Switch Mode

အပိုင်း(၇၆၃)

လမြွေနဂါး၏ အရိုးကို ထုတ်ယူခြင်း…

ထူစီ၏ မှတ်ဉာဏ်ထဲ၌ လမြွေနဂါးတွင် လပန်းဟူသည့် အရာတစ်ခုရှိကြောင်း ဖော်ပြထားသည်။၎င်း လပန်းက အလွန်အမင်း အဆိပ်ရှကာ ရှေးဟောင်းနတ်ဘုရား၏ သွေးကလွဲ၍ အခြားမည်သည့်အရာကမျှ ၎င်းအဆိပ်ကို ကုသနိုင်စွမ်း မရှိပေ။

ထိုလပန်း သက်ရောက်လာချိန်၌ လမြွေနဂါးက သေဆုံးသွားနိုင်သည်။ ၎င်းက လမြေနဂါးတစ်ခုလုံးကို ပူပေါင်းတစ်ခုအလား ချဲ့ထွက်ကာ အဆုံးသပ်တွင် ပေါက်ကွဲသွားစေပေလိမ့်မည်။ ထိုအရာက ရှေးဟောင်းနတ်ဘုရားများကလွဲ၍ ကြယ်အဖွဲ့အစည်းထဲရှိ မည်သည့်အရာကိုမဆို သတ်ပစ်နိုင်ပေသည်။

လမြွေနဂါးက ပို၍ ကြီးမားလေလေ ပေါက်ကွဲမှုကလည်း ပိုမို ပြင်းထန်လေလေ ဖြစ်သည်။

ထို့အတွက်ကြောင့် သေဆုံးသွားခဲ့သော လမြွေနဂါများက အကြွင်းအကျန်များ မရှိတော့ခြင်း ဖြစ်သည်။

လမြွေနဂါးများ ဂရုအစိုက်ဆုံးသည်လည်း ထိုလပန်းပင် ဖြစ်သည်။လပန်းကို အန္တရာယ် ရှိစေသော အရာတစ်ခုခု ဖြစ်လာခဲ့ပါက လမြွေနဂါးသည် ထိုအန္တရာယ်များအားလုံးကို ဖယ်ရှားသုတ်သင် ပစ်ပေလိမ့်မည်။

“ဒီလောဘကြီးက ရတနာ မရှိတဲ့နေရာကို မသွားဘူးလို့ ငါ တစ်ခါက ကြားခဲ့ဖူးတယ်။ သူက ဒီလပန်းကို ရတနာတစ်ခုလို့ မှားယွင်းခဲ့တာများလား…”

ဝမ်လင်းအသွင်က သုန်မှုန်နေချေသည်။

ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်များထဲ၌ လပန်းကို အပြင်သို့ ထုတ်ယူ၍ မရဟု ဆိုသည်။ ၎င်းကို ထုတ်ယူလိုက်ပါက ချက်ခြင်း ပေါက်ကွဲသွားမည် ဖြစ်သည်။

“ဒါသာ အမှန်ဆိုရင်…ခုအရွယ်လောက် ရှိတဲ့ လမြွေနဂါးတစ်ကောင်သာ ပေါက်ကွဲသွားရင် မြောက်ပိုင်းနယ်မြေတစ်ခုကျော်လုံးကို မျိုးပြုတ်သွားစေနိုင်လောက်တယ်…”

ဝမ်လင်းက ဦးရေပြားပင် တင်းကြပ်သွား၏။

မည်သူကမျှ လမြွေနဂါးကို မနှောက်ယှက် ရန်မစလျှင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်အထိ ၎င်းက မသေဆုံးတက်ပေ။ ၎င်းက ဒုတိယပုံစံနှင့်သာ ရှိနေပြီး နောက်ဆုံးတွင် သဘာဝအတိုင်းသာ သေဆုံးသွားတက်၏။

လမြွေနဂါးလောက် သန်မာသည့် တစ်စုံတစ်ယောက်ပင် လပန်းကို ထုတ်ယူရန် မဖြစ်နိုင်ပေ။ထိုသို့ လုပ်ဆောင်ပါက ထိုလူသည်ပင် သူ့အသက်ကို ပေးဆပ်ရလိမ့်မည် ဖြစ်၏။

“ဒီလောဘကြီးက သေချင်နေတာပဲ။ ဒါက ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး…”

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ဆက်လက်၍ ရှာဖွေ စမ်းစစ်နေသည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားနေ၏။ ဝမ်လင်းကလည်း အချို့နေရာများကလွဲ၍ လမြွေနဂါး၏ နေရာတိုင်းနီးပါးကို ရှာဖွေခဲ့ပြီး ဖြစ်သည်။ ထိုအချိန်အတွင်း သူက မည်သည့် လမြွေနဂါးကိုမှ ထပ်မံတွေ့ရခြင်း မရှိတော့ပေ။

“သူကသာ လမြွေနဂါးရဲ့ သတ်ဖြတ်ခြင်းကို မခံရရင် သူက မြိုချတာ ခံလိုက်ရမှာပဲ။ လမြေနဂါးက မြိုချသမျှအားလုံးကို အညစ်အကြေးစွန့်ထုတ်တဲ့နေရာမှာ စုစည်းထားတက်တယ်။ ငါက အဲ့နေရာကို စစ်ဆေးကြည့်ဖို့ လိုပြီ…”

ဝမ်လင်းက နေရာတစ်ခုထံသို့ မြန်ဆန်စွာ ရွှေ့လျားသွားသည်။

လမြွေနဂါးသည် ၎င်း၏ ကိုယ်ပိုင် အစာချေဖျက်မှု စနစ်ကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ အညစ်အကြေးများကို အပြင်ဘက်သို့ စွန့်ထုတ်ခြင်း မပြုဘဲ ခန္ဓာကိုယ်က အာဟာရ အဖြစ် တစ်ဖန် စုပ်ယူတက်ပေသည်။

ရက်အတော်အတန် ကြာမြင့်ပြီးနောက် ဝမ်လင်းက လမြွေနဂါး၏ အညစ်အကြေးစွန့်ထုတ်သည့်နေရာသို့ ‌ရောက်လာခဲ့သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူက ဆက်၍ မသွားတော့ဘဲ ထိုနေရာပတ်လည်၌သာ လှည်ပတ်နေသည်။သူ့ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ သူက ထိုနေရာအထဲမှ နတ်ဘုရားအာရုံသတင်းစကား ခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည်။

“အပြင်ဘက်မှာ ရောင်ရင်းကျင့်ကြံသူတစ်ယောက် ရှိနေတာလား…။ငါ့ကို ကယ်ပါ။ကယ်ပါ။ ဒါဆို ငါက အကျိုးအမြတ်များစွာ ပြန်ပေးပါ့မယ်…”

ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူက ထိုအသံနှင့်ပတ်သတ်၍ မစိမ်းလှပေ။ ထိုအသံပိုင်ရှင်က လောဘကြီးပင် ဖြစ်နေ၏။

“ရောင်းရင်းကျင့်ကြံသူ…ငါ့ကို ကယ်ပါ။ ငါ့မှာ ရတနာတွေအများကြီး ရှိပါတယ်။ ရောင်းရင်းကျင့်ကြံသူကသာ ငါ့ကို ကယ်ရင် အားလုံးပေးပါ့မယ်…”

လမြွေနဂါး၏ အညစ်အကြေးစွန့်ထုတ်၊အာဟာရစုပ်ယူသည့်နေရာတွင် လောဘကြီး၏ ခန္ဓာကိုယ်က အလွန်ပါးလွှာစွာသာ ရှိတော့သည်။သူ့ အသွေးအသားနှင့် သွေးအဆီအနှစ် တော်တော်များများက ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။သည်နေရာရှိ စုပ်အားကို တောင့်ခံနိုင်ရန် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကိုလည်း နှစ်တစ်ရာနီးပါး သုံးစွဲထားရ၏။

မီးပြင်းဖိုကြောင့်သာ မဟုတ်ပါက သူက လုံးဝဥသုံပျောက်ကွယ်သွားနေပြီ ဖြစ်သည်။

အတိတ်တုန်းက လောဘကြီးသည် ခုသူရှိနေသော နေရာ၌ စွမ်းအားကောင်းသော ရတနာတစ်ခုကို အာရုံရခဲ့၏။ သူက ထိုသို့သော အားကောင်သော ရတနာ၏ ခံစားချက်အာရုံမျိုးကို သည် ထူးဆန်းသော မီးပြင်းဖိုကို ရရှိခဲ့ချိန်တုန်းကသာ ရရှိခဲ့ဖူးသည်။ ထို့ကြောင့် သူက လောဘတက်ကာ သည်နေရာသို့ ဝင်လာခဲ့ခြင်းပင်။

ယွမ်ရှဂြိုဟ်သည် သူဝင်လာစဉ်က တည်တည်ငြိမ်ငြိမ်ပင် ရှိခဲ့၏။ထို့ကြောင့် သူက သူအာရုံရခဲ့သော ရတနာရှိရာ အတွင်းနက်ပိုင်းထိ ဝင်လာနိုင်ခဲ့ပေသည်။ သူ မျက်စိကျမိသည့် ရတနာကတော့ လမြွေနဂါး၏ လပန်းပင် ဖြစ်လေသည်။

သူက လမ်းတစ်လျှောက်တွင် အရိုးသတ္တုကြောကို တွေ့မြင်ခဲ့သော်လည်း အနည်းငယ်တုံ့ဆိုင်းပြီးနောက် ကောင်းကင်ဘုံတောင်ကို ၎င်းအရိုးပေါ်သို့ ထိုးစိုက်ချခဲ့သည်။ သူက အလွန်လောဘကြီးသူ ဖြစ်သည့်အတွက် ရတနာမှန်သမျှ အလွတ်မပေးလိုခဲ့ခြင်း ဖြစ်၏။

ကံမကောင်းစွာနှင့် သူ့ကြောင့် လမြွေနဂါးက အလွန်နာကျင်သွားကာ နိုးထလာခဲ့ပေ၏။ သူက မီးပြင်းဖိုကိုသာ အမြန်ထုတ်ယူလိုက်နိုင်ခြင်း မရှိခဲ့လျှင် ချက်ခြင်း အသတ်ခံခဲ့ရပြီ ဖြစ်သည်။

သည်အရာက လောဘကြီးကို ကြီးစွာ တုန်လှုပ်စေခဲ့၏။လောဘကြီးက လမြွေနဂါး တည်ငြိမ်သွားသည့်အထိ ရက်အတန်ကြာအောင် ပုန်းကွယ်နေခဲ့သည်။သူက သတ္တုကြောအကြောင်းကို ဆက်လက်၍ မတွေးဝံ့တော့ဘဲ သူအာရုံရခဲ့သည့် ရတနာရှိရာသို့ ဝရောသုန်းကား ဦးတည်လာခဲ့သည်။

သူက သည်နေရာနှင့် ပတ်သတ်၍ တစ်ခုခုမှားနေသည်ဟု သတိပြုမိခဲ့၏။ သို့သော် သူက လောဘဇောတိုက်နေသဖြင့် ချက်ခြင်း ပြန်မထွက်ခွာခဲ့ပေ။

သူ့ အသက်ကယ်ရတနာများနှင့် သူက လပန်း ရှိသောနေရာသို့ အောင်မြင်စွာ ရောက်ရှိလာနိုင်ခဲ့သည်။ လောဘကြီးက ထိုလပန်းကို တစ်ချက်ကြည့်ရုံဖြင့် ပင့်သက်ရှိုက်မိသွားကာ သူ့မျက်လုံးကလည်း လောဘဖြင့် တောက်ပလာခဲ့သည်။

သူက လပန်းကို မည်သည့်အရာ ဖြစ်ကြောင်း မသိခဲ့ပေ။သို့သော် သူက ထိုလပန်းအတွင်း၌ ပြင်းထန်သော အဖျက်အစီးအားတစ်ခု ရှိနေသည်ကို ကောင်းစွာခံစားမိခဲ့သည်။သူက လင်းထျန်ဟူပင် ထိုအဖျက်အစီးအားကြောင့် ဖျက်စီးပစ်ခံရနိုင်သည်ဟုပင် ခံစားမိသည်။

ထို့ကြောင့် သူက လောဘတက်ကာ ထိုရတနာကို ယူဆောင်ရန် ပြင်ခဲ့၏။ သို့ရာတွင် သူက ၎င်းရတနာကို ထိလိုက်သည့် အချိန်မှာပင် ဂြိုဟ်တစ်ခုလုံးက အမှန်တကယ် နိုးထာလာသကဲ့သို့ ထင်မှတ်လိုက်ရ၏။

ဤအခိုက်အတန့်၌ လမြွေနဂါးက ချက်ခြင်းပင် ၎င်း၏ တတိယပုံစံ(တိုက်ခိုက်ရေးပုံစံ) သို့ပြောင်းလဲသွားခဲ့သည်။လောဘကြီးက ကြီးမားလှသည့် ပါးစပ်ကြီးဖြင့် သူ့အား ဝါးမြိုခံလိုက်ခြင်း မတိုင်မီ သူ့နတ်ဘုရားအာရုံ အစိတ်အပိုင်း အနည်းငယ်ကို လပန်းထဲသို့ ထည့်သွင်းနိုင်ခဲ့၏။

ထို့နောက် သူက ယခုသည်နေရာတွင် ပေါ်လာခဲ့ခြင်း ဖြစ်လေ၏။

သူက သည်ထူးဆန်းသောနေရာနှင့် ပတ်သတ်၍ ဆင်ခြင်မိသွားခဲ့၏။ သည်ဂြိုဟ်က အမှန်တော့ အလွန်ကြီးမားသည့် သားရဲကောင်ကြီး ဖြစ်နေသည်ကို သူက သိရှိလိုက်သည့်အတွက် ထိုရတနာကို လက်လျော့ကာ ထွက်ပြေးရန် ပြင်ခဲ့၏။

သူက မီးပြင်းဖို၏ စွမ်းအားကို မှီခိုကာ သည်နေရာကနေ ထွက်ပြေးနိုင်ရန် အကြိမ်များစွာ ကြိုးစားခဲ့သည်။သို့သော် သူ ကြိုးစားခဲ့သည့် အခါတိုင်း သူက ပြန်အဖမ်းခံရကာ မြိုချခြင်း ခံရပြီး သည်နေရာသို့သာ ပြန်ပြန် ရောက်လာခဲ့၏။ ထို့အပြင် နောက်ဆုံးတစ်ခေါက် ကြိုးစားပြီးသည့်နောက် မီးပြင်းဖိုက လက်တံများနှင့် ထွေးခြုံပတ်ခြင်းကို ခံလိုက်ရကာ ယင်းလက်တံများက မီးပြင်းဖို၏ စွမ်းအားကို စုပ်ယူနေခဲ့ပြီး ၎င်းမီးပြင်ဖို၏ စွမ်းအားကို လျော့နည်းသွားအောင် ပြုလုပ်နေခဲ့သည်။

လောဘကြီး၏ ဉာဏ်ရည်ဖြင့် သူ ရောက်ရှိနေသော နေရာက ထိုသားရဲကြီး၏ စုပ်ယူ၊စွန့်ထုတ်သည့် နေရာမှန်း ကောက်ချက်ချလိုက်နိုင်၏။ သူက ထိုသားရဲကြီးက သူ့ကို မသတ်ဘဲ သည်နေရာသို့သာ ဘာကြောင့် ခေါ်ဆောင်လာနေသည်ကိုတော့ နားမလည်ခဲ့ပေ။

အခုတစ်ကြိမ်က နှစ်ပေါင်းတစ်ရာအတွင်း အပြင်ဘက်၌ တစ်စုံတစ်ယောက် ရောက်လာသည်ဟု ပထမဆုံးခံစားမိလိုက်ခြင်း ဖြစ်သည်။သူ့စိတ်လှုပ်ရှားမှုက ဖော်မပြနိုင်လောက်အောင်ပေ။

“ရောင်းရင်းကျင့်ကြံသူ…ငါ့ကိုကယ်ပါ…။ ဒီအဘိုးအိုက ရတနာတွေအားလုံးပေးမယ်လို့ ကျိန်ဆိုပါတယ်…”

လောဘကြီးက သူ့နတ်ဘုရားအာရုံဖြင့် ဆက်တိုက် သတင်းပို့ ပြောကြားနေ၏။

ဝမ်လင်းက စကားတစ်ခွန်းမှ မဆိုပေ။ ထိုအစား သူက လှည့်ထွက်ရန် ပြင်၏။

ဝမ်လင်းက ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်သည့် အထဲသို့ ဝင်ရောက်ရန် ခက်ခဲကြောင်း သိပေ၏။ သူက အထဲသို့ ဝင်လိုက်လျှင် ပြန်ထွက်ရန် မဖြစ်နိုင်တော့ပေ။ လောဘကြီးက ထိုနေရာတွင် တစ်ယောက်တည်း ပိတ်လှောင်မိနေပြီး မည်သူကမျှ သူ့ကို လာမကယ်ခဲ့ပေ။ ထို့အတွက်ကြောင့် ဝမ်လင်းက လောဘကြီးသည် မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ သူ တစ်ယောက်တည်း လာခဲ့သည်ဟု ကောက်ချက် ချလိုက်တော့၏။

ထိုသို့ နားလည်သွားပြီးနောက် ဝမ်လင်းသည် ထိုမဟာမိတ်ကြယ်အဖွဲ့အစည်းကြီးမှ မွန်းစတားအိုကြီးများနှင့် ပတ်သတ်၍ စိတ်ပူပန်မိခြင်း မရှိတော့ပေ။သူကသာ လောဘကြီးနှင့် စကားပြော၍ အချိန်ဖြုန်းနေလျှင် သူက ဝမ်လင်း မဟုတ်တော့ပေ။

သူက ချက်ခြင်း လှည့်ထွက်လာသည်။ သူက လောဘကြီး ပြောသော ရတနာများနှင့် ပတ်တသ်၍လည်း စိတ်ထက်သန်မိခြင်း မရှိပေ။

ဝမ်လင်းက ဆက်လက်၍ ရွှေ့လျားလာသည်။ အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် သူက အရိုးပေါ်ရှိ အက်ကွဲရာ ရှိသော နေရာသို့ ပြန်ရောက်လာခဲ့သည်။ သူက အချိန်အတန်ကြာ လေ့လာစမ်းစစ်ကြည့်နေပြီးမှ ထိုနေရာပတ်လည်၌ မည်သည့်လမြွေနဂါးငယ်မှ ရှိမနေဟု ဆုံးဖြတ်လိုက်၏။ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ချကာ လေအပြည့် ရှိုက်သွင်းသည်။

သူက ထိုင်ချပြီးနောက် လှုပ်ရှားခြင်း မပြုတော့ပေ။ ကောင်းကင်ဘုံသက်တော်စောင့်က ထွက်ပေါ်လာကာ ၎င်း၏ ပတ်ဝန်းကျင်ကို သေချာကြည့်ရှုနေ၏။ သူက ပြီးခဲ့သော အချိန်က သည်နေရာတွင် အန္တရာယ် ကြုံပြီးကတည်းက ထပ်မံ မစွန့်စားကြည့်ဝံ့တော့ပေ။

သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ထိုအခါ မရေမတွက်နိုင်သော လက်တံများပေါ်၌ သူချိပ်ပိတ်ထားခဲ့သော ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အရည်များက စိမ့်ထွက်လာကြတော့၏။

ကောင်းကင်ဘုံတက်ခြင်းသစ်သီးအရည် အစိတ်အပိုင်းတစ်ခုကိုသာ လမြွေနဂါးက စုပ်ယူပါက ပင်လယ်ထဲ ရေတစ်စက် လောင်းထည့်သလို ဖြစ်နေပေလိမ့်မည်။

သို့သော် ခု တစ်ကြိမ်ကတော့ မတူပေ။ ကောင်းကင်ဘုံတက်ခြင်းသစ်သီး အရည်စက်မြောက်များစွာက တစ်ချိန်တည်းမှာ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ သူ့လက်တံများမှ တစ်ဆင့် စိမ့်ဝင်သွားခဲ့ခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် လက်တံအများစုက လှုပ်ယမ်းဝှေ့ခါနေရာကနေ ရပ်တန့်သွားကြကာ စတင် တုန်ယင်လာကြ၏။ ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင်က စတင် ပျံ့နှံ့လာချေသည်။

ကောင်းကင်ဘုံတက်ခြင်းသစ်သီးအရည်စက် မြောက်များစွာသော ပမာဏ၏ ထူးဆန်းသောအားက လမြွေနဂါး၏ ခန္ဓာကိုယ်ထဲသို့ သူ့လက်တံရင်းမြစ်များထဲကနေ တိုးဝင်သွားကြပေသည်။

ထိုအခါ မြေပြင်က တုန်ခါလာကာ မြေကြီးထဲကနေ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာသည်။လက်တံများအားလုံးကလည်း ၎င်း၏ ရန်လိုမှုကို ဆုံးရှုံးသွားကာ ရီဝေဝေ ဖြစ်သွားကြ၏။

ဝမ်လင်းကျင့်ကြံမှုအဆင့်က မလုံလောက်လျှင်၊ သို့မဟုတ် ပျံ့ကျဲနတ်ဆိုးမိစ္ဆာ၏ ဂြိုဟ်စိတ်ဝိညာဉ်ကို ထုတ်ယူခြင်းအား တွေ့ကြုံဖူးခြင်း မရှိခဲ့လျှင် သူက မြေပြင်တုန်ခါမှုနှင့် လမြွေနဂါး၏ စိတ်ဝိညာဉ်ထဲမှ စိတ်လှုပ်ရှားမှုအာရုံတို့ကို ခံစားမိနိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ ချက်ခြင်းပင် သူ့လက်မောင်းကို ဖြန့်ကားကာ သူက ဟနေသော အရိုးစုနှစ်ခုပေါ်သို့ ထိလိုက်၏။ သူက ထိုအဟနှစ်ခုကို သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ဖြင့် ပြန်ချိတ်ဆက်သည်နှင့် အလားသဏ္ဌာန်တူသည်။

“တစ္ဆေလောကမြစ်ရဲ့ တတိယစွမ်းရည် တစ္ဆေလောကစွမ်းအား…” ဝမ်လင်း၏ တစ္ဆေလောကမြစ်သည် ထွက်ပေါ်လာ၏။

၎င်းက သူ့လက်မောင်းနှစ်ဖက် တစ်လျှောက် နှစ်ပိုင်းကွဲသွားကာ ကြမ်းကြုတ်သော နဂါးများအလား ထိုးထွက်သွားသည်။ ၎င်းက အရိုးသတ္တုကြောက်တစ်လျှောက် မြန်ဆန်စွာ ရွှေ့လျား၍ ဖုံးအုပ်သွား၏။

ဝမ်လင်းက အော်ပြောလိုက်၏။ “အရိုး ထုတ်ယူခြင်း…”

တစ္ဆေလောကမြစ်ထံမှ ပြင်းထန်သောစုပ်အားတစ်ခု ပေါ်လာသည်။သည်တတိယစွမ်းရည်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ဒီလှိုင်းအသူတရာချောက်နက်ထဲ၌ ဝမ်လင်း ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းအားက ဝမ်လင်းဉာဏ်အလင်းကနေ ရလာခဲ့သော စွမ်းရည်ဖြစ်သည်။

၎င်း၏ စွမ်းအားက သူ့တာအိုနှင့်အတူ တိုးတက်လာခဲ့ပေသည်။ ဤအခိုက်အတန့်၌ သူ့အာဏာတက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံမှုဖြင့် ယင်းစွမ်းရည်ကို အသုံးပြုနေခြင်း ဖြစ်ကာ ဂြိုဟ်တစ်ခုလုံးအား တုန်ယင်သွားစေဖို့ လုံလောက်နေပေ၏။ဂြိုဟ်ပတ်လညရှိ မြူများပင် သက်ရောက်ခြင်း ခံရသည်။

ရှေးဟောင်း ခံစားချက်ကို ပေးစွမ်းနေသော ခပ်အုပ်အုပ် ငြီးတွားသံလှိုင်းက မြေကြီးထဲကနေ ထွက်ပေါ်လာကာ အလွန်ဝေးကွာသော နေရာထိ ပျံ့နှံ့သွား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset