လေပြင်းက တိုက်ခတ်သွားရာ သွေးမြူများအားလုံးသည် လွင့်ပြယ်လို့သွားသည်။ ဝမ်လင်းက သည်အရာများအားလုံးကို တည်ငြိမ်စွာသာ ကြည့်နေ၏။ ဖြစ်ပျက်သမျှသည် သူနှင့် ဘာမှမသက်ဆိုင်ပေ။ ထို့ကြောင့်သူက ကူညီရန်လည်း မကြိုးစားပေ။
သူက သည်နေရာမှာ ရှိမနေလျှင်ပင် ကောဟန်၏ ကံကြမ္မာက လီယွမ်နှင့်အတူ မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်လာကတည်းက သတ်မှတ်ပြီးသား ဖြစ်၏။
“ဒီလီယွမ်ရဲ့ အကြံအစည်က တကယ့်နက်နဲတာပဲ။ သူပြေတာသာ အမှန်ဆိုရင် သူက တစ်လမ်းလုံး ကောဟန်ဘေးမှာ သည်းခံခဲ့တာက တော်တော်လေး ထိတ်လန့်ဖွယ်ပဲ။ သူက ဒီတောင်ပေါ်ကို ရောက်လာပြီးမှသာ အရာအားလုံးကို ဖွင့်ထုတ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီတောင်က အတားအဆီးတွေနဲ့ ပြည့်နေလို့ပဲ။ ကြည့်ရတာ ဒီအတားအဆီးတွေက သူ့ဘိုးဘေးတွေနဲ့ တော်တော်များများ ပတ်သတ် နေလိမ့်မယ်…”
“ဒါပေမဲ့လည်း ငါက သူပြောသမျှအမှန်ဖြစ်တယ်လို့ သေချာ မသိသေးဘူး…” ဝမ်လင်းက လီယွမ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။လီယွမ်က တည်ငြိမ်လို့နေ၏။သူ့တည်ငြိမ်မှုက ပျော်ရွှင်နေသလား၊ဒေါသထွက်နေသလားပင် မသိရချေ။
“ဒါပေမဲ့လည်း ကောဟန်ရဲ့မျက်လုံးတွေက နည်းနည်း ထူးဆန်းနေတယ်။ သူမက မသေခင်လေးမှာ ကျောက်ရုပ်တုကို ဘာကြောင့် လှည့်ကြည်ချင်ခဲ့တာလဲ…”
လီယွမ်က အသက်ဝဝရှုသွင်းပြီးသည့်နောက် ဝမ်လင်းထံသို့ လှည့်လာကာ တည်ငြိမ်စွာ ပြောလိုက်၏။ “အစ်ကိုရှု…ငါ့အတားအဆီးတွေက ငါ့ဘိုးဘေးတွေနဲ့ မယှဉ်သာပါဘူး။ငါ အစ်ကိုရှု ရှိက လိုအပ်တဲ့မန္တာန်ကတော့ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ ထွက်ပြေးတာကနေ ရပ်တန့်စေခဲ့တဲ့ မန္တာန်ပဲ ဖြစ်ပါတယ်…”
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သို့သော် သူက စိတ်ထဲ၌ တွေးလို့နေသည်။ ထိုအရာကို ကြည့်ခြင်းဖြင့် လီယွမ်သည် ဝမ်လင်းနှင့်ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတို့ကြား တိုက်ပွဲ၌ ရပ်တန့်ခြင်းမန္တာန်ကို တကယ်မြင်တွေ့ခဲ့ရကြောင်း ဆုံးဖြတ်နိုင်ပေသည်။
“ငါ့တစ်ဘဝလုံးမှာ အစ်ကိုရှုရဲ့မန္တာန်လိုမျိုးကို ပထမဆုံး မြင်ဖူးတာပဲ။ဒီမန္တာန်က တော်တော်လေး အားကောင်းလှတယ်။ အရာအားလုံးကိုလည်း ခဏတာ ရပ်တန့်စေနိုင်စွမ်း ရှိတယ်။ အစ်ကိုရှုရဲ့ အကူအညီနဲ့ဆိုရင် ငါက ကျောက်ရုပ်တုကို ဖျက်စီးနိုင်ပြီး ငါ့လီမိသားစုရဲ့ လွတ်လပ်မှုကို ပြန်ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေမိတယ်…”
“ငါက ဒီမန္တာန်အတွက် ပျက်သုဉ်းခြင်းအတားအဆီးနဲ့ မက်မွန်ဆယ့်ရှစ်ခု အတားအဆီးတို့ကို အပြန်အလှန်အနေနဲ့ ပေးပါ့မယ်…”
ဝမ်လင်းက လီယွမ်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။ သည်ကိစ္စကသာ လီယွမ်ပြောသလိုမျိုး ရိုးစင်းပါက သူ့အဖို့ ကူညီလိုက်ရလည်း ပြဿနာ မဟုတ်ပေ။ပျက်သုဉ်းခြင်းအတားအဆီးကို မေ့ထားကာ မက်မွန်ဆယ့်ရှစ်ခု အတားအဆီးနှင့် ဆိုလျှင်ပင် သူ့စွမ်းအားကို များစွာ တိုးတက်စေပေလိမ့်မည်။
ဝမ်လင်းက စဉ်းစားနေရင်း ကျောက်ရုပ်တုကို ကြည့်နေသည်။သူက ရုပ်တု၏ လက်ဟန်ချိပ်တံဆိပ်နားကိုတော့ ရှောင်ကြည့်ကာ သူ့အကြည့်ကို အမြန်ပြန်ရုတ်သိမ်းလိုက်သည်။ သူက တစ်စုံတစ်ခုကို ခပ်ရေးရေးး သတိပြုမိသွားသည်။ ကောင်းကင်ဘုံသားရဲ့ ပုံပန်းသွင်ပြင်က ကောဟန်နှင့် တစ်ချို့တစ်လေ ဆင်တူနေ၏။းး သတိပြုမိသွားသည်။ ကောင်းကင်ဘုံသားခုကို ခပ်ေ်
“အစ်ကိုရှု…ငါ့ကျင့်ကြံမှုအဆင့်က အတားအဆီးတွေကိုပါ အသုံးပြုရင်တောင် သင့် ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။ ဒါကို သင်က ဘာကြောင့် ငါ့အပေါ် သံသယ ရှိနေသေးတာလဲ။ ထားလိုက်ပါတော့လေ ငါကတော့ ငါ့ စိတ်ရင်းကို ပြသဖို့အတွက် သင့်ကို မက်မွန်ဆယ့်ရှစ်ခုအတားအဆီး အပြည့်အစုံ ပေးလိုက်ပါ့မယ်။ ဒီရုပ်တုရဲ့ ချိပ်တံဆိပ်ကို ဖျက်စီးပြီးတဲ့ အချိန်ရောက်ရင်တော့ ငါက ပျက်သုဉ်းခြင်းအတားအဆီးကို အစ်ကိုရှုထံ ပေးမှာပါ…”
လီယွမ်၏အသံထဲ၌ ရိုးသားမှုတို့ ပါဝင်နေကာ သူက ဝမ်လင်းကို ကြည့်လိုက်၏။
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။
လီယွမ်က ကျောက်စိမ်းပြားတစ်ခုကို ချက်ခြင်း ထုတ်ယူလိုက်သည်။ ၎င်းကျောက်စိမ်းပြားပေါ်၌ အမှတ်အသား ပြုပြီးသည့်နောက် သူက ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။ ထိုကျောက်စိမ်းပြားထဲ၌ မက်မွန်ဆယ့်ရှစ်ခုအတားအဆီးနည်းလမ်းအတွက် ကျန်နေသေးသော ရုပ်တုငါးခု ပါဝင်နေပေသည်။
၎င်းကျောက်စိမ်းပြားကို ကြည့်လိုက်ပြီးသည့်နောက် သူက ၎င်းကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ ကူညီပေးနိုင်တယ်…”
ဝမ်လင်းက ထိုသို့ပြောလိုက်သော်လည်း သူက ပို၍ သတိထားလာခဲ့သည်။ သူက တစ်ခုခုမှားနေသည်ဟု ခံစားနေရမြဲ ဖြစ်၏။
လီယွမ်က အားလုံးပြောပြခဲ့သည်ဟု ထင်မှတ်ရသော်လည်း ဝမ်လင်းသည် လီယွမ်သည် မြူလွှာပါးတစ်ခု ခြုံကာ ထားသည့်လူဟု ခံစားမိနေဆဲ ဖြစ်သည်။
ဝမ်လင်းက စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။ “ငါက ဒီလီယွမ်ရဲ့ အကြံအစည်က ဘာများ ဖြစ်မလဲ သိမြင်ချင်မိတယ်…”
လီယွမ်က ကျေနပ်သည့်ဟန်ပန် ဖြစ်လို့သွားသည်။ထို့နောက် သူက အသက်ဝဝရှုသွင်းကာ သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး သံဓားကို ပျံသန်းထွက်လာစေသည်။ သံဓားကို ညာလက်ဖြင့် ကိုင်ဆောင်ထားရင် သူ့ဘယ်လက်က သံဓားပေါ်သို့ ညင်သာစွာ ခြစ်လိုက်၏။
ဓားကိုယ်ထည် တစ်လျှောက် သွေးစီးကြောင်းတစ်ခုက ချက်ခြင်း စီးဆင်းသွားကာ နတ်ဆိုးဆန်ဆန် အနီရောင်တောက်ပလာသည်။
လီယွမ်က သူ့ကိုယ်သူ ခပ်တိုးတိုး ပြောနေ၏။ ဝမ်လင်းက သူပြောနေသည်ကို ရှင်းရှင်းလင်းလင်း မကြားရပေ။ ဝမ်လင်းက ခပ်တိုးတိုး ထပ်ရေရွတ်နေသည်။ထို့နောက် ပြင်းထန်သော မကျေမချမ်းအော်ရာတစ်ခုက သံဓားထံကနေ ထွက်ပေါ်လာခဲ့သည်။ထိုအော်ရာက မကျေမချမ်းမှုမြောက်များစွာကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။
အနီရောင်မီးတောက်တစ်ခုက သံဓားထံကနေ ပေါက်ကွဲထွက်လာသည်။ထိုအနီရောင်မီးတောက် အထဲ၌ မကျေမချမ်းအော်ရာ အမျှင်တန်းများသည် အမျိုးမျိုးသော လူသားမျက်နှာများအသွင်သို့ ချက်ခြင်း ပြောင်းလဲသွားကြသည်။
ထိုမြင်ကွင်းက အလွန်ထူးဆန်းလှချေ၏။
ထိုအနီရောင်မီးတောက်ထဲကနေ တစ္ဆေညီးသံများကလည်း စတင် ထွက်ပေါ်လာနေကြသည်။ တောင်တစ်ခုလုံးက ထိုညီးညူသံများနှင့် ပြည့်လာခဲ့လေ၏။
လီယွမ်၏အသွင်ဟန်ပန်ကလည်း ထိုအနီရောင်မီးတောက်ကြောင့် လင်းလက်နေသည်။ သူက သိုလှောင်အိတ်ထဲမှ သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်ပြန်၏။ သံလိုက်အိမ်မြှောင် ထွက်ပေါ်လာသည်နှင့် လီယွမ်က ၎င်းကို အနီရောင်မီးတောက်ထဲသို့ ပစ်လွှတ်လိုက်သည်။
သံလိုက်အိမ်မြှောင်က အနီရောင်မီးတောက်ထဲသို့ ရောက်သွားသည့်အခါတွင် ၎င်း၏ အရပ်မျက်နှာသို့ ညွှန်ပြသော လက်တံများက မြန်ဆန်စွာ လှည့်ပတ်လာကြသည်။ ထိုအရာက အနီရောင်မီးတောက်ကို မြန်ဆန်စွာ ပို၍ ပျံ့နှံ့လာစေ၏။
မျက်စိတစ်မှိတ်အတွင်း သံဓားထံမှ အနီရောင်မီးတောက်သည် ဆယ့်နှစ်ပေခန့် မြင့်လာခဲ့သည်။
ထိုအနီရောင်မီးတောက်က ပြင်းပြင်းထန်ထန် လှုပ်ခတ်ကာ သံလိုက်အိမ်မြှောင်သည်လည်း ကွဲကြေသွားသည်။ သံလိုက်အိမ်မြှောင် ပျက်စီးသွားသည့်အခိုက်တွင် အနီရောင်မီးတောက်က ပိုမို၍ ပြင်းထန်လာခဲ့သည်။
ထို့နောက် သံဓားက ပျက်စီးသွား၏။ ၎င်းက သံအရည်အဖြစ် ပျော်ကြကာ အနီရောင်မီးတောက်၏ စုပ်ယူခြင်းကို ခံလိုက်ရပြန်သည်။ မီးတောက်က ပို၍ ကြီးထွားလာသည်။ အနီရောင်မီးတောက်က ပေတစ်ရာကျော်ထိ မြင့်မားလာခဲ့ကာ ၎င်းက ကျောက်ရုပ်တုပေါ်သို့ အုပ်မိုးလာ၏။
ရုတ်တရက် အနီရောင်မီးတောက်က ကျောက်ရုပ်တုကို လွှမ်းခြုံသွားလေသည်။ ကျောက်ရုပ်တုဘေးနားရှိ ဓားရုပ်တုနှင့်အစေခံရုပ်တို့ပါ အနီရောင်မီးတောက်၏ လွှမ်းခြုံခြင်းကို ခံလိုက်ရလေ၏။
ကျောက်ရုပ်တုထဲသို့ အနီရောင်မီးတောက်ထဲရှိ မကျေမချမ်းဖြစ်မှုက ဝင်ရောက်သွားသည့်အခါတွင် ထိုရုပ်တုက သန့်စင်ခြင်း ခံလာရသည်ဟု ထင်မှတ်ရ၏။ရုပ်တုပေါ်၌ အက်ကွဲကြောင်းများ တဖြည်းဖြည်း ပေါ်လာကာ တဖြည်းဖြည်း ပျက်စီးလာခဲ့သည်။
လီယွမ်၏ မျက်လုံးများက တောက်ပလာကာ သူက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပုလင်းတစ်လုံးကို ချက်ခြင်း ထုတ်ယူလိုက်သည်။ သူက ကျောက်စိမ်းပုလင်းကို ပစ်လွှတ်လိုက်ရာ အဖြူရောင်အလင်းအမျှင်တန်းများက အနီရောင်မီးတောက်ထဲသို့ ပျံသန်းဝင်ရောက်သွားသည်။ ထိုအဖြူရောင်အလင်းအမျှင်တန်းများသည် ရုပ်တု၏ အက်ကွဲကြောင်းများကြားထဲသို့ ဝင်ရောက်သွားခဲ့သည်။
ရုပ်တုပေါ်၌ ပိုပိုများပြားသော အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ အဖြူရောင်အလင်းနှင့် မကျေမချမ်းမှုတို့က ရုပ်တုထဲသို့ ဝင်ရောက်နေရင်း ရုပ်တုထဲကနေ တစ်စုံတစ်ခုက နိုးထလာသကဲ့သို့ ထင်မှတ်ရသည်။
ထိုအခိုက်အတန့်၌ လီယွမ်က အသက်ဝဝရှုသွင်းလိုက်၏။ ချက်ခြင်းပင် သူက သိုလှောင်အိတ်ထဲက နောက်ဆုံးရတနာဖြစ်သည့် စာလိပ်ကို ထုတ်ယူလိုက်၏။ ထိုစာလိပ်က ရုတ်တရက် ပွင့်ဟလာသည့်အခါတွင် ပန်းချီကားလည်း ပေါ်လာ၏။ ထိုအခါ ရုပ်တုကို ဝန်းရံထားသော အနီရောင်မီးတောက်များသည် ရုတ်တရက် တုန်ယင်လာကာ တစ်စုံတစ်ခု နိုးထလာသည်ဟူသော ခံစားချက်က ပိုအားကောင်းလာခဲ့သည်။
လီယွမ်က အော်ပြောလိုက်၏။ “အစ်ကိုရှု…မန္တာန်ကို အသုံးပြုပြီး ငါ့ကို ရုပ်တုထဲမှာ ကျန်ရှိနေသေးတဲ့ မသေမျိုးစိတ်ဝိညာဉ်ကို ချိပ်ပိတ်လို့ရအောင် လုပ်ပေးပါ…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက နှာခေါင်းရှုံ့လိုက်၏။ သူက မန္တာန်ကို အသုံးပြုခြင်း မရှိသည့်အပြင် နောက်သို့ အမြန်ဆုတ်လိုက်သည်။ ဝမ်လင်းက ယခုကိစ္စ၏ အကျိုးအကြောင်းအမှန်ကို မြင်နိုင်လုနီးပါး ဖြစ်နေခဲ့လေပြီ။
ဝမ်လင်း နောက်ဆုတ်သွားခြင်းကြောင့် လီယွမ်က ခေါင်းလှည့်လာကာ ဝမ်လင်းကို ကြည့်လာသည်။ သူက ကြမ်းကြုတ်သောဟန်ပန် ဖြစ်ပေါ်နေကာ အော်ပြောလိုက်၏။ “ရောင်းရင်းရှု…သင်အခု မလုပ်ဆောင်ရင်…ဘယ်အချိန်လုပ်…”
ထိုအခိုက်အတန့်မှာပင် ရုပ်တုပေါ်၌ ပိုများပြားသောအက်ကွဲကြောင်းများ ပေါ်လာခဲ့၏။ ၎င်းရုပ်တုက ပျက်စီးပြိုလဲတော့မည် အရိပ်လက္ခဏာပင် ပြသလာခဲ့သည်။တစ်စုံတစ်ခု နိုးထလာတော့မည့် ခံစားချက်ကလည်း ပိုအားကောင်းလာခဲ့သည်။ အနီရောင်မီးတောက်ထဲရှိ မကျေမချမ်းမှု တော်တော်များသည်လည်း ရုပ်တု၏ စုပ်ယူခြင်းခံလိုက်ရပြီး ဖြစ်ကာ အဖြူရောင်အလင်းအားလုံးသည်လည်း ထိုနည်းလည်းကောင်းသာ။
ယင်းမကျေမချမ်းမှုနှင့်အဖြူရောင်အလင်းတို့က ရုပ်တုကို လွတ်လပ်သွားအောင် ချိုးဖျက်နိုင်ရန် ပံ့ပိုးနေခြင်းနှင့် တူနေပေ၏။ သို့ရာတွင် စိတ်ဝိညာဉ် လွတ်မြောက်နိုင်ရန် ကာဆီးထားသည့် မန္တာန်တစ်ခုကတော့ ရှိလို့နေသေးသည်။ ထိုမန္တာန်က ရုပ်တုနှင့်အတူ ထိုစိတ်ဝိညာဉ်အား ပျက်စီးသွားစေချင်နေ၏။
ဝမ်လင်းက နောက်သို့ ပိုမြန်ဆန်စွာ ဆုတ်လာ၏။ သူက ချက်ခြင်းပင် ပေတစ်ထောင်အကွာသို့ ရောက်ရှိသွားသည်။လီယွမ်၏ မျက်လုံးက အေးစက်လာခဲ့၏။ သူ့ကျင့်ကြံမှုအဆင့်ကလည်း အရူးအမူး ပေါက်ကွဲထွက်လာခဲ့ချေသည်။ သူ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်တွင်သာ ရှိနေသေးသော်လည်း သူ့ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ်အော်ရာတစ်ခု ရှိလို့နေလေ၏။
သူက တည်နေရာ ရွှေ့ပြောင်းသကဲ့သို့ ထိုးထွက်လာကာ ဝမ်လင်းကို ချက်ခြင်း မှီလာသည်။ သူက အော်ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူ ရှု…သင်က ဘာကြောင့် နောက်ဆုတ်နေရတာလဲ…”
“ရောင်းရင်းကျင့်ကြံသူလီရဲ့ ဇာတ်လမ်းက တော်တော်လေး လှပပါပေတယ်။ ဒါပေမဲ့ သင့်ရဲ့ ရည်ရွယ်ချက်က လီမိသားစုရဲ့ ကျွန်အမှတ်အသား ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ဖို့ မဟုတ်ဘဲ ဒီကောင်းကင်ဘုံရုပ်တုကို ပြန်အသက်သွင်းနိုင်ဖို့ ဖြစ်နေမှာ ငါ စိုးရွှံ့မိပါတယ်…”
ဝမ်လင်းက နောက်ဆုံနေရင်း သူ့နောက်မှ အရိပ်တစ်ခုက ဖျပ်ခနဲ ပေါ်လာသည်။ ကောင်းကင်ဘုံသက်တော်စောင့်က ခုန်ထွက်လာကာ လီယွမ်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။
ထိုလက်သီးချက်နောက်ကနေ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုက ကပ်ပါသွား၏။ ၎င်း၏ အရှိန်အဟုန်က တုန်လှုပ်ဖွယ်ပင်။
လီယွမ်က နှာခေါင်းရှုံ့ကာ အထင်သေးဟန် ပြုသည်။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ အနက်ရောင်မျဉ်းလိုင်းတစ်ခု ပေါ်ထွက်လာသည်။ ထိုအနက်ရောင်မျဉ်းလိုင်းက ချဲ့ထွကလာကာ တြိဂံပုံ ဖြစ်ပေါ်သည်။ လက်သီးက နီးကပ်လာသည့်အခါ ထိုတြိဂံက တဖျပ်ဖျပ် လင်းလက်သွားပြီးနောက် ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးရှေ့တွင် ပေါ်လာလေသည်။
ချက်ခြင်းပင် တြိဂံက မြန်ဆန်စွာ ချဲ့ထွက်လာကာ ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးနှင့် ထိတိုက်သွားသည်။ ထို့နောက် ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးတစ်လျှောက်တွင် ၎င်း အနက်ရောင်မျဉ်းလိုင်းက ပျော့ပြောင်းသော ကြိုးတစ်စကဲ့သို့ ရစ်ပတ် ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ကောင်းကင်ဘုံသက်တော်စောင့်၏ ပတ်လည်တွင် တင်းတင်းကျပ်ကျပ် ချုပ်နှောင် ထွေးခြုံသွားသည်။
ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့်က အနက်ရောင်အလင်းများ ပေးစွမ်းနေသော တြိဂံ၏ တင်းကျပ်စွာ ချုပ်နှောင်ထွေးခြင်းကို ခံလိုက်ရလေသည်။ ကောင်းကင်ဘုံသက်တော်စောင့်က မည်မျှရုန်းကန်ပါစေ အသုံးမဝင်တော့ပေ။
“အဆင့်နိမ့်ကောင်းကင်ဘုံသက်တော်စောင့်လေးကများ ငါ့ရှေ့မှာ လာဂျိုကြွရဲတယ်…”
လီယွမ်၏ ရယ်သံက တုန်လှုပ်ဖွယ် ဖြစ်နေသည်။
သို့ရာတွင် ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်း ဖြစ်နေကာ သူက တိုးညင်းစွာ ပြောလိုက်သည်။ “မင်းက အစောပိုင်းတုန်းက တကယ့်ကို လိမ်ခဲ့တာပဲ…”
လီယွမ်က ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ မင်းကို မတိုက်ခိုက်ချင်ဘူး။ ခုချိန်မှာ ကြည်ကြည်သာသာနဲ့ ငါ့နဲ့အတူ ပြန်လိုက်ခဲ့ပြီး မင်းရဲ့ မိုးကောင်းကင်ဘုံနယ်မြေက အမွေရထားတဲ့ ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုပါ။ ဒီကိစ္စပြီးပြတ်သွားရင် ငါက မင်းကို အကျိုးအမြတ်ကောင်းကောင်း ပေးမယ်….”
ဝမ်လင်းက ပြုံး၍ ခေါင်းယမ်းလိုက်သည်။ “မင်းက မင်းဆရာရဲ့ မျိုးဆက်တွေကိုတောင် သတ်ဝံ့မှတော့ ငါက မင်းကို ဘယ်ယုံရဲပါ့မလဲ…”
သူက ထိုသို့ပြောလိုက်ပြီးနောက် ချက်ခြင်းပင် မြန်ဆန်စွာ နောက်ဆုတ်သွားသည်။
လီယွမ်၏ မျက်လုံးက တောက်ပလို့နေ၏။ သူက ရှေ့သို့ ထိုးတက်လာရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ကြည့်ရတာ ငါက မင်းကို တကယ် လျော့တွက်မိခဲ့တဲ့ပုံပဲ။ ဒါပေမဲ့လည်း မင်းက ငါ့လက်ထဲကနေ မပြေးနိုင်ပါဘူး…”
လီယွမ်က ထိုသို့ပြောလိုက်ရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အတားအဆီးတစ်ခုက သူ့မျက်ခုံးနှစ်ခုကြားကနေ ပျံသန်းထွက်သွားသည်။ ကောင်းကင်ထက်ရှိ တိမ်စိုင်များက ရုတ်တရက် ပွင့်ဟလာကာ အကွာအဝေးတစ်ခုရှိ လေဟာနယ်က တွန့်ကြေလာခဲ့သည်။ ထို့နောက် ဝမ်လင်းက ထွက်ပေါ်လာရ၏။
အတင်းအကြပ် ထွက်ပေါ်လာစေ ပြီးနောက်တွင်လည်း ဝမ်လင်းထံ၌ မည်သည့် ကြောက်လန့်နေမှုမှ ရှိမနေပေ။ဖြစ်ပျက်သမျှက သူ တွေးထားသကဲ့သို့ပင် မှတ်ရသည်။
ထိုအချိန်မှာပင် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အလယ်ဗဟိုရှိ အစိတ်အပိုင်းနယ်မြေတစ်ခု ရှိလေ၏။ ယင်းအစိတ်အပိုင်းက ကြီးမားလှခြင်း မရှလှပေ။ အခြားကုန်းမြေထု အစိတ်အပိုင်းများနှင့် ယှဉ်ပါက သေးသည်ဟုပင် ဆိုနိုင်သည်။ ထိုအစိတ်အပိုင်း၏ အစွန်းလေးဘက်တွင် သံထောက်တိုင်များကဲ့သို့ မိုးကြိုးတစ်ခုစီ ဝန်းရံထားသည်။
ထိုအစိတ်အပိုင်း၏ အလယ်၌ ဧရာမအစီအရင်ကြီး တစ်ခု ရှိလေသည်။ ထိုနေရာ၌ အကြီးအကဲလေးယောက်က ထိုင်လျက် ရှိနေသည်။ အကြီးအကဲတိုင်းက ဆံပင်များ ဖြူဖွေးနေလျက် ရှိသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်ကနေ မူလစွမ်းအင်မြောက်များစွာ ထွက်ပေါ်ကာ နေသည်။
ထိုအစီအရင်က ရုတ်တရက် ပြင်းထန်စွာ တလက်လက် ဖြစ်လာ၏။ သို့သော် အကြီးအကဲလေးယောက်ကတော့ မထူးခြားနားသည့်ဟန်သာ ရှိနေ၏။ ခဏအကြာတွင် အရိပ်တစ်ခုက အစီအရင်ထဲ၌ ပေါ်လာခဲ့သည်။
ထိုအရိပ်က အနီရောင်သို့ ပြောင်းလာ၏။ သိပ်မကြာတွင် ပြင်းထန်သောသွေးအော်ရာတစ်ခုက ပျံ့နှံ့လာ၏။ အကြီးအကဲလေးယောက်က မျက်လုံးဖွင့်လာကာ သူတို့အသွင်က အလေးအနက် ဖြစ်သွားကြသည်။
“ဂျူနီယာ ဝမ်လင်း…ဒီအဘိုးအို ရောက်လာခဲ့ပြီ…” ထိုအရိပ်က အနီရောင်ဝတ်စုံ၊အနီရောင်ဆံပင်၊အနီရောင်မျက်ခုံးနှင့် သက်လတ်ပိုင်းလူကြီး တစ်ယောက်အဖြစ်သို့ ပြောင်းလဲ သိပ်သည်းသွားသည်။
ထိုသူကတော့ သွေးဘိုးဘေးပင် ဖြစ်ချေ၏။
***