Switch Mode

အပိုင်း(၇၁၁)

မေအာ

“မိုးကြိုးကောင်းကင်ဘုံ တမန်တော်…” ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိဘဲ သူက ထိုလေးယောက်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။သူက ထိုစကားကို ဝန်မခံသလို ငြင်းဆန်ခြင်းလည်း မပြုပေ။

ရွင်ယွဲ့၏နှလုံးသားက တုန်လှုပ်နေသော်လည်း သူမက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လုပ်လိုက်၏။သူမက ဝမ်လင်း မည်သည့်စကားမှ ဆိုမလာသည်ကို တွေ့သည့်အခါ စတင်၍ မှန်းဆကြည့်နေမိသည်။ဝမ်လင်း၏ မန္တာန်က တုန်လှုပ်ဖွယ်ကောင်းသော်လည်း မိုးကြိုးကောင်းကင်ဘုံတမန်တော်ဟူသည့် တည်ရှိမှုအဆင့်အတန်းက သာမာထက် လွန်စွာမြင့်နေပေ၏။ထို့ကြောင့် သူမက သံသယလည်း ရှိနေပေသည်။

သည့်အပြင် သူမက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကိုလည်း ဖြတ်မြင်နိုင်စွမ်း မရှိ ဖြစ်နေ၏။သည်အရာက သူမကို ဝမ်လင်း၏အစစ်အမှန်ပုံရိပ်နှင့် ပတ်သတ်၍ ပိုမို မသေချာမရေယာ ဖြစ်စေသည်။

ကျန်သည့်သုံးယောက်တွင် အထူးသဖြင့် စွန်ရွှယ်ရှန်ကတော့ အလွန်လေးစားနေမိကြ၏။သူက ရွင်ယွဲ့၏စကားကို ကြားလိုက်ပြီးနောက် သူ့စိတ်ထဲ၌ သည်လူက မိုးကြိုးကောင်းကင်ဘုံတမန်တော် တစ်ယောက် မုချ ဖြစ်မည်ဟု ပိုင်းဖြတ်ထားလိုက်တော့သည်။

စွန်ရွှယ်ရှန်က လေးစားစွာ ပြောလာ၏။ “စီနီယာက ရွင်ယွမ်ဂြိုဟ်ကို သွားချင်ရင် ဂျူနီယာ လိုက်ပို့ပေးဖို့ ဆန္ဒရှိပါတယ်…”

ဝမ်လင်းက ခေါင်းငြိမ့်ကာ ငွေရောင်နဂါးပေါ်၌ ထိုင်ကာ မြောက်အရပ်သို့ ပျံသန်းသွားတော့သည်။စွန်ရွှယ်ရှန်ကလည်း ရွင်ယွဲ့နှင့်သူ့လူများနှင့်အတူ မြန်ဆန်စွာ လိုက်ပါသွားကြသည်။

အချိန်ခဏကြာပြီးနောက် ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သည်လေးယောက်က နှေးလွန်းနေ၏။သည်နှုန်းနှင်သာ ခရီးဆက်ရပါက ခုနစ်ရက်လောက် ကြာသွားနိုင်ပေသည်။သူက အနည်းငယ် စဉ်းစားပြီးနောက် ကြယ်သံလိုက်အိမ်မြှောင်၏ အရှိန်ကို လျော့ချကာ ထိုလေးယောက်နှင့် အကွာအဝေးတစ်ခု ထိန်းထားလိုက်သည်။

အလုံးစုံကြယ်အဖွဲ့အစည်းက သူ့အတွက် အစိမ်းသပ်သပ် ဖြစ်နေသည်။ထို့ကြောင့် ဝမ်လင်းက အလျင်စလို သွားရန် စိတ်လောနေခြင်း မရှိပေ။သူ့အတွက် သည်ကြယ်အဖွဲ့အစည်းအကြောင်းကို ပိုနားလည်ထားသည်က ကောင်းပေလိမ့်မည်။သို့မှသာ နောက်ပိုင်းတွင် သူက ခရီးလှည့်လည်သွားလာရာ၌ လွယ်ကူပေလိမ့်မည် ဖြစ်၏။

ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ “ရွင်ယွမ်ဂြိုဟ်ရဲ့ ပတ်လည်မှာ ဘယ်ကျင့်ကြံခြင်း ဂြိုဟ်တွေ ရှိလဲ…”

စွန်ရွှယ်ရှန်က ဝမ်လင်းခြေထောက်အောက်ရှိ ငွေရောင်နဂါးကြယ်သံလိုက်အိမ်မြှောင်ကို တိတ်တဆိတ်ကြည့်ကာ သူ့မျက်လုံးထဲ၌ လေးစားသည့်ဟန်ပန်တို့ ဖြစ်ပေါ်နေသည်။သူက ဝမ်လင်းစကားကို ကြားလိုက်သည့်အခါ ခပ်သွက်သွက် ပြောလိုက်၏။ “ရွင်ယွမ်ဂြိုဟ်က မြောက်ဘက်နယ်မြေရဲ့ အဓိကဂြိုဟ်ကြီးငါးခုလထဲက တစ်ခုအပါအဝင် ဖြစ်တဲ့ ပုံရိပ်ယောင်တစ်ထောင်ဂြိုဟ်ရဲ့ လက်အောက်မှာ တည်ရှိပါတယ်…။ဒီပုံရိပ်ယောင်တစ်ထောင်ဂြိုဟ်ရဲ့အောက်မှာ တစ်ခြားဂြိုဟ်တွေလည်း အများကြီး ရှိပါသေးတယ်…”

သူက ဝမ်လင်း သည့်အကြောင်းနှင့် ပတ်သတ်၍ မသိသည့်ကို သံသယအချို့ရှိသွား၏။ သို့ရာတွင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ဂြိုဟ်ပေါင်းမြောက်များစွာ ရှိသည်ကို တွေးမိသွားသည့်အတွက် အေးအေးဆေးဆေး ပြန်ဖြစ်သွားသည်။

ဝမ်လင်းအသွင်ကတော့ မပြောင်းမလဲ ရှိနေဆဲပင်။သို့သော သူ့နှလုံးသားကတော့ တုန်ယင်သွား၏။

“ပုံရိပ်တစ်ထောင်ဂြိုဟ်…ပုံရိပ်တစ်ထောင်…ဒီနာမည်က ငါနဲ့ တော်တော်လေး ရင်းနှီးနေတယ်။ အတိတ်တုန်းက ကျူးချွဲဇီမှာ ပုံရိပ်ယောင်တစ်ထောင်နယ်ပယ်ကို ကျင့်ကြံတဲ့ လျိုမေလို့ ခေါ်တဲ့ တပည့်တစ်ယောက်ရှိတယ်။ အင်း…ဒီနာမည်နှစ်ခုက ဆက်စက်မှုတော့ ရှိမှာ မဟုတ်ပါဘူးလေ…တကယ်တော့ ဒါက မတူညီတဲ့ ကြယ်အဖွဲ့အစည်းနှစ်ခုပဲ…”

“မြောက်ပိုင်းနယ်မြေ။ကြည့်ရတာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက အရှေ့၊အနောက်၊မြောက်နဲ့တောင် ဆိုပြီး နယ်မြေတွေ ခွဲထားတဲ့ပုံပဲ။ခုငါက မြောက်ပိုင်းနယ်မြေမှာ ရောက်နေတာ ဖြစ်ရမယ်…”

စွန်ရွှယ်ရှန်၏ စကားမှ တစ်ဆင့် ဝမ်လင်းက သည်အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနှင့် ပတ်သတ်၍ နည်းနည်း နားလည်လာခဲ့သည်။

သည်အခိုက်အတန့်၌ ရွင်ယွဲ့က ပြောလိုက်သည်။ “စီနီယာက ငါတို့အားလုံးကို ကယ်တင်ခဲ့ပေမဲ့ ငါတို့က သင့်နာမည်ကို မသိရသေးဘူး…”

ဝမ်လင်ကတည်ငြိမ်စွာ ပြောလိုက်၏။ “ရှုမူ…” သူက ရှေ့ဖြစ်ဟောသူနှင့် သူ့အပေါင်းအပါများ သူ့နောက်သို့ ဘယ်အချိန်လိုက်လာမည်ကို မသိရပေ။ထို့ကြောင့် သူက သူ့နာမည်အစစ်ကို ဖုံးကွယ်ထားလိုက်ခြင်းပင်။

“မျိုးရိုးနာမည်ရှု…” ရွင်ယွဲ့၏မျက်လုံးက တဖျပ်ဖျပ်လင်းလက်သွားကာ သူမစိတ်က တုန်လှုပ်သွား၏။သူမက ဝမ်လင်း၏နောက်ခံပုံရိပ်က ပို၍ ထူးဆန်းလာသည်ဟု ခံစားမိလိုက်၏။

“ရှုက ပုံရိပ်ယောင်တစ်ထောင်ဂြိုဟ်ပေါ်က မိသားစုကြီးတစ်ခုပဲ။ ဒီရှုမိသားစုက ဧရာမသစ်ပင်ကြီးနဲ့တူတယ်။ သူက ရှုမိသားစုကများ ဖြစ်နေနိုင်လား…”

သူမက ဝမ်လင်း၏နောက်ခံပုံရိပ်ကို အစောပိုင်းတည်းကသာ မခန့်မှန်းခဲ့ဘူးဆိုပါက ရှုဆိုသည့်နာမည်က ကိစ္စတစ်ခု ရှိလာလိမ့်မည် မဟုတ်ပေ။ဝမ်လင်းကသာ သူမကို အစောပိုင်းက တုန်လှုပ်စေခဲ့ခြင်းကြောင့် သူမက ဝမ်လင်း၏နောက်ခံပုံရိပ်ကို မေးခွန်းထုတ်မိနေခြင်း ဖြစ်သည်။ခုချိန်၌ သူမက အများကြီးတွေးနေမိတော့သည်။

ဝမ်လင်းက သူ့ကိုယ်သူ ရှုမူဟု ခေါ်တွင်သည်ကို ကြားလိုက်သည့်အခါ စွန်ရွှယ်ရှန်က မျက်လုံးသူငယ်အိမ်ပင် ကျုုံ့သွားမိ၏။သူက ပို၍ပင် လေးစားလာမိချေသည်။

ရွင်ယွဲ့က ခေါင်းမော့ကာ မေးလာသည်။ “စီနီယာက ဘယ်နေရာကနေ လာခဲ့တာများလဲ…” ထိုသို့မေးလိုက်ပြီးသည့်နောက် သူမက ချက်ခြင်း နောင်တရသွားသည်။ ဂျူနီယာတစ်ယောက်အနေနှင့် မေးခွန်းအများကြီးမေးခြင်းက ဝမ်လင်းကို ဒေါသထွက်သွားစေနိုင်သည် မဟုတ်လား။သည့်နောက် သူမက ခပ်မြန်မြန် ထပ်ပြောလိုက်သည်။ “စီနီယာ… ကျေးဇူးပြုပြီး ငါ့ရိုင်းပျမှုအတွက် အပြစ်မတင်ပါနဲ့။ ဂျူနီယာက မှားမှန်းသိပါပြီ…”

ဝမ်လင်းက ထိုအမျိုးသမီးကို တည်ငြိမ်စွာ ကြည့်လိုက်၏။သူမက ဉာဏ်ကောင်းပုံရကာ မိန်းမဆန်လှ၏။သူမက သည်လေးယောက်တွင် ခေါင်းဆောင်ဖြစ်မည်မှာ သိသာနေပေသည်။

“မင်းတို့က တန်လင်းဂြိုဟ် အကြောင်းကို‌ရော သိလား…” ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့လေသံက တည်ငြိမ်နေလျက်သာ ရှိ၏။ ထို့ကြောင့် ခုချိန်၌ သူ့လက်ရှိ စိတ်ခံစားချက်ကို သိနိုင်ရန် မဖြစ်နိုင်ပေ။

“တန်လင်း…” စွန်ရွှယ်ရှန် အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ဝမ်လင်းထံသို့ ကြည့်နေသော သူ့အကြည့်က တုန်လှုပ်မှုကနေသည် ကြောက်ရွှံမှုသို့ ပြောင်းလဲသွား၏။သူက နောက်သို့ ခြေလှမ်းအနည်းငယ်ပင် အလိုလို ဆုတ်မိသွားကာ သူ့မျက်နှာက ဖြူရောလို့သွားသည်။

သူသာမက ရွင်ယွဲ့ကလွဲ၍ ကျန်သည့်နှစ်ယောက်၏ မျက်နှာသည်လည်း ဖြူရောသွားကြ၏။သူတို့အကြည့်ကလည်း တုန်လှုပ်မှုကနေ ကြောက်လန့်နေမှုသို့ ပြောင်းလဲသွားကြ၏။

ရွင်ယွဲ့ပင် လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ သူမစိတ်ထဲရှိ ဝမ်လင်းနှင့်ပတ်သတ်၍ ခန့်မန်းနေမှုများအားလုံးက လွင့်စင်ပျောက်ကွယ်သွားတော့သည်။

သူတို့အမူအရာများကြောင့် ဝမ်လင်းက တစ်ခုခုကို နားလည်သလို ခံစားလိုက်ရသည်။ကြည့်ရသည်မှာ သည်ကျင့်ကြံခြင်းမိသားစုများကြားတွင် မိသားစုဝင်များသည် သေရေးရှင်ရေးအတွေ့အကြုံများကို ကြုံ့တွေ့ရင်ဆိုဖူးခြင်း ရှားသည့်ပုံပင်။

မရေမတွက်နိုင်သော သေရေးရှင်ရေးအခြေအနေများကို မတွေ့ကြုံဖူးပါက လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က မည်မျှမြင့်နေပါစေ သူတို့က စစ်မှန်သောတန်ခိုးရှင်များ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက တည်ငြိမ်စွာဖြင့် သူတို့လေးယောက်ကို ကြည့်ကာ မေးလိုက်ပြန်၏။ “မင်းတို့တွေ တန်လင်းဂြိုဟ်ကို သိကြလား…”

ရွင်ယွဲ့၏အသါင်က ဖြည်းဖြည်းချင်း ဖြူရောလာကာ သူမက လေးစားသည့်ဟန်ပန်ဖြင့် ပြောလိုက်၏။ “စီနီယာ..တုန်လင်းဂြိုဟ်က မြောက်ပိုင်းနယ်မြေမှာ နံပါတစ်ဂြိုဟ် ဖြစ်ပါတယ်။ဒီဂြိုဟ်မှာ နောက်ထပ် တုန်လင်းသတ်ဖြတ်ခြင်း ဆိုတဲ့ နာမည်တစ်ခုလည်း ရှိပါသေးတယ်။ဒီဂြိုဟ်က ထူးဆန်းလှပြီး တစ်ခါတစ်လေ တည်ရှိပြီး တစ်ခါတစ်လေကျရင် ပျောက်ကွယ်သွားတက်ပါတယ်…”

ရွင်ယွဲ့က ထိုဂြိုဟ်နှင့်ပတ်သတ်၍ နောက်ထပ် အချက်တစ်ခုကိုတော့ မပြောခဲ့ပေ။ထိုအချက်က တုန်လင်းဂြိုဟ်မှ လူတိုင်းသည် ရက်စက်ကြမ်းကြုတ်သည့်သူများ ဖြစ်သည်ဟူ၍ပင်။တစ်ခါတုန်းက တုန်လင်ဂြိုဟ်မှ ကျင့်ကြံသူတစ်ယောက်သည် မိသားစုတစ်ခုလုံးကို အမြစ်ဖျက် သုန်သင်ခဲ့ဖူးပေ၏။

တုန်လင်းဂြိုဟ်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးထဲရှိ လူအများစုအတွက် ကြောက်မက်ဖွယ်အိပ်မက်ဆိုး တစ်ခုပင် ဖြစ်နေ၏။

သည့်နောက် စွန်ရွှယ်ရှန်ပင် ဝမ်လင်းကို မကြည့်ဝံ့တော့ပေ။သူ့နှလုံးသားက မသေချာမှုတို့နှင့် ပြည့်နေ၏။သူက သည်ရှုမူလို့ခေါ်သည့်လူက ရွင်ယွမ်ဂြိုဟ်သို့ ဘာကြောင့် သွားလိုသည်ကို မသိပေ။

သည်သံသယက အခြားသုံးယောက်၏ စိတ်ထဲ၌လည်း ပိုပို အောင်းကောင်းလာခဲ့၏။သည်သံသယက ပိုအားကောင်းလာသည်နှင့်အမျှ သူတို့၏ အရှိန်ကိုပါ လျော့နည်းသွားစေသည်။သူတို့က ခုချိန်၌ ဝမ်လင်းကို ရွင်ယွမ်ဂြိုဟ်သို့ ခေါ်သွားပေးရန် ဆန္ဒမရှိတော့ပေ။

သို့ရာတွင် သူတို့လေးယောက်က ငြင်းဆန်ဝံ့ခြင်းလည်း မရှိပေ။သူတို့က ဆန္ဒမရှိရင်တောင်မှ သူတို့၏ ဦးတည်ရာ ရွင်ယွမ်ဂြိုဟ်ထံသို့သာ ဖြစ်နေခဲ့သည်။

သူတို့အမြင်၌ ဝမ်လင်းက စကားပြောခဲကာ သည်ရှုမူလို့ခေါ်သည့်လူက အရာအားလုံးကို သိနေသည့်ပုံလို့ ထင်နေပေ၏။သူတို့လေးယောက်က ဦးတည်ချက်ကို ပြောင်းလိုသည့် အကြိမ်တိုင်း ဝမ်လင်း၏ အေးစက်စက်အကြည့်နှင့် မိတ်ဆက်သွားတော့သည်။

ရက်အနည်းငယ် ကြာပြီးနောက် ဝမ်လင်းရှေ့၌ အပြာရောင်ဂြိုဟ်တစ်ခု ပေါ်လာခဲ့သည်။ကြည့်ရသည်မှာ သည်ဂြိုဟ်က သမုဒ္ဒရာ အများစုက နေရာယူထားသည့်ပုံပင်။အကွာအဝေးတစ်ခုမှ ကြည့်လျှင် ရွင်ယွမ်ဂြိုဟ်သည် အလွန်လှလို့နေ၏။၎င်းဂြိုဟ်က သိပ်သည်းသောစိတ်ဝိညာဉ်စွမ်းအင်များကိုလည်း ပေးစွမ်းလို့နေသည်။

သူတို့လေးယောက်၏ အသွင်ကို ကြည့်၍ သည်ဂြိုဟ်က ရွင်ယွမ်ဂြိုဟ်ဖြစ်သည်ကို သိလိုက်သည်။

သည်ဂြိုဟ်မှ ထွက်ပေါ်နေသော စိတ်ဝိညာဉ်စွမ်းအင်များက ဝမ်လင်း၏ မွေးရပ်ဂြိုဟ် ဟင်္ဿာပြဒါး၏ အထက်တွင် ရှိနေ၏။ဝမ်လင်းက အရင်ဆုံးရွှေ့လျားလိုက်ကာ ကြယ်သံလိုက်အိမ်မြှောင်က ငွေရောင်အလင်းတန်းအဖြစ် ပြောင်း၍ ရွင်ယွမ်ဂြိုဟ်ရှိရာသို့ ပျံသန်းသွားတော့သည်။သည့်နောက် ငွေရောင်အလင်းက ပျောက်ကွယ်သွားကာ ဝမ်လင်းက အပြာရောင်ကောင်းကင်ထက်၌ ပေါ်လာ၏။

သူ့အောက်ရှိ ပင်လယ်ပြင်ထက်မှ စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည်။ယင်းက ပို၍ပင် သိပ်သည်းနေသေး၏။

ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်သည်။သည့်နောက် သူ့ခန္ဓာကိုယ်က ဖျပ်ခနဲ ပျောက်ကွယ်သွားသည်။

သူ့ကို လမ်းပြပေးခဲ့သည့် လေးယောက်ကတော့ ဖြူဖပ်ဖြူရော်အသွင်နှင့် ဖြစ်နေကြသည်။သူတို့က ချက်ခြင်းပင် သူတို့မိသားစုများ ရှိရာသို့ ဦးတည်သွားကာ ဖြစ်ပျက်ခဲ့သမျှကို ပြန်ရှင်းပြခဲ့သည်။

ဝမ်လင်းက ရွင်ယွမ်ဂြိုဟ်သို့ ဝင်လာသည့်အချိန်၌ ကြောက်မက်ဖွယ် အနီရင့်ရောင်အလင်းတန်းတစ်ခုက မဟာမိတ်ကြယ်အဖွဲ့အစည်းကို ဖြတ်သန်းကာ ပျံသန်းလို့နေသည်။ သည်အနီရောင်အလင်းက ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေသည်။၎င်းက လျှပ်စီးတန်းနှင့် ဆင်တူကာ ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်သန်းလာနေ၏။

ထိုအနီရောင်အလင်းထဲ၌ အဘိုးအိုတစ်ယောက် ရှိနေ၏။သူ့ပိန်ပါးပါး မျက်နှာပေါ်၌ ကြမ်းကြုတ်သောအကြည့်က တည်မှီသည်။ အံ့အားသင့်ဖွယ်အကောင်းဆုံးက သူသည် ဟင်းလင်းပြင်ကို ဖြတ်သန်းရာ၌ မည်သည့် ရတနာပစ္စည်းကိုမှ မသုံးမပြုဘဲ တည်နေရာရွှေ့ပြောင်းသကဲ့သို့ ခြေလှမ်း၍ သွားလာနေခြင်းပင်။

သူတစ်ယောက်တည်းတော့ မဟုတ်ပေ။သူ့ဘေး၌ အမျိုးသမီးတစ်ယောက်လည်း ပါသေး၏။သူက မယှဉ်သာလောက်အောင် လှ၏။သူမနီရဲရဲ နှုတ်ခမ်းတစ်စုံ၊ မထူလွန်း မပါးလွန်းသည့် မျက်ခုံးနှင့် နက်မှောင်သည့် ဖီးနီမျက်ဝန်းတစ်စုံတို့က သူမကို အနှိုင်းမဲ့အလှကို ပေးစွမ်းနေသည်။သူမ၏ တောက်ပသောမျက်လုံးများက လူတိုင်းကို အသက်ရှူမှားသွားစေနိုင်သည်။

သည်အမျိုးသမီး၏ အလှက အနီရောင်လိပ်ပြာထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။သူမ၏ အလှက နိုင်ငံတစ်ခု၏ အလှဟု တင်စားဆိုရင်ပင် လွန်ကျူးရာ ကျလိမ့်မည် မဟုတ်ချေ။သူမ၏ အသွင်အပြင်အပြင် နှစ်လိုဖွယ်အော်ရာကိုပါ ပေးစွမ်းနေခြင်းက သူမကို ပိုမို၍ စွဲဆောင်မှု ရှိနေစေ၏။

သူမက အဘိုးအိုနောက်မှ လိုက်ပါလာခြင်းဖြစ်၏။သူမက သူမ၏ ကိုယ်ပိုင်အမြန်နှုန်းကို အသုံးပြုထားခြင်း မဟုတ်ဘဲ အဘိုးအိုက ခေါ်ဆောင်ပေးလာခြင်းပင်။မဟုတ်ပါက သူမက အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိနေလျှင်ပင် အဘိုးအိုနှင်အတူ အမှီလိုက်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့က ပျံသန်းနေရင်းဖြင့် သူမနောက်ရှိ ကြယ်အဖွဲ့အစည်းကြီးကို စောင်းငဲ့ကြည့်လိုက်၏။သူမမျက်လုံးများက ထူဆန်းစွာ အရောင်တောက်နေ၏။သူမက အတိတ်ကို ပြန်စဉ်းစားနေသည့်ပုံပင်။သူမ မျက်လုံးက စူးရှတောက်ပသော်လည်း ရှုပ်ထွေးသောခံစားချက်တို့လည်း ပါဝင်လို့နေသည်။

“ငါ ထွက်သွားရတော့မယ်…” ထိုအမျိုးသမီးက သက်ပြင်းချသည်။

“မေအာ…နင်က ထွက်ခွာဖို့ အင်တင်တင် ဖြစ်နေတုန်းလား…” ထိုမော်ကြွားလှသည့် အဘိုးအိုက အမျိုးသမီးကို ကြည့်၏။သူ့မျက်လုံးထဲ၌ ကြင်နာမှုအရိပ်အယောင်တို့ ရှိနေသည်။

“တပည့်က ဒီနေရာမှာ ကြီးပြင်းခဲ့ရတာပါ။ဒါ့ကြောင့် ခုလို ထွက်သွားရတော့မှာ ဖြစ်တဲ့အတွက် နည်းနည်း အင်တင်တင် ဖြစ်သလို ခံစားရပါတယ်…”

အမျိုးသမီးက သူမနီရဲရဲနှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ထား၏။

အဘိုးအိုက ရယ်မော၍ ဆိုလာသည်။ “ဒီလို အင်တင်တင် ခံစားနေစရာ မလိုပါဘူး။နင်က လုံလောက်တဲ့ ကျင့်ကြံမှုအဆင့်ရောက်တာနဲ့ ပြန်လာနိုင်တာပဲ…။ငါက ငါ ရှာလိုတဲ့ ရတနာကို မတွေ့ခဲ့ရပေမဲ့ နင့်ကို တပည့်အဖြစ် လက်ခံလိုက်ရခြင်းက ဒီမဟာမိတ်ကြယ်အဖွဲ့အစည်းကို လာရတာ ထိုက်တန်နေပြီ…”

အမျိုးသမီးက ပြုံးလိုက်၏။သို့သော် စကားမဆိုပေ။သို့ရာတွင် သူမနောက်ရှိ ကြယ်အဖွဲ့အစည်းကို ကြည့်နေသော သူမအကြည့်က ပို၍ပင် ရှုပ်ထွေးလာသည့်ပုံပင်။

အဘိုးအိုက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူ့ရှေ့ရှိ အမျိုးသမီးက လွန်ခဲ့သော နှစ်ရာချီလောက်က သူနှင့် ဆုံတွေ့ခဲ့ရသည့်သူ ဖြစ်သည်။သူက သူမသည် စိတ်ကူးတစ်ထောင်ပုံရိပ်ယောင်ရက်စက်ခြင်းနယ်ပယ်ကို ကျင့်ကြံပြီး ပုံရိပ်တစ်ထောင်ကောင်းကင်နတ်ဆိုးနယ်ပယ် သို့ တိုးတက်လျက် ရှိနေသည်ကို ချက်ခြင်း သိရှိခဲ့သည်။

သည်ရက်စက်ခြင်းနယ်ပယ်က ကြယ်အဖွဲ့အစည်းတစ်ခုတည်း၏ သီးသန့်မူပိုင် မဟုတ်ပေ။၎င်းနယ်ပယ်ကို ကျင့်ကြံသည့် နည်းလမ်းများစွာ ရှိပေ၏။ထိုနယ်ပယ်၏ အဓိကသော့ချက်က နှလုံးသားကို နားလည်ခြင်းပင်။ သို့ရာတွင် ပုံရိပ်တစ်ထောင်အဆင့်ကို ကိုယ့်ဟာကိုယ် ရောက်နိုင်သည့် တစ်စုံတစ်ယောက်ကတော့ ရှားပါးလှ၏။သို့သော် သည်အရာက အထင်ကြီးစရာ ကောင်းလှခြင်း မရှိသေးပေ။သူ့ကို သူမအား တပည့်တစ်ယောက်အဖြစ် လက်ခံအောင် ပြုလုပ်သည့်အရာက သူမသည် ပုံရိပ်ယောင်တစ်သောင်းသို့ တိုးတက်နေခြင်းကြောင့်ပင် ဖြစ်လေ၏။

ထိုအဘိုးအိုက အလုံးစုံကြယ်အဖွဲ့အစည်းကြီး၏ မြောက်ပိုင်းနယ်မြေ၏ ဦးဆောင်ဂြိုဟ်တစ်ခုဖြစ်သော ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်ရှိ ဟွမ်း မိသားစုမှ အကြီးအကဲခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ သူက သူ့မိသားစု၌ များစွာသော ဂျူနီယာများကို မြင်တွေ့ခဲ့ဖူးသော်လည်း လူအနည်းငယ်ကလွဲ၍ သူတို့အားလုံးက သူမ၏ ပါရမီအရည်အချင်းကို မယှဉ်နိုင်ကြပေ။ထိုလက်ရွေးစင်လူအနည်းငယ်ကြားမှာပင် သူမက သိသိသာသာ ပါရမီမြင့်နေခဲ့၏။

သည့်အတွက်ကြောင့်ပင် သည်အဘိုးအိုက သည်အမျိုးသမီးအား တပည့်အဖြစ် ချက်ခြင်း လက်ခံလိုခြင်း ဖြစ်၏။

နှစ်ရာချီအတူ ရှိပြီးနောက် သူ့ တပည့်အပေါ်ပို၍ ချစ်ခင်လာခဲ့၏။သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အား ရှာဖွေခြင်းကိုပင် လက်လျော့ကာ သူမကို အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ ခေါ်ဆောင်သွားနေခဲ့ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset