Switch Mode

အပိုင်း(၇၁၂)

အကြံအစည်နဲ့ ကျောက်စိမ်းပြား

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း…ရွင်ယွမ်ဂြိုဟ်။

ဝမ်လင်း ရွင်ယွမ်ဂြိုဟ်တွင် ပေါ်လာသည်နှင့် အားကောင်းသော နတ်ဘုရားအာရုံသုံးခုက ရောက်ရှိလာသည်။၎င်းအာရုံသုံးခု ရောက်ရှိလာသည်နှင့် ဝမ်လင်းက ပျောက်ကွယ်သွားကာ သူ့အော်ရာကို ဖုံးကွယ်လိုက်သည်။သည့်နောက် နတ်ဘုရားအာရုံနှစ်ခုက ပြန်ရုတ်သိမ်းသွား၏။နောက်ထပ် နတ်ဘုရားအာရုံတစ်ခုကတော့ ဂြိုဟ်တစ်ခုလုံးကို သူ့နတ်ဘုရားအာရုံဖြင့် ခပ်ကြမ်းကြမ်း လွှမ်းခြုံလိုက်သည်။ ဘာတစ်ခုမှ ရှာတွေ့မိခြင်း မရှိသည့်နောက် ၎င်းအာရုံက အေးစက်စက်နှာခေါင်းရှုံ့ကာ ပြန်ပျောက်ကွယ်သွားသည်။

ဝမ်လင်း၏ ပုံရိပ်က ဂြိုဟ်၏ မြောက်ဘက်ပိုင်းတွင် ပေါ်လာခဲ့သည်။သူက ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်ကာ တွေးလိုက်သည်။ အာဏာတက်ခြင်းအလယ်အဆင့်တစ်ယောက်နဲ့ အစောပိုင်းနှစ်ယောက်…။ဒီအလုံးစုံကျင့်ကြံခြင်းအဖွဲ့အစည်းကြီးက စိတ်ဝင်စားစရာပဲ။ဒီလောက် များပြားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ရှိနေပေမဲ့ ဒီကျင့်ကြံခြင်းဂြိုဟ်ကတော့ စွမ်းအားထောက်တိုင်သုံးခုပဲ ရှိတယ်။တစ်ခုစီကလည်း အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတွေပဲ ဖြစ်ကြတယ်…”

“ဒီရွင်ယွမ်ဂြိုဟ်သာ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းထဲမှာသာ ရှိလို့ကတော့ ဒီဂြိုဟ်က ဓားပြတိုက်ခံရမှာ ဖြစ်ပြီး ဒုတိယအဆင့်ကို ခြေလှမ်းပြီးနေတဲ့ မွန်းစတားအိုကြီးတွေရဲ့ သိမ်းပိုက်ခြင်း ဒါမှမဟုတ် အဆင့်ခြောက်ကျင့်ကြံခြင်းနိုင်ငံ တစ်နိုင်ငံက ဒီနေရာမှာ လာရောက်နေထိုင်လိမ့်မယ်…။ မဟာမိတ်ကြယ်အဖွဲ့အစည်းမှာဆိုရင် အာဏာတက်ခြင်းအဆင့်သုံးယောက်သာ ရှိတဲ့ ဒီလိုဂြိုဟ်မျိုး ရှိနေမှာ မဟုတ်ဘူး…”

ဝမ်လင်းက စဉ်းစားနေရင်းဖြင့် သူ့အော်ရာကို ရုတ်သိမ်းထားသည်။မျက်စိတစ်မှိတ်အတွင်း သူ့အာဏာတက်ခြင်းအဆင့်အော်ရာက ပျောက်ကွယ်ကာ အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာသို့ ပြောင်းသွားသည်။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအစောပိုင်းအဆင့်သို့ ရောက်နှင့်နေပြီး ဖြစ်ကာ သူ့မူလစိတ်ဝိညာဉ်ကလည်း တော်တော်လေး ထူးဆန်းလှသည်။သူ့ထက် မြင့်မားသော ကျင့်ကြံမှုအဆင့်မရှိလျှင် နတ်ဘုရာအာရုံလောက်ဖြင့် သူ့အား ဖြတ်မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

“ငါက ဒီနေရာမှာ ပုန်းနေရင် ရှာတွေ့လောက်တော့မှာ မဟုတ်ဘူး။ ရှေ့ဖြစ်ဟောသူနဲ့ တစ်ခြားလူတွေ ဒီအလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထိ လိုက်လာရင်တောင် သူတို့က ငါ ဒီလိုမျိုး ကျင့်ကြံခြင်းဂြိုဟ်လေးမှာ ပုန်းနေလိမ့်မယ်လို့ ထင်မှာ မဟုတ်ဘူး…”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။တစ်ဖြည်းဖြည်းဖြင့် သူ့မျက်လုံးထဲရှိ ကြမ်းကြုတ်မှုကလည်း လျော့ပါးသွားခဲ့သည်။သူ့မျက်လုံးက ကြည်လင်နေသေးသော်လည်း အရင်လို တလက်လက်တောက်ပနေခြင်း မရှိတော့ပေ။

“ဟိုလေးယောက်ရဲ့ အသွင်အပြင်ကို ကြည့်တာနဲ့တင် တန်လင်းဂြိုဟ်က တော်တော်လေး စွမ်းအင်းကောင်းလောက်တယ်။ ငါက လုံလောက်အောင် မသန်မာခင် အဲ့နေရာကို သွားလို့ မဖြစ်သေးဘူး…”

ဝမ်လင်က ပြုံးလိုက်၏။ သည့်နောက် သူ့မျက်နှာပေါ်ရှိ အေးစက်မှုကလည်း ပျောက်ကွယ်လို့သွားသည်။သူက သာမန်ဓားတစ်လက်ကို ထုတ်ယူက ၎င်းပေါ်သို့ တက်၍ ပျံသန်းလိုက်သည်။

ပျံသန်းနေရင်း သူ့အသွင်က ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်။သိပ်မကြာခင်တွင် သူ့ပုံပန်းသွင်ပြင်တစ်ခုလုံးက လုံးဝပြောင်းလဲသွားတော့သည်။သည်အခိုက်အတန့်၌ သူနှင့်ရင်းနှီးခဲ့သောလူများပင် သူ့ကို မှတ်မိနိုင်တော့မည် မဟုတ်ပေ။

ကျင့်ကြံခြင်းအဆင့်မြင့်သည်လူတိုင်းနီးပါးက သည်လို ရုပ်ပြောင်းရုပ်လွှဲလုပ်ရာ၌ ကောင်းမွန်ပေသည်။သို့ရာတွင် ကျင့်ကြံခြင်းအဆင့်မြင့်သူများအတွက် သည်ရုပ်ပြောင်းရုပ်လွှဲမန္တာန်က အားနည်းလွန်းလှ၏။

မည်သည့် မြင့်မားသောကျင့်ကြံသူမဆို တစ်ချက်ကြည့်ရုံဖြင့် သည်မန္တာန်ကို အသုံးပြုထားသည့်လူများက ဖြတ်မြင်နိုင်စွမ်း ရှိကြသည်။

သို့ရာတွင် ဝမ်လင်းကတော့ မတူညီတော့ပေ။သူက မန္တာန်အသုံးပြုထားခြင်း မဟုတ်ပေ။သူက သူ့အရိပ်ထဲ၌ ပုန်းနေသော ကောင်းကင်ဘုံသက်တော်စောင့်နှင့် နေရာချင်းလဲထားသည့်သဘောပင်။ သည်အရာကို ဖြတ်မြင်နိုင်စွမ်းရှိသည့်လူက အများကြီး မရှိနိုင်ပေ။

ခဏတာ ပျံသန်းပြီးသည့်နောက် သူ့ရှေ့တွင် မြို့တစ်မြို့ပေါ်လာသည်။သည်မြို့က ကြီးမားလှသည့် အပြာရောင်ကျောက်တုံးကြီးများနှင့် ဝန်းရံလို့ထားသည်။မြို့ဂိတ်တံခါးပေါက်၌ စာလုံးကြီး နှစ်ခုကို ရေးထွင်းထားသည်။

“စွန် မိသားစု…”

ဝမ်လင်းက သူ့ဓားကို ပြန်သိမ်း၍ မြို့ပြင်တွင် ခြေချလိုက်၏။သည့်နောက် သူက မြို့ထဲသို့ တည်ငြိမ်စွာ လမ်းလျောက်ဝင်လာခဲ့သည်။

သူတိုက သူ့ကို အမြုတေဖွဲ့တည်ခြင်းအဆင့်သာ ဖြစ်ကြောင်း သတိပြုမိနိုင်၏။သည်မြို့စောင့်များက သိပ်ပြီး စုံစမ်းစစ်ဆေးနေခြင်းတော့ မရှိပေ။သူတို့က သူ့ကို ပြင်ပကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းလှိုဏ်ဂူများ ပြင်ဆင်ပေးထားကြောင်း ပြောပြခဲ့သည်။သည့်နောက် ဝမ်လင်းက စိတ်ဝိညာဉ်ကျောက်တုံးများကို မြို့အတွင်း ယာယီနေထိုင်ခွင့်အတွက် ပေးလိုက်ရာ တုန်ကင်တစ်ခု ပြန်ရရှိ၏။သည့်နောက် သူက စွန်မိသားစု ထိန်းချုပ်ထား‌သော မြို့ထဲသို့ လမ်းလျှောက်၍ ဝင်သွားတော့သည်။

မြို့ထဲ၌ သေမျိုးများလည်း ရှိနေ၏။ကျင့်ကြံသူများစွာလည်း ရှိနေ၏။ မြို့ဝင်လမ်းဘေးတစ်ဖက်တစ်ချပ်တွင် ကျင့်ကြံသူများအတွက် လိုအပ်သည့်အရာများ ရောင်းချသော ဆိုင်များ ရှိနေသည်။သည့်အပြင် သေမျိုးများအတွက်လည်း ဆိုင်အချို့ ရှိနေ၏။

ဝမ်လင်းက လမ်းမအတိုင်း သက်တောင့်သက်သာ လျှောက်လှမ်းလာသည်။သူက သည်မြို့မှ တစ်စုံတစ်ယောက်ကဲ့သို့အလား ထင်မှတ်ရသည်။သူက သည်နေရာတွင် အခြေချမည်ဟု ဆုံးဖြတ်ပြီးကတည်းက သူက နေဖို့ နေရာတစ်ခု ရှာရတော့ပေမည်။

မြို့မြောက်ဘက်ပိုင်းကို ဝင်ရောင်လာပြီးနောက် ဝမ်လင်းက သည်ဧရိယာတွင် တိတ်ဆိတ်မှုနှင့်ထူထဲသော စိတ်ဝိညာဉ်စွမ်းအင်တို့ ဖုံးလွှမ်းနေသည်ကို ချက်ခြင်းခံစားမိသည်။အတားအဆီးချမှတ်ထားသော သီးသန့်အိမ်များလည်း ရှိနေ၏။

သည်နေရာသို့ သေမျိုးများ ဝင်မရောက်လာရန်အတွက် ဝင်ပေါက်တွင် အတားအဆီးတစ်ခုလည်း ရှိနေသည်။အနက်ရောင်တုန်ကင် ခုနစ်ခု၊ရှစ်ခုခန့် တင်ထားသည့် ပေသုံးရာလောက်ကျောက်တုံးတစ်ခုလည်း ရှိလို့နေသည်။

ထိုကျောက်တုံးအောက်၌ စဦးစိတ်ဝိညာဉ်အဆင့် လူငယ်တစ်ယောက် ထိုင်လျက် ရှိနေသည်။သူကမျက်လုံးမှိတ်ထားလျက်ရှိကာ သူ့နှာခေါင်းကနေ လေပူစီးကြောင်းများ ထွက်လို့နေ၏။

ဝမ်လင်းက ဝင်ပေါက်တွင် ရပ်လိုက်ကာ အထဲသို့ ကြည့်လိုက်သည်။သူ့မျက်လုံးထဲ၌ သည်အတားအဆီးက ရိုးစင်းလွန်းလှ၏။သူက ချိုးဖျက်ရန်မလိုဘဲ သည်အတိုင်းလှမ်းလျှောက်၍ ဝင်သွားလျှင်တောင် သည်အတားအဆီးက မည်သည့်တုန်ပြန်မှုမှ ပြုလာလိမ့်မည် မဟုတ်ပေ။

သူက အတားအဆီးကို ကြည့်နေရင်း ကျောက်တုံးအောက်မှ လူငယ်ကမျက်လုံးဖွင့်လာ၏။သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “အခန်းလွတ်ရှစ်ခန်းကျန်သေးတယ်…ဘယ်အခန်း ယူမှာလဲ…”

ဝမ်လင်းက တည်ငြိမ်စွာ ပြန်မေးလိုက်၏။ ‘ဒီအခန်းတွေမှာ ကွာခြားမှု ရှိလား…”

လူငယ်က စိတ်မရှည်ဟန်နှင့် ပြောလိုက်သည်။ “အပေါ်ခန်းက ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်၊ အောက်ခန်းက တစ်ရာ ကျသင့်တယ်…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးသည့်နောက် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာကို ထုတ်၍ ပေးလိုက်သည်။ လူငယ်က အထင်သေးဟန်ြင့် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်း၍ ယင်းကျောက်တုံးများကို သိမ်းဆည်းလိုက်၏။သည့်နောက် သူက ကျောက်တုံးပေါ်မှ တုန်ကင်တစ်ခုကို ယူကာ ဝမ်လင်းထံသို့ ပစ်ပေးကာ ပြောလိုက်၏။ “အနောက်ဘက်က ငါးခုမြောက်အိမ်…သွားတော့…” ထိုသို့ပြောပြီးနောက် ထိုလူငယ်က မျက်လုံးပြန်မှိတ်ကာ ကျင့်ကြံခြင်း၌ အာရုံစိုက်ထားတော့သည်။

ဝမ်လင်းက တုန်ကင်ကို ဖမ်းယူကာ ကြည့်လိုက်သည်။ ထိုတုန်ကင်ပေါ်၌ အတားအဆီးနှစ်ခု ရှိလို့နေသည်။တစ်ခုက ဝင်ပေါက်ကို ဖြတ်ရန်အတွက် ဖြစ်၏။ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် တုန်ကင်ဖြင့် ဝင်ပေါက်ကနေတစ်ဆင့် လှမ်းဝင်လာခဲ့တော့သည်။

သူဝင်သွားသည့် အခိုက်အတန့်၌ ကျောက်တုံးအောက်ရှိလူငယ်က မျက်လုံးဖွင့်လာကာ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ “ငါတို့ စွန်မိသားစုရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ငှားယမ်းပြီး သူတို့ရဲ့ စဦးစိတ်ဝိညာဉ်ကို ဖွဲ့တည်ခြင်တဲ့ နောက်ထပ် ပြင်ပကျင့်ကြံသူတစ်ယောက်…။ဟက်…လူတစ်ယောက်ရဲ့ စဦးစိတ်ဝိညာဉ်က ဖွဲ့တည်နိုင်ဖို့ ဒီလောက်လွယ်ပါ့မလား။ ဒီလူရဲ့ အရည်အချင်းက သာမန်ပဲ ရှိပြီး ဆေးလုံးတွေကြောင့်သာ အမြုတွေဖွဲ့တည်ခြင်းအဆင့်ကို ရောက်လာတာပဲ ဖြစ်ရမယ်…”

ဝမ်လင်းက လူငယ်၏ စကားများကို ကြားပေ၏။သူက နောက်လှည့်၍ တစ်ချက် ကြည့်လိုက်ပြီးနောက် ရှေ့သို့ ပြန်ဆက်လျှောက်သွားသည်။သိပ်မကြာခင်တွင် သူက အနောက်ဘက်ခြမ်းမှ ငါးခုမြောက်အိမ်သို့ ရောက်ရှိလာ၏။

သည်အိမ်က ရိုးရိုးရှင်းရှင်းပင်။သို့သော် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နေ၏။သူက အခန်းက စစ်ဆေးကြည့်ပြီးနောက် ကျေနပ်လို့သွားသည်။

အခန်းထဲ၌ အိပ်ယာတစ်ခုနှင့် ဖျာတစ်ချပ် ရှိနေသည်။သည့်အပြင် ဆေးမီးပြင်းဖို တစ်ခုနှင့် တံခါးပိတ်ကျင့်ကြံလို့ရသည့်နေရာတစ်ခုလည်း ရှိနေ၏။၎င်းက သေးငယ်သော်လည်း သန့်ရှင်းသပ်ရပ်၏။

အခန်းအပြင်၌ ဝမ်လင်းက လက်ဝှေ့ယမ်းကာ သည်အိမ်၏ အတားအဆီးများကို ပြီးပြည့်စုံအောင် ပြုလုပ်လိုက်၏။သည်အတားအဆီးက အရင်ထက် ဆယ်ဆလောက်အစွမ်းထက်လို့သွားသည်။ သူက အခန်းထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်ကာ ထူထဲသော စိတ်ဝိညာဉ်စွမ်းအင်ကို ရှိုက်သွင်းလိုက်သည်။

သူ့အသွင်က သက်တောင့်သက်သာ ဖြစ်လို့သွား၏။သိပ်မကြာခင်တွင် ဝမ်လင်းက ပါးစပ်အပြည့်လေများကို ထုတ်လွှတ်လိုက်ကာ ပူဆွေးဟန် ဖြစ်ပေါ်နေ၏။

“ကံမကောင်းစွာနဲ့ ဘယ်လောက်ပဲ စိတ်ဝိညာဉ်စွမ်းအင်ထူထဲပါစေ ငါ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်မပေးနိုင်တော့ဘူး…”

ဝမ်လင်း သိုလှောင်အိတ်ထဲရှိ ကောင်းကင်ဘုံကျောက်စိမ်းပြားများသည် သူအာဏာတက်ခြင်းအဆင့်သို့ တက်လှမ်းချိန်၌ လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။သူနေ့စဉ် ကျင့်ကြံမှုအတွက် လုံလောက်ခြင်း မရှိတော့ပေ။

“ကောင်းကင်ဘုံအရည်ငါးစက်မှာလည်း လေးစက်က ငါ ကောင်းကင်ဘုံတက်ခြင်းသစ်သီးတွေရဲ့ သက်ရောက်ခံရတဲ့ အချိန်မှာ လေးစက်ကို ငါ သောက်ခဲ့ပြီးပြီး။ ဒါက ငါ့ခန္ဓာကိုယ်ကို အဆုံးမသတ်နိုင်တဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေကို ရရှိစေခဲ့တယ်။ ဒါပေမဲ့လည်း ဒါက သိပ်ကြာကြာခံတော့မှာ မဟုတ်ဘူး။နောက်ထပ် နှစ်အနည်းငယ်ကြာရင် ငါ့ခန္ဓာကိုယ်ထဲက ကောင်းကင်ဘုံအရည်က အသုံးပြုပြီး ဖြစ်နေလောက်ပြီ…။ငါ့မှာ အတောမသပ်တဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေကို ပိုင်ဆိုင်တော့မှာ မဟုတ်ဘူး…”

“ဒါ့အပြင် ကောင်းကင်ဘုံအရည်စက်တစ်စက်ကလည်း အာဏာတက်ခြင်းအဆင့်ကို ချိုးဖျက်ဖို့ ကူညီပေးခဲ့တယ်။ဒါပေမဲ့လည်း နောက်ပိုင်းအဆင့်တက်ဖို့အတွက် လိုအပ်တဲ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပမာဏက မြင့်မားလွန်းလာပြီ။ ခုချိန်မှာ ငါက ဒီအရည်စက်အချို့ကို သောက်သုံးမယ်ဆိုရင်တောင် အရင်လို တူညီတဲ့ သက်ရောက်မှု ရှိမှာ မဟုတ်တော့ဘူး။ဒါ့ကြောင့် ဒီဟာတွေကို ခုချိန်မှာ ဖြုန်းမယ့်အစား ငါဒဏ်ရာရတဲ့အချိန်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် အချိန်တိုအတွင်း ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေ လိုအပ်တဲ့အချိန်မှာပဲ ဖြစ်ဖြစ် အသုံးပြုလို့ရအောင် သိမ်းထားရမယ်။ဒီတော့ ခု အရင်ဆုံးလုပ်ရမှာက ငါ့နေ့စဉ် ကျင့်ကြံဖို့အတွက် လိုအပ်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေကို ရအောင် လုပ်ဖို့ပဲ ဖြစ်တယ်…”

အပြင်ဘက်ရှိ ကောင်းကင်က တစ်ဖြည်းဖြည်း နက်မှောင်လာခဲ့ကာ အခန်းတွင်း၌လည်း မှောင်လာခဲ့သည်။ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းကာ ဖယောင်းတိုင်တစ်တိုင်ကို ချက်ခြင်း ထိန်းညှိလိုက်သည်။အိမ်က ချက်ခြင်းပင် ဖယောင်းတိုင်အလင်းဖြင့် လင်းလက်သွားသည်။

အခန်းမျက်နှာကျက်၌ လက်သီးစုပ်ခန့် အပြာရောင်ပုတီးစေ့တစ်ခု ရှိလို့နေသည်။ဖယောင်းတိုင်အလင်းက မြင့်တက်လာလာကာ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ထိုပုတီးက စုပ်ယူသွားသည်။သိပ်မကြာခင်တွင် ထိုပုတီးစေ့က မီးခိုးငွေ့များနှင့် ပြည့်လာကာ စတင် လင်းလက်လာသည်။

သည်ဖြစ်စဉ်က ဝမ်လင်းကို စိတ်ဝင်သွားစေသည်။သူက သည်လိုမျိုး မီးထွန်းညှိမှုပုံစံကို မမြင်တွေ့ခဲ့ဖူးချေ။သူက တောက်ပလင်းလက်နေသော အပြာရောင်ပုတီးစေ့အား ကြည့်နေ၏။

အမွေးတိုင်တစ်တိုင်ဝက် စာလောက် ကုန်ဆုံးသွားပြီးနောက် ပုတီးစေ့က ပို၍ တောက်ပလာခဲ့ကာ အပြာရောင်အလင်းနှင့် ပြည့်လို့နေတော့သည်။သို့သော် ဖယောင်းတိုင်ကတော့ ငြိမ်းသေသွားပြီ ဖြစ်၏။သည်ပုတီးစေ့က အခန်းထဲ၌ တစ်ခုတည်းသော အလင်းပေးသည့်အရာ ဖြစ်လာခဲ့သည်။

“ဒီပုတီးစေ့ထဲမှာ အတားအဆီးသုံးခု ရှိနေတယ်။သုံးခုလုံးက မီးခိုးငွေ့ကို စုစည်းစေပီး အဲ့ငွေ့ကို အပူ၊ အဲ့အပူကို ကနေတစ်ဆင့် အလင်းပေးစေတာပဲ…”

ထိုပုတီးစေ့ထံမှ စန္ဒကူးနံ ခပ်ဖျော့ဖျော့ ထွက်ပေါ်လာခဲ့သည်။သည်အနံ့က လူ့စိတ်ကို တည်ငြိမ်စေ၏။

“တတိယမြောက်အစီအရင်က ဒီစန္ဒကူးနံ့ပဲ…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။ သည်အနံ့က မည်သည့်အဆိပ်ဓာတ်ကိုမှ မဖြစ်စေသည့်အပြင် ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းကိုပင် တိုးမြင့်ပေးနိုင်ပေသည်။၎င်းက သိပ်တွေ့ရမများသည့် အဂ္ဂိရတ်ပစ္စည်းတစ်ခုပင်။

အခန်းထဲ၌ ထိုင်နေရင်း အပြင်ဘက်ကမ္ဘာသည် တိတ်ဆိတ်လို့နေ၏။ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ရုတ်တရက် အတွေးတစ်ခု သူ့စိတ်ထဲ ရောက်လာခဲ့သည်။ခဏာ တွေးကြည့်ပြီးသည့်နောက် သူက ထိုအတွေးကို ပယ်ဖျက်လိုက်သည်။

ခိုးယူခြင်းက ငါ့ကို နိမ့်ကျစေလိမ့်မယ်။တကယ်တော့ ငါလိုအပ်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတွေမှာပဲ ပိုင်ဆိုင်လိမ့်မယ်။ ဒီမှာ ရှိတဲ့ မိသားစုကြီး တစ်ချို့တစ်လေမှာတော့ ရှိကောင်းရှိနိုင်လိမ့်မယ်…”

“ဒါပေမဲ့လည်း ငါက ဒီလို လုပ်လိုက်ရင် ရွင်ယွမ်ဂြိုဟ်ကနေ ထွက်ခွာပြီး တစ်နေရာရာ သွားရလိမ့်မယ်။ ဒီတော့ ဒါက အစီအစဉ်ကောင်းတစ်ခုတော့ မဟုတ်သေးဘူး…”

အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်းက သူ့ခေါင်းကိုမော့ကာ ဆုံးဖြတ်ချက်တစ်ခုကို ချ၏။သူက သိုလှောင်အိတ်ထဲကနေ အချို့သန့်စင်ခြင်းခံထားရသော သတ္တုပစ္စည်းများကို ထုတ်ယူလိုက်သည်။

သူက သူ့မူလစွမ်းအင်ကို ထွေးထုတ်ကာ ထိုပစ္စည်းများ ပတ်လည်အား ဝန်းရံစေလိုက်သည်။သည်သတ္တုပစ္စည်းများက မြန်ဆန်စွာ အရည်ပျော်ကြလာပြီးနောက် ဝမ်လင်းနတ်ဘုရားအာရုံ အလိုအရ ပုံစံသုံးမျိုး ဖြစ်တည်၏။

ယင်းပုံစံသုံးမျိုးမှာ ဓားတစ်လက်၊ကြေးမုံတစ်ချပ်နှင့် ဆံထိုး တစ်ခု တို့ဖြစ်ကြသည်။

ဝမ်လင်းက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ မရေမတွက်နိုင်သောအတားအဆီးများကို ၎င်းတို့ပေါ်သို့ ချမှတ်လိုက်၏။ တစ်ဖြည်းဖြည်းဖြင့် ထိုရတနာသုံးခုက ဖိအားကို စတင်ထုတ်လွှတ်လာသည်။သည့်အပြင် ၎င်းတို့က ဝမ်လင်း၏မူလစိတ်ဝိညာဉ်ဖြင့် သန့်စင်ထားခြင်းကြောင့် လျှပ်စီများကလည်း ရံဖန်ရံခါ ယင်းတို့ပေါ်၌ ပေါ်လာနေ၏။

အတားအဆီးများကို ချမှတ်ပြီးသည့်နောက် ဝမ်လင်းက အနည်းငယ်စဉ်းစားကာ အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အချိန်နယ်ပယ်ကို ကျင့်ကြံသူအကြောင်းအား ပြန်တွေးယူလိုက်၏။သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်နှင့် သူ့ကိုယ်ပိုင်တာအိုကို ရရှိထားခြင်းတို့ကြောင့် သူ့အတွက် ယင်းနယ်ပယ်ကို ကောင်းစွာ တုပနိုင်ခဲ့သည်။

သူ့ညာလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြေးမုံထဲသို့ အချိန်နယ်ပယ်က ဝင်ရောက်လို့သွား၏။

သည့်နောက် ဝမ်လင်းက လျိုမေ၏ ပုံရိပ်တစ်ထောင်ရက်စက်ခြင်းနယ်ပယ်ကို ပြန်၍ ဆင့်ခေါ်လိုက်၏။ အတောမသပ်သော ပုံရိပ်များက သူ့စိတ်ထဲ၌ ပေါ်လာခဲ့ပြီးနောက် ၎င်းတို့က အလင်းတန်းတစ်ခုအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းသွားပြီး ဆံထိုးထဲသို့ ဝင်ရောက်သွားပြန်သည်။

ဓားအတွက်တော့ ဝမ်လင်းက မည်သည့်နယ်ပယ်ကိုမှ ထည့်သွင်းခြင်း မပြုခဲ့ပေ။သူက တည်နေရာရွှေ့ပြောင်းခြင်းအမှတ်အသားကိုသာ ယင်းဓားထဲ၌ နေရာချလိုက်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset