Switch Mode

အပိုင်း(၇၆၀)

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေတွင် အဓိကဂြိုဟ်ကြီး ငါးခု ရှိ၏။ ထိုဂြိုဟ်ငါးခု လက်အောက်တွင် ဂြိုဟ်ပေါင်းများစွာရှိသည်။ ယင်းဂြိုဟ်များပေါ်၌ များစွာသော ကျင့်ကြံခြင်းမိသားစုများ ရှိ၏။ ဝမ်လင်းက မိုးကြိုးသားရဲကျောပေါ်တွင် ထိုင်လျက် ချမ်မိသားစု ရှိရာသို့ တိုက်ရိုက် ဦးတည်သွားနေ၏။

ချမ်မိသားစု၏ ဒုတိယအဆင့်ကျင့်ကြံသူများက တံခါးပိတ်ကျင့်ကြံနေကြသည်။ ထို့ကြောင့် ချမ်မိသားစုအရေးနှင့် ပတ်သတ်သမျှကို ချမ်ခိုင်ဇီက စီမံဆောင်ရွက်ထားသည်။ဝမ်လင်း ပုံရိပ်တစ်ထောင်ဂြိုဟ်သို့ စဝင်လာကတည်းက ချမ်ခိုင်ဇီက သတိပြုမိခဲ့ပြီး ဖြစ်သည်။

သူက ဝမ်လင်း မိုးကြိုးသားရဲနှင့်အတူ ရောက်လာသည်ကို မြင်လိုက်သည့်အခါ ဟွမ်မိသားစုဘိုးဘေးသည် သူ့ကို လိမ်ညာခဲ့သည်ဟု ပိုထင်မြင်သွား၏။ ထိုလူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော် ဖြစ်နေမည်မှာ သံသယဝင်စရာ မရှိပေ။

လွန်ခဲ့သော နှစ်ပေါင်းခုနစ်ဆယ်ခန့်က ဟွမ်မိသားစုဘိုးဘေးနှင့် တိုက်ပွဲ၌ ထိုလူ ပြသခဲ့သည့် မန္တာန်များ၊ရတနာများက ချမ်ခိုင်ဇီ၏ နှလုံးသားကို တုန်ယင်စေခဲ့ပေ၏။

“ငါ့ချမ်မိသားစု ရဲ့ သေခြင်းရှင်ခြင်းက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်အပေါ် မှီတည်နေပြီ။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးမှာ ရှေးဟောင်းမိသားစုထဲမှ တစ်ယောက်သာ မဟုတ်ရင် လူတိုင်းက ရှင်သန်ရပ်တည်နိုင်ဖို့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်အပေါ် မှီခိုဖို့လိုတယ်…””

ချမ်ခိုင်ဇီက အနည်းငယ် ချီတုံ့ချတုံ ဖြစ်နေသည်။ ခုချိန် သူ့ဆုံးဖြတ်ချက်က အနာဂတ်ချမ်မိသားစု၏ တိုးတက်မှုကို ဆုံးဖြတ်နိုင်ပေလိမ့်မည်။

“ကံမကောင်းစွာနဲ့ မိသားစုရဲ့ ဒုတိယအဆင့်ကျင့်ကြံသူတွေ အကုန်လုံးက တံခါးပိတ်ကျင့်ကြံနေကြတယ်။ ငါက သူတို့ကို သွားနှောက်ယှက်လို့လည်း မဖြစ်ဘူး…”

ချမ်ခိုင်ဇီက တုံ့ဆိုင်းဆိုင်း ဖြစ်နေစဉ်မှာပင် ဝမ်လင်းက ချမ်မိသားစုမြို့ရှိရသို့ မိုးကြိုးသားရဲနှင့်အတူ ဦးတည်လာနေသည်။

ချမ်မိသားစုမြို့က အလွန်ကြီးမားလှ၏။ တကယ်တော့ ချမ်မိသားစုက ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်တွင် နံပါတ်တစ်မိသားစု မဟုတ်လား။

ချမ်ခိုင်ဇီနှင့် ချမ်မိသားစုမှ ကျင့်ကြံသူအချို့သည် ဝမ်လင်းကို ကြိုဆိုရန် ထွက်လာကြသည်။

ချမ်ခိုင်ဇီ၏ ကျင့်ကြံမှုအဆင့်က ဝမ်လင်းထက် မြင့်သော်လည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်၏ အဆင့်အတန်းက ကောင်းကင်လောက် မြင့်မားပေသည်။ထို့ကြောင့် သူတို့က ဝမ်လင်းကို ထိုကျောင်းတော်မှ တမန်တော်ဟု ထင်မြင်မိနေကာ မလေးမစား မလုပ်ဝံ့ကြပေ။

မိုးကြိုးသားရဲအပေါ်ကနေ ဝမ်လင်းက ချမ်မိသားစုမှ ကျင့်ကြံသူများကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က ချမ်ခိုင်ဇီပေါ်သို့ ကျရောက်သွားသည်။ သူက ပြောလိုက်၏။ “စီနီယာ ချမ်ခိုင်ဇီ…မတွေ့ရတာ ကြာပြီ…”

ချမ်ခိုင်ဇီက ရယ်မောကာ ပြောဆိုလိုက်၏။ “ငါက စီနီယာလို့ အခေါ်မခံဝံ့ပါဘူး။ တမန်တော်အရှင်ရဲ့ အဆင့်အတန်းက မြင့်မြတ်ပါတယ်။ ငါ့ကျင့်ကြံမှုအဆင့်က နည်းနည်းပိုမြင့်ရုံသာ ရှိတာပါ။ ငါတို့က အဆင့်တူတွေလိုပဲ ပြောကြရအောင်…”

ချမ်ခိုင်ဇီက တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ တုန်လှုပ်နေမိသည်။ သူက ထိုလူ့ကို စမြင်တုန်းက အာဏာတက်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။သို့သော် ခု ရာစုနှစ်တစ်ခု မပြည့်သော အချိန်မှာပင် သူက အာဏာတက်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ သူက ပထမအဆင့်၌သာ ဖြစ်သော်လည်း သည်အမြန်နှုန်းက တုန်လှုပ်စရာ ကောင်းလှပေ၏။

ထိုသို့ ပြုလုပ်နိုင်ရန် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အမျိုးမျိုးသော ကျင့်ကြံမှုနည်းလမ်းများဖြင့်သာ ဖြစ်နိုင်ပေလိမ့်မည်။

ချမ်ခိုင်ဇီကို တုန်လှုပ်မိဆုံး ဖြစ်စေသည့်အရာကတော့ ဝမ်လင်းအောက်ရှိ မိုးကြိုးသားရဲပင်။ထိုသားရဲက ပို၍ ကြမ်းကြုတ်လာကာ ၎င်း၏ အကြည့်က ချမ်ခိုင်ဇီပေါ်သို့ ကျရောက်လာသည့်အခါတွင် သူက သူနှင့်အဆင့်တူ ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို ခံစားလိုက်ရသည်။

ချမ်ခိုင်ဇီက တွေးလိုက်၏။ “အတိတ်တုန်းက ငါက ဒီလူရဲ့ အဆင့်အတန်းဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှာ မြင့်မားလိမ့်မယ်လို့ တွေးထင်ခဲ့ဖူးတယ်။ ကြည့်ရာတာ ဒါက အမှန်ဖြစ်ဖို့ (၇၀) ရာခိုင်နှုန်းလောက် သေချာနေပြီ…”

ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။ “ဒါလည်း အဆင်ပြေပါတယ်…။ရောင်းရင်းကျင့်ကြံသူချမ်ခိုင်ဇီ…ငါ ဒီကို ရောက်လာတဲ့အကြောင်းက ကောင်းကင်ဘုံတက်ခြင်းသစ်သီးအချို့အတွက်ပါ..”

ချမ်ခိုင်ဇီက တိတ်ဆိတ်စွာ တွေးနေမိသည်။ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ရာ၌ အရေးကြီးလှသော်လည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်ထံမှ ထောက်ခံမှုရခြင်းက ပို၍ပင် အရေးကြီးသည်ဟု ချမ်ခိုင်ဇီက တွေးလိုက်မိသည်။

သူ့ကို ချီတုံ့ချတုံ ဖြစ်စေသည့်အရာက ထိုလူ၏ အနာဂတ်တိုးတက်မှုပင် ဖြစ်သည်။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် တမန်တော်တစ်ယောက်၏ အထောက်အပံ့ရသော မိသားစုတစ်ခုသည် ထိုတမန်တော် မသေဆုံးခင်အထိ အခြားတစ်ယောက်၏ အထောက်အပံကို ထပ်ရှာရန်မလိုဟု ပြော၍ရ၏။

“ငါ့ချမ်မိသားစုရဲ့ ရင်းမြစ်တွေနဲ့ဆိုရင် ငါတို့က ဒုတိယအဆင့်ကို ရောက်နေတဲ့ တမန်တော်တွေကို ခေါ်ယူလို့ ရနိုင်လောက်တယ်။ ဒါပေမဲ့လည်း ဒီဒုတိယအဆင့်မှာ ရှိနေတဲ့ တမန်တော်တွေက မောက်မာလွန်းအားကြီးတယ်။ သူတို့ရဲ့ အထောက်အပံ့ကို ရဖို့ ငါတို့ရဲ့ ရင်းမြစ်တွေ အများကြီး လိုအပ်လိမ့်မယ်…။ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က ခုချိန်မှာ လုံလောက်မှု မရှိသေးဘူးဆိုရင်တောင် အနာဂတ်မှာ သူ့အဆင့်အတန်းက အကန့်အသတ် မရှိဘူး။ဒါက အလောင်းအစားတစ်ခု ဆိုပေမဲ့လည်း ငါကသာ မှန်မှန်ကန်ကန် လောင်းကြေး ထပ်နိုင်ခဲ့ရင်…”

ချမ်ခိုင်ဇီက အတွေးပေါင်းစုံနှင့် ချီတုံ့ချတုံ ဖြစ်နေ၏။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်တစ်ယောက်၏ အထောက်အပံကို မရရှိခဲ့လျှင် ထိုအရာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အကာအကွယ်ကို မရရှိဟု ဆိုလိုပေသည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ ဧရာမတည်ရှိမှု တစ်ခု ဖြစ်၏။ ၎င်းကျောင်းတော်၏ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းအပေါ် ထိန်းချုပ်သည့်နည်းလမ်းက အလွန်ရှေးကျကာ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်း၏ မဟာမိတ်ကြယ်အဖွဲ့အစည်းအပေါ် ထိန်းချုပ်ခြင်းနှင့် ကွာခြားလှသည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးထဲ၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် တမန်တော်အရည်အတွက်သည် မပြောင်းမလဲ ရှိသည်။ ထိုတမန်တော်များက အရေအတွက်အားဖြင့် ကိုးဆယ့်ကိုးယောက် ရှိသည်။

ထိုတမန်တော်တစ်ယောက်စီပေါ်၌ မိသားစုများစွာ မှီခိုနေကာ သူတို့၏ ကိုယ်ပိုင်အင်အားကို တိုးတက်စေသည်။ ထိုနည်းလမ်းက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ တစ်သီးတစ်သန့် နည်းလမ်း မည်၏။

မိုးကြိုးတာအိုပညာရှင်၏ အင်အားစုများက မြောက်ပိုင်းနယ်မြေတွင် မရှိပေ။ သူက သည်နေရာသို့ ရောက်လာခြင်းက စုံစမ်းရန် အမိန့်ပေးခံရသောကြောင့် ဖြစ်သည်။ သည့်အပြင် သူက သည်နေရာသို့ တစ်ကိုယ်တည်း ရောက်လာခဲ့ခြင်းက သူ့ကိုယ်သူ ယုံကြည်မှု ရှိနေသောကြောင့်သာ ဖြစ်သည်။

ဝမ်လင်းနှင့်မိုးကြိုးတာအိုပညာရှင်တို့ တိုက်ပွဲက မိုးကြိုးတာအိုပညာရှင်၏ လွှမ်းမိုးမှု အဝန်းအဝိုင်းတွင်သာ ဖြစ်ခဲ့ပါက ဝမ်လင်းသည် သံသယမရှိ သေဆုံးသွားခဲ့ရပေလိမ့်မည်။

ချမ်ခိုင်ဇီက အချိန်အတန်ကြာ စဉ်းစားနေ၏။ ဝမ်လင်းကလည်း တွန်းတိုက်တိုက် မလုပ်ဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းပေးနေသည်။ သူက ချမ်ခိုင်ဇီ မည်သည့်အရာကို တွေးနေသည်နှင့် ပတ်တတ်၍ မသိပေ။တကယ်တော့ ချမ်ခိုင်ဇီ၏ အတွေးများက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများနှင့် လားလားမျှ မပတ်သတ်ချေ။

သိပ်မကြာခင်တွင် ချမ်ခိုင်ဇီက သက်ပြင်းချလိုက်၏။ ဟွမ်မိသားစု ဘိုးဘေးစကားများက သူ့နားထဲ၌ ပဲ့တင်ထပ်နေခဲ့သည်။သူက အနည်းငယ် တုံ့ဆိုင်းပြီးနောက် ပြောလာ၏။ “တမန်တော်အရှင်…ငါ့ချမ်မိသားစုမှာ ကောင်းကင်ဘုံတက်ခြင်းသစ်သီး တော်တော်များများ ရှိပါတယ်။ ငါတို့က သင့်ကို တစ်ဝက်တိတိ လက်ဆောင် အဖြစ် ပေးနိုင်တယ်။ ဒါပေမဲ့ ငါ့မှာ တောင်းဆိုဆရာ တစ်ခုရှိတယ်။ တမန်တော်အရှင်က ဒီတောင်းဆိုမှုကို သဘောတူလိမ့်မယ်လို့ မျှော်လင့်မိပါတယ်…”

ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “ပြောပါ…”

ချမ်ခိုင်ဇီက ဝမ်လင်းကို ကြည့်၍ ပြောလိုက်၏။ “ငါက တမန်တော်အရှင်ရဲ့ မိုးကြိုးကောင်းကင်ဘုံကျောင်း အမှတ်အသား တုန်ကင်ကို ကြည့်ချင်ပါတယ်…”

သူ့အကြည့်က ကျဉ်းမြောင်းသွားသည်။ထိုလူကသာ တုန်ကင်ကို ထုတ်မပြနိုင်လှှင် သူက တမန်တော်အတုအယောင် ဖြစ်ပေလိမ့်မည်။ သို့သော် သူက ထုတ်ပြနိုင်လျှင်တော့ ချမ်ခိုင်ဇီက သေချာသောဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပြီ ဖြစ်သည်။

ဝမ်လင်းက ချမ်ခိုင်ဇီကို အေးစက်စွာ ကြည့်လာ၏။ သူက အချိန်ဖြုန်းမနေဘဲ သိုလှောင်အိတ်ထဲမှ မိုးကြိုးတာအိုပညာရှင်၏ ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားထံမှ မိုးကြိုးများ ပေါက်ကွဲထွက်လာကာ မိုးကြိုးခွန်အားက ပျံ့နှံ့လာချေ၏။

ချမ်ခိုင်ဇီသည် အရင်တုန်းက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်ထံမှ တုန်ကင်ကို တွေ့မြင်ခဲ့ဖူး၏။ သူက ယခုတုန်ကင်ကို တွေ့မြင်လိုက်ရသည့်အခါတွင် မိုးကြိုးခွန်အားကို ခံစားမိကာ သူ့အသွင်က အလွန်လေးစွားသည့် ဟန်ပန်သို့ ပြောင်းလဲသွားပြီး သူ့စိတ်ထဲရှိ သံသယကလည်း ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။

“တမန်တော်အရှင်…ငါ့ချမ်မိသားစုက သင်နဲ့ သဘောတူညီမှု တစ်ခု ပြုလုပ်ဖို့ ဆန္ဒရှိပါတယ်။ သင်က ယင်နဲ့ယန်အဆင့်ကို ရောက်သွားတဲ့အခါကျရင် ငါ့ချမ်မိသားစုက သင့်ရဲ့ လက်အောက်ခံ ဖြစ်လာ ချင်ပါတယ်။ အဲ့မတိုင်ခင် ငါ့ချမ်မိသားစုက သင်လိုအပ်သမျှကို အကောင်းဆုံး ဖြည့်ဆည်းပေးပါ့မယ်…”

ချမ်ခိုင်ဇီက မည်သည့်သံသယမှ မရှိတော့သော်လည်း တမန်တော်တစ်ယောက်၏ အထောက်အပံကို ရဖို့က အလွန်အရေးကြီးသည့် ကိစ္စ ဖြစ်နေသည်။ ထို့ကြောင့် သူက စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းပင်။

ဝမ်လင်းအသွင်က မပြောင်းမလဲပင်။ သို့သော် သူ့စိတ်ထဲတွင်တော့ အတွေးများစွာ ရှုပ်ယှက်ခက်နေ၏။ “ဒီမိုးကြိုးကောင်းကင်ဘုံကျောင်းတော်က နည်းနည်း ထူးဆန်းတယ်လို့ ထင်ရတယ်…”

ငါ့ လက်အောက်ခံမိသားစု ဖြစ်လာတာက….အင်း… မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်တွေက သူတို့ရဲ့ ကိုယ်ပိုင်အင်အားကို တိုးတက်စေနိုင်တာများလား…”

ဝမ်လင်းက သူ့စိတ်ထဲရှိ အရာကို မမေးလိုက်ပေ။သူက တိုးညင်းစွာ ပြောလိုက်၏။ “ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့။ အရင်ဆုံး ငါ့ကို ကောင်းကင်ဘုံတက်ခြင်းသစ်သီးတွေ ပေးပါ…”

ချမ်ခိုင်ဇီက ကြိတ်၍ သက်ပြင်းချမိသည်။ တစ်ခြားတစ်ဘက်မှ လူသည် သူ့တောင်းဆိုမှုကို စိတ်မဝင်စားသည့်ပုံပင်။သို့သော် ထိုအရာက ပုံမှန်ပင် ဖြစ်၏။ သူတို့၏ သွေးမျိုးဆက် အမွေအနှစ်ကို လွှဲပြောင်းပေးခြင်း မရှိဘဲ လက်အောက်ခံမိသားစု အစစ်အမှန် ဖြစ်လာသည်ဟု ယူဆ၍ မရချေ။

သူ့ ချီတုံ့ချတုံ့ ဖြစ်မှုက သူ့ချမ်မိသားစု၏ အနာဂတ်တိုးတက်မှု အခွင့်ရေးကို လွဲချောသွားအောင် ပြုလုပ်နေမိသလားတော့ သူ မသိပေ။ခုချိန်၌ ထိုအကြောင်းကို တွေးနေဖို့လည်း အချိန်မရှိပေ။ သူက ဝမ်လင်း၏ စကားကို ကြားလိုက်သည့်အခါ ချမ်မိသားစုဝင်များကို အမိန့်‌ပေး စေလွှတ်လိုက်သည်။

သိပ်မကြာခင်တွင် ချမ်မိသားစုမှ ကျင့်ကြံသူတစ်ယောက်သည် သိုလှောင်အိတ်တစ်အိတ်ကို ယူကာ ပြန်ပေါ်လာပြီး ချမ်ခိုင်ဇီထံသို့ ကမ်းပေးလိုက်၏။

ချမ်ခိုင်ဇီက သိုလှောင်အိတ်ကို ဝမ်လင်းထံသို့ ပစ်ပေးကာ ပြောလိုက်သည်။ “တမန်တော်အရှင်…ဒါက ငါတို့ချမ်မိသားစု ပိုင်ဆိုင်တဲ့ ကောင်းကင်ဘုံတက်ခြင်းသစ်သီး တစ်ဝက်ပါ…”

ဝမ်လင်းက သိုလှောင်အိတ်ကို ယူကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်သည်။ ထိုသိုလှောင်အိတ်ထဲရှိ သစ်သီးပမာဏက ဟွမ်မိသားစု သူ့ကို ပေးလိုက်သော သစ်သီးပမာဏနှင့် တူတူပင် ဖြစ်သည်။သို့သော် ထိုသစ်သီးများက သူ့အတွက် မလုံလောက်သေးပေ။

“ကျေးဇူးပဲ…” ချမ်ခိုင်ဇီကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ပြီးနောက် ဝမ်လင်းက မိုးကြိုးသားရဲ ခေါင်းကို ပုတ်လိုက်သည်။ ထိုအခါ မိုးကြိုးသားရဲက ဟိန်းသံပြုကာ မိုးကြိုးတန်းအဖြစ်သို့ ပြောင်း၍ ပျောက်ကွယ်သွားချေသည်။

ချမ်ခိုင်ဇီက ထွက်ခွာသွားသော မိုးကြိုးတန်းကို ကြည့်ကာ နောင်တရသလို ခံစားနေမိ၏။ သူကသာ ပို၍ ပြတ်သားခဲ့လျှင် တမန်တော်၏ အထောက်အပံ့ကို ရနိုင်သည်ဟု တွေးမိနေခြင်း ဖြစ်လေသည်။

ဝမ်လင်းက သူလိုအပ်သော ကောင်းကင်ဘုံသစ်သီးများ၏ ငါးပုံတစ်ပုံကိုသာ ရရှိခဲ့သေးသည်။ထို့ကြောင့် သူက ထပ်မံ၍ ခရီးဆက်ရန် လိုအပ်နေသည်။ လွန်ခဲ့သော နှစ်တစ်ရာအတွင်း ပုံရိပ်တစ်ထောင်ဂြိုဟ်တွင် အပြောင်းအလဲများစွာ ဖြစ်ပျက်သွားခဲ့သည်။ ရှုမိသားစုကလည်း ထူးဆန်းစွာပင် သည်ဂြိုဟ်တွင် မနေတော့ဘဲ တစ်နေရာသို့ ပြောင်းသွားကြ၏။

ပုံရိပ်တစ်ထောင်ဂြိုဟ်မှ ထွက်လာပြီးနောက် နောက်ထပ် လများစွာ ကြာသည့်အထိ ဝမ်လင်းက မြောက်ပိုင်းနယ်မြေတွင် လှည့်လည်သွားလာနေကာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော် အယောင်ဆောင်ခဲ့ပေသည်။ကျင့်ကြံခြင်းဂြိုဟ်များက သေးငယ်သည် ဖြစ်စေ ကြီးမားသည် ဖြစ်စေ သူက ပေါ်ပေါ်လာတက်ပေသည်။

ထိုအခါ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်က ပေါ်ပေါ်လာတက်ကာ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများကို တောင်းခံနေသည်ဟူသော သတင်းစကားက ပျံ့နှံ့လာခဲ့သည်။သို့ရာတွင် ဝမ်လင်းက ထိုသတင်းကို သူ့တမန်တော်တည်းဟူသော အဆင့်အတန်းကို သုံး၍ ဖိနှိပ်ထားခိုင်းခဲ့၏။ ထို့ကြောင့် ထို သတင်းစကားက ကျင့်ကြံခြင်းမိသားစုများကြား၌သာ ကျန်ရှိတော့သည်။

ကျင့်ကြံခြင်းမိသားစုတော်တော်များများက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်နှင့် တစ်ခါမှ မတွေ့ဆုံဖူးကြာတာ များ၏။ထို့ကြောင့် သူတို့အများစုက ဝမ်လင်း ရောက်လာသည်နှင့် ကြိုဆိုတက်ကြပေသည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်ဟူသော ဂုဏ်ဒြပ်က မိသားစုတိုင်းနီးပါးကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့က သူတို့၏ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများကို ကမ်းလှမ်းခဲ့ကြပေသည်။ အချို့ သေးငယ်သော ကျင့်ကြံမှုမိသားစုများဆိုလျှင် သူ့လက်အောက်ခံမိသားစု ဖြစ်လာရန်ပင် တောင်းဆိုခဲ့ကြသည်။

ဝမ်လင်းက သေချာ ချိန်ဆပြီးနောက် ထိုတောင်းဆိုမှုများကို လက်မခံခဲ့ပေ။ ထိုကိစ္စက ပြဿနာ ကြီးသွားနိုင်ပေ၏။ သူတို့ကသာ သူ့လက်အောက်ခံများ ဖြစ်လာပါက သူ့ပုံရိပ်အမှန်သာ နောက်အနာဂတ်တွင် ပေါ်လာလျှင် ထိုသူများကိုပါ ငြိစွန်းလာနိုင်ပေ၏။ သူက ထိုမိသားစုများနှင့်လည်း မည်သည့် ရန်ငြှိုးမှ မရှိနေခဲ့ပေ။

ထိုအဖြစ်များကို တွေ့ကြုံပြီးသည့်နောက် ဝမ်လင်းက ထိုမိသားစုများသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော် တမန်တော်များ၏ လက်အောက်ခံ ဘာကြောင့် ဖြစ်ချင်ကြကြောင်း သဲလွန်စအချို့ကို ရိပ်ဖမ်းသံဖမ်း သိရှိလာခဲ့သည်။

ကောင်းကင်ဘုံသစ်သီးများက သူ လိုအပ်သည်ထက်ပင် ပိုများပြားလာခဲ့ပေသည်။ သို့သော် သူက ထိုသစ်သီးများက ဆက်လက်၍ စုဆောင်းနေတုန်းပင်။ တကယ်တော့ ထိုသစ်သီးများက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ရာ၌ အသုံးချနိုင်စွမ်း ရှိနေသည် မဟုတ်လား။

နှစ်ဝက်ခန့်ကြာမြင့်ပြီးနောက် ဝမ်လင်းသည် မိုးကြိုးသားရဲနှင့်အတူ ယွမ်ရှဂြိုဟ်သို့ ဦးတည်လာခဲ့တော့သည်။

“ငါသာ ဒီခရီးစဉ်မှာ အောင်မြင်ခဲ့ရင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ သတ္တုဒြပ်စင်က ပြည့်စုံသွားလိမ့်မယ်။ ဒီလိုဆိုရင် ဒီပုတီးစေ့က ငါ့ကို ပိုင်ရှင်တစ်ယောက်အဖြစ် အသိအမှတ် ပြုလိမ့်မယ်။ အဲ့အခါကျရင် ဘယ်လိုစွမ်းအားမျိုးတွေများ ရလာမလည်း ငါ မသိဘူး…” ဝမ်လင်း၏ မျှော်လင့်ချက်များက မြင့်တက်လာကာ သူက ယွမ်ရှဂြိုဟ်ထံသို့ ဆက်လက်၍ ဦးတည်ပျံသန်းလာနေတော့၏။

လမ်းတစ်လျှောက်တွင် ဝမ်လင်းက စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူကာ ထွက်ပြေးရာ၌ တော်သော် အဘိုးအို၏ မှတ်ဉာဏ်များကို ရှာဖွေခဲ့ပေသည်။သူက ထိုအဘိုးအို၏ လွတ်မြောက်ခြင်းမန္တာန်များ အားလုံးကို မှတ်သားထားလိုက်သည်။

ယွမ်ရှဂြိုဟ်က တဖြည်းဖြည်း ပိုနီးကပ်လာသည်။ လဝက်ခန့်ကြာမြင့်ပြီးနောက် ဝမ်လင်းမြင်ကွင်းထဲ၌ ထူထဲသောမြူများ ဝန်းရံနေသည့် ယွမ်ရှဂြိုဟ် ပေါ်လာခဲ့၏။

မိုးကြိုးတန်းက နီးကပ်လာသည့်အခါ ကျယ်လောင်သောတုန်ခါမှုများကိုပါ ဖြစ်ပေါ်သွားစေ၏။ ဝမ်လင်းမျက်လုံး မျက်လုံးက ကျဉ်းမြောင်းသွား၏။ ထို့နောက် သူက ထူထဲသောမြူလွှာထဲသို့ တိုးဝင်သွားတော့သည်။

မြူထဲမှ ဟိန်းသံများက ထွက်ပေါ်လာနေ၏။ ထိုဟိန်းသံများက ဝမ်လင်းနားထဲသို့ ကျရောက်လာသည့်အခါ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားချေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset