Switch Mode

အပိုင်း(၈၀၅)

ရှေးဟောင်းနတ်ဘုရား သားရေချပ်ဝတ်

မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ပြန့်ကျဲတည်ရှိနေသော ကောင်းကင်ဘုံလှိုဏ်ဂူများ ရှိလေသည်။ ယင်းလှိုဏ်ဂူများအတွင်း၌လည်း ၎င်းတို့၏ မူလပိုင်ရှင်သခင်များ၏ ရတနာများ ရှိတက်သည်။ထိုသို့သော နေရာများက မရေမတွက်နိုင်သောအတားအဆီးများနှင့် ပြည့်နေတက်သည်။

ကောင်းကင်ဘုံသားများ၏ နေထိုင်သည့်နေရာများကို ဝင်ရောက်နိုင်ဖို့က မည်သို့ရိုးရှင်းနိုင်ပါ့မည်နည်း။

မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် မရေမတွက်နိုင်အောင် ပွင့်လှစ်ခဲ့ပြီ ဖြစ်သော်လည်း အတားအဆီးများ မပျက်စီးသေးသော နေရာများ ရှိလို့နေဆဲသာ။ ထိုအတားအဆီးများက များသောအားဖြင့် အားကောင်းတက်ကာ တစ်ခါတစ်ရံ ကျင့်ကြံသူများအဖို့ပင် မထိတွေ့သင့်ပေ။

ဖုန်မှုန့်အပျက်အစီး ကျောက်စကျောက်နများ ပြည့်နေသော နေရာတွင် လီယွမ်သည် ဆောင့်ကြောင့် ထိုင်ချကာ မြေကြီးကို ထိ၍ ပြောလိုက်သည်။ “အစ်ကိုရှု…ဒီနေရာကို ကြည့်လိုက်…။ ဒါက ကောင်းကင်ဘုံအတားအဆီးဥပဒေသ ရှစ်ခုရဲ့ လေးခုမြောက် ဥပဒေသပဲ။ ပြီးတော့ ဒီနေရာက နတ်ဘုရားအာရုံကနေလည်း ဖုံးကွယ်နိုင်ဖို့အတွက် ပတ်ဝန်းကျင်မှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တေကို ဖရိုဖရဲ ဖြစ်နေစေသေးတယ်…”

“ငါထင်တာသာ မမှားရင် ဒီအတားအဆီး ပျက်စီးသွားတာနဲ့ ဒီနေရာမှာ ကောင်းကင်ဘုံလှိုဏ်ဂူတစ်ခု ပေါ်လာနိုင်တယ်…”

ဝမ်လင်းက သူ့ဘေးသို့ ရောက်လာကာ ခေါင်းညိတ်ပြသည်။ “အစ်ကိုလီ ဆိုလိုတာက ဒီနေရာက အတားအဆီးတွေက မူလတုန်းက ဒီမြေကြီးတွေနဲ့ လုပ်ထားတယ် ပြောချင်တာလား…”

သူတို့နှစ်ယောက် ရှိနေသည့် အစိတ်အပိုင်းနယ်မြေသည် ကြီးမားလှခြင်း မရှိပေ။ သည်နေရာတွင် မိုးကြိုးများ ရှိမနေသော်လည်း မိုးခြိမ်းသံ ခပ်အုပ်အုပ်ကိုတော့ ကြားနိုင်ပေသည်။

သူတို့နှစ်ယောက်နှင့် ကီလိုမီတာသောင်းချီပတ်လည်တွင်လည်း မည်သူမျှ ရှိမနေခဲ့ပေ။

လီယွမ်က ခေါင်းညိတ်ကာ ပြုံးလိုက်၏။ “ငါက အစ်ကိုရှုရဲ့ အတားအဆီးတွေပေါ်မှာ နားလည်မှုအပေါ် လေးစားမိပါတယ်။ လွန်ခဲ့တဲ့ တစ်လတုန်းက ငါက အတားအဆီးနဲ့ ပတ်သတ်လို့ တစ်စုံတစ်ခု ပြောလိုက်တိုင်း အစ်ကိုက အဓိကအချက်ကို မြင်နိုင်စွမ်း ရှိခဲ့တယ်…”

လီယွမ်က ဖုန်မှုန့်လက်တစ်ဆုပ်စာကို ကောက်ယူကာ သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက ပြောလာ၏။ “အစ်ကိုလီလည်း ဒီအတားအဆီးဖုန်မှုန့် အချို့ကို ယူဆောင်သင့်တယ်။ငါတို့ မိုးကြိုးကောင်းကင်ဘုံနယ်မြေက ထွက်ရင် ဒီနေရာလိုမျိုး ပတ်ဝန်းကျင် မရှိတော့တဲ့အတွက် ဒီဖုန်မှုန့်တွေက‌ ပြောင်းလဲသွားနိုင်တယ်။ ပြီးရင် ငါတို့က လီမိသားစုကို ပြန်ရောက်တာနဲ့ ဒါက အတားအဆီးသံလိုက်အိမ်မြှောင်တစ်ခုအတွက် ကောင်းမွန်တဲ့ ကုန်ကြမ်းတစ်ခုတောင် ဖြစ်လာနိုင်လိမ့်မယ်…”

“ကျေးဇူးအများကြီးတင်ပါတယ်…အစ်ကိုလီ…” ဝမ်လင်းက အနည်းငယ် ပြုံး၍ သူကပါ ဆောင့်ကြောင့်ထိုင်ချကာ ဖုန်မှုန်များကို လက်တစ်ဆုပ် ကောက်ယူလိုက်သည်။

လီယွမ်က စိတ်ခံစားချက်အပြည့်ဖြင့် စိတ်ရင်းနှင့် ပြောလာသည်။ “ကျေးဇူးတင်ရမယ့်လူက ငါပါ။ သင့်ကြောင့်သာ မဟုတ်ရင် ငါက သေဆုံးနေခဲ့လောက်ပြီ။ဒါ့အပြင် ငါက ကျွန်အမှတ်အသားကနေလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး…”

လီယွမ်သည် လွန်ခဲ့သော တစ်လက အသိပြန်ဝင်လာခဲ့ပြီ ဖြစ်သည်။ အစပိုင်းတွင် သူက စိတ်ရှုပ်ထွေးမှု ဖြစ်နေခဲ့သေးသော်လည်း သူ့စိတ်ထဲရှိ မှတ်ဉာဏ်များက ဖြည်းဖြည်းချင်း ပြန်ပေါ်လာခဲ့ပေည်။ အမှန်တကယ်တော့ အရင်တုန်းက သူလုပ်ဆောင်ခဲ့သော အရာတော်တော်များများသည် ကျွန်အမှတ်အသား၏ ထိန်းချုပ်မှုအောက်တွင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်လား။ခုချိန်တွင်တော့ သူ့ထံ၌ ကျွန်အမှတ်အသားလည်း ရှိမနေတော့ပေ။

သူက အရာအားလုံးကို နားလည်လာပြီးသည့်နောက် ဝမ်လင်းကို အလွန်ကျေးဇူးတင်မိနေသည်။ သူက သူ့သိထားသော အတားအဆီးနည်းလမ်းများကိုလည်း ဝမ်လင်းထံသို့ တုံ့ဆိုင်းခြင်းမရှိ မျှဝေပေးခဲ့သည်။

“ငါတို့လီမိသားစုဆီ ပြန်ရောက်တာနဲ့ ငါက အစ်ကိုရှုကို ဘိုးဘေးအမွေအနှစ်ကျောင်းတော်ကို ခေါ်သွားပေးပါ့မယ်။ အဲ့ကျရင် ငါက ဘိုးဘေးတွေကို အရိုအသေပြုပြီးတာနဲ့ သင့်ကို အကြွေးစပ်တဲ့အနေနဲ့ ပျက်သုဉ်းခြင်းအတားအဆီးကို သင်ပေးပါ့မယ်…” လီယွမ်က ဝမ်လင်းကို ကြည့်လိုက်၏။ သူ့မျက်လုံးများက ကြည်လင်လို့နေသည်။

ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ လီယွမ်ထံသို့ လက်သီးနှစ်ဖက်ဆုပ်ကာ လေးစားမှု ပြသလိုက်သည်။ ဝမ်လင်းသည် စကားမဆိုသော်လည်း သူ့မျက်လုံးထဲတွင်တော့ လေးနက်မှုကို ပြသနေပေသည်။

ပျက်သုဉ်းခြင်းအတားအဆီးသည် မဟာအတားအဆီးလေးခုထဲမှ တစ်ခု ဖြစ်လေ၏။ လွန်ခဲ့သော တစ်လကျော်က လီယွမ်သည် ထိုအတားအဆီးနှင့် ပတ်သတ်၍ ဝမ်လင်းကို အတော်လေး ရှင်းပြခဲ့ပြီး ဖြစ်သည်။ ထိုအတားအဆီးက မန္တာန်တစ်ခုနှင့်ပင် အတော်လေး တူညီနေသေးသည်။ ၎င်းက ကောင်းကင်ဘုံမန္တာန်တစ်ခု မဟုတ်သော်လည်း နှိုင်းယှဉ်နိုင်သည့် တစ်ခု ဖြစ်နေ၏။

ထိုအတားအဆီးကို သင်ယူနိုင်ရန် လူတစ်ယောက်သည် အမွေအနှေစ်နေရာတစ်ခု၌သာ သင်ယူနိုင်ပေမည်။ သည်ကမ္ဘာတွင် လီမိသားစုကသာ တစ်ခုတည်းသော နေရာ ဖြစ်နေတော့သည်။

“ကံမကောင်းစွာနဲ့ ဒီနေရာမှာ ရှိတဲ့အတားအဆီးက မပြည့်စုံဘူး။ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်များစွာက တစ်ယောက်ယောက် ဖျက်စီးခဲ့တာပဲ ဖြစ်ရမယ်။ဒါပေမဲ့လည်း ဒီလိုဖျက်စီးခဲ့တူ သုံးခဲ့တဲ့နည်းလမ်းက လုံးဝ အကြမ်းထည် ဆန်နေတယ်…”

လီယွမ်က မြေကြီးပေါ်သို့ ကြည့်ကာ ထိုသို့ ပြောလိုက်ခြင်းပင်။ သူက ထိုသို့ ကြည့်နေရင်း စဉ်းစားနေသည်။ ထို့နောက် သူက သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်ရာ အနက်ရောင်လိုင်းတစ်ခုက ပျံသန်းထွက်လာခဲ့သည်။ သည့်နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီးနောက် သူ့လက်ချောင်းနှင့်အတူ မြေကြီးပေါ်သို့ ထိုချိပ်တံဆိပ်အား ဖိချလိုက်သည်။

“ချိုးဖျက်စမ်း…” စကားတစ်ခွန်းဖြင့်ပင် မြေပြင်က တုန်ခါလာသည်ဟု ထင်ရသည်။ လီယွမ်၏ လက်ညှိုး မြေပြင်ပေါ်သို့ ကျရောက်သွားသည့်အခါတွင် မြေပြင်က တုန်ခါ်လာကာ ရုတ်တရက် အတားအဆီးအလွှာများက တစ်ခုပြီးတစ်ခု ကျိုးပျက်လာကြသည်။ သည့်နောက် ဝမ်လင်း၏ ရှေ့တွင် ကောင်းကင်ဘုံတောင်တစ်တောင်နှင့် လှပသောနန်းဆောင်တစ်ခု ပေါ်လာသည်။

ထိုတောင်က မြင့်မားလှခြင်း မရှိပေ။ ၎င်း၏ ဘေးတစ်ဘက်တွင် နန်းတော်ကြီးတစ်ခုလည်း ရှိနေသည်။သို့သော ထိုတောင်ပေါ်၌ အပေါက်များနှင့် ပြည့်နေသည်။ ကြည့်ရသည်မှာ တောင်ပေါ်မှ ကောင်းကင်ဘုံအပင်များက နှုတ်ယူခံသွားရသည်နှင့် တူသည်။ ကျန်နေသေးသော အပင်များဟူ၍ သာမန် ဖြစ်သော အပင်များသာ ရှိတော့သည်။ ထိုအပင်များက လေနှင့်အတူ ယိမ်းထိုးနေကြသည်။

သည့်အပြင် နန်းတော်ကလည်း ပျက်စီးနေခဲ့ပြီး ဖြစ်ကာ နန်းတော်ဟု သိရုံဆိုရုံမျှသာ ရှိတော့၏။

“ဒါက ငါ ခန့်မှန်းထားသလိုပဲ…” လီယွမ်က ခါးသီးစွာ ပြုံး၍ ဝမ်လင်းထံသို့ ကြည့်လိုက်သည်။

ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ အစ်ကိုလီရဲ့ အတားအဆီးပညာက တကယ့်ကို အံ့အားသင့်ဖွယ်ပါပဲ…။

“ရှေးဟောင်းမဟာအတာအဆီးလေးခုလံးက အထွတ်အထိပ်အထိ ရောက်အောင် ကျင့်ကြံနိုင်ရင် အားကောင်းတဲ့မန္တာန်တွေကို ပိုင်ဆိုင်လာလိမ့်မယ်။ မြင့်မားတဲ့အဆင့်အတန်းမှာရှိတဲ့ ကောင်းကင်ဘုံသား၊ဒါမှမဟုတ် နတ်ဆိုးတွေ ဖြစ်ပါစေ နိမ့်ကျတဲ့ လူသားတွေ၊သားရဲတွေ ဖြစ်ပါစေ အားလုံးကို ချိပ်ပိတ်ပစ်နိုင်တယ်…”

“မက်မွန်ပန်းဆယ့်ရှစ်ခု အတားအဆီးက ပျက်သုဉ်းခြင်းအတားအဆီးကနေ ထုတ်ယူထားတဲ့ တစ်ခုသာ ဖြစ်တယ်။ ဒါပေမဲ့လည်း ဒီအတားအဆီးက အပြင်ဘက်ကို ပျံ့နှံ့သွားခဲ့တဲ့အတွက် ပြင်ပကလူတွေက ဒီအတားအဆီးအကြောင်းကို သိနေခဲ့ကြတာ…”

လီယွမ်က ထိုသို့ပြောနေစဉ်၌ ယုံကြည်မှုနှင့် ပြည့်လို့နေသည်။

ဝမ်လင်းက လီယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ “ပျက်သုဉ်းခြင်းအတားအဆီးရဲ့ အားကောင်းပုံမျိုးတဲ့ဆိုရင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက လူတွေဟာ ဒီနည်းစနစ်ကို လီမိသားစုရှိမှာ လာရှာကြမှာပဲ မဟုတ်လား…”

လီယွမ်က ညစ်ကျယ်ကျယ်ပြုံး၍ ခေါင်းညိတ်ပြသည်။ “ငါက အစ်ကိုရှုကို မလိမ်ညာချင်ပါဘူး။ ကျွန်အမှတ်အသားရဲ့အောက်မှာ လီမိသားစုက နှစ်ပေါင်းများစွာ ခံစားပြီးတဲ့နောက်မှာ ပျက်သုဉ်းခြင်းအတားအဆီးကိုလည်း မိသားစုပြင်ပရှိ အကြိမ်များစွာ သင်ပေးခဲ့ရပါတယ်…”

“ဒါပေမဲ့…” လီယွမ်က ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သူတို့သင်ယူချင်တာက ပျက်သုဉ်းခြင်းအတားအဆီး ဆိုတာ ဟုတ်ပါတယ်။ လီမိသားစုက ဒါကို သူတို့အပေါ်မှာ မဖုန်းကွယ်ထားပဲ အမွေအနှစ်ကျောင်းတော်မှာ နားလည်အောင် လုပ်ဖို့ ခွင့်ပြုပေးခဲ့တယ်။ ဒါပေမဲ့လည်း အတားအဆီးနှလုံးသားမရှိဘဲနဲ့ ဒါကို အစစ်အမှန်ပျက်သုဉ်းခြင်းအတားအဆီးလို့ သတ်မှတ်လို့ မရနိုင်ဘူးလေ…”

“ဒီအတားအဆီးနှလုံးသားက မျိုးဆက်တစ်ခုရဲ့ မိသားစုခေါင်းဆောင်တွေကသာ အမွေဆက်ခံနိုင်တယ်။ ငါတို့က မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်ခွာပြီးတာနဲ့ ငါက ဘိုးဘေးအမွေအနှစ်ကျောင်းတော်ရှိ သွားပြီး ငါ့ရဲ့ အတားအဆီးနှလုံးသားတစ်ဝက်ကို အစ်ကိုရှုထံ ပေးပါမယ်…”

ဝမ်လင်းက ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက လီယွမ်က နောက်တစ်ဖက် လက်သီးနှစ်ဖက်စုပ်ကာ လေးစားဟန် ပြသလိုက်ပြန်သည်။

လီယွမ်က အလျင်အမြန် လက်ခါယမ်းလိုက်၏။ သူက စကားပြောဟန် ပြင်လိုက်ပြီးမှ ရုတ်တရက် အာမေဋိတ် ဖြစ်ဟန်ဖြင့် တောင်ပေါ်ရှိ နန်းတော်အား စူးစိုက်ကြည့်လိုက်လေသည်။

“အစ်ကိုရှု…ဟိုနေရာကို တစ်ချက်ကြည့်လိုက်…”

ဝမ်လင်းက ခေါင်းမော့ကာ ထိုနန်းတော်ကို ကြည့်လိုက်သည်။ ပျက်စီးနေသော နန်းတော်က ပုံမှန်ဟုသာ ထင်ရ၏။ သို့သော် အချိန်အတန်ကြာ စူးစိုက်ကြည့်လိုက်ပြီးသည့်နောက် သူက သဲလွန်စအချို့ကို တွေ့မြင်သွားသည်။

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ဖြည်းဖြည်းချင်း ပြောလာသည်။ “ဒီနန်းတော်နောက်မှာ အပင်တစ်ပင် ရှိနေတယ်။ဒီအပင်ရဲ့ ဘယ်ဘက်အခြမ်းတစ်ခုက လှုပ်ရှားနေပေမြံ ညာဘက်ပိုင်းကတော့ လုံးဝ ငြိမ်သက်နေတယ်…”

လီယွမ်၏ မျက်လုံးထဲ၌ တုန်လှုပ်ဟန်ပေါ်လာကာ သူက ခေါင်းညိတ်ပြလိုက်သည်။ “အစ်ကိုရှုက ပျက်သုဉ်းခြင်းအတားအဆီးကို မသင်ရသေးပေမဲ့လည်း သင့်ရဲ့ ရှာဖွေလေ့လာနိုင်စွမ်းကတော့ အတားအဆီးဆရာသခင် တော်တော်များများကို ဖိနှိပ်ထားနိုင်ဖို့ လုံလောက်ပေတယ်…”

ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။ “ကြည့်ရတာ ငါ့တို့နှစ်ယောက်က တော်တော်လေးကံ ကောင်းတဲ့ပုံပဲ…’

လီယွမ်က ရယ်မောကာ ဝမ်လင်းနှင့်အတူ တောင်ရှိရာသို့ ပျံသန်းသွားသည်။ သိပ်မကြာခင်တွင် သူတို့က နန်းတော်နားသို့ ရောက်လာကြသည်။ ဝမ်လင်းက မလှုပ်မယှက်ဖြစ်နေသော သစ်ပင်ဘက်ခြမ်းမှ သုန်မှုန်သောအော်ရာတစ်ခု ထွက်ပေါ်နေသည်ကို ချက်ခြင်း သတိပြုမိလိုက်သည်။ ထိုသုန်မှုန်သောအော်ရာက အန္တရာယ်အငွေ့အသက်ကို ပေးစွမ်းနေသည်။

ဝမ်လင်းနှင့် လီယွမ်တို့သည် တစ်ပြိုင်နက်တည်းလိုလို ရပ်တန့်လိုက်ကြ၏။

သစ်ပင်အောက်၌ အဖြူရောင်အရိုးစုနှစ်ခု ရှိနေသည်။ တစ်ခုက သားရေချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ ထိုချပ်ဝတ်က အလွန်ကြမ်းတမ်းကာ ကွဲရာအချို့ပင် အလိုလို ဖြစ်ပေါ်နေသည်။

ဝမ်လင်းက ထိုချပ်ဝတ်ကို တွေ့မြင်လိုက်သည့်အခိုက်တွင် သူ့မျက်လုံးက ပြူးကျယ်သွားကာ သူ့အကြည့်ထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်လာခဲ့သည်။

“ဒါက…”

***

Comment

Leave a Reply

Options

not work with dark mode
Reset