ဝမ်လင်းက စုတ်တံကို ကိုင်ဆောင်ကာ မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ အချိန်အတန်ကြာမြင့်ပြီးနောက် သူက ရုတ်တရက် မျက်လုံးပြန်ဖွင့်လာ၏။ သူ့လက်က ပိတ်စပေါ်ရှိ စာသားများအတိုင်း စတင်ရေးခြစ်တော့သည်။သူက တဖြည်းဖြည်းဖြင့် ကောင်းကင်ဘုံသား ခံစားခဲ့ရပုံ၏ အရိပ်အမြွက်ကို တွေ့ရှိလာခဲ့သည်။
သူက စုတ်တံဖြင့် ရေးနေရင်း တဖြည်းဖြည်း စိတ်ပူပန်လာခဲ့သည်။
နောက်ဆုံးတွင် ဝမ်လင်း၏လက်က လေထဲ၌ ရုတ်တရပ် တန့်သွား၏။ သူက ဒုတိယထပ်၏ ပြတင်းပေါက်ကနေ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“ဒီကောင်းကင်ဘုံသားက ဒီပန်းချီကားတွေကို အပြီးသပ်နိုင်ခဲ့ရုံပဲ။ ဒါပေမဲ့လည်းသူက ပန်းချီရေးဆွဲနေရင်း စိတ်ပိုရှုပ်ထွေးလာခဲ့လိမ့်မယ်…။ ဒီစကားလုံးတွေ ချန်ရစ်ထားခဲ့ပြီးပြီးချင်းမှာပဲ တစ်ယောက်ယောက် ရောက်လာခဲ့တာ ဖြစ်ရမယ်…”
ဝမ်လင်းက စုတ်တံကို ပြန်ချကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။
သူက သဲလွန်စအချို့ကို ရှာတွေ့မိသလို ဖြစ်နေသည်။ ပိတ်သားစကို ကြည့်လိုက်ပြီးနောက် ဝမ်လင်းသည် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ထိုပိတ်သားစသည် မီးတောက်များအဖြစ်သို့ လောင်ကျွမ်းသွားတော့သည်။
ထိုပိတ်သားက ရှင်းလင်းလိုက်ပြီးနောက် ဝမ်လင်းက ပိတ်သားစကို ဖိထားသော လေးထောင့်တုံးကို သိမ်းဆည်းလိုက်သည်။သူက ဒုတိယထပ်ကနေ ဆင်းသက်လာချိန်၌ လီယွမ်သည် ပထမထပ်ရှိ ပန်းချီကားများကို သိမ်းဆည်းကာ သူ့သိုလှောင်အိတ်ထဲသို့ ထည့်သွင်းနေသည်ကို တွေ့မြင်လိုက်သည်။
ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်ပြီးနောက် လှမ်းပြောလိုက်သည်။ “အစ်ကိုလီ….သင်က သင်ဒီပန်းချီကားတွေ သိုလှောင်တဲ့နေရာနဲ့ ပတ်သတ်ပြီး သေချာဂရုစိုက်ရမယ်။ သင်က ဒီပန်းချီကားတွေကို အပြင်လူတွေ တွေ့မြင်ခွင့် မရှိအောင် လုပ်ရမယ်။ မဟုတ်ရင် ဒါက ကြီးမားတဲ့ဘေးဒုက္ခတစ်ခု ဖြစ်လာနိုင်တယ်…”
လီယွမ်က တစ်ခုခုကို နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
လီယွမ်က မေးလိုက်သည်။ “ဒီသိုလှောင်နေရာလွတ်ထဲမှာ ဒီထက့်ပိုတဲ့ ရတနာတွေ ဒါမှမဟုတ် ကျောက်စိမ်းပြားတွေ ရှိသင့်တယ် မဟုတ်လား။ အစ်ကိုရှုက နည်းနည်းလောက် ထပ်ပြီး မရှာဖွေ ကြည့်တော့ဘူးလား…”
ဝမ်လင်းက ခေါင်းယမ်းလိုက်သည်။ “အစ်ကိုလီ…ရှာနိုင်ပါတယ်…”
ထိုပိတ်သားစပေါ်ရှိ အကြောင်းအရာများကို တွေ့မြင်ပြီးသည့်နောက် ဝမ်လင်း၏နှလုံးသားသည် ကောင်းကင်ဘုံနယ်မြေဘာကြောင့်ပြိုကျသနည်းဟူသော အံ့ဖွယ်ကိစ္စနှင့် ပြည့်နှက်နေတော့သည်။
အမှန်တော့ ဒုတိယတောင်ကြားကို တွေ့မြင်ပြီးနောက် ဝမ်လင်းသည် နောက်ထပ်ရတနာအနည်းငယ်ပင် ကျန်တော့မည်ဟု ခံစားမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော အရေးအကြီးဆုံးရတနာဖြစ်သည့် သားရဲအရိုးကို သူက ယူဆောင်ထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။
ထိုသားရဲအရိုးက ပိတ်သားစပေါ်တွင် မှတ်တမ်းတင်ထားသော ကောင်းကင်ဘုံသား၏ ပျက်စီးသွားသော ပြန်လည်သန့်စင်မွန်းမံရန် လိုသည်ဟူသော ရတနာဖြစ်ဖို့ များပေသည်။
“ကောင်းပါပြီ…ငါက ပြိုကျဖို့အတွက် အတားအဆီးတွေ ချမှတ်ရင်း ဟိုဟိုဒီဒီလှည့်ပတ် ရှာကြည့်လိုက်ဦးမယ်။ပြီးရင် ငါတို့က ဒီနေရာကနေ ထွက်သွားဖို့အတွက် ထွက်ပေါက်တစ်ခုကိုလည်း ရှာရဦးမယ်…”
လီယွမ်က ဝမ်လင်းကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ဟန်ပြုကာ ဒုတိယထပ်သို့ မော့ကြည့်လိုက်သည်။သို့သော် သူက ထိုအထပ်သို့ တက်သွားခြင်းမရှိဘဲ ကျောင်းဆောင်၏ အပြင်သို့ လှမ်းထွက်သွားလေသည်။
ဝမ်လင်းက ကျောင်းဆောင်၏ အပြင်ဘက်၌ ထိုင်ချလိုက်သည်။သူက သားရဲအရိုးကိုးခုကို ထုတ်ယူကာ ဖြည်းဖြည်းချင်း လေ့လာလိုက်သည်။အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်း တစ်လကုန်ဆုံးသွားလေပြီ။
လီယွမ်သည် သည်တစ်လအတွင်း အများကြီး ရိတ်သိမ်းလိုက်နိုင်ခြင်း မရှိပေ။ထို့ကြောင့် သူက ရတနာ ရှာဖွေခြင်းကို ရပ်တန့်လိုက်၏။ သို့ရာတွင် သူက ဝမ်လင်းကို တိုက်ခိုက်ခဲ့သော ဓားတိုရှစ်လက်ကို အမည်မသိနည်းလမ်းအချို့အသုံးပြု၍ ထိန်းချုပ်ရယူနိုင်ခဲ့ပေသည်။
ဝမ်လင်းက ထိုကိစ္စနှင့်ပတ်သတ်၍ အလွန်တုန်လှုပ်မိနေသည်။ သို့သော် သူက လီယွမ်၏ အတားအဆီးပညာရပ်အကြောင်း တွေးမိလိုက်သည်နှင့် နားလည်သွားတော့၏။
သည်တစ်လအတွင်း လီယွမ်သည် သည်သိုလှောင်နေရာလွတ်အထဲတွင် ပျက်စီးနိုင်လောက်သည့် အမှတ်နေရာများကို တွက်ချက်ကာ ထိုနေရာများ၌ အတားအဆီးများ နေရာချထားခဲ့သည်။လီယွမ်က သွေးဘိုးဘေးကို တိုက်ခိုက်ဖို့ အစီအစဉ် ချမှတ်ရာ၌ ဝမ်လင်းထက်ပင် စိတ်ဝင်စားမှု ပိုနေသလို ဖြစ်နေခဲ့သည်။
လီယွမ်က သူ့အတားအဆီးများဖြင့် နတ်ဘုရားတစ်ပါးလို ကျင့်ကြံမှုအဆင့်ရှိသူတစ်ယောက်အား သတ်ပစ်နိုင်မည့်အကြောင်း တွေးမိသည်နှင့် သူက စိတ်လှုပ်ရှားမိပေသည်။ သူက အလွန်သတိရှိသော်လည်း အားနည်းချက်တစ်ခုတော့ ရှိနေ၏။ ထိုအားနည်းချက်သည် သူ့မိသားစု၏ အတားအဆီးများအပေါ် မျက်ကန်းတစ္ဆေယုံကြည်မှုပင် ဖြစ်တော့၏။
သည့်အပြင် သူက သည်ကိစ္စ၌ နောက်ကွယ်ကနေသာ တိတ်တဆိတ် ကူညီခဲ့ခြင်း ဖြစ်ပြီး ပါဝင်ပတ်သတ်ခြင်း မပြုပေ။ အစီအရင်များ ချမှတ်ပြီးသည့်နောက် သူက ဝမ်လင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ထားခဲ့ပေ၏။တကယ်တော့ သူသည် ဝမ်လင်းအပေါ်၌ အကြွေးတင်နေသည်ဆိုရင်ပင် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူကို သတ်ပစ်ရန် ကြံစည်ခြင်း ကိစ္စက ကြီးမားလွန်းနေသည်။
သည်နေ့တွင် လီယွမ်သည် အလေးအနက်ဟန်ပန်နှင့် ပြန်လာခဲ့သည်။သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန် ကြည့်ကာ ခပ်လေးလေး သက်ပြင်းချလိုက်၏။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ရာ အတားအဆီးသလင်းလုံးတစ်ခုသည် ပျံသန်းထွက်သွားပြီး ဝမ်လင်းရှေ့တွင် လွင့်မြောနေသည်။
“အစ်ကိုရှု…ငါက ပျက်သုဉ်းခြင်းအတားအဆီးကို အသုံးပြုပြီး ဒီနေရာရဲ့ ပျက်စီးနိုင်တဲ့အမှတ်နေရာပေါင်း (၁၄၆၅)ခုကို ချမှတ်ထားခဲ့ပြီးပြီး…။ သင်က သင့်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နဲ့ ဒီအတာားအဆီးသလင်းလုံးကို အသက်သွင်းဖို့ပဲ လိုတယ်။ ဒါဆိုရင် ဒီသိုလှောင်နေရာလွတ်က လုံးဝပျက်စီးသွားလိမ့်မယ်…”
ဝမ်လင်းက အတားအဆီးလုံးကို ကိုင်ထားကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်၏။ သူက မည်သည့်ပြဿနာမှ မရှိကြောင်း သေချာအောင် ကြည့်လိုက်ပြီးနောက် သူ့လက်နှစ်ဖက်ကို ယှက်ကာ လီယွမ်အား ပြောလိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်…”
လီယွမ်၏အသွင်က နက်မှောင်သွား၏။သူက တုံ့ဆိုင်းဆိုင်းနှင့် ပြောလာသည်။ “အစ်ကိုရှု…တကယ်တော့ သင့်ကို သွေးဘီလူးရှာမတွေ့နိုင်တဲ့ နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်။ သင် လုပ်ကမှာ ဆိုလို့ လှိုဏ်ဂူတစ်ခုရှာပြီး အဲ့ထဲမှာ ပုန်းအောင်းပြီး ထွက်မလာရုံပဲ…။ဒီသွေးဘိုးဘေးက သူ့အမုန်းကို မေ့သွားတဲ့ အချိန်အထိပေါ့…”
ဝမ်လင်းက တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်၏။ “ငါက အစ်ကိုလီရဲ့ ကြင်နာမှုကို မှတ်သားထားပါ့မယ်။ခုတော့ ငါက အစ်ကိုလီအပေါ်မှာ ဒုက္ခများစေခဲ့ပြီ…”
လီယွမ်က တိတ်တဆိတ်စဉ်းစားနေသည်။ အချိန်အတန်ကြာမြင့်ပြီးနောက် သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ သူက ထိုကျောက်စိမ်းပြားကို ဝမ်လင်းထံသို့ ကမ်းပေးကာ ပြောလိုက်၏။ “အစ်ကိုရှု…ဒါက ငါတို့လီမိသားစုရဲ့ ပျက်သုဉ်းခြင်းအတားအဆီး မှတ်တမ်းပဲ။ ငါက ဘိုးဘေးကျောင်းတော် မရှိတဲ့အတွက် သင့်ကို အတားအဆီးနှလုံးသား တစ်ဝက်တော့ ပေးလို့ မရနိုင်တော့ပေမဲ့လည်း ဒါကို လေ့လာတာက သင့်အတွက် အကူအညီ ဖြစ်မှာပါ…။ဒီထဲမှာ သင့်ရဲ့အော်ရာကို ဖုန်းကွယ်နိုင်တဲ့ နည်းလမ်းတွေလည်း ပါဝင်တယ်…”
ဝမ်လင်းက ကျောက်စိမ်းပြားကို လက်ခံကာ ခေါင်းညိတ်ပြလိုက်သည်။
လီယွမ်က သက်ပြင်းချလိုက်၏။ ထို့နောက် သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်ရာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ထိုအစီအရင်သည် တည်ငြိမ်လှခြင်းတော့ မရှိပေ။ ကြည့်ရသည်မှာ အချိန်မရွေးပျက်စီးသွားနိုင်သည်ဟု ထင်မှတ်ရ၏။
“အစ်ကိုရှု…ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က သုံးကြိမ်ပဲ ဖွင့်လှစ်လို့ ရတယ်။သင်…သင်က သေချာ ဂရုစိုက်ဖို့ လိုတယ်…” လီယွမ်သည် ဝမ်လင်းကို ကြည့်လိုက်၏။ထို့နောက် သူက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ခြေချလိုက်သည်။ သူက နောက်သို့ လှည့်မပြည့်ဘဲ တိုးညင်းစွာ ပြောလိုက်သည်။ “ငါ့ပေါ်မှာသာ ဘာတာဝန်မှ ရှိမနေဘူးဆိုရင် ငါက အစ်ကိုရှုနဲ့အတူ ဒီမှာနေပြီး လီမိသားစုရဲ့ အတားအဆီးက နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူကို ဘယ်လို လှည့်စားဆန့်ကျင်နိုင်မလဲ ကိုယ်တိုင် သိမြင်ချင်ပါတယ်…”
“အစ်ကိုရှု…ဂရုစိုက်ပါ…” လီယွမ်က သက်ပြင်းချလိုက်၏။ ထို့နောက် သူ့ပုံရိပ်သည် အစီအရင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းက ခေါင်းမော့လိုက်၏။ သူ့မျက်လုံးများက အေးစက်လာသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “သွေးဘိုးဘေး…ယောင်ရှင်းရွှယ်…။ မင်းတို့နှစ်ယောက်လုံးမှာ သွေးစိတ်ဝိညာဉ်ဆေးလုံးတွေ ရှိနေတယ် ဆိုပေမဲ့လည်း ငါက မင်းတို့အားလုံးကို ဒီနေရာလွတ်ရဲ့ ပြိုပျက်မှုက အထဲမှာရှိတဲ့အရာအားလုံးကို ဖျက်စီးနိုင်တဲ့အောက်မှာ မင်းတို့က တကယ်ရှင်သန်နိုင်လား ဒီတစ်ကြိမ် လောင်းကြေးထပ်ကြည့်ရတော့မှာပေါ့…”
ဝမ်လင်းကိုယ်ပေါ်တွင် သိုလှောင်အိတ်တစ်ခု ရှိနေသေး၏။ ထိုသိုလှောင်အိတ်သည် ယောင်ရှင်းရွှယ် ပိုင်ဆိုင်ပေသည်။ သို့သော် သူက ၎င်းကို ဖွင့်လို့ မရချေ။ သူက ၎င်းသိုလှောင်အိတ်ပေါ်၌ အတားအဆီးများ ချမှတ်ကာ ၎င်း၏ အော်ရာ ခပ်ဝေးဝေးသို့ ပျံ့နှံ့ခြင်းမရှိအောင်သာ လုပ်နိုင်သည်။
ထိုသိုလှောင်အိတ်အပြင် ဝမ်လင်း၌ မူလက သွေးစိတ်ဝိညာဉ်ဆေးလုံးအစစ် တစ်လုံးပိုင်ဆိုင်ခဲ့သေးသည်။ သို့သော် သူက ၎င်းဆေးလုံးကို ပျံ့ကျဲနတ်ဆိုးမိစ္ဆာနှင့်ရင်ဆိုင်ရချိန်က အသုံးပြုခဲ့ရပေသည်။သူက သည်သိုလှောင်အိတ်ထဲ၌ နောက်ထပ် သွေးစိတ်ဝိညာဉ်ဆေးလုံး အနည်းဆုံးတစ်လုံးတော့ ရှိမည်ကို သိပေသည်။ သို့သော် သူက ၎င်းအိတ်ကို ဖွင့်နိုင်ခြင်း မရှိပေ။
“ဒီလိုမျိုး ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ဆေးလုံးတွေက သွေးဘိုးဘေးရှိမှာတောင် အများကြီး ရှိနိုင်မှာ မဟုတ်ဘူး…”
ဝမ်လင်းက နှာခေါင်းရှုံ့ပြောဆိုလိုက်ရင်း ယောင်ရှင်းရွှယ်ကို ချိပ်ပိတ်ထားသော အတားအဆီးလုံးကို ထုတ်ယူလိုက်သည်။ သူက ၎င်းအတားအဆီးလုံးကို အဝေးသို့ ပစ်လွှတ်လိုက်၏။ ၎င်းက ချက်ခြင်း ပျံသန်းထွက်သွားကာ အကွာအဝေးတစ်ခုရှိ တောင်အတွင်းဘက်၌ နစ်မြုပ်လို့သွားသည်။
ထိုသို့ ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်းကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်လိုက်သည်။ ဖျပ်ခနဲပင် ဝမ်လင်းက ပျောက်ကွယ်သွားလေ၏။
“သွေးဘိုးဘေး…သင်က ငါ့ကို လွှတ်ပေးချင်စိတ် မရှိမှတော့…ငါကလည်း လီယွမ်ပြောခဲ့သလိုမျိုး နတ်ဘုရားတစ်ပါးကို သတ်ဖို့ ကြိုးစားကြည့်ရတော့မှာပေါ့…”
***