Switch Mode

အပိုင်း(၇၃၆)

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ ပေါ်ထွက်လာမှု

ထူထဲသော နတ်ဆိုးမိစ္ဆာစွမ်းအင်က ထိုရယ်သံအတွင်းကနေ ပေါ်ထွက်လာချေသည်။သည်နတ်ဆိုးမိစ္ဆာစွမ်းအင်က ထူထဲလွန်းလှသည့်အတွက်ကြောင့် နတ်ဆိုးမိစ္ဆာမီးတောက်တစ်ခုပင် ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ ၎င်းက ဝမ်လင်းထံသို့ လှမ်းလျှောက်လာနေသော ပုံရိပ်ထံမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ချက်ခြင်း ထိတိုက်သွားသည်။

ဝမ်လင်း၏ ဦးခေါင်းထက်မှလည်း ထူထဲနက်မှောင်သော အခိုးငွေ့တစ်ခုထွက်ပေါ်လာသည်။ထိုအနက်ရောင်အခိုးငွေ့က ဦးချိုတစ်ချောင်းပါသည့် နတ်ဆိုးမိစ္ဆာပုံရိပ်အဖြစ်သို့ သိပ်သည်းသွားသည်။ ၎င်းကပေါ်ထွက်လာသည်နှင့် ရူးသွပ်ဖွယ်ကောင်းအောင် ရယ်မောလိုက်ပြန်သည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ။

ဝမ်လင်းက ၎င်းကို သူ့ဒုတိယမူလစိတ်ဝိညာဉ်အဖြစ် သန့်စင်ပစ်ရန် အစီအစဉ်ချထားခဲ့ခြင်းပင်။ နှစ်တစ်ရာကျော် သန့်စင်ပြီးနောက် ဝမ်လင်းက ၎င်းကို နက်ရှိုင်းစွာ ထိန်းချုပ် လာနိုင်သော်လည်း အစစ်အမှန်သန့်စင်ပစ်နိုင်ခြင်းတော့ မရှိသေးပေ။

ထိန်းချုပ်မှုအမှတ်အသားကို ၎င်း‌ပေါ်၌ ခပ်နှိပ်ပြီးသည့်နောက် ၎င်း၏ နတ်ဘုရားအာရုံက အိပ်မောကျသည့် အနေထားသို့ ရောက်သွားခဲ့၏။ထို့ကြောင့် ၎င်း၏ခွန်အားကလည်း များစွာ လျော့ကျသွားခဲ့သည်။ မဟုတ်လျှင် ၎င်းက လုံးဝ နိုးထလာသည်နှင့် ဝမ်လင်းက ၎င်းနတ်မိစ္ဆာကို ထိန်းချုပ်နိုင်ရန် ခက်ခဲပေလိမ့်မည် ဖြစ်၏။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ ပေါ်လာသည့် အခိုက်မှာပင် ဟွမ်မိသားစုဘိုးဘေး၏အသွင်က လုံးဝ ဖြူရောလို့သွားသည်။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ နတ်ဆိုးမိစ္ဆာပုံရိပ်ကို ခါးသီးသည့်ဟန်ပန်ဖြင့် စူးစိုက်ကြည့်နေမိသည်။

“ဒီတော့ ဒါက သူ့ဝှက်ဖဲပေါ့…”

ဟွမ်ဖန်ရှန်က ပင့်သက်ရှိုက်မိသာ စောစောလေးက သူ့ဆုံးဖြတ်ချက်အတွက် ဝမ်းသာနေမိသည်။ သူ့နောက်ရှိ ဟွမ်မိသားစု၏ တပည့်များအားလုံးသည်လည်း ထို့အတူ ခံစားမိလိုက်ကြ၏။

ချမ်မိသားစုမှ ချမ်ခိုင်ဇီ၏ နှလုံးသားက အရူးအမူး ခုန်ပေါက်နေတော့သည်။ သည်နတ်ဆိုးမိစ္ဆာက သန်မာလှ၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ၎င်းနတ်ဆိုးမိစ္ဆာကို တွေ့မြင်လိုက်ရချိန်၌ တုန်ရီသွားမိပေသည်။

“ကြောက်ဖို့ကောင်းချက်ပဲ။ ဒါက…နတ်ဆိုးမိစ္ဆာလား။ သူက မိုးကြိုးကောင်းကင်ဘုံနန်းတော်ကနေ လာခဲ့တာ အံ့ဩစရာမရှိတော့ဘူးပဲ။ မိုးကြိုးသားရဲ၊ ရုပ်သေး၊ ဓားပညာ၊ နဲ့ ဒီ နတ်ဆိုးမိစ္ဆာ…။ဒီလူက မိုးကြိုးကောင်းကင်ဘုံနန်းတော်က အရေးကြီးတဲ့လူ ဖြစ်ရမယ်။ မဟုတ်ရင် သူက ဒီလိုအရာတွေ ဘယ်လိုလုပ် ပိုင်ဆိုင်နေပါ့မလဲ…”

ရှုမိသားစုမှ အဘိုးအိုကလည်း ပထမဆုံအကြိမ်အဖြစ် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။ သူ့နတ်ဘုရားအာရုံပင် ထိုပျံ့ကြဲနတ်ဆိုးမိစ္ဆာကို စူးစိုက်ကြည့်နေသည့်အခါ စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို ပြသလာခဲ့ပေသည်။

“ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၊ဒါက ရှေးဟောင်းနတ်ဆိုးမိစ္ဆာက ဖန်တီးခဲ့တဲ့ ပျံ့ကြဲနတ်ဆိုးမိစ္ဆာပဲ…”

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ပေါ်ထွက်လာသည်နှင့် ကျောချမ်းဖွယ် ရယ်မောလိုက်သည်။ ၎င်းက ဝမ်လင်း ဦးခေါင်းထက်ကနေ ထွက်ပေါ်လာပြီး လေထဲသို့ ခုန်တက်ကာ ကြီးမားသည့်ပုံရိပ်ကြီး တစ်ခု ဖြစ်လာ၏။ ၎င်းက သူ့ထံသို့ တိုးဝင်လာနေသည့် ကောင်းကင်ဘုံပုံရိပ်ကို ကြည့်ပင်မကြည့်ပေ။ သူ့အကြည့်က ဝမ်လင်းထံသို့သာ ရောက်နေ၏။

“ကျင့်ကြံသူကောင်လေး…ဒီနတ်ဆိုးမိစ္ဆာက မင်းရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပြီး ဒီတိုက်ပွဲမှာ ကူညီပေးလိုက်မယ်။ ဒါပေမဲ့ မင်းက ငါ့ကိုယ်ပေါ်က အမှတ်အသားကို တိုက်ပွဲပြီးတာနဲ့ ဖြေလျှော့ပေးရမယ်။ မဟုတ်ရင် ငါက ငါ့စိတ်ဝိညာဉ်ကို ဖျက်စီးရမယ်ဆိုရင်တောင် မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်ပစ်ရလိမ့်မယ်…”

ဝမ်လင်းအသွင်က တည်ငြိမ်စွာပင် ရှိနေကာ သူက ပြောလိုက်၏။ “ဒီတိုက်ပွဲပြီးတာနဲ့ ငါက သင့်ကို လွတ်လပ်ခွင့် ပေးမယ်…”

“ကောင်းတယ်…” ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ရယ်မောလိုက်၏။သည့်နောက် သူ့ခန္ဓာကိုယ်က မြူထုအဖြစ်ပြောင်းကာ ဝမ်လင်းအား ထွေးပတ်သွား၏။ ၎င်း၏ နတ်ဆိုးမိစ္ဆာစွမ်းအင်များကလည်း အမျှင်တန်းများအဖြစ်သို့ ပြောင်း၍ ဝမ်လင်း၏ ဒွာရပေါက်များထဲသို့ ဖြတ်သန်းဝင်ရောက်သွားသည်။

ချက်ခြင်းပင် ဝမ်လင်းပတ်လည်၌ ပြင်းထန်သော နတ်ဆိုးမိစ္ဆာအော်ရာတစ်ခုက ပျံ့နှံ့လာခဲ့၏။ တစ်ချိန်တည်းမှာပင် သူက သိုလှောင်အိတ်ထဲမှ နတ်ဆိုးမိစ္ဆာချပ်ဝတ်ကို ထုတ်ယူလိုက်ရာ ၎င်းက ဝမ်လင်းအား ထွေးပတ်သွားပြန်၏။ထိုအခါ ဝမ်လင်း၏ခန္ဓာကိုယ်က နတ်ဆိုးမိစ္ဆာချပ်ဝတ်ကို ဝတ်ဆင်ပြီး ဖြစ်သွားသည်။

သည်ဖြစ်စဉ်အတွင်း ဝမ်လင်းက နာကျင်နေဟန် ဖြစ်ပေါ်နေ၏။ သို့ရာတွင် သူ့အကြည့်များက ပို၍ပင် အေးစက်လာခဲ့ကာ သူ့မျက်လုံးအထဲ၌ အနက်ရောင်အခိုးငွေ့တစ်ခုပင် ရွှေ့လျားလို့နေသည်။

သည့်အတွက်ကြောင့်သာ ဝမ်လင်းက သည်နေရာသို့ ကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သူက ဟွမ်မိသားစုဘိုးဘေး ကာကွယ်ပေးထားသော လျိုမေကို သတ်ရန်က ပုံမှန်ဆို မဖြစ်နိုင်ပေ။

ဟွမ်မိသားစုက သည်နေရာတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သည့်အတွက် သူတို့တွင် ထူးခြားသောတစ်ခုခု ပိုင်ဆိုင်ထားပေလိမ့်မည်။ ဝမ်လင်းက ထိုအရာကို နားလည်ထားပေ၏။

ထို့ကြောင့်လည်း ဝမ်လင်းက ပျံ့ကြဲနတ်ဆိုးမိစ္ဆာအား သန့်စင်ခြင်းကို လက်လျော့လိုက်ခြင်းပင်။ ထိုအစား သူက ၎င်းကို နိုးထစေကာ သူ့လွတ်လပ်မှုအတွက် တိုက်ခိုက်ပေးရန် ကမ်းလှမ်းခဲ့ပေသည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက သန့်မာသော်လည်း သူ့ကိုယ်ပေါ်ရှိ အမှတ်အသားက ရိုးရှင်းခြင်း မရှိပေ။ယင်းအမှတ်အသားက ရှေးဟောင်းနတ်ဆိုးပေလော၏ အကူအညီဖြင့် ချမှတ်ထားခဲ့ခြင်း ဖြစ်၏။ ယင်းအမှတ်အသားက ၎င်း၏ စိတ်ဝိညာဉ်အနက်ပိုင်းတွင် ခပ်နှိပ်ခြင်း ခံထားရခြင်း ဖြစ်နေသည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ ခွန်အားဖြင့်ပင် ၎င်းကို အချိန်တိုအတွင်း ဖျက်စီးပစ်နိုင်လိမ့်မည် မဟုတ်ပေ။ ပုံမှန်အားဖြင့် ဝမ်လင်းထိန်းချုပ်မှုအောက်၌ ထိုနတ်ဆိုးမိစ္ဆာက ၎င်းခွန်အား၏ အစိတ်အပိုင်းအနည်းငယ်ကိုသာ အသုံးပြုနိုင်ပေသည်။သို့ရာတွင် သည်တစ်ကြိမ်ကတော့ ခြားနားသွားခဲ့ပြီ ဖြစ်၏။ ဝမ်လင်း၏ ဆင့်ခေါ်မှုအောက်၌ ၎င်းက လုံးဝနိုးထလာခဲ့ပြီ ဖြစ်နေသည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ စိတ်နေစိတ်ထားကြောင့် ပုံမှန်ဆို သူက ဝမ်လင်းနှင့် ဆက်နွှယ်လိမ့်မည် မဟုတ်ပေ။သို့ရာတွင် သူ့ခန္ဓာကိုယ်ထဲရှိ အမှတ်အသးက သန်မာလွန်းလှသည့်အတွက်ကြောင့် သူက အပြည့်အဝ နိုးလာပြီးတာတောင် ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲကနေ ထွက်သွားနိုင်ခြင်း မရှိသေးပေ။

ထို့အတွက်ကြောင့် သူက သူ့လွတ်လပ်မှုအတွက် ဝမ်လင်းနှင့် သဘောတူညီမှု ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

ခုချိန်တွင် သူက ဝမ်လင်းထံကနေ အခွင့်ရေးတစ်ခု ရရှိခဲ့၏။ သူက ဝမ်လင်းအတွက် တိုက်ခိုက်ပေးပြီးလျှင် သူ့လွတ်လပ်မှုလည်း ပြန်ရနိုင်မည် ဖြစ်သည်။ သို့ရာတွင် ရှေးဟောင်းနတ်ဆိုးပေလောကြောင့် ဝမ်လင်းကျင့်ကြံမှုက အဆင့်တစ်ခုသို့ မရောက်သေးလျှင် ချိပ်ပိတ်မှုကို ဖြေလျော့ပေးဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ပျံ့ကြဲနတ်ဆိုးမိစ္ဆာထံ၌ အခြားအတွေးများလည်း ရှိနေ၏။ ဝမ်လင်းက သူ့လွတ်လပ်မှုကို ပြန်ပေးလိုက်သည်နှင့် သူက ရှေးဟောင်းနတ်ဆိုးပေလော၏ ချိပ်တံဆိပ်ကို နှစ်ရာချီအတွင်း ဖျက်စီးနိုင်လိမ့်မည်ဟု ယုံကြည်နေပေသည်။ ထိုသို့ဖြစ်လာပါက သူက အမှန်တကယ် လွတ်လပ်သွားခဲ့ပြီ ဖြစ်၏။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ဝမ်လင်းဦးခေါင်းထဲသို့ ဝင်ရောက်သွားသည်။ နတ်ဆိုးမိစ္ဆာမီးတောက် ဝမ်လင်းမျက်လုံးထဲ၌ ပေါ်လာကာ သူက ကောင်းကင်ဘုံပုံရိပ်ထံသို့ လှမ်းလျှောက်လို့သွား၏။ သူက မည်သည့်မန္တာန်မှ အသုံးမပြုဘဲ ထိုအရိပ်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းထည့်လိုက်သည်။

ဝမ်လင်းက ခုလက်ရှိတွင် မတူကွဲပြားသော အခြေအနေတွင် ရှိလို့နေ၏။ သူ့ခန္ဓာကိုယ်က ပျံ့ကြဲနတ်ဆိုးမိစ္ဆ၏ ထိန်းချုပ်ခြင်းကို ခံထားရကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည်လည်း နတ်ဆိုးမိစ္ဆာစွမ်းအင် အဖြစ်သို့ ချက်ခြင်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုလက်သီးချက်၌ ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ စွမ်းအားနှင့် နတ်ဆိုးချပ်ဝတ်၏ အင်အားတို့ ပါဝင်နေ၏။ ထိုလက်သီးချက်က အနက်ရောင်အလင်းနှင့် ပြုလုပ်ထားသော နဂါးတစ်ကောင်ကဲ့သို့ ပြောင်း၍ ကောင်းကင်ဘုံပုံရိပ်ထံသို့ တိုးဝင်လာခဲ့သည်။

ကောင်းကင်ဘုံပုံရိပ်၏ ညာလက်က ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်ကာ ရှေ့သို့ ညွှန်လာ၏။ ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အားလုံးက ချက်ခြင်း သိပ်သည်းကာ ဧရာမဝဲကတော့ကြီး တစ်ခုအသွင် ဖြစ်ပေါ်လာသည်။ ၎င်းဝဲကတော့က အနက်ရောင်နဂါးထံသို့ တရကြမ်း တိုးဝင်သွားသည်။ချက်ခြင်းပင် ထိုတိုက်ခိုက်မှုနှစ်ခုလုံးက တစ်ခုနှင့်တစ်ခု ချေဖျက်သွားကြတော့၏။

ကောင်းကင်ဘုံပုံရိပ်က သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ကာ လက်နှစ်ဖက်ကို ဖွင့်ဟ၏။ သူ့လက်တစ်ဖက်စီကနေ မတူညီသော ချိပ်တံဆိပ်တစ်ခုကို ပိုင်ဆိုင်ထားကာ သည်ပုံရိပ်တစ်ထောင်ဂြိုဟ် တစ်ခုလုံးပေါ်မှ အဆုံးမဲ့စိတ်ဝိညာဉ်စွမ်းအင်များက စုဝေးလာကြ၏။ ထူးဆန်းသောနည်းလမ်းမှ တစ်ဆင့် စိတ်ဝိညာဉ်စွမ်းအင်များက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

ထိုကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက သိပ်သည်းလွန်းလှ၏။ သည့်နောက် ယင်းစွမ်းအင်များက ကောင်းကင်ဘုံပုံရိပ်၏ ညာလက်အထက်၌ အရူးအမူး သိပ်သည်းလာခဲ့တော့သည်။ မျက်စိတစ်မှိတ်အတွင်း ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်၌ စိတ်ဝိညာဉ်စွမ်းအင် စက်ဝန်းတစ်ခုက ရုတ်တရက် ပေါ်လာခဲ့တော့၏။

သည်အခိုက်အတန့်၌ ပုံရိပ်တစ်ထောင်ဂြိုဟ်က မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မျှ မပိုင်ဆိုင်တော့ပေ။

စိတ်ဝိညာဉ်စွမ်းအင် အကုန်လုံးက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ဘုံပုံရိပ်၏ လက်ဝါးထက်၌ နို့နှစ်ရောင် အဖြူရောင်အလုံးတစ်ခု အဖြစ် ဖွဲ့တည်လာခဲ့သောကြောင့်ပင်။

ထိုနည်းလမ်းက ဝမ်လင်းမျက်လုံးကို ကျဉ်းမြောင်းသွားစေ၏။ သို့သော် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ပျံ့ကြဲနတ်ဆိုးမိစ္ဆာကတော့ အေးစက်စွာ ပြုံးလိုက်၏။ “ကောင်းကင်ဘုံအသွင်ပြောင်းခြင်း မန္တာန်လောက်ကများ။ ဒါက ရှေးဟောင်းနတ်ဆိုးကလန်ခွဲက မန္တာန်တစ်ခုပဲ။ မင်းက ဒါကို ငါ့ရှေ့မှာ လာခင်းကျင်းပြသ ဝံ့တယ်ပေါ့…”

ဝမ်လင်း မျက်လုံးများက တည်ငြိမ်နေ၏။ သို့သော် သူ့ပတ်လည်ရှိ နတ်ဆိုးမိစ္ဆာစွမ်းအင်များကတော့ ပို၍ပင် သန်မာလာခဲ့၏။ ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ ထိန်းချုပ်မှုအောက်၌ သူက ကောင်းကင်ထက်သို့ လက်ညွှန်ကာ ပြောလိုက်၏။ “ရှေးဟောင်းနတ်ဆိုးမိစ္ဆာ…”

သည်စကားနှစ်ခွန်းကို ၎င်းက ရှေးအမိန့်ဘာသာစကား (ဝါ)ရှေးဟောင်းနတ်ဘုရားဘာသာ စကားဖြင့် ပြောလိုက်ခြင်းပင်။ ချက်ခြင်းပင် ဝမ်လင်းက ကုတ်စွဲဟန်တစ်ခုကို ဖော်ထုတ်ကာ ယင်းလက်ဟန် ပတ်လည်၌ နတ်ဆိုးမိစ္ဆာမီးတောက်များက ဝန်းရံကာ နေ၏။ ထိုမီးတောက် သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာကာ ဧရာမမိစ္ဆာလက်သည်းအသွင် ဖြစ်ပေါ်လာ၏။

သည့်နောက် ဝမ်လင်းက ရှေးအမိန့်ဘာသာစကားဖြင့် ထပ်မံ ပြောဆိုလိုက်ပြန်သည်။ “ဂြိုဟ်စိတ်ဝိညာဉ် ထုတ်ယူခြင်း…”

ဤအခိုက်မှာပင် ပုံရိပ်တစ်ထောင်ဂြိုဟ်သည် တုန်ယင်လာကာ ရှေးဟောင်းအော်ရာတစ်ခုက စတင်မြင့်တက်လာခဲ့၏။ ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ လက်သည်းကုတ်ချက်ဟန်က ဂြိုဟ်၏ ဂြိုဟ်စိတ်ဝိညာဉ်ကို ဆွဲထူယူနိုင်သွားသည်။

“မင်းက ဂြိုဟ်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို အသုံးပြုမှတော့ ငါကလည် ဂြိုဟ်ရဲ့ စိတ်ဝိညာဉ်ကို ထုတ်ယူ အသုံးပြုရတာပေါ့။ ကဲ ဘယ်ဟာက ပိုသန်မာမလဲ ကြည့်ရအောင်…”

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ရယ်မောကာ အံ့မခန်းနတ်ဆိုးမီးတောက်များကို ထုတ်လွှတ်လာသည်။

သူ့ခန္ဓာကိုယ်ကို ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ထိန်းချုပ်ထားသော်လည်း ဝမ်လင်းသည် သူ့ခန္ဓာကိုယ်နှင့် တိုက်ရိုက် ဆက်နွှယ်မှု ရှိနေဆဲသာ ဖြစ်သည်။ ထို့ကြောင့် ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုးမိစ္ဆာ၏ ဂြိုဟ်စိတ်ဝိညာဉ် ထုတ်ယူခြင်းမန္တာန်ကို နက်ရှိုင်းစွာ အထင်ကြီးမိသွား၏။ သည့်အပြင် သူက ဉာဏ်အလင်းအချို့ကိုပါ ရရှိလိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset