Switch Mode

အပိုင်း(၇၀၄)

ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်၏ ဖုံးကွယ်ထားသော အန္တရာယ်

အက်ကွဲကြောင်း အပြင်ဘက်တွင်တော့ ပိန်းပိန်းမှောင်နေ၏။အက်ကွဲကြောင်းထဲကပင် လေပြင်းတိုက်သံများကို ကြားနေရပေသည်။

တွင်းနက်ထဲမှ ထွက်ပေါ်လာသည့် အဆုံးမရှိ စုပ်အားက အရာအားလုံးကို ဝါးမြိုပစ်ချင်နေသည့်အလားပင်။

ဝမ်လင်းက အက်ကွဲကြောင်းထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်နေကာ အမှောင်ထုကို ကြည့်လို့နေ၏။သူက အမှောင်ထုနှင့် ပေါင်းစပ်သွားသည့်အလားပင်။

သည်နေရာတွင် ပိတ်မိနေခြင်းက သူ့ခေါင်းထဲ၌ အထီးကျန်မှုကို ဖြည်းဖြည်းချင်း ပေါ်ထွက်လာစေခဲ့သည်။

သူနှင့်အတူ ရှိနေသည့်အရာဆို၍ သူ့နှစ်ပေါင်းရှစ်ရာ ကျင့်ကြံမှုမှတ်ဉာဏ်များသာ ရှိသည်။

အထီးကျန်တက်သော လူများက အမြဲလိုလို သူတို့ဘဝထဲရှိ လူတစ်ယောက်ကို အောက်မေ့တက်လေ့ရှိသည်။ဝမ်လင်းက အတိတ်ကို ပြန်အောက်မေ့၍ အထီးကျန်မှုကို ခံစားနေရသည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အဖေနဲ့အမေရဲ့ အုတ်ဂူကို ဘယ်သူကများ သန့်ရှင်းရေး လုပ်ပေးနေမလဲ ငါ သိချင်မိတယ်…”

ဝမ်လင်းရှေ့၌ သေးငယ်သော အဖြူရောင်အလုံးတစ်ခုက လွင့်မြောလို့နေသည်။ထိုအလုံးထံမှ အလင်းရောင်က အားနည်းလွန်းလှ၏။သည့်အတွက် ထိုအလင်းက သည်အမှောင်ထုကို ထွန်းလင်းသွားစေနိုင်ခြင်း မရှိပေ။

သို့ရာတွင် ထိုအဖြူရောင်အလုံးထံမှ နွေးထွေးမှုတစ်ခု စီးဆင်းလို့နေ၏။ထိုနွေးထွေးမှုက ဝမ်လင်းမျက်လုံးကို ဖြတ်သန်းကာ သူ့နှလုံးသားထဲသို့ စီးဝင်လာခဲ့သည်။

ထိုအလုံးငယ်ထဲ၌ ဝမ်လင်းနှင့်အတူ အမြဲ တိတ်တဆိတ် အဖော်ပြုပေးနေတက်သော ပုံရိပ်တစ်ခု ရှိလေ၏။

ကောင်းကင်နှင့်မြေကြီး ပျက်စီးသွားပါစေ၊ပင်လယ်ရေများ ခမ်းခြောက်သွားပါစေ သည်အလုံးငယ်ထဲရှိ ပုံရိပ်က ဝမ်လင်းနှင့်အတူ သက်ထပ်ဆုံး ရှိနေခဲ့သည်သာ ဖြစ်သည်။

အက်ကွဲကြောင်းအတွင်း၌ အေးစက်မှုက ရှိလို့နေဆဲပင်။ သို့သော် အဖြူရောင်အလုံးငယ်၏ တည်ရှိမှုက ဝမ်လင်းနှလုံးသားကို နွေးထွေးစေ၏။

အမှောင်ထုနှင့် ပေါင်းစပ်နေသလား ထင်မှတ်ရသည့် ဝမ်လင်းက သူ့ညာလက်ကို မြှောက်ယူလိုက်ရာ အဖြူရောင်အလုံးက သူ့လက်ဝါးပေါ်သို့ ဖြည်းဖြည်းချင်း ကျရောက်ာလ၏။ သည်အဖြူရောင်အလုံး ဖျပ်ခနဲ လင်းလက်သွားကာ နူးညံသော အလင်းတစ်ခုကို ပေးစွမ်းလာသည်။သည်အရာက ဝမ်လင်း ကြာရှည်စွာ ပျောက်ဆုံးနေသော ပျောက်ရွှင်မှုကို ပြန်ခံစားမိစေသည်။

“လူတိုင်းရဲ့ ပျောက်ရွှင်မှုက မတူကြဘူး…ငါ့ပျော်ရွှင်မှုက ငါ့မိဘတွေနဲ့အတူရှိဖို့…ဝမ်အာနဲ့အတူ ပေါင်းဖက်ဖို့ပဲ ဖြစ်တယ်…”

ဝမ်လင်းမျက်လုံးထဲ၌ ခါးသက်မှုတို့ ရှိနေ၏။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ အတွင်းဘက်ရှိ အဆုံးမရှိ တွင်းနက်ကြီးထဲ၌ ကံကြမ္မာ ဆန့်ကျင်သော ၊နှလုံးသားထဲ၌ အထီးကျန်မှုတို့ ပြည့်နေသော ယောက်ျားတစ်ယောက် ရှိနေသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက သည် အက်ကွဲကြောင်းထဲ၌ ထိုင်နေသည်မှာ သုံးနှစ်ရှိခဲ့ပြီ ဖြစ်သည်။

သူက သည်နေရာကနေ ထွက်မသွားလိုခြင်း မဟုတ်ပေ။သို့သော် သည်သုံးနှစ်အတွင်း အပြင်ဘက်ရှိ စုပ်အားက အံ့မခန်းအဆင့်သို့ ရောက်ရှိလာခဲ့သောကြောင့်ပင်။

လွန်ခဲ့သောနှစ်နှစ်ကျော်က ဝမ်လင်းက ချမ်းသာခြင်းဓားကို သေချာလေ့လာနေခဲ့စဉ် တွင်းနက်ထဲမှ စုပ်အားက ရုတ်တရက် ပြင်းပြင်းထန်ထန် တိုးလာခဲ့ခြင်းပင်။အက်ကွဲကြောင်း တစ်ဝက်ကျော်ပင် ထိုစုပ်အား၏ သက်ရောက်ခြင်းကို ခံခဲ့ရပေသည်။

ကောင်းကင်ဘုံသက်တော်စောင့်၏ မန္တာန်က သူ့ကို သည်နေရာကနေ ထွက်ခွာရန် အခွင့်ရေး ခြောက်ဆယ်ရာခိုင်းနှုန်း ပေးခဲ့သည်။သို့သော် ယခုလို စုပ်အားက ရုတ်တရက် မြင့်တက်လာသည့်အတွက် နှစ်ဆယ်ရာခိုင်နှုန်း ပြန်ထိုးကျသွားခဲ့သည်။

ဝမ်လင်းက သူ့မျှော်လင့်ချက်ကိုတော့ မလျော့လိုက်ပေ။သူက နောက်ထပ် နှစ်နှစ်လောက်ကို တည်ငြိမ်စွာ ဆက်စောင့်နေခဲ့သည်။

သူ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိလာပြီးနောက် သူ့တိုးတက်မှုကလည်း ဖြည်းဖြည်းချင်း ကျဆင်းလာသည်။တကယ်တော့ အာဏာတက်ခြင်းအဆင့်က ပထမအဆင့်ကျင့်ကြံခြင်းနယ်ပယ်၏ အထွတ်အထိပ်ပင်။သည်ကျယ်ပြောလှသော စကြဝဠာကြီးထဲ၌ ထိုပထမဆင့်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသူ ဘယ်လောက်များများ ရှိနေလို့လဲ။

ကောင်းကင်ဘုံက မျက်နှာသာပေးသည့် လူများကလွဲ၍ မည်သူကများ သည်အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ နှစ်ပေါင်းမရေမတွက်နိုင်အောင် မသုံးစွဲဘဲ ရှိနေလို့လဲ။ဝမ်လင်း၏ ပါရမီက အလွန်သာမန်ဆန်၏။သူက သူ့ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် အချို့အထူးအတွေ့အကြုံများကြောင့်သာ မဟုတ်ပါက အခုအဆင့်ကို ရောက်လာရန်ပင် သူ့အတွက်တော်တော်လေး ခက်ခဲပေလိမ့်မည်။

အာဏာတက်ခြင်းအလယ်အဆင့်၊နောက်ဆုံးအဆင့်၊အထွတ်အထိပ်အဆ့င်က မရေမတွက်နိုင်သော ကျင့်ကြံသူများကို ပိတ်ဆို့စေသည့်အဆင့်များပင်။ဝမ်လင်းလမ်းကြောင်းရှေ့တွင်လည်း ထိုတောင်ကြီးသုံးခုက ကာဆီးပိတ်ဆို့ထားပေ၏။

သည်နှစ်နှစ်အတွင်း ဝမ်လင်းက တည်ငြိမ်စွာဖြင့်ပင် ချမ်းသာခြင်းဓားနှင့် ပတ်သတ်၍ ဖြည်းဖြည်းချင်း နားလည်လာခဲ့သည်။သည်ချမ်းသာခြင်းထဲ၌ ဓားပညာတစ်ခုသာ ရှိလို့နေ၏။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဆိုသည့် ဓားပညာပင်။

နှစ်နှစ်ကြာမြင့်ပြီးနောက် သည်နေ့တွင် ဝမ်လင်းက ချမ်းသာခြင်းဓားထံမှ သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။ချမ်းသာခြင်းဓားကလည်း ၎င်း၏အမွေအနှစ်ကို လွှဲပြောင်းပေးမည့် ရည်ရွယ်ရင်း ပြည့်ဝသွားပြီ ဖြစ်သည့်အတွက် ပျောက်ကွယ်သွားခဲ့သည်။

ဝမ်လင်း စိတ်ထဲ၌ ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသောအရာက သည်နှစ်နှစ်အတွင်း သူနားလည်သဘောပေါက်ခဲ့သည့် တုန်လှုပ်ဖွယ်စိတ်ဇောတစ်ခုသာ ဖြစ်လေ၏။

သည့်နောက် စောင့်ဆိုင်းနေရင်း ဝမ်လင်းက အထီးကျန် တိတ်ဆိတ်လို့နေတော့သည်။

သူက ကြာပွင့်သဏ္ဌာန်ထိုင်နေရင်း တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးစောကာ အပြင်ဘက်ရှိ အမှောင်ထုကိုသာ တိတ်တဆိတ် ကြည့်လို့နေသည်။ သည်စုပ်အားထံမှ အသံများက သူ့နားထဲသို့ တိုးဝင်လျက် ရှိနေသည်။

ဝမ်လင်း သိုလှောင်အိတ်ထဲမှ တိုးညှင်းသော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့သည်။သူ့သိုလှောင်အိတ်က သူ့ဟာသူ ပွင့်လာကာ မှော်စာလိပ်တစ်ခုက မြောလွင့်လာသည်။

ထိုစာလိပ်က လေထဲ၌ ဖွင့်လှစ်သွား၏။ အမျိုးသမီးပုံရိပ်တစ်ခုက ထိုစာလိပ်ထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

ဝမ်လင်းက ထိုစာလိပ်ကို မကြည့်ပေ။သူ့မျက်နှာပေါ်၌လည်း မည်သည့်အံ့အားသင့်မှုမှ ရှိလို့မနေချေ။သူ့မျက်နှာက တည်ငြိမ်လျက်သာ ရှိ၏။သူ့ရှေ့တွင် စာလိပ်ပေါ်လာသည့်အခိုက်တွင် သူက လက်သီးပြန်စုပ်ကာ အဖြူရောင်အလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်သွင်းလိုက်၏။

“ဆင်းသွားပါ…” သူက အမျိုးသမီးပုံရိပ်၏ ရှေ့ခြမ်းကို မမြင်ရချေ။သို့သော် သူမအသံက ဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့သည်။သူမအသံက သည်အက်ကွဲကြောင်းထဲ၌ ပဲ့တင့်ထပ်လို့နေသည်။

ဝမ်လင်းက စကားမဆိုပေ။သူ့လက်ချောင်းဖြင့် ဓားတစ်လက်အသွင်ပြောင်းကာ ခုတ်ပိုင်းချလိုက်သည်။သည်လုပ်ဆောင်ချက်က ရိုးရှင်းလွန်းလှ၏။သို့သော် ဝမ်လင်း၏ ခန္ဓာကိုယ်က ထူးဆန်းအံ့ဖွယ် စိတ်အခြေအနေသို့ ရောက်နေခဲ့ပေသည်။သည်ရိုးရှင်းသော ခုတ်ပိုင်းချက် ထွက်ပေါ်လာပြီးနောက် စာလိပ်က ချက်ခြင်းပင် ပြန်ပိတ်သွားကာ အထဲမှ မည်သည့်အသံမှ ထွက်မလာတော့ချေ။

ဝမ်လင်းက သူ့လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်သည်။ စာလိပ်ကို ကြည့်လိုက်ပြီးနောက် သူက၎င်းကို ပြန်ဆွဲယူကာ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

သည်သုံးနှစ်အတွင်း စာလိပ်ထဲရှိ အမျိုးသမီးက လေးကြိမ်တိတိပေါ်လာခဲ့ပေသည်။သူမက ပေါ်လာချိန်တိုင်း၌လည်း စောနကလို ဝါးတဝါး ခေါ်သံကို ပေးစွမ်းခဲ့၏။

ဝမ်လင်းက သည်တွင်းနက်အောက်ခြေတွင် ဘာရှိသည်ကို သိချင်စိတ် မရှိပေ။သူ့တည်ငြိမ်မှုက ပျောက်ကွယ်လို့မသွားပေ။သူက သူ့အောက်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကိုတောင့် ထပ်မံ၍ စစ်ဆေးကြည့်ချင်း မလုပ်ခဲ့ပေ။

သူက လုံလောက်အောင် မသန်မာပါက စပ်စုချင်စိတ်၊သိချင်စိတ်က သူ့ကို သေဆုံးသွားစေနိုင်သည် မဟုတ်လား။

ဝမ်လင်က အပြင်ဘက်ရှိ စုပ်အား အားပျော့သွားမည့်အချိန်ကို စောင့်ဆိုင်းလျက်သာ ရှိနေသည်။

သည်တွင်းနက်ထဲရှိ စုပ်အားနှင့် ပတ်သတ်၍ မည်သည့်စည်းမျဉ်းမှ ရှိမနေပေ။စုပ်အားက လွန်ခဲ့သော နှစ်နှစ်က ရုတ်တရက် တိုးလာကာ သည့်နောက် နောက်နှစ်အနည်းငယ်တွင် ရုတ်တရက် လျော့သွားနိုင်ပေသည်။သူက စောင့်ဆိုင်းနေရန်သာ လိုပေ၏။

ဝမ်လင်းဘေးနား၌ ဖားမြည်သံများ ထွက်ပေါ်လာသည်။ဝမ်လင်က ခေါင်းငုံကြည့်လိုက်ရာ သူ့မျက်လုံးက လက်ခနဲဖြစ်သွား၏။ သူ့ဘေးတွင် လက်ဝါးအရွယ်ခန့် အပြာရောင်ဖားပြုတ်တစ်ကောင် ရှိလို့နေသည်။

၎င်းက မိုးကြိုးဖားပြုတ်ပင်။

လွန်ခဲ့သော တစ်နှစ်က မိုးကြိုးဖားပြုတ်က နိုးထလာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်က ခုသည်လို အရွယ်စားလောက် ဖြစ်သွားခဲ့ပေသည်။မိုးကြိုးဖားပြုတ်က ဝမ်လင်း၏ ပြောင်းလဲမှုကို အများဆုံး ခံစားမိသည့်သူ ဖြစ်သည်။၎င်းက နိုးထလာသည်နှင့် သိုလှောင်အိတ်ထဲသို့ ပြန်မဝင်ဘဲ ဝမ်လင်းနားတွင်သာ နေနေခဲ့တော့၏။

ဝမ်လင်းက သူ့လက်ချောင်းထိပ်မှ လျှပ်စီးတန်းတစ်ခုကို ရုတ်တရက် မိုးကြိုးဖားပြုတ်ထံသို့ ထိုးထွက်စေလိုက်သည်။မိုးကြိုးဖားပြုတ်က မျက်လုံးဖွင့်လာကာ ရုတ်တရက် သူ့လျှာကို ရှေ့သို့ ဆန့်ထုတ်၍ လျှပ်စီးကို ပါးစပ်ထဲသို့ ဆွဲယူလိုက်တော့သည်။ မိုးကြိုးဖားပြုတ်၏ ကြွက်သားများထံမှ တုန်ခါသံများ ထွက်ပေါ်နေကာ ၎င်းက သက်တောင့်သက်သာ ဖြစ်နေသည့်ပုံ ပေါ်နေ၏။

ဝမ်လင်းက မျက်လုံးပြန်မှိတ်ကာ သူ့ကိုယ်သူ သူ့တာအိုထဲ၌ နစ်မြုပ်လိုက်သည်။

သူ့တာအိုတွင် အပိုင်းနှစ်ခု ရှိနေ၏။ပထမတစ်ခုက တစ္ဆေလောကမြစ်ပင်။ဒုတိယတစ်ခုက တစ္ဆေလောကမြစ်၏ စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း ဖြစ်သည်။

သို့ရာတွင် တစ္ဆေလောကမြစ်၏ စိတ်ဝိညာဉ်က စိတ်ဝိညာဉ်အလံမှ စိတ်ဝိညာဉ်အပိုင်းအစများ အတူသိပ်သည်းထားစေရုံမျှသာ ရှိ၏။၎င်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ခုထိ လိုအပ်နေတုန်းပင်။

ကောင်းကင်ဘုံတစ္ဆေက ကြမ်းကြုတ်လှသော်လည်း ဝမ်လင်းတစ္ဆေလောကမြစ်၏ စိတ်ဝိညာဉ်ဖြစ်လာရန်အတွက်တော့ လုံလောက်ခြင်း မရှိပေ။ အကြောင်းရင်းကတော့ ၎င်းသည် ကြမ်းကြုတ်မှုသာ ရှိကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကင်းမဲ့နေသောကြောင့် ဖြစ်သည်။

“တစ္ဆေလောကမြစ်အတွက် စစ်မှန်တဲ့စိတ်ဝိညာဉ်က အားကောင်းဖို့မလိုဘူး။ ရက်စက်မှုနဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများစွာ ပါဝင်တဲ့ သာမန်အားနည်းတဲ့ စိတ်ဝိညာဉ်တွေ ဖြစ်ရုံနဲ့ ရတယ်…”

ဝမ်လင်းက စဉ်းစားလိုက်၏။

“ငါက ဒီနေရာ ထွက်ခွာသွားနိုင်ရင် ငါ့တစ္ဆေလောကမြစ်အတွက် ကိုယ်ပိုင် စိတ်ဝိညာည် သန့်စင်နိုင်ဖို့ ရက်စက်မှုနဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်ယူဖို့အတွက် သေမျိုးကမ္ဘာကို တစ်ခါလောက် သွားလည်ဖို့ လိုအပ်နေပြီ…”

ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာသည်။သူက အက်ကွဲကြောင်းအပြင်ဘက်သို့ ကြည့်ကာ သူ့ညာလက်ဖြင့် ဖြည်းဖြည်းချင်း ဆွဲဆန့်သည်။သူ့လက်ချောင်းထိပ်များက အက်ကွဲကြောင်းထဲရှိ ခွဲခြားထားပေးသော လိုင်းအစပ်သို့ ဖြည်းဖြည်းချင်း ရောက်ရှိလို့သွားသည်။

သည်ခွဲခြားထားသည့်လိုင်းက အက်ကွဲကြောင်းအတွင်း၌သာ ရှိနေသော်လည်း သူ့လက်ချောင်းထိပ်က ယင်းလိုင်းကို ကျော်သွားသည်နှင့် ဝမ်လင်းက ဆွဲယူခြင်းခံလိုက်ရသည့်အလား သူ့ခန္ဓာကိုယ်သည် နာကျင်မှုကို ခံစားလိုက်သည်။

သူ့အရေပြားပေါ်၌ပင် လှိုင်းတွန့်များ စတင်ဖြစ်ပေါ်လာသည်။သူ့လက်သည်းများပင် ဆွဲနှုတ်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ငါက ဒီနေရာမှာ ပိတ်မိနေတာ ဖြစ်ပေမဲ့ ဒါက ငါ့ကို ကောင်းကင်နဲ့မြေကြီးကို နားလည်သဘောပေါက်ဖို့ အခွင့်ရေးတစ်ခုကိုလည်း ပေးစွမ်းနေတယ်။ငါ့တာအိုရဲ့ တတိယအဆင်ကို ရောက်ဖို့ပေါ့။ ဝမ်လင်းမျက်လုံးက တည်ငြိမ်နေသော်လည်း အေးစက်စက်အရိပ်အမြွက်တို့လည်း ရှိလို့နေ၏။

ဒီမတိုင်ခင် ငါ့ခန္ဓာကိုယ်ထဲက ပြဿနာကို အရင်ဆုံး ရှင်းပစ်ရဦးမယ်…”

ဝမ်လင်းက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။သည်လက်က လုံးဝ ထုံထိုင်းနေကာ သူက ခံစားမှုကိုပင် ဆုံးရှုံးသွားရသလို ဖြစ်သွား၏။

လုံခြုံမှု ရှိစေရန် သူက ရုပ်သေးထဲ၌ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို သိုလှောင်ထားခဲ့ပေသည်။သည်မန္တာန်က ဝမ်လင်းအတွက် အရေးကြီးလှသော မန္တာန်တစ်ခု ဖြစ်သည်။သူက အချိန်အတန်ကြာ ဆုံးဖြတ်ချက်ချပြီးနောက် ယင်းမန္တာန်ကို လက်လွှတ်ခဲ့ပေသည်။

အရင်တုန်းက ဝမ်လင်း သည်ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို ကျင့်ကြံနေရင်း သူက သတ်ဖြတ်သူနှလုံးသားကို ရရှိခဲ့ပေသည်။အစပိုင်း၌ သတ်ဖြတ်သူနှလုံးသားက ဝမ်လင်း ယင်းသတ်ဖြတ်ခြင်းစွမ်းအင်များကို ရုပ်သေးထဲသို့ လွှဲပြောင်းပေးချိန်၌ပင် မည်သို့မျှ ပြောင်းလဲခြင်း မရှိခဲ့ပေ။သို့ရာတွင် သုံးနှစ်ကြာပြီးနောက်မှာတော့ ဝမ်လင်းက သတ်ဖြတ်သူနှလုံးသားက ပြောင်းလဲလာခဲ့ပြီဟု ခံစားလိုက်ရသည်။

သည်လိုပြောင်းလဲမှုက ဝမ်လင်းကို ရူးသွပ်သွားစေအောင် ပြုလုပ်ပေ၏။ဘာနဲ့တူသလဲ ဆိုရင် သူက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများစွာကို စုပ်ယူခဲ့ချိန်တုန်းကလို ဖြစ်နေသည်။၎င်းအဖြစ်က သူ့ကို သတ်ဖြတ်ခြင်းစွမ်းအင်များအား ချက်ခြင်း ပြန်ယူဆောင်ချင်စိတ်ကို ဖြစ်စေခဲ့၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သည့်နောက် သူက ပြတ်သားသောအကြည့်ကိ ထုတ်ဖော်ကာ ခြေတစ်လှမ်းလှမ်းလိုက်သည်။သည်ခြေလမ်းက သူ့ကို ပိုင်းခြားထားပေးသောလိုင်းကို ကျော်လွန်သွားစေ၏။

ပြင်းထန်သောစုပ်အားက ဝမ်လင်းခန္ဓာကိုယ်ပေါ်သို့ ရောက်လာကာ သူ့ကို အက်ကွဲကြောင်းထဲကနေ အတင်း ဆွဲယူလာသည်။

ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်းလိုက်ပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သည်စုပ်အားကို တောင့်ခံနေရင်းဖြင့် သူက စုပ်အား၏ ပြောင်းလဲမှုကို ခပ်ဖြည်းဖြည်း ခံစားကြည့်နေသည်။

ထိုစုပ်အားအတွင်းမှ အေးစက်စက်စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။သည်အေးစိမ့်မှုက သန်မာလှခြင်းမရှိဘဲ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များထဲ၌ ပျော်ဝင်သွား၏။ ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ဝမ်လင်းက နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြန်သည်။

သည်တစ်ကြိမ်၌ သူက စုပ်အားပိုပြင်းသော နေရာသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။သူ့ခန္ဓာကိုယ်ထဲရှိ သွေးများပင် နှေးသွားသလား ထင်မှတ်ရပေ၏။

“မလုံလောက်သေးဘူး…” ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်လို့နေသည်။

မရေမတွက်နိုင်သော ခြင်သားရဲများက တွင်းနက်၏ ဝင်ပေါက်ဘေးရှိ နေရာတွင် ပြည့်နှက်နေကြသည်။၎င်းတို့က တွင်းနက်အနီးသို့ နီးကပ်စွာ မသွားရဲကြပေ။စုပ်အားက ပြင်းထန်လွန်းလှသည် မဟုတ်လား။၎င်းတို့က နီးကပ်သွားသည့်နှင့် တွင်းနက်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရမည် ဖြစ်သည်။

သည်ခြင်သားရဲအုပ်စုထဲ၌ ခရမ်းရောင်အလင်းကို ပေးစွမ်းနေသော ခြင်သားရဲတစ်ကောင် ရှိလို့နေသည်။၎င်းက ပျံသန်းလာသည်နှင့် အခြားခြင်သားရဲများအားလုံးက ၎င်းအတွက် လမ်းရှင်းပေးကြသည်။

သို့ရာတွင် ထိုခရမ်းရောင်ခြင်သားရဲက သည်တွင်းနက်နား၌ သုံးနှစ်တိတိ လူလားခေါက်တုံ့နှင့် စိတ်ပူပန်နေသည့်အသွင် ဖြစ်ပေါ်နေခဲ့သည်။

၎င်း၏ ပါးစပ်ကနေ အော်ဟစ်ငြီးသံများ ပေါက်ကွဲ ထွက်ပေါ်လာပြီး သည်ဧရိယာတွင် ပဲ့တင့်ထပ်စေသည်။သည်အော်သံများက မိသားစုနှင့်ခွဲခွာရသည့် တစ်စုံတစ်ယောက်က မိသားစုဝင်၏ နာမည်များကို အော်ခေါ်သည့် အသံမျိုးနှင့်ပင် ဆင်တူလို့နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset