အဘိုးအိုက အမွေအနှစ်တစ်ဝက်တစ်ပျက် ကောင်းကင်ဘုံရတနာကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးထဲရှိ လောဘကို ဖုံးကွယ်ထားနေရသည်။
သူက ဝမ်လင်းကို အပြုံးတုပြုံး၍ ကြည့်လို့နေသည်။ ဝမ်လင်းကတော့ ပုံမှန်အတိုင်း တည်ငြိမ်စွာသာ ရှိလို့နေသည်။
အဘိုးအိုက ကောင်းကင်ဘုံကျောက်စိမ်းပြားကို လုယူလိုခြင်း မရှိခဲ့ပေ။ သို့ရာတွင် သညအဘိုးအိုက သူ့ထံကနေ ဓားပြတိုက်လိုပါက မှန်ကန်သော တုန့်ပြန်မှုကို ပြန်လည် လုပ်ဆောင်ပေးလိုက်မည် ဖြစ်၏။
သည့်အတွက်ကြောင့် သူက တစ်စုံတစ်ယောက်ကို သတ်လိုက်ပြီဆိုရင်ပင် အကျိုးအကြောင်းသင့်နေပြီ ဖြစ်၏။
နှစ်ပေါင်းရှစ်ရာ ကျင့်ကြံလာပြီးသည့်နောက် ဝမ်လင်းက ဉာဏ်နီဉာဏ်နက် ပြည့်လာခဲ့ပေသည်။သို့ရာတွင် သူက သူ့ ဉာဏ်များ၊ရက်စက်သည့်အခြမ်းကို ဖော်ထုတ်ခဲပေ၏။ခုချိန်တွင် သူက သူ့အသွင်ကို ပြောင်းလဲထားသည့်အတွက် သူနှင့်ရင်းနှီးခဲ့သောလူပင် သူ့ကို သိရှိဖို့ မလွယ်တော့ချေ။
အဘိုးအိုမျက်လုံးထဲ၌ ချီတုံ့ချတုံ ဖြစ်လို့နေ၏။သိပ်မကြာခင်တွင် သူက သက်ပြင်းအရှည်ကြီး ချကာ ကြေးမုံကို ကိုင်ထားရင်း မေးလာသည်။ “ဒီဟာအတွက် မင်းက ကောင်းကင်ဘုံကျောက်စိမ်းပြား ဘယ်လောက်လိုချင်လဲ…”
ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ “ တစ်သောင်း…”
အဘိုးအိုက မျက်မှောင်ကြုတ်သွား၏။ သူက သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်း ထုတ်ယူနိုင်သော်လည်း သူက သည်အရာများကို သူ့အနာဂတ်အတွက် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်နေသည်။သူက ခုချိန်၌ သည်ကျောက်စိမ်းပြားများကို သုံးစွဲလိုက်လျှင် သူ့အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိဖို့အတွက် လုံလောက်သည့် ကျောက်စိမ်းပြားများ မရှိတော့မည်ကို စိုးရိမ်နေခဲ့ပေသည်။
သူက စဉ်းစားနေရင်း ကြေးမံဒကို ငုံ့ကြည့်လိုက်ကာ တုံ့ဆိုင်းဆိုင်း ဖြစ်လို့နေသည်။သူက သည်ရတနာကို အလွန်လိုချင်မိ နေသည်။အမွေအနှစ် တစ်ပျက်တစ်ပျက်ကောင်းကင်ဘုံရတနာနှင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းကျင့်ကြံသူဆိုသည်က အရင်နှင့် ကွဲပြားသွားပြီဟု ပြော၍ရနိုင်၏။ သည်ရတနာနှင့် ဆိုလျှင် သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်တိုက်နိုင်မည် ဖြစ်သည်။
သူက သည်ကြေးမုံ၏ စွမ်းအားကို သေချာမသိသော်လည်း အမွေအနှစ်ရတနာတစ်ခုဖြစ်နေသ၍ ၎င်းက အားနည်းလိမ့်မည်တော့ မဟုတ်ပေ။
သူက သည်ရတနာကို လုယူရန် မစဉ်းစားသည်တော့ မဟုတ်ပေ။သို့သော် သူက ထိုလူငယ်ကို ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများက တည်ငြိမ်လို့နေသည်ကို တွေ့လိုက်ရ၏။ထို့အတွက်ကြောင့် သူက သည်လူငယ်မှာ ကျင့်ကြံခြင်းမိသားစုကြီး တစ်ခုခု၏ အဓိကမိသားစုဝင် တစ်ယောက်ဖြစ်နေလောက်မည်ဟု တွေးထင်မိနေသောကြောင့်ပင်။
အနည်းငယ် စဉ်းစားပြီးသည့်နောက် အဘိုးအိုက ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်သောင်းပါသည့် သိုလှောင်အိတ်ကို ထုတ်ယူပြီးနောက် ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။
ဝမ်လင်းက ၎င်းအိတ်ကို ဖမ်းယူကာ သူ့နတ်ဘုရားအာရုံဖြင့် ကျောက်စိမ်းပြားအရေအတွက်ကို စစ်ဆေးလိုက်၏။သည့်နောက် အမွေအနှစ်ကျောက်စိမ်းပြားကို အဘိုးအိုထံသို့ ပစ်ပေးလိုက်လေသည်။
အဘိုးအိုကချက်ခြင်း ထိုကျောက်စိမ်းပြားကို ဖမ်းယူကာ ၎င်းကို သေချာကြည့်ရှူလိုက်သည်။သူ့မျက်နှာက ပျော်ရွှင်ဟန် ဖြစ်ပေါ်သွားကာ သူက မေးလိုက်သည်။ “မင်းမှာ ထပ်ရှိသေးလား…”
ဝမ်လင်းက အဘိုးအိုထံသို့ ကြည့်ကာ သူ့သိုလှောင်အိတ်ထဲမှ ဆံထိုးကို ထုတ်ယူလိုက်သည်။
“ဒါကလည်း တစ်ပျက်တစ်ပျက် ကောင်းကင်ဘုံရတနာလား…”
အဘိုးအိုမျက်လုံးထဲ၌ စိတ်ပျက်သွားသည့်ပုံ ဖြစ်ပေါ်သွား၏။သူက ဝမ်လင်းကို ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်၍ ဝါးစိမ်းခန်းမထဲကနေ ထွက်ခွာသွားသည်။
ဝမ်လင်းကလည်း ထိုဆိုင်ထဲမှ အချို့သတ္တုပစ္စည်းများကို ဝယ်ယူပြီးနောက် ထွက်ခွာသွားလေသည်။ ဆိုင်ထဲရှိလူငယ်ကတော့ ဖြစ်ပျက်ခဲ့သမျှကို မယုံကြည်နိုင်ဟန် ဖြစ်လို့နေသည်။
ဝမ်လင်းက လမ်းမထက်၌ လမ်းလျှောက်နေရင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သူ့ပါးစပ်ထောင့်၌ လှောင်ပြုုံးတစ်ခု တွဲခိုလာလေသည်။သူ့နောက်သို့ နတ်ဘုရားအာရုံတစ်ခုက တစ်ချိန်လုံး ကပ်ပါလာနေ၏။
“ငါ မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်…” ဝမ်လင်းက မြို့ဂိတ်တစ်ခု ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွား၏။သူက မြို့ထဲမှ ထွက်ခွာပြီးနောက် ဓားပျံတစ်လက်ကို ထုတ်ယူကာ ရှေ့တည့်တည့်သို့ ဦးတည်ပျံသန်းသွားချေသည်။
သူက အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ နှုန်းနှင့် ပျံသန်းနေသဖြင့် သိပ်မြန်ဆန်လှခြင်း မရှိပေ။သူက မြို့နှင့် ကီလိုမီတာငါးထောင်အကွာသို့ ရောက်လာသည့်နောက် သူ့ရှေ့၌ ကြီးမားသည့်တိမ်တိုက်ထုတစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။ သည်တိမ်ထုက ထူးဆန်းလှ၏။
မျက်စိတစ်မှိတ်အတွင်း မြူက လက်တစ်ဖက်အဖြစ် သိပ်သည်းသွားကာ ဝမ်လင်းထံသို့ ဆန့်တန်းလာသည်။သည့်နောက် ထိုလက်က တဝီဝီ စူးရှရှ အသံကို ဖြစ်ပေါ်သွားစေသည်။
ဝမ်လင်းမျက်လုံးထဲရှိ လှောင်ပြုံးက ပို၍ သန်မာလာခဲ့၏။ သည်လက်က သူနှင့်နီးကပ်လာသည့်အခါ ဝမ်လင်းက သူ့လက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ ပြင်းထန်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လှိုင်းက ပေါ်ထွက်လာခဲ့သည်။
ပေါက်ကွဲသံနှင့်အတူ ထိုလက်က ချက်ခြင်း ပျောက်ကွယ်သွား၏။၎င်းနောက်ရှိ တိမ်ထုပင် အနောက်သို့ လွင့်စင်ထွက်သွား၏။ထိုတိမ်ထုအတွင်းမှ နာကျင်စွာ ငြီးငြူသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းက အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူး…” ထိုတိမ်ထု ပျောက်ကွယ်သွားသည်နှင့် ပိန်ပါးပါး သက်လတ်ပိုင်းလူတစ်ယောက် ပေါ်ထွက်လာခဲ့သည်။သူက သွေအန်ထုတ်လိုက်ရကာ သူ့ခန္ဓာကိုယ်တစ်လျှောက်တွင်လည်း လျှပ်စီးက စတင်လှုပ်ရှားသွားလေသည်။
ဝမ်လင်းက သူ့ကို တည်ငြိမ်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ သည့်နောက် ထိုသက်လတ်ပိုင်းလူကြီး ထွက်ပြေးသွားရာသို့ လိုက်ပါသွားသည်။ သည်လူက စဦးစိတ်ဝိညာဉ်အလယ်အဆင့်တွင်သာ ရှိနေသေး၏။ ဝမ်လင်းကို သူ့ကို သတ်လိုက်လျှင်ပင် သူ့အတွက် အသုံးမဝင်ပေ။
သက်လတ်ပိုင်းလူကြီးက တုန်ရီကြောက်လန့်နေ၏။သည်လူက လက်တစ်ဝှေ့ဖြင့်ပင် သူ့စဦးစိတ်ဝိညာဉ်ကို ပျက်စီးသွားဖို့ လုံလောက်သည့်စွမ်းအားကို ထုတ်ဖော်ခဲ့သည် မဟုတ်လား။ သူကသာ အချိန်တိုအတွင်း မိသားစုရှိရာသို့ မပြန်နိုင်ပါက သေချာပေါက်သေရပေတော့မည်။
သူ့ကို ပို၍ ကြောက်လန့်သွားစေသည်က ဝမ်လင်းက သူ့နောက်ကို လိုက်ပါလာခြင်းကြောင့် ဖြစ်၏။
ကီလိုမီတာထောင်ချီအကွာအဝေးကို ခဏလေးနှင့် ဖြတ်ကျော်သွားကြသည်။ သက်လတ်ပိုင်းလူကြီးက မြို့ထဲသို့ ဝင်လာသည့်အချိန်၌ သူ့မျက်နှာက ဖြူရောနေခဲ့ပြီ ဖြစ်သည်။ သူ့စဦးစိတ်ဝိညာဉ်၏ အစိတ်အပိုင်းအတော်များများကလည်း ပျက်စီးသွားခဲ့ချေပြီ။ သူက နောက်ထပ် သွေးအန်ထုတ်လိုက်ရပြန်၏။ သည့်နောက် သူက မြို့အလယ်ရှိ စွန်အိမ်တော်သို့ တစ်ဟုန်ထိုး ပြေးသွားလေတော့သည်။
အိမ်တော်သို့ ရောက်လာသည့်နောက် သူက သူ့စဦးစိတ်ဝိညာဉ် ပျက်စီးနေခြင်းကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပေ။သူက အသည်းအသန် လှမ်း၍ အော်ဟစ်လိုက်၏။ “ငါ့ကို ကယ်ပါ…” သူက နောက်ဆုံးခွန်အားကို အသုံးပြု၍ အော်ဟစ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က ရှေ့သို့ ငိုက်ကာ ပြုတ်ကျသွားတော့သည်။
အဖြူရောင်အရိပ်တစ်ခုက တစ်ဟုန်ထိုး တိုးဝင်လာ၏။သူက သက်လတ်ပိုင်းနားသို့ ရောက်လာသောအချိန်အတွင် သူ့အသွင်က အနည်းငယ် ပြောင်းလဲသွား၏။ချက်ခြင်းပင် သူက သိုလှောင်အိတ်ထဲမှ ဆေးလုံးများ ထုတ်ကာ ထိုသက်လတ်ပိုင်းလူကြီး၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် စွန်မိသားစု အိမ်တော်ထဲကနေ ပုံရိပ်အမျိုးမျိုး ထွက်ပေါ်လာကာ အချို့က ကောင်းကင်ထက်မှပင် ပျံသန်းထွက်လာကြ၏။
သည်အခိုက်၌ ဝမ်လင်းကလည်း ရောက်ရှိလာခဲ့သည်။
“မင်းက စွန်မိသားစုဝင်တစ်ယောက်ကို ဒဏ်ရာ ရစေဝံ့တယ်လား…”
စွန်မိသားစုမှ လူများက သူတို့၏ ဓားများကို ပင့်မြှောက်ကာ ဝမ်လင်းထံသို့ တိုးဝင်လာကြ၏။ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်သွားစေသည်။ သည်မုန်တိုင်းက ပေတစ်ထောင်အတွင်းရှိ စွန်မိသားဝင်များကို လွင့်ထွက်သွားစေ၏။
“မင်းတို့အားလုံး နောက်ဆုတ်ကြ…” အိမ်တော်အတွင်းမှ အော်သံတစ်ခု ထွက်ပေါ်လာပြီးနောက် အဘိုးအိုသုံးယောက်ပါ ထွက်ပေါ်လာခဲ့သည်။သည်သုံးယောက်ကြား၌ ဝမ်လင်းနှင့် အရောင်းအဝယ်လုပ်ခဲ့သော အကြီးအကဲစွန်လည်း ပါဝင်နေခဲ့သည်။
သည်အခိုက်အတန့်၌ အကြီးအကဲစွန်အသွင်က အလွန်သုန်မှုန်လို့နေသည်။
အနီရောင်မျက်နှာနှင့် အဘိုးအိုတစ်ယောက်က လေထဲရှိ ဝမ်လင်းကို အေးစက်စွာ ကြည့်ကာ မေးလိုက်၏။ “မင်းက ဘယ်မိသားစုကလဲ…။မင်းက စွန်မိသားစုရဲ့ အိမ်တော်ကို ခုလိုမျိုး ပုံစံနဲ့ ရောက်လာတာ ပြစ်မှုကြီး တစ်ခုဆိုတာ သိလား…”
ဝမ်လင်းက ပြုံး၍ ထိုနီမြန်းမြန်း မျက်နှာနှင့် အဘိုးအိုဘေးရှိ အကြီးအကဲစွန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ငါက သူ့အတွက် ရောက်လာခဲ့တာ…”
အကြီးအကဲစွန်၏ အသွင်က ပို၍ပင် သုန်မှုန်သွားခဲ့၏။ သူက လှမ်းအော်လိုက်သည်။ “ကောင်လေး…ဒီအဘိုးအိုနဲ့ မင်းရဲ့ ရောင်းဝယ်မှုက ပြီးသွားခဲ့ပြီ။ မင်းက ဒါကို နောင် ရနေတာလား…”
ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ သူက မြေပေါ်တွင်လဲ၍ သတိမေ့နေသော သက်လတ်ပိုင်းလူကြီးထံသို့ လက်ညွှိုးထိုးကာ ပြုံး၍ ပြောလိုက်သည်။ “ငါက သင်တို့ ဆိုင်ကနေ ထွက်သွားတာနဲ့ ဒီလူရဲ့ နှောက်ယှက်မှုကို ခံလိုက်ရတာ စိတ်ဝင်စားစရာပဲ။ သူက ငါ့ကို ရှုံးသွားတဲ့နောက် ဒီနေရာကို ပြေးလာခဲ့တာ ဖြစ်တယ်…”
အကြီးအကဲစွန်က နှာခေါင်းရှုံ့လိုက်၏။ သို့သော် သူ့ဘေးရှိ အဘိုးအိုနှစ်ယောက်ကတော့ မျက်မှောင်ကြုတ်သွားသည်။ သည်ကိစ္စက သူတို့နှစ်ယောက်အတွက် ရိုးရှင်းနေပေသည်။သူတို့က အဘိုးအိုစွန်က သည်လူ့၏ ပိုင်ဆိုင်မှုကို လောဘတက်ခဲ့ကာ သူကိုယ်တိုင် မလှုပ်ရှားဘဲ တစ်ယောက်ယောက်ကို အစားလွှတ်လိုက်ခြင်း ဖြစ်မှန်း သိလိုက်ပေသည်။
သို့ရာတွင် စွန်မူရုံက စွန်မိသားစုရဲ့ အကြီးအကဲ မဟုတ်လား။ ထိုသို့ဖြစ်ပျက်လာသည့်နောက် သူတို့က သူနှင့်အတူ တစ်ဖက်တည်း ရှိနေရပေတော့မည်။ အနီရောင်မျက်နှာနှင့်အဘိုးအိုက အေးစက်စွာ ပြောလာသည်။ “အဓိပ္ပာယ် မရှိလိုက်တာ…မင်းက ဘယ်မိသားစုက လာခဲ့တာဖြစ်ဖြစ်…ဒီနေ့ ဒီမှာပဲ နေရမယ်။ ပြီးရင် မင်းရဲ့အကြီးအကဲရောက်လာတဲ့ အချိန်ထိ စောင့်နေပါ။ ပြီးရင် ငါတို့က မင်းရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးမယ်…”
ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှု တစ်ခု ဖြတ်ပြေးသွားကာ သူက ညာလက်ကိုမြှောက်၍ ဖိနှိပ်ချလိုက်သည်။ ရုတ်တရက် မိုးကြိုးသံများက ပြင်းထန်သော ဖိအားနှင့်အူ စွန်မိသားစုအိမ်တော်ပေါ်သို့ ကျရောက်လာ၏။
ချက်ခြင်းပင် စွန်မိသားစုဝင်အားလုံး၏ အသွင်က အကြီးအကျယ် ပြောင်းလဲသွားကြသည်။သူတို့က ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို လှည်ပတ်ကာ ခုခံရန် ပြင်လိုက်ရ၏။ သူတို့က မခုခံလျှင် ချက်ခြင်း ပြိုလဲသွားပေလိမ့်မည်။
အကြီးအကဲစွန်အပါအဝင် အဘိုးအိုသုံးယောက်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားကြ၏။ သည့်အပြင် သူတို့၏မျက်လုံးထဲ၌ ကြောက်လန့်မှု အရိပ်အယောင်အချို့လည်း ရှိလို့နေသည်။
“အဓိပ္ပာယ် မရှိတာလား…” ဝမ်လင်းအသံက အေးစက်နေ၏။
“ရောင်းရင်းကျင်ကြံသူ…ဒေါသမထွက်ပါနဲ့…” အိုမင်းသောအသံတစ်ခုက အိမ်တော်ထဲကနေ ထွက်ပေါ်လာပြန်သည်။သည့်နောက် အနက်ရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက်က လှမ်းထွက်၍လာ၏။
သည်လူ၏ ကျင့်ကြံမှုအဆင့်က အာဏတာ်ကခြင်းအဆင့်သို့ မရောက်သေးသော်လည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေ၏။ သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။
သို့ရာတွင် ဝမ်လင်းက သည်အဘိုးအိုထံ၌ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာ ရှိနေသည်ကို တွေ့မြင်ခဲ့ပေသည်။သည်အော်ရာက သည်အဘိုးအို သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားခြင်းကြောင့် မဟုတ်ပေ။ ထိုသို့သော အာဏာတက်ခြင်းအဆင့်အော်ရာ ဖြစ်ပေါ်ရခြင်းသည် သူ့ထံ၌ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ နတ်ဘုရားအာရုံ ဖုံးဝှက်ထားခြင်းကြောင့်သာ ဖြစ်သည်။
အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုက ပြောလိုက်သည်။ “ဒီကိစ္စက ငါတို့ စွန်မိသားစုရဲ့အမှားပါ။ ငါတို့က ရောင်းရင်းကျင့်ကြံသူကို စော်ကားမိပါတယ်…”
ထိုအဘိုးအိုက ဤသို့ ပြောလိုက်သည့်အခါ အကြီးအကဲသုံးယောက်က မှင်သက်သွားကြ၏။ သည်သော် ခဏအကြာတွင် သူတို့က တစ်ခုခုကို နားလည်သွားကြသည့်ပုံပင်။
“ကောင်းကင်ဘုံကျောက်စိမ်းပြား နှစ်သိန်း…ဒါဆိုရင် ငါတို့က ဒီကိစ္စကို မေ့လိုက်ကြမယ်…”
ဝမ်လင်းက ထိုသို့ပြောရင်း အဘိုးအိုထံသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။
အနက်ရောင်ဝတ်စုံနှင့်အဘိုးအို၏ အသွင်က အနည်းငယ် ပြောင်းလဲသွားသည်။သူက ခဏတာတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ…ကောင်းကင်ဘုံကျောက်စိမ်းပြားနှစ်သိန်းက တော်တော်များတဲ့ ပမာဏပဲ။ ဒါ့ကြောင့် ရောင်းရင်းကျင့်ကြံသူက အချိန်သုံးရက် စောင့်ပေးနိုင်မလား…”
ဝမ်လင်းက အဘိုးအိုထံသို့ လေးလေးနက်နက် ကြည့်လိုက်သည်။အမှန်တော့ သူက အဘိုးအိုကို ကြည့်နေခြင်း မဟုတ်ပေ။ထိုအဘိုးအိုပေါ်ရှိ အာဏာတက်ခြင်းကျင့်ကြံသူ၏ နတ်ဘုရားအာရုံကို ကြည့်လိုက်ခြင်းသာ ဖြစ်သည်။
ဝမ်လင်း အဝေးသို့ ပြန်ထွက်သွားသည့်အချိန်ထိ အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုက စိတ်သက်သာရာ မရသေးပေ။ သည့်နောက် သူ့ခန္ဓာကိုယ်ပေါ်မှ အာဏာတက်ခြင်းအဆင့်နတ်ဘုရားအာရုံက ပြန်ပျောက်ကွယ်သွားချေသည်။ သူက အကြီးအကဲစွန်ကို တစ်ချက်ကြည့်၍ အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
အနီရောင်မျက်နှာနှင့် အဘိုးအိုက ချီတုံချတုံအသံနှင့် ပြောလာသည်။ “ကောင်းကင်ဘုံကျောက်စိမ်းပြား နှစ်သိန်း…ပင်မမိသားစုအတွက်တောင် ဒါက တော်တော်များတဲ့ ပမာဏပဲ…”
အနက်ရောင်ဝတ်စုံနှင့်အဘိုးအိုက အေးစက်စွာ ပြောလာသည်။ “စောစောပိုင်းတုန်းက ငါတို့မိသားစုရဲ့ အာဏာတက်ခြင်းနတ်ဘုရားအာရုံက ငါ့ရှိ ရောက်လာခဲ့ပြီး သူ့ တောင်းဆိုချက်အားလုံးကို ဖြည့်ဆည်းပေးဖို့ အမိန့်ပေးလာတယ်။ နှစ်သိန်းမပြောနဲ့ လေးသိန်းဆိုရင်တောင် ငါတို့က ပေးရတော့မှာ။ ထပ်ပြောရရင် ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို ဒီမှာပဲ ထားလိုက်တော့။ မိသားစုဝင်တိုင်းကိုလည်း ဒီလူ့ကို သွားပြီး မနှောက်ယှက်မိစေဖို့ အမိန့်ပေးလိုက်ပါ…”
သည်အခိုက်အတန့်၌ ရွင်ယွမ်ဂြိုဟ်ရှိ အရှေ့ဘက်ခြမ်း ပင်လယ်ပြင်တွင် အပေါ်ပိုင်းဗလာကျင်းထားသည့် ဆံပင်ရှည်နှင့် လူတစ်ယောက်က ပင်လယ်အတွင်းနက်ပိုင်းထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိနေသည်။သည်အခိုက်၌ သူက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။ သည့်နောက် သူ့မျက်လုံးနှစ်ခုက ပင်လယ်ပြင်အောက်၌ လင်းလက်သွားခဲ့သည်။
သူက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၏။ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီလူက ရုတ်တရက် ပေါ်လာတဲ့ အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်နိုင်လား…ငါက သူ့ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ ငါ့ကို ထိန်လန့်စေတဲ့ တစ်စုံတစ်ခု ရှိနေတယ်…”
“ဒီလူက သွားစော်ကားလို့ မရနိုင်ဘူး။ သူက ငါ့စွန်မိသားစု မြို့မှာ နေနေတာဆိုတော့ ငါ့စွန်မိသားစုအတွက် အခွင့်ရေးတစ်ခုများ ဖြစ်နေနိုင်လား…”
“သူ့နောက်ဆုံး အကြည့်က သတိပေးချက်ပဲ…။ဟုတ်တယ်…သူက ငါ့ကို သူ့ လာမနှောက်ယှက်ဖို့ ပြောနေတာပဲ။ ဒီလူက ငါ့ကို အဲ့လိုပုံစံမျိုး ပြောဖို့ အရည်အချင်း ပြည့်မှီတယ်…”
ထိုဆံပင်ရှည်နှင့်လူက အချိန်အတန်ကြာ စဉ်းစားနေ၏။သည့်နောက် သူက ပင်လယ်အောက်ခြေသို့ တိုက်ရိုက် တိုးဝင်ပျံသန်းသွားတော့သည်။
***