မွန်းမံသန့်စင်ခြင်းက ဆက်လက် ဖြစ်နေသည်။လများစွာ ကြာပြီးသည့်နောက် အက်ကွဲကြောင်းအတွင်း၌ ဝမ်လင်းက အသက်ဝဝရှူသွင်းကာ မူလစွမ်းအင်များအားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။
မူလစွမ်းအင် ကွယ်ပျောက်သွားပြီးနောက် ဝမ်လင်းရှေ့၌ ကျစ်လစ်သောခန္ဓာကိုယ် တစ်ခု ပေါ်လာ၏။သည်ပုံရိပ်က အေးစက်စက်အော်ရာကို ပေးစွမ်းလို့နေ၏။
သည်ပုံရိပ်က ဖြူဖပ်ဖြူရော ဖြစ်နေကာ သွေးမရှိသည့်အလားပင်။အမှန်တော့ သွေးများက ထိုပုံရိပ်၏အရိုးများနှင့် ပေါင်းစပ်သွားခြင်းကြောင့်သာ ဖြစ်သည်။
ဝမ်လင်းအသွင်က သုန်မှုန်နေကာ သူက သက်ပြင်းမှုတ်ထုတ်မိသည်။
“ထပ် ကျရှုံးပြန်ပြီ…”
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို စပြီး လအနည်းငယ်အတွင်း ဝမ်လင်းက အကြိမ်များစွာ ကျရှုံးခဲ့ပေသည်။ကံကောင်းစွာနှင့် ကျောက်စိမ်းပြားအတွင်း မှတ်တမ်းတင်ထားသည်က ပထမတစ်ကြိမ်အတွင်း မည်မျှကျရှုံးသည် ဖြစ်စေ သန့်စင်ခြင်းခံရသောလူသည် ပျောက်ကွယ်မသွားဟူ၍ပင်။
သူ့ရှေ့ရှိ ရုပ်သေးကို ကြည့်ကာ ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ကျောက်စိမ်းပြားထဲက အတိုင်းဆိုပါက သည်သန့်စင်ခြင်းဖြစ်စဉ်အတွင်း အမျိုးမျိုးသောသတ္တုပစ္စည်းများ ထည့်ပေါင်းရန် လိုအပ်ပေသည်။ထိုသတ္တုပစ္စည်းများကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည့်နောက်မှသာ သည်ပထမအဆင့်က ပြည့်စုံသွားပေလိမ့်မည်။
“ရွှေ၊ငွေ၊ကြေး၊သံ ကောင်းကင်ဘုံသက်တော်စောင့်လို့ အဆင့်လေးဆင့်ရှိတဲ့ထဲမှာ ဒါက သံအဆင့်ကောင်းကင်ဘုံ သက်တောင်စောင့်အဆင့်ကိုတောင် မရောက်ဘူး…”
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အဆင့်နိမ့်ရတနာများ ထွက်ပေါ်လာ၏။
သည်ရတနာများက ဝမ်လင်းအချိန်အတန်ကြာကတည်းက အသုံးမပြုတော့သည့် အရာများသာ ဖြစ်သည်.
“ငါ့မှာ ဘာသတ္တုမှ မရှိဘူး။ဒါပေမဲ့ ငါ့မှာ ရတနာတွေအများကြီး ရှိတယ်။ဒါ့ကြောင့် ဒီရတနာတွေကို အရည်ဖျော်ပြီး ဒီရုပ်သေးခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်ရင် သက်ရောက်မှု အချို့ ရှိလိမ့်မယ်လို့ ငါယုံကြည်တယ်…” ဝမ်လင်း မျက်လုံက လက်ခနဲ ဖြစ်သွားသည်။သူက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၏။မီးတောက် တစ်ခု ပေါ်လာကာ သည်ရတနာများအား ဝန်းရံလို့သွားသည်။
မီးတောက်က စတင် လောင်ကျွမ်းကာ သည်ရတနာတော်တော်များများက စတင် အရည်ပျော်လာကြသည်။နောက်ဆုံးတွင် ရတနာများအားလုံးက အရည်ပျောက်သွားကာ အနက်ရောင်အလုံးတစ်ခု ဖြစ်လာခဲ့သည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက နတ်ဘုရားအာရုံကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းကာ လှည့်ပတ်ရှာဖွေလိုက်သည်။ အချို့ရတနာများက ထပ်မံ ပေါ်ထွက်လာပြန်သည်။သည့်နောက် သည်ရတနများက အနက်ရောင်အလုံးထဲသို့ တိုးဝင်သွားကြသည်။သည်အရာက ဝမ်လင်း၏ သိုလှောင်အိတ်ကို ကြီးကြီးမားမား ရှင်းလင်းပစ်ခြင်းဟုပင် ပြော၍ ရ၏။
သည်သိုလှောင်အိတ်ထဲရှိ ရတနာများက ဝမ်လင်း နှစ်ပေါင်းရှစ်ရာကျော်အတွင်း စုဆောင်းထားခဲ့ခြင်းပင်။ အများစုက သူ အကြိမ်အနည်းငယ်သာ အသုံးပြုရသေးပြီး ဘယ်တော့မှ ထပ်အသုံးမပြုတော့ချေ။ တကဘ်တော့ သူ့ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ ရတနာများစွာက သူ့အတွက် အသုံးမဝင်တော့ပေ။
သည်ရတနာများအားလုံးက ပျံသန်းလာကာ ဝမ်လင်း၏ အနက်ရောင်အလုံးထဲသို့ ပစ်သွင်းခြင်း ခံလိုက်ရသည်။သည်အခိုက်အတန့်၌ ဝမ်လင်းလက်ထဲ၌ အပြာရောင်နှင်းဆီပန်းတစ်ပွင့် ပေါ်ထွက်လာသည်။
သည်နှင်းဆီပန်းကို ကြည့်နေရင်း အနီရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက ဝမ်လင်းရှေ့တွင် ပေါ်လာသည်ဟု ထင်မှတ်ရ၏။သူက ၎င်းနှင်းဆီကို ပစ်မလွှတ်ခင် အနည်းငယ် တုံ့ဆိုင်းသွားသေး၏။သည့်နောက် သူက နောက်ထပ် ရတနာများကို အနက်ရောင်အလုံးထဲသို့ ပစ်ထည့်လိုက်ပြန်သည်။
သည်ဖြစ်စဉ်က ရက်အတန်ကြာမြင့်၏။ သူက သိုလှောင်အိတ်ထဲမှ အဆင်နိမ့်၊အလယ်နှင့် ထိပ်တန်း ရတနာများကိုပင် အရည်အဖြစ် သန့်စင်ပစ်ခဲ့လေသည်။
သည့်အတွက်ကြောင့် သူ့ရှေ့ရှိ အရည်အလုံးက ပို၍ အရောင်တောက်ပလာခဲ့သည်။
ဝမ်လင်းက ညာလက်ဖြင့် သည်အလုံးကို ဖမ်းယူကာ ရုပ်သေးထံသို့ ပစ်ထည့်လိုက်သည်။ သည့်နောက် နောက်ထပ်သန့်စင်ခြင်းကို စတင်သည်။
အချိန်က မျက်စိတစ်မှိတ်အတွင်း နှစ်လတာ ကုန်ဆုံးသွားခဲ့ပြန်ပြီ။သည်နေ့တွင် ရုပ်သေးက အဝါရောင်အလင်းကို ပေးစွမ်းကာ အက်ကွဲကြောင်းအတွင်း၌ လင်းထိန်နေစေပေသည်။
တမ်လင်းက မျက်လုံးဖွင့်လိုက်၏။သူ့မျက်လုံးထဲ၌ ပင်ပန်းနွမ်းနယ်မှုတို့ ရှိလို့နေ၏။ သူက ရုပ်သေးထံမှ အဝါရောင်အလင်းကို ကြည့်ကာ စိတ်ပျက်ဟန် ဖြစ်ပေါ်သွားသည်။
“ကြေးအဆင့်ခွန်အား…ရှိစေတော့ ဒါက နည်းနည်းလေးတော့ အသုံးကျလာတာပဲ…”
ကောင်းကင်ဘုံသက်တော်စောင့်၏ ပထမအဆင့်က ပြည့်စုံသွားသော်လည်း ဒုတိယအဆင့်ဖြစ်သည့် မူလစိတ်ဝိညာဉ်ကို ကြိတ်ခြေခြင်း၌ ကျရှုံးသွားပါက အရာအားလုံးသည် သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။သည်ဒုတိယအဆင့်ကို ကျရှုံးသွားပါက သည်ခန္ဓာကိုယ်သည် ပိုင်ဆိုင်ခြင်း ပြုနိုင်တော့မည် မဟုတ်ဘဲ သူက နောက်ထပ် မူလစိတ်ဝိညာဉ် သန့်စင်ခြင်းကို လုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သည့်နောက် ဖြစ်တောင့်ဖြစ်ခဲ ချီတုံ့ချတုံ ဖြစ်လို့နေသည်။သက အက်ကွဲကြောင်းအပြင်သို့ ကြည့်လိုက်သည်။ သည်ခြောက်လအတွင်း အပြင်ဘက်ရှိ စုပ်အားက တစ်စက်ကလေးပင် ရပ်တန့်မသွားခဲ့ချေ။ပို၍ပင် အားကောင်းလာသည့်ပုံ ပေါက်နေ၏။
ဝမ်လင်းက အံတင်းတင်း ကြိတ်မိသည်။သူက သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်အလံ တစ်ခုကို ထုတ်ယူလိုက်သည်။ထိုအလံပေါ်၌ ဧရာမဦးခေါင်းခွံ တစ်ခု ချက်ခြင်း ပေါ်ထွက်လာ၏။
သည်ဦးခေါင်းခွံက ပုံရိပ်ယောင်ဖြစ်ကာ အလံထဲ၌ မြောလွင့်နေသည်။၎င်းက စိမ်းနက်ရောင်ရှိကာ မည်သည့်ဆံပင်မှလည်း မရှိဘဲ တစ္ဆေတစ်ကောင်အလားပင်။၎င်း၏ မျက်လုံးများကလည်း အေးစက်စက်အကြည့်ကို ပေးစွမ်းနေသည်။
၎င်းက စိတ်ဝိညာဉ်အလံထဲကနေ ဝမ်လင်းကို စူးစိုက် ကြည့်နေကာ မာန်ဖီလိုက်၏။
စိတ်ဝိညာဉ်အလံထဲရှိ စိတ်ဝိညာဉ်အပိုင်းအစများစွာက သည်ဦးခေါင်းခွံ၏ အဝေးတွင်သာ နေနေကြသည်။သည့်အတွက်ကြောင့် ဦးခေါင်းခွံက သူ့ကိုယ်ပိုင် နေရာတစ်ခုကို အလံထဲ၌ ပိုင်ဆိုးထား၏။
ချီလင်သားရဲ စိတ်ဝိညာဉ်ကတော့ မတူပေ။၎င်းက ကောင်းကင်ဘုံအစာများကို ဝါးမြိုပြီးသည့်နောက် ဆင့်ကဲ ပြောင်းလဲလာခဲ့သည်။ ၎င်းက ထိုဦးခေါင်းခွံ ဟိန်းသံကို ကြားသည့်အခါ ၎င်းက ရုတ်တရက် ဟိန်းသံ ပြုလိုက်၏။
ထိုဦးခေါင်းခွံက ချီလင်ကို ရုတ်တရက် ကြည့်လာသည်။ ၎င်းတို့နှစ်ဦးက တစ်ယောက်နှင့် တစ်ယောက် မလိုလားသောအကြည့်ဖြင့် ကြည့်နေကြသည်။
သည်ဦးခေါင်းခွံကတော့ ကောင်းကင်ဘုံတစ္ဆေပင်။
ဝမ်လင်းက ထိုကောင်းကင်ဘုံတစ္ဆေကို ကြည့်ကာ သူ့မျက်လုံးများက တောက်ပလို့နေ၏။ သူက လက်မြှောငက်ကာ ထိုတစ္ဆေကို ဆွဲယူလိုက်၏။ တစ္ဆေက ကြမ်းကြုတ်သောအသွင်ရှိကာ ၎င်းကို ဝမ်လင်းက ၎င်းအားအနည်းဆုံအချိန်တွင် ဖမ်းနိုင်ခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူ့အတွက် လွယ်လင့်တကူ ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။
ကောင်းကင်တစ္ဆေက ဝမ်လင်းလက်ထဲ၌ ဟိန်းဟောက်လာ၏။၎င်းက ပါးစပ်ဟကာ ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာသည်။ ဝမ်လင်းမျက်လုံးက အေးစက်သွားကာ သူက အေးစက်စက်နှာခေါင်းရှုံ့ပြီး ကောင်းကင်ဘုံတစ္ဆေကိုယ်ထဲရှိ အမှတ်အသားကို အသက်သွင်းလိုက်သည်။ သည်အရာက ထိုတစ္ဆေကို ပျောက်ကွယ်လုမတက် ဖြစ်သွားစေသည်။
ကောင်းကင်တစ္ဆေက ဝမ်လင်းကို စူးရဲစွာ ကြည့်ကာ နောက်သို့ ဆုတ်သည်။သို့သော် သူက ခပ်နိပ်နိပ် မာန်ဖီနေဆဲသာ။
“ရုပ်သေးရဲ့ ခန္ဓာကိုယ်က လုံလောက်အောင် မသန်မာဘူး။ဒါ့ကြောင့် ဒုတိယအဆင့်မှာ သူ့မူလစိတ်ဝိညာဉ်က ရှင်သန်နိုင်ဖို့ ခက်ခဲလွန်းလိမ့်မယ်။ဒါပေမဲ့လည်း ငါက ကောင်းကင်တစ္ဆေထံကနေ ကြမ်းကြုတ်မှုနဲ့ စိတ်ဝိညာဉ်ခန္ဓာကို ယူဆောင်ပေးလိုက်မယ်ဆိုရင်…ဒါပေမဲ့လည်း ကျရှုံးသွားတာနဲ့ ငါက ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက်ကို ဆက်ပြီး သန့်စင်နိုင်တော့မှာ မဟုတ်ဘူး…””
ဝမ်လင်းက ဆုံးဖြတ်ချက်ချလိုက်ကာ ကောင်းကင်ဘုံတစ္ဆေကို ရုပ်သေး၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။
“ငါက ထိပ်တန်းရတနာ(ကောင်းကင်ဘုံသက်တော်စောင့်)တစ်ခုကို လိုချင်လို့ သန့်စင်မွန်းမံနေတာ ဖြစ်တယ်။ ဒါက အာဏာတက်ခြင်းနောက်ဆုံးအဆင့်သာ ဖြစ်မယ်ဆိုရင် ငါ့ရတနာတွေအားလုံးနဲ့ ဒီကောင်းကင်ဘုံတစ္ဆေတို့က ဒီရတနာနဲ့ ထိုက်တန်တော့မှာ မဟုတ်ဘူး…”
ဝမ်လင်း မျက်လုံးက အေးစက်လာကာ သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ သူက သူ့မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်ပြီး လျှပ်စီးအမျှင်တန်း တစ်ခုကို ဆွဲထုတ်လိုက်သည်။သည်လျှပ်စီးက မီးဓာတ်ပါဝင်နေကာ သူက ရုပ်သေး၏ခန္ဓာကိုယ်ထဲသို့ ပစ်သွင်းလိုက်၏။
“သန့်စင်ခြင်း…”
ကောင်းကင်ဘုံတစ္ဆေက အလွန်အမင်း ကြမ်းကြုတ်လှ၏။၎င်းက ဝမ်လင်း၏ သန့်စင်ခြင်းကို အကူအညီဖြစ်ရန် ရုပ်သေးကိုယ်ထဲ၌ ချိပ်ပိတ်ထားခံရခြင်းကို ငြင်းဆန်ကာ နေသည်။၎င်းက ဟိန်းသံများ ထုတ်ဖော်ကာ လွတ်ထွက်တော့မတက် ဖြစ်လာ၏။ ထိုအခိုက်မှာပင် ဝမ်လင်း၏ ညာလက်ထဲရှိ ကျာပွတ်က ၎င်းထံသို့ ကျရောက်လာသည်။
ရိုက်ချက်တစ်ချက်ဖြင့်ပင် ကောင်းကင်တစ္ဆေက နာကျင်စွာ အော်ဟစ်လိုက်ရသည်။၎င်းက ခါးသီးစွာ ခံစားလိုက်ရ၏။ ထိုကျာပွတ်က ၎င်း၏ သဘာဝရန်သူပင် ဖြစ်နေသည် မဟုတ်လော။
လများစွာ ကုန်လွန်သွားပြန်ချေပြီ။ ဝမ်လင်း၏ အဆက်မပြတ် သန့်စင်နေမှုအောက်၌ ကောင်းကင်တစ္ဆေနှင့် ဒူဂျန်၏မူလစိတ်ဝိညာဉ်က ပေါင်းစပ်သွားကာ တစ်ခုနှင့်တစ်ခု ဝါးမြိုရင်း အပိုင်းအစများအဖြစ်သို့ ကြိတ်ချေခြင်း ခံလိုက်ရသည်။သို့ရာတွင် ကောင်းကင်တစ္ဆေက သန်မာလှ၏။၎င်းက အပိုင်းအစများ ဖြစ်သွားသော်လည်း ထိုအပိုင်းအစများနှင့် ချိတ်ဆက်မှု ရှိလို့နေစမြဲပင်။
သည်အရာက ဒုတိယအဆင့်အတွက် အဖြစ်မနေ လိုအပ်ချက် ဖြစ်၏။ကျရှုံးမှုအားလုံးနီးပါးက သည်အဆင့်တွင် တွေ့ရှိတက်ခြင်းပင်။မူလစိတ်ဝိညာဉ်က လုံလောက်အောင် သန်မာနေရန် လိုအပ်ပေသည်။လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို ပြဲစုတ်စေခြင်းက သာမန်လူများ တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။သည့်အဆင့်၌ မူလစိတ်ဝိညာဉ်က စိတ်လျော့လိုက်သည်နှင့် သေဆုံးသွားရပေမည်။
စိတ်ဓာတ်ပြင်းထန်သည့် သူများသည် သည်ဖြစ်စဉ်ကို ခံနိုင်ရည် ရှိပေ၏။သည်အရာက ကောင်းကင်ဘုံကို ဖိဆန်သည့်လူများနှင့်ပင် နှိုင်းယှဉ်နိုင်ပေ၏။ထို့ကြောင့်လည်း ကောင်းကင်ဘုံသက်တော်စောင့်များကို သန့်စင်ရာ၌ ကိုယ်ပိုင်တာအို ရှာဖွေနိုင်သည့် ကျင့်ကြံသူများအား သန့်စင်ခြင်းက ပို၍ အောင်မြင်နိုင်နှုန်းမြင့်နေခြင်း ဖြစ်လေသည်။
နှစ်ဝက်ကျော် ကုန်ဆုံးပြီးနောက် ဝမ်လင်းက ပထမဆုံးကောင်းကင်ဘုံ ရုပ်သေးကို သန့်စင်နိုင်ခဲ့၏။ အောင်မြင်မှုနှုန်းက နိမ့်သော်လည်း ကောင်းကင်ဘုံတစ္ဆေကိုပါ ထည့်ပေါင်းထားခြင်းကြောင့် မူလစိတ်ဝိညာဉ်သန့်စင်ခြင်း ဖြစ်စဉ် အောင်မြင်ခြင်းက ကံကောင်းမှုတစ်ခုတည်းအပေါ်၌သာ မှီတည်နေခြင်း မဟုတ်တော့ပေ။
ဝမ်လင်းအတွက်ကတော့ သူသာ ပြန့်ကျဲနတ်ဆိုးမိစ္ဆာကိုသာ အသုံးမပြုပါက သူက ဒုတိယမြောက်ကောင်းကင်ဘုံ သက်တော်စောင့်ကို သန့်စင်နိုင်တော့မည် မဟုတ်ပေ။
ဝမ်လင်းက စိတ်လှုပ်ရှားလို့နေ၏။သူက အသက်ဝဝရှူသွင်းကာ သူ့စိတ်ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏။သူက သူ့ရှေ့ရှိ အဝါရောင်အလင်းကို ပေးစွမ်းနေသော ပိန်ပါးသည့်ရုပ်သေးအား ကြည့်လိုက်သည်။သူက ၎င်းကို သူစိတ်ရှိသလို ထိန်းချုပ်နိုင်လိမ့်မည်ဟု ခံစားရ၏။
ကောင်းကင်ဘုံအင်ပါယာချင်လင်က မည်သည့်ကောင်းကင်ဘုံသက်တော်စောင့်၏ ပုန်ကန်မှုကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။သည်သန့်စင်ခြင်း ဖြစ်စဉ်အတွင်း ထိုကောင်းကင်ဘုံသက်တော်စောင့် ဝါ ရုပ်သေးများကို ထိန်းချုပ်နိုင်မည့် မရေမတွက်နိုင်သော နည်းလမ်းများကို ချမှတ်ထားခဲ့ပေသည်။ဝမ်လင်းက သူ့မူလစွမ်းအင်နှင့် ၎င်းကို အချိန်အတန်ကြာကတည်းက သန့်စင်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ထိုရုပ်သေးပေါ်၌ သူ့ထိန်းချုပ်နိုင်မှုက အထွတ်အထိပ်သို့ ရောက်နှင့်နေချေပြီ။
ကောင်းကင်ဘုံတစ္ဆေက မနာခံလိုသော်လည်း ၎င်းက သန့်စင်ခြင်းဖြစ်စဉ်အတွင်း၌ ချိပ်ပိတ်ခြင်းခံရပြီး ရုပ်သေးနှင့် ပေါင်းစပ်လိုက်ရသည်သာ ဖြစ်သည်။
ဝမ်လင်းက သွေးစက်တစ်စက်ကို ညှစ်ထုတ်ကာ ရုပ်သေးထံသို့ တောက်ထုတ်လိုက်သည်။ထိုသွေးက ရုပ်သေး၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားကာ ရုပ်သေးနှင့် ပေါင်းစပ်သွားသည်။သည့်နောက် ရုပ်သေး၏မျက်လုံးများက ရုတ်တရက် ပွင့်လာသည်။
၎င်းမျက်လုံးက ဗလာကင်းမဲ့နေ၏။အမှန်တော့ ယင်းဗလာကင်းမဲ့မှုထဲ၌ ဉာဏ်ရည်အရိပ်အယောင်တစ်ခု ရှိလို့နေပေသည်။
“ယင်နဲ့ယန်အဆင့်…” ဝမ်လင်းနတ်ဘုရားအာရုံက ရုပ်သေးပေါ်သို့ လွှမ်းခြုံသွားသည်။၎င်းက စစ်ထူနန်နှင့် ဆင်တူသော အော်ရာကို ပေးစွမ်းနေသည်။၎င်းက စစ်ထူနန်လောက် သန်မာခြင်း မရှိသော်လည်း အများကြီးလည်း အားမနည်းနေချေ။
ဝမ်လင်းက ရယ်မောကာ ကောင်းကင်ဘုံအင်ပါယာ ချင်လင်ကို ကြီးစွာ လေးစားသွား၏။သည်လူက ရုပ်သေးများကို ဖန်တီးခြင်း၌ သည်နည်းလမ်းကို ဖန်တီးထားခြင်းက အလွန်ဉာဏ်ကြီးကြောင်းကို ပြသနေပေသည်။
ကောင်းကင်ဘုံသက်တော်စောင့်၏ မူလစိတ်ဝိညာဉ်က ၎င်း၏ ခန္ဓာကိုယ်နှင့်ပေါင်းစပ်ထားခြင်း ရှိသော်လည်း ၎င်းက မန္တာန်တော်တော်များများကို အသုံးမပြုနိုင်ပေ။ အစစ်အမှန် ယင်နှင့်ယန်အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ကိုလည်း ယှဉ်နိုင်ခြင်း မရှိပေ။
“ငါ့မှာ ဒီကောင်းကင်ဘုံ သက်တော်စောင့်အတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပြီးပြီး…”
ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်ရာ များစွာသော မီးခိုရောင်အခိုးငွေ့များ ထွက်ပေါ်လာ၏။သတ်ဖြတ်ခြင်းစွမ်းအင်တစ်သန်းက ၎င်းရုပ်သေးထဲသို့ ဝင်ရောက်လို့သွားသည်။
ရုပ်သေး၏ မျက်လုံးများက ရုတ်တရက် သတ်ဖြတ်သူလမ်းကြောင်းကို ပေးစွမ်းလာခဲ့သည်။ ၎င်း၏ မျက်လုံးများက ပို၍လည်း ကြမ်းကြုတ်လာခဲ့၏။
သည်အရာများအားလုံးကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကျောက်စိမ်းပြားတစ်ခု ထွက်ပေါ်လာသည်။သူက သည်ကျောက်စိမ်းပြားကို ရုပ်သေး၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။ထိုအခါ မရေမတွက်နိုင်သော သင်္ကေတများက ကောင်းကင်ဘုံသက်တော်စောင့်၏မျက်လုံးထဲ၌ တဖျပ်ဖျပ် လင်းလက်လာခဲ့သည်။
အချိန်အတန်ကြာပြီးနောက် ကျောက်စိမ်းက ၎င်းထံကနေ ပြန်ထွက်လာ၍ ဝမ်လင်းထံသို့ ပြန်ရောက်သွားသည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ဖုံးကွယ်ထားလိုက်…”
ကောင်းကင်ဘုံသက်တောင်စောင့်၏ ခန္ဓာကိုယ်က တလက်လက် ဖြစ်သွား၏။သည့်နောက် ၎င်းက ဘာတစ်ခုမှ မဖြစ်ခဲ့သလို ပြန်ဖြစ်သွားကာ ဝမ်လင်းနောက်သို့ ရွှေ့လျားသွားသည်။၎င်းထံမှ မည်သည့်အလင်း၊မည်သည့် အရိပ်တို့မျှ ထင်ကျန်မနေပေ။သို့ရာတွင် ဝမ်လင်းက သည်ကောင်းကင်ဘုံသက်တောင်စောင့်က သူ့အရိပ်ကို ဖုံးကွယ်ထားသည်အား သိထားပေ၏။
“ကောင်းကင်ဘုံသက်တော်စောင့်ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ဒီနေရာကနေ ထွက်ခွာနိုင်ဖို့ ခြောက်ဆယ်ရာခိုင်နှုန်းလောက် အခွင့်ရေး ရှိသွားပြီ။ဒီနေရာက အန္တရာယ်အမှတ်နေရာ ဖြစ်ပေမဲ့လည်း ဒါက အန္တရာယ်နေရာဖြစ်နေတာ့ကြောင့် လုံခြုံတဲ့နေရာတစ်ခု ဖြစ်တယ်လို့လည်း ဆိုနိုင်ပြန်တယ်…”
ဝမ်လင်းက စတင် စဉ်းစားလိုက်သည်။သိပ်မကြာခင်တွင် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓားကြီးတစ်လက် ပျံသန်းထွက်လာသည်။သည်ဓားက တံခါးရွက်လောက်ကို ကြီးမားပေသည်။
“ချမ်းသာခြင်း…ငါ့ရဲ့ ပထမဆုံးဓား…မင်းမှာ ဘာလျှို့ဝှက်ချက်တွေများ ရှိနေလဲ…”
ဝမ်လင်းက ထိုဓားကို ပွတ်သပ်လိုက်သည်။သူက သူ့နှလုံးသားကို တည်ငြိမ်အောင်လုပ်ကာ သူ့စိတ်ကို ယင်းဓားထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်စေလိုက်သည်။
***