက်များစွာသော နှောင့်နှေးဟန့်တားမှုများ ကြုံခဲ့ပြီးသည့်နောက် အဆုံးသပ်၌ ဝမ်လင်းလက်ကနေ လွတ်မြောက်နိုင်ခဲ့သည်။

ယခုအချိန်တွင် သူက အလွန်အမင်းအားနည်းနေပြီ ဖြစ်ကာ သူ့မူလစိတ်ဝိညာဉ်သည်လည်း မွန်းစတားဆန်သည့် ဒေါသတရားနှင့် ပြည့်နှက်နေခဲ့သည်။

“ဝမ်လင်း…မင်းနဲ့ငါက ထာဝရရန်သူပဲ…” သွေးဘိုးဘေးသည် အရူးတစ်ယောက်လို အော်ဟစ်၍ ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားသည်။သူက သူ့ကျိုးကြောင်းဆင်ခြင်မှုအားလုံးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ သူ့လိုမျိုး အခြားတစ်စုံတစ်ယောက်က တွေ့ကြုံရလျှင်လည်း ထိုကဲ့သို့ ဖြစ်ပေလိမ့်မည်သာ။

အထူးသဖြင့် ထိုထူးဆန်းသောအဘိုးအို ချန်ထားခဲ့သောအတားအဆီးက သူ့ကို ရူးသွပ်သွားမတက် ဖြစ်စေခဲ့သည်။သူက ချက်ခြင်းပင် ဝမ်လင်းရှိနေသည့် နေရာသို့ လိုက်ပါသွားသည်။

“ငါက ငါ့ဒဏ်ရာတွေ ကုစားမဲ့အစား မင်းကိုပဲ သတ်မယ်…”

အစိတ်အပိုင်းမြေပေါ်တွင်ရှိနေသော ဝမ်လင်းသည် ဟင်းလင်းပြင်ထဲ၌ တရွေ့ရွေ့လွင့်မြောကာ နေသည်။သူ့မျက်လုံးများက မှိတ်လျက်ရှိနေကာ ကောင်းကင်ဘုံဓားက သူ့ပတ်လည်၌ လှည့်ပတ်နေ၏။ သူ့ဘေးရှိ ရှုလီကောက ခါးသီးဟန်မျက်နှာပေးဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါက အခု ထွက်သွားသင့်တာ…။ဒါပေမဲ့လည်း ငါက ဒီမိစ္ဆာကောင်ကို ဒီနေရာမှာ မထားခဲ့နိုင်ဘူး။ ဟူး..ငါ ရှုလီကောက သစ္စာရှိတဲ့လူပဲ။ ငါက ငါ့သခင်ကို ဘယ်လိုလုပ် အလွတ်အကျွတ် ထားခဲ့နိုင်ပါ့မလဲ….။ငါက အခုချိန်မှာ ထွက်မသွားခဲ့တဲ့အတွက် ဒီမိစ္ဆာကောင်ငါ့သခင်က ငါ့ကို အနာဂတ်မှာ ပိုတန်ဖိုးထားပြီး ပိုများတဲ့အကျိုးအမြတ်တွေ ပေးသင့်တယ်…။ဟီးဟီး…မင်းရဲ့ဘိုးဘိုးရှုက တယ်တော်လှတယ် မဟုတ်လား…”

“ဒါ့အပြင် ဒီမိစ္ဆာကောင်က ကိုယ်ပွားပဲ ဟုတ်သေးတာ…။သူ့မူလခန္ဓာကိုယ်က…” ဝမ်လင်း၏ မူလခန္ဓာကိုယ်အကြောင်း တွေးမိလိုက်သည်နှင့် ရှုလီကောသည် ခိုက်ခိုက်တုန်သွားသည်။သူ့စိတ်နှလုံးသားထဲ၌ အကြောက်ဆုံးတစ်ယောက်ကို ပြောပါဆိုလျှင် ဝမ်လင်း၏ မူလခန္ဓာကိုယ်သာ ဖြစ်ပေလိမ့်မည်။

မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် မိုးကြိုးများကို ပေးစွမ်းနေသည့် လူသူကင်းမဲ့လှသော စွန့်ပစ်ခံ ဂြိုဟ်တစ်ခု ရှိလေသည်။ထိုဂြိုဟ်၏ အတွင်းအနက်ပိုင်းတွင် မိုးကြိုးများပြည့်နေသည့် သဘာဝလှိုဏ်ဂူတစ်ခု ရှိနေကာ ထိုလှိုဏ်ဂူထဲ၌ လူတစ်ယောက်သည် တင်ပလွေချိတ်ကာ ထိုင်လျက်ရှိနေသည်။

သူ့အနီရောင်ဆံပင်များက သွေးနီရောင်သမ်းနေကာ သူ့ခန္ဓာကိုယ်ကနေ အေးစိမ့်စိမ့်အော်ရာကို ပေးစွမ်းနေ၏။ သူ့မျက်ခုံးနှစ်ခုကြားတွင်လည်း လှည့်ပတ်နေသော ကြယ်လေးလုံး ရှိသည်။ သူက ကျင့်ကြံနေလျက်ရှိကာ အရပ်မျက်နှာအနှံ့မှ စိတ်ဝိညာဉ်စွမ်းအင်မျာသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လျက် ရှိသည်။

ရုတ်တရက် သူက မျက်လုံးဖွင့်လာ၏။သူ့တည်ငြိမ်လှသော အကြည့်ထဲ၌ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု တည်ရှိနေသည်။

“သွေးဘိုးဘေး…မင်းက ငါ့ကိုယ်ပွားကို မေ့မြောသွားအောင် အတင်းလုပ်ခဲ့တယ်။ ငါက ဒီကိစ္စကို ဘယ်လိုလုပ် ခွင့်လွှတ်ပေးလို့ရမလဲ…”

ထိုသူကတော့ ဝမ်လင်း၏ မူလခန္ဓာကိုယ်ပင် ဖြစ်တော့၏။

မူလခန္ဓာကိုယ်သည် လက်သီးခပ်တင်းတင်းဆုပ်ကာ ဖြည်းဖြည်းချင်း ထလာသည်။အချိန်အတန်ကြာ စဉ်းစားကြည့်ပြီးနောက် သူက တရပ်ကြမ်း ထိုးထွက်သွား၏။သူ့အထက်ရှိ မြေကြီးလွှာများသည် သိမ့်သိမ့်တုန်ကာ တစစီကွဲကြေကုန်၏။

မူလခန္ဓာကိုယ်သည် ဤဂြိုဟ်၏ အရှေ့ဘက်ရှိ မြေအောက်ထဲကနေ တဟုန်ထိုး ထိုးတက်လာခဲ့သည်။မြောက်များစွာသော ဖုန့်မှုန့်မြေစများက နေရာအနှံ့သို့ ဖွာလန်ကြဲကုန်ကြ၏။

သူက ထိုးထွက်လာနေကာ ရပ်တန့်ခြင်း မပြုဘဲ အာကာသဟင်းလင်းပြင်ထဲထိ တိုးဝင်သွားသည်။သူက ဟင်းလင်းပြင်ထဲသို့ ရောက်သွားသည့်နှင့် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ သူ့ခန္ဓာကိုယ်မှ တဖျစ်ဖျစ် အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။

ထိုအသံများက ပိုမိုပြင်းထန်လာခြင်းနှင့်အတူ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများကလည်း ဖောင်းကြွလာခဲ့တော့၏။

သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ပြောင်းလဲလာ၏။ သူ့ခြေထောက်များက ထူထဲကြီးမား ဆန့်ထွက်လာခဲ့သည်။သူ့လက်နှစ်ဖက်ကလည်း ထို့အတူပင်။သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း တဖြည်းဖြည်း ကြီးမားလာနေသည်။

သည်ဖြစ်စဉ်အတွင်း သူ့ခန္ဓာကိုယ်မှ လေးလံသောအသံတစ်ခု ထွက်ပေါ်လာခဲ့၏။

သူ့မျက်နှာပေါ်၌လည်း မည်သည့်နာကျင်မှုမှ ရှိမနေဘဲ တည်ငြိမ်လျက်သာ ရှိ၏။ သူ့မျက်လုံးထဲတွင်တော့ ဒေါသတရား ကြီးစိုးထားသည်။

သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းကြီးထွားလာရင်း ပေတစ်ထောင်ကျော်အထိ ရောက်ရှိလာတော့၏။

သူ့ခန္ဓာကိုယ်က အရိုင်းဆန်သော အော်ရာကို ပေးစွမ်းကာ သူ့အရေပြားများပေါ်တွင်လည်း စာလုံးများ ရှိလာသည်။ ထိုစာလုံးများ၏ တောက်ပမှုက သူ့ကို အင်မတန်ထည်ဝါကြီးမြင့် စေတော့၏။

သူ့ပါးစပ်ထဲကနေ ခပ်တိုးတိုး မာန်သွင်းသံ တစ်ခု ထွက်ပေါ်လာ၏။ ထိုအသံက ရှေးဟောင်းအချိန်များမှ ထွက်ပေါ်လာသည်ဟု ထင်ရကာ ကမ္ဘာလောကကို အထက်စီးမှ ကြည့်နေသည့် အော်ရာတစ်ခုလည်း ပါဝင်နေသည်။

အနီးအနားဂြိုဟ်များရှိ ကြမ်းကြုတ်သော သားရဲများပင် ချက်ခြင်း မြေပေါ်သို့ ဝပ်တွားကုန်ကြ၏။၎င်းသားရဲများသည် ထိုအသံကိုကြားလိုက်ရပြီးနောက် တုန်ရီနေကြတော့၏။ ထိုတုန်ရီကြောက်ရွှံ့မှုက ၎င်းတို့၏ စိတ်ဝိညာဉ်ထဲကနေ လာခြင်းပင်။

ရှေးဟောင်းနတ်ဘုရားသည် အာကာသဟင်းလင်းပြင်၏ နတ်ဘုရား ဖြစ်ခဲ့၏။

ရှေးဟောင်းနတ်ဘုရားများ ခေတ်ကာလတုန်းက သက်ရှိအားလုံးသည် သူတို့ကို အရိုအသေပေးခဲ့ရသည်သာ ဖြစ်သည်။

ဝမ်လင်း၏ မူလခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ထည်ဝါမြင့်မြတ်မှုကို ပိုင်ဆိုင်ထားပေသည်။အမှန်တော့ သူက ရှေးဟောင်းနတ်ဘုရားပင်။

ကြယ်လေးလုံးအဆင့်မှစ၍ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်သည် ရူးသွပ်ဖွယ် ကြီးမားပေ၏။ ဝမ်လင်းသည် ထိုခန္ဓာကိုယ်ကြီးမားမှုက အရင်က ဖိနှိပ်ထားခဲ့ခြင်းပင်။ သို့သော် သည်အခိုက်အတန့်၌ သူက ဖိနှိပ်ထားမှုကို ရပ်တန့်ခဲ့သည့်အတွက် သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် ပထမဆုံးအကြိမ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်တော့သည်။

သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ခြင်းက သူ့ကို အစစ်အမှန်ရှေးဟောင်းနတ်ဘုရားဟု ခေါ်တွင်နိုင်ပေတော့မည်။ သူက ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားလည်း ပိုင်ဆိုင်ထားသူသာ။

“သွေးဘိုးဘေး…သင်က ငါ့ကိုယ်ပွားကို မေ့မြောစေတဲ့အတွက် ငါကလည်း သင့်ရဲ့ သွေးဂြိုဟ်ကို ဖျက်စီးပစ်မယ်…” သူ့မျက်လုံးထဲ၌ ကြမ်းကြုတ်ရက်စက်လိုမှုနှင့် ပြည့်နေတော့သည်။ သူက ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည့်အခါတိုင်း ကြယ်အဖွဲ့အစည်းတစ်ခုလုံး တုန်ခါသွားသလား မှတ်ရ၏။

သူက အာကာသဟင်းလင်းပြင်ထဲ၌ မြေပြင်ပေါ်တွင် လမ်းလျှောက်သကဲ့သို့ လျှောက်လှမ်းလာကာ အကာအဝေးတစ်ခုထံသို့ တရကြမ်းသွားနေသည်။

သူက လျှောက်လှမ်းနေရင်း သူ့ဧရာမလက်ကြီးကို ပင့်မြှောက်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ထောက်လိုက်၏။ ထိုအခါ မြောက်များစွာသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ့လက်ညှိုးထိပ်တွင် လာရောက်စုစည်းပြီး ရှေးဟောင်းအော်ရာနှင့် ပြည့်နေသော အမှတ်အသားခပ်နှိပ်မှုတစ်ခုအဖြစ် ဖြစ်တည်သည်။ထိုအမှတ်အသားက သူ့မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားပြီးနောက် ကြယ်လေးလုံးကို ပျောက်ကွယ်သွားစေသည်။

ထိုခပ်နှိပ်မှုသည် ကျင့်ကြံသူများ တက်နိုင်သည့်အရာ မဟုတ်ပေ။ ၎င်းအမှတ်အသားဖိရာကို ရှေးဟောင်းနတ်ဘုရားများကသာ ပြုလုပ်နိုင်၍ ရှေးဟောင်းနတ်ဘုရားများ၏ အမှတ်သညာပုံရိပ်ကို ကွယ်ဝှက်စေသည်။အလွန့်အလွန်အားကောင်းလှသော ကျင့်ကြံသူတစ်ယောက်သာ မပေါ်ထွက်လာခဲ့ပါက အခြားလူများသည် သူ့ပုံရိပ်အစစ်အမှန်ကို မြင်နိုင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

“မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ ဘီလူးနတ်ဆိုးကလန် ရှိနေတဲ့အတွက် ဘယ်သူကမှ ငါ့ရဲ့ ပေတစ်ထောင်လောက်ရှိတဲ့ ခန္ဓာကိုယ်ကို ရှေးဟောင်းနတ်ဘုရားလို့ ထင်မှာ မဟုတ်ဘူး…” သူ့မျက်လုံးများက အေးစက်လာ၏။

ထို့နောက် ရှေးဟောင်းနတ်ဘုရား တစ်ဖြစ် ဝမ်လင်း၏ မူလခန္ဓာကိုယ်သည် သွေးဂြိုဟ်ရှိရာသို့ ဦးတည်သွားတော့သည်။အတိတ်တုန်းက ရှေ့ဖြစ်ဟောသူသည် သူ့ကို ကြယ်မြေပုံတစ်ခု ပေးထားခဲ့သည့်အတွက် ဝမ်လင်း၏မူလခန္ဓာကိုယ်သည် သွေးဂြိုဟ်၏ တည်နေရာကို သိနေပေသည်။

သူက အာကာသထဲ၌ ဖြတ်သန်းနေရင်း သူ့မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက ဟင်းလင်းပြင်ထဲ၌ လွင့်မြောနေသော အရွယ်အစား အမျိုးမျိုး ပြောင်းလဲနေသော ကျောက်တုံးအပဲ့များကို တွေ့မြင်လိုက်သည်။

သည်ကျောက်တုံးများက အာကာသဟင်းလင်းပြင်ထဲ၌ အတွေ့ရများတက်ပေသည်။

သူက ရှေ့ဆို့ဆက်လှမ်းသွားကာ ရပ်တန့်ခြင်း မပြုဘဲ ပေတစ်ရာလောက်ဗြက်ရှိသော ကျောက်တုံးတစ်ခုကို ဆွဲယူလိုက်သည်။ထို့နောက် သူက ရှေ့သို့ဆက်၍ သွားသည်။

သူထွက်ခွာသွားပြီးနောက် ထိုကျောက်တုံး၏ ပဲ့ကျန်ခဲ့သော အစိတ်အပိုင်းတစ်ခုကနေ ကျင့်ကြံသူနှစ်ယောက် ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်က အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားသည့် ဝမ်လင်း၏ မူလခန္ဓာကိုယ်ကို ကြောင်ရီစွာ ငေးကြည့်နေမိကြသည်။သူတို့နှစ်ယောက်က ကြောက်ရွှံ့မှုကြောင့် တုန်ယင်နေတော့၏။

“ဒါ…ဒါကဘာကြီးလဲ…” သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြသည်။ထို့နောက် သည်နေရာကနေ အလျင်အမြန် ထွက်ခွာသွားကြ၏။

လမ်းတစ်လျှောက်တွင်လည်း ဝမ်လင်းက သည်လိုကျောက်တုံးများကို တွေ့သည့်အခါတိုင်း သူက ပေတစ်ရာခန့်ဗြက်ရှိသော ကျောက်တုံးများကို ရွေးယူခဲ့သည်။သူက ၎င်းကျောက်တုံးများကို စိတ်ဝိညာဉ်စွမ်းအင်အသုံးပြု၍ လမ်းတစ်လျှောက် ဆွဲယူလာသည်။သူ့မှတ်ဉာဏ်ထဲ၌ အစောပိုင်းအဆင့် ရှေးဟောင်းနတ်ဘုရားများသည် မန္တာန်များများစားစား မရှိဘဲ သည်လိုအရာမျိုးကိုသာ သုံး၍ တိုက်ခိုက်တက်ကြပေသည်။ထို့ကြောင့် ထိုသို့သော ကျောက်တုံးများ များများရှိလေလေ ပို၍ ကောင်းလေ ဖြစ်သည်။

ဝမ်လင်း၏မူလခန္ဓာကိုယ်သည် သွေးဂြိုဟ်ရှိရာသို့ တန်းတန်းမတ်မတ်သွားနေ၏။သူ့နောက်တွင်တော့ ကျောက်တုံးများက အမြှီးတန်းလိုက်ပါနေသည်။သူက ကြမ်းကြုတ်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်လာရင်း သွေးဂြိုဟ်နှင့်နီးကပ်သထက် နီးကပ်လာခဲ့သည်။

“သတ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset